Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Afghan farmers harvest their crops with no guarantee of making ends meet
=====================

Afghan farmers harvest apples and grapes in the eastern province of Ghazni, with bittersweet feelings: the yield this year has been better than last year thanks to better weather, but a lot of their products are sold in Pakistan where a weaker currency translates in lesser gains for them. The farmers "are barely surviving", says farmer Nasrat Ahmadi. Afghanistan's economy, already battered by decades of war, has been mired in crisis after billions of dollars in international aid were cut following the Taliban goverment's takeover in August 2021.

https://youtu.be/YR4Nl1OmV2M?si=hbNeVuUXemv4ljcQ

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥3👍1
​​မယ်စဲ့တွင် ဖမ်းမိသည့် တပ်မိသားစုဝင်များကို DMO PDF ပြန်လွှတ်ပေး
====================

ဂျူချန်း
(မဇ္ဈိမ)။ ။ ထိုင်း- ကရင်နီ နယ်စပ်တွင် ဖြစ်ပွါးသည့် မယ်စဲ့တိုက်ပွဲကြောင့် ထွက်ပြေးလာစဉ် ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုဝင်များကို ပြန်လွှတ်ပေးလိုက်ပြီဟု ဒီးမော့ဆို PDF တာဝန်ရှိသူက မဇ္စျိမကို အတည်ပြုသည်။

မယ်စဲ့မြို့နယ် ရဲစခန်းမှ ရဲတပ်ကြပ်၊ ဒုတပ်ကြပ်နှင့် စစ်ကောင်စီတပ်သား မိသားစုဝင်များကို ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ သုံးလအကြာထိန်းသိမ်းခဲ့ပြီးနောက် ယမန်နေ့ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပြန်လည်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့တွင် မယ်စဲ့မြို့နယ် ရဲစခန်းအား ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ စတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြောင့် ရဲနှင့် စစ်သား မိသားစုဝင်များအပါအဝင် ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ထွက်ပြေးတိမ်းရှောင်ကြသည့် အထဲတွင် မယ်စဲ့ရဲစခန်းမှ တပ်ကြပ်ကြီး၏ ဇနီး၊ နှစ်နှစ်အရွယ်ကလေးငယ်၊ သားတဦးနှင့် သမီးသုံးဦး၊ ဒုတပ်ကြပ် ဇနီးတဦး၊ စစ်ကောင်စီတပ်သား ဇနီးနှင့် သား စုစုပေါင်း ကိုးဦးကို ဇွန်လ ၁၆ ရက်နေ့တွင် ဒီးမော့ဆိုPDF က ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

“တပ်ကြပ်ကြီးရဲ့ မိသားစုက ခြောက်ယောက်၊ သူ့ရဲ့ အငယ်ဆုံးကလေးက နှစ်နှစ်ပဲ ရှိသေးတယ်၊ နောက် ရိုးရိုးရဲဘော်တပ်သားရဲ့ အမျိုးသမီးနဲ့ နှစ်နှစ်သားလေးပါတယ်၊ အဲ့ဒီ တပ်သားကတော့ မယ့်တနွယ်တိုက်ပွဲမှာ ကျသွားတယ်ကြားတယ်၊ သေချာတော့ အတည်မပြုနိုင်ဘူးဗျ၊ ခု သူတို့ အမျိုးသားတွေအကုန်လုံးကတော့ တိုက်ပွဲမှာ ကျကုန်ပြီ” ဟု ဒီးမော့ဆို PDF ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမ ကိုပြောသည်။

ထိုရဲနှင့် စစ်သား မိသားစုဝင်များအား ဇွန်လ ၁၆ ရက်နေ့မှ စက်တင်ဘာလ ၁၇ ရက်နေ့အထိ လုံခြုံသည့် စခန်းတွင် ထိန်းသိမ်းထားခဲ့ပြီး ရိုက်နှက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းများ လုပ်ဆောင်ခဲ့ခြင်း လုံးဝမရှိကြောင်း ဒီးမော့ဆို PDF က ပြောသည်။
“သာမာန် အရပ်သားများနည်းတူ ကောင်းမွန်စွာ ဆက်ဆံခဲ့တယ်” ဟု ဒီးမော့ဆို PDF ကဆိုသည်။

“သူတို့ကတော့ ပြည်မက လူတွေ၊ တပ်ကြပ်ကြီးမိသားစုက ၁၀ နှစ်ကျော်ပြီ မယ်စဲ့ဘက်ကို ရောက်တာ၊ ခုတော့သူတို့သွားချင်တဲ့ နေရာလောက်ပဲ ပြန်ပို့ပေးလိုက်ပါတယ်” ဟု ဒီးမော့ဆို PDF ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမ ကို ပြောသည်။

လက်ရှိတွင် မယ်စဲ့မြို့နယ်ကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က စိုးမိုးထားပြီး စစ်ကောင်စီတပ်မှ ၎င်းတို့ပြန်လည် စိုးမိုးနိုင်ရေး ကြိုးပမ်းနေသည်။

ဩဂုတ်လဆန်းပိုင်းမှစတင်ကာ ဒီးမော့ဆိုမြို့နယ်မှ အင်အားအလုံးအရင်းဖြင့် အပြင်းအထန် စစ်ကြောင်းထိုးနေသဖြင့် လတ်တလောတွင် ဒီးမော့ဆို-ဖရူဆို လမ်းပိုင်း၌ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

မယ်စဲ့မြို့နှင့် ဖားဆောင်းမြို့များတွင် ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လ အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင်း ထိုင်း-ကရင်နီနယ်စပ်သို့ စစ်ဘေးရှောင် ၄,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အချို့မှာ နေရပ်ပြန်နေကြပြီဟု စစ်ရှောင်ကူညီနေသူများက ပြောသည်။

စာတည်း။ ။ နောင်နောင်

#မယ်စဲ့
#တပ်မိသားစုပြန်လွှတ်
#Mizzima

ပုံစာ-ဒုတပ်ကြပ်ဇနီး၊ တပ်ကြပ်ကြီးမိသားစု၊ စစ်ကောင်စီတပ်သား ဇနီးနှင့်သား (ဓါတ်ပုံ-ဒီးမော့ဆို PDF)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤1😁1
Media is too big
VIEW IN TELEGRAM
ဘယ်လာရုစ်မှာ မြန်မာစစ်ကောင်စီရဲ့ ကောင်စစ်ဝန်ချုပ်ရုံးဖွင့်

Watch more detail - https://youtu.be/sjxYTvJlDKE

#reels
#shorts
#politicalnews
🖕6❤1👍1😁1
သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုထောက်ခံသည့် ရွာပေါင်းစုံသပိတ်
❤11🔥1
သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုထောက်ခံသည့် ရွာပေါင်းစုံသပိတ်
=======================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်မှ ကျေးရွာများစုပေါင်း၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံသည့်ချီတက်ဆန္ဒပြပွဲကို စက်တင်ဘာလ ၁၉ရက် ယနေ့တွင် ပြုလုပ်ခဲ့ကြသည်။
" ငါတို့အမတ် ၊ ငါတို့အသံ" " Our Ambassador - Our Voice" ဆိုသည့် စာတမ်းကိုင်စွဲပြီး ကြွေးကြော်ချီတက်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂတွင် မြန်မာလူထုကို ကိုယ်စားပြုသည့် သံအမတ်ကြီးရှိနေခြင်းသည် နွေဦးတော်လှန်ရေး၏ ထူးခြားကောင်းမွန်သည့် အားသာချက်ကြီးဖြစ်ပြီး မြန်မာ့အရေးအား နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ဆက်လက်တင်ပြနိုင်ရန် လက်ရှိနေရာကို ဆက်လက်ရရှိနိုင်ရေးအတွက် အားလုံး ထောက်ခံပူးပေါင်းကြရန်လိုအပ်ကြောင်းသပိတ်ဦးဆောင်သူတဦးက တိုက်တွန်းသည်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် စက်တင်ဘာလ ၁၈ ရက်မှ စက်တင်ဘာလ ၂၆ ရက်နေ့ထိ ကျင်းပနေသည့် (၇၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၌ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီးအဖြစ်ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်ခြင်း ရှိ၊မရှိဆုံးဖြတ်ရန်ရှိနေသည်။ ထို့ကြောင့် ဦးကျော်မိုးထွန်းကို ထောက်ခံသည့်ချီတက်ဆန္ဒပြပွဲများကို ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများက ပြုလုပ်နေသည်။

ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် (၉၁၁) ရက်မြောက်ချီတက်ခြင်းဖြစ်သည်။

စာတည်း - အေးချမ်း

#mizzima
#ယင်းမာပင်
#ဆားလင်းကြီး
#ဦးကျော်မိုးထွန်း
#ရွာပေါင်းစုံသပိတ်

ပုံအညွှန်း - ရွာပေါင်းစုံသပိတ်မှ ယနေ့ ချီတက်နေစဥ် (ဓါတ်ပုံ - ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12❤4🤮1
​​ကောလင်းတွင် KTV ၌ သောက်စားပျော်ပါးနေသော စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ
=====================

ကိုခင်မောင်
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ ငပွေးလေးရပ်ကွက်ရှိ KTV တွင် သောက်စားပျော်ပါးနေသော စစ်ကောင်စီတပ်သားများအား တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မ တော်၊ ကောလင်းခရိုင်တပ်ရင်း(၁)- KLPDF မှ သိရသည်။

စက်တင်ဘာလ ၁၇ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ရွှေအိမ်မက် KTV တွင် စစ်ကောင်စီတပ်သား ၁၀ ဦးကျော် သောက်စားပျော်ပါးနေစဥ် မီတာ ၃၀ အကွာမှ အနီးကပ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု နှစ်နာရီခန့်ဖြစ်ပွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင်တပ်ရင်း(၁)မှ တာဝန်ရှိသူ တဦးက မဇ္စျိမသို့ပြောသည်။

“ငပွေးလေးရပ်ကွက်က ရွှေအိမ်မက် KTV ကို သူတို့သွားနေကျ။ တိုက်ခိုက်မှုကြောင့် နှစ်ဦးပွဲချင်းပြီး သေ တယ်၊ ဆေးရုံမှာငါးယောက်သေတာလို့ပြောတယ်။ ဆေးရုံအသိုင်းအဝိုင်းက သိရတာပါ။ စုစုပေါင်း ခုနစ်ဦး သေတာပေါ့ဗျာ။ သုံးပွင့်အရာရှိတဦးလည်း သေတဲ့အထဲပါတယ်လို့ ကြားရတယ်။ သူ့ရဲ့ နာမည်နဲ့ တပ်ရင်း ကို စုံစမ်းနေတုန်းပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင်တပ်ရင်း (၁)မှ တာဝန်ရှိသူက ဆိုသည်။

ရွှေအိမ်မက် KTV ရှိ စစ်ကောင်စီတပ်သားများအား တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင်တပ်ရင်း(၁)မှ ရဲဘော်တဦးလည်း ထိခိုက်ဒဏ်ရခဲ့ကြောင်း သိရသည်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများက ညလုံးပေါက် လက်နက်ကြီး၊ လက် နက်ငယ်များဖြင့်ပစ်ခတ်ခြင်း၊ လမ်းသွားလမ်းလာများ၏ ဖုန်းနှင့် မှတ်ပုံတင်များ စစ်ဆေးခြင်းကို တင်း ကြပ်စွာလုပ်ဆောင်ခဲ့ကြောင်း ဆိုသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။
စက်တင်ဘာလ ၁၇ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်ကလည်း ကောလင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင်တပ်ရင်း(၁)မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အထိခိုက်အကျဆုံး မသိရသေးကြောင်း KLPDF မှ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် ကောလင်းမြို့နယ်အတွင်းမှ ကျေးရွာများသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက် မှုမရှိဘဲ ငြိမ်နေပြီး မြို့ပေါ်တွင်သာ စစ်ဆေးမှု တင်းကြပ်စွာလုပ်ဆောင်နေကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ကောလင်းမြို့
#KLPDF

ပုံအညွှန်း။ ။ ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်သားများ(ဓာတ်ပုံ။ ။ Kawlin People Defense Force)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤11👍5👏4🔥1🥰1
This media is not supported in your browser
VIEW IN TELEGRAM
Sep - 19 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
👍6👏1🖕1
​​ဆမီးမြို့ရဲစခန်း ယာယီရဲစခန်းမှူးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားဟုဆို
========================

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ဆမီးမြို့ ရဲစခန်းရှိ ဒုရဲအုပ်အဆင့်ရှိသူ ယာယီရဲစခန်းမှူးကို အမည်မသိလက်နက်ကိုင်အဖွဲ့တခုက စက်တင်ဘာလ ၁၆ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးသွားသည်ဟု ဒေသခံထံမှ သိရသည်။

“သူက ဆမီးမြို့က စစ်ဗျူဟာမှူး(စစ်ကောင်စီတပ်ဖွဲ့၏ဗျူဟာမှူးအဆင့်ရှိသူ)ရဲ့ လူယုံတော်ပါ၊ ငွေအတောင်းကြမ်းလို့ နာမည်ဆိုးထွက်နေတဲ့သူဖြစ်တယ်”ဟု အမည်မဖော်လိုသည့် ဒေသခံတဦးက မဇ္စျိမကို ပြောသည်။

ယာယီရဲစခန်းမှူး ဒုရဲအုပ်နိုင်ဇော်အောင်ဆိုသူအား ဆမီးမြို့ အမှတ်(၂) ရပ်ကွက် လမ်းကြားတနေရာတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့ကဖမ်းဆီးသွားခြင်းဖြစ်ပြီး ဖမ်းဆီးချိန်တွင် ၎င်းနှင့်အတူပါလာသည့် အမျိုးသမီးကို ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံကဆိုသည်။

၎င်းအား မည်သည့်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ကို မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
အဆိုပါ ယာယီရဲ့စခန်းမှူးသည် မြို့ပေါ်ရှိစားသောက်ဆိုင်များနှင့် စက်လှေများအား အခွန်ပေးဆောင်ရန် တင်းကျပ်သည့် ညွှန်ကြားချက်များပေးသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် ရိက္ခာများ စုဆောင်းပေးနေသူလည်းဖြစ်သည်ဟု ဒေသခံကဆိုသည်။

ဆမီးမြို့ဒေသတဝိုက်သည် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ) CDF – Pelatwa နှင့် ချင်းအမျိုးသားတပ်မတော် (CNA) အဖွဲ့များ လှုပ်ရှားသည့်နယ်မြေ ဖြစ်ကြောင်း ဒေသခံများထံကသိရသည်။

ဇူလိုင်လ ၂၆ရက်နေ့ကလည်း မတူပီမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ချမ်းမြေ့အောင်ကို မတူပီ - ဟားခါးလမ်းမပေါ်ရှိ ဖနိုင်ကျေးရွာနှင့် မတူပီ ခရိုင်ရုံးအကြားတွင် CDF – Matupi က စစ်ဆင်ရေးတရပ်ပြုလုပ်၍ ဖမ်းဆီးခဲ့သေးသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ချင်းပြည်နယ်
#ပလက်ဝမြို့နယ်
#ဖမ်းဆီးမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8👏6🔥1🥰1
This media is not supported in your browser
VIEW IN TELEGRAM
ရုရှားကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ သွားရောက်ပြီး လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ပြုလုပ်

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Russia #China
🤬7❤1😁1🤮1
​​မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ကြောင်းအတွင်း ရေယာဉ်တိမ်းမှောက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ပျောက်ဆုံး
====================

လွှမ်းမိုး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မောက္ကတော်ကျေးရွာအနီး ရှဲနတ်တောင်ခြေတွင် စစ်ကောင်စီ ရေယာဉ်အုပ်စုနှင့်အတူပါလာသည့် ရေယာဉ်တစီးတိမ်းမှောက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ပျောက်ဆုံးနေကြောင်း မင်းကင်းမြို့နယ်အခြေစိုက် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF)မှ သိရသည်။

ရေယာဉ်တိမ်းမှောက်မှုမှာ ယနေ့ စက်တင်ဘာလ ၁၉ ရက် နံနက် ၁၀ နာရီခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပဲ့ မထိန်းနိုင်ခြင်းကြောင့် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း SRF မှ ဆရာစံက ပြောသည်။

“ရှဲနတ်တောင်ခြေဆိုတာ တော်တော်လေးကွေ့ရတဲ့ ကွေ့တခုဗျ။ မိုးတွေကလည်းတအားရွာနေပြီး အနီး ရောက်မှ ကပ်ပြီးကွေ့တော့ အစုန်လည်းဖြစ်၊ ရေစီးကလည်းသန်တော့ ပဲ့မထိန်းနိုင်ဖြစ်ပြီး တောင်ခြေက ကျောက်ဆောင်နဲ့တိုက်ပြီး မှောက်သွားတာ။ အခုတော့ မှောက်လျှက်ကြီးပေါ်နေတာတွေ့တယ်” ဟု ၎င်း ကဆိုသည်။
အဆိုပါရေယာဉ်ပေါ်တွင် တောင်ဖြူ၊ ပန်းဆက်၊ ကျောက်ခဲတတ်မှ ပျူစောထီးများ၊ စစ်ကောင်စီတပ်သား များ၊ ပျူကျေးရွာများမှ တက္ကသိုလ်ကျောင်းသားကျောင်းသူများနှင့် Non CDM ဆရာ၊ ဆရာမများအပါ အဝင် ၁၂၀ ခန့် လိုက်ပါလာပြီး ယခုအချိန်ထိ ရုပ်အလောင်းခြောက်လောင်းသာတွေ့ရှိထားကြောင်း SRF တပ်ဖွဲ့မှသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ရေယာဉ်နစ်မြုပ်မှုနှင့်ပတ်သက်ပြီး ဖြစ်စဉ်မှန်ကန်ကြောင်း နှင့် မင်းကင်းမြို့နယ်မှ ပျူစောထီးမိသားစုဝင်များလည်းပါဝင်သွားကြောင်း သိရှိထားပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု(ULF) စစ်ကြောင်းမှူးက မဇ္ဈိမသို့ ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ရေယာဉ်အုပ်စုတွင် ဖလက်ခွံနှင့် စစ်သင်္ဘော ၁၁ စီးပါဝင်ပြီး ယခုအခါ စက်လှေ များဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုယ်တိုင် ရှာဖွေကယ်ဆယ်ရေးလုပ်နေရကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#မင်းကင်းမြို့နယ်
#မောက္ကတော်ကျေးရွာ
#ချင်းတွင်းမြစ်
#ရေယာဉ်နစ်မြုပ်မှု

ပုံအညွှန်း။ ။ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ရေယာဉ်တစီးကိုတွေ့ရစဉ်(ပုံဟောင်းဖြစ်ပါသည်)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19👏6❤2🥰2😁2
စက်တင်ဘာလ (၁၉)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================

01:00 − ၂၀၂၃ နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် PRIO အဖွဲ့ရဲ့ ဆန်ခါတင်စာရင်းမှာ ဦးကျော်မိုးထွန်းနဲ့ NUCC ပါဝင်တဲ့သတင်း

03:15 − ငြိမ်းစားဝန်ထမ်းတွေ ဝင်ငွေနည်းပါးတဲ့ ပြည်သူတွေအတွက် ရည်ရွယ်ဆောက်လုပ်ထားတဲ့ တန်ဖိုးနည်းပြည်သူ့အငှားအိမ်ရာတွေကိုပြင်ပမှာ တစ်လနှစ်သိန်းနဲ့ ငှားရမ်းမှုတွေရှိနေ တဲ့သတင်း

04:56 − ရေးမြို့နယ် သတင်းတပ်ဖွဲ့တာဝန်ခံ ရေးဘီလူးအဖွဲ့မှပစ်ခတ်မှုကြောင့် သေဆုံးတဲ့သတင်းနဲ့

10:17 − ထိုင်ဝမ်ကျွန်းတစ်ဝိုက်မှာ တရုတ်စစ်လေယာဉ် ၁၀၃ စင်းပျံသန်းခဲ့ကြောင်းတွေ့ရှိရ တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/d_g88HkYOFM?si=e3dUHpt9Brfeu3D-

#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4🍌1
This media is not supported in your browser
VIEW IN TELEGRAM
အစာငတ်ခံဆန္ဒပြခဲ့တဲ့ တောင်ကိုရီးယား အတိုက်အခံခေါင်းဆောင်တစ်ဦး ဆေးရုံတင်ခဲ့ရ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍4🔥1
ပြည်ပအဝယ်လိုက်နေတာကြောင့် မြန်မာ့ဆန်စပါး ဈေးတက် | Business Roundup (19.9.2023)
=========================

- နျူကလီးယား အဆင့်မြင့်နည်းပညာ အသုံးပြုနိုင်ရေး လေ့ကျင့်ပေးဖို့ တရုတ်ကို စစ်ကောင်စီတောင်းဆို

- ပြည်ပအဝယ်လိုက်နေတာကြောင့် မြန်မာ့ဆန်စပါး ဈေးတက်

- ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်တွေ အတွက် ဗြိတိန်ရဲ့အကူအညီများ လျော့နည်းလာ

- စစ်ကောင်စီ ဗဟိုဘဏ်က ၁၀ ရက်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂၇၀ ကျော် ထုတ်ရောင်း

https://youtu.be/CZGIxPOMquI?si=nuudr3w13dNZBrH7

#BusinessRoundUp
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥1
This media is not supported in your browser
VIEW IN TELEGRAM
ကရာဘက်ဒေသမှာ ပဋိပက္ခအသစ်တွေဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေရ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍5🔥1
​​တိုင်းနှင့်ပြည်နယ် ၅ ခု မိုးကြီးမည့်သတိပေးချက် NUG ထုတ်ပြန်
==================

ရောင်နီ
(မဇ္စျိမ)။ ။ လက်ရှိ စက်တင်ဘာလတတိယလပတ်အတွင်း ရန်ကုန်တိုင်းအပါအဝင် ပြည်နယ်နှင့်တိုင်း ငါးခု၌ မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ မိုးလေ၀သအခြေအနေကို ထုတ်ပြန်ရာတွင် မုတ်သုံလေအင်အား အတက်အကျပေါ်မူတည်ကာ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တွင် မိုးများနိုင်ပြီး ရေကြီး၊ မြေပြိုမှုဘေး သတိပြုပြင်ဆင်နေထိုင်ကြရန် MOHADM က သတိပေးသည်။

အဆိုပါကာလအတွင်း မိုးနှောင်းကာလလက္ခဏာများအဖြစ် မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး မြစ်ချောင်းများ ရေမြင့်တက်လာနိုင်သည်ဟုဆိုသည်။

လက်ရှိအချိန်တွင် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့နှင့် ငဝန်မြစ်ရေသည် သာပေါင်းမြို့တို့တွင် စိုးရိမ်ရေမှတ်အထက်၌ရောက်ရှိနေကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်တွင် သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လနှင့်သြဂုတ်လများတွင်လည်း မြန်မာနိုင်ငံဒေသအများစုတွင် မိုးသည်းထန်စွာခဲ့ပြီးနောက် မြစ်ချောင်းများတွင် မြစ်ရေများ စိုးရိမ်ရေအမှတ်အထက်သို့ မြင့်တက်ခဲ့သည်။ ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်မှ မြို့နယ်အချို့၌ ရေဘေးကြုံတွေ့ခဲ့သည်။

စာတည်း - အေးချမ်း

#mizzima
#စက်တင်ဘာလတတိယလပတ်
#ပြည်နယ်နှင့်တိုင်းငါးခု
#မိုးကြီးသတိပေးချက်
#MOHADM

ပုံအညွှန်း။ ။ရန်ကုန်မြို့တွင် ယနေ့ စက်တင်ဘာလ ၁၉ရက် ညနေ မိုးရွာနေစဉ် (Photo - Mizzima)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥1
​​တရုတ် အာရှရေးရာအထူးကိုယ်စားလှယ်နှင့် စစ်ကောင်စီခန့်ဝန်ကြီးအချို့ နေပြည်တော်တွင် တွေ့ဆုံ
=======================

001
(မဇ္စျိမ)။ ။တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း နှင့် စစ်ကောင်စီခန့် ဝန်ကြီးအချို့ စက်တင်ဘာလ ၁၈ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း စစ်ကောင်စီဝါဒဖြန့် မြဝတီသတင်းအရ သိရသည်။

တရုတ် အာရှရေးရာအထူးကိုယ်စားလှယ်နှင့် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ အစိုးရ အဖွဲ့ရုံး(၂)ဝန်ကြီး ဦးကိုကိုလှိုင်တို့ သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ရေး၊ မြန်မာ-တရုတ် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကိစ္စ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေ များအပြင် အာဆီယံနှင့် ကုလသမဂ္ဂတို့တွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ ကြောင်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အစိုးရအဖွဲ့ရုံး(၂)ဝန်ကြီး ဦးကိုကိုလှိုင်နှင့် တွေ့ဆုံစဉ်တွင်လည်း ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန် လည်နေရာချထားရေး၊ NCA စာချုပ်လက်မှတ်ရေးထိုးခြင်း (၈)နှစ်မြောက်အခမ်း အနားကျင်းပမည့်ကိစ္စ နှင့် ငြိမ်းချမ်းရေးနှင့် လူသားချင်းစာနာထောက်ထားမှုကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ် အာရှအထူးကိုယ်စားလှယ်၏ နေပြည်တော် ခရီးစဉ်နှင့် ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “ NUG နဲ့ စစ်ကောင်စီ အင်အားယှဉ်ပြိုင်မှုမှာ သိသိသာသာ စစ်ကောင်စီဘက်က နိမ့်ပါး နေတာပေါ့၊ အားနည်းနေတာပေါ့။ ဒါကို တိုးမြှင့်ပေးဖို့အတွက် လာပြီး မန်းမှုတ်ပေးတာလို့ ကျွန်တော်က တော့ ယူဆပါတယ်”ဟု ဆိုသည်။

တဖက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ၌ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာ အမြဲတမ်းကိုယ် စားလှယ်နေရာတွင် ဆက်ထားရန် ရှိ၊ မရှိ ကိစ္စနှင့်ပတ်သက်ပြီး ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီက ဆုံးဖြတ်ရန်ရှိနေချိန်တွင် လာရောက်သည့်ခရီးစဉ်ဖြစ်သည့်အတွက် ယင်းကိစ္စနှင့်လည်း ပတ်သက်နိုင် ကြောင်း ဦးသန်းစိုးနိုင်က သုံးသပ်သည်။

တရုတ် အာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိန့်ရှီးကျွင်း၏ ယခုခရီးစဉ်မှာ စစ်ကောင်စီထံ လေး ကြိမ်မြောက်လာရောက်သည့်ခရီးစဉ်ဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လအတွင်းက လာရောက်မှုတွင်လည်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုရှိခဲ့သည်။

စာတည်း။ ။စောဖေ

#တရုတ်နိုင်ငံ
#အာရှရေးရာအထူးကိုယ်စားလှယ်
#နေပြည်တော်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤮13👍6💩2❤1🖕1