Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
CDF – Mindat ကို သေနတ် ၄၀ နှင့် ခဲယမ်းများထောက်ပံ့
=====================

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF – Mindat တပ်ဖွဲ့သို့ အလှူရှင်သုံးဖွဲ့ပူးပေါင်းပြီး သေနတ် ၄၀ လက်အပါအဝင် ကျည်ဆန် ၊ ကျည်ဘောက်များ လှူဒါန်းခဲ့ကြောင်း International Mindat K'Cho Organization (IMCO) အဖွဲ့ က အောက်တိုဘာ ၂ရက်နေ့တွင် ထုတ်ပြန်သည်။

အလှူရှင် သုံးဖွဲ့ဖြစ်သော International Mindat K'Cho Organization (IMCO)၊ Heal the world နှင့် CEA(Norway) တို့မှပူးပေါင်းဝယ်ယူခဲ့သော AK47 သေနတ် ၄၀လက် ၊ ကျည် ၁၂,၀၀၀ တောင့် နှင့် ကျည်အိမ် ၁၂၀ တို့ကို CDF – Mindat ထံသို့ စက်တင်ဘာလ ၂၈ရက်နေ့တွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

မင်းတပ် အတွက် AK – 47 သေနတ် ၅၀ လက် ၊ကျည် ၁၅,၀၀၀ ၊ ကျည်အိမ် ၁၅၀ ဝယ်ယူတပ်ဆင်ပေးမည့် ပရောဂျက် ကို ၂၀၂၂ ခုနှစ် ဇွန်လတွင် စတင်ခဲ့ပြီး ယင်းအတွက် အမေရိကန်ဒေါ်လာ ၁၈၅,၀၀၀ (တစ်သိန်းရှစ်သောင်းငါးထောင်) ကုန်ကျစရိတ်အတွက် ရန်ပုံငွေများရှာဖွေခဲ့ကြောင်း သိရသည်။

ယင်းပရောဂျက်အတွက် ကံစမ်းမဲထီလက်မှတ်ရောင်းချခြင်းဖြင့် ဒေါ်လာ ၇၀,၀၇၂ ဒသမ ၇၁ ရရှိခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များ၏ အရေးပေါ် စားနပ်ရိက္ခာ လိုအပ်ချက်အရ ဖြည့်ဆည်းခဲ့ရသဖြင့် ၅၈,၇၄၉ ဒသမ ၄၀ ကို အသုံးပြုခဲ့ပြီး လိုအပ်သောငွေများမှာ IMCO အဖွဲ့ဝင်များထံမှ လစဥ်ကြေးကောက်ခံခြင်း ၊ ဒေါက်တာအငြိမ်း ဦးဆောင်သော Heal the World နှင့် CEA (Norway) တို့မှ ဒေါ်လာ ၃၅,၀၀၀ အားဖြည့်ကူညီပါဝင်ခဲ့ကြောင်း သိရသည်။
ပရောဂျက်လက်ကျန် AK-47 သေနတ် ၁၀ လက်၊ ကျည် ၃,၀၀၀ တောင့်၊ကျည်အိမ် ၃၀ ခုကိုလည်း မကြာမီ ထပ်မံရရှိမည်ဖြစ်ကြောင်း သိရသည်။

“အားဖြည့်ပေးတဲ့ နိုင်ငံခြားရောက်ချင်းလူမျိုးတွေအပေါ် ကျေးဇူးတင်ကြောင်းနဲ့ တာဝန်ကျေကြောင်းပြောချင်ပါတယ်။ တော်လှန်ရေးက လက်နက်ကိုင်မှ တော်လှန်ရေး လုပ်နေတာမဟုတ်ပါဘူး ၊ ကျရာကဏ္ဍကပေးဆပ်နေကြရတာ ၊ တတ်နိုင်တဲ့ဖက်က ဝိုင်းဝန်းလုပ်ဆောင်ကြမယ်ဆိုရင် ကျနော်တို့ချင်းတွေ ဘာမဆို လုပ်နိုင်ပါတယ်” ဟု CDF – Mindat စစ်ဒေသမှူး ဆလိုင်နိုင်တမ်း က မဇ္စျိမ ကို ပြောသည်။

အခု အသစ်ရောက်လာတာတင်မကဘဲ မကြာသေးမီကလည်း CDF – Mindat ဗဟိုမှ လက်နက်ခဲယမ်းဖြည့်တင်းထားပြီး အသစ်တဖန်ပြင်ဆင်မွမ်းမံထားတဲ့ သင်တန်းဆင်း ရဲဘော်များလည်း စိတ်ဓာတ်တက်ကြွနေကြောင်းဆိုသည်။

မင်းတပ်မြို့အတွင်း စစ်ကောင်စီတပ်သား အင်အား ၄၀၀ခန့်နှင့် စစ်ကြောင်းထိုးလာသည်များရှိလာသော်လည်း ၎င်းတို့တွင် ကျည်အလုံလောက်ရှိပါက ချင်းကာကွယ်ရေးတပ်ဖွဲ့ကိုကျော်ပြီး ချင်းပြည်သူတွေဆီကို ရောက်ရန်မဖြစ်နိုင်ကြောင်း ဆလိုင်းနိုင်တမ်းက ဆက်ပြောသည်။

အဆိုပါပရောဂျက်ဖြစ်မြောက်ရေးအတွက် ကံစမ်းမဲ ထီလက်မှတ်ဝယ်ယူအားပေးခဲ့ကြသော ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံသားများ ၊ ဒေါက်တာအငြိမ်းဦးဆောင်သော Heal the World အဖွဲ့သားများ ၊ CEA (Norway) အဖွဲ့သားများ ၊ လက်နက်များဝယ် ယူရာတွင် အကူအညီပေးခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ တာဝန်ခံပုဂ္ဂိုလ်များကို ကျေးဇူးတင်ရှိ ကြောင်း IMCO ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းအပြင် လက်နက်များကို ဘေးကင်းလုံခြုံစွာ သယ်ယူခဲ့သည့် CDF – Mindat ရဲဘော်များ ၊ IMCOမြောက်အမေရိက ၊ ဩစတြေးလျပြည်နယ်များနှင့် နိုင်ငံအလိုက် အီးစီလူကြီးများ ၊ လစဥ်ကြေးထည့်ဝင်ကြသော အသင်းသားများနှင့် လက်နက်များကို K’Cho ချင်းရိုးရာထုံးစံဓလေ့နှင့်အညီ အပ်နှံခဲ့သည့် ပွဲအတွက် လိုအပ်သော နွားနောက် သုံးကောင်ကို လှူဒါန်းခဲ့ကြသည့် IMCO ဩစတြေလျ ၊ IMCO (ဦးအွမ်ဖေ - အမေရိကန်၊ IMCO ဥရောပတို့မှတ်တမ်းတင်ဂုဏ်ပြုအပ်ကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

ချင်းပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးတူမီး သေနတ်ကိုင်ပြီး တော်လှန်ခဲ့သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၏ ပထမဆုံးတိုက်ပွဲကို ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက် ည ၉ နာရီဝန်းကျင်တွင် ကန်ပက်လမ်းခွဲ၊ စံပြမြို့မ ထမင်းဆိုင်နား၊ ထွေအုပ်ရုံး၊ မီးသတ်ကုန်း၊ မောင်းတံဂိတ် စသည်ဖြင့် တမြို့လုံးအနှံ့ စစ်ကောင်စီတပ်ဖွဲ့များကို တူမီးသေနတ်ဖြင့် တွေ့သည့်နေရာမှပစ်ခဲ့ရာက စတင်ခဲ့ပြီး အဆိုပါပစ်ခတ်မှုတွင် ရဲတဦး၊ စကစတပ်သား တဦး စုစုပေါင်း နှစ်ဦး သေဆုံးပြီး ဒဏ်ရာရသူ ငါးယောက်ဝန်းကျင်ရှိကြောင်း သိရသည်။

၂၀၂၁ခုနှစ် မေလ ၁၄ ရက်နေ့တွင်လည်း မောင်းပြန် ခြောက်လက်နှင့် တူးမီးအများစုပါဝင်ခဲ့သော မင်းတပ်ကာကွယ်ရေး အဖွဲ့သည် စစ်ကောင်စီတပ်သား ၁၀၀ကျော်ပါသော စစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီး ယာဥ် ခုနစ်စီးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲများသည် CDF-မင်းတပ်အဖွဲ့၏ တူမီးတော်လှန်ရေးအစလည်း ဖြစ်ပြီးယခုအခါ လက်နက်ခိုင်မာတောင့်တင်းသော ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တခုအဖြစ် ရှိနေပြီလည်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မင်းတပ်မြို့နယ်
#CDF
#IMCO

ပုံအညွှန်း - အခမ်းအနားဖြင့် လက်နက်များ ပေးအပ်နေစဥ် (ဓါတ်ပုံ - International Mindat K'Cho Organization)
👍32❤2🔥1😁1
တနိုင်ငံလုံးအနှံ့ မြေမြုပ်မိုင်းကြောင့်အရပ်သားထိခိုက်သေဆုံးမှုများဖြစ်ပေါ်နေကြောင်း UN
မြန်မာ တနိုင်ငံလုံးအနှံ့ မြေမြုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုများဖြစ်ပေါ်နေကြောင်း UNOCHA ထုတ်ပြန် ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FM5lcQ8VmZ9Y&h=AT1hW5YfChdigTaoKqVGzolmLKE16OTj9Gtr2KgOiSgNjEkxVyR5tPrJOibmA_HRbPeVm8Ew_G1nG5DsepFUwedhy2KBh7lIRbHOeOcJfDLIjuX2uwKqVpUwpsftqX39&s=1
👍8🔥2
​​မုံရွာ-ယာကြီးလမ်းရှိ အောင်ဇေယျတပ်ကုန်းကို ကာကွယ်ရေးတပ်ဖွဲ့တိုက်ခိုက်၊ ရဲ ၃ ဦး သေဆုံးပြီး သေနတ် ၃ လက်ရရှိ
================

လွှမ်းမိုး

(မဇ္ဈိမ)။   ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ၊ မုံရွာ-ယာကြီးလမ်းပိုင်းရှိ စစ်ကောင်စီတပ်ဖွဲ့များတပ်စွဲ ထားသည့် အောင်ဇေယျတပ်ကုန်းကို သွားရောက်တိုက်ခိုက်ခဲ့ရာ ရဲသုံးဦးသေဆုံးပြီး သေနတ်သုံးလက် သိမ်းဆည်းရမိသည်ဟု ချိုမိုင်မိုင်(ယင်းမာပင်မြို့နယ်မဟာမိတ်တပ်ပေါင်းစု)အဖွဲ့ တာဝန်ရှိသူထံမှ သိရ သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်သားများသည် အောင်ဇေယျတပ်ကုန်း စစ်ဆေးရေးဂိတ်အနောက် ဘက်တွင် ခရီးသွားပြည်သူများထံမှ အကြမ်းဖက် ဆက်ကြေးတောင်းခံနေသူများဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ အထူးကွန်မန်ဒို ရဲဘော်ခုနစ်ဦးနဲ့ ခုနစ်မီတာအကွာအဝေးကနေ တေ့ပြီးပစ်ခတ်ခဲ့တာဖြစ်ပါ တယ်။ ပစ်ခတ်မှုကြာချိန် ခုနစ်မိနစ်သာရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်ကလည်း ပြန်လည်ပစ်ခတ်တာ တွေလုပ်ခဲ့ပါတယ်” ဟု မဟာမိတ်တပ်ပေါင်းစုအဖွဲ့တာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်မှုအတွင်း ဒုရဲအုပ်တဦးနှင့် ရဲတပ်သားနှစ်ဦးသေဆုံးခဲ့ပြီး G-3 နှစ်လက်၊ အူဇီ(Uzi) တလက် ၊ G3 ကျည် ၁၀၂ တောင့် ၊ အူဇီကျည် အတောင့် ၂၀ တို့ကို သိမ်းဆည်းလိုက်နိုင်သည်ဟု သိရသည်။
“နေရာက အဝင်အထွက် အရမ်းကို အန္တရာယ်များတဲ့ နေရာပါ။ စစ်ကောင်စီတပ်အနေနဲ့ လက်နက်ကြီး တွေနဲ့ ကျကျနနအထိုင်ချတပ်စွဲနေတဲ့နေရာသုံးခုဖြစ်တဲ့ အမှတ်(၂၈)ရဲတပ်ရင်း၊ သီတဂူဘုန်းကြီးကျောင်း နဲ့ ကွန်ပျူတာကျောင်းရဲ့အလယ်မှာ ဝင်ပြီးပစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဝင်လမ်း၊ ဆုတ်လမ်း အတွက် အရမ်းအန္တရာယ်များတာ ဖြစ်တယ်” ဟု ချိုမိုင်မိုင်အဖွဲ့တာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ချိုမိုင်မိုင်(ယင်းမာပင်မြို့နယ်မဟာမိတ်တပ်ပေါင်းစု)က ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး စနစ်တကျ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည့်အတွက် ကာကွယ်ရေရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း သိရ သည်။

၎င်းတို့အနေဖြင့် မစ်ရှင်များဆက်လက်ဖော်ဆောင်နိုင်ရေးအတွက် ကျည်ဝယ်ယူရန် ငွေကြေးအခက်အခဲ များရှိနေကြောင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူကပြောသည်။

စာတည်း ။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤15👍8🥰1😁1
သာယာဝတီခရိုင်မှာ စစ်ထောက်တိုင် ဖြုတ်ချရေး ကြိုးပမ်းမှု ခရီးတွင်တယ်လို့ ပကဖ ပြော
ရွှေနွယ် - ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်တွေမှာ အခုနှစ်အတွင်း နှုတ်ထွက်တဲ့ အုပ်ချုပ်ရေးမှူး....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FivefhtJbV2o&h=AT15oRZAedPLOtA5p_chRpGV9vTGjzh1UimsRMtPXTZc2vDP8hPNiun1PymDRF_wTw1qIpCLz9xk7HLsnAYpDv1jjE3MfMKL3RXSKLsjshy0_1D7AKtXqMaG_TF28ww2&s=1
👍9🔥1
အောက်တိုဘာလ (၃)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:00 - မြန်မာ တနိုင်ငံလုံးအနှံ့ မြေမြုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုများဖြစ်ပေါ်နေကြောင်း UNOCHA ထုတ်ပ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FLO8bBZU1PIc&h=AT1rQFqJa9L3Dp5h27kkr2rwsR5BhKDOdD0P-NeME286LP_x_QYdgZ_I_jmNhkBkBHY3jFshuY6y05KVH4ghs3GNXosIcvQzPBVrFPWSZXhkKUN15E20xW10Wo5W9Kg5&s=1
🔥3
ကရင်နီတွင် ကြားဖြတ်တိုက်ခိုက်ခံရသည့် စစ်ကောင်စီယာဥ်တန်း ၄ နာရီခရီးကို ၂ လကျော်သည်အထိ မရောက်သေး၊ 
👍11🔥1😁1
ကရင်နီတွင် ကြားဖြတ်တိုက်ခိုက်ခံရသည့် စစ်ကောင်စီယာဥ်တန်း ၄ နာရီခရီးကို ၂ လကျော်သည်အထိ မရောက်သေး၊ 
===============

ဂျူချန်း

(မဇ္ဈိမ)။ ။ ကရင်နီပြည်တွင် ယာဥ်အစီးရေ ၃၀ ကျော်ဖြင့် ချီတက်လာသည့် စစ်ကောင်စီယာဥ်တန်းသည် လမ်းတလျှောက်တွင် ကြားဖြတ်တိုက်ခိုက်ခံရ၍ လေးနာရီကြာခရီးကို နှစ်လကျော်ကြာသည်အထိ မရောက်သးကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များက မဇ္ဈိမကို ပြောသည်။

 မယ်စဲ့မြို့နယ်ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည့် စစ်ကောင်စီ၏ ထိုယာဥ်တန်းသည် သြဂုတ်လဆန်းပိုင်းတွင် လွိုင်ကော်မြို့နယ်မှ မယ်စဲ့မြို့နယ်သို့ သွားရောက်နေခြင်းဖြစ်သည်။ 
စစ် လက်နက် ခဲယမ်းများအပြင် စားနပ််ရိက္ခာများ သယ်ဆောင်လာသည့် ထိုယာဥ်တန်းသည် လက်ရှိဖရူဆိုမြို့တွင် ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို ခုခံနေရသည်။ 

“ပုံမှန် ကားက ၄နာရီလောက်ပဲကြာမယ်။ ပြီးခဲ့တဲ့ ဩဂုတ်လအစတည်းက ထွက်လာတဲ့ ယာဉ်တွေပဲ။ ၃၀ကျော် ၄၀ လောက်ရှိမယ်။ လက်ရှိ တိုက်ပွဲက ဖရူ ဆိုမြို့နယ်နဲ့ ဘောလခဲမြို့နယ် ကြားမှာပြင်းထန်နေပြီး စစ်ကောင်စီရဲ့ ရိက္ခာယာဉ်တန်း က လက်ရှိမှာ ဖရူဆိုမြို့ထဲမှာပဲရှိပါသေးတယ်။ ယာဉ်ထဲမှာပါတာ အဓိကတော့ လက်နက်ခဲယမ်းပါဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ အခုအရှေ့ဘက်ကမ်း မှာ‌ စကစ က ပန်တိန်း ရွာထိမှာပဲရောက်နေတယ်။ ရှေ့တိုးလို့မရဘူး ဖြစ်နေတယ်။ ဒီရိက္ခာ ယာဉ်ရောက်တဲ့အထိစောင့်နေတဲ့သဘောပါ” ဟု ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွဲဖက်ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

ထိုယာဉ်တန်းသည် လွိုင်ကော်မြို့နယ်တွင် အင်အားဖြည့်တင်းကာ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘော်လခဲ ပြည်ထောင်စုလမ်းမကြီးအတိုင်းထွက်ခွာလာခြင်းဖြစ်သည်။ 

ယာဥ်တန်းပါစစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကြား ဩဂုတ်လ ၂ ရက်နေ့မှစတင်ကာ ယနေ့ စက်တင်ဘာလ ၃ ရက်နေ့အထိ နေ့စဉ်နီးပါး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပြီး တိုက်ပွဲကာလ ကြာလာသည်နှင့်အမျှ ကာကွယ်ရေးတပ်ဖွဲ့များတွင် လက်နက်ခဲယမ်း လိုအပ်မှုလည်း ကြီးမားလာကြောင်း သိရသည်။ 

“ဒီနှစ်လအတွင်းမှာတိုက်ပွဲတွေနဲ့ ဆက်နေတော့ကျည်ဖြည့်ဖို့ရိက္ခာ ဖြည့်ဖို့ကအရမ်းလိုအပ်နေတဲ့အရာဖြစ်တယ်။ ခုလည်းယာဉ်တန်း ဖျက်ဖို့လည်းတောက်လျှောက်သွားနေတော့ ကျွန်တော်တို့စုဆောင်းထားတာတွေလည်း ကုန်တော့မယ့်အနေအထားတစ်ခုရောက်နေလို့ ကမ်ပိန်း ထလုပ်ရခြင်း ဖြစ်ပါတယ်ခင်ဗျ” ဟု ဒီးမော့ဆို့ PDF တပ်ရင်း(၃) မှ တာဝန်ရှိသူတဦးက မဇ္ဈိမ ကိုပြောသည်။

ထိုစစ်ကောင်စီယာဉ်တန်းသည် ပန်းတိန်ဒေသတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို အင်အားဖြည့်ရန် ဦးတည်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ 

ဖရူဆိုမြို့နယ်အတွင်း တိုက်ပွဲဝင်နေသည့် ဒီးမော့ဆို PDF တပ်ရင်း(၂) တွင် ကံစမ်းမဲ တစောင် ၂၀,၀၀၀ကျပ်ဖြင့် ကား၊ ဆိုင်ကယ်နှင့် ဖုန်းများကို မဲဖောက်ပေးမည့် ကမ်ပိန်းလုပ်ဆောင်နေပြီး ဒီးမော့ဆို PDF တပ်ရင်း(၃) တွင် “ကျည်တတောင့်အလိုရှိသည်” ဟူသော ကမ်ပိန်းများကို အသီးသီး လုပ်ဆောင်နေကြရာ ကမ်ပိန်းတွင် ပါဝင်မှု အနည်းငယ်သူရှိသေးကြောင်း တပ်ရင်းတာဝန်ရှိသူများထံက သိရသည်။

ထို့ကြောင့် စစ်ကောင်စီယာဉ်တန်း ချီတက်နေသည့် လမ်းတလျှောက်တွင် ကာကွယ်ရေး တပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်နေရသည့်အပြင် စစ်ကောင်စီတပ်စွဲသည့် နေရာများကိုလည်း တိုက်ခိုက်နေရပြီး ကျည်ဆန်ခဲယမ်း များစွာလိုအပ်သဖြင့် ပါဝင်အားဖြည့်ပေးကြရန် တော်လှန်ရေးအင်အားစုကတိုက်တွန်းထားသည်။

စစ်ကောင်စီ စစ်ကြောင်းထိုးနေသဖြင့် ဖရူဆို- ဘော်လခဲ ပြည်ထောင်စုလမ်းမကြီးအပြင် လမ်းမကြီးဘေးတစ်လျှောက်ရှိ မာခရော့ရှည် ၊ လောကျေခူ ၊ ထားလဲ ၊ နန်းဖဲ ကျေးရွာများတလျှောက် လမ်းသွယ်များကိုပါ သွားလာကြခြင်းမပြုလုပ်ကြရန် KNDF မှ စက်တင်ဘာလ ၈ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်ထားပြီး လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ငွေတောင်ရွာသစ်နှင့် ထီးသော်ကူးရွာအနီးရှိ ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြားတိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ ခလရ(၃)မှ တပ်ရင်းမှူး နှင့် ဒုရင်းမှူး အပါအဝင် စစ်ကောင်စီတပ်သား ၇၁ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဓါတ်ပုံများနှင့်တကွ ဩဂုတ်လ ၁၉ ရက်နေ့တွင် ပူးပေါင်းအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ကရင်နီပြည်နယ်
#စစ်ကောင်စီယာဥ်တန်း

ပုံအညွှန်း- ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းပိုင်းတိုက်ပွဲတွင် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18🔥2❤1👏1💯1
​​အောက်တိုဘာလဆန်းပိုင်း၌ ဒေသအများစု မိုးဆက်ကောင်းနိုင်
===================

ရောင်နီ 

(မဇ္စျိမ)။ ။ အနောက်တောင်မုတ်သုံလေ ဆုတ်ခွာမှုနောက်ကျခြင်းကြောင့် အောက်တိုဘာလ ပထမလပတ်အတွင်း မြန်မာနိုင်ငံဒေသအများစု မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်သည်။ 

အောက်တိုဘာလ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ မိုးလေဝသခန့်မှန်းချက်ကို MOHADMထုတ်ပြန်ရာ၌ မြန်မာနိုင်ငံဒေသအများစု မိုးရွာနိုင်ပြီး စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် မိုးရွာသွန်းမှုများပြားနိုင်ကြောင်း သတိပေးထားသည်။အဆိုပါ ဒေသများ၌ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုဘေး သတိပြုရန် MOHADM က သတိပေးသည်။ 

ထို့အပြင် အောက်တိုဘာလ ပထမလပတ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ ဖြစ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်းသည် အနောက်တောင်မုတ်သုံလေ ဆုတ်ခွာမှုကို တုံဆိုင်းနွေးကွေးစေနိုင်ပြီး မြန်မာနိုင်ငံမှ ဆုတ်ခွာချိန်မှာ ပုံမှန်ထက် ၆ ရက် မှ ၇ ရက်ခန့် နောက်ကျနိုင်သည်ဟု ရှင်းပြထားသည်။

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများတွင် အောက်တိုဘာလ ၃ ရက်နေ့မှ ၈ ရက်အတွင်းနှင့် မြန်မာနိုင်ငံ တဝှမ်းလုံးတွင် အောက်တိုဘာလ ၉ ရက်နေ့မှ ၁၄ ရက်နေ့အတွင်းတွင် ဆုတ်ခွာသွားဖွယ်ရှိကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက အောက်တိုဘာလလပတ် မိုးလေဝသခန့်မှန်းချက်တွင် ဖော်ပြထားသည်။ 

အောက်တ်ိုဘာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း သုံး ကြိမ်ဖြစ်ပေါ်နိုင်ပြီး တကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးဇလက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လနှင့် သြဂုတ်လက မြန်မာနိုင်ငံဒေသအများစု မိုးသည်းထန်စွာရွာသွန်းခဲ့စဉ် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်မှ မြို့နယ်အချို့၌ ရေကြီးရေလျှံမှု ကြုံတွေ့ခဲ့ရသည်။ 

စက်တင်ဘာလ နှောင်းပိုင်းကလည်း မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းမှ မြို့နယ်အချို့၌ တောင်ကျချောင်းရေများ ဝင်ရောက်ခြင်း၊ လေပြင်းကြောင့်သစ်ပင်များလဲပြိုခြင်းတို့ဖြစ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။

စာတည်း - အေးချမ်း

#mizzima
#အနောက်တောင်မုတ်သုံလေ
#ဆုတ်ခွာမှုနောက်ကျ
#MOHADM

ပုံအညွှန်း - စက်တင်ဘာလ ၂၉ ရက်နေ့က မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် လေပြင်းတိုက်ခိုက်ခြင်းကြောင့်လဲပြိုခဲ့သည့် သစ်ပင်ကို ရှင်းလင်းရေးလုပ်ဆောင်နေစဥ်။ (ပုံ - Myanmar Fire Service Department)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥1😁1
​​ကျောင်းသားနှင့် ကလေးပါမကျန် သတ်ဖြတ်နေသည့် စစ်ကောင်စီကို လူမှုအဖွဲ့အစည်းဖိုရမ်သို့ တက်ရောက်ခွင့် ပြုခြင်းအပေါ် အံ့ဩကြောင်း NUG ထုတ်ပြန်
==================

မဇ္ဈိမ။ ။ ကျောင်းသားနှင့် ကလေးပါမကျန် သတ်ဖြတ်နေသည့် စစ်ကောင်စီကို လူမှုအဖွဲ့အစည်းဖိုရမ်သို့ တက်ရောက်ခွင့် ပြုခြင်းအပေါ် အံ့ဩမိကြောင်း NUG အစိုးရအဖွဲ့က သဘောထား ထုတ်ပြန်သည်။

ဥရောပသမဂ္ဂနှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ‌ကော်မရှင်တို့၏ ပူးပေါင်းစီစဉ်မှု ဖြင့် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့မှ စတင်၍ “Advancing Human Rights: Creating an Enabling Environment for CSOs at the Regional Level” ခေါင်းစဉ်ဖြင့် ဖိုရမ် ပြုလုပ်မည် ဖြစ်သည်။

ယင်းဖိုရမ်သို့ တရားမဝင်အကြမ်းဖက်စစ်ကောင်စီမှ ကိုယ်စားလှယ်များအား ဖိတ်ကြားထား၍ အလွန်ပင်စိုးရိမ်ပူပန်မိ‌‌ကြောင်း NUG က ဆိုသည်။

" ဥရောပသမဂ္ဂ-အာဆီယံ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖိုရမ်၌ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်တင်မြှောက်ခံထားရသော မြန်မာနိုင်ငံ၏ တရားဝင် ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ရမည့်အစား တရားမဝင်အကြမ်းဖက်စစ်အုပ်စု၏ ကိုယ်စား လှယ်များ တက်ရောက်ခွင့်ရရှိနေခြင်းအပေါ် မိမိတို့အနေဖြင့်အလွန်ပင် အံ့ဩတုန်လှုပ်ရပါသည်" ဟု NUG က ဆိုသည်။

စစ်ကောင်စီသည် မြန်မာပြည်သူလူထုအပေါ် လူမဆန်သည့် ကြမ်းတမ်းရက်စက်မှုများ ကျူးလွန်လျက်ရှိပြီး၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ တက်ကြွလှုပ်ရှားသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားအရွယ်ကလေး သူငယ်များပါမကျန် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ကျူးလွန်သည့်ရာဇ၀တ်မှုများကို ကျူးလွန်‌နေသည့် အဖွဲ့အစည်းဖြစ်သည်ဟု NUG က ထုတ်ပြန် သည်။

အဆိုပါဖိုရမ်သည် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌ ဥရောပသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်အပါအဝင် ဥရောပသမဂ္ဂမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည့် ခရီးစဉ်အပြီး ရက်ပိုင်းအတွင်း ပြုလုပ်မည့်ဖိုရမ်လည်းဖြစ်သည်။

အဆိုပါခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက မြန်မာ့ဒီမိုကရက်တစ်အဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လူမှုအသိုင်းအဝိုင်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သည့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ တရပ်ကို စတင်ကျင်းပရန် အဆိုပြုခဲ့သည်။

 ဥရောပသမဂ္ဂနှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ‌ကော်မရှင်တို့အနေဖြင့် စစ်မှန်သည့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲတရပ်ကို ပြုလုပ်ရာ၌ မြန်မာပြည်သူလူထု၏ တရားဝင် ကိုယ်စားလှယ်များနှင့်သာ ကျင်းပပြုလုပ်ရန် တိုက်တွန်းကြောင်း NUG က ထုတ်ပြန်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဥရောပသမဂ္ဂ
#NUG

ပုံအညွှန်း- ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု တွင်သေဆုံးခဲ့သည့် ကလေးနှင့် လူကြီး ဦးရေ ၁၇၀ ကျော်အတွက် ကုသိုလ်ပြုအမျှဝေနေစဥ် (ဓာတ်ပုံ- အညာပစ်တိုင်းထောင်လေးများအဖွဲ့)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20😁2
​​မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကြောက်မက်ဖွယ်အခြေအနေနှင့်ပတ်သက်၍ ကုလ လူ့အခွင့်အရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်
===================

ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ပြင်ဆင်သည့် ယခု အစီရင်ခံစာတွင် ၂၀၂၂ ဧပြီ ၁ ရက်မှ ၂၀၂၃ ဇူလိုင် ၃၁ ရက်အထိ နိုင်ငံတကာ ဥပဒေ ချိုးဖောက်သည့် ဦးတည်ရာများနှင့် ပုံံစံများကို ဆန်းစစ်လေ့လာသည်။ ကုလရုံးအနေဖြင့် မြန်မာနိုင်ငံကို ဝင်ရောက်လေ့လာနိုင်ခြင်း မရှိသည့် အခြေအနေတွင် ယခု တွေ့ရှိချက်များသည် ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ တာဝန်ရှိသူများနှင့် ပုံမှန် ပူးပေါင်းဆောင်ရွက်မှု၊ ဒေတာနှင့် သတင်းအချက်အလက် ဖလှယ်မျှဝေမှုများအပြင် ဂြိုဟ်တုဓာတ်ပုံများ၊ စိစစ်အတည်ပြုနိုင်သော မာလ်တီမီဒီယာဖိုင်များ၊ ယုံကြည်စိတ်ချရသည့် open-source သတင်းအချက်အလက်များနှင့်အတူ ထိခိုက်ခံစားရသူများ၊ အသက်ရှင်လွတ်မြောက်သူများနှင့် တွေ့ဆုံမေးမြန်းမှု ၁၆၁ ခုအပေါ် အခြေခံထားသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁1🤮1
အနောက်မြောက်တိုင်းစစ်ဌာနချုပ် အလုပ်ရုံဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ် လက်နက်ကြီးဖြင့်ပစ်ခတ်
================

ပါခွီး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရှိ အလုပ်ရုံတပ်ရင်း စစ်ဆေးရေးဂိတ်ကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ ခဲ့ကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃)မှ တာဝန်ရှိသူက ပြောသည်။

နမခ အလုပ်ရုံစစ်ဆေးရေးဂိတ် အဝင်ပေါက်တွင် အင်အား ၁၃ ဦး၊ အနောက်ဂိတ်တွင်ခြောက်ဦးရှိပြီး ၎င်း တို့ကို အနီးကပ်တိုက်ခိုက်ရန် တပ်စိပ်လေးစိတ်၊ ပွိုင့်လေးပွိုင့်ဖြင့်ချဥ်းကပ်ခဲ့ရာ မီတာ ၆၀ အထိ ရောက်ရှိ ခဲ့သော်လည်း နယ်မြေအခြေအနေရ တိုက်ခိုက်ရန် အဆင်မပြေခဲ့ကြောင်း ဆိုသည်။

ထို့ကြောင့် လက်လုပ် လက်နက်ကြီး ၆၀ မမ လေးလက်ဖြင့် အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၄ နာရီခန့် တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စကစက လေးယောက် အပြင်းအထန်ဒဏ်ရာရတယ်။ အဲဒီအထဲက နှစ်ယောက် သေသွားတယ်လို့ ခိုင်မာ တဲ့ သတင်းပေးကနေပြန်သိရတယ်” ဟု မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃) ဆက် သွယ်ရေးတာဝန်ခံ ကိုအရှည်ကြီးက မဇ္စျိမကိုပြောသည်။

၆၀ မမ လေးလုံးဖြင့် ပစ်ခတ်ခဲ့ရာတွင် တပ်ရင်းအဝင်ပေါက်၌ ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သား ခြောက်ဦးရှိသည့် ကင်းတဲပေါ်သို့ကျရောက်ပေါက်ကွဲပြီး လေးဦးဒဏ်ရာရကာ နှစ်ဦးသေဆုံးသွားခြင်းဖြစ် ကြောင်း ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအတွက် တပတ်ကျော်ကြာ မြေပြင်အနေအထားနှင့် စစ်ကောင်စီတပ်အခြေအနေကို သတင်းထောက်လှမ်းပြင်ဆင်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ပြီး ၄၀ မမ နှစ်လုံး၊ ၆၀ မမ လေးလုံးနှင့် ၁၀၅ မမ လေးလုံးဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ည ၇ နာရီဝန်းကျင်တွင် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း ဆက်သွယ်ရေးတာဝန်ခံကပြောသည်။

ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃) တပ်ခွဲ(၁)၊ တပ်ခွဲ(၄)၊ တပ် ရင်း(၂) တပ်ခွဲ(၁)၊ ဘုတလင် Local အားမာန်သစ်တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အထိအ ခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

https://youtu.be/6HIVIBU-vII?si=PDfQhgg3TPoRHCvT

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#မုံရွာမြို့
#နမခ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥1😁1
​​အင်းတော်မြို့နယ် ပင့်တင်ရွာ ကျောင်းထိုင်ဘုန်းကြီး အသတ်ခံရ
==================

ကိုခင်မောင်

(မဇ္စျိမ)။    ။ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ပင့်တင်ရွာ ကျောင်းထိုင်ဘုန်းကြီး ဆရာတော် အရှင်ဉာဏ်ဓိကအား ပင်ဝယ်ရွာအနီးတွင် ဓားဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့သည်ဟု အင်းတော်ဒေသခံများက မဇ္စျိမကို ပြောသည်။

စက်တင်ဘာလ ၂၇ရက်မှစ၍ ပျောက်ဆုံးသွားသော ပင့်တင်ရွာ ကျောင်းထိုင်ဘုန်းကြီး အရှင်ဉာဏ်ဓိက ၏ ရုပ်အလောင်းကို အောက်တိုဘာ ၁ရက်နေ့၊ ငါးရက်အကြာတွင် ထိုပင့်တင်ရွာမှ သုံးမိုင်ခန့်အကွာ ပင်ဝယ်ရွာအနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အင်းတော်ဒေသခံတဦးက ဆိုသည်။

“သက်တော် ၅၃နှစ်အရွယ် အရှင်ဉာဏ်ဓိက သတ်ဖြတ်ခံရပါတယ်။ လည်ပင်းပြတ်ရှ ဒဏ်ရာနှစ်ခု၊ ဝမ်းဗိုက်မှာတော့ ထိုးသွင်းဒဏ်ရာတော်တော်များတယ်။” ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မဇ္စျိမအနေဖြင့် အင်းတော်မြို့နယ်သတင်းများအား ထုတ်ပြန်လျက်ရှိသော Indaw Revolution-IR ကို ဆက်သွယ်မေးမြန်းခဲ့ရာ ပင့်တင်ရွာ ကျောင်းထိုင်ဘုန်းကြီး အရှင်ဉာဏ်ဓိက သတ်ဖြတ်ခံရသည်မှာ မှန်ကန်ကြောင်း၊ မည်သူ့အဖွဲ့အစည်းမှ လုပ်သည်ကို မသိရှိရသေးကြောင်း ဖြေကြားခဲ့သည်။

“ဒီကိစ္စက ကျွန်တော်တို့သိသလောက်ကတော့ ပုဂ္ဂိုလ်ရေးမုန်းတီးမှုတွေဖြစ်လိမ့်မယ်ထင်တယ်ဗျ။ အစပိုင်းတုန်းကတော့ စကစတွေနဲ့ ပူးပေါင်းတယ်လို့ နာမည်ထွက်ပေမယ့် နောက်ပိုင်းမှာတော့ ဒီဘုန်းကြီးက သူ့ဟာသူနေသွားတာဟုတ်တယ်ဗျ၊ ဆိုတော့ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်တွေ ရှိကြလိမ့်မယ်။ အဲတာလက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ ဒီဘက်က လုပ်တာမဖြစ်နိုင်ဘူးဗျ။ သူတို့ စစ်ကောင်စီက ဝါဒဖြန့်ချင်လို့ လုပ်တာလည်းဖြစ်နိုင်တယ်။ ” ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO)တခုမှ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

ဓားဒဏ်ရာများဖြင့် သတ်ဖြတ်ခံရသော ဆရာတော် အရှင်ဉာဏ်ဓိက၏ ရုပ်အလောင်းကို ပင့်တင်ရွာသားများမှ ၎င်းကိုတွေ့သည့်နေရာတွင်ပင် အောက်တိုဘာလ ၁ရက်နေ့တွင် မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

ဆရာတော် အရှင်ဉာဏ်ဓိက သတ်ဖြတ်ခံရမှုနှင့် ပက်သက်ပြီး အကြောင်းစုံသိရှိနိုင်ရန် မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၅ရက်နေ့တွင်လည်း အင်းတော်မြို့နယ်၊ ခရမ်းစပ်ကုန်းရွာအား စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာတစီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ခရမ်းစပ်ကုန်းရွာကျောင်းတိုင်ဘုန်းကြီး အရှင်ရာဇိန္ဒ ပျံလွန်တော်မူပြီး ကပ္ပိယတဦးလည်း ကွယ်လွန်သွားကာ ဇရပ်ဆောင်နှင့် ကျောင်းခန်းမကြီးလည်း ပျက်စီးခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#အင်းတော်မြို့နယ်
#ကျောင်းတိုင်ဘုန်းကြီး
#သတ်ဖြတ်ခံရမှု

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🤬3🔥1
​​သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံချီတက်သည့် ရွာပေါင်းစုံသပိတ်
===============

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်မှ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် သံအမတ်ကြီးဦးကျော်မိုးထွန်းအား ထောက်ခံသည့်ချီတက်ပွဲကို ယနေ့ အောက်တိုဘာ ၃ရက်တွင် ပြုလုပ်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “Our Ambassador – Our Voice” “ငါတို့သံအမတ် ငါတို့အသံ” စာတန်းနှင့် ဦးကျော်မိုးထွန်း၏ ပုံတူဆွဲထားသည့် စာရွက်များကို ကိုင်ဆောင်ပြီး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြသည်။ 

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကြီးတွင် မြန်မာပြည်သူလူထုကို ကိုယ်စားပြုသော သံအမတ်ကြီး ဦးကျော်မိုးထွန်းရှိနေခြင်းသည် နွေဦးတော်လှန်ရေး၏ ထူးခြားကောင်းမွန်သော အားသာချက်ဖြစ်သည်ဟု ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီက သတင်းထုတ်ပြန်သည်။ထို့အပြင် ဦးကျော်မိုးထွန်းသည် ကမ္ဘာကြီးနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာပြည်တွင်း အခြေအနေများကိုသိရှိနားလည်နိုင်ရန် ကုလစင်မြင့်ထက်တွင် တရားဝင်ပြောဆိုနိုင်သူဖြစ်သည်ဟုဆိုသည်။

လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးသွားသော အာဇာနည်များကို အလေးပြုခဲ့ကြပြီး ကြွေးကြော်သံများဖြင့် အဆုံးသတ်ခဲ့ကြသည်။

ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် (၉၂၄) ရက်မြောက်ဖြစ်ကြောင်းသိရသည်။ ဒေသတွင်း၌ စစ်ကောင်စီစစ်ကြောင်းအချို့ရှိနေသည့်ကြားမှ လူထုသပိတ်ကို ချီတက်ခဲ့ကြခြင်းဖြစ်သည်။

စာတည်း - အေးချမ်း

#mizzima
#ရွာပေါင်းစုံသပိတ်
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#ဦးကျော်မိုးထွန်း

ပုံအညွှန်း − ယနေ့ အောက်တိုဘာလ ၃ရက် ချီတက်ဆန္ဒပြခဲ့သော ရွာပေါင်းစုံသပိတ် (ဓါတ်ပုံ/ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤15😁3👍2
​​စစ်ကောင်စီဒေါက်တိုင် အကိုင်းအခက်သာမက ရေသောက်မြစ်ကိုပါ လှန်ပြလိုက်တဲ့ မြို့ပြပြောက်ကျားတွေ | သတင်းသုံးသပ်ချက်
=============

နွေဦးတော်လှန်ရေးမှာ ပေါ်ထွက်ခဲ့တဲ့ စကားလုံးတွေထဲက တစ်ခုကတော့ မြို့ပြပြောက်ကျားဆိုတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။ 

နွေဦးတော်လှန်ရေး တစ်နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ်ကုန်ပိုင်းမှာတော့ တောတောင်တွေမှာ ခုခံတော်လှန်နေတဲ့ PDF တွေ အားပိုကောင်းလာသလို မြို့ပြပြောက်ကျားဆိုတဲ့ စကားလုံးလည်း ပြည်သူတွေအကြားမှာ ရေပန်းစားလာ ပါတယ်။ 

တောတောင်တွေထဲမှာ စစ်ကောင်စီ တပ်တွေကို တိုက်နေသလို မြို့ကြီးတွေမှာရှိတဲ့ စစ်ကောင်စီ ဒေါက်တိုင် ရုံးတွေ၊ လူတွေကို ခက်ခက်ခဲခဲ တိုက်ခိုက်နေကြသူတွေဟာ မြို့ပြပြောက်ကျားတွေပါပဲ။ 

၂၀၂၃ နှစ်ကုန်ပိုင်းကို ရောက်လာချိန်မှာတော့ မြို့ပြပြောက်ကျားတွေဟာ ပိုပြီး စနစ်ကျလာပြီး စစ်ကောင်စီရဲ့ လက်တံ အကိုင်းအခက်တွေသာ မကဘဲ၊ အဓိကကျတဲ့ ဒေါက်တိုင်ရေသောက်မြစ်တွေကိုပါ ရှင်းလင်းနိုင် လာတာ တွေ့မြင်ရပါတယ်။ 

အထင်ရှားဆုံး သာဓကကတော့ အောက်တိုဘာ ၂ ရက်နေ့ညက စစ်ကောင်စီဒေါက်တိုင် လက်နက်ပွဲစား ဉာဏ်လွင်အောင် ဆိုသူကို ရန်ကုန်မြို့လယ်မှာ ရှင်းလင်းလိုက်နိုင်တာပဲ ဖြစ်ပါတယ်။ 

စစ်တပ်နဲ့ ပူးပေါင်းတဲ့ စီးပွားရေးသမား၊ လက်နက်ပွဲစား ဉာဏ်လွင်အောင်ဟာ စစ်တပ်ကို ထောက်ခံကြောင်း လူမှုကွန်ရက် စာမျက်နှာတွေကတစ်ဆင့် ထုတ်ဖော်ပြောဆိုလေ့ ရှိပြီး အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေး အေးနေဝင်းနဲ့လည်း ထဲထဲဝင်ဝင် ပတ်သက်သူဖြစ်ပါတယ်။ 

စစ်တပ်အသိုင်းအဝိုင်းမှာ ကိုဉာဏ်ဆိုပြီး လူသိများတဲ့ ဉာဏ်လွင်အောင်ဟာ ကာကွယ်ရေးဝန်ကြီးဌာနအတွက် နာမည်ခံပြီး လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူပေးနေတာ၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို ဖိနှိပ်ဖို့အတွက် မျက်နှာမှတ်တဲ့ စနစ်ပါဝင်တဲ့ CCTV တွေ တင်သွင်းပေးနေတာတွေ လုပ်နေတယ်လို့ ဉာဏ်လွင်အောင်ကို ရှင်းလင်းခဲ့တဲ့ Urban Owls မြို့ပြပျောက်ကျား တပ်ဖွဲ့က စုံစမ်း ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဉာဏ်လွင်အောင်ကို လသာမြို့နယ်ထဲက ဖက်တီးမ ထမင်းကြော်ဆိုင်မှာ ထမင်းကြော်စားနေချိန် Urban Owls က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသွားတာပါ။ Urban Owls အဖွဲ့ကတော့ ဘေးကင်းစွာ ဆုတ်ခွာနိုင် ခဲ့တယ်လို့ သိရပါတယ်။ 

ဉာဏ်လွင်အောင်ဟာ နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနရုံး အမှတ် ၂၄၊ ပြည်ထဲရေးဝန်ကြီးဌာနရုံး အမှတ် ၄၉ နဲ့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးတို့ကို အတားအဆီးမရှိ ဝင်ထွက်သွားလာခွင့် ရှိသူလည်း ဖြစ်ပါတယ်။ 

သေဆုံးသူ ဉာဏ်လွင်အောင်ဟာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို အပြည့်အဝ ထောက်ခံတဲ့အပြင် ရုရှားကို မြန်မာစစ်တပ် ကိုယ်စားလှယ်တွေနဲ့အတူ ခရီးသွားခွင့်ရပြီး ရုရှားကာကွယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးနဲ့ပါ ရင်းနှီးသူဖြစ်ပါတယ်။ 

လူမှုကွန်ရက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဆဲဆိုလေ့ရှိတဲ့ ဉာဏ်လွင်အောင်ဟာ သူ့ရဲ့ ဝန်ထမ်းတွေကို စစ်တပ်ရဲ့ အဓိဋ္ဌာန် ၄ ချက် ရွတ်ဆိုခိုင်းလေ့ ရှိတယ်လို့ Urban Owls မြို့ပြပြောက်ကျား တပ်ဖွဲ့က စုံစမ်းဖော်ထုတ်ထားပါတယ်။ 

Urban Owls မြို့ပြပြောက်ကျား တပ်ဖွဲ့က စုံစမ်းဖော်ထုတ်ချက်တွေ အရ ဉာဏ်လွင်အောင်ဟာ မြန်မာနိုင်ငံ အပြင် ထိုင်း၊ တရုတ်၊ ရုရှားနဲ့ ယူအေအီး နိုင်ငံတွေမှာ North Gate Engineering and Technology နာမည်နဲ့ လုပ်ငန်းခွဲတွေ ဖွင့်လှစ်ထားပြီး ငွေကြေးခဝါချမှု ချောမွေ့စေဖို့အတွက် Well and Fair ဆိုတဲ့ ပြည်ပ ခရီးသွား ကုမ္ပဏီတစ်ခုကိုလည်း ထူထောင် ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ 

ဉာဏ်လွင်အောင်ဟာ အနေအထိုင် သိုသိပ်တဲ့အတွက် နာမည်မထွက်ဘဲ လွတ်နေတာဖြစ်ပြီး Urban Owls က ကာလကြာရှည် စုံးစမ်းပြီး ဖော်ထုတ်ရှင်းလင်းခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

စစ်တပ်နဲ့ပေါင်း၊ ပြည်သူကိုဖိနင်း စီးပွားရှာမယ့် ခရိုနီလက်သစ်တွေအတွက် ဉာဏ်လွင်အောင်ဟာ ပထမဆုံး သင်ခန်းစာဖြစ်ပြီး ပေးချင်တဲ့ သတင်းစကားက စစ်ကောင်စီနဲ့ အပြည့်အဝပူးပေါင်းလို့ ဘာကောင်းကျိုးမှ မရှိနိုင်ဘူး၊ စစ်တပ်နဲ့ ပူးပေါင်းတဲ့ လုပ်ငန်းရှင်တွေကို စာရင်းပြုစုထားပြီး အခွင့်အခါ သင့်တာနဲ့ ဆက်လက် အရေးယူသွားမယ်လို့ Urban Owls မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင် တစ်ဦးက ဆိုပါတယ်။ 

ဉာဏ်လွင်အောင်ရဲ့ သတင်းကြားရတဲ့ ပြည်သူတွေဟာ ဝမ်းသာအားရ ဖြစ်နေကြပြီး မြို့ပြပြောက်ကျား တွေကို ချီးကျူးစကားတွေ ဆိုတာ တွေ့ရပါတယ်။ 

စစ်ကောင်စီရဲ့ ဒေါက်တိုင် ရဲစခန်းလိုမျိုး၊ ထွေအုပ်ရုံးလို၊ အခွန်ရုံးလို၊ လဝက ရုံးလိုမျိုး တခြားတခြားသော မြို့ပြပြောက်ကျား တိုက်ခိုက်မှုတွေလည်း ဆက်တိုက် ရှိနေတာတွေ့ရပေမယ့် ဉာဏ်လွင်အောင်လို စစ်ကောင်စီ ဒေါက်တိုင် အကြီးစားကြီးကို ပစ်ခတ်နှိမ်နင်းနိုင်လိုက်တာကတော့ မြို့ပြပြောက်ကျား တွေအတွက် ကြီးမားတဲ့ အောင်မြင်မှု ဖြစ်သလို မြို့ပြပြောက်ကျားတွေရဲ့ နောက်ထပ် ပစ်မှတ်အသစ်တွေ ခပ်စိတ်စိတ် မြင်လာရတော့မယ့် ရှေ့ပြေး တစ်ခု ဖြစ်နိုင်ကြောင်း ဖော်ပြလိုက်ပါတယ်။ 

ပုံအညွှန်း - လူမှုကွန်ရက်
👍26❤4🔥1🥰1💯1