Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အင်္ဂလိပ်စာ သင်ခန်းစာ | VOA On Mizzima
=================

VOA အင်္ဂလိပ်စာသင်ခန်းစာ အစီအစဉ်မှာ အမေရိကန်အင်္ဂလိပ်စာ အသုံးအနှုန်းတွေကို လေ့လာ၊ လေ့ကျင့်နိုင်ပါတယ်။ မမြသဇင်အောင် ကူညီတင်ဆက်ပေးထားပါတယ်။

https://youtu.be/yfXsvxzVdXg?si=hqGU5iMohjRqGg7D

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤3🖕1
​​လွတ်လပ်တဲ့ သတင်းစာပညာဟာ မြန်မာနိုင်ငံမှာ ခြိမ်းခြောက်ခံနေရပါတယ် !

အမှန်တရားနဲ့ ဒီမိုကရေစီကို ရှာဖွေရာမှာ သတင်းထောက်တွေကဟာ ဆင်ဆာဖြတ်တောက်မှု၊ ဖမ်းဆီးမှုနဲ့ အသက်သေဆုံးမှုအန္တရာယ်တွေကိုတောင် ရင်ဆိုင်နေရပါတယ်။

သင့်ရဲ့လှူဒါန်းမှုက လွတ်လပ်သော သတင်းမီဒီယာတစ်ခု ရေရှည်တည်တံ့မှုကို အထောက်အပံ့ပေးရုံသာမက အများပြည်သူအတွက် သတင်းမှန်ကို ပြသပေးဖို့၊ အာဏာရှင်တွေရဲ့ တာဝန်ယူမှုကို သေချာစေဖို့နဲ့ ကျဥ်ဖယ်ခံထားရသူတွေရဲ့အသံတွေကို ယူဆောင်ပေးဖို့လည်း အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်။

ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ
https://bit.ly/2VhJ12U

For more information
https://donate.mizzima.com/mm

#supportmizzima
👍5😁3
​​မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကြိုးပမ်းမည်ဟု ထိုင်းဝန်ကြီးချုပ် ပြော
======================

ထိုင်းအစိုးရအနေဖြင့် လေးနှစ်သက်တမ်းအတွင်း နိုင်ငံတော်လုပ်ငန်းစဉ်သစ်တရပ်အဖြစ် အထူးသဖြင့် မက်သာဖက်တမင်း အပါအဝင် မူးယစ်ဆေးဝါးများကို နှိမ်နင်းတိုက်ဖျက်ရေး ကြိုးပမ်းမှုများ လုပ်ဆောင်သွားမည်ဟု ထိုင်းဝန်ကြီးချုပ်က ကတိပြုပြောဆိုသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁7👍3
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းအတွက် အရေးပါလာနိုင်တဲ့ တောင်ကိုရီးယား လက်နက်စက်ရုံများ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Ukraine #Southkorea
👍9🔥1
အာရှစီးပွားရေး | VOA On Mizzima
==============

ဒီတပတ် အာရှစီးပွားရေး ကဏ္ဍမှာတော့ ပြီးခဲ့တဲ့ လတွေထဲ ပြည်ပကုန်သွယ်ရေးရော ပြည်တွင်းဝယ်လိုအားပါ ကျဆင်းနေတဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ခန့်မှန်းထားသလောက် မဆိုးဝါးသေးတဲ့ အကြောင်းနဲ့ ပါကစ္စတန်နိုင်ငံရဲ့ စီးပွားရေးကျဆင်းမှုကြောင့် အထည်အလိပ် ရက်လုပ် တင်ပို့တဲ့ စက်ရုံတွေ အကျပ်အတည်း ရင်ဆိုင်နေရတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

https://youtu.be/4_x37lzOJz0?si=7v1ucP_REY7sfeeN

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥2❤1
​​18.9.2023 (Monday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
====================

Highlight

အမှန်တရားအတွက် ပြိုင်ဆိုင်မှုများ (ညနေ - ၆ နာရီ)
၃၀ အရွယ် ချစ်ဖတ်စာ (ည- ၇ နာရီ)
India Movie - Aashiqui 2 ( ည- ၈ နာရီ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
😁3❤1
စက်တင်ဘာလ (၁၈)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
==========================

- ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စစ်ရေးတင်းမာနေပြီး ဒေသခံ ၁၅,၀၀၀ ကျော် စစ်ဘေးရှောင်နေရ တဲ့ သတင်း

- ဧရာဝတီတိုင်းမှာ စားသောက်ဆိုင်တွေကို မြန်မာဘီယာရောင်းချဖို့ စစ်ကောင်စီ ဖိအားပေးတဲ့ သတင်း

- စစ်ကောင်စီတပ်က မိုးကုတ်တဝိုက် ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲပြီး ၃ ရက်မြောက် လေကြောင်း တိုက်ခိုက်မှုဖြစ်ပွားတဲ့ သတင်းနဲ့

- ထိုင်ဝမ်ကိုလက်နက်ရောင်းချမှုအတွက် အမေရိကန်ကာကွယ်ရေးကုမ္ပဏီနှစ်ခုကို ပိတ်ဆို့အရေးယူလိုက်ကြောင်း တရုတ်ပြော တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/Udd0Aw65cOA?si=2E_RxUxtJItiubgT

#12pmnews
#Mizzimanewshour
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🍌1
This media is not supported in your browser
VIEW IN TELEGRAM
ကာကွယ်ရေးဝန်ကြီးရဲ့ အခြေအနေကို သတိမထားမိကြောင်း တရုတ်နိုင်ငံခြားရေးဌာနပြော

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
😁8👍3
စစ်တပ်ထုတ်ကုန်တွေ ရောင်းချဖို့ စစ်ကောင်စီဖိအားပေး
=====================

မိုးသောက် (မဇ္ဈိမ)။ ။စစ်ကောင်စီကို ကျောထောက်နောက်ခံပြုပေးနေတဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ စစ်တပ်ထုတ်ကုန် တွေကို ရောင်းချတာ၊ ဝယ်ယူစားသုံးတာတွေ မလုပ်ဖို့အတွက် တော်လှန်ရေးအင်အားစုတွေက တိုက် တွန်းထားကြပါတယ်။

စစ်တပ်ထုတ်ကုန်တွေကို ဝယ်ယူအားပေးတာတွေမလုပ်ပဲ သပိတ်မှောက်ကြတာတွေလည်း ရှိလာတယ်။
လတ်တလောမှာတော့ ရန်ကုန်တိုင်း၊ လသာမြို့နယ်က စတိုးဆိုင်တချို့က ဆိုင်တာဝန်ခံတွေကို ခေါ်ယူ စစ်ဆေးတာတွေရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ အရပ်ဝတ်တွေက စတိုးဆိုင်တွေမှာ ဘီယာ၊ အရက်၊ ဆေးလိပ်နဲ့ Mytel ဖုန်းဆင်းကတ်တွေရောင်းချဖို့အတွက် ဖိအားပေးတာတွေရှိတယ်လို့ သိရပါတယ်။

စားသောက်ဆိုင်ပိုင်ရှင်တဦးက စစ်တပ်ထုတ်ကုန်ဘီယာတွေကို မရောင်းကြတော့တဲ့အပြင် အသုံး အဆောင်ပစ္စည်းတွေလည်း ဆိုင်မှာမတင်ကြတော့ဘူးလို့ ပြောပါတယ်။


တည်းဖြတ်/တင်ဆက်- မိုးသောက်

https://youtu.be/iLQcUJ45TCM?si=135CtZYT2zJS51Yh


-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍8🤮4😁2❤1🖕1
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှ ဓမ္မရာဇကစေတီ မိုးကြိုးခ
👍4😁1
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှ ဓမ္မရာဇကစေတီ မိုးကြိုးခ
====================

007
(မဇ္စျိမ)။ ။ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဓမ္မရာဇကစေတီ ယမန်နေ့ စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက မိုးကြိုးခပြီး ဖောင်းရစ်ပတ်လည်၌အက်ကွဲကြောင်းအချို့ဖြစ်ပေါ်ကာ အညိုအမဲစွဲသွား ကြောင်း ဒေသခံများထံမှ သိရသည်။

“အုတ်ကွာကျတာ၊ ပွင့်ထွက်တာမျိုးတော့ မဖြစ်ဘူး။ ခေါင်းလောင်းနဲ့ ဖောင်းရစ်ပတ်လည်မှာတော့ အက် ကြောင်းတွေဖြစ်ခဲ့တယ်။ အဲဒီ အက်ကြောင်းရာတဝိုက်မှာ အညိုအမဲစွဲသွားတယ်၊ ဒါလောက်ပါပဲ”ဟု ပုဂံမြို့ဟောင်းတွင်နေထိုင်သူ သတင်းရင်းမြစ်တဦးကပြောသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် မိုးသည်းထန်စွာရွာသွန်းနေစဉ် အဆိုပါ စေတီတစ်ဆူတည်း မိုးကြိုးပစ်(မိုးကြိုးခ)ခံရခြင်း ဖြစ်ကြောင်းသိရသည်။
မိုးကြိုးပစ်ခံခဲ့ရသော်လည်း ကြီးကြီးမားမားထိခိုက်မှုမရှိခဲ့ဘဲ အပေါ်ယံရွှေချထားသည့်အလွှာတွင်သာ လျှပ်စီးရိုက်ပြီး ညိုမဲသွားခြင်းဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာန၊ ပုဂံဌာနခွဲမှ သတင်း ထုတ်ပြန်ထားသည်။

အဆိုပါဘုရားတွင် ယခင်ကလည်း မိုးကြိုးလွှဲမရှိကြောင်း၊ ယခုမိုးကြိုးခသည့်ဖြစ်စဉ်တွင် ရှေးဟောင်း အဆောက်အအုံ ထိခိုက်မှုမရှိခဲ့ကြောင်း၊ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းအတွက် ဌာနအနေဖြင့်ဆောင်ရွက် သွားမည်မဟုတ်ဘဲ ဂေါပကအဖွဲ့က မူလအလှူရှင်ကိုဆက်သွယ်ကာ ရွှေပြန်ချမည်ဖြစ်ကြောင်း ဆိုသည်။

မန္တလေးတိုင်း ညောင်းဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ငါးမျက်နှာဘုရား ၁၇ ဆူအနက် အကြီးဆုံးဖြစ်ပြီး အမြင့်ပေ ၁၈၀ ရှိသည့် ဓမ္မရာဇကစေတီကို နရပတိစည်သူမင်းက ၁၁၉၆ ခုနှစ်တွင် တည်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။
ဓမ္မရာဇကစေတီကို ၁၉၉၆ ခုနှစ် မေလတွင် န၀တစစ်အစိုးရက စေတီတော်တဆူလုံးနီးပါးအား ဘက်စုံ ပြန်လည်ပြုပြင်မွမ်းမံမှုများပြုလုပ်ခဲ့သည်။

“စစ်ဗိုလ်ချုပ်တွေ ပြန်တည်ခဲ့တဲ့ဘုရားပေါ့။ ပုဂံမှာ ဟိုတလောကလည်း ဗူးဘုရား မိုးကြိုးခထားတယ်။ ပြန်ပြင်လို့တောင် ကောင်းကောင်းမပြီးသေးဘူး။ နောက်ပြီးတော့ ပုဂံဘုရားတော်တော်များများ ရေနစ်ခဲ့ သေးတယ်” ဟု ညောင်ဦးမြို့မှ ဒေသခံသတင်းရင်းမြစ်တဦးကလည်း ပြောသည်။

ပြီးခဲ့သည့်ဇွန်လ ၆ ရက်နေ့ညကလည်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ ပျူစောထီးမင်း၏ကောင်း မှုတော် ဗူးဘုရား၌ မိုးကြိုးလေးချက်ခခဲ့ပြီး စေတီတော်လုံးပတ်တွင် တလက်မခွဲအရွယ် အပေါက်ရာနှစ်ခု ဖြစ်ပေါ်ခြင်း၊ ဇကာကွက်ကဲ့သို့ အရာထင်ခြင်း၊ စိန်ဖူးတော်အောက်ခံ ကြာဖက်ပဲ့သွားခြင်း၊ ငှက်ပျောဖူး ကြာဖက်ထိပ်ပိုင်း ခြောက်လက်မခန့်ပဲ့သွားခြင်း၊ ထီးတော်ပတ်လည်တွင်ချိတ်ဆွဲထားသော ကြေးခေါင်း လောင်းများမဲသွားခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

ထို့ပြင် မေလအတွင်းကလည်း၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေစည်းခုံ၊ အာနန္ဒာ၊ ဓမ္မရံကြီး၊ စူဠာ မဏိ၊ ဓမ္မရာဇက၊ ဆင်ဖြူရှင်ကွန်းပလက်၊ ခေမင်္ဂဘုရား၊ သပိတ်မှောက်၊ ထီးလိုမင်းလို၊ လေးမျက်နှာ၊ ဆင် ပေါင်းအုတ်ကျောင်း၊ ပုဂံမျှော်၊ ရွာဟောင်းကြီး၊ ရွှေနန်းရင်တော စေတီတို့တွင် ရေ၀င်ရောက်မှုဖြစ်ပေါ်ခဲ့ပြီး ရှေးဟောင်းဘုရား/အဆောက်အအုံ ရှစ်ခုလည်း ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်း သာသနာရေးနှင့် ယဉ် ကျေးမှု၀န်ကြီးဌာန ပုဂံဌာနခွဲမှ သိရသည်။

ပုံစာ-မိုးကြိုးခခဲ့သည့်ဓမ္မရာဇကစေတီတော်(Photo : Department of Archaeology and National Museum)
စာတည်း။ ။စောဖေ

#ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ
#ဓမ္မရာဇကစေတီ
#မိုးကြိုးခ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁1
စက်တင်ဘာလ (၁၈)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================

01:00 − တရားမဝင်မူးယစ်ဆေး တင်ပို့ထုတ်လုပ်တဲ့ နိုင်ငံတွေစာရင်းထဲ မြန်မာကို အမေရိကန်ထည့်သွင်းတဲ့သတင်း

04:52 − မြန်မာ့အရေးကိစ္စ အာဆီယံရဲ့ နည်းလမ်းအတိုင်းသာဖြေရှင်းသင့်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ်ပြောတဲ့သတင်း

08:00 − ဦးကျော်မိုးထွန်း မြန်မာသံအမတ်အဖြစ် ဆက်လက်ပါဝင်နိုင်ရေး ကုလသမဂ္ဂရုံး‌ရှေ့မှာ မြန်မာနိုင်ငံသားတွေ လှုပ်ရှားမှုပြုလုပ်ကြတဲ့သတင်းနဲ့

11:45 − ယူကရိန်းအတွက်အရေးပါလာနိုင်တဲ့ တောင်ကိုရီးယားလက်နက်စက်ရုံတွေအကြောင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/7DVxAAz8VcM?si=psOSMFcbZ0xo9gZg

#2pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🍌1
မြန်မာ့အရေးကိစ္စ အာဆီယံရဲ့ နည်းလမ်းအတိုင်းသာဖြေရှင်းသင့်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ်ပြော
===================

မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေဟာ ပြည်တွင်းရေး ပြဿနာတွေ သာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ တရားရေး ဆိုင်ရာလမ်းကြောင်းတွေ နဲ့ အာဆီယံ အဖွဲ့ ရဲ့ နည်းလမ်းတွေ အတိုင်း သာဖြေရှင်းသင့်တယ်လို့ ထိုင်း ဒုတိယဝန်ကြီးချုပ်သစ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ပန်ပရီ ဖထိုင်ထနုကွန်း (Panpree Phathithanukorn ) က စက်တင်ဘာ ၁၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဘုံသဘောတူညီချက် (၅) နဲ့အညီ အာဆီယံကို ဗဟိုပြုပြီး မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး ဆက်လက် လုပ်ဆောင်နေတာကြောင့် အာဆီယံရဲ့ အခန်းကဏ္ဍကို မေ့မထားသင့်ကြောင်းနဲ့ ထိုင်းအစိုးရဟာလည်း အဲဒီ မူဝါဒအတိုင်း လိုက်နာ ဆောင်ရွက်နေကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ၊ ဒီမိုကရေစီဖြစ်စဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေ အားလုံးဟာ ပြည်တွင်းကိစ္စသာဖြစ်ပြီး မြန်မာတွေကသာ ဒီပြဿနာတွေကို ဖြေရှင်းရမှာဖြစ်ပြီး ထိုင်းနိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အဆင်ပြေလာစေဖို့ အာဆီယံနဲ့ ဆွေးနွေးမှုတွေမှာ ထိုင်းနိုင်ငံအနေနဲ့ ကြားဝင်စေ့စပ်ပေးမှာ ဖြစ် တယ်လို့ ပြောကြားခဲ့ပါတယ်။

မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးတာတွေ ရှိလာမလားဆိုတဲ့ မေးခွန်းကိုတော့ ဝန်ကြီးက လိုအပ်တဲ့အခါ ရှိလာနိုင်မှာဖြစ်ပေမဲ့ အာဆီယံနဲ့အရင်တိုင်ပင်မယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ လက်ရှိမြန်မာအစိုးရ (စစ်ကောင်စီအစိုးရ) နဲ့ မူးယစ်ဆေးဝါး နဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်မူခင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့ အတွက် တရားဝင်နဲ့ အလွတ်သဘောတွေ့ဆုံမှုတွေရှိတယ်လို့လည်း ထိုင်း ဒုဝန်ကြီးချုပ်သစ် ပန်ပရီ ကဆိုပါတယ်။

လက်ရှိမှာတော့ ထိုင်းထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ မြန်မာစစ်ကောင်စီတာဝန်ရှိသူတွေဟာ တရားမဝင်မူးယစ်မှောင်ခိုတိုက်ဖျက်ရေးနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးနေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဒွန်ပရာမွတ်ဝီနိုင်းဟာ မြန်မာစစ်ကောင်စီနဲ့ အလွတ်တန်းတွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့သလို နေပြည်တော်ကို တိတ်တဆိတ်လာရောက်သွားတဲ့ အဲဒီခရီးစဉ်မှာ ‌ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရခဲ့ပါတယ်။

ဒါကြောင့် သူဟာ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ ပထမဆုံးနိုင်ငံခြားထိပ်တန်းသံတမန်တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။

ဝေဖန်ကန့်ကွက်မှုတွေရှိနေတဲ့ အကြိမ် (၂၀) မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး ကိုလာတက်တဲ့ ထိုင်းလေတပ်ဦးစီးချုပ်ကိုလည်း စစ်ကောင်စီက ဂုဏ်ပြုတပ်ဖွဲ့နဲ့ပါကြိုဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင်လက်ခံတွေ့ဆုံခဲ့ပါတယ်။
နေပြည်တော်က ဒီအစည်းအဝေးကို လာတက်တဲ့ အာဆီယံ ငါးနိုင်ငံထဲမှာ ထိုင်းလေတပ်ဦးစီးချုပ်ကိုပဲ စစ်ကောင်စီက အရေးတယူပြုပြပြီး ကျန်တဲ့ လေးနိုင်ငံကတော့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နဲ့သာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

စစ်ကောင်စီ နဲ့ ထိုင်း ကြားမှာ အစိုးရချင်းရော စစ်တပ်အချင်းချင်းကြားမှပါ ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေပြီး ပိုခိုင်မြဲလာနေတယ် လို့ သုံးသပ်မှုတွေရှိနေပါတယ်။

https://youtu.be/9lzDf9ztn-E?si=dLh9KnriLHR9NAWP

#PoliticalNews
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤮16👍6❤3😁2👎1
Media is too big
VIEW IN TELEGRAM
မြန်မာ့အရေးကိစ္စ အာဆီယံရဲ့ နည်းလမ်းအတိုင်းသာဖြေရှင်းသင့်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ်ပြော

Watch more detail - https://youtu.be/9lzDf9ztn-E

#PoliticalNews
#reels
#shorts
#MizzimaTV
😁5👍1🔥1