Media is too big
VIEW IN TELEGRAM
ဝက်သားပြားကြော် | Chef Eve's Easy Thai Cooking Show
Watch more detail- https://youtu.be/lQOmInvt_ic
#reels
#shorts
#ဝက်သားပြားကြော်
#ChefEve’s

🔥2
Selfie (2023)
===========
Comedy-Drama-Action
ဒီဇာတ်လမ်းလေးကတော့ လူတစ်ဦးနဲ့တစ်ဦးကြားက မဆိုစလောက် နားလည်မှုလေး လွဲမှားသွားခဲ့တာကို အတ္တကိုယ်စီနဲ့ ရှုမြင်လာကြတဲ့အခါ မလိုလားအပ်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရတယ်ဆိုတာကို ပါးပါးလေး သင်ခန်းစာပေးထားတဲ့ ဇာတ်လမ်းကောင်းလေးပါ
အုံပရာကတ်ရှ်ဆိုတဲ့ ယာဉ်မောင်းလိုင်စင်အတွက် စစ်ဆေးရတဲ့ အရာရှိတစ်ယောက်ဟာ ဗီဂျေးကူမားဆိုတဲ့ ဘောလိဝုဒ်စူပါစတားတစ်ယောက်ကို အရမ်းကို ရူးသွပ်တဲ့ အမာခံပရိတ်သတ်တစ်ယောက်ပါ တစ်နေ့မှာတော့ သူနေထိုင်ရာ ဘိုပယ်လ်မြို့ကို မင်းသားဗီဂျေးက ရုပ်ရှင်ရိုက်ကွင်းတစ်ခုအတွက် ရောက်လာခဲ့တယ် ဖြစ်ချင်တော့ ရုပ်ရှင်ရဲ့ ဇာတ်သိမ်းပိုင်းကို ရိုက်ဖို့ ရိုက်ကွင်းနေရာအတွက် ပါမစ်ရဖို့ ဗီဂျေးရဲ့ ယာဉ်မောင်းလိုင်စင်ကို မဖြစ်မနေလိုအပ်လာတယ် .. ပိုဆိုးတာက သူ့ရဲ့လိုင်စင်က ပျောက်နေတာပဲ..
ပြန်လျှောက်ဖို့ တင်ထားရာမှာလည်း တင်ထားတဲ့ရုံးက မီးလောင်သွားလို့ အချက်အလက်တွေ မရှိဖြစ်နေတော့ ဘိုပယ်လ်က လွှတ်တော်အမတ်တစ်ယောက်ကို အကူအညီတောင်းလိုက်တယ် ..
အဲ့ဒီအမတ်ကလည်း တစ်ခါ အုံပရာကတ်ရှ်ကို လာပြီး အကူအညီကောင်းတော့ မင်းသားနဲ့ Selfie တစ်ပုံလောက်တွဲရိုက်ချင်နေတဲ့ အုံအတွက် ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလိုပေါ့ .. ဒါပေမယ့် မင်းသားက သူနဲ့ Selfie ရိုက်ပေးရင်း ယာဉ်မောင်းလိုင်စင်ယူဖို့ ရုံးကိုလာမယ့်နေ့မှာပဲ မီဒီယာတွေအများကြီး ရောက်လာတာကြောင့် မင်းသားက အုံ့ကို အောင်မြင်ကျော်ကြားချင်နေတဲ့ အခွင့်အရေးသမားလို့ အထင်လွဲသွားခဲ့တယ် ...တစ်ချိန်တည်းမှာပဲ ဗီဂျေးနဲ့ ပြိုင်ဖက်ဖြစ်တဲ့ ဆူရာ့ဂျ်ဒီဝမ်က သူတို့ဇာတ်လမ်းမှာ ဝင်ပြီး ခလောက်ဆန်လိုက်တဲ့အခါ ထိပ်တိုက်စကားပြောလိုက်ရင် ရှင်းသွားရမယ့် ကိစ္စတစ်ခုဟာ အပျက်အပျက်နဲ့ အုံပရာကတ်ရှ်တစ်ယောက် တကယ်နှာခေါင်းသွေးထွက်သွားရတဲ့ အဖြစ်အထိကို ကြီးကျယ်သွားတော့တာပါပဲ ...
ကဲ ပရိတ်သတ်ကြီး ... ကိုယ်တိုင်ပဲ ဆက်လက်ရှုစားလိက်ကြနော်
မင်းသားတွေကတော့ အရှေးကူမားက မင်းသား ဗီဂျေး အုံပရာကတ်ရှ်အဖြစ်ကတော့ အင်မရန်းဟာ့ရှ်မီက ပါဝင်ထားပါတယ်
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - https://bit.ly/44WaGEU
#New ပြသမည့်ရက်။ ။ ၉.၉.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၁၀.၉.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”

👍5🔥1
ဝက်သားပြားကြော် နဲ့ သစ်တိုသီးထောင်း | Chef Eve's Easy Thai Cooking Show | Episode - 28
=====================
ဒီတစ်ပတ်မှာတော့ Chef Eve ရဲ့ ဝက်သားပြားကြော် နဲ့ သစ်တိုသီးထောင်း ချက်ပြုတ်ပုံကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။
Easy Thai Cooking Show အစီအစဥ်မှာ ထိုင်း စားဖိုမှူး Chef Eve ကနေ ရိုးရှင်းပြီး ကိုယ်တိုင် အလွယ်တကူ လိုက်လုပ်နိုင်မယ့် ထိုင်းမြောက်ပိုင်း အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်ပြသသွားမယ့် အစီစဉ်ပဲဖြစ်ပါတယ်။
ဒီအစီစဉ်ကိုတော့ အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima + Channel ကနေ ကြည့်ရှုနိုင်ပါပြီ။
တီဗီကနေ မကြည့်ရှုလိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima+Youtube နဲ့ Mizzima Application တို့ကနေ ကြည့်ရှုနိုင်ပါပြီ။
https://youtu.be/lQOmInvt_ic?si=l0Is9E1eGyRmt0nJ
#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#ThaiFood
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဝက်သားပြားကြော် နဲ့ သစ်တိုသီးထောင်း | Chef Eve's Easy Thai Cooking Show | Episode - 28
ဒီတစ်ပတ်မှာတော့ Chef Eve ရဲ့ ဝက်သားပြားကြော် နဲ့ သစ်တိုသီးထောင်း ချက်ပြုတ်ပုံကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။
Easy Thai Cooking Show အစီအစဥ်မှာ ထိုင်း စားဖိုမှူး Chef Eve ကနေ
ရိုးရှင်းပြီး ကိုယ်တိုင် အလွယ်တကူ လိုက်လုပ်နိုင်မယ့် ထိုင်းမြောက်ပိုင်း အစားအစာတွေကို…

စာသင်ကျောင်းတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရမှု တိုးလာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ပြော (ရုပ်/သံ)
=======================
KMN (မဇ္ဈိမ)။ ။ ကရင်ပြည်နယ်မှာရှိတဲ့ စာသင်ကျောင်းတွေအပေါ် စစ်ကောင်စီတပ်က ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ လေကြောင်းကနေ တိုက်ခိုက်တာတွေ ပိုများလာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ပြောပါတယ်။
ဒီကနေ့ စက်တင်ဘာလ ၉ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ပညာရေးကို တိုက်ခိုက်ခြင်းမှ ကာကွယ်ရေးနေ့ မှာ ထုတ်ပြန်ပြောဆိုလိုက်တာပါ။
မြန်မာပြည်အရှေ့တောင်ပိုင်း ကရင်ပြည်နယ်မှာရှိတဲ့ စာသင်ကျောင်းတွေဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့အထိ ၂၄ ကြိမ်အထက် တိုက်ခိုက်ခံထားရတယ်လို့ ဆိုပါတယ်။
အဲဒီအထဲမှာ စာသင်ကျောင်း အဆောက်အဦး ၃၇ လုံးကျော်ဟာ လုံးဝပျက်စီးခဲ့ရတယ်လို့လည်း ပြောပါတယ်။
ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ၂၀၂၃ ဇန်နဝါရီလကနေ သြဂုတ်လကုန်အထိ ကလေးသူငယ်တွေ အပါအဝင် သေဆုံးသူ ၉၀ နီးပါးရှိနေပြီး ထိခိုက်ဒဏ်ရာရသူ ၂၃၀ နီးပါးရှိနေတယ်လို့ ကရင်လူ့အခွင့် အရေးအဖွဲ့ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။
တင်ဆက်၊တည်းဖြတ် - KMN
https://youtu.be/A7ETxGeHImQ?si=xAoMStH45Ymisla1
#ကရင်
#Mizzima
#စာသင်ကျောင်း
#KHRG
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

ဒီကနေ့ စက်တင်ဘာလ ၉ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ပညာရေးကို…

👍8🤬2❤1🔥1
စက်တင်ဘာလ (၉) ရက်၊ စနေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
======================
ဒီကနေ့ညမှာတော့........
ရန်ကုန်လွှတ်တော်ဝန်းကို အနောက်ပိုင်းခရိုင်ပကဖက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့သတင်းနဲ့အတူ
NUG အစိုးရ အဖွဲ့ နဲ့ တိုင်ပင်ပြီး ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်ကို တည်ထောင်တာဖြစ်တယ်လို့ ဗိုလ်နဂါးပြောတဲ့အကြောင်းသတင်းလွှာအပါအဝင်
နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ တစ်ပတ်အတွင်း နိုင်ငံတကာနဲ့ စီးပွားရေး သတင်းတွေကိုနားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ “သံစဉ့်အိမ်" အစီအစဉ်ကို တင်ဆက်သွားမှာပါ။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://youtu.be/dUDlvouClQ4?si=7P0cSIgdcX7MoOBi
#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
ဒီကနေ့ညမှာတော့........
ရန်ကုန်လွှတ်တော်ဝန်းကို အနောက်ပိုင်းခရိုင်ပကဖက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့သတင်းနဲ့အတူ
NUG အစိုးရ အဖွဲ့ နဲ့ တိုင်ပင်ပြီး ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်ကို တည်ထောင်တာဖြစ်တယ်လို့ ဗိုလ်နဂါးပြောတဲ့အကြောင်းသတင်းလွှာအပါအဝင်
နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ တစ်ပတ်အတွင်း နိုင်ငံတကာနဲ့ စီးပွားရေး သတင်းတွေကိုနားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ “သံစဉ့်အိမ်" အစီအစဉ်ကို တင်ဆက်သွားမှာပါ။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://youtu.be/dUDlvouClQ4?si=7P0cSIgdcX7MoOBi
#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
စက်တင်ဘာလ (၉) ရက်၊ စနေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ညမှာတော့........
ရန်ကုန်လွှတ်တော်ဝန်းကို အနောက်ပိုင်းခရိုင်ပကဖက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့သတင်းနဲ့အတူ
NUG အစိုးရ အဖွဲ့ နဲ့ တိုင်ပင်ပြီး ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်ကို တည်ထောင်တာဖြစ်တယ်လို့ ဗိုလ်နဂါးပြောတဲ့အကြောင်းသတင်းလွှာအပါအဝင်
နေ…

👍6🔥1
ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ် ဒေသခံ ၂ ဦးကို သတ်ဖြတ်၊ ကျေးရွာ ၁၂ ရွာမှ ဒေသခံများ ထပ်မံ တိမ်းရှောင်
🤬6😁4👍1
ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ် ဒေသခံ ၂ ဦးကို သတ်ဖြတ်၊ ကျေးရွာ ၁၂ ရွာမှ ဒေသခံများ ထပ်မံ တိမ်းရှောင်
=======================
ကိုခင်မောင်
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်း ထန်းကုန်းတိုက်နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ဒေသခံနှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး ကျေးရွာ ၁၂ ရွာမှ ဒေသခံများ ထပ်မံ တိမ်းရှောင်နေရသည်ဟု ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ က ယနေ့ စက်တင်ဘာလ ၉ရက်တွင် သတင်းထုတ်ပြန်သည်။
ယနေ့ စက်တင်ဘာလ ၉ ရက် နံနက် ၆ နာရီအချိန်တွင် ထန်းကုန်းတိုက်နယ်အတွင်းရှိ တောင်တည်းကုန်းရွာသို့ ညောင်ဇင်လေးရွာ ပျူအထိုင်စခန်းမှ စစ်ကောင်စီတပ်နှင့် ပျူစောထီး စုပေါင်းအင်အား ၁၀၀ ခန့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး နံနက် ၉ နာရီတွင် ရွာအားမီးရှို့ဖျက်ဆီးနေခြင်းကြောင့် အနီးနားရှိကျေးရွာ ၁၂ ရွာမှ ဒေသခံများ ထပ်မံထွက်ပြေးတိမ်းရှောင်နေရခြင်းဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
“တောင့်တည်းကုန်းရွာမှာ အိမ်ခြေဘယ်လောက် ပျက်ဆီးဆုံးရှုံးသွားတာကိုတော့ အတည်ပြုလို့ မရသေးဘူး။ အနီးအနားက ကျေးရွာဒေသခံတွေက ဘေးလွတ်မယ်ထင်တဲ့ နေရာကို စစ်ရှောင်နေရတာပါ။ မိုးထဲလေထဲမှ ထွက်ပြေးနေကြတာ၊ စုစုပေါင်းလူဦးရေတော့ ခန့်မှန်းမပြောတတ်ဘူးဗျ။ စစ်ကောင်စီစစ်ကြောင်းက တောင့်တည်းကုန်းရွာကို မီးရှို့ဖျက်ဆီးပြီးနောက် မနက် ၁၀ နာရီ ၂၀ မိနစ်မှာ ညောင်ဇင်ကြီးရွာဘက်ကို စစ်ကြောင်းထိုးထွက်ခွာသွားပါတယ်” ဟု ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။
သေဆုံးသူ နှစ်ဦးမှာ အင်းလယ်ကြီးရွာမှ မောင်ဝင်းကြိုင်နှင့် မောင်ဇင်အောင်တို့ဖြစ်ပြီး စက်တင်ဘာလ ၂ ရက်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်၏ စစ်ကြောင်းအတွင်း ပိတ်မိရာမှ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ ထိုစစ်ကြောင်းမှာ စက်တင်ဘာလ ၂ ရက်က ကန့်ဘလူမြို့နယ်၊ နတ်အင်းမှ အင်းလယ်ကြီးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုစစ်ကြောင်းသည် ဝါးရုံပင်ကြားပုန်းနေသော အမျိုးသမီးတဦးကိုလည်း သေနတ်နှင့်ပစ်ခတ်ဖမ်းဆီး၍ စစ်ကြောင်းတစ်လျှောက် ဓားစာခံအဖြစ်ခေါ်ဆောင်သွားပြီးနောက် ပြန်လည်လွှတ်ပေးခဲ့ကာ ကန့်ဘလူ (၆၀၀၆)တပ်အတွင်း သို့ ပြန်လည်ဝင်ရောက်သွားသည်ဟုဆိုသည်။
“စစ်ကောင်စီတပ်က ပစ်ခတ်လို့ အဲဒီအမျိုးသမီးက ပါးတဖက်ကျည်ထိမှန်ပါတယ်။ သွေးစက်လက်ကျနေတဲ့ကြားကပဲ ဖမ်းဆီးခေါ်ဆောင်ခံရတာပါ။သူက အသက် ၄၀နှစ်အရွယ်ပါ။ စက်တင်ဘာ ၂ရက်နေ့မှာပဲပြန်လွတ်ပါတယ်။ ပြန်လွတ်လာတာကံကောင်းတာပဲ။ သူ့မှာကြောက်လွန်းလို့ ပြန်လွတ်လာပြီး ဆေးကုသချိန်မှာတောင် လူတွေကိုကြောက်နေတာ။တချိန်လုံးကြောက်တယ်ပဲပြောနေတာ”ဟု ၎င်းအမျိုးသမီးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် တောင့်တည်းကုန်း၊ သိုးဘိုး၊ ကိုးမြို့၊ ဖလံချိုင်၊ ညောင်ဇင်ကြီး၊ သရက်ခေါင်း၊ မင်းကုန်း(က)၊ ဆူးပုတ်ကုန်း၊ ဘိုတဲကုန်း၊ ဘိုကုန်း၊ ပေလည် နှင့် ငါးရာနဲ ရွာ ၁၂ ရွာမှ ပြည်သူများ မိုးထဲရေထဲတွင် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်ဟု ၎င်းတာဝန်ရှိသူထံက သိရသည်။
ထန်းကုန်းတိုက်နယ်အတွင်းရှိ ရွာများသည် စစ်ကောင်စီတပ်ရှိသည့် ကန့်ဘလူ( ၆၀၀၆ ) တပ်၊ ဇီးကုန်းသကြားစက် နှင့် ပျူစောထီးများရှိသည့် ယမနေ ၊ စံပါယ်နံ့သာ ၊ ယော-လယ်လှ ၊ ညောင်ဇင်လေး ရွာတို့နှင့် နီးကပ်လျက်ရှိခြင်းကြောင့် မကြာခဏ စစ်ကြောင်းထိုးခြင်းနှင့် အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ် ၊ မီးရှို့ဖျက်ဆီးခြင်းခံရ၍ စစ်ဘေးရှောင်ဦးရေ တိုးပွားလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ကန့်ဘလူမြို့နယ်
#စစ်ဘေးရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
#mizzima – Explore
explore #mizzima at Facebook
🤬8👍6👏2
Media is too big
VIEW IN TELEGRAM
သစ်တိုသီးထောင်း | Chef Eve's Easy Thai Cooking Show
Watch more detail- https://youtu.be/lQOmInvt_ic
#reels
#shorts
#သစ်တိုသီးထောင်း
#ChefEve’s
Watch more detail- https://youtu.be/lQOmInvt_ic
#reels
#shorts
#သစ်တိုသီးထောင်း
#ChefEve’s
🔥2
Weekend News Roundup | September 9 2023
==================
ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။
-မြန်မာနိုင်ငံကို ၂ဝ၂၆ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခွင့်မပြုဖို့ အာဆီယံခေါင်းဆောင်များ ဆုံးဖြတ်ခဲ့တဲ့သတင်း
-၂၀၂၅ မှာ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပနိုင်ခြေရှိတယ်လို့ ပါတီအချို့ ခန့်မှန်း
တဲ့သတင်း
-ပြည်ပအကူအညီပေးရေးအစီအစဉ်အောက်မှာ ထိုင်ဝမ်ကိုလက်နက်ထောက်ပံ့ပေးဖို့ အမေရိကန်ပထမဆုံးအတည်ပြုတဲ့သတင်း
-နျူကလီးယားတိုက်ခိုက်မှုပုံစံတူအဖြစ် မြောက်ကိုရီးယားက ဒုံးကျည်များစမ်းသပ်ပစ်ခတ်တဲ့သတင်း
-မြန်မာစစ်ကောင်စီကို စက်ကရိယာနဲ့နည်းပညာ ထောက်ပံ့နေတဲ့ကုမ္ပဏီကို စုံစမ်းစစ်ဆေးဖို့ ဒိန်းမတ်တောင်းဆိုတဲ့သတင်း
-ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်မှုဟာ လုပ်ငန်းရှင်တွေကြောင့်လို့ စစ်ကောင်စီအပြစ်ပြောတဲ့သတင်း
https://youtu.be/2zcHG4pPlmY?si=8YxXiMQQkPJ3QI_o
#weekendnewsroundup
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.https://bit.ly/2VhJ12U

-မြန်မာနိုင်ငံကို ၂ဝ၂၆ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခွင့်မပြုဖို့ အာဆီယံခေါင်းဆောင်များ…

👍10🔥1😁1
ရန်ကုန်ရှိ မွတ်ဆလင်ကုသိုလ်ဖြစ်ဆေးရုံ မီးလောင်၊ မီးဖွားဆဲ လူနာများကို အရေးပေါ် ရွှေ့ပြောင်း
👍5😢3🔥2😁2

========================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ် ၊ (၂) ရပ်ကွက် ၊ မဟာဗန္ဓုလ ပန်းခြံလမ်းအတွင်းရှိ မွတ်ဆလင် ကုသိုလ်ဖြစ်ဆေးရုံ၌ ယနေ့ စက်တင်ဘာလ ၉ ရက် နေ့လယ် ၁ နာရီခွဲအချိန်တွင် မီးလောင်မှုဖြစ်ပြီး မီးဖွားဆဲလူနာ သုံးဦးကို အရေးပေါ်နေရာရွှေ့ပြောင်းခဲ့ရကြောင်း ကူညီကယ်ဆယ်မှုပြုလုပ်သည့် အဖွဲ့ထံက သိရသည်။
လက်ရှိတွင် မီးလောင်မှုကြောင့် မီးဖွားဆဲ လူနာလေးဦးအနက် သုံးဦးကို ဗဟိုအမျိုးသမီးဆေးရုံသို့ ရွှေ့ပြောင်းထားကြောင်း လင်းလက်လူမှူကူညီရေး အသင်းခေါင်းဆောင် အမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။
"မီးလောင်တဲ့အချိန် ပထမ ကျွန်မတို့ရောက်သွားတဲ့အချိန်မှာ လူနာတွေကိုတော့ အောက်ချထားတယ်ပေါ့နော်။ မွေးလက်စတန်းလန်း မွေးနေတဲ့ ကိုယ်ဝန်ဆောင်သည် လေးယောက်ရှိတယ်။
လောလောဆယ် သုံးယောက်ကိုတော့ ဗဟိုအမျိုးသမီးဆေးရုံကို ကျွန်မတို့ပြောင်းရွှေ့ထားတယ်၊ နောက်ထပ် လူနာထပ်ရွှေ့တယ်” ဟု လူမှုကူညီရေး အသင်းခေါင်းဆောင် အမျိုးသမီးက ပြောသည်။
“ပြန်ရမယ့် လူနာနဲ့ မနေ့က တနေ့က မွေးလူနာလေးတွေကြတော့ ဆရာမတွေက ဂရုစိုက်ပြီးတော့ စာအုပ်တွေနဲ့ နေအိမ်တွေကို ပြန်ပြီးဆင်းခိုင်းတယ်။ ဒီတော့ ညီမတို့ ဒီပရဟိတအဖွဲ့တွေကပဲ ပေါင်းပြီးတော့ ပြန်ပို့ကြတယ်။ တချို့အောက် ရောက်ပြီးသား မျက်စိခွဲထားတဲ့လူနာတွေရှိပါတယ်ရှင့်။ အဲ့လူနာတွေကိုလည်း သူတို့နေအိမ်ကို ပြန်ပြီးပို့ပေးကြပါတယ်ရှင့်" ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ မွတ်ဆလင်ကုသိုလ်ဖြစ်ဆေးရုံ၏ မွေးလူနာထားသည့်အခန်း အပေါ်ထပ် ထရမ်စဖော်မာမှ မီးမနိုင်၍ ဝါယာရှောဒ့်ဖြစ်ကာ မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း ရပ်ကွက်နေသူများက ပြောသည်။
မီးလောင်မှုကြောင့် မီးဖွားဆဲ လူနာများ အပါအဝင် ဆေးရုံရှိ လူနာ ၃၀ ခန့်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရသော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရသည်။
လက်ရှိတွင် ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို မသိရသေးပေ။
အဆိုပါ မီးလောင်မှုကို ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ၁ နာရီ ၄၂ မိနစ်တွင် မီးငြိမ်းသွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#မီးလောင်
#ဝါယာရှော့ဖြစ်
#မွတ်ဆလင်ကုသိုလ်ဖြစ်ဆေးရုံ
ပုံအညွှန်း - ဝါယာရှော့ဒ် မီးလောင်မှုဖြစ်ပွားသော မွတ်ဆလင်ကုသိုလ်ဖြစ်ဆေးရုံ (Photos / လင်းလက်လူမှုကူညီရေးအသင်း ရန်ကုန်)

#မီးလောင် – Explore
explore #မီးလောင် at Facebook
😢9👍5🔥2😁2❤1
AFP ပါတီထိပ်ပိုင်း ခေါင်းဆောင် ၂ ဦးကို “လွှတ်သင့်ပြီ” ဟု ဒေါက်တာအေးမောင် ပြော
===================
ကိုခင်မောင်
(မဇ္စျိမ) ။ ။ ရက္ခိုင့်တပ်တော် (ULA/ AA ) ဖမ်းဆီးခေါ်ဆောင်ထားသော ရခိုင့်ဦးဆောင်ပါတီ (AFP) ၏ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးကို ပြန်လွှတ်ပေးရန် ယနေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် AFP ပါတီက ထုတ်ပြန်တောင်းဆိုလိုက်သည်။
ပါတီပြောရေးဆိုခွင့်ရှိသူ ၊ ပါတီဒု- ဥက္ကဋ္ဌ ဦးကျော်ဇောဦးနှင့် ဗဟိုအကြံပေးအဖွဲ့ဝင် ဦးကျော်လွင်တို့ နှစ်ဦးကို အမြန်ဆုံးလွှတ်ပေးရန် ရခိုင့်ဦးဆောင်ပါတီက တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ပြစ်မှုတစ်စုံတစ်ရာ ချိုးဖောက်ကျူးလွန်ခြင်း မရှိဘဲ ခေါ်ယူစစ်ဆေးမေးမြန်းခြင်းမျိုး ဆိုပါက "လွှတ်ပေးသင့်ပြီ" ဟု AFP ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။
“လက်နက်ကိုင် တော်လှန်ရေးမှသာလျှင်ဆိုရင်တော့ဖြင့် ကျွန်တော်တို့သွားနေတဲ့ ညှိနှိုင်းမယ်။ ရပိုင်ခွင့်တွေတောင်းမယ် စသဖြင့် ကဏ္ဍနဲ့တော့ နည်းနည်း ကွဲပြား တာပေါ့ဗျ။ မတူလို့ ညီညီညာညာ ဦးတည်ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေကို ဒီလိုမျိုး ခေါ်ယူပြီးတော့ အကြာကြီး ထားတာမျိုးက မဖြစ်သင့်ဘူး။ ပြစ်မှုတခုခု ကျုးလွန်ခဲ့တယ်ဆိုရင် စစ်တာဆေးတာ လုပ်အပ်တာပေါ့။ မရှိဘူးဆိုရင် ခေါ်ယူမေးမြန်းတာမျိုးဆိုရင် လုံလောက်ပြီ” ဟု ဒေါက်တာ အေးမောင်က ပြောသည်။
၎င်းတို့နှစ်ဦး မိသားစုနှင့် အမြန်ဆုံးတွေ့ဆုံခွင့်ရရှိရေး ၊ ၎င်းတို့ကိုယ်တိုင် ဦးဆောင်တည်ထောင်ခဲ့ကြသော ရခိုင့်ဦးဆောင်ပါတီ၊ ပါတီထုနှင့် အမြန်ဆုံးတွေ့ဆုံခွင့် ရရှိရေးအတွက် ခေါ်ဆောင်ထားခြင်းမှ အမြန်ဆုံးလွှတ်ပေးပါရန် ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။
စစ်ကောင်စီတပ်နှင့် ULA/AA တို့သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရန် အပစ်အခတ်ရပ်စဲထားခြင်းနှင့် လက်ရှိကာလအထိ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်မှုရှိနေကြသည်ကို AFP ပါတီမှ ကြိုဆိုကြောင်း ထုတ်ပြန်ချက်တွင် ပြောထားသည်။
“တရားဝင် ပါတီအနေနဲ့ ဆရာတော် ဦးဥတ္တမနေ့မှာ ထုတ်ပြန်သင့်တယ် ဆိုတဲ့သဘောနဲ့ ထုတ်ပြန်တာပါ၊ မတရားမှုတွေကို ဆရာတော်ဦးဥတ္တမက အစဥ်ဆန့်ကျင်ခဲ့တာကိုး။ မြန်မာ့လွတ်လပ်ရေးနဲ့ အတူပေါ့။ အထင်ကရ နေ့ရက်မှာ အားလုံးရဲ့ အာရုံစူးစိုက်မှုလည်း ရှိတယ်လေ” ဟု ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။
ဗဟိုအကြံပေးအဖွဲ့ဝင် ဦးကျော်လွင်သည် ၂၀၂၂ ခုနှစ်အောက်တိုဘာလ ၄ ရက်နေ့နှင့် ဒုဥက္ကဋ္ဌ ဦးကျော်ဇောဦးသည် ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA) ၏ ဖမ်းဆီးမှု ခံလိုက်ရခြင်းဖြစ်ကြောင်း AFP ပါတီက ပြောသည်။
ထိုသို့ AFP ပါတီ၏ တောင်းဆိုမှုအပေါ် “ကျွန်တော်က ခရီးသွားနေလို့ဗျ။ ကျွန်တော်ဘာမှ မသိရသေးတဲ့အခါကျတော့ ဘာမှပြောစရာမရှိဘူး” ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။
စစ်မက်ဖြစ်ပွားနေဆဲ တော်လှန်ရေးကာလအတွင်း လူထုကို စိတ်ဝမ်းကွဲပြား စေသော လှုံ့ဆော်မှုများကို ခွင့်ပြုနိုင်မည် မဟုတ်ကြောင်း ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက ကျင်းပသည့် AA သတင်းစာရှင်းလင်းပွဲတွင် ပြောခွင့်ရသူ ဦးခိုင်သုခက ပြောကြားခဲ့သည်။
ရခိုင့်ဦးဆောင်ပါတီသည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်၊ ကိုယ်ပိုင် ပြဋ္ဌာန်းပိုင်ခွင့်တို့အတွက် တိုင်းရင်းသားများ၏ လက်နက်ကိုင်တော်လှန်ရေး နည်းလမ်းကို မဆန့်ကျင်သော်လည်း လူမျိုးတမျိုးအတွက် တရားဝင်နိုင်ငံရေး လှုပ်ရှားမှုကို လက်ခံယုံကြည်ကာ ဦးဆောင်ကြိုးပမ်းနေသည့် ပါတီဖြစ်ကြောင်း ယင်းပါတီက ထုတ်ပြန်ထားသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#AFP
#ဦးကျော်ဇောဦး
#Mizzima
#ပြန်လွှတ်ပေး

👍10😁8👏1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၉ စက်တင်ဘာ ၂၀၂၃)
=================
အမျိုးသားညီညွတ်ရေး အစိုးရ
- အကြမ်းဖက်စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ မဟာဗျူဟာကျကျ ရင်ဆိုင်တိုက်ခိုက် နေနိုင်ခြင်းသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ စစ်ရေးလေ့ကျင့်ပေးမှု၊ လက်နက် တပ် ဆင်ပေးမှုများကနေရရှိလာသည့် တန်ဖိုးများဖြစ်ကြောင်း ယာယီသမ္မတ ဒူးဝါးလရှီးလ ကပြောသည်။
- အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန နဲ့ ပြည်သူ့ရဲတပ်ဖွဲ့ တို့ရဲ့ အစည်းအဝေးအမှတ်စဉ် (၂၃/၂၀၂၃)ကို စက်တင်ဘာလ ၈ ရက် မွန်းလွဲ ၃ နာရီမှာ ပြုလုပ်ခဲ့ကြ သည်။
- မန္တလေးခရိုင်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတွေကို ပူးပေါင်းပြီးတော့ မန္တလေး ညီနောင်တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းလိုက်တယ်လို့ စက်တင်ဘာ ၉ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
တော်လှန်ရေး လှုပ်ရှားမှုများ
- မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် တောင်သူစုရပ်ကွက်နေ အငြိမ်းစား ဒု- ဗိုလ်မှူးကြီး ဦးအောင်လွင် သည် ဇနီး၊ သားဖြစ်သူတို့နှင့်အတူ နေအိမ်သို့ ပြန်လာစဉ် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ ရကြောင်း ဒေသခံများထံက သတင်းရရှိသည်။
- စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ဖိုးဝင်းတပ်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူတဦးအားသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများကပြောကြားသည်။
- စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တနေရာတွင် ယမန်နေ့ စက်တင်ဘာ ၈ ရက်နေ့ ညပိုင်းက ဒေသခံ ပြည်သူများအား ဖက်ဒရယ်အရေး၊ နိုင်ငံရေး၊ ဒီမိုကရေစီအရေး၊ တော်လှန်ရေးနှင့်ပတ် သက်သည့် အသိပညာပေး သတင်းစကားဖြန့်ဝေပွဲတခုအား ချောင်းဦးမြို့နယ် လူငယ်အင်အားစု သပိတ်ကော် မတီ(CYSC)က ဦးဆောင်ပြုလုပ်ခဲ့သည်။
- စစ်ကိုင်းတိုင်း ယင်းမာပင်ဒေသတွင် ရွာပေါင်းစုံသပိတ်ကော်မတီ၊ ဒေသတွင်းသပိတ်အင်အားစု များနှင့် ပြည်သူများပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ရက်ပေါင်း (၉၀၀)ပြည့်အဖြစ် ယနေ့ (စက်တင်ဘာ ၉) နံနက်က ချီတက်ဆန္ဒပြခဲ့ကြသည်။
- စစ်ကိုင်းတိုင်း ကသာမြို့နယ်၊ ပျဉ်ထောင်လေးကျေးရွာ၌ ငါးရက်မြောက်အထိ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များ တိုက်ပွဲဆက်လက်ဖြစ်ပွား နေကြောင်း သတင်းရရှိသည်။
- ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်( BNRA) ကို ဖွဲ့စည်းခြင်းသည် တစ်စင်ထောင်ခြ င်း မဟုတ်ဘဲ တော်လှန်ရေးကို အထောက်အကူပြုနိုင်ရန်အတွက် NUG အစိုးရအဖွဲ့ နှင့်တိုင်ပင် ညှိနှိုင်း ဆောင်ရွက် ခဲ့တာဖြစ်ကြောင်း BNRA ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်နဂါးက ပြောသည်။
- စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ပိုက်ကျော်ခြင်းကွင်းအတွင်း စစ်ကောင်စီတပ်ထောင်ထား သည့် မိုင်းနင်းမိ၍ ဒေသခံပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
- ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းဆရာတဦးနှင့် ဆယ်ကျော်သက်ကျောင်းသူ ကျောင်းသား သုံးဦးသေဆုံးခဲ့သည်ဟု မူတြော်ခရိုင်က သတင်း ထုတ်ပြန်သည်။
- ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၊ အထွေအထွေအုပ်ချုပ်ရေးမှူးရုံး ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက် ခံရပြီး အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမင်း ဗုံးစထိမှန်သေဆုံးခဲ့ကြောင်း ဖာပွန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( PPDF) နှင့် ဒေသခံများထံက သိရသည်။
- ပဲခူးတိုင်း ၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့တွင် စက်တင်ဘာ ၇ ရက်နေ့ ညနေ ၄ နာရီခန့်က ဗိုလ်ကြီးဟောင်း သန်းဝင်း ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နေရာတွင်ပင်သေဆုံးကြောင်း ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၆၀၂) ထံမှသိရသည်။
- ရန်ကုန်တိုင်းအစိုးရရုံးစိုက်ရာ ရန်ကုန်လွှတ်တော်ဝန်းအတွင်းသို့ ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ စက်တင်ဘာလ ၉ ရက် နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
- မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ရှိ လက်ပန်လှကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ သေဆုံးကြောင်း စဥ့်ကူးမြို့နယ် တော်လှန်ရေး အင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

👍26🔥2😁2👏1