Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကနီမြို့နယ် စစ်ဘေးရှောင်များအား ဆန် ၁၄ တင်း လှူဒါန်း
======================

ကိုခင်မောင်
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စု ၂၀၀ ကျော်အတွက် ကြယ်တာရာ လူမှုကူညီရေးအဖွဲ့ မှ ဆန် ၁၄တင်း လှူဒါန်းသွားကြောင်း ယင်းအဖွဲ့တာဝန်ရှိသူထံမှ သိရသည်။

ယင်းမာပင်မြို့နယ် ကျေးရွာလေးရွာမှ ကနီမြို့နယ်သို့ စစ်ဘေးရှောင်လာသော ဒေသခံများအတွက် တအိမ်ထောင်ကို ဆန်တပြည်နှုန်းဖြင့် စက်တင်ဘာလ ၂၃ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ကြယ်တာရာ လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

“စစ်ရှောင်စခန်းမဟုတ်ပါဘူး။ နီးစပ်ရာ ရွာတွေ၊ ဘုန်းတော်ကြီးကျောင်းတွေမှာ ရှောင်ပြေးရတယ်။ ဘုန်းတော်ကြီးကျောင်းတွေ စာသင်ကျောင်းတွေမှာ နေရတယ်။ လှူဒါန်းတာကတော့ နီးစပ်ရာက လှူဒါန်းထားတာရှိတယ်။ အဖွဲ့ရဲ့ လူငယ်လေးတွေ လယ်ယာကထွက်တဲ့ ဆန်စပါးကို လှူဒါန်းခဲ့တာပါ။” ဟု ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၆ရက်နေ့တွင် စစ်ကောင်စီတပ်သားများ ယင်းမာပင်မြို့နယ်၊ သစ်ကွင်းရွာသို့ သေနတ်ပစ်ဖောက်ဝင်ရောက်ကာ နေအိမ်များမီးရှို့မှုများကြောင့် ထိုရွာနှင့် အနီးပတ်ဝန်းကျင်မှ ကျေးရွာများဖြစ်သော ကျောက်မော်ရွာ၊ ကျွန်းပေါ် ရွာ၊ ပန်းတိမ်ပြင်ရွာတို့မှ ဒေသခံများသည် ကနီမြို့နယ်သို့ စစ်ဘေးတိမ်းရှောင်လာခြင်းဖြစ်ကြောင်းသိရသည်။

ကြယ်တာရာ လူမှုကူညီရေးအဖွဲ့မှ ယခုလှူဒါန်းနေသည်မှာ ပထမအကြိမ်ဖြစ်ပြီး နောက်ပိုင်းတွင်လည်း NUGနှင့် ချိက်ဆက်ပြီး စစ်ဘေးရှောင်ပြည်သူများအား ဆက်လှူနိုင်ရန် စီစဉ်ထားကြောင်းလည်း တာဝန်ရှိက ဆိုသည်။

ကနီမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများတွင် စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အဓိကလိုအပ်လျက်ရှိကြောင်း၊ ယခုလက်ရှိတွင် ဆေးဝါးများလှူဒါန်းနေသော ဆရာဝန်များနှင့် ချိတ်ဆက်ပြီး အရေးပေါ် သွားရောက် ဆေးကုသပေးနေကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကျန်းမာရေး
#NUG
#ကနီမြို့နယ်
#စစ်ဘေးရှောင်

ပုံအညွှန်း။ ။ ကနီမြို့နယ်က စစ်ဘေးရှောင် ဒေသခံများ (ဓာတ်ပုံ။ ။ ကြယ်တာရာ လူမှုကူညီရေးအဖွဲ့)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤3🔥1
Media is too big
VIEW IN TELEGRAM
မြန်မာမှာ အကြမ်းဖက်မှုတွေရပ်ဖို့ Quad အဖွဲ့ဝင် ၄ နိုင်ငံ ပူးပေါင်း တောင်းဆို

Watch more detail - https://youtu.be/M6rcBj5-UZ8

#shorts
#politicalnews
#mizzima
👍9😁3
​​ထိုင်းတွင် လျှပ်စစ်ကားစက်ရုံ တည်ဆောက်ရန် Tesla စဉ်းစားနေဟု ဝန်ကြီးချုပ် ပြော 
======================

Tesla ကုမ္ပဏီသည် ထိုင်းနိုင်ငံ၌ လျှပ်စစ်ကား ထုတ်လုပ်သည့် စက်ရုံ တည်ဆောက်ရန် စဉ်စားနေကြောင်း ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက ပြောသည်။ ပြီးခဲ့သည့် သီတင်းပတ်က နယူးယောက်၌ ဝန်ကြီးချုပ်က အီလွန်မတ်နှင့် တွေ့ဆုံပြီးသည့်နောက် ယခု သတင်းအချက်အလက် ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤1🔥1
Media is too big
VIEW IN TELEGRAM
မူးယစ်ဆေးဝါးမှောင်ခိုမှုများလာတာကြောင့် နယ်စပ်ခြံစည်းရိုးခတ်မယ်လို့ မဏိပူရအစိုးရပြော

Watch more detail - https://youtu.be/AHVKUQfo5pY

#shorts
#politicalnews
#mizzima
👍5🔥2👏1
ထိုင်းနိုင်ငံသို့ MoU ဖြင့် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၄၀ ကျော် ပုံမှန်အလုပ်မဆင်းရသဖြင့် အခက်အခဲဖြစ်
😢4❤3👍1
ထိုင်းနိုင်ငံသို့ MoU ဖြင့် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၄၀ ကျော် ပုံမှန်အလုပ်မဆင်းရသဖြင့် အခက်အခဲဖြစ်
======================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်အတွင်းမှ ဆောက်လုပ်ရေးလုပ်ငန်းတခုသို့ စက်တင်ဘာလဆန်းတွင် MoU ဖြင့် လာရောက်လုပ်ကိုင်သည့် မြန်မာအလုပ်သမား ၄၀ ကျော်သည် အလုပ်ရှင်က ပုံမှန်အလုပ်မပေး နိုင်၍ အခက်အခဲဖြစ်နေကြောင်း သိရသည်။

မြန်မာအလုပ်သမား အမျိုးသား ၃၆ ဦးနှင့် အမျိုးသမီးရှစ်ဦး၊ စုစုပေါင်း ၄၄ ဦးသည် ထိုင်းနိုင်ငံရှိ KTK Engineering 2021 Co, Ltd ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံမှ Zin Tun Win 999 Co, Ltd အေဂျင်စီမှ နှစ်နှစ်သက်တမ်း MoU စာချုပ်ဖြင့် စက်တင်ဘာလ ၈ ရက်နေ့တွင် ရောက် ရှိလာပြီးနောက် အလုပ်ရှင်က အလုပ်သမားများကို တစ်ရက်ဆင်းသုံးရက်နားနှင့် တစ်ပတ်နား အလုပ် ဆင်းခိုင်းခြင်းကြောင့် အဆင်မပြေမှုများနှင့် ကြုံတွေ့နေရသည်ဟု သိရသည်။

“အလုပ်မှာက သတ်မှတ်လူဦးရေထက်များနေတော့ ဘယ်လိုမှ အဆင်မပြေဘူး။ သူဌေးက အလုပ်သမား တွေကို အလုပ်အပြည့်အ၀မပေးနိုင်ဘူး၊ တရက်လုပ်ပြီး တစ်ပတ်လောက်နားခိုင်းထားတာ။ လုပ်အားခ တွေလည်း မရှင်းပေးဘူး။ ဒီကုမ္ပဏီမှာ အလုပ်ဆက်လုပ်ဖို့ အဆင်မပြေဘူး၊ တခြားကုမ္ပဏီတခုကို ပြောင်း ပေးစေချင်တယ်”ဟု MoU အလုပ်သမားတဦးဖြစ်သည့် မခင်ခင်သဲက ပြောသည်။

MoU မြန်မာအလုပ်သမား ၄၄ ဦးသည် အခြားအလုပ်တခုသို့ပြောင်းရွှေ့နိုင်ရေးကူညီပေးရန် မြန်မာအလုပ် သမားကူညီစောင့်ရှောက်ရေးအဖွဲ့ Worker Assistance Group For Myanmar (WAG)သို့ လာရောက် အကူညီတောင်းခံထားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

”ကျွန်တော်တို့အဖွဲ့အနေနဲ့ ဒီအလုပ်သမားတွေနဲ့ စာချုပ် ချုပ်ဆိုပြီးထွက်လာတဲ့ ၉၉၉ အေဂျင်စီကို အမြန် ဆုံး တာဝန်ယူဆောင်ရွက်ပေးဖို့ စီစဉ်နေပါတယ်။ အလုပ်မရသေးတဲ့ ဒီအလုပ်သမားတွေရဲ့ နစ်နာမှုတွေ ကိုဖြေရှင်းပေးဖို့ အေးဂျင့်ဖက်ကို တောင်းဆိုပေးထားတယ်။ တကယ်လို့ မလုပ်ပေးဘူးဆိုရင် ထိုင်းအလုပ် သမားဥပဒေအတိုင်း အရေးယူ တရားစွဲသွားဖို့အထိ ပြင်ဆင်ထားတယ်”ဟု WAG မှ တာဝန်ရှိသူတဦးက ပြောသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ MoU ဖြင့်ထွက်လာသည့် အလုပ်သမား အများစု အလုပ်လက်မဲ့များလာခြင်း၊ အလုပ်သမားအခွင့်ရေး ချိုးဖောက်ခံရခြင်းများဖြစ်ပေါ်နေကြောင်း သိရသည်။

ထို့ပြင် တာဝန်ယူမှုတာဝန်ခံမှု အားနည်းသည့် နာမည်ပျက်အေဂျင်စီလည်းများလာ၍ MoU ဖြင့် လာ ရောက် ကြမည့် မြန်မာအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား များအရေး ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့စည်းများမှထုတ်ပြန်ထားသော နာမည်ပျက် အေဂျင်စီများ ကို သေချာစွာစိစစ်လေ့လာပြီးမှ ထွက်လာရန်လိုအပ်ကြောင်း အလုပ်သမားအရေး ကူညီပေးနေသူများ က သတိပေးသည်။

စာတည်း။ ။စောဖေ

#ထိုင်းနိုင်ငံ
#မြန်မာရွှေ့ပြောင်းအလုပ်သမား
#MoU
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤5👍4😢1
​​မိုးကုတ်အနောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်
========================

007
(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရပ်တွင် ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက် ပိုင်းက စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“မနက်စောစောစီးစီး အနောက်ပိုင်းမှာ ပစ်ခတ်မှုတွေဖြစ်တာ တနာရီခွဲလောက် ကြာတယ်။ အခုတော့ အသံတိတ်နေပြန်တယ်။ ဒီနေ့ အနောက်ပိုင်းရော မိုးကုတ်မြို့ထဲကိုပါ စစ်ကောင်စီတပ်က စစ်ဆေးရေး တင်းကျပ်ထားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့်ဒေသခံတဦးက ပြောသည်။

မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်ရပ်ရှိ ရေထွက်ကြီးကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်း ကို TNLA ပူးပေါင်းအဖွဲ့က ၀င်ရောက်တိုက်ခိုက်ရာမှ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မိုးကုတ် အခြေပြုတပ်ရင်းများ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ရေထွက်ကြီးကျေးရွာ၌ တပ်စွဲထားသောစစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ရင်းများဖြစ် သော ၁၂၂၁ ၊ ၁၂၂၃ နှင့် TNLA တို့ပူးပေါင်း၍ စစ်ဆင်ရေးဆောင်ရွက်ခဲ့ရာ လက်နက်ငယ်တလက်၊ ပစ္စတို တလက်နှင့် ၅ ဒသမ ၅၆ ကျည်ဆန်များသိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မန္တလေးတိုင်း မိုးကုတ်မြို့တွင် TNLA ပူးပေါင်းအဖွဲ့တို့အထိုင်ချထားသော ကုန်းစံကျေးရွာအနီး၀န်းကျင် သို့ စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၀ ရက်နေ့ညနေပိုင်းတွင် စစ်ကြောင်းထိုး၀င်ရာမှစပြီး တိုက်ပွဲ များဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုများရှိခဲ့သဖြင့် စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ပိုင်းတွင် ၎င်းကျေးရွာအနီး၀န်းကျင်အပါအ၀င် မိုးကုတ်အနောက်ပိုင်းအား စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နှင့် မူဆယ်မြို့နယ်၊ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီ တပ်များနှင့် TNLA တို့အကြား စက်တင်ဘာလ ၁၈ ရက်နေ့အထိ တိုက်ပွဲများပြင်းထန်ခဲ့ပြီး လက်ရှိ တွင်လည်း ဆက်လက်ဖြစ်ပွားနေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။

ပုံစာ - TNLA ပူးပေါင်းအဖွဲ့က စစ်ကောင်စီစခန်းမှသိမ်းဆည်းရရှိခဲ့သော လက်နက်နှင့်ကျည်ဆန်များ (Photo မိုးကုတ်အခြေပြုတပ်ရင်းများ)
စာတည်း။ ။စောဖေ

#မိုးကုတ်မြို့
#TNLA
#တိုက်ပွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16🔥1
စက်တင်ဘာလ (၂၆)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=======================

01:17− ဒရုန်းသုံးတိုက်ခိုက်မှုတွေကိုထိန်းချုပ်ဖို့ တရုတ်ကို စစ်ကောင်စီအကူအညီတောင်းဆို တဲ့သတင်း

− အင်းစိန်ထောင်အတွင်း နိုင်ကျဉ်း လူငယ် ၁ ဦး သေဆုံးတဲ့သတင်း

− ၈၈ ကျောင်းသားဟောင်း ဦးဇော်ဇော်မင်းရဲ့ နာရေးအခမ်းအနား မဲဆောက်မှာပြုလုပ်တဲ့အကြောင်းနဲ့

− ထိုင်းနိုင်ငံက တရုတ်ခရီးသွားတွေကို ဗီဇာကင်းလွတ်ခွင့်ပြုလိုက်တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/pXe-fpkF6Xk?si=N7G85UNSVr17c2oj

#2pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14🍌1🖕1
​​တရုတ်ရှိ အာရှအားကစားပွဲတွင် ကွန်ပျူတာ မီးရှူးမီးပန်းအတုများ ပစ်ဖောက်၍ လှောင်ရယ်စရာ ဖြစ်
====================

AFP
ဘယ်လို အခမ်းအနားဖွင့်ပွဲမဆိုမှာ မီးရှူးမီးပန်းတွေ ပစ်ဖောက်တာဟာ ပွဲကို ပိုပြီး အသက်ဝင်အောင် နှိုးဆွပေးနိုင်ပြီး တရုတ်က အာရှအားကစားပွဲမှာလည်း ထိုအတူပဲ ဖြစ်ပေမယ့် မီးရှူးမီးပန်းတွေဟာ အစစ်မဟုတ်တာပဲ ပြောစရာ ဖြစ်နေပါတယ်။

အာရှအားကစားပွဲတော်ကို အိမ်ရှင်အဖြစ် ဧည့်ခံကျင်းပတဲ့ ဟန်ကျို့မြို့ဟာ သဘာဝပတ်ဝန်းကျင် စိုးရိမ်ပူပန်မှုကို ကိုးကားပြီး ကွန်ပျူတာနဲ့ ဖန်တီးတဲ့ မီးရှူးမီးပန်း အတု ပစ်ဖောက်မှုတွေ လုပ်ဆောင်ခဲ့ပြီး ရုပ်သံကြည့် ပရိသတ်တွေကို ရင်သပ်ရှုမောဖြစ်အောင် လှည့်စားခဲ့ပေမယ့် ပွဲကို ကိုယ်တိုင်လာကြည့်သူတွေအတွက်တော့ စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။

ကြီးကျယ်ခမ်းနားတဲ့ ၁၉ ကြိမ်မြောက် အာရှအားကစားပွဲကို သမ္မတ ရှီကျင့်ဖျင်က တက်ရောက်လာတဲ့ ပြည်ပဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေနဲ့အတူ ကြေညာဖွင့်လှစ်ခဲ့တာ ဖြစ်ပေမယ့် ပွဲစီစဉ်သူတွေကတော့ အစဉ်အလာ မီးရှူးမီးပန်း ပစ်ဖောက်တာကို ချောင်ထိုးခဲ့တာပါ။
ဒီအစား ပွဲစီစဉ်သူတွေဟာ နိုင်ငံပိုင် တိုက်ရိုက်ရုပ်သံက ကြည့်ရင် မြို့ကောင်းကင်မှာ မီးရှူးမီးပန်းတွေ ဝင့်ဝင့်ကြွားကြွား လှပစွာ ပေါက်ကွဲနေတဲ့ ကွန်ပျူတာ ဖန်တီးချက်ကို ထည့်သွင်းထုတ်လွှင့်စေခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဆုံးဖြတ်လုပ်ဆောင်ချက်ကြောင့် ပြည်သူတွေဟာ ပွဲကျင်းပရာ အားကစားကွင်းဆီ ရောက်လာကြပြီး ညကောင်းကင်မှာ မီးရှူးမီးပန်း ပစ်ဖောက်တာမရှိတဲ့အဖြစ်ကို ဗီဒီယိုတွေ ရိုက်ကူးလို့ တရုတ်လူမှုမီဒီယာ‌ Weibo ပေါ် တင်ကြပါတယ်။

ဗီဒီယိုတခုမှာတော့ ပဒုမ္မာကြာပွင့်ပုံ ဟန်ကျို့အိုလံပစ် အားကစားကွင်းမှာ စိတ်လှုပ်ရှားနေတဲ့ ဒေသခံပြည်သူတစုဟာ သူတို့ရဲ့ ဖုန်းကင်မရာတွေကို ရိုက်ကြပြီး တညီတညာ အချိန်မှတ်ရေတွက်ကြတာကို မြင်တွေ့ရပါတယ်။

မီးရှူးမီးပန်း ပစ်ဖောက်တော့မယ့်ဟန် ရေတွက်ရာမှာ “တဆယ်၊ ကိုး၊ ရှစ်၊ ခွန်၊ ခြောက်၊ ငါး၊ လေး၊ သုံး၊ နှစ်၊ တစ်---ဘာမှ မရှိ”ဆိုပြီး သံပြိုင်ရေတွက်သံကို ကြားရပြီး ဝိုင်းရယ်ကြတာကို မြင်တွေ့ရပါတယ်။

အားကစားကွင်းနား မြစ်တဖက်ကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုမှာတော့ ကွင်းရဲ့ အပေါ် ညကောင်းကင်မှာ ဘာမှ မရှိတာကို နောက်ခံထားပြီး တစုံတဦး ကိုင်ထားတဲ့ ဖုန်းမှာ နိုင်ငံပိုင်ရုပ်သံ CCTV က ထုတ်လွှင့်တဲ့ ဖွင့်ပွဲအခမ်းအနား မီးရှူးမီးပန်းတွေ ပစ်ဖောက်နေတဲ့ မြင်ကွင်းကို ယှဉ်ထိုး ပြသထားတာ ဖြစ်ပါတယ်။
ဒီ ရိုက်ကူးတဲ့သူက “ကျွန်တော်တို့တွေ ဘာကို စောင့်နေတာလဲ” ဆိုပြီး ရယ်ကာမောကာ ပြောပါတယ်။

အခုလို ကွန်ပျူတာ မီးရှူးမီးပန်းအတုကြောင့် သတင်းသမားအချို့တောင် နဝေသိမ်တောင်ဖြစ်ကြပြီး ဒေသတွင်း သတင်းစာတစောင်ကတောင် ပွဲအပြီး ဟန်ကျို့မြို့၌ မီးရှူးမီးပန်းများ ပစ်လွှတ်ဆိုပြီးတောင် သတင်းဖော်ပြမိပါသေးတယ်။

ပွဲစီစဉ်သူတွေဟာ နဂိုကတည်းက မီးရှူးမီးပန်း မပစ်ဖောက်ဘဲ ကာဗွန်ထုတ်လွှတ်မှုနည်းအောင် ကွန်ပျူတာ နည်းပညာ မီးရှူးမီးပန်းပဲ ပြသမယ်လို့ ကြေညာထားတာတော့ ဖြစ်ပါတယ်။
“ဟန်ကျို့ အာရှအားကစားပွဲ ဖွင့်ပွဲဟာ အစဉ်အလာ မီးရှူးမီးပန်း ပစ်ဖောက်မှုကို ချိုးဖောက်လိုက်တာပါပဲ၊ ကျွန်တော်တို့အနေနဲ့ သဘာဝပတ်ဝန်းကျင် စိမ်းလန်းရေးကို ဦးစားပေးတာကြောင့်ပါ”ဆိုပြီး ဖွင့်ပွဲအခမ်းအနား ညွှန်ကြားရေးမှူး ရှာရှောက်လန်က ပြောခဲ့ပါတယ်။

(မိုးသဲ ဘာသာပြန်သည်။)
Photo: AFP

#AsianGames #အာရှအားကစားပြိုင်ပွဲ
👍6😁5❤2
​​ရည်ညွှန်စပါးဈေးက တွက်ခြေမကိုက်ဘဲ အရှုံးပေါ်နိုင်ကြောင်း တောင်သူများပြော
======================

ဓါတု
(မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ၊ ဆန်စပါးအသင်းချုပ်မှ ရည်ညွှန်းစပါးဈေး သတ်မှတ်လိုက်ခြင်းသည် လယ်ဧကနည်းပြီး အထွက်နှုန်းနည်းသည့် တောင်သူများ တွက်ခြေမကိုက်ဘဲ အရှူံးပေါ်နိုင်ကြောင်း စပါးစိုက် တောင်သူများက မဇ္ဈိမကို ပြောသည်။

စပါးဈေးနှုန်း တည်ငြိမ်စေရန်နှင့် တောင်သူများ၊ စားသုံးသူများ အဆင်ပြေစေရန်ဆိုပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့တွင် စပါးအမျိုးအစားလိုက် ရည်ညွှန်းဈေး သတ်မှတ်လိုက်ခြင်း ဖြစ်သည်။၊

ဧည့်မထ စပါးတင်း ၁၀၀ ကို ကျပ် ၁၃ သိန်း မှ ၁၅ သိန်း၊ ဧရာဝတီ ပေါ်ဆန်းကို ၁၆ သိန်းမှ ၁၈ သိန်း၊ ရွှေဘိုပေါ်ဆန်းကို ၁၈ သိန်းမှ သိန်း ၂၀၊ ဧရာမင်းစပါးကို ၁၆ သိန်းမှ ၁၈ သိန်းဆိုပြီး စပါးကုန်သည်နှင့် တောင်သူများအကြား ရောင်းဝယ်ရန် ရည်ညွှန်းဈေး သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ထိုဈေးနှုန်းသည် တောင်သူလယ်သမားများ၏ မြင့်တက်လာသည့် ကုန်စျေးနှုန်း အပေါ် အခြေခံကာ တသီးစာကုန်ကျစရိတ်ဖြင့် တွက်ချက်လိုက်ပါက တွက်ချေမကိုက်ကြောင်း တောင်သူများက ပြောသည်။

"အထွက်နှုန်းပေါ် မူတည်ပြီး စပါးတင်းရေထွက်တာဆိုတော့ ၁ ဧက ကို စပါး ၇၀ လောက်ထွက်ရင် မဆိုးပေမယ့် ၄၀ နဲ့ ၅၀ ကြားပဲ ထွက်ရင်တော့အဆင်မပြေဘူး၊ ပြီးရင် ရာသီဥတုကြောင့် ပျက်ဆီးတာတွေ၊ ကုန်ကျစရိတ်တွေနဲ့ ယှဥ်ရင် အဲ့ဒီစျေးနဲ့ အဆင်မပြေဘူး၊ တချို့ဆို ကျောမဲအောင်လုပ်တာတောင် လယ်ဧက ၄၊ ၅ ဧကလောက်ပဲ ပိုင်တဲ့သူဆို တဖက်မှာလည်း အကြွေးဆပ်ရတာတွေရှိတော့ တနှစ်စာ သူတို့မိသားစုအတွက် အမြတ်မကျန်ဘူး"ဟု ဧရာဝတီတိုင်းမှ တောင်သူ တဦးက မဇ္စျိမကို ပြောသည်။

ယမန်နှစ်နှင့် နှိုင်းယှဥ်ပါက လုပ်သားငှားရမ်းခ နှစ်ဆမြင့်တက်သွားပြီး ဓါတ်မြေသြဇာ၊ ထွန်ယက်ရန် စက်သုံးဆီ အစရှိသည့် ကုန်ကျစရိတ်များမှာလည်း တဟုန်ထိုး မြင့်တက်နေသည်။

"တနေရာနဲ့ တနေရာမတူဘူး၊ အလုပ်သမားငှားရမ်းခတွေရော ကုန်ကျစရိတ်တွေ ရောက ဓါတ်မြေသြဇာတွေဆို နှစ်ဆတက်တယ်၊ စက်သုံးဆီတွေလည်း ပိုတက်နေတော့ ပုံသေစျေးနှုန်းသတ်မှတ်တာ တောင်သူတွေအတွက် အဆင်မပြေနိုင်ဘူး"ဟု စစ်ကိုင်းတိုင်း၊ ကျွန်းလှဒေသမှ တောင်သူတဦးကလည်း မဇ္ဈိမကို ပြောသည်။
ဆန်စပါးအသင်းချုပ်က မိုးစပါး ၁ ဧကကို တင်း ၇၀ အထက်နှုန်း ထွက်နိုင်ကြောင်း ထွက်ချက်မှုမှာ မြေပြင်နှင့် ကွဲလွဲနေပြီး လက်တွေ့မှာ ၁ ဧကလျှင် တင်း ၃၀ မှ ၄၀ ဝန်းကျင်သာ ထွက်နိုင်ပြီး အများဆုံး တင်း ၅၀ သာ ထွက်နိုင်ကြောင်း စပါးစိုက်တောင်သူများက ပြောသည်။

အခြေခံ စပါးစိုက်ပျိူးရေး ကုန်ဈေးနှုန်းများကို ထိန်းချုပ်နိုင်ခြင်း မရှိဘဲ ယခုလို ရည်ညွှန်းဈေး သတ်မှတ်လိုက်ခြင်းက တောင်ယာလုပ်ကိုင်သူများကို ပိုမိုအခက်အခဲ ဖြစ်စေကြောင်းလည်း ဆိုသည်။
လက်ရှိပြင်ပ စပါးပေါက်ဈေးမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀၀ ကို ၂၈ သိန်းမှ ၃၅ သိန်းနှင့် ဧရာမင်းစပါး တင်း ၁၀၀ ကို ၂၅ သိန်း ပေါက်ဈေးရှိကြောင်း တောင်သူများက ပြောသည်။
မြန်မာနိုင်ငံသည် ဆန်စပါးကို အဓိက စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး ဒေသတွင်း ထွက်ရှိလာသော ဆန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စီးပွားရေး ကသောင်းကနင်းဖြစ်ကာ ငွေကြေးဖောင်းပွမှုများကြောင့် အခြေခံ စိုက်ပျိုးကုန်များနှင့် စားသောက်ကုန်များမှာ အဆမတန်ဈေးမြင့်တက်မှုများ ဖြစ်ပေါ်နေသည်။

စာတည်း။ ။ နောင်နောင်

#စပါးရည်ညွှန်းဈေး
#တောင်သူအခက်တွေ့
#Mizzima
#hardnews
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥2🤬1
​​ဝေါတွင် စစ်ကောင်စီကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်၊ လက်နက်ခဲယမ်းများ သိမ်း ဆည်းရရှိ
=====================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပန်ကျေးရွာတွင် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ အထိုင်ချထားသည့် ကင်းစခန်းအား ယနေ့ စက်တင်ဘာ ၂၆ ရက် နံနက် ၈ နာရီ ၄၀ မိနစ်ခန့်က KNLA၊ ABSDF၊ PDF ပူးပေါင်း တပ်ဖွဲ့မှ အလစ်အငိုက်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

လက်ပန်ကျေးရွာ ကုန်းပေါ်ကြီး ကူးတို့ဆိပ်ရှိ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများအား ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဝေါ ပ.က.ဖ တာဝန်ရှိ သူမှ မဇ္ဈိမကိုပြောသည်။

“ရှေ့ပွိုင့်စခန်းပေါ့။ အနီးကပ်သွားပစ်တာပါ။ သူတို့ကင်းအဖွဲ့ထိပြီးတဲ့နောက် ကျန်တဲ့သူတွေ ထွက်ပြေး ကြတယ်” ဟု ဝေါ ပ.က.ဖ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ဘက်မှလည်း လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်မှုများရှိသောကြောင့် အပြန်အလှန်ပစ် ခတ်မှု ၂၅ မိနစ်ခန့်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါစခန်း၌ စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ၃၀ ဦးခန့်ရှိပြီး ကင်းစောင့်နေသူများ တိုက်ခိုက်ခံ ရချိန်တွင် ကျန်သူများမှာ ထွက်ပြေးသွားကြကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား တဦးသေဆုံးပြီး ပျူစောထီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းပေးများထံမှ ကနဦးသတင်းရရှိထားသည်ဟု ဝေါ ပ.က.ဖ တာဝန်ရှိသူမှပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ G3 တလက်၊ ကျည်ဘောက်လေးခု၊ ၇.၆၂ ကျည် ၆၂ တောင့်နှင့် လက်ပစ်ဗုံးတလုံးကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

လက်ပန်ကျေးရွာသည် စစ်တောင်းမြစ်ဝှမ်းနံဘေးတွင် တည်ရှိနေသည့် ရွာဖြစ်သည်။ ပဲခူးတိုင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များမှ စစ်တောင်းမြစ်ဝှမ်းဒေသစိုးမိုးရေး စစ်ဆင်ရေးများဆောင်ရွက်လာချိန်တွင် လက်ပန်ကျေးရွာအတွင်း PDF များ ဝင်ရောက်မလာနိုင်စေရန် စစ်ကောင်စီတပ်က ရွာအနီးပတ်ဝန်းကျင် တွင် လက်နက်ကြီးအထိုင်ချ တပ်ဆင်ထားခြင်း၊ နင်းမိုင်းထောင်ခြင်းများပြုလုပ်ထားကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ နင်းမိုင်းကြောင့် စက်တင်ဘာလ ၂၃ ရက်နေ့က လက်ပန်ရွာမှအမျိုးသားတဦး ညာဘက်ခြေကျင်းဝတ်ပြတ်ဒဏ်ရာနှင့် မိုင်းဒဏ်ရာများရရှိခဲ့ပြီး လက်ရှိတွင် ဆေးကုသနေရဆဲဖြစ်သည်။

လက်ပန်ကျေးရွာမှဒေသခံအချို့မှာ စစ်ဘေးကိုစိုးရိမ်သောကြောင့် မြို့ပေါ်နှင့် အခြားကျေးရွာများမှ ဘုန်း ကြီးကျောင်းများတွင် သွားရောက်တိမ်းရှောင်နေကြကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#ပဲခူးတိုင်း
#ဝေါမြို့နယ်
#စစ်ကောင်စီကင်းစခန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14❤7😁2
​​သံတောင်ကြီးတွင် စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်၍ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရ
=====================

YT
(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်း၊ လိပ်သိုမြို့နယ်ခွဲ၊ ယာဒိုဒေသတွင် စက်တင် ဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်က စစ်ကောင်စီတပ်၏ လေကြောင်းမှတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဒေသခံထံမှ သိရသည်။

“တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ လာပစ်တာ။ ပရယ်ဆော်ရွာက အမျိုးသမီးနှစ်ယောက် ဒဏ်ရာရတယ်" ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

ပရယ်ဆော်ကျေးရွာအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ရဟတ်ယာဉ်နှစ်စီးဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ရာ တောင်ယာလုပ်နေသည့် အသက် ၈၀ အရွယ်ရှိ ဒေါ်ရာကေးလယ်နှင့် အသက် ၃၀ ကျော်အရွယ်ရှိ ဒေါ်မိချောတို့ ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဒဏ်ရာရအမျိုးသမီးနှစ်ဦးသည် လက်ရှိအချိန်တွင် ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး အနီးအနား ကျေးရွာများမှ ဒေသခံများလည်း စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသခံတဦးထံက သိရသည်။
ယာဒိုဒေသခံများသည် တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဇူလိုင်လ ၁၁ ရက် နေ့မှစ၍ ဩဂုတ်လကုန်အထိ စစ်ဘေးရှောင်နေခဲ့ရာမှ စက်တင်ဘာလအစောပိုင်းတွင် နေအိမ်များ၌ပြန်လည် နေထိုင်ကြခြင်းဖြစ်သည်ဟု ဆိုသည်။

“ယာဒိုမှာ ရွာသုံးရွာရှိတယ်။ ဝါသောခို၊ ကလေထ၊ ပရယ်ဆော်။ လေကြောင်းကတိုက်ခိုက်ခံရတာက ပရယ်ဆော်ရွာ။ လေကြောင်းကတိုက်ခိုက်မှုပြီးတဲ့နောက် ဒေသခံတွေ ထပ်ပြီး စစ်ဘေးရှောင်နေရတယ်" ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက ပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၂၅ ရက် နံနက်ပိုင်းက လိပ်သိုမြို့နယ်ခွဲ၊ မိတ်သလင်တောင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တပ်မဟာ (၂) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်း တပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပါ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

“မနေ့ကလည်း သံတောင်မြောက်ပိုင်း မိတ်သလင်ရွာမှာ ဗုံးလာကြဲတယ်။ အထိအခိုက်မရှိဘူး။ ရွာသား တွေတော့ ပြေးရပြီ" ဟု ဒေသတွင်းသတင်းရင်းမြစ်တဦးက ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိသော်လည်း မိတ်သလင်တောင်ကျေးရွာ မှ ဒေသခံများ ဘေးလွတ်ရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်ပြည်နယ်
#သံတောင်ကြီးမြို့နယ်
#စစ်ကောင်စီတပ်
#လေကြောင်းပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬11👍2🔥2😁2
စက်တင်ဘာလ (၂၆)ရက်၊ ညနေ‌ ၄ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=======================

00:59- မြန်မာမှာ အကြမ်းဖက်မှုတွေရပ်ဖို့ Quad အဖွဲ့ဝင် ၄ နိုင်ငံ ပူးပေါင်း တောင်းဆိုတဲ့ သတင်း

04:08- နမ့်ဖတ်ကာမှာ ထင်းခွေသွားသူ တဦး ခလရ(၁၂၃)အနီး မြေမြှုပ်မိုင်းနင်းမိ တဲ့သတင်း

05:22- တရားမဝင် ကူးသန်းသွားလာမှုနဲ့ မူးယစ်ဆေးဝါးမှောင်ခိုမှုများလာတာကြောင့် နယ်စပ်ခြံစည်းရိုးခတ်မယ်လို့ မဏိပူရအစိုးရပြောတဲ့ သတင်းနဲ့

10:48- အီးယူကုန်သွယ်ရေးအကြီးအကဲက တရုတ်နိုင်ငံရဲ့အနာဂါတ်စီးပွားရေးလုပ်ငန်းတွေကို မေးခွန်းထုတ်ဖို့ သတိပေး တဲ့သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/uaS-6yAdwn4?si=SCtCqfQFF-a3TUZf

Photo - CJ

#4pmnews
#Mizzimanewshour
#MizzimaTV

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥1🍌1
​​လိုင်လင်းပီမြို့တွင် တိုက်ပွဲဖြစ်ပွားနေ၍ မြို့အတွင်းမဝင်ရန် MDF သတိပေး
=======================

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ မတူပီမြို့နယ် ၊ လိုင်လင်းပီမြို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ပြည်သူများအနေဖြင့် မြို့အတွင်းသို့ မဝင်ကြရန် မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့ (MDF) က စက်တင်ဘာလ ၂၅ရက်နေ့တွင် ထုတ်ပြန်သည်။
လိုင်လင်းပီမြို့တွင် အခြေစိုက်တပ်စွဲထားသည့် မတူပီမြို့ စစ်ဗျူဟာလက်အောက်ခံ ခလရ (၃၀၄) မှ အင်အား ၅၀ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွား‌ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

“ညနေပိုင်းမှာ ကျနော်တို့တပ်ဖွဲ့တွေ သူတို့စခန်းနား ချဥ်းကပ်တဲ့အခါ စစ်ကောင်စီတပ်သားတချို့ ထွက်လာတာရှိတယ် ၊ အဲဒါကို ဝိုင်းဖမ်းတဲ့အခါ ထွက်ပြေးလွတ်မြောက်သွားပြီး သူတို့က အောက်မှာရန်သူရှိတယ်ဆိုပြီး မြို့အတွင်းဖက်ကို ရမ်းသန်းပစ်ခဲ့တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့တာပါ၊ ညပိုင်းမှာထပ်ပြီး ကျနော်တို့က စခန်းကိုသွားတိုက်ခဲ့တာ” ဟု MDF ပြန်ကြားရေးတာဝန်ခံ ကေတီမှိုမှိုက မဇ္စျိမ ကို ပြောသည်။

အပြန်အလှန်ပစ်ခတ်မှု နှစ်နာရီကျော် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းမှာ အခိုင်အမာတည်ဆောက်ထားသည့်အတွက် စခန်းသိမ်းရန် မလွယ်ကူကြောင်းနှင့် သေဆုံးဒဏ်ရာရရှိသူ အရေအတွက်ကို မသိရရှိကြောင်း ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။

အဆိုပါတိုက်ပွဲကြောင့် မြို့အတွင်း စခန်းအနီးရှိဒေသခံများ မြို့အစွန်ဖက်သို့ တိမ်းရှောင်နေရပြီး မြို့ပြင်၌ရှိသူများလည်း မြို့အတွင်းသို့မဝင်ရန် အသိပေးထုတ်ပြန်ခြင်းဖြစ်ကြောင်း ဆိုသည်။
ထို့အပြင် မိဘပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြရန်နှင့် နောက်ထပ်ထုတ်ပြန်မှု မပြုလုပ်မီအထိ လိုက်နာဆောင်ရွက်ပေးကြပါရန် MDF က အသိပေးထားသည်။

ယမန်နှစ်ကလည်း အဆိုပါစစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သောကြောင့် အင်အားမမျှသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ပြန်ကြားရေးတာဝန်ခံ ကေတီမှိုမှိုက ဆက်ပြောသည်။
ယင်းစခန်းသည် ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲဖြစ်ပွားစဥ်ကတည်းက လက်နက်ကြီး များသိုလှောင်ထားပြီး အခိုင်အမာတည်ဆောက်ထားသည့် စခန်းဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၂၆ရက် ယနေ့သည် မရာလဲန်းနယ်မြေအတွင်း ခရစ်ယာန်သာသနာ ရောက်ခဲ့သည့် ၁၁၆ နှစ်မြောက် နေ့ထူးနေ့မြတ်ဖြစ်ကြောင်းလည်း သိရသည်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်အကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောကြားထားသည်။

ပုံအညွှန်း - မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ
ဓါတ်ပုံ။ - Maraland Defense Force
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ချင်းပြည်နယ်
#မတူပီမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥3
This media is not supported in your browser
VIEW IN TELEGRAM
Sep - 26 [ 4 Pm ] Mizzima News Hour

Mizzima Headline News

#4pmnews
#mizzimanewshour
#reels
#shorts
👍5😁1🍌1