Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မင်းကင်း၌ စက်လှေနစ်မြုပ်၍ လူ ဒါဇင်များစွာ ပျောက်ဆုံးနေ 
=======================

မြန်မာနိုင်ငံ မြောက်ပိုင်း ချင်းတွင်းမြစ်အတွင်း ခရီးသည် ရာနှင့်ချီကာ တင်ဆောင်လာသော စက်လှေတစင်း အင်္ဂါနေ့ နံနက်ပိုင်းက နစ်မြုပ်ရာတွင် လူဒါဇင်များစွာ ပျောက်ဆုံးလျက် ရှိသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🥰6😁2
​​ကျိုက်ထိုတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၍ ၅ ဦးသေဆုံး
=====================

YT
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းမအနီးရှိ လမ်းဆုံတွင် ကင်းပုန်းယူနေ သည့် စစ်ကောင်စီတပ်သားများတိုက်ခိုက်ခံရပြီး ငါးဦးသေဆုံးခဲ့ကြောင်း တောကျီးကန်းစစ်ကြောင်း ပြန် ကြားရေးမှ သိရသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ကျိုက်ထိုမြို့နယ်၊ ဒေါင်းတောင်ကျေးရွာအနီး သစ် ကွင်းလမ်းဆုံ၌ အင်အား ၁၀ ဦးကျော်ဖြင့် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများအား တပ်မဟာ (၁) KNLA ၊ ပူးပေါင်းတပ်ဖွဲ့များနှင့် တောကျီးကန်းစစ်ကြောင်း တပ်ခွဲ(၂)က သွားရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီကင်းပုန်းဘက်မှ ပြန်လည်ပစ်ခတ်မှုကြောင့် ထိတွေ့တိုက်ပွဲ တနာရီနီးပါး ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးခဲ့ကြောင်း ဆိုသည်။

“ရန်သူအင်အားက တပ်စိတ်တစိတ်ဆိုတော့ ၁၀ ယောက်ကျော်ရှိတယ်။ တိုက်ပွဲကြာချိန်ကတော့ ခန့်မှန်း တနာရီနီးပါးရှိပါမယ်။ စကစငါးဦးသေဆုံးတာကိုတော့ ရွာခံမျက်မြင်သက်သေတွေဆီကနေ သိရပါတယ်” ဟု တောကျီးကန်းစစ်ကြောင်း သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က သစ်ကွင်းလမ်းဆုံတဝိုက်မှ ပြန်လည်ထွက်ခွာရန် လက်နက် ကြီးများဖြင့် နီးစပ်ရာများသို့ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲပြီးတော့မှ ပြန်လည်ဆုတ်ဖို့အတွက် လက်နက်ကြီးနဲ့ ရမ်းသန်းပစ်တာတွေရှိတယ်၊ လက်နက် ကြီးတွေနဲ့ ပစ်ကူလုပ်ပြီး ပြန်ဆုတ်သွားပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာအနီးရှိ စစ်ကောင်စီ လက်အောက်ခံ နတ်ကြီး BGF စခန်းအား တပ်မဟာ (၁) KNLA တပ်မဟာ ဒရုန်းတပ်ဖွဲ့၊ Federal Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း၍ ဒရုန်းဖြင့် ဗုံးသီးနှစ်ကြိမ် ကြဲချ တိုက်ခိုက်ခဲ့ကြောင်း Federal Wings က ယနေ့ စက်တင်ဘာလ ၂၀ ရက်တွင် ထုတ်ပြန်သည်။

ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံ BGF တဦးသေဆုံး၍ ရှစ်ဦး ဒဏ်ရာရရှိ ကြောင်း သိရသည်။
ကျိုက်ထို၊ ဘီးလင်းနှင့် သထုံမြို့နယ်တို့သည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) နယ်မြေ အတွင်းတည်ရှိပြီး အဆိုပါနယ်မြေအတွင်းရှိ စစ်ကောင်စီ အထိုင်ချတပ်ရင်းများ၊ စခန်းများ၊ စစ်ဆေးရေး ဂိတ်စခန်းများ၊ ကင်းပုန်းများ၊ စစ်ယာဉ်တန်းများကို တပ်မဟာ (၁) KNLA ပါဝင်သော တော်လှန်ရေး အင်အားစု ပူးပေါင်းတပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီး၊ သေနတ်များဖြင့် မကြာခဏ သွားရောက် တိုက် ခိုက်လေ့ရှိကြောင်း၊ တိုက်ခိုက်ခံရတိုင်းလည်း စစ်ကောင်စီဘက်တွင် အထိအခိုက်များရှိကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#မွန်ပြည်နယ်
#ကျိုက်ထိုမြို့နယ်
#ရန်ကုန်-မော်လမြိုင်လမ်း
#KNUတပ်မဟာ(၁)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14🥰2👏2❤1😁1
မြန်မာနိုင်ငံရှိတိုင်းနှင့်ပြည်နယ်၉ ခုသို့ခရီးမသွားရန်ဗြိတိန်ကသတိပေး|Business Round Up(20.9.2023)
=================

- အာဆီယံရဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရေး တရုတ်က အဓိကအရေးပါတဲ့နိုင်ငံဖြစ်တယ်လို့ စစ်ကောင်စီဝန်ကြီးဆို

- မူဆယ်မှာ တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ ဒေသခံများ စားနပ်ရိက္ခာအခက်အခဲရှိနေ

- မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် ၉ ခုသို့ လုံး၀ ခရီး မသွား ရန် ဗြိတိန်က ထပ်မံသတိပေး

- မြန်မာနိုင်ငံမြောက်ပိုင်း အွန်လိုင်းလိမ်လည်မှုတရားခံ ၁၅ဝဝ နီးပါး တရုတ်-မြန်မာ ပူးပေါင်းဖမ်းဆီး

https://youtu.be/5_Amgyd5y2I?si=DNJG-VfN3xFeG9gq
 
#BusinessRoundUp
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥4👍1
​​ရိုဟင်ဂျာအရေး ဖြေရှင်းရန် OIC နှင့် အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး မလေးရှား တိုက်တွန်း 
=======================

ရိုဟင်ဂျာ လူသားချင်း စာနာထောက်ထားရေး အကျပ်အတည်းအား ဖြေရှင်းရန် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC နှင့် အာဆီယံတို့ ပူးပေါင်းဆောင်ရွက်ရန် မလေးရှားက တိုက်တွန်းသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥1
This media is not supported in your browser
VIEW IN TELEGRAM
September - 20 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
👍5🍌1
စက်တင်ဘာလ ( ၂၀ ) ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
===================

01:01-မြန်မာစစ်တပ်ကို ဆိုနာစနစ် ရောင်းချမှုအတွက် စင်ကာပူနိုင်ငံသားနှစ်ဦး ဒဏ်ငွေချမှတ်ခံရတဲ့သတင်း

03:39-တပ်မ(၄၄)လက်အောက်ခံတပ်မှ စစ်သား ၂ ဦး လက်နက်ခဲယမ်းနဲ့ အတူ KNUထံ ပူးပေါင်းတဲ့သတင်း

04:50-ဒေါ်အောင်ဆန်းစုကြည်ကို ဆေးကုသခွင့်ပေးဖို့ စုပေါင်းတောင်းဆိုတဲ့သတင်း

07:28-တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် သံဃာ ၂ ပါး ထိခိုက် ဒဏ်ရာရတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။

https://youtu.be/iKf3SIwpfrI?si=bLtgf0vanyB-JkeI

#4pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥1
Media is too big
VIEW IN TELEGRAM
အာဆီယံအဖွဲ့ဝင်နိုင်ငံများသာ ပြုလုပ်တဲ့ ပထမဆုံး စစ်ရေးလေ့ကျင့်မှုမှာ မြန်မာပါဝင်

#PoliticalNews #MizzimaTV #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
❤5👍1
Media is too big
VIEW IN TELEGRAM
အီးစပို့ပြိုင်ပွဲတွေကို အိုလံပစ်အဆင့်ပြိုင်ပွဲတွေဖြစ်လာဖို့ အာရှပြိုင်ပွဲတွေအစပြု

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
🔥2
​​စစ်ကောင်စီ၏ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မိုးမြင့်ထွန်းနေရာတွင် ဗိုလ်ချုပ်မြထွန်းဦးနှင့်အစားထိုး
====================

002
စစ်ကောင်စီ၏ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မိုးမြင့်ထွန်းနေရာတွင် ဗိုလ်ချုပ်မြထွန်းဦးနှင့်အစားထိုးလိုက်‌ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

ဇူလိုင် ၅ ရက်ကမှ ယင်းကော်မတီတွင် ဥက္ကဋ္ဌ အဖြစ်တာဝန်ပေးခြင်း ခံရသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းမှာ သုံးလအကြာတွင် အစားထိုးခံရ ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ၏လူယုံတဦးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို တာဝန်မှအနားပေးလိုက်ပြီး နေအိမ်အကျယ်ချုပ်ဖြင့် ထားလိုက်ပြီး နောက် ယင်းကော်မတီဥက္ကဋ္ဌနေရာအ‌ပြောင်းအလဲ ဖြစ်ပေါ်လာ ခြင်းဖြစ်သည်။

စစ်ကောင်စီက ပြင်ဆင်ဖွဲ့စည်းလိုက်သည့် ကော်မတီတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၀န်ကြီး ဗိုလ်ချုပ်မြထွန်းဦးက ဥက္ကဋ္ဌ ဖြစ်လာပြီး အတွင်းရေးမှူးမှာ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံ ခြားစီးပွားဆက်ဆံရေး၀န်ကြီး ဒေါက်တာကံဇော်ဖြစ်သည်။

အဖွဲ့၀င်အဖြစ် ပါဝင်သူများမှာ စစ်ခေါင်းဆောင်၏ အကြံပေး MEC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီး ဦး၀င်းရှိန်၊ စီးပွားကူးသန်း ဝန်ကြီး ဦးအောင်နိုင်ဦး၊ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့ဖြစ်သည်။

နိုင်ငံအတွင်း ကုန်ပစ္စည်းများပြတ်တောက်မှုနှင့် ကုန်စျေးနှုန်းကြီးမြင့်မှု ဆိုးဆိုးရွားရွားဖြစ်ပေါ်နေပြီးနောက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် (MIC)ဥက္ကဋ္ဌ နှင့် စစ်ကောင်စီဝင်အဖွဲ့ဝင် အသက် ၅၅ နှစ်အရွယ် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အရေးယူခြင်းဖြစ်ပေါ်လာခဲ့သည်။

အကျင့်ပျက်လာဘ်စားမှုဖြင့် စစ်ဆေးခံနေရသော စစ်ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၏ အဆောင်အယောင်များနှင့် ကားများကို သိမ်းလိုက်ပြီဖြစ်ပြီး ၎င်းနှင့်ရင်းနှီးသူ စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင်ကိုလည်း ခေါ်ယူစစ်ဆေးနေကြောင်း နေပြည်တော် သတင်းရင်းမြစ်တခုအရ သိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လူယုံတဦးဖြစ်သော ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းမှာ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ လည်း ဖြစ်သည်။

သွင်းကုန်ကိစ္စ၊ ဒေါ်လာကိစ္စများနှင့်ဆက်နွှယ်ပြီး နေပြည်တော်နှင့် ရန်ကုန်တို့မှ လုပ်ငန်းရှင်များကို ခေါ်ယူ စစ်ဆေးမေးမြန်းခဲ့ပြီးနောက် ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို လာဘ်ပေးရကြောင်းပေါ်ပေါက်ပြီးနောက် ဖမ်းဆီးစစ်ဆေးခြင်း ဖြစ်ပေါ်လာခဲ့သည်။

ထို့ပြင် မိုးမြင့်ထွန်းနှင့် စစ်တက္ကသိုလ် အပတ်စဉ်(၃၀)အတူတက်ရောက်ခဲ့သော စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် ခေါ်ယူစစ်ဆေးခံနေရသည်ဟု ဆိုသည်။

အာဏာမသိမ်းခင်က ရာထူးတက်မှန်ခဲ့သော မိုးမြင့်ထွန်းမှာ တချိန်တွင် မင်းအောင်လှိုင်နေရာကိုဆက်ခံမည့်သူအဖြစ် တစ်ပေးခံခဲ့ရသူလည်းဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤5👏2👍1🤬1
Media is too big
VIEW IN TELEGRAM
ကိုလိုနီခေတ် ပါလီမန်အဆောက်အဦးကနေ အဆောက်အဦးသစ်ဆီသို့ အိန္ဒိယပါလီမန်အမတ်တွေ ရွှေ့ပြောင်း

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
❤6
စစ်မြေပြင် အရေးပေါ်ကယ်ဆယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု မွန်းမံသင်တန်း မိုးဗြဲ PDF ဆေးတပ်သားများ တက်ရောက်ပြီးစီး
👍9🔥1
စစ်မြေပြင် အရေးပေါ်ကယ်ဆယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု မွန်းမံသင်တန်း မိုးဗြဲ PDF ဆေးတပ်သားများ တက်ရောက်ပြီးစီး
=====================

ကိုဇာနည်
(မဇ္စျိမ) ။ ။ မိုးဗြဲ PDF (1001) တပ်ရင်း လက်အောက်ရှိ ဆေးတပ်သားများသည် စစ်မြေပြင်အရေးပေါ်ကယ်ဆယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု မွန်းမံသင်တန်းကို အောင်မြင်စွာ တက်ရောက်ပြီးစီးကြောင်း ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်တွင် မိုးဗြဲ PDF က ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၁၂ ရက်မှ ၁၆ ရက်အထိ ငါးရက်တာ ပြုလုပ်ခဲ့သည့် ထိုသင်တန်းတွင် သင်တန်းသား ဦးရေ ၄၀ တက်ရောက်ခဲ့ကြောင်း မိုးဗြဲ PDF တာဝန်ရှိသူက ဆိုသည်။
"ကျွန်တော်တို့ MOBYE PDF Rescue Team-MPRT ရဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ ရှေ့ဆက် ဆောင်ရွက်နိုင်ဖို့အတွက် ပြည်တွင်း ၊ ပြည်ပမှ တော်လှန်ထောက်ပို့ ပြည်သူများအနေနဲ့ ဆက်လက် ရပ်တည်ပံ့ပိုးပေးရန် လိုအပ်ပါတယ် ” ဟု တာဝန်ရှိသူက ပြောသည်။

မိုးဗြဲ PDF နှင့် မဟာမိတ်တပ်ဖွဲ့များရှိ ဆရာဝန်များ၊ သူနာပြုများ ပူးပေါင်း၍ ထိုသင်တန်းတွင် သင်ကြားပေးခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

မိုးဗြဲ PDFတွင် အရေးပေါ်ကယ်ဆယ်ရေး အတွက် အသုံးအဆောင်နှင့် ဆေးဝါးပစ္စည်းများ လိုအပ်နေကြောင်း သိရသည်။ "ဝေဟင်လဲဖြို မြေပြင်လဲပြို မိုးဗြဲ PDF အတွက် ပွိုင့် 5 တစ်လက်" ဆိုသည့် ကမ်ပိန်းတွင် ပြည်သူများပါဝင်ပူးပေါင်းရန်လည်း မေတ္တာရပ်ခံထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

#Mizzima
#မိုးဗြဲ PDF
#ဆေးတပ်သား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10❤3🔥1
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ခွဲစိတ်ကုသမှုခံယူခဲ့ရကြောင်း သမီးဖြစ်သူပြော

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍4😁3
​​စပိန်ကစားသမားတွေဟာ နေးရှင်းလိဂ်ပွဲမစခင် သပိတ်မှောက်တာကို အဆုံးသတ်ရပ်နားဖို့ သဘောတူ
==================

By PKThawn
စပိန်အမျိုးသမီးအသင်းရဲ့ ကစားသမားအများစုဟာ သူတို့ရဲ့ သပိတ်မှောက်မှုကို အဆုံးသတ်ဖို့ သဘောတူညီခဲ့ကြောင်း အားကစားဆိုင်ရာ စပိန်နိုင်ငံခြားရေးဝန်ကြီး ဗစ်တာ ဖရန်ကို့စ်က ပြောပါတယ်။

၇ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးမှုတေအပြီူ ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ၀၅း၀၀ မှာ သဘောတူညီမှု ရရှိခဲ့တာပါ။
အခုလ နေးရှင်းလိဂ်ပြိုင်ပွဲအတွက် ခေါ်ယူထားတဲ့ ကစားသမား ၂၃ ဦးအနက် နှစ်ဦးဟာ အသင်းလူစာရင်းကနေ နုတ်ထွက်ဖို့ ရွေးချယ်ခဲ့ပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF)ဟာ "ချက်ချင်းလက်ငင်းနဲ့ လေးနက်တဲ့ အပြောင်းအလဲတွေ"ကို လုပ်ဆောင်ဖို့ ကတိပြုခဲ့ကြောင်း ဖရန်ကို့စ်က ပြောပါတယ်။

RFEF ဥက္ကဌ လူးဝစ် ရူဘီယာလက်စ်ဟာ ပြီးခဲ့တဲ့လက အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်းက အင်္ဂလန်ကို အနိုင်ရအပြီးမှာ တိုက်စစ်မှူး ဂျေနီ ဟာမိုဆိုကို အနမ်းပေးပြီးတဲ့နောက် ကစားသမားတွေဟာ သပိတ်မှောက်တာကို စတင်ခဲ့တာဖြစ်ပါတယ်။
အလိုမတူဘူးပဲ အနမ်းခံရတယ်လို့ ပြောဆိုခဲ့တဲ့ ဟာမိုဆိုဟာ ရူဘီလက်စ် နုတ်ထွက်စေခဲ့ပြီး စပိန်အသင်းမန်နေဂျာ ဂျော့ ဗီလ်ဒါဟာလည်း ထုတ်ပယ်ခံခဲ့ရပါတယ်။

စပိန်အသင်းဟာ သောကြာမှာ ဆွီဒင်၊ အင်္ဂါနေ့မှာ ဆွစ်ဇာန်အသင်းတိုနဲ့ နေရှင်းလိဂ်ပွဲစဉ်တွေကို ကစားရမည်ဖြစ်ပါတယ်။
စပိန်အစိုးရရဲ့ အမျိုးသားအားကစားအေဂျင်စီ (CSD) အကြီးအကဲ ဖရန်ကို့စ်က "အသင်းအနေနဲ့ လာမယ့် နှစ်ပွဲကို ကစားမယ်လို့ အာမခံချက်နဲ့အတူ ပြောနိုင်တာက သတင်းကောင်းပါပဲ"လို့ ပြောဆိုသွားပါတယ်။

Ref; BBC
👍6🔥1
Media is too big
VIEW IN TELEGRAM
တရုတ်နိုင်ငံရဲ့ ခန့်မှန်းရခက်တဲ့ဥပဒေတွေက နိုင်ငံခြားကုမ္ပဏီတွေအတွက် စိုးရိမ်စရာဖြစ်ကြောင်း အီးယူပြော

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍6😁1🕊1