Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မိုင်ဂျာယန်ကောလိပ်နဲ့ တိုင်းရင်းသားလူငယ်တွေ ပညာရေးအနာဂတ် | VOA On Mizzima
=======================

မြန်မာစစ်ကောင်စီတပ်ရဲ့ မတရားနှိပ်စပ်မှုတွေကို အမြဲခံစားကြရတဲ့ တိုင်းရင်းသားဒေသက လူငယ်တွေ ဘယ်လိုပညာသင်ကြားနေရပါသလဲ။ ကချင်ပြည်က ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်ဂျာယန်ကောလိပ်မှာ ပညာသင်ယူနေကြတဲ့ ကျောင်းသားလေးတွေနဲ့ ကျောင်းတာဝန်ရှိသူကို မခင်လေးက ဆက်သွယ်မေးမြန်းထားပါတယ်။

https://youtu.be/Z3RLVz5jN70?si=lw4c5dv3ffallvFr

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥2
​​စစ်အာဏာရှင်ကို တော်လှန်ရင်း အာဏာရှင်အမူအကျင့်များ ပေါ်ထွက်လာပါက ပြတ်ပြတ်သားသား အရေးယူမည်ဟု NUG ယာယီသမ္မတပြော
=====================

002
စစ်အာဏာရှင်ကို တော်လှန်ရင်း အာဏာရှင်အမူအကျင့်များ ပေါ်ထွက်လာပါက ပြတ်ပြတ်သားသား အရေးယူမည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

" တော်လှန်ရေးကဏ္ဍအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြ တဲ့သူတွေကို အထူးသတိပေးလိုတာက စစ်အာဏာရှင်ကို ဆန့်ကျင် နေပါလျက်နဲ့ ကျနော်တို့ ကိုယ်တိုင်က စစ်အာဏာရှင်များရဲ့ အမူအကျင့်၊ အတွေးအခေါ်နဲ့ လုပ်ရက်တွေကို မလုပ်ဆောင်မိကြဖို့ အင်မတန်မှ အရေးကြီးပါတယ်။ စစ်အာဏာရှင်ရဲ့ အမူအကျင့်တွေ အတွေးအခေါ်တွေ ရှိလာရင်လည်း ခြေမ မကောင်းခြေမ၊ လက်မမကောင်းလက်မ ပြတ်ပြတ်သားသားဖယ်ထုတ်ရမှာ ဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။

အစိုးရဆိုသည်မှာ လူထုကို ဝန်ဆောင်မှုပေးရခြင်းဖြစ်ပြီး လူထုအသံကို အမြဲမပြတ် နားထောင်နေရမည်ဖြစ်ကြောင်း၊ အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်တာများ စနစ်တကျရှိရန်လည်း အင်မတန်အရေးကြီးသည်ဟု ယာယီသမ္မတက ပြောသည်။

" ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့( ပကဖ)နဲ့ တရားရေးမဏ္ဍိုင်များမှာ တာဝန်ယူလုပ်ဆောင် နေကြတဲ့ ရဲဘော်များကို တိုက်တွန်းချင်တာက ရဲဘော်တို့အနေနဲ့ လူထုအသံကိုအနီးကပ်ဆုံး နားထောင်ကြပါ။ ပြည်သူကို ဝန်ဆောင်မှု ပေးနေရတဲ့ အုပ်ချုပ်မှုယန္တရားကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားကြပါ။ ကျနော်တို့ဟာ ပြည်သူကိုဝန်ဆောင်မှု ပေးရတဲ့ ပြည်သူ့ဝန်ထမ်းများဖြစ်တယ်ဆိုတာကို အမြဲသတိချပ်ပြီး ပြည်သူများအပေါ် ဝန်ပိဝန်လေးစေမယ့် လုပ်ရက်တွေကို မလုပ်မိဖို့ ပြည်သူလူထုကို ထိခိုက်နစ်နာအောင် မလုပ်ကြဖို့ ကျနော်အထူး တိုက်တွန်းလိုပါတယ်" ဟု ၎င်းကပြောသည်။

စစ်ကောင်စီကိုတော်လှန်ရာတွင် Change of commend တခုတည်းအောက်တွင် စုစည်းညီညွတ်စွာ ရှိရမည်ဖြစ်ပြီး တော်လှန်ရေးရဲဘော်များအနေဖြင့်လည်း စည်းကမ်းကျင့်ဝတ်များကို လည်း လေးစားလိုက်နာရန်လိုအပ်ကြောင်းယာယီသမ္မတက ပြောသည်။
" စစ်ကောင်စီကို တိုက်ထုတ်ဖို့ Change of commend တခုတည်းအောက်မှာ စုစည်းညီညွတ်စွာရှိကြပြီး တော်လှန်ရေး အောင်ပွဲပန်းတိုင်ကို အရယူကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်" ဟု ယာယီသမ္မတက ပြောသည်။

စစ်ရေးနှင့်ပတ်သက်ပြီး စစ်ဗိုလ်ချုပ်များ အလုံခြုံဆုံးဟု ယူဆကြသည့် နေပြည်တော်ကဲ့သို့ နေရာမျိုးမှာပင် ခြိမ်းခြောက် လာနိုင်ပြီဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီကို စစ်ရေးသာမက နိုင်ငံရေး၊ စီးပွားရေးကဏ္ဍများတွင်လည်း တိုက်ခိုက်နေသည်ဟု ယာယီသမ္မတက ပြောသည်။

ပြည်သူ့ခုခံတော်လှန်စစ် ရှင်သန်ရပ်တည်နိုင်ရေးမှာ မဟာမိတ် တိုင်းရင်းသားများ၏ ထောက်ကူမှုများကြောင့်ဖြစ်ပြီး အထူးကျေးဇူးတင်ကြောင်း ၎င်းက ဆက်ပြောသည်။

" အောင်မြင်မှုတွေရယူနိုင်တာ တိုင်းရင်းသားလက်နက်ကိုင်များရဲ့ စစ်ရေး၊ နိုင်ငံရေးအဖက်ဖက်ကနေ လက်တွဲကူညီမှု၊ ပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံနဲ့ စွမ်းရည်များ ပံ့ပိုးကူညီမှုတွေက အင်မတန်အရေးကြီးတဲ့ကဏ္ဍမှာရှိပါတယ်။ ဒီကနေ့အချိန်မှာ အကြမ်းဖက်စစ်တပ်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ မဟာဗျူဟာကျကျ ရင်ဆိုင်တိုက်ခိုက်နိုင်တာဟာ တိုင်း ရင်းသားလက်နက်ကိုင်များရဲ့ စစ်ရေးလေ့ကျင့်ပေးမှု၊ လက်နက် တပ်ဆင်ပေးမှုတွေကနေ ရရှိလာတဲ့ တန်ဖိုးတွေပဲ ဖြစ်ပါတယ်။ ဒီလိုခမ်းနားလှတဲ့တန်ဖိုးတွေကို ကျနော်တို့ လေးနက်စွာ အသိအမှတ်ပြုပြီး အမြဲတမ်းဂုဏ်ယူနေမှာဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

တော်လှန်ရေးပန်းတိုင်မှာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှကို အပြီးအပိုင်ဖျက်သိမ်းပြီး ဖက်ဒရယ်နိုင်ငံတော် တည် ဆောက်ရေးဖြစ်သည်ဟု ယာယီသမ္မတက ပြောသည်။

" ပန်းတိုင်ကို ရောက်ဖို့ ကျနော်တို့အားလုံးကျောချင်းကပ်ပြီး အတူတကွ တိုက်ပွဲဝင်သွားကြဖို့ လေးနက်စွာတိုက်တွန်းတောင်းဆို လိုပါတယ်" ဟု ၎င်းကပြောသည်။

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤22👍9👏1🤮1
စစ်ကောင်စီအတွက် နောက်ထပ်အိပ်မက်ဆိုးဖြစ်လာတဲ့ ရိုးမအရှေ့ခြမ်း
===================

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းက အာဏာသိမ်း စစ်ကောင်စီရဲ့ ရှေ့တန်းအခြေစိုက် စခန်း ၅ ခုကိုကရင် အမျိုးသားအစည်းရုံး(KNU)လက်အောက်ခံ တပ်မဟာ ၃ ကတစ်ပြိုင်တည်းတိုက်ခိုက်သိမ်းပိုက်ပြီးနောက် ပဲခူး ရိုးမတစ်ကြော တိုက်ပွဲခေါ်သံတွေ ဆူညံလာတာတွေ့ရပါတယ်။

အာဏာရှင်တော်လှန်ရေးအစပိုင်းမှာ KNU တပ်မဟာ ၃ နယ်မြေတွေမှာသာထိတွေ့တိုက်ပွဲတွေရှိခဲ့ရာကနေ အခုဆိုရင် စစ်တောင်းမြစ် အနောက်ဘက်ကမ်း အထိရောက်လာခဲ့ပြီဖြစ်ပါတယ်။
ကာ/လုံမှာ အာဏာသိမ်း စစ်ခေါင်းဆောင်ကိုယ်တိုင်ဝန်ခံထားတဲ့သူတို့မထိန်း နိုင်တော့တဲ့နယ်မြေတွေထဲမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ခြမ်း၊ ကယားပြည်နယ်၊ကရင်ပြည်နယ်၊ ချင်း ပြည်နယ်၊ တနင်္သာရီတိုင်းတို့နဲ့အတူ ပဲခူးတိုင်းအရှေ့ခြမ်းလည်း ပါဝင်နေခဲ့တာပါ။

https://youtu.be/a1ax8Fmsi8I?si=rShxvGh2F1xC3QE0

#politics
#Newsfeature
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏24👍9👎1
​​နိုင်ငံတကာက စစ်ကောင်စီကို ငွေကြေး၊ လေယာဉ်ဆီ၊ စစ်လက်နက်ပစ္စည်းများ ဖြတ်တောက်ပေးရန် NUG ယာယီ သမ္မတ ထပ်မံတောင်းဆို
======================

နိုင်ငံတကာက စစ်ကောင်စီကို ငွေကြေး၊ လေယာဉ်ဆီ၊ စစ်လက်နက်ပစ္စည်းများ ဖြတ်တောက်ပေးရန် NUG ယာယီ သမ္မတဒူဝါလရှီးလက ထပ်မံတောင်းဆိုလိုက်သည်။

ယနေ့ စက်တင်ဘာလ ၇ ရက် ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း နှစ်နှစ်ပြည့်နေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
" စစ်ကောင်စီအတွက် ငွေကြေး စီးဆင်းမှု တွေကို ဖြတ်တောက်ပြီး လက်နက်ခဲယမ်းနဲ့ လေယာဉ်ဆီဝယ်ယူမှုတွေကို ပြင်းပြင်းထန်ထန် ပိတ်ဆို့ကန့်သတ်ဖို့ တောင်းဆိုတိုက်တွန်းလိုပါတယ်။ နိုင်ငံတကာ အစိုးရများအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို အသိအမှတ်မပြုဘဲ ဆက်လက်ဖယ်ကျဉ်ထားပြီး ဒီကနေ့ကမ္ဘာကြီးမှာ စစ်အာဏာရှင်တွေအတွက် နေရာမရှိဘူးဆိုတာကို သက်သေပြကြ ရမှာဖြစ်ပါတယ်" ဟု ယာယီသမ္မတက ပြောသည်။

" ကျနော်တို့ပြည်သူလူထုက အသက်တွေဘဝတွေ ပေးဆပ်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်နေကြတယ်ဆိုတာ နိုင်ငံတကာ အစိုးရများကိုအလေးအနက်ထား ပြောလိုပါတယ် " ဟု ၎င်းကဆက် ပြောသည်။

စစ်ကောင်စီသည် အရပ်သား နေထိုင်ရာ နေရာများ၊ ဘာသာရေးအဆောက်အအုံများကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁,၄၀၀ ကျော် ပြုလုပ်ခဲ့ကြောင်း၊ လက်ရှိအထိ သတ်ဖြတ်ခံရသူ ၄,၀၂၃ ဦးရှိကြောင်း ယာယီသမ္မတက နိုင်ငံတော်အခြေပြမိန့်ခွန်း တွင် ထည့်သွင်းပြောကြားသည်။

" အကြမ်းဖက်စစ်တပ်က လူသားမျိုးနွယ်အပေါ်ဗြောင်ကျကျ ကျူးလွန်နေတယ်။ ဒီကျူးလွန်မှုတွေကနေ အပြစ်ကင်းလွတ်ခွင့် မရသင့်တော့ပါဘူး" ဟု ယာယီသမ္မတက ပြောသည်။

စစ်ကောင်စီထံ ရောက်ရှိသွားသည့် နိုင်ငံတကာအကူအညီများမှာ အောက်ခြေသို့ မရောက်ရှိကြောင်း၊ ရိုဟင်ဂျာများအတွက် အကူအညီများ၊ မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူလူထုများ၏ ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ယာယီသမ္မတက ဥပမာပေး ပြောကြား သည်။

" မြန်မာပြည်သူတွေကို အမှန်တကယ်ကူညီချင်တယ်ဆိုရင် နွေဦးတော်လှန်ရေး အမြန်အောင်မြင်ဖို့သာ ထောက်ကူကြပါလို့ အလေးအနက်ထား တောင်းဆိုပါတယ်။ နိုင်ငံတကာက ထိရောက်စွာကူညီရင် လူထုထိခိုက်မှုနည်းပြီးတော့ အောင်ပွဲ အမြန်ရရှိမှာ ဖြစ်ပါတယ်" ဟု ယာယီသမ္မတက ပြောသည်။

အမေရိကန်က ဘားမားအက်ဥပဒေကိုပြဌာန်းပေးခြင်း၊ အာဆီယံက စစ်ကောင်စီကို အစည်းအဝေးများမှ ဖယ်ထုတ်ထားခြင်း၊ တီမောနိုင်ငံ၏ မြန်မာအပေါ် ရပ်တည်ချက်များကိုလည်း အထူးကျေးဇူးတင်ရှိသည်ဟု ယာယီသမ္မတက ပြောသည်။
လတ်တလောတွင် စင်ကာပူနိုင်ငံရှိ UOB ဘဏ်က စစ်ကောင်စီ ကို ငွေကြေးအသုံးပြုခြင်းများ ရပ်ဆိုင်းထားပြီး စင်ကာပူနိုင်ငံမှ လက်နက်တင်သွင်းခြင်းများကို ရပ်တန့်ပေးရန် ပြည်သူများက လက်မှတ်ထိုးကမ်ပိန်းများ ပြုလုပ်လျက်ရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#ယာယီ သမ္မတဒူဝါလရှီးလ
#NUG တောင်းဆို
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23❤5🤮1
​​ခုခံတွန်းလှန်စစ် ၂ နှစ်အတွင်း စစ်ကောင်စီတပ်သား ၃၀,၀၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့ဟု NUG ပြော
=========================

မောင်ခက်နွေ
(မဇ္ဈိမ)။ ။ခုခံတွန်းလှန်စစ် နှစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၉,၉၀၀ ကြိမ်ခန့်ဖြစ်ပွားပြီး စစ်ကောင်စီအင်အား ၃၀,၀၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်လိုက်သည်။

ထိုအခြေအနေကို ကြည့်ပါက နှစ်နှစ်အတွင်း စစ်ကောင်စီသည် အင်အား ၁၂ ဒသမ ၅ ရာခိုင်နှုန်း ဖြုန်းတီးခဲ့သည်ဟု NUG- MOD ကသုံးသပ်သည်။

စစ်တပ်အာဏာသိမ်းပြီး ခုနစ်လအကြာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့တွင် တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းစောင်းမကျန် အာဏာသိမ်းစစ်ကောင်စီကို ခုခံတိုက်ခိုက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်ပွဲခေါ်ခဲ့တာ ဒီနေ့ စက်တင်ဘာ ၇ ရက်နေ့တွင် နှစ်နှစ်ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ( NUG )တွင် PDF တပ်ရင်း ၂၉၃ ရင်းရှိနေပြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ)တွေကို မြို့နယ်ပေါင်း ၂၅၀ ကျော် ဖွဲ့စည်းနိုင်ခဲ့တယ်ဟု NUG - MOD ပြန်ကြားရေးကဆိုသည်။

ခုခံတွန်းလှန်စစ် နှစ်နှစ်အတွင်း တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း(အရှေ့ခြမ်းနှင့် အနောက်ခြမ်း)၊ မွန်ပြည်နယ်၊ မကွေးတိုင်း (တောင်ပိုင်း) နှင့် နေပြည်တော်တို့တွင် စစ်ဆင်ရေးနယ်မြေများ တိုးချဲ့ဖော်ဆောင်နိုင်ခဲ့တယ်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒါ့အပြင် ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းတို့တွင်လည်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) တွေသာမက PDF တွေပါ ထူထောင်နိုင်ခဲ့တယ်ဟု ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#PDF
#NUG
#MOD
#ခုခံတွန်းလှန်စစ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19❤4🔥1
​​နေပြည်တော်တွင် ကျင်းပမည့် အာဆီယံလေတပ် ကာကွယ်ရေးဦးစီးချုပ်များ ညီလာခံကို ဖျက်သိမ်းရန် CRPH တိုက်တွန်း
=======================

001
(မဇ္စျိမ)။ ။ နေပြည်တော်တွင် စစ်ကောင်စီက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံလေတပ် ကာကွယ်ရေးဦးစီးချုပ်များ ညီလာခံကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပါဝင်တက်ရောက်ခြင်းအား ဖျက်သိမ်းရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ယမန်နေ့ စက်တင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်တိုက်တွန်းသည်။

အဆိုပါ အာဆီယံ လေတပ် ကာကွယ်ရေးဦးစီးချုပ်များ ညီလာခံကို လာမည့် စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ နေပြည်တော်တွင် စစ်ကောင်စီက ဦးဆောင်ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။

ယင်းညီလာခံကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပါဝင်တက်ရောက်ခြင်းသည် တရားမဝင် စစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်တိုက်ခိုက်မှုများ ဆက်လက်ကျူးလွန်ခြင်းကို အားပေးရာရောက်ကြောင်း CRPH ကဆိုထားသည်။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် နိုင်ငံတော်အာဏာကို ချုပ်ကိုင်နိုင်ရေးအတွက် နိုင်ငံတဝန်း၌ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် စစ်ရာဇဝတ်မှုများ၊ လူမဆန်သော သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် အကြမ်းဖက်မှု ပုံစံအမျိုးမျိုးဖြင့် ပြည်သူများအပေါ် တိုးမြှင့် ကျူးလွန်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းရန် ကြိုးပမ်းချိန်မှ စက်တင်ဘာလ ၆ ရက်နေ့အထိ စစ်ကောင်စီသည် ပြည်သူပေါင်း ၄,၀၀၀ ကျော်အားသတ်ဖြတ်ခဲ့ပြီး ပြည်သူ့နေအိမ် ၈၀,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူ ၂ သိန်းကျော်မှာ နေရပ်စွန့်ခွာတိမ်းရှောင်နေရလျက်ရှိသည့်အပြင် ပြည်သူ ၁၈ သန်းကျော်မှာလည်း လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်လျက်ရှိကြောင်းလည်း CRPH က ထုတ်ပြန်ထားသည်။

ထို့ကြောင့် စစ်ကောင်စီ၏ အကြမ်းဖက်မှုနှင့် သတ်ဖြတ်မှုများ အမြန်ဆုံးအဆုံးသတ်နိုင်ရေး အရေးတကြီး လိုအပ်ချက်လျက်ရှိသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်ကောင်စီနှင့် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးပူးပေါင်းဆောင်ရွက်မှုများကို လုံးဝရပ်တန့်ပေးရန်လည်း CRPH က ထပ်လောင်းတောင်းဆိုထားသည်။

စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံနေခြင်း ၊ ပူးပေါင်းဆောင်ရွက်နေခြင်းတို့မှာ အကြမ်းဖက်မှုနှင့် ဒေသတွင်း မတည်ငြိမ်မှုကို ပိုမို ဦးတည်စေနိုင်ကြောင်းလည်း သတိပေးထားသည်။
အဆိုပါ အာဆီယံ လေတပ်ကာကွယ်ရေးဦးစီးချုပ်များ ညီလာခံကို ဖျက်သိမ်းရန် Justice for Myanmar ကလည်း စက်တင်ဘာလ ၂ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားသည်။

အစည်းအဝေးဦးဆောင်ကျင်းပမည့် စစ်ကောင်စီ လေတပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း မြန်မာနိုင်ငံတဝန်း အရပ်သားပြည်သူများအပေါ် အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများကို အမိန့်ပေးကွပ်ကွဲသူဖြစ်ကြောင်း Justice for Myanmar က ထုတ်ပြန်ထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#အာဆီယံလေတပ် ကာကွယ်ရေးဦးစီးချုပ်များ ညီလာခံ
#CRPH
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23❤1👏1😁1
This media is not supported in your browser
VIEW IN TELEGRAM
ရှီကျင့်ဖျင်နဲ့ပူတင် မတက်လာနိုင်တဲ့ ဂျီ-၂၀ ကိုစည်းရုံးနိုင်ဖို့ ဂျိုးဘိုင်ဒင် ဦးဆောင်နေ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Putin #Biden
👍9😁2
This media is not supported in your browser
VIEW IN TELEGRAM
အင်အားကြီးနိုင်ငံတွေအနေနဲ့ စစ်အေးတိုက်ပွဲကို ဆန့်ကျင်ရမယ်လို့ တရုတ်ဝန်ကြီးချုပ်ပြော

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
🤮8❤1👍1👏1
မြန်မာ့အရေးကို အာဆီယံရဲ့ ဥက္ကဋ္ဌဟောင်း၊ အသစ်နဲ့ လာမယ့်ဥက္ကဋ္ဌ သုံးပွင့်ဆိုင် ပူးပေါင်းဖြေရှင်းမယ်
==========================

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ် ဥက္ကဋ္ဌတွေ သုံးပွင့်ဆိုင် ချိတ်ဆက်ပြီး မြန်မာ့အရေးကို ကိုင်တွယ်မယ့် အစီအမံတစ်ခု (Troika Model)ပုံစံကို ကျင့်သုံးသွားဖို့ အဖွဲ့ဝင် နိုင်ငံတွေက သဘောတူညီလိုက်ပါတယ်။

မြန်မာ့အရေးကို အာဆီယံဘက်ကနေ ကိုင်တွယ်ဖြေရှင်းဖို့ အားထုတ်မှု တစ်ခုအနေနဲ့ ''နိုင်ငံရေးဦးဆောင်ဦးရွက်သုံးဦးတွဲဖက်အဖွဲ့'' ထူထောင်ဖြေရှင်းမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြား‌ရေးဝန်ကြီး ရတ်နို မာဆူဒီက က ပြောလာတာပါ။

မြန်မာ့အခြေအနေကို ၁ နှစ်အတွင်းပြောင်းလဲအောင် ဘယ်သူမှ မလုပ်နိုင်တာကြောင့် မြန်မာပြည်သူတွေကို ဆက်ပြီးကူညီမယ့် အာဆီယံရဲ့ ကတိကဝတ်အရ ''နိုင်ငံရေးဦးဆောင်ဦးရွက်သုံးဦးတွဲဖက်အဖွဲ့'' ယန္တရားကို ဖော်ဆောင်ဖို့ ရှိပါတယ် လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

စစ်တပ် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကို ၂၀၂၆ ခုနှစ်၊ အာဆီယံ ဥက္ကဋ္ဌနေရာ ဆက်ခံခွင့်ကနေ ဖယ်ရှားဖို့ သဘောတူခဲ့တဲ့အပြင် အခုလို သုံးပွင့်ဆိုင် ညှိနှိုင်းဖြေရှင်းမှု ပုံစံကိုပါ ပျိုးထောင် ကျင့်သုံးဖို့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာ စက်တင်ဘာ ၅ ရက်က ကျင်းပတဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ သုံးပွင့်ဆိုင် အစီအမံ ကိစ္စနဲ့ မြန်မာကို အာဆီယံ ဥက္ကဋ္ဌ နေရာမပေးဖို့ ဆုံးဖြတ်လိုက်တာတွေဟာ မြန်မာ့ အကြပ်အတည်းနဲ့ ပတ်သက်ရင် အဖွဲ့ဝင် နိုင်ငံတွေကြားမှာ ပိုပြီး ညီညီညွတ်ညွတ် လုပ်ဆောင်လာနေတယ်ဆိုတာကို ပြသနေတာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားဟာ မြန်မာ့အရေးပါဝင်ပတ်သက်သူတွေအားလုံးနဲ့ တွေ့ဆုံမှုပေါင်း ၁၄၀ ကျော် လုပ်ထားခဲ့တယ်လို့ သမ္မတ ဝီဒိုဒိုကိုယ်တိုင် ထုတ်ပြောထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်ကတော့ မကြာခင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အဖြစ် ပြောင်းလဲတာဝန်ယူတော့မယ့် လာအိုနိုင်ငံအနေနဲ့အင်ဒိုနီးရှားက တည်ဆောက်ထားတဲ့ အခင်းအကျင်းကို ဆက်လက်သယ်ဆောင်ဖို့ တိုက်တွန်းပါတယ်။

လက်ရှိ အာဆီယံဥက္ကဌသစ်ဟာ လာအိုနိုင်ငံဖြစ်ပြီးတော့ လာအိုဟာတရုတ်နိုင်ငံရဲ့ သြဇာခံနိုင်ငံမျိုးဖြစ်နေတဲ့အပြင် ၊အာဏာသိမ်းမြန်မာစစ်ဗိုလ်ချုပ်တွေကိုထိတွေဆက်ဆံမှုပြုလုပ်နေပါတယ် ။ဒါကြောင့် အခု Troika Model နဲ့ချဉ်းကပ်မယ့်ပုံစံကြောင့် လာအိုဟာ အာဆီယံ ဥက္ကဋ္ဌတာဝန်ယူထားချိန်မှာ မြန်မာအရေူအထူး ကိုယ်စားလှယ်ခန့်အပ်တာအပါအဝင် မြန်မာအရေး ချဉ်းကပ်လုပ်ဆောင်မှုတွေမှာ တစ်နိုင်ငံတည်းဆုံးဖြတ်လုပ်ကိုင်လို့မရတော့ဘဲ အာဆီယံ ဥက္ကဋ္ဌဟောင်း ၊လာမယ့် ဥက္ကဋ္ဌ နိုင်ငံတွေနဲ့ပါညှိနှိုင်းဆောင်ရွက်ရတော့မယ့်ပုံစံဖြစ်လာတယ်လို့ အာဆီယံအရေးလေ့လာသူအချို့က ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ အဲဒီ ဘုံသဘောတူညီချက်တွေကို လေးစားလိုက်နာမှု၊ လက်တွေ့ အကောင်အထည်ဖော်မှု လုံးဝ မရှိဘဲ မျက်ကွယ် ပြုထားတဲ့နောက် အာဆီယံက အဖွဲ့ရဲ့ ဆွေးနွေးပွဲ အစီအစဉ်တွေ၊ ညီလာခံတွေမှာ မြန်မာနိုင်ငံ ကိုယ်စားပြု နိုင်ငံရေး ကိုယ်စားလှယ်တွေကို မဖိတ်ကြားဘဲ ချန်လှပ်ပြီး တုံ့ပြန်ထားခဲ့ပါတယ်။

စစ်ကောင်စီကတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ အာဆီယံ ပဋိညာဉ်စာတမ်းပါ ပြဌာန်းချက်တွေနဲ့ အခြေခံမူ တွေကို တိကျစွာ လေးစားလိုက်နာပြီး အဖွဲ့ဝင် နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကို တခြားနိုင်ငံက ဝင်ရောက် စွက်ဖက်ခြင်းမပြုဖို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

https://youtu.be/9eVy1BhRL_Y?si=RmN90deCU-347-Dq

#Political News
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁3
Media is too big
VIEW IN TELEGRAM
သီရိလင်္ကာရဲ့ ခရစ်ကက်ကစားသမားဟောင်းကို လုပ်ပွဲကစားဖို့ ကြံစည်မှုနဲ့ ရဲက ဖမ်းဆီး

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
🔥2👍1
This media is not supported in your browser
VIEW IN TELEGRAM
September - 7 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews #mizzimanewshour #reels #shorts
👍5🤮1
Media is too big
VIEW IN TELEGRAM
မြန်မာ့အရေးကို အာဆီယံရဲ့ ဥက္ကဋ္ဌဟောင်း၊ အသစ်နဲ့ လာမယ့်ဥက္ကဋ္ဌ သုံးပွင့်ဆိုင် ပူးပေါင်းဖြေရှင်းမယ်

Watch more detail - https://youtu.be/9eVy1BhRL_Y

#မြန်မာ့အရေး#အာဆီယံ#သုံးပွင့်ဆိုင်
#VideoNews #shorts #reels
👍10🤮3😁1
​​အာဆီယံထိပ်သီးအစည်းအဝေးက “တသံတည်း မထွက်” ဟု ဝေဖန်မှုများ ရှိ
=====================

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအဖွဲ့ဝင်များသည် တောင်တရုတ်ပင်လယ်နှင့် ပဋိပက္ခဒဏ်သင့် မြန်မာတို့အပါအဝင် ဒေသတွင်း အဓိကပြဿနာများနှင့် ပတ်သက်ပြီး အများဆန္ဒညီမှုဆီ ဖော်ဆောင်နိုင်ခြင်း မရှိကြောင်း ဝေဖန်မှုများ ရှိနေသည်။ 

မြန်မာအာဏာသိမ်း စစ်ကောင်စီက အငြင်းပွားဖွယ် ငြိမ်းချမ်းရေး အစီအစဉ် ငါးရပ်အား အကောင်အထည်ဖော်အောင် လုပ်ဆောင်နိုင်ခြင်း မရှိသဖြင့် “သင်္ကြန်အမြောက်” အဖြစ် အာဆီယံအဖွဲ့အား ဝေဖန်သူများက ရှုတ်ချခြင်းများလည်း ရှိထားသည်။ 

စက်တင်ဘာ ၅ ရက်မှ ၇ ရက်အထိ ဂျကာတာ၌ ကျင်းပသည့် သုံးရက်တာ ထိပ်သီးအစည်းအဝေးအတွင်း အာဆီယံခေါင်းဆောင်များသည် မြန်မာစစ်ကောင်စီအား အကြမ်းဖက်မှုများ လျှော့ချရန်၊ လူနေအိမ်များနှင့် စာသင်ကျောင်း၊ ဆေးရုံ၊ ဈေးကဲ့သို့ အများပိုင်အဆောက်အအုံများအား ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ ရပ်တန့်ရန် တိုက်တွန်းထားသည့် အချက် ၁၉ ချက်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
👍13😁2❤1
စက်တင်ဘာလ ( ၇ ) ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
========================

01:01-နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပုံမှန်တွေ့ဆုံမှုရှိတယ်လို့ စစ်ကောင်စီပြောတဲ့သတင်း

02:17-မြန်မာ့အရေးကို အာဆီယံရဲ့ ဥက္ကဋ္ဌဟောင်း၊ အသစ်နဲ့ လာမယ့်ဥက္ကဋ္ဌတို့ သုံးပွင့်ဆိုင် ပူးပေါင်းဖြေရှင်းမယ်ဆိုတဲ့သတင်း

05:19-မြန်မာနောင်း ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို ထောင်ဒဏ်နှစ် ၂၀ ချမှတ်တဲ့သတင်း

07:00-မင်းကင်းမြို့ လျှပ်စစ်ရုံးတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးသေဆုံး၊ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/0dr5Ot8-nUQ?si=Q76NFl9lcu_i6Ub7

#12pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4🔥1
​​မြန်မာတွင် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး စစ်ကောင်စီကို ဆက်လက်ဖိအားပေးမည်ဟု အမေရိကန်ဒုသမ္မတ ပြော
===================

မြန်မာတွင် ဒီမိုကရေစီ လမ်းကြောင်းကို ပြန်လည်ထူထောင်ရေး၊ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးရေးနှင့် ကြောက်မက်ဖွယ် အကြမ်းဖက်မှုတို့ ရပ်ဆိုင်းရေးအတွက် အမေရိကန်အနေဖြင့် မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် ဆက်လက်ဖိအားပေးသွားမည် ဖြစ်ကြောင်း အမေရိကန် ဒုသမ္မတ ကမ်မလာ ဟားရစ်က စက်တင်ဘာ ၆ ရက် အရှေ့တောင်အာရှခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

အမေရိကန် ဒုသမ္မတ ဟားရစ်သည် စက်တင်ဘာ ၆ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်တွင် ကျင်းပသည့် ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း ၁၁ ကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့သည်။

ဟားရစ်သည် အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံပြီး နိုင်ငံတကာ စည်းမျဉ်း၊ စံသတ်မှတ်ချက်များနှင့် ဒေသတွင်း ကိစ္စများနှင့်ပတ်သက်ပြီး ၎င်းတို့၏ တူညီသည့် ကတိပြုနှစ်မြှုပ်ထားမှုကို ချီးကျူးခဲ့သည်။
👍9🤮1
​​၆ လအတွင်း စွမ်းဆောင်ရည်ကို သက်သေပြသမည်ဟု ထိုင်းဝန်ကြီးချုပ်သစ် ပြော
=======================

ထိုင်းဝန်ကြီးချုပ်သစ် ဆရတ်သာ သာဗီဆင်းက နိုင်ငံအား စီမံခန့်ခွဲရေး၌ သူ့၏ စွမ်းဆောင်ရည်ကို ပြသနိုင်ရန် အချိန် ၃ လမှ ၆ လ ယူပြီး ပြည်သူများ အကျိုးရှိမည့် အယူအဆ သဘောထားများအတွက် တံခါးဖွင့်ထားကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

သူနှင့် သူ၏ အစိုးရသစ် အဖွဲ့ဝင်များက ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် ပထမဆုံးအဖြစ် အစိုးရအိမ်တော်ရာသို့ ဝင်ရောက်ခဲ့ပြီးနောက် ဆရတ်သာက ယခုကဲ့သို့ ကတိပေးခြင်းပဲ ဖြစ်သည်။

၎င်းတို့က အိမ်တော်၏ အပြင်ဘက် ဘုရားကျောင်းတွင် ဝတ်ပြုကြပြီးနောက် လာမည့် တနင်္လာနေ့၌ လွှတ်တော်ကို တင်သွင်းရမည့် အစိုးရ၏ မူဝါဒ ကြေညာချက်နှင့် ပတ်သက်ပြီး ဆွေးနွေးကြသည်။
😁7