Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
အီးစပို့ပြိုင်ပွဲတွေကို အိုလံပစ်အဆင့်ပြိုင်ပွဲတွေဖြစ်လာဖို့ အာရှပြိုင်ပွဲတွေအစပြု

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
🔥2
​​စစ်ကောင်စီ၏ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မိုးမြင့်ထွန်းနေရာတွင် ဗိုလ်ချုပ်မြထွန်းဦးနှင့်အစားထိုး
====================

002
စစ်ကောင်စီ၏ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မိုးမြင့်ထွန်းနေရာတွင် ဗိုလ်ချုပ်မြထွန်းဦးနှင့်အစားထိုးလိုက်‌ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

ဇူလိုင် ၅ ရက်ကမှ ယင်းကော်မတီတွင် ဥက္ကဋ္ဌ အဖြစ်တာဝန်ပေးခြင်း ခံရသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းမှာ သုံးလအကြာတွင် အစားထိုးခံရ ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ၏လူယုံတဦးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို တာဝန်မှအနားပေးလိုက်ပြီး နေအိမ်အကျယ်ချုပ်ဖြင့် ထားလိုက်ပြီး နောက် ယင်းကော်မတီဥက္ကဋ္ဌနေရာအ‌ပြောင်းအလဲ ဖြစ်ပေါ်လာ ခြင်းဖြစ်သည်။

စစ်ကောင်စီက ပြင်ဆင်ဖွဲ့စည်းလိုက်သည့် ကော်မတီတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၀န်ကြီး ဗိုလ်ချုပ်မြထွန်းဦးက ဥက္ကဋ္ဌ ဖြစ်လာပြီး အတွင်းရေးမှူးမှာ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံ ခြားစီးပွားဆက်ဆံရေး၀န်ကြီး ဒေါက်တာကံဇော်ဖြစ်သည်။

အဖွဲ့၀င်အဖြစ် ပါဝင်သူများမှာ စစ်ခေါင်းဆောင်၏ အကြံပေး MEC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီး ဦး၀င်းရှိန်၊ စီးပွားကူးသန်း ဝန်ကြီး ဦးအောင်နိုင်ဦး၊ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့ဖြစ်သည်။

နိုင်ငံအတွင်း ကုန်ပစ္စည်းများပြတ်တောက်မှုနှင့် ကုန်စျေးနှုန်းကြီးမြင့်မှု ဆိုးဆိုးရွားရွားဖြစ်ပေါ်နေပြီးနောက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် (MIC)ဥက္ကဋ္ဌ နှင့် စစ်ကောင်စီဝင်အဖွဲ့ဝင် အသက် ၅၅ နှစ်အရွယ် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အရေးယူခြင်းဖြစ်ပေါ်လာခဲ့သည်။

အကျင့်ပျက်လာဘ်စားမှုဖြင့် စစ်ဆေးခံနေရသော စစ်ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၏ အဆောင်အယောင်များနှင့် ကားများကို သိမ်းလိုက်ပြီဖြစ်ပြီး ၎င်းနှင့်ရင်းနှီးသူ စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင်ကိုလည်း ခေါ်ယူစစ်ဆေးနေကြောင်း နေပြည်တော် သတင်းရင်းမြစ်တခုအရ သိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လူယုံတဦးဖြစ်သော ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းမှာ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ လည်း ဖြစ်သည်။

သွင်းကုန်ကိစ္စ၊ ဒေါ်လာကိစ္စများနှင့်ဆက်နွှယ်ပြီး နေပြည်တော်နှင့် ရန်ကုန်တို့မှ လုပ်ငန်းရှင်များကို ခေါ်ယူ စစ်ဆေးမေးမြန်းခဲ့ပြီးနောက် ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို လာဘ်ပေးရကြောင်းပေါ်ပေါက်ပြီးနောက် ဖမ်းဆီးစစ်ဆေးခြင်း ဖြစ်ပေါ်လာခဲ့သည်။

ထို့ပြင် မိုးမြင့်ထွန်းနှင့် စစ်တက္ကသိုလ် အပတ်စဉ်(၃၀)အတူတက်ရောက်ခဲ့သော စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် ခေါ်ယူစစ်ဆေးခံနေရသည်ဟု ဆိုသည်။

အာဏာမသိမ်းခင်က ရာထူးတက်မှန်ခဲ့သော မိုးမြင့်ထွန်းမှာ တချိန်တွင် မင်းအောင်လှိုင်နေရာကိုဆက်ခံမည့်သူအဖြစ် တစ်ပေးခံခဲ့ရသူလည်းဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤5👏2👍1🤬1
Media is too big
VIEW IN TELEGRAM
ကိုလိုနီခေတ် ပါလီမန်အဆောက်အဦးကနေ အဆောက်အဦးသစ်ဆီသို့ အိန္ဒိယပါလီမန်အမတ်တွေ ရွှေ့ပြောင်း

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
❤6
စစ်မြေပြင် အရေးပေါ်ကယ်ဆယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု မွန်းမံသင်တန်း မိုးဗြဲ PDF ဆေးတပ်သားများ တက်ရောက်ပြီးစီး
👍9🔥1
စစ်မြေပြင် အရေးပေါ်ကယ်ဆယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု မွန်းမံသင်တန်း မိုးဗြဲ PDF ဆေးတပ်သားများ တက်ရောက်ပြီးစီး
=====================

ကိုဇာနည်
(မဇ္စျိမ) ။ ။ မိုးဗြဲ PDF (1001) တပ်ရင်း လက်အောက်ရှိ ဆေးတပ်သားများသည် စစ်မြေပြင်အရေးပေါ်ကယ်ဆယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု မွန်းမံသင်တန်းကို အောင်မြင်စွာ တက်ရောက်ပြီးစီးကြောင်း ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်တွင် မိုးဗြဲ PDF က ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၁၂ ရက်မှ ၁၆ ရက်အထိ ငါးရက်တာ ပြုလုပ်ခဲ့သည့် ထိုသင်တန်းတွင် သင်တန်းသား ဦးရေ ၄၀ တက်ရောက်ခဲ့ကြောင်း မိုးဗြဲ PDF တာဝန်ရှိသူက ဆိုသည်။
"ကျွန်တော်တို့ MOBYE PDF Rescue Team-MPRT ရဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ ရှေ့ဆက် ဆောင်ရွက်နိုင်ဖို့အတွက် ပြည်တွင်း ၊ ပြည်ပမှ တော်လှန်ထောက်ပို့ ပြည်သူများအနေနဲ့ ဆက်လက် ရပ်တည်ပံ့ပိုးပေးရန် လိုအပ်ပါတယ် ” ဟု တာဝန်ရှိသူက ပြောသည်။

မိုးဗြဲ PDF နှင့် မဟာမိတ်တပ်ဖွဲ့များရှိ ဆရာဝန်များ၊ သူနာပြုများ ပူးပေါင်း၍ ထိုသင်တန်းတွင် သင်ကြားပေးခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

မိုးဗြဲ PDFတွင် အရေးပေါ်ကယ်ဆယ်ရေး အတွက် အသုံးအဆောင်နှင့် ဆေးဝါးပစ္စည်းများ လိုအပ်နေကြောင်း သိရသည်။ "ဝေဟင်လဲဖြို မြေပြင်လဲပြို မိုးဗြဲ PDF အတွက် ပွိုင့် 5 တစ်လက်" ဆိုသည့် ကမ်ပိန်းတွင် ပြည်သူများပါဝင်ပူးပေါင်းရန်လည်း မေတ္တာရပ်ခံထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

#Mizzima
#မိုးဗြဲ PDF
#ဆေးတပ်သား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10❤3🔥1
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ခွဲစိတ်ကုသမှုခံယူခဲ့ရကြောင်း သမီးဖြစ်သူပြော

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍4😁3
​​စပိန်ကစားသမားတွေဟာ နေးရှင်းလိဂ်ပွဲမစခင် သပိတ်မှောက်တာကို အဆုံးသတ်ရပ်နားဖို့ သဘောတူ
==================

By PKThawn
စပိန်အမျိုးသမီးအသင်းရဲ့ ကစားသမားအများစုဟာ သူတို့ရဲ့ သပိတ်မှောက်မှုကို အဆုံးသတ်ဖို့ သဘောတူညီခဲ့ကြောင်း အားကစားဆိုင်ရာ စပိန်နိုင်ငံခြားရေးဝန်ကြီး ဗစ်တာ ဖရန်ကို့စ်က ပြောပါတယ်။

၇ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးမှုတေအပြီူ ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ၀၅း၀၀ မှာ သဘောတူညီမှု ရရှိခဲ့တာပါ။
အခုလ နေးရှင်းလိဂ်ပြိုင်ပွဲအတွက် ခေါ်ယူထားတဲ့ ကစားသမား ၂၃ ဦးအနက် နှစ်ဦးဟာ အသင်းလူစာရင်းကနေ နုတ်ထွက်ဖို့ ရွေးချယ်ခဲ့ပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF)ဟာ "ချက်ချင်းလက်ငင်းနဲ့ လေးနက်တဲ့ အပြောင်းအလဲတွေ"ကို လုပ်ဆောင်ဖို့ ကတိပြုခဲ့ကြောင်း ဖရန်ကို့စ်က ပြောပါတယ်။

RFEF ဥက္ကဌ လူးဝစ် ရူဘီယာလက်စ်ဟာ ပြီးခဲ့တဲ့လက အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်းက အင်္ဂလန်ကို အနိုင်ရအပြီးမှာ တိုက်စစ်မှူး ဂျေနီ ဟာမိုဆိုကို အနမ်းပေးပြီးတဲ့နောက် ကစားသမားတွေဟာ သပိတ်မှောက်တာကို စတင်ခဲ့တာဖြစ်ပါတယ်။
အလိုမတူဘူးပဲ အနမ်းခံရတယ်လို့ ပြောဆိုခဲ့တဲ့ ဟာမိုဆိုဟာ ရူဘီလက်စ် နုတ်ထွက်စေခဲ့ပြီး စပိန်အသင်းမန်နေဂျာ ဂျော့ ဗီလ်ဒါဟာလည်း ထုတ်ပယ်ခံခဲ့ရပါတယ်။

စပိန်အသင်းဟာ သောကြာမှာ ဆွီဒင်၊ အင်္ဂါနေ့မှာ ဆွစ်ဇာန်အသင်းတိုနဲ့ နေရှင်းလိဂ်ပွဲစဉ်တွေကို ကစားရမည်ဖြစ်ပါတယ်။
စပိန်အစိုးရရဲ့ အမျိုးသားအားကစားအေဂျင်စီ (CSD) အကြီးအကဲ ဖရန်ကို့စ်က "အသင်းအနေနဲ့ လာမယ့် နှစ်ပွဲကို ကစားမယ်လို့ အာမခံချက်နဲ့အတူ ပြောနိုင်တာက သတင်းကောင်းပါပဲ"လို့ ပြောဆိုသွားပါတယ်။

Ref; BBC
👍6🔥1
Media is too big
VIEW IN TELEGRAM
တရုတ်နိုင်ငံရဲ့ ခန့်မှန်းရခက်တဲ့ဥပဒေတွေက နိုင်ငံခြားကုမ္ပဏီတွေအတွက် စိုးရိမ်စရာဖြစ်ကြောင်း အီးယူပြော

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍6😁1🕊1
​​ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာများတွင် ဗိုလ်ချုပ်မြထွန်းဦး အစားထိုး
==================

အဂတိလိုက်စားမှုဖြင့် စစ်ဆေးခံ‌နေရသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၏ ကော်မတဥက္ကဋ္ဌ နေရာများတွင် ဗိုလ်ချုပ်မြထွန်းဦး တာဝန်ယူလိုက် ‌ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ဥက္ကဋ္ဌ တာဝန်ယူထားသည့် ကော်မတီများမှာ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၊ နိုင်ငံ ခြား ရင်းနှီးမြုပ်နှံမှု ကော်မရှင်၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်‌စေ‌ရေးကော်မတီတို့ ဖြစ်သည်။

ယင်းကော်မတီများမှာ စစ်ကောင်စီအတွက် နိုင်ငံခြား‌ငွေ အဓိကရှာဖွေပေးသည့် ကော်မတီများလည်းဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကော်မတီများတွင် သူ၏ လက်ရုံးဟု သတ်မှတ်ထားသည့် မိုးမြင့်ထွန်းအား တာဝန်ယူစေခဲ့ သော်လည်း အကျင့်ပျက်ခြစားမှုဖြင့် ယခုတွင် အရေးယူခံရခြင်းဖြစ် သည်။

အကျင့်ပျက်လာဘ်စားမှုဖြင့် စစ်ဆေးခံနေရသော စစ်ကောင်စီဝင် မိုးမြင့်ထွန်း၏ အဆောင်အယောင်များနှင့် ကားများကို သိမ်းလိုက်ပြီဖြစ်ပြီး ၎င်းနှင့်ရင်းနှီးသူ စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင်ကိုလည်း ခေါ်ယူစစ်ဆေးနေကြောင်း နေပြည်တော် သတင်းရင်းမြစ်တခုအရ သိရသည်။

သွင်းကုန်ကိစ္စ၊ ဒေါ်လာကိစ္စများနှင့်ဆက်နွှယ်ပြီး နေပြည်တော်နှင့် ရန်ကုန်တို့မှ လုပ်ငန်းရှင်များကို ခေါ်ယူ စစ်ဆေးမေးမြန်းခဲ့ပြီးနောက် မိုးမြင့်ထွန်းကို လာဘ်ပေးရကြောင်းပေါ်ပေါက်ပြီးနောက် ဖမ်းဆီးစစ်ဆေးခြင်း ဖြစ်ပေါ်လာခဲ့သည်။

ထို့ပြင် မိုးမြင့်ထွန်းနှင့် စစ်တက္ကသိုလ် အပတ်စဉ်(၃၀)အတူ တက်ရောက်ခဲ့သော စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် ခေါ်ယူစစ်ဆေးခံနေရသည်ဟု ဆိုသည်။

အာဏာမသိမ်းခင်က ရာထူးတက်မှန်ခဲ့သော မိုးမြင့်ထွန်းမှာ တချိန်တွင် မင်းအောင်လှိုင်နေရာကိုဆက်ခံမည့်သူအဖြစ် တစ်ပေးခံခဲ့ရသူလည်းဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁4
စစ်ကောင်စီက မြေရှားသတ္ထုလုပ်ကွက်များကို စစ်ဆေးမည်ဆို၍ လုပ်ကွက်များအားလုံး ယာယီပိတ်သိမ်း
🔥3😁2
စစ်ကောင်စီက မြေရှားသတ္ထုလုပ်ကွက်များကို စစ်ဆေးမည်ဆို၍ လုပ်ကွက်များအားလုံး ယာယီပိတ်သိမ်း
================

အဂမ်
(မဇ္ဈိမ)။ ။ မြေရှားသတ္တုတူးဖော်နေမှုများကို စစ်ကောင်စီက လာရောက်စစ်ဆေးမည်ဆို၍ ထိုလုပ်ငန်းခွင်များအားလုံးကို ယာယီပိတ်သိမ်းထားကြောင်း သတ္တုလုပ်ကွက် လုပ်သားများထံက သိရသည်။
နေပြည်တော်မှ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ လာရောက်စစ်ဆေးမည်ဆိုသည့် သတင်းကြောင့် စက်တင်ဘာ လဆန်းပိုင်းတွင် သတ္တုလုပ်ကွက်များ စတင်ပိတ်သိမ်းနေခြင်းဖြစ်ပြီး လက်ရှိတွင် လုပ်ငန်းခွင်အားလုံးပိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။

ထိုသတ္တုလုပ်ငန်းခွင်တွင် လုပ်ကိုင်နေကြသည့် တရုတ်နိုင်ငံသား ဦးရေ ၅၀၀ ဝန်းကျင်သည် နေရပ်ပြန်သွားပြီဖြစ်ကြောင်း ပန်ဝါဒေသအုပ်ချုပ်ရေးရုံး၏ အချက်အလက်အရ သိရသည်။

အမည်မဖော်လိုသည့် သတ္ထုလုပ်ကွက်လုပ်သားတစ်ဦးက " တရုတ်လောပန်တွေနဲ့ မန်နေဂျာတွေ အကုန်လုံး ပြန်သွားပြီလေ။ အပြီးပြန်သွားတာတော့ မဟုတ်ဘူး။ စစ်ဆေးရေးအဖွဲ့လာမယ်ဆိုလို့ စကားပြောစရာတွေ မရှိစေချင်လို့ ခဏရှောင်တဲ့သဘောပါ။ သူတို့ ပြန်လာဦးမှာပါ။ လုပ်ကွက်မှာ ထည့်ထားတဲ့ သူတို့ရဲ့ ပိုက်ဆံတွေ ပြန်လာယူရဦးမှာလေ" ဟု ပြောသည်။

NDA - K ခေါ် ဦးဇခုန်တန့်ယိန်း၏ ပြည်သူ့စစ်အဖွဲ့များ ထိန်းချုပ်ရာ ကချင်အထူးဒေသ (၁)နယ်မြေသို့ စစ်ကောင်စီ၏ နေပြည်တော်မှစစ်ဆေးရေးအဖွဲ့များသည် သတ္တုလုပ်ငန်းခွင် မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိနှင့် တရုတ်နိုင်ငံသား မှောင်ခိုလုပ်သားများ မည်မျှဝင်ရောက် လုပ်ကိုင်နေသည်ကို စစ်ဆေးရန် လာရောက်မည်ဟု သတင်းများထွက်ပေါ်နေခြင်းဖြစ်ကြောင်း သတ္တုလုပ်ငန်းခွင် လုပ်သားများကဆိုသည်။ ထိုသတင်းနှင့် ပတ်သက်၍ အသေးစိတ်အခြေအနေကို မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။

ထိုသို့ သတင်းထွက်ပေါ်ခြင်းသည် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် ထွက်ပေါ်လာခြင်းဖြစ်ပြီး ယင်းလုပ်ငန်းခွင်တွင် လုပ်ကိုင်နေကြသည့် မြန်မာလုပ်သားများသည်လည်း လုပ်ငန်းပြန်စမည့်အချိန်ကို ပန်ဝါမြို့တွင် စောင့်ဆိုင်းနေကြကြောင်း သိရသည်။ သို့သော် တည်းခို၊ စားသောက်စရိတ် ကြီးမြင့်၍ နေရပ်ပြန်သွားကြသူများလည်းရှိကြောင်း မဇ္ဈိမ၏ မြေပြင်သတင်းအဖွဲ့က အတည်ပြုထားသည်။

လုပ်သားအချို့မှာ လုပ်ခလစာမရသေးဘဲ လုပ်ငန်းခွင်ပြန်စချိန်တွင် ထိုကျန်ရှိ လစာများ ရရှိရန် မသေချာကြောင်း လုပ်သားတဦးက ပြောသည်။

မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းများတွင် လုပ်ကိုင်နေကြသူ မြန်မာနိုင်ငံသား ဦးရေမှာ ၁၀၀,၀၀၀ ဝန်းကျင်ရှိကြောင်း ပြည်တွင်း သုတေသန အဖွဲ့ တခုဖြစ်သည့် TANKS ၏ စာရင်းအချက်အလက်အရ သိရသည်။

မြေရှားသတ္တု တူးဖော်နေသည့် ဒေသတွင် သဘာဝဂေဟစနစ်ပျက်စီးနေပြီး တောရိုင်းတိရစ္ဆာန်များ စားကျက်မြေ ပြောင်းရွေ့သွားကြောင်း ၊ မြစ်ချောင်းအင်းအိုင်များနှင့် ရေဝေ၊ ရေလဲဒေသများပျက်စီးလာနေသည့် အပြင် သတ္ထုတူးဖော်ရာတွင် သုံးသည့် ဓာတုဆေးဝါးများနှင့် ထိတွေ့မှုကြောင့် အလုပ်သမားများ၏ ကျန်းမာရေးများ ဆိုးရွာလာနေပြီး ကြောင်း သုတေသန စာတမ်းများအရ သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
ပုံညွှန်း - မြေရှားသတ္ထုလုပ်ကွက်ပုံ (ဓာတ်ပုံ- CJ)

#Mizzima
#မြေရှားသတ္တုတူးဖော်ရေး
#သဘာဝပတ်ဝန်းကျင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5😁2🔥1
​​ပြိုင်ဘက် တောင်ကိုရီးယားက ၉ ဂိုးပြတ် အနိုင်ရချိန် မြောက်ကိုရီးယားက နိုင်ပွဲနဲ့အတူ နိုင်ငံတကာ အားကစားပြိုင်ပွဲဆီ ပြန်လည်ရောက်ရှိ
===================

By PKThawn
မြောက်ကိုရီးယားအသင်းဟာ အင်္ဂါနေ့က အာရှအားကစားပြိုင်ပွဲရဲ့ အမျိုးသားဘောလုံးပွဲစဉ်မှာ ထိုင်ဝမ်ကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိမှုနဲ့အတူ Covid-19 ကပ်ရောဂါဖြစ်ပွားပြီးနောက် နိုင်ငံတကာပြိုင်ပွဲကြီးဆီ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ Covid ရောဂါဖြစ်ပွားပြီးနောက် ၂၀၂၀ ပြည့်နှစ် အစောပိုင်းမှာ နိုင်ငံရဲ့ နယ်စပ်တွေကို ပိတ်ခဲ့ပြီး သူတို့ဟာ ကပ်ရောဂါကြောင့် ၂၀၂၁ ကို ပြောင်းရွှေ့ကျင်းပခဲ့တဲ့ တိုကျိုအိုလံပစ်ကို ပါဝင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

The country was then banned from the 2022 Beijing Winter Olympics for failing to take part in Tokyo.
အဲဒီနောက် မြောက်ကိုရီးယားဟာ တိုကျိုမှာ ပါဝင်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ၂၀၂၂ ဘေဂျင်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကနေ ပိတ်ပင်ထုတ်ပယ်ခံခဲ့ပါတယ်။

ဒါပေမယ့် ပြေးခုန်ပစ်၊ ဂျွမ်းဘား၊ ဘတ်စကတ်ဘော၊ ဘောလုံး၊ လက်ဝှေ့နဲ့ အလေးမအားကစားတွေ အပါအဝင် မြောက်ကိုရီးယားကစားသမားတွေဟာ တရုတ်နိုင်ငံရဲ့ ဟန်ကျိုးမြို့မှာ ကျင်းပတဲ့ အားကစားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေကြပါတယ်။

အားကစားပြိုင်ပွဲကို စနေနေ့မှာ တရားဝင်ဖွင့်လှစ်ခဲ့ပေမယ့်လည်း အင်္ဂါနေ့မှာ အမျိုးသားဘောလုံးပွဲတွေအပါအဝင် အချို့ပွဲစဉ်တွေ ကစားခဲ့ကြပါတယ်။ ထိုင်ဝမ်ကို အနိုင်ရတဲ့ ပွဲမှာ ကင်မ်ကပ်ဂျမ်နဲ့ ရီဂျိုဂတ်တို့က မြောက်ကိုရီးယားအတွက် ပထမပိုင်းမှာ သွင်းယူပေးခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ၂၀၁၈ မှာ ဂျကာတာမှာ ကျင်းပတဲ့ အာရှအားကစားပြိုင်ပွဲနောက်ပိုင်း သူတို့ရဲ့ ပထမဆုံးသော အားကစားမျိုးစုံပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတာပါ။

ပြိုင်ဖက်တွေဖြစ်တဲ့ တောင်ကိုရီးယာအသင်းဟာ ကူဝိတ်ကို ၉-၀ ဂိုးနဲ့ အနိုင်ယူကာ အာရှအားကစားပြိုင်ပွဲမှာ တတိယအကြိမ်မြောက် ရွှေတံဆိပ်ရရှိဖို့ သူတို့ရဲ့ ကြိုးပမ်းမှုကို စတင်ခဲ့ပါတယ်။
ဂျာမနီမှာ စတုဂတ်အသင်းအတွက် ကစားပေးနေတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျောင်းဝူးယောင်းက ဟက်ထရစ်သွင်းယူခဲ့တာပါ။

တရုတ်အသင်းက အိန္ဒိယကို ၅-၁ ဂိုးနဲ့ အနိုင်ယူပြီး သူတို့ရဲ့ ဘောလုံးပြိုင်ပွဲကို စတင်ချိန်မှာ အိမ်ကွင်းမှာ အဖွင့်လှခဲ့ပါတယ်။
အာရှအားကစားပြိုင်ပွဲရဲ့ အမျိုးသားဘောလုံးအသင်းတွေကို အသက် ၂၃ နှစ်အောက် ကစားသမားတွေနဲ့ ဖွဲ့စည်းထားပေမယ့် သက်ကြီးကစားသမား ၃ ဦးကို ခွင့်ပြုထားပါတယ်။

(AFP)
Photo: AFP

#AsianGames #NorthKorea #အာရှအားကစားပြိုင်ပွဲ
👍8❤1🤮1
ရိက္ခာအခက်တွေ့နေသည့် လွိုင်ကော်အရှေ့ခြမ်း စစ်ဘေးရှောင်အိမ်ထောင်စု ၁,၀၀၀ ကျော်အတွက် ဆန်အိတ်များလှူဒါန်း
👍9❤3🔥2🥰2