မြိတ်တွင် စစ်ရှောင် ဦးရေ ၆,၀၀၀ ကျော် အထိရှိလာ၊ ကုန်စျေးနှုန်း တက်၍ စားနပ်ရိက္ခာ မလုံလောက်
👍8🥰5🔥2😢2😁1
မြိတ်တွင် စစ်ရှောင် ဦးရေ ၆,၀၀၀ ကျော် အထိရှိလာ၊ ကုန်စျေးနှုန်း တက်၍ စားနပ်ရိက္ခာ မလုံလောက်
================
ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း ၊ မြိတ်ခရိုင် ၊ တနင်္သာရီမြို့နယ်တွင် စစ်ရှောင် ဦးရေ ၆,၀၀၀ ကျော် အထိရှိလာပြီး ကုန်ဈေးနှုန်း တက်လာ၍ စားနပ်ရိက္ခာ မလုံလောက်ကြကြောင်း စစ်ရှောင် ကူညီပေးသူများထံက သိရသည်။
ထိုစစ်ရှောင် ဦးရေ စာရင်းမှာ ပြီးခဲ့သည့် စက်တင်ဘာလကုန်အထိ ရရှိထားသောစာရင်း ဖြစ်ပြီး စစ်ရှောင် ကူညီပေးရေး အဖွဲ့အချင်းချင်း ချိတ်ဆက်၍ အချက်အလက်စုဆောင်းထားခြင်း ဖြစ်ကြောင်း သိရသည်။
နွေဦးမေတ္တာနှင့် တွဲလက် ညီညီ ဆိုသည့် စစ်ဘေးရှောင် ကူညီရေးအဖွဲ့ နှစ်ခု နှင့် ချိတ်ဆက် ဆောင်ရွက်နေသည့် အမျိုးသမီး တဦးက“ကျွန်မမှာ လက်ရှိ ဟို အရင်ကတည်းက အပြီး ရှောင်နေရတဲ့ လယ်သစ်ရွာက စစ်ရှောင်တွေ ရှိတယ်။ စကစက အမြဲတမ်း စစ်ကြောင်း ထိုးနေတော့ ရပ်ရွာထဲ ကိစ္စရှိမှ ဝင်ရတဲ့ ပုံစံမျိုး ဆိုတော့ ဥယျာဉ်နဲ့ တောထဲမှာ တည်းထိုးပြီး နေနေရတဲ့ သူတွေ ဖြစ်တယ်။ သူတို့အတွက် အမြဲတမ်း ရိက္ခာ လုံလောက်အောင် မပေးနိုင်တဲ့ အခြေအနေ ရှိနေတယ်”ဟု ပြော သည်။
စစ်ရှောင်များအား စတင်ကူညီစဉ်က ဆန်တအိတ် ကျပ် ၁၈,၀၀၀ သာရှိခဲ့သော်လည်း လက်ရှိတွင် ကျပ် ၇၀,၀၀၀ ကျော် အထိ ပေါက်ဈေရှိနေ၍ စစ်ရှောင် ကူညီပေးနေသည့်အဖွဲ့များကလည်း လောက်ဌအောင် မထောက်ပံ့နိုင်တော့ကြောင်း ၎င်းကပြောသည်။
စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်ခြင်းနှင့် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုများကြောင့် ထွက်ပြေး လာသော ထပ်တိုး စစ်ရှောင်များလည်း ရှိလာကြောင်း သိရသည်။
“အခုဆိုရင် အကြောင်း အမျိုးမျိုးနဲ့ ရန်ပုံငွေ အခက်ခဲတွေကြောင့် အရင်က စစ်ရှောင်တွေကို တလစာ ရိက္ခာ ကူညီပေးနိုင်ပေမယ့် အခုချိန်မှာ လမ်းပန်း ဆက်သွယ်ရေးနဲ့ စကစက ဖြတ်လေးဖြတ်ကြောင့် ရက် ၃၀ အစား စစ်ရှောင်တွေကို ၁၅ ရက်စာလောက်ပဲ ကူညီပေး နိုင်တော့တယ်”ဟု စစ်ရှောင် ကူညီပေးနေသည့် အမျိုးသမီးက ပြောသည်။
စစ်ရှောင်များအတွက် ဆေးဝါးနှင့် ရိက္ခာလိုအပ်ချက်များရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပေးကြရန် နွေဦးမေတ္တာ စစ်ဘေးရှောင် ကူညီပံ့ပိုးရေးအဖွဲ့က တောင်းဆိုထားသည်။
ဒေါန တနင်္သာရီ-စစ်ရှောင်များ အထောက်အကူပြုရေးအဖွဲ့ကလည်း စစ်ရှောင်ဦးရေ ၄,၀၀၀ ရှိကြောင်းခန့်မှန်းထားပြီး လက်တွေ့မြေပြင်တွင် ထို့ထက်များနိုင်ကြောင်း ဩဂုတ်လက ထုတ်ပြန်ထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မြိတ်
#စစ်ဘေးရှောင်
ပုံအညွှန်း- တနင်္သာရီ စစ်ရှောင်များပုံ (ဓာတ်ပုံ- ပေးပို့)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍11🔥3😢3
စွမ်းအင်ပညာရှင်ကို ဖမ်းဆီးထားကြောင်း ဗီယက်နမ် အတည်ပြု
=====================
လွတ်လပ်သော စွမ်းအင်မူဝါဒ think tank (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြံပေးအဖွဲ့) တခု၏ ဒါရိုက်တာဖြစ်သူအား ဖမ်းဆီးထိန်းသိမ်းမှုကို ဗီယက်နမ်အာဏာပိုင်တို့က အောက်တိုဘာ ၁ ရက်တွင် အတည်ပြုသည်။ ယင်းသည် ပြီးခဲ့သည့် နှစ်နှစ်အတွင်း အဆိုပါနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်အရေးကိစ္စများနှင့်ပတ်သက်ပြီး လုပ်ကိုင်သည့် ခြောက်ဦးမြောက် ကျွမ်းကျင်ပညာရှင်တဦး ဖမ်းဆီးထိန်းသိမ်းခံရခြင်းလည်း ဖြစ်သည်။

👍5🔥3
ကမ္ဘာ့သတင်းအကြောင်းအရာများတွင် တရုတ်၏ ခြယ်လှယ်ခြင်းက လွတ်လပ်မှုကို ခြိမ်းခြောက်ကြောင်း အမေရိကန်ပြော
======================
တရုတ်အစိုးရသည် သတင်းအချက်အလက်များကို လွှမ်းမိုးမှု၊ ဆင်ဆာဖြတ်တောက်မှုနှင့် မဟုတ်မမှန် လုပ်ကြံမှုများမှ တစ်ဆင့် ၎င်းတို့အပေါ် ထားရှိသော သဘောထားအမြင်များကို ပုံဖော်ရန် တစ်နှစ်လျှင် ဒေါ်လာဘီလီယံနှင့် ချီ၍ သုံးစွဲနေသော လှုပ်ရှားမှုကြီး တစ်ခု ကို လုပ်ဆောင်ကာ ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်မှုကို ခြိမ်းခြောက်နိုင်ကြောင်း အမေရိကန် က ပြောကြားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
တရုတ်အစိုးရသည် သတင်းအချက်အလက်များကို လွှမ်းမိုးမှု၊ ဆင်ဆာဖြတ်တောက်မှုနှင့် မဟုတ်မမှန် လုပ်ကြံမှုများမှ တစ်ဆင့် ၎င်းတို့အပေါ် ထားရှိသော သဘောထားအမြင်များကို ပုံဖော်ရန် တစ်နှစ်လျှင် ဒေါ်လာဘီလီယံနှင့် ချီ၍ သုံးစွဲနေသော လှုပ်ရှားမှုကြီး တစ်ခု ကို လုပ်ဆောင်ကာ ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်မှုကို ခြိမ်းခြောက်နိုင်ကြောင်း အမေရိကန် က ပြောကြားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁3
မဲဆောက်မြို့ သွေးသစ်ကျောင်း၏ ဒုတိယအကြိမ် GED ဒီပလိုမာ ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
👍8🔥2

=================
ဂန္ဒမာ
(မဇ္ဈိမ)။ ။စစ်အာဏာရှင်ကို တိမ်းရှောင်လာကြသော တိုင်းရင်းသားများနှင့် တော်လှန်ရေးဘက်တော်သား များ၊ အနယ်နယ်အရပ်ရပ်မှ ရွှေ့ပြောင်းအလုပ်သမားများ၏ကလေးငယ်များ တက်ရောက်နေသည့် ထိုင်း နိုင်ငံ၊ မဲဆောက်မြို့ရှိ သွေးသစ်ကျောင်း-New Blood High School ၏ ဒုတိယအကြိမ် GED ဒီပလိုမာ ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
“အစတုန်းကတော့ မူလတန်းအဆင့်ကနေ စာတတ်မြောက်ရေးလောက်ပဲ ဦးတည်ပြီးသွားတာ။ နောက် မြန်မာပြည်မှာ စစ်အာဏာရှင်က ဒီအချိန်ထိအုပ်ချုပ်တဲ့ကာလဆိုတော့ ပြန်ဖို့အခက်အခဲဖြစ်သွားတော့ ဒီမှာပဲ အခြေချနေထိုင်ခဲ့တာ။ ကလေးတွေကို စာတမျိုးမျိုးသင်ပေးပြီး အခွင့်အရေးကို ဖြည့်စွက်တဲ့အနေ အထားနဲ့လုပ်ပေးတာပါ။ ကျောင်း ဆင့်ကဲပြောင်းလဲလာတာကတော့ စာသင်နေတဲ့ကလေးတွေက မပြန် နိုင်တဲ့အနေအထားတွေနဲ့ နောက်ပြီး ဒီမှာကစာသင်မှန်းသိတော့ တခြားကလေးတွေ ပေါင်းလာတာလည်း ရှိတယ်။ လက်ရှိတက်နေတဲ့ ကလေးတွေကလည်း အတန်းတွေတက်သွားတာ ရှိတယ်။ အဲဒီလို အနေ အထားမျိုးကနေမှ ကလေးတွေက ကိုးတန်း ၁၀ တန်းထိ ရောက်လာတယ်။ ၂၀၂၁ မှာတော့ GED ပညာ ရေးကိုစတင်ခဲ့ပြီး ၂၀၂၂ မှာ ပထမအကြိမ်၊ အခု ၂၀၂၃ ကတော့ ဒုတိယအကြိမ်ပေါ့။ GED နဲ့ပတ်သက်လို့ လူ ၁၀၀ ကျော်လောက် အောင်သွားပြီ” ဟု သွေးသစ်ကျောင်း၏ကျောင်းအုပ်ကြီး ဦးဇော်လွင်ဦးကပြော သည်။
အမေရိကန် အထက်တန်းအောင်လက်မှတ်ဖြစ်သည့် GED ပညာရေးကို သွေးသစ်ကျောင်း၌ ကိုဗစ်ကာလ မတိုင်မီကတည်းက အစပျိုးခဲ့သော်လည်း မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုကြောင့် စစ်ဘေးရှောင်များ၊ CDM များနှင့် စစ်ကျွန်ပညာရေးအောက် မသင်ကြားလိုသော ပညာရေးရပ်တန့်နေသည့် ကျောင်းသား ကျောင်းသူများပြားလာသည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင်စတင်ခဲ့ရာ ယနေ့တွင် ဒုတိယအကြိမ် GED Batch 2 ဒီပလိုမာ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနား ပြုလုပ်နိုင်ခြင်းဖြစ်သည်။
သွေးသစ်ကျောင်းမှ ပထမအကြိမ် GED ဒီပလိုမာရရှိသူ ၄၇ ဦးနှင့် ဒုတိယအကြိမ်တွင် ဒီပလိုမာရရှိသူ ၇၆ ဦးရှိကြောင်း သိရသည်။
“ကလေးတွေက ထိုက်ထိုက်တန်တန်ရကြတယ်ပြောလို့ရတယ်။ အခက်အခဲကြားက ပြေးလာကတည်း က သူတို့မှာ ဖိအားတွေအများကြီးရှိတယ်။ ဘာလုပ်ရဘာကိုင်ရမလဲ၊ ပညာရေးလမ်းကြောင်းမှာ ဘယ်လို ဆက်သွားရမလဲ မသိဖြစ်နေတဲ့အချိန် ကံကောင်းထောက်မစွာနဲ့ ဒီကျောင်းမှာ အမေရိကန် ၁၂ တန်းနဲ့ အဆင့်တူတဲ့ GED ကိုတက်ခွင့်ရတော့ သူတို့အတွက် အတိုင်းထက်အလွန် ဝမ်းသာပီတိဖြစ်ရတယ်” ဟု GED Program တာဝန်ခံ ဆရာဂျော်နီက ပြောသည်။
“သွေးသစ်ကျောင်းမှာ GED ဖြေတာအောင်မြင်သွားပြီ၊ အဲဒီအတွက် အရမ်းပျော်တယ်။ မြန်မာပြည်မှာ နေတုန်းက GED ဆိုတာတခါမှမကြားဖူးဘူး ဒီရောက်မှကြားဖူးတယ်။ ဆရာကြီး လမ်းညွှန်ပေးလို့သိတာ။ လေးကေ့ကော်မှာတိုက်ပွဲဖြစ်တော့ ဒီဘက်ရောက်လာတာ။ GED ပြီးသွားပြီဆိုတော့ စဉ်းစားထားတာ နိုင်ငံခြားသွားမယ် ဘာသာစကား အရင်သင်မယ်။ အင်တာဗျူးဖြေပြီး အောင်ပြီဆို ဆက်သွားမယ်” ဟု သွေးသစ်ကျောင်းမှ GED ဒီပလိုမာရရှိခဲ့သူ မနန်းစန်းသော်တာမြင့်က မဇ္ဈိမကို ပြောသည်။
ယနေ့ပြုလုပ်သည့်အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှ သဝဏ်လွှာပေးပို့သလို နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှလည်း သဝဏ်လွှာပေးပို့ကာ သင်တန်း ဆင်းကျောင်းသားကျောင်သူများနှင့် လက်ရှိပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများ အား လုံး ဘေးကင်းလုံခြုံစွာဆက်လက်ပညာသင်ကြားနိုင်စေရန် သွေးသစ်ကျောင်း ရေရှည်တည်တံ့ခိုင်မြဲစွာ ရပ်တည်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးကြသည်။
သွေးသစ်ကျောင်း ( New Blood High School) တွင် GED ပညာရေးအား သင်ကြားပေးသူမှာ အကူ ဆရာ ဆရာမများအပါအဝင် ၅၀ နီးပါးခန့်ရှိပြီး သင်ကြားရေးပိုင်းတွင် အစွမ်းကုန် အားစိုက်ထုတ်သင်ကြားပေး နိုင်သော်လည်း ကျောင်းအင်္ဂါရပ်ဖွံ့ဖြိုးမှုပိုင်းနှင့် ရပ်တည်ရေးပိုင်းတွင် အခက်အခဲနှင့် လိုအပ်ချက်များစွာရှိ နေသေးကြောင်း ကျောင်းအဖွဲ့ဝင်များအပါအဝင် ကျောင်းသားကျောင်းသူများထံမှ သိရသည်။
စာတည်း။ ။စောဖေ
#သွေးသစ်ကျောင်း
#GED
#ပညာရေး

👍13🔥1