နာမကျန်းသည့် စီးပွားရေး’ ကို အားချင်းကိုင်တွယ်မည်ဟု ထိုင်းဝန်ကြီးချုပ် ကတိပြု
========================
ထိုင်းနိုင်ငံ၏ ကပ်ဘေးနှောင်းပိုင်း စီးပွားရေးပြဿနာများ သက်သာလျော့ပါးရေးအတွက် အသုံးစရိတ် စေ့ဆော်ရန် ငွေကြေးစီးဆင်းစေခြင်းနှင့် မြင့်တက်နေသော စွမ်းအင်ကုန်ကျစရိတ်များကို ကိုင်တွယ်ဖြေရှင်းရေးတို့ အပါအဝင် အလျင်အမြန် အရေးယူဆောင်ရွက်သွားမည်ဟု ဝန်ကြီးချုပ်သစ် ဆရတ်သာ သာဗီဆင်းက ကတိပြုသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍6🔥2👏1
သမိုင်းဝင်စီးပွားရေးစင်္ကြံထူထောင်နိုင်ခဲ့တဲ့အတွက် ဆော်ဒီနဲ့ဆက်ဆံရေးကို မိုဒီချီးကျူး
=======================
https://youtu.be/1EoD4EU8IpI?si=BIh-l-tipLmvr9W5

YouTube
သမိုင်းဝင်စီးပွားရေးစင်္ကြံထူထောင်နိုင်ခဲ့တဲ့အတွက် ဆော်ဒီနဲ့ဆက်ဆံရေးကို မိုဒီချီးကျူး
#Internationalnews
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
Subscribe…

👍2🔥1
မြန်မာတွင် စစ်ရာဇဝတ်မှုများ အရှိန်ပြင်းထန်လာဟု ကုလ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူများ ပြော
=======================
အရှိန်မြင့် ပြင်းထန်လာသည့် အကြမ်းဖက်မှုတို့အကြား မြန်မာပြည်သူများသည် အာဏာသိမ်းစစ်တပ် ကျူးလွန်သော ကြောက်မက်ဖွယ် ပြစ်မှုများ၏ သက်ရောက်မှုများကို အလွန်အမင်း ဆက်လက် ခံစားနေရသည်ဟု ကုလသမဂ္ဂ ခန့်အပ်ထားသည့် လွတ်လပ်သော လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူများက စက်တင်ဘာ ၁၁ ရက်တွင် လူ့အခွင့်အရေးကောင်စီကို ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
အရှိန်မြင့် ပြင်းထန်လာသည့် အကြမ်းဖက်မှုတို့အကြား မြန်မာပြည်သူများသည် အာဏာသိမ်းစစ်တပ် ကျူးလွန်သော ကြောက်မက်ဖွယ် ပြစ်မှုများ၏ သက်ရောက်မှုများကို အလွန်အမင်း ဆက်လက် ခံစားနေရသည်ဟု ကုလသမဂ္ဂ ခန့်အပ်ထားသည့် လွတ်လပ်သော လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူများက စက်တင်ဘာ ၁၁ ရက်တွင် လူ့အခွင့်အရေးကောင်စီကို ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥3
စက်တင်ဘာလ ၁၂ ရက်နေ့ ၊မနက်ပိုင်း ၁၁ နာရီထိနောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
====================
https://youtu.be/PJguNBYVC6c?si=oZb3lZtfwrPGW6l_

စက်တင်ဘာလ ၁၂ ရက်နေ့ ၊ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…

👍7🔥2😁1
ချေးငွေလုပ်ငန်းအမည်ဖြင့် ငွေကြေးလိမ်လည်နေသည့် မြစိမ်းရောင်ချေးငွေလုပ်ငန်း လူမှုကွန်ရက် စာမျက်နှာများ
===================
ZZ
(မဇ္ဈိမ)။ ။ မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီ အစဉ်သို့ သတင်းတုစစ်ဆေးရန် လာရောက်ပေးပို့သည့်အထဲတွင် လူမှုကွန်ရက်စာမျက်နှာများဖြစ်သော ချေးငွေလုပ်ငန်း၊ ငွေအတုအရောင်းအဝယ်၊ ဆိုင်ကယ်အရောင်းအဝယ် စသည့်ဖြင့် အင်တာနက်အသုံးပြု သူများထံမှ ပုံစံအမျိုးမျိုးဖြင့် လိမ်လည်နေသည့် အကြောင်းဖြစ်သည်။
ယခုဆောင်းပါးတွင် လာရောက်မေးမြန်းမှုများအနက်မှတခုဖြစ်သည့် မြစိမ်းရောင်ငွေချေးလုပ်ငန်း လူမှု ကွန်ရက်စာမျက်နှာအကြောင်းကို ဖော်ပြသွားမည် ဖြစ်သည်။
မဇ္ဈိမသို့ ပေးပို့မေးမြန်းထားသည့် လူမှုကွန်ရက်စာမျက်နှာမှာ “မြစိမ်းရောင် ချေးငွေလုပ်ငန်း (ချေးငွေထုပ် ပေးသည့်ရုံ)” ဖြစ်သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ၌စတင်အသုံးပြုခဲ့ပြီး “မြစိမ်းရောင် ချေးငွေလုပ်ငန်း” အမည်မတိုင်မီ လေးကြိမ်အမည်ပြောင်းလဲထားကာ စီမံခန့်ခွဲသူ(Adimn) ၁၁ ဦီးရှိပြီး အားလုံးမှာ မြန်မာ နိုင်ငံအတွင်းမှဖြစ်သည်။
အဆိုပါ လူမှုကွန်ရက်စာမျက်နှာမှာ ကြိုက်နှစ်သက်သူ ၁၀,၀၀၀ နှင့် စောင့်ကြည့်နေသူ ၁၃,၀၀၀ အထိ ရှိနေသည်။ ၎င်းတို့အကြောင်းဖော်ပြသည့်နေရာတွင် “စီးပွားဖြင့် ဘဝမြင့်တင်ပါ ယုံကြည်စိတ်ချဆုံး . မြစိမ်းရောင်.. ချေငွေလုပ်ငန်း. ” ဟု ရေးသားထားသည်။
ယင်းစာမျက်နှာတွင် ၎င်းတို့ပိုက်ဆံလာရောက်ချေးသူများဆိုပြီး ဘယ်နေ့တွင် ဘယ်သူ့ကိုတော့ ပိုက်ဆံ ဘယ်လောက် ပမာဏထုတ်ပေးလိုက်ပြီဟုရေးသားကာ လူအများ၏ အလှဓာတ်ပုံတစ်ပုံ၊ ၎င်းတို့၏ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းတို့အား တပါတည်းဖော်ပြထားသည်ကို တွေ့ရသည်။
အဆိုပါစာမျက်နှာ၌ ဖော်ပြထားသည့်ဖုန်းနံပါတ်အားဆက်သွယ်ကြည့်ခဲ့ရာတွင် ငွေချေးသူ၏ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းအပြင် အာမခံပေးမည့်သူ၏ မှတ်ပုံတင်လိုအပ်ပြီး ဝန်ဆောင်ခအနေဖြင့် အပြီးအစီး ၄၅,၀၀၀ ကျပ် ပေးရမည်ဖြစ်ကြောင်း ပြန်လည်ဖြေဆိုသည်။
ယခု ဆောင်းပါးရေးသားနေစဉ် ၎င်းတို့နောက်ဆုံးဖော်ပြထားသည့်ပိုစ့်၌ “ ချေးငွေထုပ်သူကိုသီဟဇင်. ပုသိမ်းမြို့မှချေးငွေအား မထုပ်ကြောင်းအတုအလင်ကြော်ညှာပါတယ်” (မူရင်းအရေးအသားအတိုင်း)ဟု ဖော်ပြထားသည်။ စာအရေးအသား၊ အဖြတ်အတောက်၊ စာလုံးပေါင်းများလည်း မှားယွင်းနေသလို မည် သည့်အကြောင်းကြောင့် ထိုသို့ကြေညာသည်ကိုလည်း မဖော်ပြပေ။
အဆိုပါ လူမှုကွန်ရက်စာမျက်နှာတွင် စစ်ကောင်စီလက်အောက်ခံမီဒီယာဖြစ်သည့် MRTV မှ မြစိမ်းရောင် ကျေးရွာစီမံကိန်းအကြောင်းဖော်ပြထားသည့် ရုပ်သံဖိုင်ပေါ်တွင် ၎င်းတို့၏ဖုန်းနံပါတ်ကို ထည့်သွင်းဖော် ပြထားသည်။ အခြား မြစိမ်းရောင်ချေးငွေလုပ်ငန်း စာမျက်နှာလေးခုနှင့် “SME ချေးငွေလုပ်ငန်း” တို့တွင် လည်း ဆက်သွယ်ရန်အတွက် ထိုဖုန်းနံပါတ်ကိုပင် ဖော်ပြသည်။
မဆိုင်းဂျာအမည်ဖြင့် ၎င်းတို့ငွေထုတ်ချေးထားသည်ဟု ကာယကံရှင်၏ပုံနှင့်အတူ အချက်အလက်များ ဖော်ပြထားသေးသည်။ ထိုအမည်ဖြင့်ပင် ၂၀၂၃ ခုနှစ်အတွင်း ငွေထုတ်ချေးထားကြောင်း ဖော်ပြခံရမှု ၁၀ ခုထက် မနည်းရှိနေသည်။ “SME Online ချေးငွေလုပ်ငန်း” ၊ “မြစိမ်းရောင် အွန်းလိုင်းချေးငွေ” ၊ “မြစိမ်း ရောင် ချေးငွေလုပ်ငန်း” ၊ “SME ချေးငွေလုပ်ငန်း” ၊ “ဆောနစ်စတား ချေးငွေလုပ်ငန်း” ၊ “SME တရားဝင် လိုင်စင်ရ Online ချေးငွေလုပ်ငန်း” ၊ “ SME.online ချေးငွေလုပ်ငန်း” စသည့် စာမျက်နှာများ၌ ဖော်ပြ ထားခြင်းဖြစ်သည်။ ထိုဖော်ပြမှုများတွင် ရက်စွဲနှင့် ငွေပမာဏမှလွဲ၍ စာအရေးအသားနှင့် ကာတွန်းပုံ (emoji) များမှာလည်း အတူတူပင်ဖြစ်သည်။
အလားတူပင် မသိမ့်သိမ့်သူအမည်ဖြင့် မှတ်ပုံတင်နှင့်တကွဖော်ပြမှု အခု ၂၀ ကျော်ရှိနေသည်။ အခြား အမည်များဖြစ်သော မငုဝါဝါထွန်း၊ မအိအိဝင်း၊ မစိုးမြတ်သူဇာ၊ မဖြူဖြူသက် စသည်ဖြင့် ငွေထုတ်ချေး ထားသည်ဟုဆိုကာ ဖော်ပြမှုများစွာရှိနေသည်။
လူတဦးတည်း၏ပုံဖြင့် ပေ့ချ်များစွာမှ ငွေထုတ်ချေးထားကြောင်း အကြိမ်ကြိမ်ဖော်ပြထားခြင်းဖြစ်သည်။ ထိုသို့ဖော်ပြမှုတွင် အများစုသည် အမျိုးသမီးများဖြစ်ပြီး အမျိုးသားများကိုမူ ရံဖန်ရံခါမှ တွေ့ရသည်။
မဇ္ဈိမသို့ သတင်းပေးပို့လာရာတွင် “မြစိမ်းရောင်ငွေချေးလုပ်ငန်းမှ စာရွက်စာတမ်းဖိုး ၄၇၅၀၀/ နောက် ဘဏ်လွှဲရန် ကိုယ်စားလှယ်ခ ၁၅၀,၀၀၀ ၊ (kpay ထဲလွှဲရန်ပြောတော့ ၁၀၀,၀၀၀) နောက်တော့ wave account သို့လွှဲပြီးမှ (မူလရပြီ လွှဲလိုက်မည်ပြောပြီးမှ ၁၀၀,၀၀၀ လက်ခံရပြီးမှ)ထပ်ပြီး ရှေ့နေခ ၄၀၀,၀၀၀ အဆင့်ဆင့်တောင်းပါတယ်။ မယုံတော့ပါ။ ရုံးခန်းလာပေးမယ်ပြောတော့ မြဝတီမှာတဲ့” ဟု ငွေလိမ်ခံခဲ့ရမှုကို ပြောပြထားသည်။
မဇ္ဈိမက ထိုကဲ့သို့ ငွေလိမ်သည့် လူမှုကွန်ရက်စာမျက်နှာများအကြောင်း အစဉ်တစိုက် ဖော်ပြခဲ့ပြီးဖြစ် သည်။ ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် “အွန်လိုင်းကတဆင့် ငွေကြေးလိမ်လည်သူများအကြောင်း တစေ့ တစောင်း” ဟု ငွေလိမ်လည်မှုများအကြောင်းကို ဖော်ထုတ်ခဲ့ပြီးဖြစ်သည်။ ယခု ၂၀၂၃ ခုနှစ် ဩဂုတ်လ အထိလည်း ထိုသို့ ငွေလိမ်နေသည့် စာမျက်နှာများ ရှိနေဆဲပင်။

👍9❤1🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
ဗီယက်နမ်မှာ အမေရိကန်နည်းပညာကုမ္ပဏီတွေ ရင်းနှီးမြှပ်နှံဖို့ ဘိုင်ဒင်ဦးဆောင်ဆွေးနွေး
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

👍10🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
ပူတင်နဲ့ တွေ့ဆုံဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ရုရှားသို့ သွားရောက်
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Putin #Russia

🤮5❤4
ရေနံရောင်းဝယ်ရေးမှာ နှစ်နိုင်ငံသုံး ငွေကြေးဖြင့် တိုက်ရိုက်ပေးချေဖို့ လက်မှတ်ရေးထိုးသွားမယ်လို့ဆို
=========================
https://youtu.be/_zdLNWP85nA?si=OOIJ_dLNSugV00N0

မြန်မာနဲ့ ရုရှား ရေနံရောင်းဝယ်ရေးမှာ နှစ်နိုင်ငံသုံး ငွေကြေးဖြင့် တိုက်ရိုက်ပေးချေဖို့ သဘောတူလက်မှတ်ရေးထိုးသွားမယ်လို့ဆို
မြန်မာနဲ့ ရုရှားနိုင်ငံအကြား ရေနံရောင်းဝယ်ရေးကိစ္စတွေမှာ မြန်မာကျပ်ငွေ၊ ရုရှားရူဘယ်ငွေတို့နဲ့ တိုက်ရိုက်ပေးချေနိုင်အောင် မကြာခင် နှ…

😁10❤4👍1
စစ်ရာဇဝတ်မှုများပိုမိုကျူးလွန်လာနေတဲ့မြန်မာစစ်တပ်ကို ပူးပေါင်းဖော်ထုတ်ကြဖို့ နိုင်ငံတကာကိုတိုက်တွန်း
===================
မြန်မာစစ်တပ်ကျူးလွန်ခဲ့တဲ့ အထောက်အထားတွေကို အောင်အောင်မြင်မြင်စုဆောင်းနိုင်ဖို့ ကုလသမဂ္ဂနဲ့နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ရီတာ ဖရန့်ချ် (Rita French ) က တိုက်တွန်းပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်းမှာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု အကြိမ်ရေနဲ့ပြင်းထန်မှုတွေ ပိုမြင့်တက်လာနေတာကို မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား IIMM ရဲ့ ငါးကြိမ်မြောက်နှစ်ပတ်လည်အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၅၄ ကြိမ်မြောက် အစည်းအဝေးအတွင်း IIMMရဲ့ အစီရင်ခံစာကို အကြီးအကဲ Nicholas Koumjian ကိုယ်တိုင် စက်တင်ဘာ ၁၁ ရက်နေ့က တင်သွင်းခဲ့တာဖြစ်ပါတယ်။
အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းက တိုက်ခိုက်တာ၊ ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်နေတဲ့ မြန်မာစစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်တဲ့ ကျူးလွန်မှုတွေကို IIMM ရဲ့ နောက်ဆုံးအစီရင်ခံစာထဲမှာ ထင်ထင်ရှားရှားမြင်ရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း ပြင်းထန်တဲ့လေကြောင်းဗုံးကြဲမှုတွေနဲ့ အရပ်သားတွေပါမရှောင် ပစ်ခတ်မှုတွေ ပိုတွေ့လာရပြီး ဒီတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့အရပ်သားတွေ သေဆုံးခဲ့ရပါတယ်။
ဖမ်းဆီးမိတဲ့တိုက်ခိုက်ရေးသမားတွေနဲ့ အရပ်သားတွေကို ကွပ်မျက်သတ်ဖြတ်တာ၊ နေအိမ်နဲ့ရွာတွေကို ရည်ရွယ်ချက်ရှိရှိ မီးရှိုာတာတွေ ပိုတိုးလာပါတယ်။
တရားဥပဒေမဲ့ဖမ်းဆီးမှုတွေလည်း တိုးလာပြီး အကျဉ်းသားတွေကို ညှင်းပမ်းနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာစော်ကားတာနဲ့ အခြားဆိုးဆိုးဝါးဝါးကျူးလွန်မှုတွေလုပ်တဲ့ ခိုင်မာတဲ့အထောက်အထားတွေ စုဆောင်းရရှိထားပါတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကျူးလွန်သူတွေ ပြစ်ဒဏ်က ကင်းလွတ်နေမှုကို အဆုံးသတ်ဖို့အတွက် တာဝန်ခံမှုသည်သာ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့လည်း ဗြိတိန်လူ့အခွင့်အရေးသံတမန် မစ္စ ရီတာ ဖရန့်ချ်က ပြောသွားပါတယ်။
IIMM ကို မူလအားဖြင့် ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇတ်ဝတ်မှုတွေနဲ့ပတ်သက်လို့ အချက်အလက်စုဆောင်းဖို့ ဖွဲ့စည်းခဲ့တာပါ။
ဒါပေမယ့် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကိုပါ အချက်အလက်စုဆောင်းခဲ့ပါတယ်။
မြန်မာစစ်ကောင်စီကတော့ IIMM ဖွဲ့စည်းမှုကို လက်မခံသလို IIMM အနေနဲ့ မြန်မာနိုင်ငံတွင်းဝင်ရောက်ခွင့်ပေးဖို့နဲ့ အချက်အလက်တွေမျှဝေဖို့ တောင်းဆိုမှုတွေကိုလည်း လစ်လျူပြုခဲ့တယ်လို့ IIMM အကြီးအကဲက ပြောပါတယ်။
အခု ရရှိတဲ့အထောက်အထားတွေဟာ သိမ်းဆည်းထားဖို့သက်သက်မဟုတ်ဘဲ တရားရုံး၊ ခုံရုံးတွေမှာပါ အသုံးပြုဖို့ ရည်ရွယ်ထားတာလို့လည်း ပြောပါတယ်။
လက်ရှိအားဖြင့် ရိုဟင်ဂျာအမှုတွေကို စစ်နေတဲ့ ICJ နိုင်ငံတကာတရားရုံး၊ ICC နိုင်ငံတကာရာဇဝတ်ခုံရုံးနဲ့ အာဂျင်တီးနားတရားရုံးတွေကို အချက်အလက်တွေ မျှဝေထားတယ်လို့ ပြောပါတယ်။
ဗြိတိန်နိုင်ငံအနေနဲ့တော့ IIMM ကို ပေါင်စတာလင် ငါးသိန်း ပံ့ပိုးထားပြီးဖြစ်ကြောင်းနဲ့ Myanmar Witness Programme ကို တည်ထောင်ထားတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့ IIMM ရဲ့ လုပ်ငန်းတွေ အောင်မြင်အောင် ဝိုင်းဝန်းကူညီဖို့လည်း ဗြိတိန်နိုင်ငံက တိုက်တွန်းထားပါတယ်။
https://youtu.be/R0WZQvbLEwc?si=4009171Z3RU-U897
#politicalnews
#mizzima

ပြီ…
ပြီ…
👍10😁2🍌1
This media is not supported in your browser
VIEW IN TELEGRAM
သမိုင်းဝင်စီးပွားရေးစင်္ကြံထူထောင်နိုင်ခဲ့တဲ့အတွက် ဆော်ဒီနဲ့ဆက်ဆံရေးကို မိုဒီချီးကျူး
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍4🔥1
ICJ ရောက် မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ဂမ်ဘီယာနိုင်ငံဘက်မှ ပြင်သစ် ရပ်တည်
=========================
အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်တဲ့ မြန်မာစစ်တပ်ကို တရားစွဲဆိုထားမှုမှာ တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ပြင်သစ်နိုင်ငံက ပါဝင်ရပ်တည်မှာဖြစ်ကြောင်း ပြင်သစ် သမ္မတ အီမင်န်နျူရယ် မက်ခရွန် (Emmanuel Macron) က ကြေညာလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိစဉ် ပြင်သစ်သမ္မတ Emmanuel Macron က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasinaနဲ့ တွေ့ဆုံအပြီး အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
တရားမျှတမှုနဲ့ တာဝန်ခံမှုရှိစေရေးအတွက် နိုင်ငံတကာရဲ့ အားထုတ်မှုတွေကို ထောက်ခံတဲ့အနေနဲ့ နိုင်ငံတကာတရားရုံးရောက် ဂမ်ဘီယာနဲ့ မြန်မာ နိုင်ငံအမှုမှာ အခြားမိတ်ဖက်နိုင်ငံတွေနဲ့အတူ ပြင်သစ်ကလည်း ဝင်ရောက် ဆောင်ရွက်မယ်လို့ ကြေညာလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဆိုပါတယ်။
အခြေအနေကိုဆက်လက်ထိန်းထားပြီး ရိုဟင်ဂျာတွေနေရပ်ပြန်ရေးကိစ္စက နိုင်ငံတကာလုပ်ငန်းစဉ်တွေမှာ ဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဆက်လက် ပါဝင်နေအောင်လုပ်ဖို့လည်း နှစ်နိုင်ငံလုံးက ကတိကဝတ်ပြုလိုက်ကြတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်အပေါ် နိုင်ငံတကာတရားရုံးက အမှုကို ကြားနာစစ်ဆေးလျက်ရှိနေပြီး မြန်မာစစ်တပ်က ရိုဟင်ဂျာမွတ်စလင် သန်းချီကို ရွှေ့ပြောင်းစေခဲ့ပြီး အကြမ်းဖက်သတ်ဖြတ်မှုများကို ၂၀၁၇ ခုနှစ် သြဂုတ်လက ရက်စက်ကြမ်းကြုတ်စွာ ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ခဲ့ကြတာဖြစ်ပါတယ်။
ဆက်လက်ဖြစ်ပွားနေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူမျိုးသုဉ်းသုတ်သင်မှုတွေကို ကုလသမဂ္ဂက ရှုတ်ချရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မိတ်ဖက်များနဲ့အတူ ပြင်သစ်နိုင်ငံမှ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြင်သစ်သမ္မတက ပြောကြားထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများရှိ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရဲ့ လှုပ်ရှားမှုများအတွက် ယူရို ၁ သန်း (ဒေါ်လာ ၁.၀၇ သန်း) လှူဒါန်းကြောင်း ပြင်သစ်က ကြေညာထားပါတယ်။
ပြင်သစ်သမ္မတက မြန်မာစစ်တပ်အနေဖြင့် ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်ကြောင်း ၂၀၁၇ ခုနှစ်တွင် ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။
မိမိသဘောအလျောက်၊ လုံခြုံစိတ်ချ၊ ဂုဏ်သိက္ခာရှိရှိနဲ့ တာရှည်တည်တံ့တဲ့ အိမ်အပြန်ခရီးဖြစ်အောင် မြန်မာနိုင်ငံအတွင်း အခြေအနေတွေဖန်တီးဖို့လိုအပ်တာကိုလည်း နှစ်နိုင်ငံလုံးက ထပ်မံ ပြောလိုက်ကြပါတယ်။
ပြင်သစ်သမ္မတဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှစ်ရက်ကြာခရီးရောက်နေခဲ့တဲ့ ဒီခရီးဟာ ပြီးခဲ့တဲ့ ၃၃ နှစ်အတွင်း ပြင်သစ်သမ္မတ တယောက်ရဲ့ ပထမဆုံးဘင်္ဂလားဒေ့ရှ်ခရီးလည်း ဖြစ်ပါတယ်။
https://youtu.be/VqM8I-OVuhc?si=FJXHIG3gWmglIr7o
#politicalnews
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်တဲ့ မြန်မာစစ်တပ်ကို တရားစွဲဆိုထားမှုမှာ တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ပြင်သစ်နိုင်ငံက ပါဝင်ရပ်တည်မှာဖြစ်ကြောင်း ပြင်သစ် သမ္မတ အီမင်န်နျူရယ် မက်ခရွန် (Emmanuel Macron) က ကြေညာလိုက်ပါတယ်။…
👍13❤1🤮1
This media is not supported in your browser
VIEW IN TELEGRAM
ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ တရုတ်နိုင်ငံကို ကမ္ဘောဒီးယားဝန်ကြီးချုပ် သွားရောက်
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #China #Cambodia

❤3👍2😁1🤔1
စက်တင်ဘာလ (၁၂)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=========================
01:04 − ICJ ရောက် မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ဂမ်ဘီယာနိုင်ငံဘက်ကနေ ပြင်သစ် ရပ်တည်လိုက်တဲ့သတင်း
03:31 − မုံရွာထောင်တွင်း အစာငတ်ခံဆန္ဒပြ နိုင်/ကျဉ်း အယောက် ၅၀ ရှိလာပြီး ကိုဝေမိုးနိုင်ပါဝင်လာကာ မူးလဲသူ၃ဦး ဆေးကုသခွင့်မရတဲ့သတင်း
05:12 − တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းမယ်လို့ NUG ပြောတဲ့သတင်း နဲ့
07:14 − ခင်ဦးမှာ စစ်ကောင်စီက ၂နှစ်ကျော်အတွင်း နေအိမ် ၆,၀၀၀ကျော်မီးရှို့ ဖျက်ဆီး တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။
https://youtu.be/Mp28sMRak2M?si=e0-bZzGbzAr--dix
#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=========================
01:04 − ICJ ရောက် မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ဂမ်ဘီယာနိုင်ငံဘက်ကနေ ပြင်သစ် ရပ်တည်လိုက်တဲ့သတင်း
03:31 − မုံရွာထောင်တွင်း အစာငတ်ခံဆန္ဒပြ နိုင်/ကျဉ်း အယောက် ၅၀ ရှိလာပြီး ကိုဝေမိုးနိုင်ပါဝင်လာကာ မူးလဲသူ၃ဦး ဆေးကုသခွင့်မရတဲ့သတင်း
05:12 − တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းမယ်လို့ NUG ပြောတဲ့သတင်း နဲ့
07:14 − ခင်ဦးမှာ စစ်ကောင်စီက ၂နှစ်ကျော်အတွင်း နေအိမ် ၆,၀၀၀ကျော်မီးရှို့ ဖျက်ဆီး တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။
https://youtu.be/Mp28sMRak2M?si=e0-bZzGbzAr--dix
#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
စက်တင်ဘာလ (၁၂)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
01:04 − ICJ ရောက် မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ဂမ်ဘီယာနိုင်ငံဘက်ကနေ ပြင်သစ် ရပ်တည်လိုက်တဲ့သတင်း
03:31 − မုံရွာထောင်တွင်း အစာငတ်ခံဆန္ဒပြ နိုင်/ကျဉ်း အယောက် ၅၀ ရှိလာပြီး ကိုဝေမိုးနိုင်ပါဝင်လာကာ မူးလဲသူ၃ဦး ဆေးကုသခွင့်မရတဲ့သတင်း
05:12 − တရားဥပဒေ …

👍10🍌1
12.9.2023 (Tuesday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
==================
Highlight
အမှန်တရားအတွက် ပြိုင်ဆိုင်မှုများ (ညနေ - ၆ နာရီ)
ရင်ခုန်သံထပ်တူ (ညနေ- ၇ နာရီ)
Korea Movie - The Battleship Island ( ည- ၁၀ နာရီခွဲ)
Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

👍4🤮1
Media is too big
VIEW IN TELEGRAM
စစ်ရာဇဝတ်မှုများပိုမိုကျူးလွန်လာနေတဲ့မြန်မာစစ်တပ်ကို ပူးပေါင်းဖော်ထုတ်ကြဖို့ နိုင်ငံတကာကိုတိုက်တွန်း
Watch more detail - https://youtu.be/R0WZQvbLEwc
#reels
#shorts
#politicalnews
Watch more detail - https://youtu.be/R0WZQvbLEwc
#reels
#shorts
#politicalnews
👍7🤮2
လူတွေပြောင်း၊ မူတွေပြောင်းပြီး စစ်ကောင်စီ ဘယ်ကိုခြေလှမ်းနေသလဲ
=======================
ကာ/လုံမှာ အာဏာသိမ်းသက်တမ်း လေးကြိမ်မြောက်ထပ်တိုးပြီးနောက် စစ်ခေါင်းဆောင်ဟာ သူယုံကြည်ရမယ်လို့ ထင်တဲ့သူတွေနဲ့ စစ်ကောင်စီကို ပြန်လည်ဖွဲ့စည်းခဲ့သလို စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်အတော်များများကိုလည်း အပြောင်းအလဲပြုလုပ်ခဲ့တာတွေ့ရပါတယ်။ နောက်ပြီး စစ်ကောင်စီဟာ သူတို့ရဲ့ ရှေ့လုပ်ငန်းစဉ် ငါးရပ်နဲ့ ဦးတည် ချက် ၁၂ ရပ်ထဲက မူဝါဒတချို့ကိုလည်း အပြောင်းအလဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် အရင်က ရှေ့လုပ် ငန်းစဉ်ငါးရပ်ထဲက နံပါတ် ငါး နေရာရှိနေတဲ့ ရွေးကောက်ပွဲကျင်းပရေးဆိုတာကို ဦးစားပေးနံပါတ်(၁)အဖြစ်ပြောင်း လဲခဲ့သလို ဦးတည်ချက် ၁၂ ရပ်ကလည်း ကိုးရပ်ပဲရှိတော့တာ တွေ့ရပါတယ်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
ကာ/လုံမှာ အာဏာသိမ်းသက်တမ်း လေးကြိမ်မြောက်ထပ်တိုးပြီးနောက် စစ်ခေါင်းဆောင်ဟာ သူယုံကြည်ရမယ်လို့ ထင်တဲ့သူတွေနဲ့ စစ်ကောင်စီကို ပြန်လည်ဖွဲ့စည်းခဲ့သလို စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်အတော်များများကိုလည်း အပြောင်းအလဲပြုလုပ်ခဲ့တာတွေ့ရပါတယ်။ နောက်ပြီး စစ်ကောင်စီဟာ သူတို့ရဲ့ ရှေ့လုပ်ငန်းစဉ် ငါးရပ်နဲ့ ဦးတည် ချက် ၁၂ ရပ်ထဲက မူဝါဒတချို့ကိုလည်း အပြောင်းအလဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် အရင်က ရှေ့လုပ် ငန်းစဉ်ငါးရပ်ထဲက နံပါတ် ငါး နေရာရှိနေတဲ့ ရွေးကောက်ပွဲကျင်းပရေးဆိုတာကို ဦးစားပေးနံပါတ်(၁)အဖြစ်ပြောင်း လဲခဲ့သလို ဦးတည်ချက် ၁၂ ရပ်ကလည်း ကိုးရပ်ပဲရှိတော့တာ တွေ့ရပါတယ်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
💩4🔥2🤮2👎1
Media is too big
VIEW IN TELEGRAM
ရေနံရောင်းဝယ်ရေးမှာ နှစ်နိုင်ငံသုံး ငွေကြေးဖြင့် တိုက်ရိုက်ပေးချေဖို့ လက်မှတ်ရေးထိုးသွားမယ်လို့ဆို
Watch more detail - https://youtu.be/_zdLNWP85nA
#reels
#shorts
#politicalnews
Watch more detail - https://youtu.be/_zdLNWP85nA
#reels
#shorts
#politicalnews
👍5😁2❤1
သုံးဆယ်မြို့တွင် အမျိုးသမီးအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ
==================
ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့၌ အမျိုးသမီးအုပ်ချုပ်ရေးမှူးတဦး ယမန်နေ့ စက်တင် ဘာလ ၁၁ ရက် ညနေ ၆ နာရီကျော်တွင် သေနတ်ဖြင့်ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများ ထံမှ သိရသည်။
ပစ်သတ်ခံရသူမှာ သုံးဆယ်မြို့၊ စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်သိမ့်သိမ့်လွင်ဖြစ်ပြီး စစ်ကောင်စီ တပ် ခြေမြန်တပ်ရင်း ခလရ(၃၅) စစ်တပ်ဘေးရှိ တပ်ရှောင်လမ်းပေါ်တွင်ပစ်ခတ်ခဲ့ရာ နေရာတွင်ပင် သေဆုံးသွားကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့ တာဝန်ရှိသူမှ မဇ္ဈိမကို ပြောသည်။
၎င်းသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက ပစ်သတ်ခံခဲ့ရသော စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း၏နေရာတွင် အစားဝင်ရောက်လာသူ ဖြစ်သည်။
“စစ်တပ်နဲ့ ပေ ၇၀ အကွာ စစ်တပ်ပတ်လမ်းမှာ ပစ်ခတ်ခဲ့တာပါ” ဟု သာယာဝတီ ဂဠုန်တပ်ဖွဲ့ တာဝန်ရှိ သူက ပြောသည်။
ဒေါ်သိမ့်သိမ့်လွင်သည် ၂၀၂၀ ရွေးကောက်ပွဲကာလက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ၏ ရပ်ကွက်အောင်နိုင်ရေး ခေါင်းဆောင်၊ မဲရုံကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
“သူက စစ်ကောင်စီရဲ့အာဏာသိမ်းမှုကို ထောက်ခံသူဖြစ်တယ်” ဟု သာယာဝတီဂဠုန်တပ်ဖွဲ့တာဝန်ရှိသူ က ပြောသည်။
သာယာဝတီဂဠုန်တပ်ဖွဲ့အနေဖြင့် အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားများ လည်ပတ်အောင် ထောက်ပံ့ကူညီနေသူများကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း ဆိုထားသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#သုံးဆယ်မြို့
#စံရွေးတန်း
#အုပ်ချုပ်ရေးမှူး
#Mizzima
ဓာတ်ပုံ- ပစ်သတ်ခံရသော အုပ်ချုပ်ရေးမှူး ဒေါ်သိမ့်သိမ့်လွင်

👍12❤4🔥1🥰1😢1