Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကန်လွှတ်တော် တလတာ ဦးစားပေးလုပ်ငန်းများ | VOA On Mizzima
=====================

ပြီးခဲ့တဲ့ ဩဂုတ်လတလလုံး ရပ်နားထားတဲ့ အမေရိကန် လွှတ်တော် လုပ်ငန်းတွေကို စက်တင်ဘာလ အစကတည်းက ပြန်လည်စတင်နေပြီး ဦးစားပေးဆောင်ရွက်ရမယ့် တာဝန်တွေလည်း အတော်များများ ရှိနေပါတယ်။ ယူကရိန်းကို အကူအညီ ဆက်ပေးရေးကိစ္စ၊ သမ္မတ Joe Biden အပေါ် တရားစွဲနိုင်ခြေတွေ အပြင် ထိပ်ဆုံးက စိုးရိမ်နေကြတာကတော့ အောက်တိုဘာလ ၁ ရက်နေ့မှာ အမေရိကန် အစိုးရ လုပ်ငန်းတွေ ရပ်ဆိုင်းမသွားအောင် အစိုးရအသုံးစရိတ် ဆက်အတည်ပြုနိုင်ရေး ဖြစ်ပါတယ်။ VOA လွှတ်တော် ဆိုင်ရာ သတင်းထောက် Katherine Gypson ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။

https://youtu.be/P5-op8bst8k?si=TlY-zBKU7oRoRoqL

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥1👏1
ယမ်းငွေ့ကြားက ပညာရေး | VOA On Mizzima
=================

မြန်မာစစ်ကောင်စီတပ်ရဲ့ မတရားညှင်းပန်းဖိနှိပ်မှုတွေကို အမြဲခံစားကြရတဲ့ တိုင်းရင်းသားဒေသက လူငယ်တွေရဲ့ပညာရေးဟာ ရှေ့ဆက်လို့မရနိုင်လောက်တဲ့ အနေအထားတွေနဲ့ ကြုံတွေ့နေကြရပါတယ်။ ယမ်းငွေ့တွေ စစ်‌ရေးပဋိပက္ခရဲ့ ပေါက်ကွဲသံတွေကြားက စာသင်နေရတဲ့ အခက်အခဲက ဘယ်လောက်ရှိနေပါလဲ။ ကချင်ပြည် KIO ထိန်းချုပ်နယ်မြေထဲက မိုင်ဂျာယန်ကောလိပ်မှာ ပညာသင်ယူနေကြတဲ့ ကျောင်းသားလေးတွေနဲ့ ကျောင်းတာဝန်ရှိသူကို မခင်လေးက ဆက်သွယ်မေးမြန်းထားပါတယ်။

https://youtu.be/Q1bbCSKt548?si=na4VwTmXWLGh9tg9

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥1
စစ်အုပ်ချုပ်ရေးအောက်မှာ ၂၄ နာရီ မီးရဖို့ မျှော်လင့်မနေနဲ့
===================

၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက် တိုင်းပြည်ရဲ့ဆုတ်ယုတ်မှုဟာ တစ်နေ့တခြားဆိုးသထက်ဆိုးလာ နေတာဖြစ်ပါတယ်။ ဒီအထဲမှာ တိုင်းပြည်ရဲ့အခြေခံလိုအပ်ချက်ဖြစ်တဲ့လျှပ်စစ်ကဏ္ဍဟာလည်း ရှေ့ဆုံးကရှိနေခဲ့ ပါတယ်။ စစ်အာဏာသိမ်းချိန်ကခုခံတော်လှန်တဲ့ပြည်သူတွေကိုဒုက္ခပေးဖို့အတွက် မီးလိုက်ဖြတ်တဲ့အဆင့်ကနေ အခုတော့မိုးတွင်းမှာတောင် နာရီခြားပြီး အလှည့်ကျစနစ်နဲ့ မီးပေးနေရတဲ့ဘဝရောက်နေတာပါ။ တချို့မြို့နယ်တွေမှာဆိုရင် မီးလာချိန်အဖြစ်သတ်မှတ်ထားတဲ့အချိန်တွေမှာတောင် မီးမလင်းပဲဖြစ်နေတာပါ။

https://youtu.be/KeQgQhKX1-Y?si=84islrPmBWaXblyS

#politics
#Newsfeature
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍17🔥1😁1
မြေပြိုကျမှုဖြစ်စဉ် “ပုံပြရုပ်သံ” | VOA On Mizzima
====================

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းမှာ မိုးများတာ၊ မုန်တိုင်းတိုက်တာလို သဘာဝဘေးဒဏ်တွေ၊ ကျောက်တူးတာ၊ အဆောက်အဦးဆောက်လုပ်တာလို လူလုပ်အန္တရာယ်တွေကြောင့် မြေပြိုကျပြီး အသက်တွေ ဆုံးရှုံးတဲ့အထိ အန္တရာယ်ကြီးမားနိုင်ပါတယ်။ မြေပြိုကျတဲ့ ဖြစ်စဉ်အကြောင်း AFP ပုံပြရုပ်သံမှာ ရှုစားနိုင်ပါတယ်။

https://youtu.be/RTPs8nUqjKc?si=ofRZjkPV86U_fPlh

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥2
​​Mizzima needs your support!

Independent media is under threat in Myanmar. Journalists have been arrested, detained, and even killed for their work.
Donate now and stand with us!

https://bit.ly/2VhJ12U

For more information:
https://donate.mizzima.com/

#supportmizzima
👍8🤮1
စက်တင်ဘာလ ၁၉ ရက်နေ့ ၊မနက်ပိုင်း ၁၁ နာရီထိနောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊စားအုန်းဆီစျေး
===================

https://youtu.be/s3JjKFKAJHo?si=8ZoI0kK5XifWpS1g

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥1
တရုတ်အထူးသံတမန် တိန့်ရှီးကျွင်း နေပြည်တော်သို့ ရောက်ရှိလာ
===============

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းဟာ မြန်မာနိုင်ငံကိုရောက်ရှိနေပြီး စက်တင်ဘာလ ၁၈ ရက်နေ့မနက်ပိုင်းကတော့ နေပြည်တော်မှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ 

မြန်မာ - တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပိုမိုမြှင့်တင်ရန်အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့သလို ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်နဲ့ပတ်သက် ပြီးဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုတွေမှာ တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက်ကူညီဆောင်ရွက်ပေးသွားဖို့ ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် အာဆီယံနှင့်ကုလသမဂ္ဂတို့မှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေကိုလည်း ဆွေးနွေး အမြင်ဖလှယ်ခဲ့ကြတယ်လို့လည်း စစ်ကောင်စီ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းဟာ အာရှရေးရာအထူးကိုယ်စားလှယ် တာဝန်ကို ဆွန်ကော်ရှန် နေရာမှာ အစားထိုး ယူလိုက်သည့်အချိန်မှာပဲ ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့က ရောက်ရှိလာပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ကို တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အဲ့ဒီနောက် ၂၀၂၃ ခုနှစ်၊ မတ်လ ၆ ရက်နေ့မှာ ဒုတိယအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ပြီးခဲ့တဲ့ ဇူလိုင်လကတုန်းကလည်း မြန်မာနိုင်ငံကို ထပ်မံ ရောက်ရှိခဲ့ကာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

တတိယအကြိမ်ကတော့ စစ်ခေါင်းဆောင် အာဏာသက်တမ်းဆက်တိုးဖို့ပြင်နေတဲ့ အရေးပေါ်ကာလ သက်တမ်းကုန်ဆုံးခါနီးမှာပဲ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

အဲဒီတွေ့ဆုံချိန်မှာ မြန်မာထဲရှိနေတဲ့ အွန်လိုင်းအသုံးချလိမ်လည်မှုတွေ၊ လောင်းကစားမှုတွေနဲ့ ဆက်စပ်တဲ့ရာဇဝတ်မှုတွေဟာ မြန်မာနယ်စပ်မှာ ဆက်လက်ပျံ့နှံ့နေလို့ ဒီလုပ်ငန်းတွေကို အစွမ်းကုန်နှိမ်နင်းဖို့ နဲ့ ဥပဒေနဲ့ အညီအမြစ်ဖြတ် အရေးယူဖို့အထိ စစ်ကောင်စီက လုပ်ဖို့ ဖိအားပေး ဆွေးနွေးခဲ့တာပါ။

ဒါ့အပြင် တရုတ်နဲ့နယ်ချင်းစပ် နယ်စပ်တွေမှာအခြေချတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းတိုင်းရင်းသားအဖွဲ့တွေနဲ့လည်း မကြာမကြာ ထိစပ်တွေ့ဆုံနေသူတဦးလည်းဖြစ်ပါတယ်။

အခုရောက်ရှိလာတဲ့အချိန်ကလည်း ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာကိုယ်စားလှယ်ကိစ္စနဲ့ပတ်သက်လို့ မကြာခင် ထပ်မံဆုံးဖြတ်ရတော့မယ့်အချိန်မှာ တရုတ်အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို အခုလို ရောက်ရှိလာတာဖြစ်ပါတယ်။

ဒါ့ကြောင့် မစ္စတာတိန့်ရှီကျွင်း နဲ့ နေပြည်တော် သံတမန်လမ်းကြောင်းပေါက်နေတာ ၃ လခြားတခါ နဲ့ ခပ်စိပ်စိပ်ဖြစ်နေတယ်လို့ ပြောရမှာပါ။

အခု လာမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဒီ ကိုယ်စားလှယ်သစ်ခန့်အပ်မှုကိစ္စ ပြန်ပြီးဆွေးနွေးဖွယ်ရှိတာမို့ ဒေသတွင်းအင်အားကြီးဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ သဘောထားကလည်း အရေးပါလာပါတယ်။ 

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာစစ်ကောင်စီဖက်က အဆိုပြုတဲ့ ကုလသမဂ္ဂကိုယ်စားလှယ်ကို ကုလသမဂ္ဂကလက်မခံဘဲ ကိုယ်စားလှယ်သစ် ခန့်အပ်မှု ဆိုင်းငံ့ထားတာကြောင့် စစ်တပ်အာဏာသိမ်းမှုကို လက်မခံဘဲရွေးကောက်ပွဲအနိုင်ရ ဒေါ်အောင်ဆန်းစုကြည်ဦီးဆောင်တဲ့ အရပ်သားအစိုးရကိုပဲ ကိုယ်စားပြုတဲ့ဦးကျော်မိုးထွန်းကပဲ မြန်မာသံအမတ်ကြီးအဖြစ်ဆက်ရှိနေတာဖြစ်ပါတယ်။

https://youtu.be/k9IcGY6uqj0?si=uOoX6m81bk_xiEcA

#politicalnews
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤮12👍5❤1🔥1🖕1
စက်တင်ဘာလ (၁၉)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ် 
===============

−တရုတ်အထူးသံတမန် တိန့်ရှီးကျွင်း နေပြည်တော်ကို ရောက်ရှိလာတဲ့သတင်း

− အေလာလေတပ် တိုက်ခိုက်မှု စစ်ဆင်ရေးကို ဘယ်လိုဆောင်ရွက်ခဲ့သလဲ ဆိုတဲ့ကြောင်း

−မြောင်က ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ အကူအညီ လိုအပ်နေတဲ့သတင်းနဲ့

− စစ်ကောင်စီရဲ့ ညှင်းပန်းနှိပ်စက်မှုနှင့်အကြမ်းဖက်မှုကို အမျိုးသမီးနဲ့ LGBT တွေပိုရင်ဆိုင်နေရတဲ့အကြောင်းအပါအဝင် တခြား အရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/mLxZFUwgujU?si=MBiF6U-zDD2yuQuW

#12pmnews
#Mizzimanewshour
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🍌1
​​ရေးမြို့နယ် သတင်းတပ်ဖွဲ့တာဝန်ခံ ရေးဘီလူးအဖွဲ့မှပစ်ခတ်မှုကြောင့် သေဆုံး
================

ဂျူချန်း

(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ရေးမြို့နယ်သတင်းတပ်ဖွဲ့(SB)တာဝန်ခံ ရဲအုပ်မြင့်လွင်အား ရေးဘီလူးအဖွဲ့မှ ပစ် ခတ်ခဲ့ရာနေရာတွင် သေဆုံးခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

ရေးမြို့နယ်၊ အောင်သုခရပ်ကွက်တွင် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ရဲအုပ် မြင့်လွင် အိမ်စီးကားဖြင့်တဦးတည်းထွက်ခွာလာစဉ် ဦးခေါင်းကိုသေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ပြီး နေရာ တွင် သေဆုံးခဲ့ကြောင်း သိရသည်။

“စကခ(၁၉)လက်အောက်ခံ SB ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့အရာရှိကို ကျနော်တို့ ရှင်းလင်းလိုက် တာဗျ။ ရုံးကအထွက် လမ်းခုလတ်မှာ ကျနော်တို့ M4 အရှည်နှစ်လက်နဲ့စောင့်ပစ်တာပါ” ဟု ရေးဘီလူး အဖွဲ့ခေါင်းဆောင်က မဇ္ဈိမကိုပြောသည်။

ရဲအုပ်မြင့်လွင်အားပစ်ခတ်ရန် လိုအပ်သည့်အချက်အလက်များနှင့် မြို့တွင်း အဝင်အထွက်လမ်းများကို ကြိုတင်လေ့လာရန် အချိန်များစွာပေးခဲ့ရပြီး အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းဖြစ် ကြောင်း ရေးဘီလူးအဖွဲ့မှ ထုတ်ပြန်သည်။

ရေးမြို့အတွင်းသို့ M4 သေနတ်အရှည်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မွန်ပြည်နယ်အတွင်း၌ အရပ် ဝတ်ဖြင့်သွားလာနေသည့် စစ်ကောင်စီလက်တပ်ဖွဲ့ဝင်များကိုလည်း အချိန်မရွေး နေရာမရွေး ပစ်ခတ်နိုင် ကြောင်းလည်း ရေးဘီလူးအဖွဲ့မှ သတိပေးထားသည်။

“မွန်ပြည်နယ်ထဲမှာ အရပ်ဝတ်နဲ့သွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အကုန်လုံးကို အချိန်မရွေး နေရာ မရွေး ဘယ်လိုပုံစံမျိုးပဲဖြစ်ဖြစ် ကျနော်တို့ ဝင်ရောက်ရှင်းလင်းနိုင်တယ်ဆိုတာကို ပြည်သူတွေကို ချပြတာ ဖြစ်ပါတယ်” ဟု ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ထုတ်ပြန်ချက်ရုပ်သံ၌ ပြောထားဆိုသည်။

ရေးမြို့နယ်သည် စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေး ကြေညာထားသော်လည်း အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိဘဲ စစ်ကောင်စီထောက်တိုင်များ မကြာခဏပစ်ခတ်ခံရလေ့ရှိပြီး တပ်စခန်းများ၊ ကင်းစခန်းများနှင့် ဌာနဆိုင်ရာရုံးများလည်း မကြာခဏ တိုက်ခိုက်ခံနေရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့တွင် ရေးမြို့နယ်အခြေစိုက် ခလရ(၆၁) တပ်ရင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးဖြင့်သွားရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတဦးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်သုံးဦး သေဆုံးကာ ၃၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေါနစစ်ကြောင်းမှ စက်တင်ဘာလ ၉ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

အလားတူ စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း ရေးမြို့နယ်၊ ကျောင်းရွာအခြေစိုက် ခမရ (၅၈၃) နှင့် ခမရ (၅၉၁)တပ်စခန်းနှစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စက်တင်ဘာလအတွင်း ဒုတိယအကြိမ် လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒု ဗိုလ်တဦး၊ ဒုတပ်ကြပ် တဦး၊ ရဲဘော်တဦးနှင့် စစ်သား၏ဇနီးတဦး သေဆုံးခဲ့ကာ ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းအဖွဲ့မှ စက်တင်ဘာလ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စာတည်း။ ။စောဖေ

#မွန်ပြည်နယ်
#ရေးဘီလူးအဖွဲ့
#သတင်းတပ်ဖွဲ့တာဝန်ခံ

ဓါတ်ပုံ-ရေးဘီးလူးအဖွဲ့

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤17👍8🔥2👏1
Media is too big
VIEW IN TELEGRAM
ရှီကျင့်ဖျင်ကို အာဏာရှင်အဖြစ်ပြောဆိုခဲ့တဲ့ ဂျာမနီဝန်ကြီးရဲ့မှတ်ချက်အပေါ် တရုတ်ဒေါသတကြီးတုံ့ပြန်

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
😁9👍3👏1
​​စဥ့်ကူးတွင် အမျိုးသမီး ၂ ဦးအပါအဝင် စားသောက်ဆိုင်ပိုင်ရှင် ၄ ဦး အသတ်ခံရ
=====================

007
(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် ငွေတောင်ကျေးရွာတွင် အမျိုးသမီးနှစ်ဦးအပါအဝင် စားသောက် ဆိုင်ပိုင်ရှင် လေးဦးအသတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၂ နာရီခန့်တွင် စဥ့်ကူးမြို့နယ် ငွေတောင်ကျေးရွာမှ၊ မြနန်းဟေမန် စားသောက်ဆိုင်ပိုင်ရှင် ဦးသိန်းဇော်နှင့်ဇနီးဒေါ်သဲနုငယ်၊ ကုဋေစုစားသောက်ဆိုင်ပိုင်ရှင် ဦးခင်မောင်ချင်း နှင့်ဇနီးဒေါ်လွင်လွင်ဌေးတို့ကို ပျူစောထီးအဖွဲ့ဦးဆောင်သော လက်နက်ကိုင်များက သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

“အငြိုးနဲ့ဝင်သတ်သွားတာ။ ပျူစောထီးငနိုင်ရဲ့သား ပစ်ခတ်ခံရတဲ့ကိစ္စမှာ အဲဒီဆိုင်ရှင်တွေက PDF ကို သတင်းပေးလို့ဆိုပြီး လုပ်သွားတာ။ ကိုသိန်းဇော်ကို ဆိုင်ထဲတင်ပစ်သတ်ခဲ့ပြီး သူ့မိန်းမနဲ့ ဦးခင်မောင်ချင်း တို့လင်မယားကို ဖမ်းခေါ်သွားပြီး လမ်းဘေးမှာသတ်ခဲ့တာ။ ညသန်းခေါင်ကျော်အချိန်ကြီး ဝင်လုပ်သွား တာ” ဟု အမည်မဖော်လိုသူ ဒေသခံသတင်းရင်းမြစ်တဦးက ပြောသည်။

အခင်းဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသခံများ၏ပြောကြားချက်အရ သြဂုတ်လ ၂၅ ရက်နေ့က မြနန်းဟေမန် စားသောက်ဆိုင်တွင် စားသောက်နေသည့် ရေတော်ကျေးရွာမှ ပျူစောထီးခေါင်းဆောင်ငနိုင်၏သားဖြစ် သူအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါဖြစ်စဥ်အပေါ် ကျေနပ်မှုမရှိ သည့်ငနိုင်နှင့်အဖွဲ့က အဆိုပါဆိုင်နှစ်ဆိုင်သို့ရောက်ရှိလာပြီး မြနန်းဟေမန်ဆိုင်ပိုင်ရှင် ဦးသိန်းဇော်ကို ဆိုင်အတွင်း ပစ်သတ်ခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူနှင့် ကုဋေစုစားသောက်ဆိုင်ပိုင်ရှင်လင်မယားကို ဖမ်းဆီးခေါ် ဆောင်သွားပြီး၊ ညောင်ဝန်းကျေးရွာနှင့် ရွှေပြည်ကျေးရွာကြား မန္တလေး-မိုးကုတ်ကားလမ်းဘေးတွင်သတ် ဖြတ်ကာ အလောင်းများအား စွန့်ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ငနိုင်ရဲ့သား အပစ်ခံရတဲ့ကိစ္စမှာ သူတို့ကသတင်းပေးလို့ဆိုပြီးလုပ်သွားတာ။ တကယ်က အဲဒီမိသားစု တွေက ခပ်အေးအေးတွေရယ်။ ဆိုင်ကိုပါ ပြဿနာထဲဆွဲထည့်ချင်လို့ သက်သက်လုပ်သွားတာလို့ ယူဆ တယ်” ဟု အခြားဒေသခံတဦးကလည်း ပြောသည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် လက်နက်ကိုင် အဖွဲ့တစ်ခုက ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ဖော်ပြကြသည်။

စာတည်း။ ။စောဖေ

#မန္တလေးတိုင်း
# စဥ့်ကူးမြို့နယ်
#ပျူစောထီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬14👍4❤1😢1
This media is not supported in your browser
VIEW IN TELEGRAM
ပူတင်ကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြောင်းပြောဆိုပြီး ရုရှားခရီးစဉ်ကို ကင်ဂျုံအန်အဆုံးသတ်

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
😁8👍3
ဘယ်လာရုစ်မှာ မြန်မာစစ်ကောင်စီရဲ့ ကောင်စစ်ဝန်ချုပ်ရုံးဖွင့်
=====================

ရုရှားရဲ့ အိမ်နီးချင်းဖြစ်တဲ့ ဘယ်လာရုစ်နိုင်ငံမှာ မြန်မာစစ်ကောင်စီရဲ့ ကောင်စစ်ဝန်ချုပ်ရုံးကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က တိုးချဲ့ဖွင့်လှစ်လိုက်ကြောင်း နှစ်နိုင်ငံစလုံးက သတင်းထုတ်ပြန်ပါတယ်။

ရုရှားနိုင်ငံသို့ ရောက်ရှိနေတဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေဟာ ဘယ်လာရုစ်နိုင်ငံခြား ရေးဝန်ကြီးမစ္စတာဆာရေး အယ်လယဲနိခ်ရဲ့ ဖိတ်ကြားချက်အရ စက်တင်ဘာလ ၁၄ ရက်မှာ ဘယ်လာရုစ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီဝန်ကြီး ဦးသန်းဆွေဟာ ဘယ်လာရုစ်နိုင်ငံခရီးစဉ်အတွင်း မင့်စ်မြိုမှာ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအား တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရပါတယ်။

သုံးရက်တာ ခရီးစဉ်အတွင်း ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်အဟုန်မြှင့်မယ့်အကြောင်းအပါအဝင် နိုင်ငံတကာစာမျက်နှာစာမှာ အပြန်အလှန်ယုံကြည်နားလည်မှုနဲ့ နီးနီးကပ်ကပ်ပူးပေါင်းမယ့်အကြောင်းပါ ပြောဆိုခဲ့ကြပါတယ်။

မြန်မာနှင့်ဘယ်လာရုစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ သိပ္ပံနှင့်နည်း ပညာအစရှိတဲ့ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့မြှင့်တင်သွားရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

အမေရိကန်၊ ဗြိတိန်စတဲ့ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကိုခံနေရတဲ့ စစ်ကောင်စီအဖွဲ့ဟာ ရုရှားနဲ့ အိမ်နီးချင်းနိုင်ငံတွေဘက် သံတမန်ဆက်ဆံရေး ပိုတိုးမြှင့်နေပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်နဲ့ ဘယ်လာရုစ်နိုင်ငံဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်နီးပါးကတည်းက နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့ကြပြီး စစ်တပ်အတွက် လက်နက်ရောင်းချပေးနေတဲ့ နိုင်ငံအဖြစ် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေက ထောက်ပြထားကြပါတယ်။

ဘယ်လာရုစ်နိုင်ငံဟာ လက်ရှိဖြစ်ပွားနေတဲ့ ရုရှား - ယူကရိန်းစစ်ပွဲမှာ သူ့နိုင်ငံနယ်စပ်ကို ဖြတ်ပြီး ယူကရိန်းထဲကို ရုရှားတပ်တွေ ဝင်ရောက်ဖို့ ခွင့်ပြုခဲ့သလို ရုရှားရဲ့ နျူကလီယားလက်နက်တွေ သူ့ပိုင်နက်ထဲထားဖို့လည်း ခွင့်ပြုထားခဲ့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်ကတည်းက ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာ့စစ်အာဏာသိမ်းမှုကို ရှုတ်ချကြောင်း ဆုံးဖြတ်ချက်ချဖို့ မဲပေးချိန်မှာ ဘယ်လာရုစ်နိုင်ငံက ကန့်ကွက်မဲပေးခဲ့တာလည်းဖြစ်ပါတယ်။

ကုလသမဂ္ဂ မျက်နှာစာမှာ စစ်ကောင်စီဘက်ကနေ အဲဒီလိုရပ်တည်ပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ စစ်ကောင်စီဝန်ကြီး ဦးသန်းဆွေက သံရုံးဖွင့်ပွဲမှာ ပြောဆိုခဲ့ပါတယ်။

https://youtu.be/sjxYTvJlDKE?si=QmEnCq-Vthxn1xsI

#politicalnews
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤮13❤1👎1😁1🖕1
​​၂၀၂၃ နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် PRIO အဖွဲ့၏ ဆန်ခါတင်စာရင်းတွင် ဦးကျော်မိုးထွန်းနှင့် NUCC ပါဝင်
========================

နော်ဝေ အခြေစိုက် လွတ်လပ်သော သုတေသနအဖွဲ့တခုဖြစ်သည့် အော်စလို ငြိမ်းချမ်းရေး သုတေသန အင်စတီကျူ့ (PRIO) ညွှန်ကြားရေးမှူးက ထုတ်ပြန်သည့် ၂၀၂၃ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် ဆန်ခါတင် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း စာရင်းတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) တို့ ပါဝင်နေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13👏5❤3🤮2
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်ဝမ်ကျွန်းတစ်ဝိုက်မှာ တရုတ်စစ်လေယာဉ် ၁၀၃ စင်းပျံသန်းခဲ့ကြောင်းတွေ့ရှိရ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Taiwan #China
🤮8❤3👍2
မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီနဲ့ TNLA တိုက်ပွဲပြင်းထန်
===================

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အဓိကကျတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့အနီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ချဉ်းကပ်လာရာ စစ်ကောင်စီတပ်နဲ့ စက်တင်ဘာ ၁၇ ရက်နေ့က တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

TNLA ဘက်ကတော့ မိုးကုတ်မြို့နယ်နဲ့ မူဆယ်မြို့နယ်မှာ စက်တင်ဘာ ၁၇ရက် တစ်ရက်တည်း တိုက်ပွဲ သုံးနေရာဖြစ်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

မူဆယ်မြို့နယ်ထဲမှာဖြစ်တဲ့ တိုက်ပွဲဟာ စစ်ကောင်စီတပ်ဘက်က အင်အားဖြည့်တင်းချိန် ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်တပ်က ဟိုပေါ်ရွာ၊ နမ့်ကမ်ရွာနဲ့ လွယ်ပတ်ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့တစ်နေ့တည်းမှာပဲ မိုးကုတ်မြို့နယ်၊ ကုန်းစံရွာအနီးက တအာင်းတပ်ရှိရာကို စစ်တပ်က စစ်ကြောင်း ထိုးလာတာကြောင့် ကုန်းစံနဲ့ အထက်ညောင်ကုန်းရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က တိုက်ခိုက်ရေးတိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ကျောက်မဲ၊ မူဆယ်အပါအဝင် TNLA တပ်မဟာတွေ လှုပ်ရှားတဲ့နယ်မြေတွေမှာ ပြီးခဲ့တဲ့ သီတင်းပတ် ၃ ပတ်အတွင်း စစ်ကောင်စီတပ်နဲ့ဖြစ်ပွားတဲ့တိုက်ပွဲပေါင်း အကြိမ်ရေ ၄၀ ကျော် အထိရှိတယ်လို့လည်း TNLA ဘက်က ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ဒီအတောအတွင်း TNLA နဲ့ဖြစ်ပွားတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

စစ်ကောင်စီတပ်က TNLA စခန်းတွေကို ထိုးစစ်ဆင်ဖို့ ဝိန်းနန်းကျေးရွာအနီးမှ လမ်းကြောင်းတွေကို အသုံးပြုနေတာကြောင့် ယင်းနေရာဟာ နှစ်ဖက်တပ်များအတွက် အရေးပါတယ်လို့ ဒေသခံများက ဆိုကြပါတယ်။

စစ်ရေးတင်းမာနေတဲ့ မူဆယ်မြို့မှ ၁၀ မိုင်ကျော်အကွာ မူဆယ်-နမ့်ခမ်း လမ်းမကြီးဘေး စယ်လန့်ကျေးရွာအုပ်စုရှိ TNLA တပ်ဖွဲ့များ စခန်းချထားရာ လွယ်တေမှိုင်းတောင်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး စစ်ကြောင်းထိုးနေကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်နေတာကြာင့် စယ်လန့်ကျေးရွာအုပ်စု မန်ကန်ရွာနဲ့ မိုင်းဆတ်ရွာတို့မှ ဒေသခံတွေဟာ ကျေးရွာဘုန်းကြီးကျောင်းဝင်း အပါအဝင် လုံခြုံမယ်လို့ ယူဆရတဲ့ နေရာတွေမှာ တိမ်းရှောင်နေကြရပါတယ်။

ဩဂုတ် ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ TNLA တို့ စယ်လန့်ကျေးရွာအုပ်စုအနီး တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ဒေသခံထောင်ချီ မူဆယ်မြို့ပေါ်သို့ တစ်လကြာ တိမ်းရှောင်ခဲ့ရပါတယ်။

တိုက်ပွဲများဖြစ်နေပေမယ့်လည်း မူဆယ်မြို့မှာ ယခုလဆန်းက တရုတ်ဘက်မှ နယ်စပ်ဂိတ် ဖွင့်လိုက်တာကြောင့် နိုင်ငံအနှံ့မှ လူထောင်ချီဟာ တရုတ်နိုင်ငံအတွင်း အလုပ်လုပ်ဖို့ ရောက်ရှိနေကြတာဖြစ်ပါတယ်။

https://youtu.be/qALSZRhR7eU?si=31WUB6BPa_psY8i9

#politicalnews
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12❤2👏2🔥1
​​ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ဖေဖေါ်ဝါရီတွင် လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်နိုင်
=======================

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာသည် ဖေဖေါ်ဝါရီလကုန်ပိုင်းတွင် ကတိခံဝန်ချက်ဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရနိုင်ကြောင်း အကျဉ်းဦးစီးဌာန အကြီးတန်းအရာရှိတဦးက စက်တင်ဘာ ၁၈ ရက်တွင် ပြောသည်။ သက်ဆင်သည် ပြည်ပတွင် သွားရောက်တိမ်းရှောင်နေထိုင်ရာမှ နိုင်ငံသို့ ပြန်လာပြီးနောက် ၎င်းကို ထောင်ဒဏ် ရှစ်နှစ်မှ တနှစ်အထိ ထိုင်းဘုရင်က ပြစ်ဒဏ်လျှော့ပေါ့ခွင့် ပြုပေးခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁5