မြိတ်တွင် မိုးကြီးမြေပြိုပြီး လူ ၂ဦးဒဏ်ရာရနေအိမ်အချို့ပျက်စီး
===================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်၍ နေအိမ်အချို့ပျက်စီးကာ လူနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများနှင့်လူမှုကယ်ဆယ်ရေး အဖွဲများထံမှ သိရသည်။
မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စုတွင် ယနေ့ စက်တင်ဘာလ ၂၈ရက် နံနက် ၈ နာရီ ၄၀ မိနစ်ခန့်က မိုးသည်းထန်စွာ ရွာသွန်းနေချိန် လေပြင်းပါ တိုက်ခိုက်ခဲ့၍ နေအိမ် နှစ်လုံး မြေပိမိပြီး အမျိုးသမီးတဦးနှင့် ကလေးတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း လူမှုကယ်ဆယ်ရေး အဖွဲ့များထံမှ သိရ သည်။
" မိုးတအားရွာနေတော့ ဒီနေ့ မနက်ပဲ မြို့ထဲက ရပ်ကွက် အချို့မှာ လေပြင်းတိုက်လို့ နေအိမ်တွေ ပျက်စီးတာ ရှိတယ်။ ကျွဲကူးဖက်မှာ မြေပြိုလို့ လူတွေပိပြီး ပစ္စည်းဆုံးရှုံးမှုတွေ ရှိနေတယ်”ဟု မြိတ်အခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တဦးကပြောသည်။
မြေပြိုမှုကြောင့် နေအိမ်နှစ်လုံး၊လက်တွန်းထွန်စက် တစီး၊ဆိုက်ကယ်တစီး ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၉၅သိန်းကျပ်ခန့်ရှိကြောင်း စစ်ကောင်စီ လက် အောက်ခံ မြိတ်မြို့နယ် မီးသတ်ဦးဌာန ထုတ်ပြန်ထားသည်။
ထိုအပြင် မြိတ်တောင်ကျေးရွာအုပ်စုရှိ ရပ်ကွက် အချို့တွင်လည်း လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ အမိုးလန်ခြင်းနှင့် ပြိုကျပျက်စီးမှုများလည်း ရှိခဲ့ပြီး မြို့ပေါ် ရပ်ကွက်များတွင် ရေနစ်မြုပ်မှုများဖြစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လတ်တလောတွင် တောင်တရုတ်ပင်လယ်ဘက်မှ လေဖိအားနည်းရပ်ဝန်းတခုသည် ထိုင်းနိုင်ငံကို ဖြတ်ကျော်နေရာ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း၌ မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း သတိပေးချက်များရှိနေသည်။ ဘင်္ဂလားပင်လယ်အော်၌လည်း မုတ်သုံလေအားကောင်းနေ၍ ဒေသအများစု မိုးဆက်လက်များနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက သတိပေးထားသည်။
မိုးနှောင်းကာလဖြစ်သည့် လက်ရှိ စက်တင်ဘာလတွင် မုတ်သုံလေဆုတ်ခွာခြင်းဖြစ်စဥ်ကြောင့် မိုးများကာ ရေကြီးမှုဘေးနှင့် မြေပြိုမှုဘေးသတိပြုနေထိုင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတိပေးထားသည်။
စာတည်း - အေးချမ်း
မြိတ်မြို့နယ်ရှိ ကျေးရွာ နှစ်ရွာနှင့် မြို့ပေါ် ရပ်ကွက်များတွင် ရေကြီး ရေလျှံ နေအိမ်များ ပျက်စီးနေပုံ။
#mizzima
#တနင်္သာရီတိုင်း
#မြိတ်မြို့နယ်
#မိုးသည်းထန်
#လေပြင်းကျ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍3🔥3
၂ လ နီးပါးအတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော် CDM ဝင်ရောက်လာကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနဆို
===============
001
(မဇ္စျိမ)။ ။ ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၂၁ ရက်နေ့အထိ နှစ်လနီးပါးကာလအတွင်း စစ်ကောင်စီတပ်သား ၅၂ ဦး ပြည်သူ့ရင်ခွင်ကို ချိတ်ဆက်ပြီး CDM ဝင်ရောက်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေကပြောသည်။
စက်တင်ဘာလ ၂၆ ရက်နေ့က နွေဦးတော်လှန်ရေးအောင်ပွဲသတင်းများနှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူလူထုထံသို့ အစီရင်ခံတင်ပြရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ပြည်သူ့ရင်ခွင်သို့ ချိတ်ဆက်လာသည့် အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များတွင် ၁၄ ဦးမှာလက်နက်များ ယူဆောင်လာကြောင်း သိရသည်။
ထို့ကြောင့် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါလက်နက်များအတွက် ထပ်ဆောင်းချီးမြှင့်ငွေများကိုလည်း ထုတ်ပေးခဲ့ကြောင်း ဦးမောင်မောင်ဆွေက ပြောသည်။
NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် စစ်ကောင်စီတပ်မှ CDMဝင်ရောက်လာသူများကို လက်ခံနေသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် CDMမဝင်ရောက်နိုင်သေးသူများကိုလည်း အမာခံသတင်းပေးပို့သူ(ဖရဲသီး)များအဖြစ် ပြုလုပ်ရန် ယခင်ကပင် ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။
“ဖရဲသီးစီမံချက်မှာ ပူးပေါင်းပါဝင်ဆောင်ရွက်ချင်ပါတယ်လို့ ဆက်သွယ်လာတဲ့သူတွေကလည်း အမြောက်အမြားရှိပါတယ်။ အဲ့ဒီလူတွေကိုလည်း ကျွန်တော်တို့ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ဆက်လက်ပြီးတော့ ဖရဲသီး စီမံချက်တွေမှာ ဆောင်ရွက်ပြီးတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီကျွန်တော်တို့ကို ပေးဖို့ဆောင်ရွက်လျက်လည်းရှိပါတယ်”ဟု ဦးမောင်မောင်ဆွေကပြောသည်။
စစ်ကောင်စီအနေဖြင့် စစ်ဆင်ရေးများတွင် အဘက်ဘက်မှ ကျဆုံးလာသည်နှင့် အမျှ ထိပ်ပိုင်းခေါင်းဆောင်များကို ဖြုတ်၊ထုတ်၊သတ်ပြုလုပ်လာခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်းများ ပြုလုပ်လာခြင်းတို့ကိုလည်း တွေ့နေရကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေက ထည့်သွင်းပြောဆိုသည်။
“ထိပ်တန်းခေါင်းဆောင်တွေကလည်း အပေါ်ပိုင်းမှာ ပြိုလဲလာတာနဲ့အမျှ အောက်ပိုင်းတပ်ရင်းတပ်ဖွဲ့တွေမှာလည်း စစ်မတိုက်တာ၊ အမိန့်မနာခံဘဲနဲ့ ထောင်ကျခံတာ၊ ထွက်ပြေးလာတာတွေလည်း အမြောက်အမြားကိုရှိနေပါတယ်”ဟု ဆိုသည်။
စစ်အာဏာသိမ်းကာလအတွင်း ပြည်သူ့ဘက်သို့ ကူးပြောင်းလာသည့် စိစစ်ပြီး စစ်ကောင်စီတပ်သား ဦးရေ ၃,၀၀၀ ကျော်နှင့်
ရဲတပ်သား ဦးရေ ၁၀,၀၀၀ ကျော် စုစုပေါင်း ဦးရေ ၁၃,၀၀၀ကျော်ရှိကြောင်း ၂၀၂၃ခုနှစ်၊ စက်တင်ဘာလအစောပိုင်းက ထုတ်ပြန်ခဲ့သည့် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်ပြည့်အစီရင်ခံစာအရ သိရသည်။
ထို့ပြင် လက်နက်နှင့်တကွ ပြည်သူ့ဘက်ရပ်တည်လာသူများထံမှ သေနတ်မျိုးစုံ အလက် ၇၀ကျော်၊ ကျည်ပေါင်း ၁၀,၀၀၀ကျော်၊ ဗုံးသီးနှင့် ဆက်စပ်ပစ္စည်းများ လက်ခံရရှိခဲ့ပြီး
ကျပ်သိန်းပေါင်း ၃,၀၀၀ ကျော်ကို ဂုဏ်ပြုငွေအဖြစ် ချီးမြှင့်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#CDM
#NUG ကာကွယ်ရေးဝန်ကြီးဌာန

❤8👍3😁1🤮1
ကလေးမြို့နယ် ရှားဖိုကျေးရွာတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ မောင်နှမ ၃ ဦး အပါအဝင် ၄ ဦး သေဆုံး
🤬6❤4👍1

==================
ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာများအတွင်း လက်နက် ကြီးဖြင့်ပစ်ခတ်ခြင်းကြောင့် ရှားဖိုကျေးရွာတွင် မောင်နှမသုံးဦးအပါအဝင် လေးဦးသေဆုံးခဲ့ကြောင်း ကာကွယ်ရေးသတင်းရင်းမြစ်များက ပြောကြားသည်။
ကလေးမြို့နယ်တောင်ပိုင်း ကြံသာကျေးရွာနှင့် အနီးရှိကျေးရွာများမှ ပျူစောထီးနှင့် စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်သည် အောင်သာယာကျေးရွာဖက်သို့ စစ်ကြောင်းသုံးကြောင်းခွဲ၍ ထိုးစစ်ဆင်လာခဲ့ ရာ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့မှ နှစ်ဦးကျဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကလေး၊ ကဘော်၊ ဂန့်ဂေါ)မှ စက်တင်ဘာလ ၂၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထား သည်။
စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း အောင်သာယာကျေးရွာမှ မှန်တောကျေးရွာဖက်သို့ စစ်ကြောင်းထိုး လာသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာအနီးရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဒေသခံလေးဦး သေဆုံးခဲ့ကြောင်း သိရသည်။
“လက်နက်ကြီးကျည်ကျလို့ မိသားစုဝင်သုံးဦးသေတယ်၊ မောင်နှမတွေလို့သိရတယ်။ အဲဒါကို မအေဖြစ်သူ ကမြင်ပြီး နှလုံးရပ်သွားတယ်၊ သေပြီထင်လို့ သင်္ချိုင်းကိုသယ်သွားတာ ဟိုရောက်မှ ပြန်သတိလည်လာ တယ်။ နောက်တယောက်က ခြေထောက်ပြတ်သွားတာ၊ ဆေးခန်းသွားရင်း လမ်းမှာသေသွားတာ။ စုစု ပေါင်း လေးယောက်သေဆုံးတယ်လို့ သိရပါတယ်” ဟု ကလေးမြို့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တဦးက မဇ္စျိမကိုပြောသည်။
စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သော ၁၂၀ မမ လက်နက်ကြီးကျည်ဆံသည် ရှားဖိုကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ဒေသခံလေးဦးသေဆုံးသွားခဲ့ ခြင်းဖြစ်သည်။
သေဆုံးသူများ၏ ကိုယ်ရေးအချက်အလက်များနှင့် ဖြစ်စဉ်အသေးစိတ်ကို သိရှိနိုင်ရန် မဇ္စျိမအနေဖြင့် စုံစမ်းနေသော်လည်း တယ်လီဖုန်းလိုင်းများဖြတ်တောက်ထားသဖြင့် မသိရသေးပေ။
လက်နက်ကြီးဖြင့်ပစ်ခတ်သော စစ်ကောင်စီတပ်၏ တပ်ရင်း၊ တပ်ခွဲနံပါတ်ကို သိရခြင်းမရှိသော်လည်း ၎င်းတို့သည် ဂန့်ဂေါမြို့နယ် ဟံသာဝတီကျေးရွာ၏မြောက်ဖက်ရှိ ကျောက်ခွဲစက်မှပစ်ခတ်နေခြင်းဖြစ် ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။
စစ်ကောင်စီတပ်သည် ရှားဖိုကျေးရွာသာမက မြစ်သာမြစ်အရှေ့ဖက်ကမ်းရှိ တင်သားကျေးရွာကိုလည်း ပစ်ခတ်ခဲ့ကြောင်းနှင့် ဆက်သွယ်ရေးအခြေအနေအရ ပျက်စီးထိခိုက်မှုကို မသိရသေးကြောင်း ကာကွယ် ရေးတပ်ဖွဲ့များထံကသိရသည်။
ယနေ့ စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် တိုက်ပွဲများရပ်နားနေသော်လည်း ထပ်မံဖြစ်ပွားနိုင်ခြေ ရှိ ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(ကလေး၊ ကဘော်၊ ဂန့်ဂေါ) CDF – KKG ပြန်ကြားရေးဌာနတာဝန်ရှိသူ က ပြောကြားသည်။
စာတည်း။ ။စောဖေ
ပုံအညွှန်း - စစ်ကောင်စီတပ်လက်နက်ကြီးကျည်ဆံမှန်၍ သေဆုံးသွားသူများ
ဓါတ်ပုံ - ပေးပို့
#စစ်ကိုင်းတိုင်း
#ကလေးမြို့နယ်
#လက်နက်ကြီး

👍12🤬5❤1👎1
Media is too big
VIEW IN TELEGRAM
မြန်မာ့အကျပ်အတည်းကို ဒေသတွင်းပြသာနာအဆင့်သို့ မကူးစက်ရေး နိုင်ငံတကာ ကူညီဖို့ NLD တိုက်တွန်း
Watch more detail - https://youtu.be/wORKP_hahZQ
#ဒေသတွင်းပြသာနာ#NLD
#VideoNews #shorts #reels

👍9🔥1
Myanmar's current account deficit is expected to widen to almost 6 percent of GDP in the fiscal year ending September 2023, up from 3.6 percent in the previous year. Exports are projected to remain subdued through to September 2024 as global demand remains tepid, but an increase in remittances is expected to provide some support, according to the World Bank report of Myanmar Economic Monitor June 2023. EPA-EFE/NYEIN CHAN NAING
🔥3
Bankrupt Sri Lanka's recovery 'not yet assured': IMF
====================
https://youtu.be/HO5tyLJLUkg?si=UppYRrGYKbwsWuEm

YouTube
Bankrupt Sri Lanka's recovery 'not yet assured': IMF
Bankrupt Sri Lanka's economic recovery is "not yet assured", the International Monetary Fund warns, after the first review of its $2.9 billion bailout aimed at restoring the island's finances. The Washington-based lender of last resort says Sri Lanka has…
🔥2
မြန်မာ့အကျပ်အတည်းကို ဒေသတွင်းပြသာနာအဆင့်သို့ မကူးစက်ရေး နိုင်ငံတကာ ကူညီဖို့ NLD တိုက်တွန်း
==================
https://youtu.be/wORKP_hahZQ?si=LeLAHI55qSsmyyOc

မြန်မာ့အကျပ်အတည်းကနေ ဒေသတွင်းပြဿနာအဆင့်ကိုမကူးစက်နိုင်ရေး မိတ်ဆွေနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီပေးရန် NLD ပါတီရဲ့ ၃၅ နှစ်ပြည့် ထုတ်ပြန်ချက်မှာ တောင်းဆိုလိုက်ပါတယ်။
၁၉၈၈ ခုနှစ် လူထုအုံကြွမှုအပြီး စက်တင်ဘာလ ၂၇ ရက်မှာ စတင်တည်ထောင်ခဲ့တဲ့ အမျိုး…

👍11😁2
State Department: Washington "appreciates the role" China played in Travis King's release
==================
https://youtu.be/Yp9zXLqET0k?si=m-g3sMheNoGADksX

"We have always thought that China could play a useful role in any number of issues that are related to North Korea", says State Department spokesman Matthew Miller during a press conference after the release of US soldier Travis King. The senior official…
🔥2