Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုထောက်ခံသည့် ရွာပေါင်းစုံသပိတ်
❤11🔥1
သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုထောက်ခံသည့် ရွာပေါင်းစုံသပိတ်
=======================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်မှ ကျေးရွာများစုပေါင်း၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံသည့်ချီတက်ဆန္ဒပြပွဲကို စက်တင်ဘာလ ၁၉ရက် ယနေ့တွင် ပြုလုပ်ခဲ့ကြသည်။
" ငါတို့အမတ် ၊ ငါတို့အသံ" " Our Ambassador - Our Voice" ဆိုသည့် စာတမ်းကိုင်စွဲပြီး ကြွေးကြော်ချီတက်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂတွင် မြန်မာလူထုကို ကိုယ်စားပြုသည့် သံအမတ်ကြီးရှိနေခြင်းသည် နွေဦးတော်လှန်ရေး၏ ထူးခြားကောင်းမွန်သည့် အားသာချက်ကြီးဖြစ်ပြီး မြန်မာ့အရေးအား နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ဆက်လက်တင်ပြနိုင်ရန် လက်ရှိနေရာကို ဆက်လက်ရရှိနိုင်ရေးအတွက် အားလုံး ထောက်ခံပူးပေါင်းကြရန်လိုအပ်ကြောင်းသပိတ်ဦးဆောင်သူတဦးက တိုက်တွန်းသည်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် စက်တင်ဘာလ ၁၈ ရက်မှ စက်တင်ဘာလ ၂၆ ရက်နေ့ထိ ကျင်းပနေသည့် (၇၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၌ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီးအဖြစ်ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်ခြင်း ရှိ၊မရှိဆုံးဖြတ်ရန်ရှိနေသည်။ ထို့ကြောင့် ဦးကျော်မိုးထွန်းကို ထောက်ခံသည့်ချီတက်ဆန္ဒပြပွဲများကို ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများက ပြုလုပ်နေသည်။

ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် (၉၁၁) ရက်မြောက်ချီတက်ခြင်းဖြစ်သည်။

စာတည်း - အေးချမ်း

#mizzima
#ယင်းမာပင်
#ဆားလင်းကြီး
#ဦးကျော်မိုးထွန်း
#ရွာပေါင်းစုံသပိတ်

ပုံအညွှန်း - ရွာပေါင်းစုံသပိတ်မှ ယနေ့ ချီတက်နေစဥ် (ဓါတ်ပုံ - ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12❤4🤮1
​​ကောလင်းတွင် KTV ၌ သောက်စားပျော်ပါးနေသော စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ
=====================

ကိုခင်မောင်
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ ငပွေးလေးရပ်ကွက်ရှိ KTV တွင် သောက်စားပျော်ပါးနေသော စစ်ကောင်စီတပ်သားများအား တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မ တော်၊ ကောလင်းခရိုင်တပ်ရင်း(၁)- KLPDF မှ သိရသည်။

စက်တင်ဘာလ ၁၇ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ရွှေအိမ်မက် KTV တွင် စစ်ကောင်စီတပ်သား ၁၀ ဦးကျော် သောက်စားပျော်ပါးနေစဥ် မီတာ ၃၀ အကွာမှ အနီးကပ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု နှစ်နာရီခန့်ဖြစ်ပွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင်တပ်ရင်း(၁)မှ တာဝန်ရှိသူ တဦးက မဇ္စျိမသို့ပြောသည်။

“ငပွေးလေးရပ်ကွက်က ရွှေအိမ်မက် KTV ကို သူတို့သွားနေကျ။ တိုက်ခိုက်မှုကြောင့် နှစ်ဦးပွဲချင်းပြီး သေ တယ်၊ ဆေးရုံမှာငါးယောက်သေတာလို့ပြောတယ်။ ဆေးရုံအသိုင်းအဝိုင်းက သိရတာပါ။ စုစုပေါင်း ခုနစ်ဦး သေတာပေါ့ဗျာ။ သုံးပွင့်အရာရှိတဦးလည်း သေတဲ့အထဲပါတယ်လို့ ကြားရတယ်။ သူ့ရဲ့ နာမည်နဲ့ တပ်ရင်း ကို စုံစမ်းနေတုန်းပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင်တပ်ရင်း (၁)မှ တာဝန်ရှိသူက ဆိုသည်။

ရွှေအိမ်မက် KTV ရှိ စစ်ကောင်စီတပ်သားများအား တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင်တပ်ရင်း(၁)မှ ရဲဘော်တဦးလည်း ထိခိုက်ဒဏ်ရခဲ့ကြောင်း သိရသည်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများက ညလုံးပေါက် လက်နက်ကြီး၊ လက် နက်ငယ်များဖြင့်ပစ်ခတ်ခြင်း၊ လမ်းသွားလမ်းလာများ၏ ဖုန်းနှင့် မှတ်ပုံတင်များ စစ်ဆေးခြင်းကို တင်း ကြပ်စွာလုပ်ဆောင်ခဲ့ကြောင်း ဆိုသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။
စက်တင်ဘာလ ၁၇ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်ကလည်း ကောလင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင်တပ်ရင်း(၁)မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အထိခိုက်အကျဆုံး မသိရသေးကြောင်း KLPDF မှ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် ကောလင်းမြို့နယ်အတွင်းမှ ကျေးရွာများသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက် မှုမရှိဘဲ ငြိမ်နေပြီး မြို့ပေါ်တွင်သာ စစ်ဆေးမှု တင်းကြပ်စွာလုပ်ဆောင်နေကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ကောလင်းမြို့
#KLPDF

ပုံအညွှန်း။ ။ ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်သားများ(ဓာတ်ပုံ။ ။ Kawlin People Defense Force)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤11👍5👏4🔥1🥰1
This media is not supported in your browser
VIEW IN TELEGRAM
Sep - 19 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
👍6👏1🖕1
​​ဆမီးမြို့ရဲစခန်း ယာယီရဲစခန်းမှူးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားဟုဆို
========================

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ဆမီးမြို့ ရဲစခန်းရှိ ဒုရဲအုပ်အဆင့်ရှိသူ ယာယီရဲစခန်းမှူးကို အမည်မသိလက်နက်ကိုင်အဖွဲ့တခုက စက်တင်ဘာလ ၁၆ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးသွားသည်ဟု ဒေသခံထံမှ သိရသည်။

“သူက ဆမီးမြို့က စစ်ဗျူဟာမှူး(စစ်ကောင်စီတပ်ဖွဲ့၏ဗျူဟာမှူးအဆင့်ရှိသူ)ရဲ့ လူယုံတော်ပါ၊ ငွေအတောင်းကြမ်းလို့ နာမည်ဆိုးထွက်နေတဲ့သူဖြစ်တယ်”ဟု အမည်မဖော်လိုသည့် ဒေသခံတဦးက မဇ္စျိမကို ပြောသည်။

ယာယီရဲစခန်းမှူး ဒုရဲအုပ်နိုင်ဇော်အောင်ဆိုသူအား ဆမီးမြို့ အမှတ်(၂) ရပ်ကွက် လမ်းကြားတနေရာတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့ကဖမ်းဆီးသွားခြင်းဖြစ်ပြီး ဖမ်းဆီးချိန်တွင် ၎င်းနှင့်အတူပါလာသည့် အမျိုးသမီးကို ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံကဆိုသည်။

၎င်းအား မည်သည့်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ကို မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
အဆိုပါ ယာယီရဲ့စခန်းမှူးသည် မြို့ပေါ်ရှိစားသောက်ဆိုင်များနှင့် စက်လှေများအား အခွန်ပေးဆောင်ရန် တင်းကျပ်သည့် ညွှန်ကြားချက်များပေးသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် ရိက္ခာများ စုဆောင်းပေးနေသူလည်းဖြစ်သည်ဟု ဒေသခံကဆိုသည်။

ဆမီးမြို့ဒေသတဝိုက်သည် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ) CDF – Pelatwa နှင့် ချင်းအမျိုးသားတပ်မတော် (CNA) အဖွဲ့များ လှုပ်ရှားသည့်နယ်မြေ ဖြစ်ကြောင်း ဒေသခံများထံကသိရသည်။

ဇူလိုင်လ ၂၆ရက်နေ့ကလည်း မတူပီမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ချမ်းမြေ့အောင်ကို မတူပီ - ဟားခါးလမ်းမပေါ်ရှိ ဖနိုင်ကျေးရွာနှင့် မတူပီ ခရိုင်ရုံးအကြားတွင် CDF – Matupi က စစ်ဆင်ရေးတရပ်ပြုလုပ်၍ ဖမ်းဆီးခဲ့သေးသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ချင်းပြည်နယ်
#ပလက်ဝမြို့နယ်
#ဖမ်းဆီးမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8👏6🔥1🥰1
This media is not supported in your browser
VIEW IN TELEGRAM
ရုရှားကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ သွားရောက်ပြီး လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ပြုလုပ်

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Russia #China
🤬7❤1😁1🤮1
​​မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ကြောင်းအတွင်း ရေယာဉ်တိမ်းမှောက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ပျောက်ဆုံး
====================

လွှမ်းမိုး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မောက္ကတော်ကျေးရွာအနီး ရှဲနတ်တောင်ခြေတွင် စစ်ကောင်စီ ရေယာဉ်အုပ်စုနှင့်အတူပါလာသည့် ရေယာဉ်တစီးတိမ်းမှောက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ပျောက်ဆုံးနေကြောင်း မင်းကင်းမြို့နယ်အခြေစိုက် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF)မှ သိရသည်။

ရေယာဉ်တိမ်းမှောက်မှုမှာ ယနေ့ စက်တင်ဘာလ ၁၉ ရက် နံနက် ၁၀ နာရီခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပဲ့ မထိန်းနိုင်ခြင်းကြောင့် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း SRF မှ ဆရာစံက ပြောသည်။

“ရှဲနတ်တောင်ခြေဆိုတာ တော်တော်လေးကွေ့ရတဲ့ ကွေ့တခုဗျ။ မိုးတွေကလည်းတအားရွာနေပြီး အနီး ရောက်မှ ကပ်ပြီးကွေ့တော့ အစုန်လည်းဖြစ်၊ ရေစီးကလည်းသန်တော့ ပဲ့မထိန်းနိုင်ဖြစ်ပြီး တောင်ခြေက ကျောက်ဆောင်နဲ့တိုက်ပြီး မှောက်သွားတာ။ အခုတော့ မှောက်လျှက်ကြီးပေါ်နေတာတွေ့တယ်” ဟု ၎င်း ကဆိုသည်။
အဆိုပါရေယာဉ်ပေါ်တွင် တောင်ဖြူ၊ ပန်းဆက်၊ ကျောက်ခဲတတ်မှ ပျူစောထီးများ၊ စစ်ကောင်စီတပ်သား များ၊ ပျူကျေးရွာများမှ တက္ကသိုလ်ကျောင်းသားကျောင်းသူများနှင့် Non CDM ဆရာ၊ ဆရာမများအပါ အဝင် ၁၂၀ ခန့် လိုက်ပါလာပြီး ယခုအချိန်ထိ ရုပ်အလောင်းခြောက်လောင်းသာတွေ့ရှိထားကြောင်း SRF တပ်ဖွဲ့မှသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ရေယာဉ်နစ်မြုပ်မှုနှင့်ပတ်သက်ပြီး ဖြစ်စဉ်မှန်ကန်ကြောင်း နှင့် မင်းကင်းမြို့နယ်မှ ပျူစောထီးမိသားစုဝင်များလည်းပါဝင်သွားကြောင်း သိရှိထားပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု(ULF) စစ်ကြောင်းမှူးက မဇ္ဈိမသို့ ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ရေယာဉ်အုပ်စုတွင် ဖလက်ခွံနှင့် စစ်သင်္ဘော ၁၁ စီးပါဝင်ပြီး ယခုအခါ စက်လှေ များဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုယ်တိုင် ရှာဖွေကယ်ဆယ်ရေးလုပ်နေရကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#မင်းကင်းမြို့နယ်
#မောက္ကတော်ကျေးရွာ
#ချင်းတွင်းမြစ်
#ရေယာဉ်နစ်မြုပ်မှု

ပုံအညွှန်း။ ။ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ရေယာဉ်တစီးကိုတွေ့ရစဉ်(ပုံဟောင်းဖြစ်ပါသည်)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19👏6❤2🥰2😁2
စက်တင်ဘာလ (၁၉)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================

01:00 − ၂၀၂၃ နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် PRIO အဖွဲ့ရဲ့ ဆန်ခါတင်စာရင်းမှာ ဦးကျော်မိုးထွန်းနဲ့ NUCC ပါဝင်တဲ့သတင်း

03:15 − ငြိမ်းစားဝန်ထမ်းတွေ ဝင်ငွေနည်းပါးတဲ့ ပြည်သူတွေအတွက် ရည်ရွယ်ဆောက်လုပ်ထားတဲ့ တန်ဖိုးနည်းပြည်သူ့အငှားအိမ်ရာတွေကိုပြင်ပမှာ တစ်လနှစ်သိန်းနဲ့ ငှားရမ်းမှုတွေရှိနေ တဲ့သတင်း

04:56 − ရေးမြို့နယ် သတင်းတပ်ဖွဲ့တာဝန်ခံ ရေးဘီလူးအဖွဲ့မှပစ်ခတ်မှုကြောင့် သေဆုံးတဲ့သတင်းနဲ့

10:17 − ထိုင်ဝမ်ကျွန်းတစ်ဝိုက်မှာ တရုတ်စစ်လေယာဉ် ၁၀၃ စင်းပျံသန်းခဲ့ကြောင်းတွေ့ရှိရ တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/d_g88HkYOFM?si=e3dUHpt9Brfeu3D-

#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4🍌1
This media is not supported in your browser
VIEW IN TELEGRAM
အစာငတ်ခံဆန္ဒပြခဲ့တဲ့ တောင်ကိုရီးယား အတိုက်အခံခေါင်းဆောင်တစ်ဦး ဆေးရုံတင်ခဲ့ရ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍4🔥1
ပြည်ပအဝယ်လိုက်နေတာကြောင့် မြန်မာ့ဆန်စပါး ဈေးတက် | Business Roundup (19.9.2023)
=========================

- နျူကလီးယား အဆင့်မြင့်နည်းပညာ အသုံးပြုနိုင်ရေး လေ့ကျင့်ပေးဖို့ တရုတ်ကို စစ်ကောင်စီတောင်းဆို

- ပြည်ပအဝယ်လိုက်နေတာကြောင့် မြန်မာ့ဆန်စပါး ဈေးတက်

- ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်တွေ အတွက် ဗြိတိန်ရဲ့အကူအညီများ လျော့နည်းလာ

- စစ်ကောင်စီ ဗဟိုဘဏ်က ၁၀ ရက်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂၇၀ ကျော် ထုတ်ရောင်း

https://youtu.be/CZGIxPOMquI?si=nuudr3w13dNZBrH7

#BusinessRoundUp
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥1
This media is not supported in your browser
VIEW IN TELEGRAM
ကရာဘက်ဒေသမှာ ပဋိပက္ခအသစ်တွေဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေရ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍5🔥1
​​တိုင်းနှင့်ပြည်နယ် ၅ ခု မိုးကြီးမည့်သတိပေးချက် NUG ထုတ်ပြန်
==================

ရောင်နီ
(မဇ္စျိမ)။ ။ လက်ရှိ စက်တင်ဘာလတတိယလပတ်အတွင်း ရန်ကုန်တိုင်းအပါအဝင် ပြည်နယ်နှင့်တိုင်း ငါးခု၌ မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ မိုးလေ၀သအခြေအနေကို ထုတ်ပြန်ရာတွင် မုတ်သုံလေအင်အား အတက်အကျပေါ်မူတည်ကာ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တွင် မိုးများနိုင်ပြီး ရေကြီး၊ မြေပြိုမှုဘေး သတိပြုပြင်ဆင်နေထိုင်ကြရန် MOHADM က သတိပေးသည်။

အဆိုပါကာလအတွင်း မိုးနှောင်းကာလလက္ခဏာများအဖြစ် မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး မြစ်ချောင်းများ ရေမြင့်တက်လာနိုင်သည်ဟုဆိုသည်။

လက်ရှိအချိန်တွင် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့နှင့် ငဝန်မြစ်ရေသည် သာပေါင်းမြို့တို့တွင် စိုးရိမ်ရေမှတ်အထက်၌ရောက်ရှိနေကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်တွင် သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လနှင့်သြဂုတ်လများတွင်လည်း မြန်မာနိုင်ငံဒေသအများစုတွင် မိုးသည်းထန်စွာခဲ့ပြီးနောက် မြစ်ချောင်းများတွင် မြစ်ရေများ စိုးရိမ်ရေအမှတ်အထက်သို့ မြင့်တက်ခဲ့သည်။ ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်မှ မြို့နယ်အချို့၌ ရေဘေးကြုံတွေ့ခဲ့သည်။

စာတည်း - အေးချမ်း

#mizzima
#စက်တင်ဘာလတတိယလပတ်
#ပြည်နယ်နှင့်တိုင်းငါးခု
#မိုးကြီးသတိပေးချက်
#MOHADM

ပုံအညွှန်း။ ။ရန်ကုန်မြို့တွင် ယနေ့ စက်တင်ဘာလ ၁၉ရက် ညနေ မိုးရွာနေစဉ် (Photo - Mizzima)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥1
​​တရုတ် အာရှရေးရာအထူးကိုယ်စားလှယ်နှင့် စစ်ကောင်စီခန့်ဝန်ကြီးအချို့ နေပြည်တော်တွင် တွေ့ဆုံ
=======================

001
(မဇ္စျိမ)။ ။တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း နှင့် စစ်ကောင်စီခန့် ဝန်ကြီးအချို့ စက်တင်ဘာလ ၁၈ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း စစ်ကောင်စီဝါဒဖြန့် မြဝတီသတင်းအရ သိရသည်။

တရုတ် အာရှရေးရာအထူးကိုယ်စားလှယ်နှင့် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ အစိုးရ အဖွဲ့ရုံး(၂)ဝန်ကြီး ဦးကိုကိုလှိုင်တို့ သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ရေး၊ မြန်မာ-တရုတ် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကိစ္စ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေ များအပြင် အာဆီယံနှင့် ကုလသမဂ္ဂတို့တွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ ကြောင်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အစိုးရအဖွဲ့ရုံး(၂)ဝန်ကြီး ဦးကိုကိုလှိုင်နှင့် တွေ့ဆုံစဉ်တွင်လည်း ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန် လည်နေရာချထားရေး၊ NCA စာချုပ်လက်မှတ်ရေးထိုးခြင်း (၈)နှစ်မြောက်အခမ်း အနားကျင်းပမည့်ကိစ္စ နှင့် ငြိမ်းချမ်းရေးနှင့် လူသားချင်းစာနာထောက်ထားမှုကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ် အာရှအထူးကိုယ်စားလှယ်၏ နေပြည်တော် ခရီးစဉ်နှင့် ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “ NUG နဲ့ စစ်ကောင်စီ အင်အားယှဉ်ပြိုင်မှုမှာ သိသိသာသာ စစ်ကောင်စီဘက်က နိမ့်ပါး နေတာပေါ့၊ အားနည်းနေတာပေါ့။ ဒါကို တိုးမြှင့်ပေးဖို့အတွက် လာပြီး မန်းမှုတ်ပေးတာလို့ ကျွန်တော်က တော့ ယူဆပါတယ်”ဟု ဆိုသည်။

တဖက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ၌ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာ အမြဲတမ်းကိုယ် စားလှယ်နေရာတွင် ဆက်ထားရန် ရှိ၊ မရှိ ကိစ္စနှင့်ပတ်သက်ပြီး ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီက ဆုံးဖြတ်ရန်ရှိနေချိန်တွင် လာရောက်သည့်ခရီးစဉ်ဖြစ်သည့်အတွက် ယင်းကိစ္စနှင့်လည်း ပတ်သက်နိုင် ကြောင်း ဦးသန်းစိုးနိုင်က သုံးသပ်သည်။

တရုတ် အာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိန့်ရှီးကျွင်း၏ ယခုခရီးစဉ်မှာ စစ်ကောင်စီထံ လေး ကြိမ်မြောက်လာရောက်သည့်ခရီးစဉ်ဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လအတွင်းက လာရောက်မှုတွင်လည်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုရှိခဲ့သည်။

စာတည်း။ ။စောဖေ

#တရုတ်နိုင်ငံ
#အာရှရေးရာအထူးကိုယ်စားလှယ်
#နေပြည်တော်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤮13👍6💩2❤1🖕1
​​NLD တံဆိပ်ပါအင်္ကျီ ဝတ်ဆင်လေ့ရှိသူကို စစ်ကောင်စီတပ် ဖမ်းဆီးပြီးထောင်ဒဏ် ၃ နှစ်ချမှတ်
=====================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ သာယာဝတီခရိုင် မင်းလှမြို့၊ ထောက်ကြံ့ကွင်းကျေးရွာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အင်္ကျီ ဝတ်လေ့ရှိသည့် ဆိုက်ကားနင်းသူ ဦးပျော့(ခေါ် )ဦးသာနုအား စစ်ကောင်စီတပ်မှ ဖမ်းဆီးပြီးနောက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ဖြင့် ထောင်ဒဏ် သုံးနှစ်ချမှတ်လိုက်သည်ဟု မိသားစုနှင့်နီးစပ်သူတဦးမှ ပြောသည်။

မင်းလှမြို့တရားရုံးမှ စက်တင်ဘာ ၁၅ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး သာယာဝတီထောင်သို့ပို့ဆောင်သွားမည်ဟု ကြားသိရကြောင်း မိသားစုနှင့်နီးစပ်သူကပြောသည်။

ဦးပျော့သည် ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက နာရေးတခုမှပြန်လာစဉ် လမ်းတွင် စစ်ကောင်စီတပ်သား ၂၀ ခန့်က ပိတ်ဆို့ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မြို့ခံများ၏ ပြောဆိုချက်အရသိရသည်။

ထို့နောက် ကြို့ပင်ကောက်ရဲစခန်းရှိ စစ်ကြောရေးသို့ခေါ်ဆောင်သွားကြောင်း ဩဂုတ်လ ၂၁ ရက်နေ့တွင်မူ မင်းလှမြို့ရဲစခန်းသို့ ပြန်လည်ခေါ်ဆောင်လာကာ ချုပ်နှောင်ထားခဲ့ကြောင်းသိရသည်။

ဦးပျော့အားဖမ်းဆီးရသည့်အကြောင်းအရင်းမှာ ၎င်းသည် NLD တံဆိပ်ပါ အင်္ကျီကို နေ့စဉ်ဝတ်ဆင့်လေ့ရှိသောကြောင့် ဖြစ်နိုင်သည်ဟု မြို့ခံများက သုံးသပ်ကြပြီး ဦးပျော့သည် စိတ်ကျန်းမာရေးချို့တဲ့သူဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် ဦးပျော့ ဖမ်းဆီးခံရပြီးနောက် ကျန်ရစ်ခဲ့သည့် ဇနီးဖြစ်သူ ဒေါ်သိန်းငွေသည်လည်း ဩဂုတ်လ ၂၇ ရက်နေ့က ဆုံးပါးသွားခဲ့ကြောင်း မိသားစုနှင့်နီးစပ်သူထံမှ သိရသည်။

“ဦးပျော့ရယ် သူ့ဇနီးရယ် သမီးလေးရယ်သုံးယောက်ပဲရှိတာ။ ဒေါ်သိန်းငွေက လေဖြတ်နေတာ။ ဦးပျော့ဖမ်းခံရပြီးတော့ အားကိုးရာမဲ့တဲ့စိတ်တွေ စိုးရိမ်စိတ်တွေလည်းပါမှာပေါ့ ဆုံးပါးသွားပါတယ်” ဟု မိသားစုနှင့်နီးစပ်သူမှပြောသည်။

ထို့ပြင် မင်းလှမြို့တွင် စက်တင်ဘာ ၁၅ ရက်နေ့က ရွေးကုန်းအုပ်စု စမ်းကြီးရွာတွင် မီးသွေးလုပ်ငန်းလုပ်ကိုင်သူ ကိုအေးနိုင်အား စစ်ကောင်စီတပ်ဖွဲ့မှ နေအိမ်သို့လာရောက်ဖမ်းဆီးရာ ၎င်းအားမတွေ့ရှိသဖြင့် ဇနီးနှင့် သားဖြစ်သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံများ၏ ပြောဆိုချက်အရသိရသည်။

ထို့ပြင် ကိုအေးနိုင်တို့မိသားစုပိုင်ဆိုင်သည့် နေအိမ်ကိုလည်း ချိပ်ပိတ်ခဲ့ပြီး ပိုင်ဆိုင်သည့်ပစ္စည်းများကိုလည်း စစ်ကောင်စီတပ်မှ သိမ်းဆည်းယူဆောင်သွားကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ကောင်စီတပ်
#မင်းလှမြို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬18👍7😢7
This media is not supported in your browser
VIEW IN TELEGRAM
လေထုညစ်ညမ်းမှု မြင့်တက်လာနေခြင်းကြောင့် ယာစိုက်ခင်းတွေ မီးရှို့ခြင်းကို ရပ်တန့်ဖို့ တိုက်တွန်းထား

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍4🔥1
​​စပိန်ကစားသမားတွေ ကစားဖို့ ငြင်းဆိုပါက ပြစ်ဒဏ်ချမှတ်ခံရမည်
===================

By PKThawn
သပိတ်မှောက် စပိန်ကစားသမားတွေဟာ နိုင်ငံအသင်းအတွက် ရွေးချယ်ခေါ်ယူခံရပြီးနောက် သူတို့ရဲ့ နိုင်ငံလက်ရွေးစင် လေ့ကျင့်ရေးစခန်းကို လာရာက်မပူးပေါင်းပါက သူတို့ဟာ အပြစ်ပေးခံရမှာဖြစ်ကြောင်း စပိန်အစိုးရက အင်္ဂါနေ့အစောပိုင်းမှာ ပြောကြားပါတယ်။

စပိန်နိုင်ငံရဲ့ အားကစားဆိုင်ရာ အဆင့်မြင့်ကောင်စီ (CSD) ရဲ့ ဥက္ကဋ္ဌ ဗစ်တာ ဖရန်ကို့စ်က ရွေးချယ်ခံထားရတဲ့ ကစားသမားတွေ ပျက်ကွက်မှုရှိပါက သူဟာ နိုင်ငံရဲ့ အားကစားဥပဒေကို ကျင့်သုံးရမယ်လို့ ပြောပါတယ်။

စပိန်နည်းပြသစ် မွန်စီတိုမီဟာ လာမယ့် တနင်္လာနေ့မှာ ကျင်းပမယ့် အမျိုးသမီး နေးရှင်းလိဂ်ပွဲစဉ်တွေအတွက် ကမ္ဘာ့ဖလားရ ၁၅ ဦးကို ခေါ်ယူခဲ့ပေမယ့်လည်း အများစုမှာ စပိန်ဘောလုံးအဖွဲ့ချုပ်အတွင်း ကြီးကြီးမားမား အပြောင်းအလဲတွေ ပြုလုပ်ဖို့ နိုင်ငံအသင်းကနေ သပိတ်မှောက်နေကြတာပါ။

ဆစ်ဒနီမှာ လွန်ခဲ့တဲ့ တစ်လကေ စပိန်ရဲ့ ကမ္ဘာ့ဖလားအောင်ပွဲပြီးနောက် နည်းပြ တိုမီကနေ အသင်းမှာ ရွေးချယ်မခံရတဲ့ ကွင်းလယ်ကစားသမား ဂျေနီ ဟာမိုဆိုကို အနမ်းပေးပြီးနောက် အရှက်ရခဲ့တဲ့ ဥက္ကဌ လူးဝစ် ရူဘီယာလက်စ်ဟာ ရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။

အငြင်းပွားဖွယ်ရာ နည်းပြ ဂျော့ ဗီလ်ဒါကိုလည်း ထုတ်ပယ်ခဲ့ပေမယ့်လည်း သပိတ်မှောက် ကစားသမား ၃၉ ဦးအတွက် အပြောင်းအလဲတွေဟာ လုံလောက်မှု မရှိခဲ့ပါဘူး။
“သူတို့ မလိုက်နာဘူးဆိုရင်တော့ အစိုးရက ဒီဥပဒေကို ကျင့်သုံးရလိမ့်မယ်၊ ဒါပေမယ့် ဥပဒေက ဥပဒေပဲ”လို့ ဖရန်ကို့စ်က Cadena Ser ရေဒီယိုကို ပြောကြားခဲ့ပါတယ်။

၂၀၂၂ ကနေ စပိန်နိုင်ငံရဲ့ အားကစားဥပဒေမှာ အားကစားသမားတွေဟာ ရွေးချယ်ခေါ်ယူခဲ့ရတဲ့အခါ နိုင်ငံ့လက်ရွေးစင်အသင်းတွေရဲ့ ခေါ်ယူမှုကို လာရောက်ပူးပေါင်းရမှာဖြစ်ပြီး အဲဒီလို မလုပ်ပါက "အလွန်ပြင်းထန်"တဲ့ ချိုးဖောက်မှုဖြစ်မယ်လို့ ဖော်ပြထားပါတယ်။
ဖြစ်နိုင်ချေရှိတဲ့ ဒဏ်ငွေမှာ ယူရို ၃,၀၀၀ ကနေ ၃၀,၀၀၀ ကြား (ဒေါ်လာ ၃,၂၀၀ မှ ၃၂,၁၀၀ အထိ) ရှိပြီး သူတို့ဟာ ၅ နှစ်အထိ လုံးဝကစားခွင့်လိုင်စင်တွေပါ ဆုံးရှုံးသွားနိုင်ပါတယ်။

CSD ရဲ့ တောင်းဆိုမှုနဲ့ စပိန်နိုင်ငံရဲ့ အဆင့်မြင့် အားကစားတရားရုံးက ဖြစ်နိုင်ခြေရှိတဲ့ ပြစ်ဒဏ်အတွက် ဆုံးဖြတ်ချက်ကို ချမှတ်မှာဖြစ်ပါတယ်။

စပိန်အသင်းဟာ နေရှင်းလိဂ်ပြိုင်ပွဲမှာ စက်တင်ဘာ ၂၂ ရက်မှာ ဆွီဒင်အသင်း၊ စက်တင်ဘာ ၂၆ ရက်မှာ ဆွစ်ဇာလန်အသင်းတို့နဲ့ ကစားရမှာဖြစ်ပါတယ်။

နေရှင်းလိဂ်ရဲ့ ဗိုလ်လုပွဲရောက် အသင်းတွေဟာ ၂၀၂၄ အိုလံပစ်အားကစားပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မှာဖြစ်ပါတယ်။ ဖရန့်ကို့စ်က သူဟာ ပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းမှုနဲ့ အင်္ဂါနေ့နံနက်မှာ ကစားသမားတွေကို ဆက်တိုက်ခေါ်ယူဖို့ စီစဉ်နေခဲ့ကြောင်း ပြောပါတယ်။

"အဲဒါကို ဖြေရှင်းဖို့ ကျနော်တို့ တတ်နိုင်သလောက် လုပ်မှာပါ၊ ဒါပေမယ့် သူတို့ကို ပွဲတွေဆီ သွားခိုင်းဖို့ ကျနော်တို့ တောင်းဆိုပါတယ်။"လို့ ဖရန့်ကို့စ်က ပြောပါတယ်။

"ကျနော်တို့က သူတို့ကို အိုလံပစ်ချန်ပီယံဖြစ်စေချင်တယ်။ ကျနော် ကပ္ပတိန်တွေနဲ့ စကားပြောဖို့ ကြိုးစားမယ်၊ သူတို့ နိုးလို့ ပြောရင် ကျနော် လေးစားပါမယ်။ ကျနော်တို့ မလုပ်ချင်တဲ့အရာက သူတို့ကို ဒဏ်ခတ်ပိတ်ဆို့ဖို့ပါပဲ။"

နည်းပြတိုမီဟာ ဟာမိုဆိုကို ကာကွယ်ဖို့ ဖြစ်တယ်လို့ဆိုပြီး အသင်းအတွက် ၃၃ နှစ်အရွယ် သူမကို မရွေးချယ်ခဲ့ပါဘူး။
"ကျမကို ဘာကနေကာကွယ်မှာလဲ၊ ဘယ်သူ့ဆီကနေလဲ"လို့ ဟာမိုဆိုက X (အရင် Twitter )မှာ အင်္ဂါနေ့အစောပိုင်းက တင်ခဲ့ပါတယ်။
စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ လာမယ့် ပွဲတွေအတွက် သူတို့ရဲ့ ဆန္ဒကို ဆန့်ကျင်ကာ ကမ္ဘာ့ဖလားချန်ပီယံကစားသမားတွေကို ဖိအားပေး နှောက်ယှက်ပြီး ခြိမ်းခြောက်ဖို့ ကြိုးပမ်းနေကြောင်း သူမက အဖွဲ့ချုပ်ကို စွပ်စွဲခဲ့ပါတယ်။

တိုမီကနေ ရွေးချယ်ထားတဲ့ ဘလွန်းဒီအော် နှစ်ကြိမ်ဆုရှင် ပူတာလတ်စ် အပါအဝင် ကစားသမား ၃၉ ဦးတို့ဟာ တနင်္လာနေ့က လူမှုမီဒီယာမှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

"(ကျမတို့) ရှင်းရှင်း လင်းလင်းပြောရရင် ... ကျမတို့ရဲ့ တရားမျှတတဲ့ အကြောင်းပြချက်နဲ့ အဖွဲ့ကနေ ဆင့်ခေါ်တာ မပြုဖို့ပါပဲ။ ဒီထုတ်ပြန်ချက်တွေဟာ အပြည့်အဝ တရားဝင်နေဆဲပါ"လို့ စပိန်ကစားသမားတွေက သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။
စပိန်သတင်းတွေရဲ့ ဖော်ပြချက်အရ အသင်းရဲ့ လေ့ကျင့်ရေးစခန်းကို အင်္ဂါနေ့မှာ စတင်မှာဖြစ်ပြီး ာ မီဒီယာတွေ ပါဝင်မှုကို လျော့ပါးစေဖို့ ကြိုးပမ်းတဲ့အနေနဲ့ မက်ဒရစ်အစား ဗလင်စီယာမှာ လေ့ကျင့်သွားမှာဖြစ်ပါတယ်။

စခန်းသွင်းမယ့် ကစားသမား ဘယ်နှစ်ဦး ပူးပေါင်းမလဲ မသိရသေးပေမယ့်လည်း သပိတ်မှောက်သူ ၃၉ ဦးမှာ အမျိုးသမီး ၂၃ ဦးပါ အသင်းအနက် ၂၀ ဦး ပါဝင်ကြောင်း သိရပါတယ်။

(AFP)
Photo: AFP

#spainfootballplayers #NationsLeague
👍9🔥1