Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မြင်းခြံမြို့တွင် မီတာမဆောင်ပါက မီတာပုံးဖြုတ်မည်ဟု လျှပ်စစ်ဌာနမှသတိပေးစာဖြန့်ဝေ
===================

ဓါတု
(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် မီတာမဆောင်ပါက နေအိမ်များ၏မီတာပုံးများလာဖြုတ်မည်ဟု စစ်တပ်လက်အောက်ခံ လျှပ်စစ်ဌာနဝန်ထမ်းများက သတိပေးစာများလာဝေကြောင်း မြင်းခြံမြို့ဒေသခံများထံမှသိရသည်။

အဆိုပါသတိပေးစာကို ယမန်နေ့ စက်တင်ဘာလ ၆ ရက်နေ့က မီတာမဆောင်သည့် နေအိမ်များနှင့်ကြွေးကျန်နေအိမ်များကို ယနေ့စက်တင်ဘာလ ၇ ရက်နေ့ နောက်ဆုံးထားဆောင်ရန် တရက်သာလျှင်အချိန်ပေးပြီးသတိပေးခြင်းဖြစ်ကြောင်း မြို့ခံတဦးက မဇ္စျိမကိုပြောသည်။

"ဒီနေ့ဆောင်ရမယ်ဆိုတာကို မနေ့ကမှ သတိလာပေးတယ်၊ စဥ်းစားကြည့်ဗျာ၊ ဒီမှာက လက်လုပ်လက်စားသမားတွေများတယ်၊ အဆင်မပြေတာတကြောင်း၊ စကစကိုမီတာမဆောင်ချင်တာကတကြောင်းပေါ့ ၊ အာဏာသိမ်းပြီးကထဲက ဘယ်သူမှမဆောင်ခဲ့ဘူး။ ဆောင်တဲ့သူတွေလည်းနည်းတယ်။ ကြောက်လို့ဆောင်ကြတဲ့သူတွေပေါ့ ၊ အခုကျပြည်သူဆီက ပိုက်ဆံလိုနေတော့ ပြည်သူဆီကမရ ရအောင်တောင်းတော့မယ့်ပုံစံပါ "ဟု ၎င်းကပြောသည်။

သတိပေးစာတွင် မီတာမဆောင်သည့်နေအိမ်များ လာရောက်ဆောင်ပါရန်၊မီတာဆောင်နေကျနေအိမ်များလည်း ကြွေးကျန်ရှိပါက တခါတည်းဆောင်ပါရန်နှင့် မဆောင်ပါက မီတာပုံးများဖြုတ်မည့်အပြင် ရက်ကျော်မှလာစောင်လျှင်လည်း အချိန်ကာလ သုံးလစောင့်ကြည့်ကာ မီတာပြန်တပ်ရန် မူလလျှောက်ထားခဲ့စဥ်ကပုံစံအတိုင်း ကျသင့်တာများပါပေးချေရမည်ဟုဒေသခံများ၏ ပြောကြားချက်အရသိရသည်။

" မီတာပုံးလိုက်ဖြုတ်တာကလည်း လမ်းမီးတိုင်မှာ ကြိုးဖြတ်ရင်သူတို့ပြန်သွားရင်ပြန်တပ်ပြီး သုံးကြလို့ဖြုတ်မှာ၊ သတိပေးတာတောင် အနားကပ်မှ ခြိမ်းခြောက်သလိုပုံစံ လာပြောတာ"ဟု မြင်းခြံမြို့ ဒေသခံတဦးက ပြောသည်။

အနယ်နယ်အရပ်ရပ်နှင့် မြို့ပြများတွင် လျှပ်စစ်ဝန်ထမ်းများမှ ပြီးခဲ့သည့်နှစ်ကစ၍ မီတာခလာရောက်ပေးဆောင်ရန်နှင့် မဆောင်ပါက မီးဖြတ်မည်ဟု ရပ်ကွက်များအတွင်း ကြိုတင်ကြော်ငြာသော်လည်း မြင်းခြံမြို့တွင်မူ တရက်သာအချိန်ပေး၍ ဖိအားပေးဆောင်ခိုင်းခြင်းကြောင့် ဒေသခံများအခက်​တွေ့နေကြောင်း၎င်းတို့က ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မြင်းခြံမြို့
#လျှပ်စစ်ဝန်ထမ်း
#မီတာခ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤7😁3👍2🤮2
​​မြိုင်မြို့နယ်တွင် ပျူစောထီးရွာများကို ရိက္ခာပို့နေသည့်စစ်ကြောင်းကသတ်ဖြတ်ထားသော အမျိုးသား အလောင်းတွေ့ရှိ
===================

ပါခွီး
(မဇ္စျိမ)။ ။မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ပျူစောထီးကျေးရွာများကို ရိက္ခာပို့စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က သတ်ဖြတ်ထားသော အလောင်းတွေ့ရှိခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရ သည်။

ဩဂုတ်လ ၃၀ ရက်နေ့မှစတင်ပြီး ပခုက္ကူမြို့ တမခ(၁၀၁)မှ အင်အား ၁၀၀ ခန့်ဖြင့် ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းသည် ပျူစောထီးကျေးရွာများကို လက်နက်နှင့် ရိက္ခာများပို့နေစဥ် ဒေသခံတဦးကို သတ်ဖြတ်ထားခဲ့ခြင်းဖြစ်ပြီး ၎င်းရုပ်အလောင်းကို စက်တင်ဘာလ ၅ ရက်နေ့တွင် ကာကွယ်ရေးတပ်ဖွဲ့ များမှ သရက်ကွကျေးရွာအနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“သူကအရပ်သားပါ တပ်ဖွဲ့ဝင်မဟုတ်ဘူး၊ စစ်ကြောင်းနဲ့ပါလာတာ ဖြစ်နိုင်တယ်။ ဒီနားအနီးတဝိုက်က တော့မဟုတ်ဘူး။ ခေါင်းကို သေနတ်နဲ့ ပစ်ခံထားရတယ်” ဟု ဒေသခံ ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် တဦးက မဇ္စျိမကိုပြောသည်။

သေဆုံးသူမှာ အသက် ၄၀ ခန့် အမျိုးသားဖြစ်ပြီး ၎င်း၏ရုပ်အလောင်းကို ပျူစောထီးများစခန်းချထားသည့် သရက်ကွကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်နှင့်ရိက္ခာများပို့ဆောင်ပြီးနောက် တွေ့ရှိခဲ့ရ ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ကန်နီ(ပျူစောထီး)ရွာသို့လည်း ဆန်အိတ်များပေးပို့ခဲ့ပြီး ဆားလင်း ကန်ကျေးရွာမှဆန်များကို ကားတစီးတိုက် လုယက်သွားကြောင်း ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။

မြိုင်မြို့နယ်အတွင်းမှ ပျူစောထီးရွာများသို့ ရိက္ခာနှင့် လက်နက်များပို့နေသော စစ်ကောင်စီစစ်ကြောင်း သည် စက်တင်ဘာလ ၆ ရက်နေ့က ဂွေးပင်တောကျေးရွာအနီးတွင် ရပ်နားခဲ့ပြီး ယနေ့ စက်တင်ဘာ ၇ ရက်တွင် ကန်နီ(ပျူစောထီး)ရွာသို့ ဝင်ရောက်သွားကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#မကွေးတိုင်း
#မြိုင်မြို့နယ်
#ပျူစောထီးကျေးရွာ
#စစ်ကောင်စီစစ်ကြောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤3😢2
​​မြင်းခြံတွင် ပျူစောထီးရန်ပုံငွေဟုဆိုကာ ကျူးကျော်နှင့်အိမ်ငှားနေသူများထံ ငွေတောင်းနေ
=========================

ဓါတု
(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊မြင်းခြံမြို့၊အမှတ်(၁)တိုးချဲ့ရပ်ကွက်တွင် ပျူစောထီးအဖွဲ့များအတွက် ရန်ပုံ‌ငွေဟုဆိုကာ အုပ်ချုပ်ရေးမှူးနှင့် ပျူများက ဒေသခံများထံမှ ငွေကြေးတောင်းခံနေကြောင်း သိရသည်။

အမှတ်(၁)တိုးချဲ့ရပ်ကွက်မှ အိမ်ငှားနေသူများ၊ကျူးကျော်များနှင့် အဆောင်ငှားနေသူများကို တအိမ်လျှင် ငွေ ၃,၀၀၀ ကျပ်စီကောက်ခံတောင်းယူနေခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။
" ပျူစောထီးတွေအတွက်ရန်ပုံငွေပေါ့။ မိုက်နဲ့လိုက်အော်ပြီးတောင်းတာ" ဟု ဒေသခံတဦးကမဇ္စျိမကိုပြောသည်။

ယင်းငွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ သွားရောက်ပေးဆောင်ရန် ပျုစောထီးများက ပြောသွားသည်ဟု သိရသည်။လွန်ခဲ့သည့်သုံးလခန့်ကလည်း ပျူစောထီးအဖွဲ့က တအိမ်လျှင် ငွေကျပ် ၅၀,၀၀၀စီကောက်ခံခဲ့ကြောင်းအမှတ်(၁)တိုးချဲ့ရပ်ကွက်တွင် နေသူအချို့ကပြောသည်။

" အရင်ကတော့ အိမ်တွေဆီသွားပြီးလိုက်ကောက်တာ။ အခုက အုပ်ချုပ်ရေးမှူးဝင်း‌ဆွေရှိတဲ့ရုံးကိုလာပေးခိုင်းတာ။ ဒါမျိုးလုပ်တာ သုံးကြိမ်လောက်ရှိပြီ။ ဧည့်စာရင်းလည်းအတင်းတိုင်ခိုင်းတယ် "ဟု ဒေသခံတဦးကပြောသည်။

မြင်းခြံမြို့၊အမှတ်(၁)တိုးချဲ့ရပ်ကွက်တွင် ကျူးကျော်နေထိုင်သူအိမ်ထောင်စု ၁၀၀ ကျော်နှင့်အိမ်ငှား၊အဆောင်ငှားနေထိုင်သူ အိမ်ထောင်စု ၅၀ ဝန်းကျင်ရှိကြောင်းသိရသည်။

မြင်းခြံမြို့နယ်မှ ဒေသခံကာကွယ်ရေးတပ်ဖွဲ့အများစုမှာ ဒေသအခြေအနေအရ ရေလယ်ကျွန်းနှင့်အခြားဒေသများသို့ရောက်ရှိနေသဖြင့် မြို့ပေါ်တွင်ပျူစောထီးများ ကြီးစိုးနေသည်ဟု သိရသည်။စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအဖွဲ့သည် အရပ်သားပြည်သူများအပေါ် နိုင်ထက်စီးနင်းလုပ်ဆောင်မှုများရှိကြောင်းဒေသခံများက‌ ပြောသည်။

စာတည်း - အေးချမ်း

#mizzima
#မြင်းခြံမြို့
#ပျူစောထီးရန်ပုံ‌ငွေ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😡9👍4❤1👎1🔥1
KNU တပ်မဟာ(၃)နယ်မြေမှ စစ်ဘေးရှောင် ၂၀၀,၀၀၀ ကျော် အကူအညီ လုံလောက်စွာမရ
😢5👍2🔥1😁1
KNU တပ်မဟာ(၃)နယ်မြေမှ စစ်ဘေးရှောင် ၂၀၀,၀၀၀ ကျော် အကူအညီ လုံလောက်စွာမရ
======================

YT
(မဇ္ဈိမ)။ ။ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်တွင် စစ်ဘေးရှောင် ၂၀၀,၀၀၀ ကျော်ရှိနေပြီး လုံလောက်သည့် အကူအညီမရ ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

KNU တပ်မဟာ(၃)ထိမ်းချုပ်နယ်မြေအတွင်းရှိ ကျောက်ကြီး၊ မုန်းနှင့် ရွှေကျင်မြို့နယ် နေရာအနှံ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) ပူးပေါင်းတပ်ဖွဲများနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လူထုအားပစ်မှတ်ထား၍ လေကြောင်းမှတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများကြောင့် ဒေသခံ ၂၀၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ် သည်။

“KPSN ရဲ့ စာရင်းပြုစုချက်အရ ခလယ်လွီထူခရိုင်(ညောင်လေးပင်ခရိုင်)မှာ စစ်ဘေးရှောင်အရေအတွက် ၂၀၀,၀၀၀ ကျော်ရှိပါတယ်။ စစ်ဘေးရှောင်ရတဲ့အကြောင်းအရင်းတွေကတော့ တိုက်ပွဲတွေကြောင့် အထူး သဖြင့် လေယာဉ်နဲ့ လက်နက်ကြီးကြောင့်ပေါ့” ဟု စောလေးကပေါ်က မဇ္ဈိမကို ပြောသည်။

စစ်ဘေးရှောင်အရေအတွက် လျော့နည်းသွားခြင်းမရှိဘဲ တိုက်ပွဲများထပ်မံဖြစ်ပွားနေ၍ တိမ်းရှောင်သူ တိုး လာကာ ကိုယ်ပိုင်လုပ်ငန်းများလည်းရပ်တန့်ထားရသဖြင့် ဝင်ငွေမရှိဘဲ စားဝတ်နေရေးအခက်အခဲ ဖြစ်နေ ကြောင်း သိရသည်။

“လက်ရှိအနေအထားမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာတာကြောင့် စစ်ဘေးရှောင်အရေအတွက် ပိုများလာ တော့ စားနပ်ရိက္ခာလုံလောက်မှုမရှိဘဲ ပိုဆိုးလာနိုင်တယ်။ အထူးသဖြင့် အသက်မွေးဝမ်းကြောင်းတွေ အကုန်ပျက်ကုန်ပြီး ရှိတဲ့အရာတွေအားလုံးထားခဲ့ရတော့ စာဝတ်နေရေးက ရေရှည်မှာ အကူအညီ မရရင် အကုန်ဒုက္ခ ရောက်ကုန်မယ်” ဟု စောလေးကပေါ်ကပြောသည်။

“ဒေသခံတွေအတွက် တနိုင်တပိုင် ဝိုင်းဝန်းကူညီနေတာတွေတော့ ရှိပါတယ်။ မြို့ဘက်က အကူအညီတွေ လာတဲ့လမ်းတွေကိုလည်း စကစက နည်းမျိုးစုံ နှောင့်ယှက်ဒုက္ခပေးနေတော့ နယ်စပ်အကူအညီပဲ အများ ဆုံး အားထားနေရတယ်။ အခက်အခဲဆုံးက ဆေးဝါမလုံလောက်မှု၊ ဆရာဝန် မလုံလောက်မှုတွေပဲ” ဟု KPSN ၏ ပြောရေးဆိုခွင့်ရှိသူ စောလေးကပေါ်က မဇ္ဈိမသို့ပြောသည်။
လက်ရှိတွင် အဆိုပါ စစ်ဘေးရှောင်များအတွက် စားဝတ်နေရေးအကူအညီများ၊ ကျန်းမာရေး အကူအညီ များလိုအပ်နေကြောင်း သိရသည်။

KNU နယ်မြေများ၌ စစ်ရေးပဋိပက္ခများ၊ စစ်ကောင်စီတပ်၏ အရပ်သားပစ်မှတ်များအပေါ် တိုက်ခိုက်မှု ကြောင့် ပြည်သူ ၆၀၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေး ပေါ် အကူအညီများလိုအပ်နေကြောင်း ဩဂုတ်လ ၁၀ ရက်နေ့က ပြုလုပ်သည့် " First 100 Days: KNU In New Era” သတင်းစာရှင်းလင်းပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)မှ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးချုပ် စောတာမလာသောက ပြောကြားသည်။

စာတည်း။ ။စောဖေ

#KNUတပ်မဟာ(၃)
#ညောင်လေးပင်ခရိုင်
#စစ်ဘေးရှောင်
#စစ်ရေးပဋိပက္ခ

ပုံအညွှန်း- ပုံ (၁) ပုံ(၂) တပ်မဟာ (၃) စစ်ဘေးရှောင်အချို့၊ ပုံ (၃) (၄) (၅) စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ အကူအညီပေးနေပုံအချို့ (ဓါတ်ပုံ- KPSN)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😢6🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
September - 7 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
👍8😁1🍌1
​​ဘင်္ဂလားဒေ့ရှ်တွင် သွေးလွန်တုပ်ကွေးရောဂါ အဆိုးရွားဆုံး ဖြစ်ပွားမှုနှင့် ကြုံတွေ့နေဟု WHO ပြော
=======================

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မှတ်တမ်းမှတ်ရာများအရ အပြင်းထန်ဆုံးသော သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့် ကြုံတွေ့နေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စက်တင်ဘာ ၆ ရက်တွင် ပြောကြားသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥1😁1
စက်တင်ဘာလ ( ၇ )ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
========================

01:04-တခုတည်းသော ဗျူဟာ၊ အမိန့်ပေးမှုအောက်မှာ မဟာဗျူဟာ ထိုးစစ်ဆင်နိုင်ရေးပြင်ဆင်နေတယ်လို့ NUG ကာကွယ်ရေး အသိပေးတဲ့သတင်း

02:27-စစ်ကောင်စီအပေါ် ထောက်ပံ့ပေးနေမှုကို အဆုံးသတ်ဖို့ G20 နိုင်ငံတွေကို တိုက်တွန်းတဲ့သတင်း

05:10-ယင်းမာပင်မြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်း သိမ်းဆည်းရမိတဲ့သတင်း

06:45-ရှီကျင့်ဖျင်နဲ့ပူတင် မတက်လာနိုင်တဲ့ ဂျီ-၂၀ကို စည်းရုံးနိုင်ဖို့ ဂျိုးဘိုင်ဒင်ဦးဆောင်နေတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/-ahrIjqRWxE?si=KKB7QutiJv7BW1IV

#4pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11🔥1👏1😁1
​​နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန်နှင့် ပြည်သူ့ဆန္ဒသဘောထားကို နားထောင်ရန် ကုလအကြီးအကဲက စစ်ကောင်စီကို တိုက်တွန်း
==================

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အုပ်ချုပ်ရေးဆီ ပြန်သွားရန်၊ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန်နှင့် ပြည်သူလူထု၏ ဆန္ဒသဘောထားများကို နားထောင်ရန် အာဏာသိမ်းစစ်ကောင်စီကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က စက်တင်ဘာ ၇ ရက်တွင် တိုက်တွန်းတောင်းဆိုသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🤣4😁1🖕1
အွန်လိုင်း လိမ်လည်ရာဇဝတ်မှုတွေကို ဆက်တိုက်ဖမ်းဆီးနေ| Business Round Up (7.9.2023)
================

- ယာယီဖြတ်သန်းခွင့်ကတ်ဖြင့် တရုတ်နိုင်ငံအတွင်းဝင်လိုသူ သောင်းနှင့်ချီ စောင့်ဆိုင်းနေရ

- စီးပွားရေးဆိုင်ရာ အပြန်အလှန် တိုးတက်မှု မြှင့်တင်ဖို့ အင်ဒိုနီးရှားနှင့် မြန်မာကုန်သည်စက်မှုအသင်းတို့ လက်မှတ်ရေးထိုး

- အွန်လိုင်း လိမ်လည်ရာဇဝတ်မှုတွေကို ဆက်တိုက်ဖမ်းဆီးနေ

- ဒေါ်လာနဲ့ ထိုင်းဘတ်ငွေဈေး အနည်းငယ်ကျလာသော်လည်း ရွှေဈေးနှုန်း သိသာစွာ ကျဆင်းခြင်းမရှိ 

https://youtu.be/HR22BEACkU8?si=xIuSwtCOrSpmsWuW
 
#BusinessRoundUp
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥1
​​ငါန်းဇွန်မြို့နယ်တွင် လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသူ ၇၀ ကျော်အနက် ၂၀ ကျော်ကို စစ်ကောင်စီ ပြန်မလွှတ်သေး
======================

ဓါတု
(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သားကျင်ရွာ ဒေသခံအမျိုးသား ဦးရေ ၇၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့်အနက် ဦးရေ၂၀ ကျော်ကို ငါန်းဇွန်မြို့နယ်သို့ ခေါ်‌ဆောင်သွားပြီး ဆက်လက်စစ်ဆေးနေကြောင်း ‌‌ေဒသေခံများထံက သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၇ ရက်က ခေါ်ဆောင်သွားခြင်းဖြစ်ပြီး မည်သည့်နေရာတွေင် ဖမ်းဆီးထားသည်ကို အတိအကျ မသိရသေးကြောင်း ဒေသခံများကမဇ္စျိမကိုပြောသည်။

၎င်းတို့ကို စက်တင်ဘာလ ၃ ရက်နဲ့ ၄ ရက်နေ့တွင် ဖမ်းဆီးကာ စစ်‌‌ေကာင်စီတပ် တပ်စွဲထားသည့်နန်းတွင်းဘုန်းကြီးကျောင်းတွင်ခေတ္တထားပြီး စက်တင်ဘာလ ၅ ရက်နေ့နဲ့ ၆ ရက်နေ့တွင် ဦးရေ ၄၀ကျော်ကို ပြန်လွှတ်ပေးခဲ့ပြီး ငွေကြေးချမ်းသာသူများကို ဖမ်းဆီးထားဆဲဖြစ်ကြောင်း ဒေသခံတဦးကဆိုသည်။

" မနေ့ကကျန်တဲ့သူတွေကို မြို့ပေါ်ခေါ်ပေမယ့် ရုံးလို့ပဲ သေချာသိထားတယ် ။ ဘယ်ရုံးလဲ ရဲစခန်းလားဘယ်နေရာလားဆိုတာတော့အတိအကျမသိဘူး။ သူတို့ကိုပို့ပြီးတာနဲ့ စစ်တပ်က အခုတပ်စွဲထားတဲ့ဘုန်းကြီးကျောင်းကနေ အပြင်မထွက်တော့ဘူး"ဟု ၎င်းက မဇ္စျိမကိုပြောသည်။

ထိုဖြစ်ရပ်ကြောင့် အိမ်ခြေ ၁,၀၀၀ ကျော်ရှိ သားကျင်ရွာမှ ရွာခံအများစုမှာ နီးစပ်ရာရွာများသို့ ထွက်ပြေးတိမ်းရှောင်နေပြီး တချို့သာ ရွာထဲကျန်ရှိနေကြောင်း ရွာခံများက ပြောသည်။
အဆိုပါ ဖမ်းဆီးမှု မတိုင်မီ စက်တင်ဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းက သားကျင်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။

ယင်းနောက် စစ်ကောင်စီတပ်က သားကျင်ရွာ နန်းတွင်းဘုန်းကြီးကျောင်းတွင် အထိုင်ချ တပ်စွဲလိုက်ပြီး ရွာခံအမျိုးသားများကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ကာ ရေမတိုက်၊ အစာမကျွေးဘဲ ညှဥ်းဆဲခြင်း၊ တရွာလုံးကိုပိတ်ဆို့ခြင်းနှင့် စစ်ကောင်စီတပ်က အင်အားဖြန့်ကျက်ခြင်းများ ပြုလုပ်ခဲ့သည်။

"အခုလည်း သားကျင်ရွာနားက ကျောက်တလုံးရွာဘက်ကနေ ဧရာဝတီမြစ် ကြောင်းတစ်လျှောက်ကိုလက်နက်ကြီးတွေချထားပြီးအသင့်အနေအထားနဲ့ပြင်ထားတာတွေ့ရတယ်။ ကာကွယ်ရေးတပ်တွေမြစ်တဖက်ကမ်းကူးမှာစိုးလို့ထင်တယ်"ဟုငါန်းဇွန်ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက မဇ္စျိမကို ပြောသည်။

လက်ရှိ သားကျင်ရွာ ဘုန်းကြီးကျောင်း၌ အထိုင်ချတပ်စွဲထားသည့် စစ်‌ကောင်စီတပ်အင်အားမှာ ဦးရေ ၁၀၀ ဝန်းကျင်ရှိပြီး ငါန်းဇွန်မြို့တမြို့လုံးတွင် ဖြန့်ကျက်ထားသည့် စစ်ကောင်စီတပ်မှာ ၃၀၀ ဝန်းကျင်ရှိ၍ မည်သည့်တပ်ရင်းဖြစ်သည်ကို မသိရကြောင်း ဒေသခံများ၏အဆိုအရသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ငါန်းဇွန်မြို့
#သားကျင်ရွာ
#လူသားဒိုင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬10👍2😁2🥰1
This media is not supported in your browser
VIEW IN TELEGRAM
ဩစတြေးလျကမ်းလွန်မှာ ငါးမန်းတွေတိုက်ခိုက်ခံရတဲ့ ရွက်လှေကနေ လူ သုံးဦးကိုကယ်တင်

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍4😁1
ကျောင်းသားလက်ရုံးတပ်တော်ရဲ့ဘဏ္ဍာငွေရှာဖွေရေးအစီအစဉ်နဲ့ပတ်သက်လို့တာဝန်ခံဟန်နီနွေဦးရဲ့ပြောကြားချက်
===================

လင်းသူရိန် (မဇ္ဈိမ)။ ။ ကျောင်းသားလူငယ်တွေ ဦးဆောင်ဖွဲ့စည်းထားတဲ့ ကျောင်းသားလက်ရုံးတပ်တော်ကိုတည်ထောင်လာတာ အခုဆိုရင် အချိန်ကာလအားဖြင့် နှစ်နှစ်ကျော်ရှိနေပါပြီ။ အချိန်ကာလကြာမြင့်လာတာနဲ့အမျှ တပ်တည်ဆောက်မှု၊ ရဲဘော်တွေကိုထောက်ပံ့မှုတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့တွေပေးနေရတာကြောင့် ရန်ပုံငွေလိုအပ်ချက်တွေရှိလာနေပါတယ်။

ကျောင်းသားလက်ရုံးတပ်တော်အနေနဲ့ လိုအပ်တဲ့ ရန်ပုံငွေတွေကိုဘယ်လိုရှာဖွေနေပါသလဲ။ကျောင်းသားလက်ရုံးတပ်တော်အတွက်လိုအပ်တဲ့ ဘဏ္ဍာငွေရှာဖွေရေးတွေကို The River Fundraising Page နဲ့Fundraising By နွေဦးPage  တို့ကနေရှာဖွေသွားမယ်လို့ ကျောင်းသားလက်ရုံးတပ်တော်က စက်တင်ဘာလ ၄ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

ကျောင်းသားလက်ရုံတပ်တော်ရဲ့ဘဏ္ဍာရေးအစီအစဉ်နဲ့ပတ်သက်ပြီး ဘဏ္ဍာရေးတာဝန်ခံမဟန်နီနွေဦးက အခုလိုပြောပြပါတယ်။

တင်ဆက်၊ တည်းဖြတ်- လင်းသူရိန်

https://youtu.be/hGfPwSgUkv4?si=B8vvrqXB1VeLkvJ4

#Mizzima
#ကျောင်းသားလက်ရုံတပ်တော်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍15😁2
This media is not supported in your browser
VIEW IN TELEGRAM
ဘူလ်ဂေးရီးယားမှာ ရေကြီးမှုကြောင့် သေဆုံးသူ ၃ ဦးအထိရှိလာ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
😢4🔥1
​​တမူးမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်အကျအဆုံးရှိ
===================

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲပြင်း ထန်နေပြီး နှစ်ဖက်အကျအဆုံးရှိကြောင်း သိရသည်။

တမူးမြို့နယ် နန်မွန်းတားကျေးရွာအနီးတွင် အင်အား ၁၀၀ နီးပါးရှိသော စစ်ကောင်စီတပ်နှင့် တမူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၁)တို့ စက်တင်ဘာလ ၆ ရက်နေ့မှ စတင်ကာ တိုက်ပွဲဖြစ်ပွား နေခြင်းဖြစ်သည်။

“ဝိတုတ်ဘက်ကနေ နယ်မြေရှင်းလင်းဖို့လာတဲ့ စစ်ကြောင်းနဲ့ တမူးခရိုင် PDF တပ်ရင်းတို့ တိုက်ပွဲဖြစ်နေ တာပါ။ စခ (စစ်ကောင်စီတပ်သား)လေးကောင် သေတယ်၊ ကိုယ့်ဘက်က တယောက်ကျဆုံးထားတာရှိ တယ်၊ ပွဲကမပြီးသေးဘူး” ဟု တမူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက မဇ္စျိမကိုပြောသည်။

စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီမှစတင်ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသွာကာ နန်မွန်းတားကျေးရွာအတွင်းသို့ သယ်ဆောင်သွားကြောင်း နှင့် တမူးခရိုင် တပ်ရင်း(၁)မှလည်း ရဲဘော်တဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသူမရှိကြောင်း သိရသည်။

တမူးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွားများဖြစ်ပွား ခဲ့သော်လည်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများဖြတ်တောက်ထားသဖြင့် ပြည်သူများကိုတင်ပြနိုင်ခြင်း မရှိကြောင်း ဆိုသည်။

ယခုတိုက်ပွဲသည် စစ်ကောင်စီတပ်က ကာကွယ်ရေးတပ်ဖွဲ့များအားတိုက်ခိုက်ပြီး လမ်းပိုင်းကို ထိန်းချုပ် ရန်ကြိုးစားနေခြင်းဖြစ်ကြောင်းနှင့် အကယ်၍ထိန်းချုပ်သွားနိုင်ပါက ပြည်သူအများအတွက် ထိခိုက်မှုဆိုး ကျိုးများဖြစ်လာနိုင်ပြီး တိုက်ပွဲဆက်ဖြစ်နိုင်သဖြင့် ဂရုစိုက်ပြီးသွားလာကြစေလိုကြောင်း ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့တာဝန်ရှိသူက သတိပေးပြောကြားသည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#တမူးမြို့နယ်
#တိုက်ပွဲပြင်းထန်

တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးဝင်များ (ပုံဟောင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12👏2❤1🔥1
​​မြန်မာပဋိပက္ခနှင့် ကမ္ဘာ့ရေးရာ တင်းမာမှုများကို အရှေ့အာရှဖိုရမ်၌ ဦးတည်ချက် ထား 
=======================

ဂျကာတာက အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ထိပ်သီးညီလာခံ၏ နောက်ဆုံးနေ့ ကြာသပတေးနေ့တွင် ပြုလုပ်သည့် အရှေ့အာရှထိပ်သီးအစည်းအဝေးတွင် မြင့်တက်လာသော ကမ္ဘာ့ရေးရာ တင်းမာမှုများနှင့် ဖြစ်ပွားဆဲ မြန်မာပဋိပက္ခကို ဦးတည်ချက် ထားခဲ့သည်။ 

အရှေ့အာရှဖိုရမ် ဖွင့်ပွဲ၌ မိန့်ခွန်းပြောရာတွင် အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက တင်းမာမှုများက ထိန်းသိမ်းရန်နှင့် ပဋိပက္ခသစ်များ၊ စစ်ပွဲသစ်များ မဖန်တီးရန် တက်ရောက်ကြသည့် ခေါင်းဆောင်များအား တိုက်တွန်းသည်။ 

“ပဋိပက္ခသစ်တွေ မဖန်တီးဖို့၊ တင်းမာမှုသစ်တွေ၊ မဖန်တီးဖို့၊ စစ်ပွဲသစ်တွေ မဖန်တီးကြဖို့ ကျွန်တော်တို့အားလုံးမှာ တူညီတဲ့ တာဝန်ရှိကြတယ်၊ တချိန်တည်းမှာပဲ မြင့်တက်နေတဲ့ တင်းမာမှုတွေကို လျှော့ချဖို့၊ အခြေအနေတွေ အေးဆေးဖို့နဲ့ မတူညီမှုတွေကြား ပေါင်းကူးတံတား ဖန်တီးနိုင်ဖို့မှာလည်း ကျွန်တော်တို့မှာ တာဝန်ရှိတယ်”ဟု ဝီဒိုဒိုက ပြောသည်။
👍12😁2