Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
KNU တပ်မဟာ(၁)ခရိုင်ဌာနချုပ်ရုံးဟောင်းကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲ
🔥7👍2👏1😁1😢1
KNU တပ်မဟာ(၁)ခရိုင်ဌာနချုပ်ရုံးဟောင်းကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲ
======================

YT
(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး( KNU) တပ်မဟာ (၁) နယ်မြေဖြစ်သည့် သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ပုရစ်ခိုကျေးရွာရှိ KNU တပ်မဟာ (၁) ခရိုင် ဌာနချုပ်ရုံးအဟာင်း တည်နေရာအား စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KNLA သတင်းရင်းမြစ်ထံက သိရသည်။

" မနေ့က ဗုံးကြဲခံရတာက အရင်ရုံးချုပ်နေရာ။ ခရိုင်တခုလုံးနဲ့ဆိုင်တဲ့ အုပ်ချုပ်ရေးရုံး စစ်ရေးစစ်ရာရုံးတွေ ရှိတယ်။ အဲ့ဒီနေရာကို လာကြဲသွားတာပါ" ဟု တပ်မဟာ (၁) KNLA သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်နေ့၊ နေ့လယ် ၁၂ နာရီအချိန်တွင် ဘီးလင်းမြို့နယ်၊ ပုရစ်ခိုကျေးရွာရှိ KNU တပ်မဟာ (၁) ခရိုင်ရုံးအဟောင်း တည်နေရာအား စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါနေရာတွင် ခရိုင်ဌာနချုပ်ရုံးအပြင် စစ်ရေးသုံးဗျူဟာရုံးပါ ရှိကြောင်း သိရသည်။

" အဲ့ဒီနေရာကတော့ ခရိုင်ရုံးပေါ့နော်၊ ပရစ်ခိုရွာမှာပေါ့။ ခရိုင်ရုံးရှိတယ် ဗျူဟာရုံးရှိတယ် ၊ အရင်ခရိုင်ရုံးအဟောင်းပေါ့။ မနေ့က တကြိမ် ဗုံးလာကြဲတာပေါ့။ ရုံးပျက်စီးထိခိုက်မှုတော့ ဖြစ်သွားတယ်။ လူတွေကတော့ လုံးဝ တယောက်မှ အထိအခိုက်မရှိပါဘူး" ဟု သထုံခရိုင် PDF က မဇ္ဈိမကို အတည်ပြုပြောဆိုသည်။

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ခရိုင်ဌာနချုပ်ရုံးအဟောင်းနှင့် ဗျူဟာရုံး အဆောက်အအုံ ပျက်စီးမှုများရှိပြီး လူသူထိခိုက်မှုမရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် တိုတယ်ခီးကျေးရွာရှိ KNU တပ်မဟာ (၁) ခရိုင်ဌာနချုပ်ရုံးနေရာကို စစ်ကောင်စီက လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးပြီး ရုံးအဆောက်အအုံနှစ်ခု ထိမှန်ပျက်စီးမှု ရှိခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#KNU
#ဘီးလင်းမြို့နယ်
#ဗုံးကြဲတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥6👍5😁1😢1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၃ စက်တင်ဘာ ၂၀၂၃)
===================

အမျိုးသားညီညွတ်ရေး အစိုးရ

၇၈ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ ညီလာခံကျင်းပနေစဉ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့အရေးနှင့်စပ်လျဉ်း၍ တွေ့ဆုံသင့် တွေ့ဆုံထိုက်သူများနှင့် တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း လူ့အခွင့်အရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီ၏ နယ်မြေဖြစ်သည့် နေပြည်တော်တွင် တိုက်ပွဲဖော်ဆောင်‌ပြီး ၊ စခန်းသိမ်း တိုက်ပွဲများ စတင်ဆင်နွှဲ နေပြီဖြစ်ကြောင်း Iron Tiger Battalion ကျားသံလုံး စစ်ကြောင်း- သံတောင် မြောက်ပိုင်း အထူးဒေသ၏ စစ်ရေး သတင်း နှင့် သတင်းပြန်ကြားရေးက ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးတွေဦးဆောင်သည့် အဖွဲ့နှင့်The Elders ၏ ဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့တို့အကြား နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးတွင် စက်တင်ဘာ ၂၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မြန်မာလူထုအတွက် နိုင်ငံတကာ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ဖျက်ဆီး၊ ဟန့်တား၊ နှောင့်ယှက်နေသည့် စစ်ကောင်စီကို ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ စက်တင်ဘာလ ၂၂ ရက်တွင် ထုတ်ပြန်သည်။
👍19😁2🔥1
တန့်ဆည်နှင့် ရေဦးမြို့နယ်အစပ်ကို စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ
😢9🔥3😁2
တန့်ဆည်နှင့် ရေဦးမြို့နယ်အစပ်ကို စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ
=================

MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်နှင့် ရေဦးမြို့နယ် အစပ်ရှိ ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ရေဦးမြို့နယ်အခြေစိုက် People's Defense Comrade အဖွဲ့ တာဝန်ရှိသူထံက သိရသည်။

“စစ်ကြောင်းနှစ်ခုလုံးက ရေဦးနယ်မြောက်ဘက်ခြမ်းနဲ့ တန့်ဆည်နယ်တောင်ဘက်ခြမ်း နှစ်မြို့နယ်အနီးကို ရောက်နေတယ်ဗျ ။ညှပ်ပိတ်ထိုးနေတယ်။ ရေဦး-တန့်ဆည်အနီးက ရွာပေါင်း နှစ်ဆယ်လောက်က ပြည်သူပေါင်း တသောင်းကျော်လောက် ထွက်ပြေးနေရတယ်” ဟု ရေဦးမြို့နယ်အခြေစိုက် People's Defense Comrade အဖွဲ့ တာဝန်ခံ ကိုထူးခန့်ဇော်က ပြောသည်။

ကန့်ဘလူမြို့မှလာသည့် စစ်ကြောင်းနှင့် ရေဦးမြို့မှလာသည့် စစ်ကြောင်းတို့က တန့်ဆည်နှင့်ရေဦးမြို့နယ်အစပ်ရှိ ကျေးရွာများရှိရာဘက်သို့ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု ဆိုသည်။
ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်တွင် တန့်ဆည်မြို့ ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ အထိုင်ချထားသည့် စခန်းနှစ်ခုကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်မှု ပြုလုပ်ပြီးနောက် ယခုကဲ့သို့ စစ်ကြောင်းထိုးလာနေခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒီနေ့မနက် တန့်ဆည်အရှေ့ခြမ်း ငတန်းရွာဘက်ကနေ တောင်ဘက်ခြမ်းရွာတွေဘက်ကို ထွက်လာတယ် ၊ရေဦးကထွက်လာတဲ့ စစ်ကြောင်းတခုက ဒီနေ့မနက် ကန်ပေါက်ရွာဘက်ကနေ ရေဦးနယ် မြောက်ဘက်ခြမ်း ပုဏ္ဏကားရွာကို ဝင်နေတယ်” ဟု ကိုထူးခန့်ဇော်က ပြောသည်။

တန့်ဆည်မြို့နယ် အရှေ့ခြမ်းမှ တောင်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးနေသည့် အင်အား ၂၀၀ ကျော်ပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် ရွှေတံကျေးရွာ အရှေ့ဘက်တွင် စစ်ရှောင်နေသည့် အသက် ၅၀ အရွယ် ပြည်သူတဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်ကို ကိုးကား၍ ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးနေသည့်အတွက် ရေဦးမြို့နယ်မြောက်ဘက်ခြမ်း ကန်ပေါက်၊ ပန်းကုံး ၊ ဖလံဂုဏ်၊ ဗိုလ်ရုံ ၊ဆပ်သေ ၊အင်တော ၊လှည်းသွင်း၊ ပုဏ္ဏကား၊ တူမောင်း၊ ရွာသာယာ နှင့် တန့်ဆည်နယ်တောင်ဘက်ခြမ်းရှိ ရွှေတံကျေးရွာ ၊ခပေါင်းကြိုင် ၊ချောင်းရိုး ၊ဖန်းခါးဇင် ၊စိမ်းစား ၊ဒယ်ရောက်၊ အောင်သာ စသည့်ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာကို ထွက်ပြေးနေရခြင်းဖြစ်သည်ဟု ဆိုသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#တန့်ဆည်မြို့နယ်
#ရေဦးမြို့နယ်
#စစ်ကောင်စီတပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥4😁1😢1
Media is too big
VIEW IN TELEGRAM
HIV ပိုးရှိတဲ့အမျိုးသမီးက ကိုယ်ဝန်ဆောင်လို့ရနိုင်လား| ကျန်းမာသုတ လူမှုဘ၀

#postpartumdepression
#BabyBlues
#reels
#shorts
👍4🔥1🌭1
ဘုတလင်မြို့နယ်တွင် စစ်ရေယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်
======================

ကိုခင်မောင် (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ၊ ချင်းတွင်းမြစ်အတွင်းစုန်ဆင်းလာသည့် စစ်ရေယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက လေးမြေရွာနှင့် ညောင်သူများရွာအကြားတွင် ရှေ့ထွက်မိုင်း၁၀လုံးနှင့် လက်နက်ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း Daung New Generation ( KANI P.D.F) ထံက သိရသည်။

စစ်သင်္ဘောနှစ်စီးနှင့် ဖလက်ရေယာဉ် ၁၁ စီးပါဝင်သော စစ်ရေယာဉ်အုပ်စုသည် ဘုတလင်မြို့နယ်အတွင်းသို့ စက်တင်ဘာ ၂၂ ရက်နေ့တွင် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကို နေ့လယ် ၁၂ နာရီခွဲခန့်က ပြု လုပ်ခဲ့ခြင်းဖြစ်ကြောင်း Daung New Generation ( Kani PDF) တပ်ဖွဲ့မှ ဗိုလ်မုတ်ဆိတ်က မဇ္စျိမကို ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ရေယာဉ်အုပ်စုမှ ဖလက်ရေယာဥ်တစီး ထိမှန်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်မှုကြောင့် KANI P.D.F ရဲဘော်တဦးသည် ပုခုံးရှပ်ထိကာ မစိုးရိမ်ရ ဒဏ်ရာရရှိသွားကြောင်း ဗိုလ်မုတ်ဆိတ်ထံက သိရသည်။

“ချင်းတွင်းမြစ်ကြောင်းမှာ စစ်သင်္ဘောနှစ်စီးနဲ့ ကုန်တင်ဖလပ် ၁၁ စီးနဲ့ စုန်ဆင်းလာတဲ့ဟာကို ကြားဖြတ်ပြီးတော့ မိုင်းဆွဲတာ။ မော်တော်ယာဥ်တစီးတော့ မိုင်းဆွဲလိုက်နိုင်တယ်။ အဲ့ဒီနေရာမှာ ကန့်လန့်ကြီး မျှောသွားသေးတယ်။ ရေမြုပ်မိုင်း နှစ်လုံးဆင်ထားပေမယ့် မကွဲခဲ့ပါ။ ကနီမြို့နယ်ကနေ စုန်ဆင်းလာတာပါ။ အခုတော့ အလုံမင်းထောင့် ဆိပ်ကမ်းမှာရောက်နေတယ် ” ဟု ၎င်းက ဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ရှေ့ထွက်မိုင်း ၁၀လုံးနှင့် လက်နက် ငယ်များအသုံးပြုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၃၇ မမ အမြောက်များ၊ ၄၀ မမ ဗုံးပစ်လောင်ချာ များ၊ စက်လက်များဖြင့် အဆက်မပြတ် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Daung New Generation ( KANI P.D.F)နှင့် ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ရေယာဥ်အုပ်စုကြောင့် ဘုတလင်မြို့နယ်၊ မြစ်ကြောင်းတစ်လျှောက်မှ ကျေးရွာများဖြစ်သော ရွှေစာရေး၊ ဝန်ပို၊ လေးမြေ၊ ညောင်သူများ၊ ညောင်ကုန်း၊ အင်းတော၊ထန်းတော၊ ကွမ်းခြံ၊ စလွန်း၊ နုန်းတန်းရွာ တို့မှ ဒေသခံများ တိမ်းရှောင်နေကြကြောင်း သိရသည်။

စစ်ရေယာဉ်တန်းသည် ဟုမ္မလင်းမြို့မှစုန်ဆင်းလာခြင်းဖြစ်ပြီး စက်တင်ဘာ ၁၈ ရက်နေ့ညက မင်းကင်း မြို့နယ်၊ မောက္ကတော်ကျေးရွာအနီးတွင် ညအိပ်ရပ်နားခဲ့ပြီး ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်၌ ပြန်လည် ထွက်ခွာစဉ် ရေယာဉ်တစီးတိမ်းမှောက်ခဲ့သည်ဟု သိရသည်။

ထိုရေယာဉ်များ၌ ကျောက်စိမ်းများ သယ် ဆောင်လာပြီး မန္တလေးမြို့အထိသယ်ဆောင်မည်ဟု သတင်းရရှိထားကြောင်း စစ်ကိုင်းတိုင်းအခြေစိုက် ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု(ULF) စစ်ကြောင်းမှူးကပြောသည်။

https://youtu.be/MKTn9QZ-FFw?si=mrIFDnSAZeXjA8Fz

စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#ဘုတလင်မြို့နယ်
#စစ်ရေယာဉ်တန်း

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍16😁3
ဝက်သားပိန္နဲသီးထောင်းနှင့် မျှစ်သုပ် | Chef Eve's Easy Thai Cooking Show | Ep - 30
=======================

ဒီတစ်ပတ်မှာတော့ Chef Eve ရဲ့

ဝက်သားပိန္နဲသီးထောင်းနှင့် မျှစ်သုပ် ချက်ပြုတ်ပုံကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။

Easy Thai Cooking Show အစီအစဥ်မှာ ထိုင်း စားဖိုမှူး Chef Eve ကနေရိုးရှင်းပြီး ကိုယ်တိုင် အလွယ်တကူ လိုက်လုပ်နိုင်မယ့် ထိုင်းမြောက်ပိုင်း အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်ပြသသွားမယ့် အစီစဉ်ပဲဖြစ်ပါတယ်။

ဒီအစီစဉ်ကိုတော့ အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima + Channel ကနေ ကြည့်ရှုနိုင်ပါပြီ။

တီဗီကနေ မကြည့်ရှုလိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima+Youtube နဲ့ Mizzima Application တို့ကနေ ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/fPNs9I1vwgo?si=Nv6A-sv7od_IulDO

#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#ThaiFood
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🤮1
မြင်းမူတွင် ကာကွယ်ရေးတပ်ဖွဲ့ ဝင် ၂၂ ဦးနှင့် ပြည်သူ ၃ ဦး သတ်ဖြတ်ခံရ
😢16❤2👎1👏1
မြင်းမူတွင် ကာကွယ်ရေးတပ်ဖွဲ့ ဝင် ၂၂ ဦးနှင့် ပြည်သူ ၃ ဦး သတ်ဖြတ်ခံရ
====================

MTO
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ်တွင် စက်တင်ဘာလ ၂၂ ရက်နေ့ ညပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် ၂၂ ဦး နှင့် ပြည်သူ သုံး ဦး စုစုပေါင်း ၂၅ ဦး ကို စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်သွားကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ ကြော့မင်းကျေးရွာ မှ ပြည်သူများကို ဘေးလွတ်ရာသို့ ပို့ဆောင်ပေးပြီးနောက် ထွက်လာသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် စစ်ကောင်စီကင်းပုန်းနှင့် ထိပ်တိုက်တွေ့ ၍ သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်ကြောင်းမြင်းမူမြို့နယ်သတင်း မှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ ဂွေးပင်တော ဘက်ကနေ ကြော့မင်းဘက်ကို စစ်ကောင်စီစစ်ကြောင်းထိုးလာလို့ ကြော့မင်းကျေးရွာ က ပြည်သူတွေကို ထုတ်ရင်းနဲ့ သူတို့ က နောက်ဆုံးမှာ စစ်ကောင်စီကင်းပုန်းနဲ့ တွေ့ ပြီး ပစ်သတ်ခံလိုက်ရတာ “ ဟု ၎င်းက ပြောသည်။

သတ်ဖြတ်ခံလိုက်ရသည့် ကာကွယ်ရေးတပ်ဖွဲ့ ဝင်များသည့် ကြော့မင်းကျေးရွာမှ ပကဖ ရဲဘော် ၁၇ ဦး နှင့် စစ်ကိုင်းခရိုင်တပ်ရင်း( ၅) မှ ရဲဘော် ငါးဦး တို့ ဖြစ်ပြီး ပြည်သူ သုံး ဦးလည်း သတ်ဖြတ်ခံခဲ့ရကြောင်း မြင်းမူ သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

“ ရှေ့ ကထွက်တဲ့ပြည်သူတွေပါတဲ့ ထော်လာဂျီကားကို အရင်ဖမ်းထားတာ ။ ပြီတော့ ကားကို လမ်းမပေါ် ကန့် လန့်ရပ်ထားတာကို ကိုယ့်လူတွေထင်ပြီး ကားတွေ ဆိုင်ကယ်တွေနဲ့ အထွက်မှာ စစ်ကောင်စီတပ်က ဖမ်းပြီး သတ်သွားတာ “ ဟု မြင်းမူသတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းသည် ရေတက်နေချိန်ဖြစ်ပြီး ဆုတ်လမ်းတခုတည်းရှိခြင်း ၊လက်လုပ်သေနတ် ရှစ်လက်သာ ရှိခြင်း စသည့် အချက်များကြောင့် ဖြစ်ကြောင်း စစ်ကိုင်း တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ က သတင်းထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မြင်းမူ
#စစ်ကောင်စီတပ် သတ်ဖြတ်

ဓါတ်ပုံအညွှန်း - ဖမ်းဆီးသတ်ဖြတ်ခံထားရသည့် ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ၏ရုပ်အလောင်းနင့် ကျန်ရစ်သူမိသားစုဝင်များ အာတွေ့ ရစဉ်
ဓာတ်ပုံ- ပေးပို့

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢19👍10🔥3😁2👏1
Weekend News Roundup | September 22 2023
=====================

ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။

-မြန်မာ့အရေးကိစ္စ အာဆီယံရဲ့ နည်းလမ်းအတိုင်းသာဖြေရှင်းသင့်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ်ပြောတဲ့သတင်း

-တရုတ်အထူးသံတမန် တိန့်ရှီးကျွင်း နေပြည်တော်သို့ ရောက်ရှိလာတဲ့သတင်း

-ထိုင်ဝမ်ကိုလက်နက်ရောင်းချမှုအတွက် အမေရိကန်ကာကွယ်ရေးကုမ္ပဏီနှစ်ခုကို ပိတ်ဆို့အရေးယူလိုက်ကြောင်း တရုတ်ပြောတဲ့သတင်း

-ရှီကျင့်ဖျင်ကို အာဏာရှင်အဖြစ်ပြောဆိုခဲ့တဲ့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးရဲ့ မှတ်ချက်အပေါ် တရုတ်ဒေါသတကြီးတုံ့ပြန်တဲ့သတင်း

-စစ်ကောင်စီရဲ့ မူဝါဒအလွဲတွေကြောင့် စားအုန်းဆီဝယ်ယူလို့မရတဲ့အထိ အခက်အခဲဖြစ်တဲ့သတင်း

-နိုင်ငံခြားငွေလဲနှုန်းဈေးတွေပြန်ကျနေပေမယ့် ကုန်ဈေးနှုန်း ဆက်လက်မြင့်တတ်နေဆဲအကြောင်း

https://youtu.be/g4dMCTg55tI?si=HbEJix_YhPBhJ-qk

#weekendnewsroundup
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍7😁2
​​ကြော်ငြာမူဝါနှင့်မကိုက်ညီ၍ ပြန်လည်ပြုပြင်ရန်ဆိုကာ ဖေ့စ်ဘုတ်၏အချက်လက်များခိုးယူရန် ကြိုးပမ်း
===================

JC
(မဇ္ဈိမ)။ ။ကြော်ငြာမူဝါဒချိုးဖောက်သဖြင့် ပြန်လည်ပြုပြင်ရန် ပေးထားသည့်လင့်တွင် လော့အင်ဝင်ရန် ဖေ့စ်ဘုတ်စာမျက်နှာများကို ရည်ညွှန်း(Mention)ထားသည့် ပို့စ် တခုပျံ့နှံ့နေသည်။ ယင်းလင့်သည် ဖေ့စ် ဘုတ် အကောင့်နှင့်ပေ့ချ်များအတွက် အန္တရာယ်ရှိသည့် လင့်ဖြစ်သည်။

ယနေ့ စက်တင်ဘာလ ၂၃ ရက်မှ စတင်အသုံးပြုသည့် “Pps Noticoloboration Myppsnoti 31915” ဖေ့စ်ဘုတ်စာမျက်နှာသည် အခြားဖေ့စ်ဘုတ်စာမျက်နှာများအားတွဲ၍ တက်(tag) သို့မဟုတ် မန်းရှင်းခေါ် ကာ “လေးစားအပ်ပါသော Admin သင်၏ FB စာမျက်နှာသည် ကျွန်ုပ်တို့၏ ကြော်ငြာမူဝါဒအချို့ကို ချိုး ဖောက်နေနိုင်သည်ကို ကျွန်ုပ်တို့သတိပြုမိပါသည်။ တားမြစ်ထားသော စကားလုံးများ၊ မသင့်လျော်သော ပုံများ သို့မဟုတ် လှည့်ဖြားမှု၊ စော်ကားသော သို့မဟုတ် ခွဲခြားဆက်ဆံသည့် အကြောင်းအရာများကို အသုံးပြုခြင်းကြောင့် ဖြစ်နိုင်သည်။

FB အသိုင်းအဝိုင်းကို ကာကွယ်ရန်၊ ကျွန်ုပ်တို့သည် သင့်အားဝင်ရောက်ကြည့်ရှုပြီး ညွှန်ကြားချက်များကို လိုက်နာခြင်းဖြင့် သင့်အား အတည်ပြုရန် တောင်းဆိုပါသည်” ဟု ဆိုကာ လင့်တစ်ခုကို ထည့်သွင်းထား သည်။

လင့်သို့ ဝင်ရောက်ပြီး ၂၄ နာရီအတွင်း အတည်ပြုခြင်းမပြုလုပ်ပါက မိမိအသုံးပြုနေသည့် ဖေ့စ်ဘုတ် ပေ့ချ်သည် ဆက်လက်မလည်ပတ်နိုင်တော့ဘဲ အပိတ်ခံရမည်ဖြစ်ကြောင်း‌ ဖော်ပြထားသည်။
ယင်းကဲ့သို့ ပို့စ်မျိုးကို မွန်းလွဲ ၁ နာရီအထိ ၂၆ ခု တင်ထားပြီး ပို့စ်တခုစီ၌ ဖေ့စ်ဘုတ်ပေ့ချ် ၄၀ ခုကို Log-in ဝင်ရန် ရည်ညွှန်းထားသည်ကို တွေ့ရသည်။

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါပို့စ်နှင့်ပတ်သက်၍ အချက်အလက်စိစစ်ခဲ့ရာ တွင် ထိုလင့်သည် အန္တရာယ်ရှိကြောင်း တွေ့ရသည်။

ဖော်ပြထားသည့် လင့်အားဝင်ရောက်လျှင် Facebook နှင့် ၎င်း၏ မိခင် ကုမ္ပဏီ Meta အမည်ဖြင့် ဒီဇိုင်း ထည့်သွင်းရေးဆွဲထားသည့် စာမျက်နှာတခုကို တွေ့ရမည်ဖြစ်သည်။ သို့သော်လည်း ၎င်း၏လင့်ကို ကြည့် ရှုလျှင် ဖေ့ဘုတ်၏မူရင်းကုမ္ပဏီလင့်ဖြစ်သည့် www.facebook.com မဟုတ်ဘဲ ပုံမှန်မဟုတ်သည့် လင့် ဖြစ်နေသည်။

ထိုလင့်တွင် “ဆက်လက်” ဆိုသည့် အပြာရောင်ခလုတ်တခုရှိပြီး ဝင်ရောက်လျှင် Facebook တံဆိပ်ပါ သည့် ဒီဇိုင်းဖြင့်ပင် မိမိအကောင့်၏ အီးမေးလ်(သို့) ဖုန်းနံပါတ် နှင့် စကားဝှက်ထည့်သွင်းရသည့် နေရာရှိ ပြီး လော့ဂ်အင်ဝင်သည့်နေရာတခု ရှိသည်။

ထိုလင့်ထဲသို့ မိမိ၏အချက်အလက်များထည့်သွင်းဝင်ရောက်ပါက အကောင့်ဟက်ခံရမည်ဖြစ်ပြီး ထိုလင့် ကို ဖန်တီးသူထံ မိမိ၏အကောင့် ရောက်ရှိသွားမည်ဖြစ်သည်။

မဇ္ဈိမကထိုသို့ ရည်ညွှန်းခြင်းခံရသည့် ဖေ့စ်ဘုတ်စာမျက်နှာ Admin တဦးအားမေးမြန်းခဲ့ရာ ဖေ့စ်ဘုတ်၌ အချက်ပြမှုဝင်လာသဖြင့် ကြည့်ရှုခဲ့ရာ မသင်္ကာသဖြင့် ဆက်မလုပ်ခဲ့ကြောင်း ပြောသည်။
“ကျနော့်ဖေ့စ်ဘုတ်ပေ့ချ်ရဲ့ နိုတီမှာပေါ်လာတော့ ကျနော်ဝင်ကြည့်တယ်။ ဝင်ကြည့်တော့သင့်ရဲ့ လုံခြုံရေး ဘာညာဆိုလို့ ဝင်ဖတ်တယ်။ သူပေးတဲ့ လင့်ကို ဝင်တယ်။ သူလုပ်ခိုင်းတာတွေ အဆင့်အများကြီးမို့ မယုံ ရတာနဲ့ ပြန်ထွက်လာလိုက်တယ်” ဟု ဆိုသည်။

ထို့ကြောင့် ဖေ့စ်ဘုတ်က ကြော်ငြာမူဝါဒနှင့်ငြိစွန်းသဖြင့် ပြန်လည်ပြင်ဆင်ခိုင်းရန် အချက်ပေးလာပါက စိစစ်ပြီးမှ လုပ်ဆောင်ကြရန်နှင့် လင့်များတွင် မိမိ၏ အချက်အလက်များအား ဖြည့်စွက်ခြင်း မလုပ်ဆောင် ကြရန် အသိပေးအပ်ပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#Fake_Link
#Page_Metion
#Page_hack
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18😁1
​​The Point Men
=============

ဒီဇာတ်ကားလေးကတော့ မင်းသား Hyun Bin ပါဝင်သရုပ်ဆောင်ထားပြီး ၂၀၀၇ခုနှစ်က အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံ ရိုက်ကူးထားခြင်း ဖြစ်ပါတယ်…

တောင်ကိုရီးယားနိုင်ငံက ခရစ်ယာန်သာသနာပြု ၂၃ဦးဟာ အာဖဂန်နစ္စတန်နိုင်ငံကို သာသနာပြုခရီးအတွက် သွားခဲ့ရာက တာလီဘန်အကြမ်းဖက်သမားတွေရဲ့ ပြန်ပေးဆွဲ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရပါတယ်..

တာလီဘန်တွေက ဓါးစာခံတွေကို အသုံးချပြီး ဖမ်းဆီးထားတဲ့ တာလီဘန်အကျဥ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ အာဖဂန်အစိုးရနဲ့ အမေရိကန်တို့ဘက်က သဘောမတူညီခဲ့တဲ့အတွက် တောင်ကိုရီးယားအစိုးရက သူတို့ရဲ့နိုင်ငံသား ဓါးစာခံတွေကို ပြန်လည်လွတ်မြောက်စေဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့
ကြိုးစားခဲ့ရပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်…

အက်ရှင်ခန်း နည်းပေမဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်တာကြောင့် စိတ်ဝင်စားစွာနဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ခုပါပဲ..
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

Mizzima TV App အခမဲ့ဒေါင်းလုတ်ပြုလုပ်ရန် - https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။ ၂၃.၉.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍6🔥1
​​Mizzima needs your support!

မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့ သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.

ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ

https://bit.ly/2VhJ12U

For more information- https://donate.mizzima.com/mm/

#supportmizzima
🤮3👍1