Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အောက်တိုဘာလ (၂)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
============================

00:55 - မြိတ်မှာ စစ်ရှောင် ဦးရေ ၆,၀၀၀ ကျော် အထိရှိလာပြီး ကုန်စျေးနှုန်း တက်ကာ စားနပ်ရိက္ခာ မလုံလောက်တဲ့ သတင်း

02:12 - ကလေးမြို့ အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားတွေ ဆေးကုသခွင့်နဲ့ ထောင်ဝင်စာတွေ့ခွင့် အရေးပေါ် လိုအပ်နေတဲ့သတင်း

05:26 - မြိုင်မြို့နယ်အရှေ့ပိုင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး အရပ်သားတွေကို ဖမ်းဆီးတဲ့ သတင်းနဲ့

07:24 - အိန္ဒိယရှိပြည်နယ်ဝန်ကြီးချုပ်နေအိမ်ကို လူအုပ်က တိုက်ခိုက်ခံရ တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/4fKpiBN3iIY?si=SnLGuYMYMUC0jp3l

#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13🔥1
This media is not supported in your browser
VIEW IN TELEGRAM
ပါကစ္စတန်မှာ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၅၀ ကျော်သေဆုံးပြီး ဒါဇင်နဲ့ချီဒဏ်ရာရခဲ့

#InternationalNews #reels #shorts #Pakistan #Mizzima
👍8❤1
နိုင်ငံရဲ့ ၆ဝ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီလို့ NUG ယာယီသမ္မတပြော
========================

စစ်အာဏာရှင်ကို ဆန့်ကျင် ခုခံနေတဲ့ တော်လှန်ရေး အင်အားစုတွေဟာ နိုင်ငံအကျယ်အဝန်းရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားပြီလို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ရဲ့ ယာယီသမ္မတဒူဝါလရှီးလက ပြောပါတယ်။

NUGရဲ့ ယာယီ သမ္မတကြီး ဒူဝါလရှီးလာက တော်လှန်ရေး အင်အားစုတွေဟာ နိုင်ငံပိုင်နက်ရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို လွှမ်းမိုးထားလာနိုင်ပြီး အာဏာသိမ်း စစ်ကောင်စီရဲ့ အဓိက ခြေကုပ် စခန်းကြီးတွေကိုပါ စတင် ခြိမ်းခြောက်လာနိုင်နေပြီလို့ ပြောကြားသွားပါတယ်။

လက်ရှိ အချိန်ထိ အာဏာသိမ်း စစ်ကောင်စီဟာ အဓိက မြို့ပြကြီးတွေကို ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပေမယ့်လည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် သူတို့ရဲ့ အာဏာစက်ကို ခိုင်ခိုင်မာမာ ပိုင်ပိုင်နိုင်နိုင် ဖြန့်ကျက်ထားနိုင်တဲ့ ဧရိယာဟာ မြန်မာနိုင်ငံ အကျယ်အဝန်းရဲ့ ၁၇ ရာခိုင်နှုန်းလောက်သာ ကျန်တော့တယ်လို့လည်း သမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြည်သူတွေရဲ့ ခုခံတော်လှန်စစ်ကို စတင်ခဲ့တာ နှစ်နှစ်ကျော်လာတဲ့အချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်မှုကနေ ရလဒ်ကောင်းတွေ ရနေပြီး ခုဆိုရင် စစ်ကောင်စီဌာနချုပ်တည်ရှိတဲ့ နေပြည်တော်နဲ့ အနီးတဝိုက်ကို ခြိမ်းခြောက်နိုင်တဲ့ အခြေအနေ ရှိနေပြီလို့လည်း ပြောပါတယ်။
၂၀၂၁ ခုနှစ်မှာ မြန်မာစစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရကို လက်နက်အားကိုးနဲ့ ဖြုတ်ချပြီး အဓမ္မ အာဏာသိမ်းယူလိုက်ပါတယ်။

 အဲဒီနောက်ပိုင်း စစ်တပ်ဟာ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေကို ရက်ရက်စက်စက် ဖြိုခွင်းဖို့ ကြိုးစားရာက စစ်အာဏာရှင်ကို တော်လှန်တဲ့ လက်နက်ကိုင် လှုပ်ရှားမှုတွေ အားကောင်းလာပါတယ်။

အခုဆိုရင် မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ နိုင်ငံအနှံ့မှာ NUGရဲ့ လက်နက်ကို င်တပ်ဖြစ်တဲ့ PDFအပြင် ရှိရင်းစွဲ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ (EAO)တွေနဲ့ပါ စစ်ခင်းနေရပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းကလည်း စစ်တပ်ဟာ ထိန်းချုပ်နယ်မြေတွေကို တစထက်တစ ဆုံးရှုံးလာခဲ့သလို အရပ်သား ဧရိယာတွေကို ပစ်မှတ်ထားတဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကိုလည်း အရှိန်အဟုန် မြှင့်တင်လာပါတယ်။
စစ်ကောင်စီဟာ ပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေကို အရှိန်မြှင့်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီလနဲ့ ၂၀၂၃ ခုနှစ် ဇူ လိုင်လကြားမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၇၀၀ နီးပါး လုပ်ဆောင်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတပ်ခ်က ပြောပါတယ်။

https://youtu.be/n_CGiSOx_KY?si=tE7o4qjVXnoiopo7

 
#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍19❤3😁2💯1
This media is not supported in your browser
VIEW IN TELEGRAM
အိန္ဒိယနိုင်ငံရှိ အာဖဂန်သံရုံးကို ပိတ်သိမ်း

#InternationalNews #reels #shorts #India #Afgan #Mizzima
👍7🔥1
This media is not supported in your browser
VIEW IN TELEGRAM
နိုင်ငံရဲ့ ၆ဝ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီလို့ NUG ယာယီသမ္မတပြော

#PoliticalNews
#reels
#shorts
#MizzimaTV
👍14❤6🤮3💯1
အိန္ဒိယနိုင်ငံရှိ အာဖဂန်သံရုံးကို ပိတ်သိမ်း
=================

https://youtu.be/Y8jISG3JR6Y?si=8rZgvGlYQeLmlAjO

#InternationalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥1
စစ်ခေါင်းဆောင်နဲ့ KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး တို့တွေ့ဆုံ
===================

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးတို့ဟာ စက်တင်ဘာလ ၃၀ ရက် မနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ငြိမ်းချမ်းရေးကိစ္စတွေကို အဓိက ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီအာဘော် MRTV သတင်းဌာန က ဖော်ပြထားပြီး စောမူတူးစေးဖိုးကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခဲ့တဲ့ ကရင်တိုင်းရင်းသားခေါင်းဆောင်လို့ ဖော်ပြထားပါတယ်။

ဒီတွေ့ဆုံပွဲမှာ KNU ဗဟိုကော်မတီဝင်ဟောင်းဖြစ်သူ စောရောဂျာခင်၊ KNU ကော့ကရိတ် ခရိုင် ဥက္ကဋ္ဌ ပဒိုရွှေမောင်းတို့လည်း တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုတွေ့ဆုံမှုဟာ လူပုဂ္ဂိုလ်တွေရဲ့အစီအစဉ်ဖြစ်ကာ KNU ရဲ့ သဘောထားလည်း မဟုတ်သလို ပတ်သက်မှုလည်း မရှိဘူးလို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောပါတယ်။
လက်ရှိ KNU အနေနဲ့ အာဏာသိမ်းတာကို လက်မခံသလို တရားမဝင်ဖြစ်နေတဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံဖို့ကလည်း သဘောထား အစီအစဉ်မရှိသေးဘူးလို့ ဆိုပါတယ်။

စောမူတူးစေးဖိုးဟာ အာဏာသိမ်းစစ်တပ်နဲ့ စေ့စပ်ဆွေးနွေးဖို့ အစဉ်တစိုက် တိုက်တွန်းခဲ့သူလည်းဖြစ်ပါတယ်။
ဒီနှစ် ဧပြီလကုန်ပိုင်းမှာပြုလုပ်တဲ့ KNU ရဲ့ ၁၇ ကြိမ်မြောက် ကွန်ကရက်မှာတော့ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးဟာ KNU ဥက္ကဋ္ဌအဖြစ် ကနေ ဖယ်ရှားခံရပြီးနောက် ပဒိုစောကွယ်ထူးဝင်းက ဥက္ကဋ္ဌသစ် ဖြစ်လာပါတယ်။

အဲဒီကွန်ဂရက်ကနေ ထွက်ပေါ်လာတဲ့ KNU ခေါင်းဆောင်သစ်တွေကတော့ NCA စာချုပ်ကို စစ်တပ်ကချိုးဖောက်တာကြောင့် ပျက်ပြယ်သွားပြီလို့ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနဲ့ တွေ့ဆုံတာဟာ စစ်ကောင်စီက ကျဆင်းနေတဲ့ နိုင်ငံရေးပုံရိပ်ကို မြှင့်တင်ဖို့အတွက် နိုင်ငံရေးအရ အသုံးချတာလို့ နိုင်ငံရေးလေ့လာသူတွေနဲ့ ကရင်အရပ်ဘက်အဖွဲ့တွေက ဝေဖန်ပါတယ်။
စစ်ကောင်စီဟာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြောဆိုနေပေမဲ့ KNU ထိန်းချုပ်နယ်မြေတွေမှာ ထိုးစစ်ဆင်တာ၊ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ လေကြောင်းကနေ ထိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေဆဲဖြစ်ပါတယ်။

အာဏာမသိမ်းခင် ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ KNU အကြား တိုက်ပွဲတွေကြောင့် ဒုက္ခသည် သုံးသိန်းခွဲနီးပါးရှိရာကနေ အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေကြောင့် နောက်ထပ် ဒုက္ခသည် သုံးသိန်းနီးပါး တိုးလာတာပါ။
ဒါ့အပြင် စစ်ကောင်စီတပ်က ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ် နယ်မြေတွေမှာ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၂၉ ဦးသေဆုံးပြီး ၄၈၇ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း KPSN ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ အာဏာသိမ်းမှုအောက် သုံးကြိမ်မြောက် ကျင်းပရတဲ့ NCA နှစ်ပတ်လည် အခမ်းအနားကို အဓိပ္ပာယ် လေးလေးနက်နက်နဲ့ ကျင်းပမယ့်အကြောင်း စက်တင်ဘာလ အစောပိုင်းကတည်းက စစ်ခေါင်းဆောင်က ခပ်စိပ်စိပ်ထုတ်ပြောနေတာပါ။
စက်တင်ဘာလနှောင်းပိုင်းအတွင်း အာဏာသိမ်းပြီးနောက်ပိုင်းလည်း NCA လမ်းကြောင်းကို စွဲကိုင်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ နေပြည်တော်မှာ ဆက်တိုက် တွေ့ဆုံနေပါတယ်။

NCA ရှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားမှာ NCA လက်မှတ်ထိုးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ၊ အသိသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့တဲ့ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂအပြင် တရုတ်၊ အိန္ဒိယ၊ ဂျပန်နဲ့ ထိုင်းနိုင်ငံတွေကိုပါ ဖိတ်ကြားဖို့ စီစဉ်ထားတယ်လို့ လည်းသိရပါတယ်။

https://youtu.be/YmdEOF1-P3I?si=nFsqsYSQX2wPRHhV
 
#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
🤮8👍4❤2🖕2💩1
Media is too big
VIEW IN TELEGRAM
စစ်ခေါင်းဆောင်နဲ့ KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး တို့တွေ့ဆုံ

#PoliticalNews
#reels
#shorts
#MizzimaTV
🤮16❤3👍1💩1🖕1
အောက်တိုဘာလ (၂)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=================

−ကိုးကန့်တပ်ဖွဲ့ဝင် ၂၈ ဦး စစ်ကောင်စီထံ ခိုလှုံသွားတယ်ဆိုတဲ့ ပြောဆိုချက် MNDAA ငြင်းဆိုလိုက်တဲ့သတင်း 

− ညောင်လေးပင်မှာ ရဲ၊ မီးသတ်နဲ့ ပျူစောထီးတွေကို လူသားဒိုင်းပြုလုပ်ကာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ပြောတဲ့အကြောင်း 

−စစ်ခေါင်းဆောင်နဲ့ KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး တို့တွေ့ဆုံကြတဲ့သတင်း 
− အိန္ဒိယနိုင်ငံရှိ အာဖဂန်သံရုံးကို ပိတ်သိမ်းလိုက်တဲ့သတင်းအပါအဝင် တခြား 

အရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/4fn1N3-FOEU?si=v2oolk4rxAft66V1

#2pmnews
#Mizzimanewshour
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥1
" မဲလုံးရဲ့သတင်းစာရှင်းလင်းပွဲ " | Promo
==================

အစိမ်းရောင်တွေက အပြာရောင်တွေကိုဖိနှိပ်နေတဲ့ ရွာက ဇာတ်လမ်းတွေကို အပတ်စဉ် သောကြာနေ့ ည ၇နာရီခွဲတိုင်း မဇ္ဈိမတီဗီချန်နယ်၊ Mizzima - News in Burmese Facebook page နှင့် Mizzima YouTube Channel တို့မှာ ကြည့်ရှုလိုက်ရအောင်

https://youtu.be/mhwa6di7UFs?si=s4efB_qHOEPKZfM2

#trailer #promoclip #shorts #reels #shortsyoutube
#Greentribe
#MizzimaTV
👍9😁2🔥1
This media is not supported in your browser
VIEW IN TELEGRAM
အင်ဒိုနီးရှားနိုင်ငံမှာ တရုတ်ကပထမဆုံးထောက်ပံ့တဲ့ ကျည်ဆန်ရထားလမ်းစတင်ဖွင့်လှစ်

#InternationalNews #reels #shorts #Indonesia #Mizzima
👍6🔥1
ကိုးကန့်တပ်ဖွဲ့ဝင် ၂၈ ဦး စစ်ကောင်စီထံ ခိုလှုံသွားတယ်ဆိုတဲ့ ပြောဆိုချက် MNDAA ငြင်းဆို
=========================

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) က တပ်ဖွဲ့ဝင် အမျိုးသားအယောက် ၂၀ နဲ့ အမျိုးသမီး ၈ ဦးဟာ လောက်ကိုင်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထံ လက်နက်တွေနဲ့ ခိုလှုံလာတဲ့အကြောင်း စစ်ကောင်စီဘက်က စက်တင်ဘာ ၃၀ ရက်သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ အကြီးအကဲ ဦးဖုန်ကြားရှင်တည်ထောင်ခဲ့တဲ့ (MNDAA) က တပ်ဖွဲ့ဝင် ၂၈ ဦး လက်နက်တွေနဲ့ စစ်ကောင်စီထံ ဝင်ရောက်ခိုလှုံလာတယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်ဟာ သတင်းမှားဖြစ်တယ်လို့ MNDAA က ငြင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီထုတ်ပြန်တဲ့ MNDAA အဖွဲ့ဝင် ၂၈ ဦး လက်နက်ချတယ်ဆိုတဲ့ကိစ္စက စစ်ကောင်စီရဲ့ နိုင်ငံရေးပြသမှုတစ်ခုသာဖြစ်ကြောင်း MNDAA ပြောခွင့်ရှိသူ Li Tianfu က ပြောတယ်ဆိုပြီး MNDAA သတင်းတွေဖော်ပြနေတဲ့ The Kokang မီဒီယာမှာ အောက်တိုဘာ ၁ ရက်နေ့က ရေးသားခဲ့ပါတယ်။

စစ်ကောင်စီထံ လက်နက်ချပြီး အလင်းဝင်တယ်ဆိုတဲ့ သူတွေဟာ ပြီးခဲ့တဲ့နှစ်တွေက MNDAA က ခွဲထွက်သူတွေ၊ အားလပ်ရက်တွေမှာ သူတို့နေရပ်ပြန်သွားပြီး တပ်ကို ပြန်မလာတဲ့သူတွေသာဖြစ်တယ်လို့ MNDAA ပြောခွင့်ရှိသူ Li Tianfu က ပြောတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့က MNDAA အဖွဲ့ဝင် ၂၈ ဦး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး လက်နက်၊ ခဲယမ်းတွေနဲ့ အတူ လောက်ကိုင်မြို့က စစ်ကောင်စီတပ်ဖွဲ့ထံ ဝင်ရောက်လာလို့ ထောက်ပံ့ငွေတွေ ပေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာပါ။
ဒီလူတွေကို လောက်ကိုင်မြို့က နယ်မြေခံတပ်နယ်ခန်းမမှာ လက်ခံပွဲအခမ်းအနားပြုလုပ်ကြိုဆိုခဲ့ပြီး စစ်ကောင်စီက ‌ထောက်ပံ့ငွေတွေပေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFတွေ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်တွေကို ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်ဖို့ ဖိတ်ခေါ်ကြောင်း စဉ်ဆက်မပြတ် ပြောဆိုနေသလို စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေလည်း စစ်ကောင်စီ ထံ ခိုလှုံလာကြောင်း သတင်းစာတွေမှာ ဆက်တိုက်ဖော်ပြနေခဲ့ပါတယ်။

ဒီလို ပြောနေချိန် အခု စက်တင်ဘာလတစ်လတွင်းမှာပဲ မြန်မာနိုင်ငံတဝန်း ပြည်သူ့ကာကွယ်ရေးနဲ့ ဒေသကာကွယ်ရေးတပ်တွေဆီ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား ၁၀ ဦးအထိရှိနေတာကို သက်ဆိုင်ရာ တော်လှန်ရေးတပ်တွေ ဘက်က ထုတ်ပြန်ချက်တွေ အရသိရပါတယ်။

စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသားနယ်တွေထဲကမှ ကရင်၊ ချင်း၊ တနင်္သာရီစတဲ့ ပြည်နယ်နဲ့တိုင်းတွေမှာ စစ်ကောင်စီတပ်သားတွေ ဘက်ပြောင်းခိုလှုံလာတာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနကတော့ အာဏာသိမ်းပြီးချိန်ကစလို့ ဘက်ပြောင်းခိုလှုံလာတဲ့ စိစစ်ပြီး တပ်မတော်သား(၃၂၃၅) ဦးရှိတယ်လို့ ပြည်သူ့ခုခံတွန်းလှန်စစ် ၂ နှစ်ပြည့် အစီရင်ခံစာမှာ ထုတ်ပြန်ပြောဆိုထားပါတယ်။

https://youtu.be/VydaSD71mtI?si=re71mTfdSoqoUzFY
 
#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍19😁2
​​စစ်ကောင်စီက မြို့နယ် ၂၀ တွင် စမ်းသပ်သန်းခေါင်စာရင်း စတင်ကောက်ယူ
=========================

နိုင်ငံအတွင်း မြို့နယ် ၂၀ တွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူမှုကို စတင်ပြီဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်သည်။ စစ်ကောင်စီ၏ ထိုလုပ်ဆောင်ချက်က အတိုက်အခံ ဆန့်ကျင်သူများကို တိုးမြှင့်စောင့်ကြည့်ရာတွင် အသုံးပြုလိမ့်မည်ဟု ဝေဖန်သူများက ပြောသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤮8👍6🖕2❤1
​​2.10.2023 (Monday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
===================

Highlight

အနာဂတ်အတွက် ကြယ်နှစ်စင်း (ညနေ - ၆ နာရီ)
မျဉ်းပြိုင်နှစ်ကြောင်းရဲ့ နှစ်လုံးသားတစ်စုံ (ည- ၇ နာရီ)
India Movie -Khiladi ( ည- ၈ နာရီ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
👍8❤1🤮1
Media is too big
VIEW IN TELEGRAM
ကိုးကန့်တပ်ဖွဲ့ဝင် ၂၈ ဦး စစ်ကောင်စီထံ ခိုလှုံသွားတယ်ဆိုတဲ့ ပြောဆိုချက် MNDAA ငြင်းဆို

#PoliticalNews
#reels
#shorts
#MizzimaTV
👍9😁3🤣1
​​တရုတ်၏ ရှင်ကျန်းရှိ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို ကုလသမဂ္ဂတွင် ရှုတ်ချမှု ထပ်မံ ပြုလုပ် 
========================

တရုတ် သည် ၎င်း၏ “ပြတ်ပြတ်သားသား အတိုက်အခံ” ကို စွဲကိုင်၍ “အလိမ်အညာများ လုပ်ကြံဖန်တီးခြင်းနှင့် အမှန်တရားကို မလေးစားဘဲ ရှင်ကျန်းနှင့်ပတ်သက်သည့် မလိုလားအပ်သော သတင်းမှားများဖြန့်” သည်ဟု တရုတ် ဆန့်ကျင်ရေးအဖွဲ့အစည်းများသို့ ပြင်းထန်စွာသတိပေးချက် တစ်ရပ်ကို စက်တင်ဘာ ၁၄ ရက်က ပေးပို့ခဲ့သည်။ “ရှင်ကျန်း ရဲ့ တည်ငြိမ်မှုကို ထိခိုက်စေပြီး တရုတ်ရဲ့ ငြိမ်းချမ်းတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်ယှက်ဖို့ ကြံစည်မှု” အဖြစ် ရှုတ်ချပြီး ညီလာခံသို့ မတက်ရောက်ကြရန် တိုက်တွန်းထားသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥2
​​ရဲမှူးချုပ်အောင်ဌေးမြင့် ထောင်ဒဏ် (၄)နှစ်ချမှတ်ခံရဟုဆို
==================

(မဇ္ဈိမ)။ ။ထိန်းသိမ်းစစ်ဆေးခံနေရသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၊ဌာနကြီးမှူး ရဲမှူးချုပ် အောင်ဌေးမြင့်ကို ရဲတရားရုံးမှ စုံစမ်းစစ်ဆေးပြီး ထောင်ဒဏ် (၄)နှစ်ချမှတ်လိုက်ကြောင်း နေပြည်တော်ရဲအသိုင်းအဝိုင်းကပြောသည်။

ရဲမှူးချုပ်အောင်ဌေးမြင့်ကို စက်တင်ဘာ ၃၀ရက်တွင် အမိန့်ချလိုက်ခြင်းဖြစ်ပြီး ယင်းနေ့တွင်ပင် ရမည်းသင်းထောင်သို့ ပို့ဆောင်လိုက်ခြင်းဟု သိရသည်။

"ရဲတရားရုံးကနေ အမိန့်ချလိုက်တာပါ။ ရာထူးကိုလည်း ပြန်ရုပ်သိမ်းလိုက်ပါပြီ။ ပြည်ထဲရေးဝန်ကြီးမှတ်ချက်နဲ့ စစ်ဆေးပြီး ထောင်(၄)နှစ်ကျသွားပြီ" ဟု နေပြည်တော်မှ ရဲအရာရှိတဦးကပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လက ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ရာထူးမှဖယ်ရှားခံရပြီးနောက် ရဲမှူးချုပ် အောင်ဌေးမြင့်၊ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရဲမှူးချုပ်စိန်လွင်နှင့်စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဉာဏ်မြင့်ကျော်တို့ကို စစ်ကောင်စီက ရာထူးမှ အနားပေးကာ ရဲတရားရုံးဖြင့် စုံစမ်းစစ်ဆေးနေခြင်းဖြစ်သည်။ စစ်‌ကောင်စီက တရားဝင်သတင်းမထုတ်ပြန်သေးသော်လည်း ၎င်းတို့သုံးဦးအား စစ်ကောင်စီ အစည်းအဝေးမှတ်တမ်းအချို့ ပေါက်ကြားမှု၊ အဂတိလိုက်စားမှုများနှင့်ပတ်သက်၍ စစ်ဆေးနေခြင်းဟု သတင်းများထွက်ပေါ်ခဲ့သည်။

ယခုအခါ ရဲမှူးချုပ်အောင်ဌေးမြင့်ကို ရဲစည်းကမ်းဖောက်ဖျက်မှုဖြင့် ထောင်ဒဏ်(၃)နှစ်၊ သတင်းထိန်ချန်မှုဖြင့် ထောင်ဒဏ်(၁)နှစ်၊စုစုပေါင်း ထောင်ဒဏ် (၄) နှစ်ချမှတ်လိုက်ခြင်းဟု သိရသည်။
" သူ(ရဲမှူးချုပ်အောင်ဌေးမြင့်) က ဝန်ကြီးနဲ့ နီးစပ်သလို အင်္ဂလိပ်လည်း ကောင်းတော့ ဝန်ကြီးက အားကိုးတယ်။ သူ့ဆီမှာ သတင်းအချက်အလက်တွေကို ရှိတယ်။ သတင်းတွေက သူ့ဆီကနေ တိုက်ရိုက်ပေါက်ကြားတာမဟုတ်ဘူး။ ရုံးဖက်ကနေ ပေါက်ကြားတာ။ အခု ထောင်ဒဏ် (၄)နှစ်အပြင် နောက်ထပ်အစွဲခံထားရတဲ့ အမှုတွေလည်း ရှိသေးတယ်" ဟု နေပြည်တော် ရဲချုပ်ရုံးမှ ရဲအရာရှိတဦးကပြောသည်။

ရဲမှူးကြီးစိန်လွင်နှင့်ရဲမှူးကြီးဉာဏ်မြင့်ကျော်အား စစ်ဆေးမှုအခြေအနေကို မသိရှိရသေးပေ။

လတ်တလောတွင် ရဲမှူးချုပ်စိန်လွင်နေရာ၌ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရုံးချုပ်မှ ရဲရေးချုပ် ရဲမှူးချုပ်သက်နိုင် အစားထိုးဝင်ရောက်လာသည်ဟု သတင်းရရှိသည်။
ရဲမှူးချုပ်သက်နိုင်သည်စက်တင်ဘာလ ဒုတိယလပတ်ထဲမှစတင်ကာ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင်နေခြင်းဟု နေပြည်တော်ရဲအသိုင်းအဝိုင်းကပြောသည်။ အသေးစိတ်ကို အတည်မပြုနိုင်သေးပေ။

ဓာတ်ပုံ - ရဲမှူးချုပ်အောင်ဌေးမြင့်
စာတည်း - အေးချမ်း

#mizzima
#ရဲမှူးချုပ်အောင်ဌေးမြင့်
#ထောင်ဒဏ်
#ရမည်းသင်းထောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15👏2❤1🔥1
This media is not supported in your browser
VIEW IN TELEGRAM
Oct - 2 [ 4 Pm ] Mizzima News Hour

Mizzima Headline News

#4pmnews
#mizzimanewshour
#reels
#shorts
👍6❤1🍌1
မန္တလေးနန်းမြို့ရိုးအနီး နေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ
👍9🔥1