Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စက်တင်ဘာလ (၂၆) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
=================

− မြန်မာစစ်တပ်အပေါ် လက်နက်တင်သွင်းမှု၊ လေယာဉ်ဆီတင်သွင်းမှုတွေကို ဥပဒေကြောင်းအရ ပိတ်ဆို့အရေးယူနိုင်ရေး ကုလဆိုင်ရာ ဗြိတိန်နဲ့ကနေဒါနိုင်ငံ သံအမတ်ကြီးတွေနဲ့ NUGတို့ ဆွေးနွေးကြတဲ့သတင်း

− လိုင်လင်းပီမြို့မှာ တိုက်ပွဲဖြစ်ပွါးနေတဲ့အတွက် မြို့အတွင်းမဝင်ဖို့ MDF သတိပေးတဲ့သတင်း

- လုံခြုံမှုမရှိတဲ့ ရန်ကုန် အပါအဝင် ဒေသ ၁၄ ခုကို ခရီးသွားလည်ပတ်သင်တဲ့ နေရာအဖြစ် စစ်ကောင်စီထုတ်ပြန်တဲ့အကြောင်း
- ရန်ကုန်မှာ တစ်ခါပြတ်ရင် ၄ နာရီနဲ့ တစ်ရက် မီး ၂ ကြိမ် ပြတ်တော့မယ့် သတင်း

− မြန်မာ- တရုတ်နှစ်နိုင်ငံရှိ နိုင်ငံသားတွေကို နိုင်ငံကူးလက်မှတ်နဲ့ နယ်စပ်ဂိတ်ဖြတ်သန်းခွင့် မကြာမီခွင့်ပြုပေးသွားမယ်လို့ စစ်ကောင်စီပြောတဲ့အကြောင်းနဲ့

− ဗီဇာလွတ်ခရီးသွားလာမှုအစီအစဉ်ကိုစတင်လိုက်တဲ့ ထိုင်းနိုင်ငံမှာ တရုတ်ခရီးသွားတွေကို VIP အဆင့်ကြိုဆိုလိုက်တဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/G6XRpzSD4d8?si=Kf7grnuZ5C947TrK

#MizzimaTV
#7pmnews
#mizzimaprimetime
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁2
“မြင်းမူမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဘယ်လိုကျဆုံးခဲ့ရတာလဲ”
=====================

မိုးသောက်
(မဇ္ဈိမ)။ ။၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့က စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ထဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၄ ဦးနဲ့ ပြည်သူတဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ပါတယ်။

သတ်ဖြတ်ခံရသူတွေထဲမှာ မြင်းမူလင်းယုန်နက်ကာကွယ်ရေးတပ်ဖွဲ့၊ မြောင်မြို့နယ်အခြေစိုက် စစ်ကိုင်း ခရိုင်တပ်ရင်း(၅) နဲ့တပ်ရင်း(၆)တို့က ရဲဘော်တွေပါဝင်ပါတယ်။

အသက် ၁၈ နှစ်ကနေ ၄၀ အရွယ်အထိရှိတဲ့ အမျိုးသား ၂၅ ဦးကို စစ်ကောင်စီက ဘယ်လို သတ်ဖြတ်ခဲ့တာ ပါလဲ။

တည်းဖြတ်/တင်ဆက်- မိုးသောက်

https://youtu.be/6OcxcmkpucY?si=-8tv7GZ-TI2IkNEi

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1😁1😢1
​​စစ်ကောင်စီ အကျိုးအတွက် အထောက်အပံ့ပြုသည့် ရုရှားခရီးသွားများနှင့် တိုက်လေယာဉ်များ
=====================

ရုရှား ခရီးသွားများ၊ ဘဏ်ကတ်များ၊ တိုက်လေယာဉ်များ၊ သတင်းမှားဖြန့်မှု၊ ဝါဒဖြန့်ချိမှု နှင့် ရွေးကောက်ပွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတို့က မြန်မာအာဏာသိမ်းစစ်ကောင်စီ၏ အကျိုးအတွက် အထောက်အကူပြုသည့် အရာများဖြစ်ပြီး လက်ရှိတွင် နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်ကြီးများသည် နိုင်ငံတွင် “အရာအားလုံး ပုံမှန်ဖြစ်နေသည်” ဆိုသည့် ပုံသဏ္ဌာန်ကို ဖော်ဆောင်ရန် ကြိုးပမ်းလျက် ရှိသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🤬2🖕2❤1
​​တော်ဝင်မိသားစုအပေါ် စော်ကားမှု စွဲချက်များဖြင့် ထိုင်းဆန္ဒပြခေါင်းဆောင် ထောင်ဒဏ်ချမှတ်ခံရ
=======================

ထိုင်းနိုင်ငံ၏ လူငယ်ထု ဦးဆောင်သည့် ဒီမိုကရေစီ လိုလားသော ဆန္ဒပြလှုပ်ရှားမှု၏ ဦးဆောင်ပုဂ္ဂိုလ်တဦးကို တော်ဝင်မိသားစုအား ပုတ်ခတ်စော်ကားမှု စွဲချက်များဖြင့် စက်တင်ဘာ ၂၆ ရက်တွင် ထိုင်းတရားရုံးတခုက ထောင်ဒဏ် လေးနှစ် ချမှတ်လိုက်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4😁2❤1🔥1🤬1
​​ပင်လယ်သမုဒ္ဒရာထဲ အမှိုက်စွန့်ပစ်မှု၌ မလေးရှားက ပဥ္စမမြောက် အများဆုံးနိုင်ငံ ဖြစ် 
========================

ပင်လယ်သမုဒ္ဒရာထဲသို့ ပလတ်စတစ်အမှိုက်နှင့် စွန့်ပစ်အမှိုက်များ စွန့်ပစ်မှု ပမာဏ အများဆုံး ထိပ်တန်း ၁၀ နိုင်ငံစာရင်းကို ထုတ်ပြန်သည့်နောက်တွင် မလေးရှားသည် ပဥ္စမမြောက် အများဆုံး စွန့်ပစ်သော နိုင်ငံ ဖြစ်လာခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥2
စက်တင်ဘာလ (၂၆) ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

စစ်တပ်ကိုပိတ်ဆို့ရေး ကုလဆိုင်ရာဗြိတိန်အပါအဝင် ကနေဒါသံအမတ်ကြီးတွေနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ဆွေးနွေးခဲ့၊ ထိုင်းနိုင်ငံကို MoU နဲ့ ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၄၀ ကျော် ပုံမှန်အလုပ်မဆင်းရပဲ အခက်အခဲဖြစ်နေ၊ အပတ်စဉ်ကဏ္ဏတွေအနေနဲ့ “မရွှေမိုးရဲ့လေးညှိုသံ” ဆောင်းပါးအစီအစဉ်နဲ့ ထိုင်းနိုင်င်ငံရောက်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေသိထားသင့်တဲ့ အကြောင်းအရာတွေကို မေးမြန်းတင်ဆက်ထားတဲ့ “ဆက်သွယ်မေးမြန်းချက်” အစီအစဉ်၊ တိုင်းရင်းသားတွေရဲ့အသံကိုကြားကြရမယ့် BNI ရေဒီယိုအစီအစဉ်တွေကိုလည်း တင်ဆက်ပေးမှာပါ။

https://youtu.be/3cVy2F8Azgo?si=WQYDIf_YziXpSMYw

#Eveningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🔥1
​​ကမ်းရိုးတန်းနှင့် အောက်ပိုင်းဒေသများ မိုးကြီးနိုင်ကြောင်း သတိပေး
=======================

ရောင်နီ
(မဇ္စျိမ)။ ။ မုတ်သုံလေအားကောင်းနေခြင်းကြောင့် ရန်ကုန်အပါအဝင်ပြည်နယ်နှင့်တိုင်းသုံးခုတွင် မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၂၅ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်အတွင်း မုတ္တမကွေ့တွင် လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ခြေရှိပြီး မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ကရင်ပြည်နယ်တို့တွင် မိုးများနိုင်ကာ နောက်ဆက် တွဲ ရေကြီး၊ မြေပြိုမှုဘေး သတိပြုရန် အသိပေးထားသည်။

ထို့အပြင် မုတ်သုံလေဆုတ်ခွာနေခြင်းကြောင့် နေရာကွက် မိုးကြီးကာ မြစ်၊ချောင်းများ ရေတက်လာပြီး ဒုတိယရေကြီးကာလဖြစ်စဥ်ကို ထပ်မံကြုံတွေ့ရနိုင်သည်ဟု MOHADM က သတိပေးသည်။
လက်ရှိ စက်တင်ဘာလ နှောင်းပိုင်းတွင် အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမှဆုတ်ခွာနေသည်။ မုတ်သုံလေဆုတ်ခွာနေချိန်တွင် နေရာကွက်မိုးကြီးခြင်း၊လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်လေ့ရှိသည်။

လက်တလောရာသီဥတုအခြေအနေရ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နောက်နှစ်ရက်အတွင်း မိုးများနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက ယနေ့ စက်တင်ဘာလ ၂၆ရက်တွင် ထုတ်ပြန်ထားသည်။

မိုးလေ၀သပညာလေ့လာသူ ဦး၀င်းနိုင်က
လာမည့် ရက်သတ္တပတ်အတွင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွင် မိုးများနိုင်ကြောင်း အသိပေးထားသည်။
ပြီးခဲ့သည့် ဇူလိုင်လနှင့် သြဂုတ်လက မြန်မာနိုင်ငံဒေသအများစု မိုးသည်းထန်စွာခဲ့ပြီး မြစ်ချောင်းများတွင် မြစ်ရေများ စိုးရိမ်ရေအမှတ်အထက်သို့ မြင့်တက်ခဲ့သည်။ နောက်ဆက်တွဲအဖြစ် မြို့နယ်အများအပြားတွင် ရေလွှမ်းမိုးခဲ့ပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ မြို့နယ်အချို့တွင် ရေဘေးကြုံတွေ့ခဲ့သည်။

စာတည်း - အေးချမ်း

#mizzima
#မုတ်သုံလေ
#မိုးကြီးမည့်သတိ‌ပေးချက်
#MOHADM

ပုံ - ရန်ကုန်မြို့တွင် စက်တင်ဘာလ ၁၉ရက်နေ့လယ်က မိုးသည်းထန်စွာ ရွာသွန်းခဲ့စဉ် Photo/Mizzima

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥1
​​စင်္ကာပူတွင် ဒုတိယကမ္ဘာစစ်လက်ကျန် ၁၀၀ ကီလို ဗုံးကို ဖောက်ခွဲဖျက်ဆီး
=====================

စင်္ကာပူနိုင်ငံ Bukit Timah အရပ်တွင် တွေ့ရှိသော ဒုတိယကမ္ဘာစစ်လက်ကျန် ၁၀၀ ကီလိုဂရမ် အလေးချိန်ရှိ ဗုံးတလုံးကို စက်တင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက အောင်မြင်စွာ ဖောက်ခွဲဖျက်ဆီးခဲ့သည်။ ထိုမတိုင်မီ မနက်ပိုင်းက အနီးအနားတွင် နေထိုင်သူ ၄,၀၀၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ခိုင်းခဲ့ရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
Media is too big
VIEW IN TELEGRAM
မြန်မာစစ်တပ်ကို လက်နက်နှင့် လေယာဉ်ဆီတင်သွင်းမှု ပိတ်ဆို့နိုင်ရေး ကုလဆိုင်ရာဗြိတိန်၊ ကနေဒါသံအမတ်ကြီးနှင့် NUG တို့ ဆွေးနွေး

#reels
#shorts
#BusinessRoundUp
#MizzimaTV
👍16🤣2
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၆ စက်တင်ဘာ ၂၀၂၃) 
=======================

အာဏာသိမ်းအကြမ်းဖက် စစ်တပ်သည် ၎င်းတို့အတွင်း အဝေမတည့် စားခွက်လုပြီးနောက် အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းထားသည်ကို တွေ့ရသည်။သို့သော် ညံ့ဖျင်း၍ မနာလိုစိတ်ကြီးသူ ခေါင်းသူကြီးများ ဦးဆောင်မှုကြောင့် မည်သို့မျှအောင်မြင်နိုင်ဖွယ်မရှိကြောင်း သုံးသပ်ရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1👏1
Media is too big
VIEW IN TELEGRAM
လုံခြုံမှုမရှိတဲ့ ရန်ကုန် အပါအဝင် ဒေသ ၁၄ ခုကို ခရီးသွားလည်ပတ်သင်တဲ့ နေရာအဖြစ် စစ်ကောင်စီထုတ်ပြန်

#reels
#shorts
#BusinessRoundUp
#MizzimaTV
😁11🤮1
​​တရုတ်အနောက်တောင်ပိုင်းတွင် ကျောက်မီးသွေးတွင်း မီးလောင်မှုကြောင့် ၁၆ ဦး ထက်မနည်း သေဆုံး  
======================

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင် စက်တင်ဘာ ၂၄ ရက်က ကျောက်မီးသွေးတွင်း မီးလောင်မှုကြောင့် လူ ၁၆ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြားသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁1
Media is too big
VIEW IN TELEGRAM
ရန်ကုန်မှာ တစ်ခါပြတ်ရင် ၄ နာရီနဲ့ တစ်ရက် မီး ၂ ကြိမ် ပြတ်တော့မယ်

#reels
#shorts
#BusinessRoundUp
#MizzimaTV
👍6🔥1
This media is not supported in your browser
VIEW IN TELEGRAM
မြန်မာ-တရုတ်နှစ်နိုင်ငံရှိ နိုင်ငံသားများ Passport ဖြင့် နယ်စပ်ဂိတ်ဖြတ်သန်းခွင့်ရတော့မည်

#reels
#shorts
#BusinessRoundUp
#MizzimaTV
👍8🔥1
​​စစ်ကောင်စီခန့်ဝန်ကြီး ဦးအောင်နိုင်ဦး အစားထိုးပြောင်းရွှေ့ခံရသည့်ဝန်ကြီးဌာန ၃ ခုအထိရှိလာ
========================

001
(မဇ္စျိမ) ။ ။ယခင် NLD အစိုးရလက်ထက်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဖြစ်မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆိုပါဝန်ကြီးဌာန၏ ဝန်ကြီး ဖြစ်လာသည့် ဦးအောင်နိုင်ဦးအနေဖြင့် လက်ရှိတွင် အစားထိုးပြောင်းရွှေ့ခံရသည့် ဝန်ကြီးဌာန သုံးခုအထိ ရှိလာသည်။

ဦးအောင်နိုင်ဦးသည် ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းက စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာပွင့်ဆန်းနေရာသို့ အစားထိုးဝင်ရောက်ခဲ့ရပြီး တနှစ်ကျော်အကြာတွင် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်တာဝန်ယူခဲ့သည့် အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)သို့ ထပ်မံပြောင်းရွှေ့ခံလိုက်ရ ခြင်းဖြစ်သည်။

စစ်ဘက်တွင် မူလတာဝန်ပြန်ပေးခံရသည့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်မှာ စစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခံလိုက်ရပြီး ၎င်း၏ အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)ဝန်ကြီးနေရာတွင်လည်း ဦးအောင်နိုင်ဦးကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီက ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်ညပိုင်းတွင် ကြေညာ ခဲ့သည်။

လာဘ်စားမှုများကြောင့် စစ်ဆေးခံနေရသူများဖြစ်သည့် စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းမှာလည်း အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားခံရပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးညွန့်အောင်ကိုလည်း စစ်ကောင်စီက ရာထူးမှ အနားပေးခဲ့သည်။

လက်ရှိတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးနှင့် ဒုတိယဝန်ကြီးနေရာများတွင် အစားထိုးခန့်အပ်မှုများ ထပ်မံပြုလုပ်ထားပြီးဖြစ်ကာ ဦးအောင်နိုင်ဦး၏နေရာတွင် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံအား ခန့်အပ်ထားကြောင်း သိရသည်။

စစ်တပ်အရာရှိဟောင်း တဦးဖြစ်သည့် ဦးအောင်နိုင်ဦးသည် ဦးသိန်းစိန်လက်ထက်နှင့် NLD အစိုးရလက် ထက်တို့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) ညွှန်ကြားရေးမှူးချုပ်၊ ရင်းနှီးမြှုပ် နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် စသည့်တာဝန်များကိုလည်းထမ်းဆောင်ခဲ့ဖူးသည်။

အာဏာသိမ်းပြီးနောက် ဝန်ကြီးအဖြစ်တာဝန်ယူခဲ့သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ကုန် သွယ်ရေးလုပ်ငန်းများအတွက် အဓိကအရေးပါသည့် ဝန်ကြီးဌာနများဖြစ်သော်လည်း အစိုးရအဖွဲ့ရုံးဝန် ကြီးဌာန(၁)မှာမူ ငြိမ်းချမ်းရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် အခွန်အယူခံဆိုင်ရာကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်နေသည့် ဌာနသာဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် ဝန်ကြီးအဖြစ် ခန့်အပ်ယူခဲ့သူအချို့ကို စစ်ကောင်စီကရာထူးမှ ထုတ်ပယ်ခဲ့မှု များရှိပြီး ဦးအောင်နိုင်ဦးမှာမူ ထိုသို့ရာထူးမှ ထုတ်ပယ်ခံရခြင်းမရှိသော်လည်း ဝန်ကြီးအဖြစ် သုံးကြိမ်တိုင် နေရာပြောင်းရွှေ့ခံရခြင်းဖြစ်သည်။

စာတည်း။ ။စောဖေ

#စစ်ကောင်စီ
#အစားထိုးပြောင်းရွှေ့
#အစိုးရအဖွဲ့

ဓာတ်ပုံ- ဦးအောင်နိုင်ဦး

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁8👍5🤮2
Media is too big
VIEW IN TELEGRAM
Sep - 26 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍4🍌1🖕1
ရက်ပေါင်း ၈၀၀ မြောက် သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း
👍12❤1🔥1😁1