Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စက်တင်ဘာလ( ၂၇ )ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
========================

ရခိုင်ပြည်နယ် မုန်တိုင်းသင့် ဒေသတွေမှာ လျှပ်စစ်မီးပြန်မရသေး၊ရပ်စောက်-ပင်းတယလမ်းသွားလာခွင့် စစ်ကောင်စီကန့်သတ်လိုက်တဲ့ အကြောင်းတွေ ပါဝင်တဲ့ နောက်ဆုံးရ ပြည်တွင်းသတင်း၊စီးပွားရေးသတင်းတွေနဲ့ နိုင်ငံတကာ သတင်းတွေ၊ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်၊ အပတ်စဉ်ကဏ္ဍအနေနဲ့ “မရွှေမိုးရဲ့လေးညှို့သံ” ဆောင်းပါးအစီအစဉ်ကိုနားဆင်ကြရမှာပါ။

https://youtu.be/-1PCbo9-iRs?si=GTfkKzvpdUk2gADO

#Morningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥1
​​27.9.2023 (Wednesday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
======================

Highlight

အမှန်တရားအတွက် ပြိုင်ဆိုင်မှုများ (ညနေ - ၆ နာရီ)
မျဉ်းပြိုင်နှစ်ကြောင်းရဲ့ နှစ်လုံးသားတစ်စုံ (ည- ၇ နာရီ)
India Movie - The Sky is Pink ( ည- ၈ နာရီ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
👍4🔥1
​​The Sky is Pink
==============

ဒီရုပ်ရှင် ဇာတ်ကားလေးဟာ သားသမီးနှင့် မိသားစုနှောင်ကြိုးကို ဆုံးရူံးခဲ့ရတဲ့ စုံတွဲတစ်တွဲရဲ့ ဖြစ်ရပ်မှန် အကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်

ဒေလီမြောက်ပိုင်း ကိုယ်စားပြု ကရာတေးချန်ပီယံ " နီရန်ချောင်ဒရီ" ....

ဒေလီတောင်ပိုင်း ကိုယ်စားပြု မစ္စအိန္ဒိယ ဖြစ်တော့မယ့် " အဒီတီ ချောင်ဒရီ" ........

မြောက်ပိုင်းနဲ့ တောင်ပိုင်းက သူတို့ ဖူးစာဆုံပြီး မွေးဖွားလာတဲ့ သားလေး
"အီရှန်ချောင်ဒရီ ".........

ကလေးထပ်မယူတော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် မထင်မှတ်ဘဲ နောက်ထပ်ကလေးတစ်ယောက်ကို ထပ်ရသွားပါတယ် ။

အဲ့ဒီကလေးလေးကတော့ မတ်ချ်လ ၂၇ ရက်နေ့မှာ SCID ဆိုတဲ့ရောဂါနဲ့အတူ မွေးဖွားလာတဲ့ " အိုက်ရှီ" ပဲ ဖြစ်ပါတယ်..
SCID ဆိုတဲ့ ရောဂါက ကိုယ်ခံအား အပြင်းအထန် ချို့တဲ့ တဲ့ရောဂါဖြစ်ပြီး မျိုးရိုးနဲ့ဆိုင်တဲ့ ရှားပါးရောဂါတစ်မျိုးပါ

"နီရန်" နဲ့ " အဒီတီ" တို့ဟာ “အိုက်ရှီ” လိုရောဂါ ခံစားပြီး မွေးဖွား ဖွားပြီးချင်း သေဆုံးသွားခဲ့တဲ့ "တန်ယာ"လို့ ခေါ်တဲ့ သမီးဦးလေး ရှိခဲ့ပါတယ်

သူတို့နှစ်ယောက်ရဲ့ သမီးဦး" တန်ယာ"လိုမျိုး "အိုက်ရှီ" သေဆုံးသွားမှာကို စိုးရိမ်ပြီး အဲ့ဒီရောဂါကို ကုသပေးဖို့အတွက် အစွမ်းကုန် ကြိုးစားပါတော့တယ် ...
သူတို့ကြိုးစားမူကရော အရာထင်သွားခဲ့သလား ?

မိဘမေတ္တာကို အပြည့်အဝဖော်ကျူးပြီး ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေး ဖြစ်တဲ့ ဇာတ်ကားလေးကိုတော့ Mizzima + မှာ စောင့်မျှော်ကြည့်ရူနိုင်ပါပြီ ။

Mizzima + တွင် ပြသနေသည့် ည (၈) နာရီအချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

#New ပြသမည့်ရက်။ ။ 27.9.2023
ပြသမည့် အချိန် ။ ။ည (၈:၀၀ )နာရီ
ပြန်လည်ပြသမည့်ရက်။ ။ 28.9.2023
အချိန်။ ။နေ့လည် ၂နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

#Mizzimplushd
#indiamoviereview
👍5❤1🔥1
စစ်ကောင်စီ ဗဟိုဘဏ်ထိန်းချုပ်မှုအောက် လုံးဝရောက်သွားတဲ့ နိုင်ငံခြားငွေကြေးစနစ်
======================

ပြီးခဲ့တဲ့ စက်တင်ဘာလ တတိယပတ်အတွင်း စစ်ကောင်စီ ဗဟိုဘဏ်က နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့် လိုင်စင်ထုတ်ပေးထားတဲ့ ကုမ္ပဏီ ၁၂၃ ခုကို လိုင်စင်ရုပ်သိမ်းလိုက်တာ တွေ့ရပါတယ်။ ကုန်ဈေးနှုန်းနဲ့ ဒေါ်လာငွေ ကြေး အဆမတန်မြင့်တက်မှု တိုက်ဖျက်ရေးဆိုပြီး ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ် ရန်နောင်စိုးအပါအဝင် အပေါင်းအပါတစ်သိုက်နဲ့ စီးပွားရေးသမားတွေကို ဖမ်းဆီးစစ်ဆေးပြီးနောက် အခုလို နိုင်ငံ ခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့် လိုင်စင်ရ ကုမ္ပဏီတွေကို လိုင်စင်ထပ်မံရုပ်သိမ်းခဲ့တာလည်းဖြစ်ပါတယ်။

https://youtu.be/Frb2f17daKQ?si=p9hdOS-yDfiGliqf

#politics
#newsfeature
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤2👏1😁1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ( စက်တင်ဘာလ ၂၇ ရက်၊ ၂၀၂၃ ) | VOA On Mizzima
===========================

ဥတုရာသီဖောက်ပြန်မှုကြောင့် ဆုံးရှုံးမှု ကြီး၊ ကမ္ဘာကြီးပူပြင်းမှုကြောင့် သီးနှံ အလေအလွင့် တိုး၊ သမင်ကောင်ရေတိုးမှုကြောင့် သစ်တောပြုန်းနိုင်၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/fWnKE4pc2IA?si=FHVWYJmQh66tTPFP
 
#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🍌2
ဥတုရာသီဖောက်ပြန်မှုကြောင့် ဆုံးရှုံးမှု ကြီး| VOA On Mizzima
===================

အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ တူရကီနဲ့ ဥရောပအပါအဝင် အမေရိကန်ပြည်ထောင်စုမှာ ဆုံးရှုံးမှုကြီးတဲ့ ရေကြီးရေလျှံမှုတွေ၊ အပူလှိုင်းတွေနဲ့ ရင်ဆိုင်နေရပါတယ်၊ ကမ္ဘာ့အပူချိန်တွေ မြင့်တက်လာရင် ဆိုးရွားပြင်းထန်လှတဲ့သဘာဝဘေးဒဏ်တွေနဲ့ ပိုကြုံရလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးနေချိန်မှာပဲ ခုလိုအခြေအနေမျိုးတွေနဲ့ ပေါ်ပေါက်လာတာပါ။ နန်းလောင်ဝ် တင်ပြထားပါတယ်။

https://youtu.be/cyweDjj-3NE?si=t91FZ-JwVsVAfkFF

#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏5👍2🔥1
ကမ္ဘာကြီးပူပြင်းမှုကြောင့် သီးနှံ အလေအလွင့် တိုး | VOA On Mizzima
====================

အပူချိန်ကြောင့် လယ်ယာထွက်ကုန်တွေ ပျက်စီးဆုံးရှုံးမှု ပမာဏကို လျှော့ချဖို့ ကင်ညာကျေးလယ်သမားတွေ ရွေ့လျား နေရောင်ခြည်စွမ်းအင်သုံး အအေးခန်း သိုလှောင်ရုံတွေကို အသုံးပြုလာကြပါတယ်။ ပူပြင်းတဲ့ရာသီဥတုနဲ့ ပို့ဆောင်ရေးအခက်အခဲတွေကြောင့် ဆာဟာရ ကန္တာရ အောက်ပိုင်းဒေသ စိုက်ခင်းတော်တော်များများက ထွက်ကုန်သီးနှံ ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းလောက် ပျက်စီးဆုံးရှုံးရလေ့ရှိတယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) စာရင်းတွေကလည်း ဖော်ပြပါတယ်။ အေပီသတင်းကို အခြေခံပြီး မမြသဇင်အောင် တင်ဆက်ထားပါတယ်။

https://youtu.be/SfYTu4o1iVc?si=r4TnitWrgIANnwFA

#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥2
​​မူးယစ်ဆေး ဖမ်းဆီးတားမြစ်ရေးတွင် ချင်းအဖွဲ့အစည်းများ ပူးပေါင်းကူညီစေလိုကြောင်း မီဇိုရမ်ဝန်ကြီးချုပ် ပြော
=================

မဇ္ဈိမ
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းသို့ မြန်မာနိုင်ငံဘက်ခြမ်းမှ ဝင်ရောက်လာသည့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးတားမြစ်ရေးတွင် ချင်းအဖွဲ့ အစည်းများအနေဖြင့် ပူးပေါင်းကူညီစေလိုကြောင်း မီဇိုရမ်ဝန်ကြီးချုပ် ဇိုရမ်းထန်းငါက ပြောကြားလိုက်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဝန်ကြီးချုပ်၏ ရုံးခန်းကို ချင်းတော်လှန်ရေး လူငယ်များ အလွတ်သဘော သွားရောက်တွေ့ဆုံစဉ် ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်ကြောင်း တွေ့ဆုံရာတွင် ပါဝင်သည့် ချင်းအမျိုးသား ကောင်စီ(မင်းတပ်) တာဝန်ရှိသူ ဆလိုင်းယောမာန်က မဇ္ဈိမကို ပြောသည်။

ကြိုတင်စီစဉ်ထားခြင်းမျိုး မဟုတ်ဘဲ တွေ့ဆုံခွင့်ရရန် တရက်သာ ကြိုသိရသည့် အတွက် အများကြီး ပြင်ဆင်ချိန် မရခဲ့သော်လည်း မြန်မာပြည် တော်လှန်ရေး အကြောင်းကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ကောင်းကောင်းသိရှိအောင် တင်ပြနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“ဒီတွေ့ဆုံပွဲမှာ မီဇိုရမ်ဝန်ကြီးချုပ်အနေနဲ့ မြေပြင်က တိုက်ရိုက်လာတဲ့ ကျွန်တော်တို့လူတွေပြောပြတဲ့ တော်လှန်ရေးအကြောင်း ကောင်းကောင်း သိသွားတာပေါ့၊ နောက်ပြီး မီဇိုရမ်အစိုးရအဖွဲ့အနေနဲ့ စစ်ရှောင်အရေးနဲ့ ပတ်သက်လို့ ကူညီနေတယ်၊ ဒီတော့ မူးယစ်ဆေးဝါး ဖမ်းဆီး တားမြစ်ရေးတွေမှာ ချင်းအဖွဲ့အစည်းတွေအနေနဲ့ ထဲထဲဝင် ပါဝင်ကူညီစေ လိုကြောင်း ပြောတယ်’’ဟု ဆလိုင်းယောမာန်က ပြောသည်။

ချင်းတော်လှန်ရေးလူငယ်များမှ ချင်းပြည်နယ်အတွင်းမှ ထွက်ပြေး တိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည်များကို လက်ခံကူညီပေးထားသည့် မီဇိုရမ်အစိုးရအဖွဲ့ကို ကျေးဇူးတင်ကြောင်းလည်း ပြောဆိုခဲ့သည်။

ယင်းအပေါ် မီဇိုရမ်ဝန်ကြီးချုပ်ကလည်း ၎င်းတို့ပါတီ အာဏာဆက်ရနေသ၍ ချင်းညီအစ်ကိုများကို ကူညီသွားပေးသွားမည်ဟု ပြန်လည်တုံ့ပြန်ခဲ့ကြောင်း ဆလိုင်းယောမာန်က ဆိုသည်။
‘’တွေ့ဆုံပွဲမှာ အိန္ဒိယ ဗဟိုအစိုးရနဲ့ မီဇိုရမ် ပြည်နယ်အစိုးရတို့အနေနဲ့ ချင်းပြည်နယ်အတွင်း လုပ်ဆောင်လိုတဲ့ ကိစ္စတွေရှိရင်လည်း မြေပြင်ကို စိုးမိုးထိန်းချုပ်ထားတဲ့ အဖွဲ့တွေအနေနဲ့ ကျွန်တော်တို့ကလည်း တတ်နိုင်တဲ့ ဘက်က ကူညီလုပ်ဆောင်သွားမယ့်အပြင် လိုအပ်တဲ့ အကူအညီပေးနိုင်ကြောင်း ဆွေးနွေးခဲ့တယ်” ဟု ဆလိုင်းယောမာန်က ပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ဘက်ခြမ်းတွင် မြန်မာနိုင်ငံဘက်ခြမ်းမှ ဝင်ရောက်လာသည့် မူးယစ်ဆေးဝါးများဖမ်းဆီးရရှိမှု နေ့စဉ်နီးပါးရှိနေကြောင်း ဒေသတွင်း မီဒီယာများကဖော်ပြနေပြီး စက်တင်ဘာ ၁၂ ရက်ကလည်း အာသံရိုင်ဖယ်တပ်က ရူပီးသိန်း ၈,၇၈၄ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် တဖက်မှာလည်း အိမ်နီးချင်း မြန်မာနိုင်ငံဘက်က တရားမဝင် ရွှေ့ပြောင်းဝင်ရောက်နေထိုင်မှု၊ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုများ မြင့်တက်လာခြင်းကြောင့် ပြည်နယ်အတွင်း နယ်စပ်ခြံစည်းရိုးခတ်ရန် စီစဉ်နေကြောင်း မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားထားသည်။

လက်ရှိတွင် အိမ်နီးချင်း မြန်မာနှင့် ကီလိုမီတာ ၄၀၀ ခန့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မဏိပူရ်ရှိ အိန္ဒိယ-မြန်မာ နယ်စပ်၏ ၁၀၀ ကီလိုမီတာခန့်ကို ခြံစည်းရိုးခတ်ရန် လုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်၊။ ။ သန့်ဇော်(သန်လျင်)

#မီဇိုရမ်
#ဝန်ကြီးချုပ်
#ချင်းလူငယ်အဖွဲ့တွေ့ဆုံ
#Mizzima

ဓာတ်ပုံ- မီဇိုရမ်ဝန်ကြီးချုပ်ကိုသွားရောက်တွေ့ဆုံကြသည့်ချင်းလူငယ်အဖွဲ့ (ပုံ- ဆလိုင်းယောမာန်)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14🔥1
This media is not supported in your browser
VIEW IN TELEGRAM
September - 27 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews #mizzimanewshour #reels #shorts
👍5😁2🤔1
​​အကြောင်းမဲ့သတ်ဖြတ်ခံရသည့် NLD ပါတီဝင်အမျိုးသမီး ၁၀ဦးအထိရှိ
========================

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ အကြောင်းမဲ့သတ်ဖြတ်ခံလိုက်ရသည့် အမျိုးသမီးစုစုပေါင်း ၁၀ဦးရှိသည်ဟု ယနေ့ပြုလုပ်သည့် ပါတီ ၃၅ နှစ်မြောက် အခမ်းအနားတွင် ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဒေါ်မေဝင်းမြင့် ဖတ်ကြားသည့် ဖက်ဒရယ်ဒီမိုကရေစီအရေး ဆောင်ရွက်ထားမှုအခြေအနေနှင့်ပတ်သက်သည့် စာတမ်းအရသိရသည်။

၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးချိန်မှစ၍ စက်တင်ဘာလ ၁၅ရက်နေ့အထိ အကြောင်းမဲ့သတ်ဖြတ်ခံရသည့် အမျိုးသမီး ၁၀ဦး၊ ဖမ်းဆီးခံရသူ ၁၉၂ ဦး၊ နေအိမ်ချိပ်ပိတ်ခံရသူ ၈၄ ဦးရှိသည်ဟု သိရသည်။

NLDပါတီတွင် အမျိုးသမီးများသည် ဘယ်တောင်ပံတွင်ရှိနေပြီး တော်လှန်ရေး၏ ကဏ္ဍအသီးသီးဖြစ်သည့် လက်နက်ကိုင်တော်လှန်ရေး၊ ပြည်သူ့ အုပ်ချုပ်ရေး၊ သက်မွေးကြောင်းပညာရပ်များ သင်ကြားပေးခြင်းနှင့် ဆေးကုသခြင်းအပါအဝင် နယ်ပယ်ပေါင်းစုံံတွင် ပါဝင်နေသည်ဟု စာတမ်းမှာ ဖော်ပြသည်။

"အမျိုးသမီးလုပ်ငန်းအဖွဲ့အဆင့်ဆင့်သည် ဖက်ဒရယ်နှင့်ဒီမိုကရေစီ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်တည်ဆောက်ရေးအတွက် ယုံကြည်ချက်ခိုင်မာစွာဖြင့် အားသွန်ခွန်စိုက် ပြည်သူနှင့်အတူ ကတိပြုအပ်ပါသည်” ဟု ဒေါ်မေဝင်းမြင့်ကပြောသည်။

စစ်အာဏာသိမ်းပြီးသည့်နောက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့် ပါတီဝင်များဖမ်းဆီးခံခဲ့ရသည်၊ သတ်ဖြတ်ခံခဲ့ရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်မှတ်ထားဖမ်းဆီးမှုများရှိသည့်အတွက် ပါတီဝင်များလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

စာတည်း - သန့်ဇော်(သန်လျင်)
NLD ပါတီဝင်တဦး၏ နာရေး

#mizzima
#ဖက်ဒရယ်
#ဒီမိုကရေစီ
#NLD
#အမျိုးသမီး

ဓာတ်ပုံ- မီဇိုရမ်ဝန်ကြီးချုပ်ကိုသွားရောက်တွေ့ဆုံကြသည့်ချင်းလူငယ်အဖွဲ့ (ပုံ- ဆလိုင်းယောမာန်)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢10👍3😁2🤬1
စက်တင်ဘာလ( ၂၇ )ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================

-စစ်ကောင်စီကျူးလွန်မှုတွေ ICC လွှဲပြောင်းကိုင်တွယ်ဖို့ ကုလလူ့အခွင့်အရေးကော်မရှင်နာမင်းကြီး တိုက်တွန်းတဲ့သတင်း

- စစ်ကောင်စီခန့်ဝန်ကြီး ဦးအောင်နိုင်ဦး အစားထိုးပြောင်းရွှေ့ခံရတဲ့ဝန်ကြီးဌာန ၃ ခုအထိရှိလာတဲ့သတင်း

- မြင်းမူမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဘယ်လိုကျဆုံးခဲ့ရတာလဲ

-ဒီကနေ့ မနက် ၁၁ နာရီအထိ ရရှိထားတဲ့ ငွေလဲနှုန်း၊ ရွှေဈေး၊ စက်သုံးဆီဈေးနဲ့စားအုန်းဆီဈေးတွေ အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။

https://youtu.be/BuAiZ9rwsBA?si=CE9bAV84DfClwwiQ

#12pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁2❤1
​​ထိုင်းလယ်သမားများ၏ ကြွေးမြီအား ၃ နှစ် ဆိုင်းငံ့ပေး
======================

CNA
ထိုင်းလယ်သမား သန်းပေါင်းများစွာ၏ အစိုးရဆီ ပေးချေရမည့် စုစုပေါင်း ဘတ်ငွေ ၃၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉၀၈ သန်း) ကို သုံးနှစ်တာ ဆိုင်းငံ့ခြင်းအား လွှတ်တော်က အတည်ပြုလိုက်ပြီဟု ဒုတိယ ဘဏ္ဍာရေးဝန်ကြီးက အင်္ဂါနေ့တွင် ပြောသည်။

အလွတ်နှင့် အတိုးဖြင့် ပြန်လည် ပေးဆပ်ရမည့် ကြွေးမြီနှစ်ရပ်စလုံး ဆိုင်းငံ့မှုသည် အောက်တိုဘာ ၁ ရက်တွင် စတင်မည်ဖြစ်ကြောင်း ဂျူလာပန် အမ်မွန်ဗီဗက်က သတင်းထောက်များအား ပြောပြီး အတိုးဖြင့် ပေးဆပ်ရန် ရှိနေသည့် လယ်သမားများအနေဖြင့် နိုင်ငံပိုင် စိုက်ပျိုးရေးဘဏ်နှင့် လယ်ယာစိုက်ပျိုးရေး သမဝါယမအသင်းများထံမှ ဘတ်ငွေ ၁၀၀,၀၀၀ ကို ဆက်လက် ချေးငှားနိုင်မည် ဖြစ်ကြောင်း ဖြည့်စွက်ဆိုသည်။

ယခုကဲ့သို့ လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်မှာ လယ်သမားများ၏ ဝန်ထုပ်ဝန်ပိုးကို ပြေလျော့စေပြီး “ပြန်လည် ထူထူထောင်ထောင်” ဖြစ်လာရန် ဖြစ်သည်ဟု ၎င်းက ပြောသည်။ ကြွေးမြီဆိုင်းငံ့သည့် စီမံကိန်းတွင် လယ်သမား ၂ ဒသမ ၇ သန်း အကျုံးဝင်မည် ဖြစ်သည်။

ကမ္ဘာ့ ဒုတိယအများဆုံး ဆန်တင်ပို့သည့် ထိုင်းနိုင်ငံသည် အာရှ၌ အိမ်ထောင်စု ကြွေးမြီ အမြင့်ဆုံး တနိုင်ငံပဲ ဖြစ်သည်။
၂၀၂၁ ခုနှစ်အတွင်းက လယ်ယာစိုက်ပျိုးရေး အိမ်ထောင်စုအားလုံး၏ ၆၆ ဒသမ ၇ ရာခိုင်နှုန်းသည် ကြွေးမြီမကင်းဘဲ ရှိပြီး အများစုမှာ လယ်ယာစိုက်ပျိုးထွန်ယက်မှုနှင့် သက်ဆိုင်သည်ဟု အစိုးရ အချက်အလက်များအရ သိရသည်။

လယ်သမား မိသားစု အများအပြားသည် ကောက်ပဲသီးနှံများ စိုက်ပျိုးရိတ်သိမ်းရေးအတွက် ချေးငှားလုပ်ဆောင်ကြရရာ ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုး ပိပြီး ယင်း ကြွေးမြီက မျိုးဆက်နှင့်ချီ တင်ရှိတတ်သည်။

ယခု ကြွေးမြီဆိုင်းငံ့သည့် အစီအစဉ်သည် ပြီးခဲ့သည့် လက တာဝန်ယူလာသည့် လူထုအကျိုးမျှော် အစိုးရသစ်က ပြင်ဆင်စိုင်းပြင်းလာသည့် လုပ်ငန်းစဉ်များမှ တခုပဲ ဖြစ်သည်။ ပို့ကုန်ကျဆင်းခြင်းနှင့် ရင်းနှီးမြုပ်နှံသူများ၏ ယုံကြည်မှု ကျဆင်းခြင်းများ ဖိစီးကာ နှေးကွေးလေးလံနေသော စီးပွားရေးအား ပြန်လည်နိုးထရန် အစိုးရသစ်က ပြင်ဆင်စိုင်းပြင်းနေသည်။

ယခု ကြွေးမြီဆိုင်းငံ့မှုကြောင့် အစိုးရအနေဖြင့် တနှစ်လျှင် ဘတ်ငွေ ၁၁ ဘီလီယံခန့် (ဒေါ်လာ ၃၀၂ ဒသမ ၈ သန်းခန့်) ကုန်ကျမည်ဟု ဂျူလာပန်က ပြောပြီး အစိုးရအဖွဲ့က အင်္ဂါနေ့၌ ဘတ်ငွေ ၁၂ ဘီလီယံကို အတည်ပြုပေးထားသည်ဟု ထပ်လောင်းပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥1
​​မြန်မာတွင် စစ်တပ်က တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေပြီး လူ့အခွင့်အရေးအခြေအနေ ယိုယွင်းဆိုးရွားလာဟု ကုလ ပြော
=====================

Anadolu Agency
မြန်မာတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေသလို နိုင်ငံ၌ လူ့အခွင့်အရေးအခြေအနေသည် ယိုယွင်းဆိုးရွားနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက စက်တင်ဘာ ၂၆ ရက်တွင် ပြောသည်။

“မနေ့ကအထိ ဆိုရင် မြန်မာအာဏာသိမ်းစစ်တပ်နဲ့ သူတို့ရဲ့ အပေါင်းပါတွေရဲ့ လက်ချက်ကြောင့် လူ ၄,၁၀၈ ဦးထက်မနည်း သေဆုံးခဲ့ရပြီးဖြစ်တယ်ဆိုတာကို ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အတည်ပြုထားပါတယ်” ဟု ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗောလ်ကာ တာ့ခ်က မြန်မာဆိုင်ရာ အထူးအစည်းအဝေးတခု၌ ပြောကြားပြီး မြန်မာနိုင်ငံ၏ အခြေအနေကို “စိတ်ကူး စဉ်းစားပုံအသစ်” ဖြင့် ကိုင်တွယ်ဖြေရှင်းရေး တိုက်တွန်းအကြံပြုသွားသည်။

“စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ၊ လူအစုအပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ကျေးရွာတွေကို မီးရှို့မှုတွေ ဆိုတဲ့ စစ်ရေးဗျူဟာ သုံးခုကို သုံးပြီး အရပ်သားပြည်သူတွေအပေါ် အကွက်ကျကျ ပစ်မှတ်ထားကျူးလွန်နေတယ်” ဟု တာ့ခ်က ပြောသည်။
အစည်းအဝေးတွင် မြန်မာ ကိုယ်စားပြု ကိုယ်စားလှယ် ပါဝင်ခြင်း မရှိပေ။

အစားအစာ၊ ဆေးဝါးနှင့် နေအိမ်၊ အသက်ဘဝများကို ပြန်လည်ထူထောင်ရန် လိုအပ်သည့် ပစ္စည်းများ ဆက်လက် ပိတ်ပင်ခံနေရသည့် ရိုဟင်ဂျာများ အပါအဝင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ လူများကိုလည်း တာ့ခ်က ကိုးကား ပြောဆိုသည်။

မြန်မာတွင် အရပ်ဖက် ဥပဒေစိုးမိုးရေးက ပျောက်ကွယ်သွားပြီဖြစ်ပြီး စစ်တပ်သည် အုပ်ချုပ်မှုနှင့် တရားစီရင်မှုကို တမင် ရည်ရွယ် ဆုတ်ယုတ်တိုက်စားစေပြီး လက်ရှိ ဘင်္ဂလားဒေ့ရှ်တွင် ဒုက္ခသည် တသန်းကျော် ရှိနေမှုကို အစပျိုးစေခဲ့ကြောင်း တာ့ခ်က ပြောသည်။
“အခြေအနေက ဆက်ပြီး ကြီးလေးလာတာနဲ့ မြေပြင်မှာ ပြစ်ဒဏ်ခတ်မခံရဘဲ ရှိနေတာတို့ကြောင့် လက်ရှိမြန်မာ့အခြေအနေကို အိုင်စီစီ တရားရုံးထံ လွှဲပြောင်းပေးဖို့ ကုလ လုံခြုံရေးကောင်စီကို မိမိ ထပ်လောင်း တောင်းဆိုပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာတွင် စစ်အုပ်စုလက်အောက် လူပေါင်း ၂၄,၈၃၆ ဦး ဖမ်းဆီးခံခဲ့ရပြီး လူ ၁၉,၂၆၄ ဦးသည် ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်ကာ လူ ၁၅၀ ဦးသည် လွတ်လပ်မှု သို့မဟုတ် တရားမျှတသော တရားရုံးစစ်ဆေးမှုအခွင့်အရေးများကို လိုက်နာခြင်း မရှိသည့် စစ်တပ်ထိန်းချုပ်သော တရားရုံးများ၏ သေဒဏ်ပြစ်ဒဏ်ချမှတ်ခြင်းကို ခံထားရကြောင်း ကုလ လူ့အခွင့်အရေးအကြီးအကဲက ခိုင်လုံသည့် သတင်းရင်းမြစ်များကို ကိုးကား ပြောသည်။

“အာဏာသိမ်းစစ်တပ်ရဲ့ မြေပြင်ထိုးစစ်တွေကြောင့် လူ ၁၀ ဦး ဒါမှမဟုတ် အဲဒီထက်ပိုတဲ့ လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ အထောက်အထားမှတ်တမ်းတင်ထားတဲ့ဖြစ်စဉ်ပေါင်း ၂၂ ခု ကို ဖြစ်စေခဲ့တယ်” ဟု ၎င်းက ပြောသည်။

စစ်တပ်၏ ထိုးစစ်အများအပြားတွင် စစ်ကောင်စီစစ်သားများသည် ကျေးရွာများထဲ ဝင်ပြီး ထွက်မပြေးနိုင်သူများကို ဝိုင်းကာ သတ်ဖြတ်ပစ်ကြောင်းကို သက်သေခံချက်များက ညွှန်ပြသည်။

“သူတို့ဟာ သူတို့လက်တွင်း ဖမ်းမိသူတွေကို အရှင်လတ်လတ် မီးရှို့တာ၊ ခြေလက်အင်္ဂါဖြတ်တောက်တာ၊ အဓမ္မကျင့်တာ၊ ခေါင်းဖြတ်တာ၊ တရစပ် ထုနှက်တာ တို့အပြင် ဖမ်းဆီးခံ ရွာသားတွေကို လူသားဒိုင်းအဖြစ် သုံးတာ အပါအဝင် မစဉ်းစားနိုင်လောက်အောင် ထိခိုက်နာကျင်မှုတို့ကို ဖြစ်စေတဲ့ ဆိုးရွားတဲ့ နည်းလမ်းတွေကို သုံးခဲ့ကြတယ်” ဟု တာ့ခ်က ပြောသည်။

“ဒါတွေဟာ မသတီစရာအကောင်းဆုံး၊ အယုတ်မာဆုံးပုံစံနဲ့ လူမဆန် ရက်စက်မှုဖြစ်တယ်” ကလပ်တိုကရက်တစ် လူတစု၏ အကျိုးစီးပွားများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် အလို့ငှာ လူ့အဖွဲ့အစည်းကို ဆုတ်ယုတ်တိုက်စားစေပြီး မြန်မာပြည်သူတို့အပေါ် အကျပ်ကိုင်ကာ မပယ်လှန်နိုင်စေရန် ရည်ရွယ်စီစဉ်ထားသည့် အကြင်နာမဲ့၊ ရက်စက်သော ဖိနှိပ်မှု စနစ်တခု ရှိနေကြောင်း တာ့ခ်က ပြောသည်။

မေလက ဆိုင်ကလုန်း မိုခါကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးမှုတို့ဖြစ်ပြီးနောက်ပိုင်း လူသားချင်းစာနာမှု အကူအညီ ဝင်ခွင့်အပေါ် ပိတ်ပင်ကန့်သတ်မှုများ ပြုလုပ်ခြင်းကို ကြည့်မည်ဆိုပါက စစ်တပ်သည် အသက်ကယ် အကူအညီများ အသည်းအသန် လိုအပ်နေသည့် ပြည်သူများ၏ အကျိုးထက် ၎င်းတို့၏ နိုင်ငံရေးအကျိုးတရားကို ပိုမို ဦးစားပေးနေပုံကို ပြသနေကြောင်း တာ့ခ်က ပြောသည်။

UN says rights in Myanmar deteriorate as military expands 'assault'
👍17😁2
သမင်ကောင်ရေတိုးမှုကြောင့် သစ်တောပြုန်းနိုင်| VOA On Mizzima
=====================

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ ဒေသခံတွေ လေ့ကျင့်ခန်းလာလုပ်လေ့ရှိတဲ့ Rock Creek ဥယျာဉ်မှာ သမင်ပေါက်ဖွားမှုနှုန်းများနေပါတယ်။ ဒီလို သမင်အကောင်ရေ တိုးလာတာနဲ့အမျှ သစ်ပင်ပေါက်လေးတွေကို စားတာလည်း များလာတာကြောင့် သစ်တောပြုန်းမယ့်အရေးကိုလည်း စိုးရိမ်လာကြပါတယ်။ AFP သတင်းဆောင်းပါးတပုဒ်ကို ကိုအောင်အောင် တင်ဆက်ထားပါတယ်။

https://youtu.be/BYQAjX6xIAY?si=RacMMLBNB5Qaibxw
 
#VOA
#mizzimatv
------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁3
ရေးမြို့ မြဝတီဘဏ် လုံခြုံရေးအစောင့် စစ်ကောင်စီတပ်ကို ရေးဘီလူးအဖွဲ့ ပစ်ခတ်တိုက်ခိုက်
======================

ဂျူချန်း
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြဝတီဘဏ်တွင် လုံခြုံရေးယူ ထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို စက်တင်ဘာလ ၂၆ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်းရေးဘီလူးအဖွဲ့က ထုတ်ပြန်သည်။

“ရေးမြို့လယ် ရွှေဆံတော်ဘုရားနဲ့ မီတာ ၁၀၀ အကွာမှာရှိတဲ့ ဘဏ်လုံခြုံရေးအစောင့်တွေကို ဝင်ရောက် ပစ်ခတ်ခဲ့တယ်။ ပြည်သူတွေမထိအောင် အသွားအလာရှင်းတဲ့အချိန်မှာ အကောင်အထည်ဖော်ခဲ့တာ”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရုပ်သံမှတ်တမ်းဖြင့် ပြောဆိုထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုပြုလုပ်ချိန်တွင် ဘဏ်အပြင်ဘက် ကတုတ်ကျင်းတွင် စစ်ကောင်စီတပ်သား သုံးဦးနှင့် ဘဏ်အတွင်းစစ်ကောင်စီတပ်သားနှစ်ဦးခန့်ရှိပြီး တပ်ကြပ်ကြီးအဆင့်ရှိသူအပါအဝင် ငါးဦးထိမှန်ခဲ့ကြောင်း ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က မဇ္ဈိမကိုပြောသည်။
“တပ်ကြပ်ကြီးတဦးပါမယ်။ နောက်ပြီးတော့ ပျူစစ်သားနှစ်ဦးပါမယ်။ အမှတ်(၁၉)က လက်အောက်ခံတွေ ပဲပေါ့” ဟု ၎င်းကပြောသည်။

တိုက်ခိုက်မှုအပြီးတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ၎င်းက ပြောသည်။
“ဘဏ်ကတံခါးပိတ်ထားတော့ အပြင်မှာရှိနေတဲ့ နှစ်ယောက်ကို ထိသွားတယ်။ တစ်ယောက်ကတော့ ထိထိချင်းမှာဆုံးသွားပြီး နောက်တယောက်ကတော့ ဆေးရုံရောက်မှ ဆုံးသွားတယ်” ဟု ရေးမြို့ခံတဦးက မဇ္ဈိမကိုပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ရေးမြို့လယ်ရှိ ရွှေဈေးမှ ရွှေဆိုင်များအပါအဝင် ဈေးဆိုင်များ ပိတ်သိမ်းခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲများက မြို့အဝင်အထွက်တွင် စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း ဒေသခံ များထံမှ သိရသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ ည ၇ နာရီခန့်ကလည်း ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအခြေစိုက် ခလရ (၁၀၆) တပ်ရင်းကို အမည်မသိလက်နက်ကိုင်လေးဦးက လာရောက်ပစ်ခတ်ခဲ့ရာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
ရုပ်သံ- ရေးမြို့၊ မြဝတီဘဏ်အား ရေးဘီလူးအဖွဲ့မှ ဝင်ရောက်ပစ်ခတ်စဉ် (ပေးပို့)

https://youtu.be/8WdOeU4XASE?si=fKaY7J04diuqqkvO

#မွန်ပြည်နယ်
#ရေးမြို့
#ပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🔥1
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီကျူးလွန်မှုတွေ ICC လွှဲပြောင်းကိုင်တွယ်ဖို့ ကုလလူ့အခွင့်အရေးကော်မရှင်နာမင်းကြီး တိုက်တွန်း

#PoliticalNews
#reels
#shorts
#MizzimaTV
👍18❤1😁1🤮1
This media is not supported in your browser
VIEW IN TELEGRAM
တရုတ် တောင်ကိုရီးယားနဲ့ ဂျပန်ခေါင်းဆောင်တွေ ထိပ်သီးဆွေးနွေးပွဲကျင်းပဖို့ရှိ

#InternationalNews #reels #shorts #China
👍5🔥1