Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်ကောင်စီကို လက်နက်ရောင်းခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံပိုင်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ ၃ ခု တိုင်တန်းခံရ
အင်ဒိုနီးရှားနိုင်ငံပိုင် လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီ ၃ ခုဟာ ...
https://www.youtube.com/watch?v=z52uaYxn9JM
👍11🔥1
တနိုင်ငံလုံးအနှံ့ မြေမြုပ်မိုင်းကြောင့်အရပ်သားထိခိုက်သေဆုံးမှုများဖြစ်ပေါ်နေကြောင်း UNOCHA ထုတ်ပြန်
မြန်မာ တနိုင်ငံလုံးအနှံ့ မြေမြုပ်မိုင်းကြောင့် ...
https://www.youtube.com/watch?v=M5lcQ8VmZ9Y
🔥3👍2
တနင်္သာရီတွင် စစ်ကောင်စီတပ် ဖမ်းဆီးခဲ့သည့် လူနာတင်ယာဥ်မောင်း ဆက်သွယ် ပြတ်တောက်
🔥4🤬1
တနင်္သာရီတွင် စစ်ကောင်စီတပ် ဖမ်းဆီးခဲ့သည့် လူနာတင်ယာဥ်မောင်း ဆက်သွယ် ပြတ်တောက်
=======================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။စစ်ကောင်စီတပ် ဖမ်းဆီးခဲ့သည့် တနင်္သာရီမြို့နယ် ၊ သာရဘွင်ရွာ အခြေစိုက် ချမ်းမြေ့ပါရမီ ကျန်းမာရေး အထောက်အကူပြု အဖွဲ့ ယာဥ်မောင်းနှင့် လက်ရှိအချိန်အထိ အဆက်အသွယ် ပြတ်တောက်နေဆဲဖြစ်ပြီး တစ်စုံတစ်ရာ သတင်းမကြားရသေးကြောင်း အသင်းနှင့် နီးစပ်သူများထံက သိရသည်။

မြိတ်မြို့သို့ လူနာသွားပို့ပြီး တကူတိုက်နယ် သာရဘွင်ရွာသို့ အပြန် ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက် မနက်ပိုင်းက ဇဝဲရွာ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခဲ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အသင်းပိုင်ကားနှင့် အတူ ၎င်းကို ဇဝဲရွာအခြေစိုက် ခမရ (၅၅၆) တပ်ရင်းသို့ ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ယနေ့ သြဂုတ်လ ၃ ရက် အထိ အဆက်အသွယ်မရသေးကြောင်း ယင်းအဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။

“ရွာက လူနာပို့တုန်းကတော့ ပေးဖြတ်တယ်။ တညအိပ်ပြီး အပြန်မှာ ဖမ်းခံရတယ်လို့ သိရတယ်။ လက်ရှိ အချိန် အထိတော့ လူရော ကားပါ ဘာ အဆက်အသွယ်မှ မရ ဖြစ်နေတယ်”ဟုသာရဘွင်ရွာခံ အမျိုးသား တဦးက ပြောသည်။

ဖမ်းခံရသူမှာ အသက် ၂၈ နှစ်အရွယ် ကိုအောင်ကျော်နိုင်ဆိုသူဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးခံခဲ့ရသည်ကို မသိရသေးကြောင်း ဒေသခံများကဆိုသည်။

ဇဝဲရွာ စစ်ဆေးရေးဂိတ်သည် မြိတ်မှ တကူရွာနှင့် တနင်္သာရီမြို့နယ်သို့ အဓိကထား ဖြတ်သန်း သွားလာရသည့် လမ်းပိုင်း ဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလကလည်း တနင်္သာရီမြို့နယ်၊ မော်တုန်း (အရှေ့) ရွာက ချစ်ကြည်ရေး ပရဟိတအသင်း ယာဥ်မောင်း အမျိုးသား တဦးကို စစ်ကောင်စီတပ်က ၎င်း၏ နေအိမ်တွင်ပင် ဝင်ရောက်ဖမ်းဆီးခဲ့ရာ ယနေ့အထိ မလွှတ်မြောက်လာသေးသည့်အပြင် အဆက်အသွယ်လည်း ပြတ်တောက်နေကြောင်း သိရသည်။

တနင်္သာရီမြို့နယ်တွင် လူမှုကယ်ဆယ်ရေး လုပ်ငန်းများအနေဖြင့် ညဘက်တွင် ဖြတ်သန်းသွားလာခြင်း မပြုရန် ပြီးခဲ့သည့် စက်တင်ဘာလက စစ်ဆေးရေး ဂိတ်များရှိ စစ်ကောင်စီ တပ်သားများက ပိတ်ပင်ထားကြောင်း သိရ သည်။တနင်္သာရီမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#တနင်္သာရီမြို့နယ်
#စစ်ကောင်စီတပ်ဖမ်းဆီး
#ချမ်းမြေ့ပါရမီ
#ကျန်းမာရေး
#အထောက်အကူပြုအဖွဲ့

ပုံအညွှန်း - စစ်ကောင်စီတပ်ဖမ်းဆီးခဲ့သည့် လူနာတင်ယာဥ်နှင့် ယာဥ်မောင် (ပုံအညွှန်း- ပေးပို့)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬6👍3🔥3❤1
ရုရှား-မြန်မာ ဦီးဆောင်တဲ့ အာဆီယံ ပူးတွဲစစ်ရေးလေ့ကျင့်မှု ရုရှားအရှေ့ခြမ်းမှာပြုလုပ်
ရုရှား-မြန်မာ ဦီးဆောင်တဲ့ အာဆီယံအပေါင်းအကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့ရ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F83RHhcIA_9Y&h=AT32ezcA1ZuBsdCsdr77Bjyy0WAUZpItQdb4B3BcGs6c2CcH2jtXgOk2J1zoPAwEdIFp21pm6zu4Cn1gd721-XORiBY3D3jsXpoJqE5PGhvB_ptLAtYlHE5obxeFOPYm&s=1
👍3🤮3❤1
ချွတ်ခြုံကျနေတဲ့ သီရိလင်္ကာရဲ့စီးပွား‌ရေး နာလန်ပြန်ထနိုင်ဖို့ မသေချာသေးကြောင်း IMF ပြော
#Internationalnews#MizzimaTV-----------------------------------------မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FNB-3ogdDZks&h=AT2Wi2301XlnSfuADTFvdBQoLFVbyVNli0zVRFX8XToydUUaP5Q2KvwrsWiBnOqOh5WvZAa6bFrMRfGCQrofZQQ1WBSL_UJQx9f401Q3CLIl_4rDmIr4Qhf5u_eQxe-_&s=1
👍3🤮2
အောက်တိုဘာလ (၃)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
01:00 − စစ်ကောင်စီတပ်ရဲ့ လက်နက်ပွဲစား ရန်ကုန်မြို့လယ်မှာ အသတ်ခံရတဲ့သတင်း02:20 − စစ်ခေါင်းဆောင်နဲ့ ဥက္ကဋ္ဌဟောင်းတ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FSbEH8UW3h1M&h=AT3OfcjgZqcOiCzsGrvm6iZYowXZV8BNmhX6bqlSLr9iadWKMQNRNEwowih0ccJ962-r1LC-IA8ZNF0ArGRuJ9-fvQPqwTW_7fwCUPGvH5TH2E8nSlfVRFSiSAjnNUyt&s=1
🤮2👍1
တနင်္သာရီတွင် စစ်ကောင်စီတပ် ဖမ်းဆီးခဲ့သည့် လူနာတင်ယာဥ်မောင်း ဆက်သွယ် ပြတ်တောက်
စစ်ကောင်စီတပ် ဖမ်းဆီးခဲ့သည့် တနင်္သာရီမြို့နယ် ၊ သာရဘွင်ရွာ အခြေစိုက် ချမ်းမြေ့ပါရမီ ကျန်းမာရေး အထောက်အကူ....
https://ift.tt/Na3KIwX
🔥2
စစ်ကောင်စီကို လက်နက်ရောင်းခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံပိုင်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ ၃ ခ
အင်ဒိုနီးရှားနိုင်ငံပိုင် လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီ ၃ ခုဟာ မြန်မာစစ်တပ်အတွက် လက်နက် ရောင်းချတာတွေ ရှိခဲ့တ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fz52uaYxn9JM&h=AT3xlWRNGGagsegoAdeZNsslO2xBbGcjYRWxv-tyqYl2kq9QZm0P0aR2GP8Ts8ZIXsIsD-VgNLBreY_KJKBiNzZSz9aze-tGuoRu0cbyGkxlraJOUIwV0uIEZYj79Q2K&s=1
👍6🔥1
နျူကလီးယား လက်နက်နိုင်ငံအဖြစ် ထိန်းသိမ်းသွားဖို့ မြောက်ကိုရီးယားက ဖွဲ့စည်းပုံအခြေခံဥပဒ
နျူကလီးယား လက်နက်နိုင်ငံအဖြစ် ထိန်းသိမ်းသွားဖို့ မြောက်ကိုရီးယားက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းပြဌ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FO9E65yVjI3E&h=AT1lhZsZ6sz0rFCrKDZUPvdsor58l0JWnFRJxmlEqttv4SBYds62QohBdC4FK5aKI6POAT6vqq7Jwd_hEaAKyW7Kc8pNSgKSrBeBnxxX6B5Ci_gfOi6iH6MWS3n2t9y-&s=1
❤2👍1
ညောင်လေးပင်မြို့ ပုဇွန်မြောင်းရွာ နေအိမ်များအား စစ်ကောင်စီတပ်မီးရှို့
စစ်ကောင်စီတပ် ပူးပေါင်းစစ်ကြောင်းနှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည့....
https://ift.tt/VAxho3U
👍5🤬3🔥1
Junta cracking down on cronies to shore up its finances
The junta leadership has recently used allegations of corruption to crack down on its own high-ranking officials and business cronies, in a series of desperate attempts to shore up its finances, according to campaign group Progressive Voice.
https://ift.tt/ditWq1H
👍4🔥1
ညောင်လေးပင်မြို့ ပုဇွန်မြောင်းရွာ နေအိမ်များအား စစ်ကောင်စီတပ်မီးရှို့
😢7👍3🤬3❤1😁1
ညောင်လေးပင်မြို့ ပုဇွန်မြောင်းရွာ နေအိမ်များအား စစ်ကောင်စီတပ်မီးရှို့
=======================

YT
(မဇ္ဈိမ)။ ။ စစ်ကောင်စီတပ် ပူးပေါင်းစစ်ကြောင်းနှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည့် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှိူ့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။

" စစ်ကောင်စီက ညနေ ၄ ခွဲကျော်က ပုဇွန်မြောင်းရွာက အိမ်တချို့ကို မီးရှို့သွားတယ်၊ အိမ်ခြေများတယ်။ ရွာအပြင် တာဘောင်နားက အိမ်တွေကိုရှို့သွားတာ" ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ယမန်နေ့ အောက်တိုဘာလ ၂ ရက်နေ့၊ ညနေပိုင်းမှစ၍ ပုဇွန်မြောင်းကျေးရွာ၊ ရွာအပြင် တာဘောင်နားရှိ ဒေသခံ နေအိမ်များအား စတင်မီးရှို့နေခြင်းဖြစ်ပြီး ညပိုင်းအထိ ကျေးရွာအတွင်းမှ နေအိမ်အချို့ကိုပါ ဆက်လက်မီးရှို့နေကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများသည် ဒေသခံနေအိမ်များအား မီးမရှို့ခင် အဆိုပါ နေအိမ်များအတွင်း ဖောက်ထွင်းဝင်ရောက်၍ ဒေသခံများပိုင်ဆိုင်သည့် ပစ္စည်းများကို ညောင်လေးပင်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၂၀) တပ်အတွင်းသို့ သယ်ယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

" စစ်ကောင်စီဘက်ကတော့ ‌သူတို့တပ်တွေဖြစ်တဲ့ ခမရ (၂၀) ညောင်လေးပင်က တပ်ထဲကို ရွာထဲကပစ္စည်းတွေ ခိုးသယ်နေတာ၊ ပျူစောထီးတွေရောပါတယ်။ လူမနေတော့ ဝင်ခိုးကြတာ၊ လိုချင်တာတွေ ယူထုတ်ပြီးမှ မီးရှို့ပစ်တာ၊ အခုချိန်ထိပဲ ရှို့တုန်း၊ တရွာလုံးတော့သွားပါပြီ" ဟု အဆိုပါ သတင်းရင်းမြစ်က အောက်တိုဘာလ ၂ ရက်နေ့ ည ၁၀ နာရီ ၂၃ မိနစ်တွင် မဇ္ဈိမကို ဆက်လက်ပြောဆိုသည်။

လက်ရှိတွင် ပုဇွန်မြောင်းကျေးရွာမှ ဒေသခံများသည် ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုများကြောင့် ထွက်ပြေးတိမ်းရှောင်ရသဖြင့် ဒေသခံများမရှိသည့် ကျေးရွာအတွင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ သေနတ်များရမ်းသန်းပစ်ခတ်ခြင်း၊ ဒေသခံများ​၏ ပစ္စည်းဥစ္စာများအား သိမ်းယူကာ ဒေသခံနေအိမ်များအား မီးရှို့ခြင်းတို့ ပြုလုပ်နေကြောင်း သိရသည်။

" ရွာထဲမှာတော့ ရွာသားမရှိဘူး။ အရင်တည်းကတိုက်ပွဲက မကြာခဏဖြစ်တော့ မနေရဲကြတော့ပြောင်းပြေးကြပြီလေ။ အခုမှ တိုက်ပွဲကပိုကြီးလာတာ။ စကစဘက်ကတော့ ကျည်ပေါတော့ လူမတွေ့လည်း အသံကြားတဲ့ဘက်ကို ရမ်းပစ်နေတာပဲ။ လက်နက်ကြီးတွေကတော့ ညတိုင်းပဲပစ်တာ၊ စောစောကတောင် နှစ်လုံးပစ်သေးတယ်"ဟု မြေပြင်သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ပုဇွန်မြောင်းကျေးရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့မှစတင်၍ အောက်တိုဘာလ ၁ ရက်နေ့အထိ စစ်ကောင်စီတပ်၊ ပျူစောထီး၊ ရဲ၊ မီးသတ်တပ်ဖွဲ့ အင်အား ၂၀၀ ဝန်းကျင်ပါသည့် စစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်းနှင့် Spring Warriors Column (နွေဦးစစ်သည်တော်များစစ်ကြောင်း)၊ Royal Peacock Column (တော်ဝင်ဒေါင်းစစ်ကြောင်း)၊ PDF တပ်ရင်း (၃၇၀၂) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

ငါးရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်တွင် ၆၅ ဦးသေဆုံး၍ ၃၀ နီးပါး ထိခိုက်ဒဏ်ရာရထားပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်တွင်လည်း ခုနစ်ဦးထိခိုက်ဒဏ်ရာရထားကြောင်း Spring Warriors Column ​၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထို့ပြင် အောက်တိုဘာလ ၁ ရက်နေ့က ဖြစ်ပွားသော တိုက်ပွဲအတွင်း ကျေးရွာချင်းဆက်လမ်းများအား ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီတပ်သားများ အကာအကွယ်ယူကာ ရောက်လာသည့် စစ်ကောင်စီတပ် ပိုင်ဆိုင်သည့် ဘက်ဟိုးတစီးကိုလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း Spring Warriors Column ကဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သားများသည် ပုဇွန်မြောင်းကျေးရွာအတွင်းရှိ စာသင်ကျောင်း၊ဘုန်းကြီးကျောင်းနှင့် ဒေသခံများ​၏ အိမ်အချို့တွင် ဖြန့်ကြက်နေရာယူထားလျက်ရှိပြီး စစ်ရေးအခြေအနေ တင်းမာလျက်ရှိကြောင်းလည်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ပုဇွန်မြောင်းကျေးရွာ
#PDF
#ညောင်လေးပင်မြို့နယ်

ပုံအညွှန်း- စစ်ကောင်စီတပ်​၏ မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသည့် ပုဇွန်မြောင်းကျေးရွာမှ ဒေသခံနေအိမ်အချို့ မီးလောင်ကျွမ်းနေပုံ (ဓါတ်ပုံ- CJ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬10👍4❤2😁1😢1