Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​အောက်တိုဘာလဆန်းပိုင်း၌ ဒေသအများစု မိုးဆက်ကောင်းနိုင်
===================

ရောင်နီ 

(မဇ္စျိမ)။ ။ အနောက်တောင်မုတ်သုံလေ ဆုတ်ခွာမှုနောက်ကျခြင်းကြောင့် အောက်တိုဘာလ ပထမလပတ်အတွင်း မြန်မာနိုင်ငံဒေသအများစု မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်သည်။ 

အောက်တိုဘာလ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ မိုးလေဝသခန့်မှန်းချက်ကို MOHADMထုတ်ပြန်ရာ၌ မြန်မာနိုင်ငံဒေသအများစု မိုးရွာနိုင်ပြီး စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် မိုးရွာသွန်းမှုများပြားနိုင်ကြောင်း သတိပေးထားသည်။အဆိုပါ ဒေသများ၌ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုဘေး သတိပြုရန် MOHADM က သတိပေးသည်။ 

ထို့အပြင် အောက်တိုဘာလ ပထမလပတ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ ဖြစ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်းသည် အနောက်တောင်မုတ်သုံလေ ဆုတ်ခွာမှုကို တုံဆိုင်းနွေးကွေးစေနိုင်ပြီး မြန်မာနိုင်ငံမှ ဆုတ်ခွာချိန်မှာ ပုံမှန်ထက် ၆ ရက် မှ ၇ ရက်ခန့် နောက်ကျနိုင်သည်ဟု ရှင်းပြထားသည်။

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများတွင် အောက်တိုဘာလ ၃ ရက်နေ့မှ ၈ ရက်အတွင်းနှင့် မြန်မာနိုင်ငံ တဝှမ်းလုံးတွင် အောက်တိုဘာလ ၉ ရက်နေ့မှ ၁၄ ရက်နေ့အတွင်းတွင် ဆုတ်ခွာသွားဖွယ်ရှိကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက အောက်တိုဘာလလပတ် မိုးလေဝသခန့်မှန်းချက်တွင် ဖော်ပြထားသည်။ 

အောက်တ်ိုဘာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း သုံး ကြိမ်ဖြစ်ပေါ်နိုင်ပြီး တကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးဇလက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လနှင့် သြဂုတ်လက မြန်မာနိုင်ငံဒေသအများစု မိုးသည်းထန်စွာရွာသွန်းခဲ့စဉ် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်မှ မြို့နယ်အချို့၌ ရေကြီးရေလျှံမှု ကြုံတွေ့ခဲ့ရသည်။ 

စက်တင်ဘာလ နှောင်းပိုင်းကလည်း မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းမှ မြို့နယ်အချို့၌ တောင်ကျချောင်းရေများ ဝင်ရောက်ခြင်း၊ လေပြင်းကြောင့်သစ်ပင်များလဲပြိုခြင်းတို့ဖြစ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။

စာတည်း - အေးချမ်း

#mizzima
#အနောက်တောင်မုတ်သုံလေ
#ဆုတ်ခွာမှုနောက်ကျ
#MOHADM

ပုံအညွှန်း - စက်တင်ဘာလ ၂၉ ရက်နေ့က မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် လေပြင်းတိုက်ခိုက်ခြင်းကြောင့်လဲပြိုခဲ့သည့် သစ်ပင်ကို ရှင်းလင်းရေးလုပ်ဆောင်နေစဥ်။ (ပုံ - Myanmar Fire Service Department)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥1😁1
​​ကျောင်းသားနှင့် ကလေးပါမကျန် သတ်ဖြတ်နေသည့် စစ်ကောင်စီကို လူမှုအဖွဲ့အစည်းဖိုရမ်သို့ တက်ရောက်ခွင့် ပြုခြင်းအပေါ် အံ့ဩကြောင်း NUG ထုတ်ပြန်
==================

မဇ္ဈိမ။ ။ ကျောင်းသားနှင့် ကလေးပါမကျန် သတ်ဖြတ်နေသည့် စစ်ကောင်စီကို လူမှုအဖွဲ့အစည်းဖိုရမ်သို့ တက်ရောက်ခွင့် ပြုခြင်းအပေါ် အံ့ဩမိကြောင်း NUG အစိုးရအဖွဲ့က သဘောထား ထုတ်ပြန်သည်။

ဥရောပသမဂ္ဂနှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ‌ကော်မရှင်တို့၏ ပူးပေါင်းစီစဉ်မှု ဖြင့် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့မှ စတင်၍ “Advancing Human Rights: Creating an Enabling Environment for CSOs at the Regional Level” ခေါင်းစဉ်ဖြင့် ဖိုရမ် ပြုလုပ်မည် ဖြစ်သည်။

ယင်းဖိုရမ်သို့ တရားမဝင်အကြမ်းဖက်စစ်ကောင်စီမှ ကိုယ်စားလှယ်များအား ဖိတ်ကြားထား၍ အလွန်ပင်စိုးရိမ်ပူပန်မိ‌‌ကြောင်း NUG က ဆိုသည်။

" ဥရောပသမဂ္ဂ-အာဆီယံ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖိုရမ်၌ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်တင်မြှောက်ခံထားရသော မြန်မာနိုင်ငံ၏ တရားဝင် ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ရမည့်အစား တရားမဝင်အကြမ်းဖက်စစ်အုပ်စု၏ ကိုယ်စား လှယ်များ တက်ရောက်ခွင့်ရရှိနေခြင်းအပေါ် မိမိတို့အနေဖြင့်အလွန်ပင် အံ့ဩတုန်လှုပ်ရပါသည်" ဟု NUG က ဆိုသည်။

စစ်ကောင်စီသည် မြန်မာပြည်သူလူထုအပေါ် လူမဆန်သည့် ကြမ်းတမ်းရက်စက်မှုများ ကျူးလွန်လျက်ရှိပြီး၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ တက်ကြွလှုပ်ရှားသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားအရွယ်ကလေး သူငယ်များပါမကျန် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ကျူးလွန်သည့်ရာဇ၀တ်မှုများကို ကျူးလွန်‌နေသည့် အဖွဲ့အစည်းဖြစ်သည်ဟု NUG က ထုတ်ပြန် သည်။

အဆိုပါဖိုရမ်သည် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌ ဥရောပသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်အပါအဝင် ဥရောပသမဂ္ဂမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည့် ခရီးစဉ်အပြီး ရက်ပိုင်းအတွင်း ပြုလုပ်မည့်ဖိုရမ်လည်းဖြစ်သည်။

အဆိုပါခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက မြန်မာ့ဒီမိုကရက်တစ်အဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လူမှုအသိုင်းအဝိုင်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သည့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ တရပ်ကို စတင်ကျင်းပရန် အဆိုပြုခဲ့သည်။

 ဥရောပသမဂ္ဂနှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ‌ကော်မရှင်တို့အနေဖြင့် စစ်မှန်သည့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲတရပ်ကို ပြုလုပ်ရာ၌ မြန်မာပြည်သူလူထု၏ တရားဝင် ကိုယ်စားလှယ်များနှင့်သာ ကျင်းပပြုလုပ်ရန် တိုက်တွန်းကြောင်း NUG က ထုတ်ပြန်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဥရောပသမဂ္ဂ
#NUG

ပုံအညွှန်း- ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု တွင်သေဆုံးခဲ့သည့် ကလေးနှင့် လူကြီး ဦးရေ ၁၇၀ ကျော်အတွက် ကုသိုလ်ပြုအမျှဝေနေစဥ် (ဓာတ်ပုံ- အညာပစ်တိုင်းထောင်လေးများအဖွဲ့)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20😁2
​​မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကြောက်မက်ဖွယ်အခြေအနေနှင့်ပတ်သက်၍ ကုလ လူ့အခွင့်အရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်
===================

ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ပြင်ဆင်သည့် ယခု အစီရင်ခံစာတွင် ၂၀၂၂ ဧပြီ ၁ ရက်မှ ၂၀၂၃ ဇူလိုင် ၃၁ ရက်အထိ နိုင်ငံတကာ ဥပဒေ ချိုးဖောက်သည့် ဦးတည်ရာများနှင့် ပုံံစံများကို ဆန်းစစ်လေ့လာသည်။ ကုလရုံးအနေဖြင့် မြန်မာနိုင်ငံကို ဝင်ရောက်လေ့လာနိုင်ခြင်း မရှိသည့် အခြေအနေတွင် ယခု တွေ့ရှိချက်များသည် ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ တာဝန်ရှိသူများနှင့် ပုံမှန် ပူးပေါင်းဆောင်ရွက်မှု၊ ဒေတာနှင့် သတင်းအချက်အလက် ဖလှယ်မျှဝေမှုများအပြင် ဂြိုဟ်တုဓာတ်ပုံများ၊ စိစစ်အတည်ပြုနိုင်သော မာလ်တီမီဒီယာဖိုင်များ၊ ယုံကြည်စိတ်ချရသည့် open-source သတင်းအချက်အလက်များနှင့်အတူ ထိခိုက်ခံစားရသူများ၊ အသက်ရှင်လွတ်မြောက်သူများနှင့် တွေ့ဆုံမေးမြန်းမှု ၁၆၁ ခုအပေါ် အခြေခံထားသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁1🤮1
အနောက်မြောက်တိုင်းစစ်ဌာနချုပ် အလုပ်ရုံဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ် လက်နက်ကြီးဖြင့်ပစ်ခတ်
================

ပါခွီး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရှိ အလုပ်ရုံတပ်ရင်း စစ်ဆေးရေးဂိတ်ကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ ခဲ့ကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃)မှ တာဝန်ရှိသူက ပြောသည်။

နမခ အလုပ်ရုံစစ်ဆေးရေးဂိတ် အဝင်ပေါက်တွင် အင်အား ၁၃ ဦး၊ အနောက်ဂိတ်တွင်ခြောက်ဦးရှိပြီး ၎င်း တို့ကို အနီးကပ်တိုက်ခိုက်ရန် တပ်စိပ်လေးစိတ်၊ ပွိုင့်လေးပွိုင့်ဖြင့်ချဥ်းကပ်ခဲ့ရာ မီတာ ၆၀ အထိ ရောက်ရှိ ခဲ့သော်လည်း နယ်မြေအခြေအနေရ တိုက်ခိုက်ရန် အဆင်မပြေခဲ့ကြောင်း ဆိုသည်။

ထို့ကြောင့် လက်လုပ် လက်နက်ကြီး ၆၀ မမ လေးလက်ဖြင့် အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၄ နာရီခန့် တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စကစက လေးယောက် အပြင်းအထန်ဒဏ်ရာရတယ်။ အဲဒီအထဲက နှစ်ယောက် သေသွားတယ်လို့ ခိုင်မာ တဲ့ သတင်းပေးကနေပြန်သိရတယ်” ဟု မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃) ဆက် သွယ်ရေးတာဝန်ခံ ကိုအရှည်ကြီးက မဇ္စျိမကိုပြောသည်။

၆၀ မမ လေးလုံးဖြင့် ပစ်ခတ်ခဲ့ရာတွင် တပ်ရင်းအဝင်ပေါက်၌ ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သား ခြောက်ဦးရှိသည့် ကင်းတဲပေါ်သို့ကျရောက်ပေါက်ကွဲပြီး လေးဦးဒဏ်ရာရကာ နှစ်ဦးသေဆုံးသွားခြင်းဖြစ် ကြောင်း ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအတွက် တပတ်ကျော်ကြာ မြေပြင်အနေအထားနှင့် စစ်ကောင်စီတပ်အခြေအနေကို သတင်းထောက်လှမ်းပြင်ဆင်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ပြီး ၄၀ မမ နှစ်လုံး၊ ၆၀ မမ လေးလုံးနှင့် ၁၀၅ မမ လေးလုံးဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ည ၇ နာရီဝန်းကျင်တွင် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း ဆက်သွယ်ရေးတာဝန်ခံကပြောသည်။

ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃) တပ်ခွဲ(၁)၊ တပ်ခွဲ(၄)၊ တပ် ရင်း(၂) တပ်ခွဲ(၁)၊ ဘုတလင် Local အားမာန်သစ်တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အထိအ ခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

https://youtu.be/6HIVIBU-vII?si=PDfQhgg3TPoRHCvT

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#မုံရွာမြို့
#နမခ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥1😁1
​​အင်းတော်မြို့နယ် ပင့်တင်ရွာ ကျောင်းထိုင်ဘုန်းကြီး အသတ်ခံရ
==================

ကိုခင်မောင်

(မဇ္စျိမ)။    ။ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ပင့်တင်ရွာ ကျောင်းထိုင်ဘုန်းကြီး ဆရာတော် အရှင်ဉာဏ်ဓိကအား ပင်ဝယ်ရွာအနီးတွင် ဓားဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့သည်ဟု အင်းတော်ဒေသခံများက မဇ္စျိမကို ပြောသည်။

စက်တင်ဘာလ ၂၇ရက်မှစ၍ ပျောက်ဆုံးသွားသော ပင့်တင်ရွာ ကျောင်းထိုင်ဘုန်းကြီး အရှင်ဉာဏ်ဓိက ၏ ရုပ်အလောင်းကို အောက်တိုဘာ ၁ရက်နေ့၊ ငါးရက်အကြာတွင် ထိုပင့်တင်ရွာမှ သုံးမိုင်ခန့်အကွာ ပင်ဝယ်ရွာအနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အင်းတော်ဒေသခံတဦးက ဆိုသည်။

“သက်တော် ၅၃နှစ်အရွယ် အရှင်ဉာဏ်ဓိက သတ်ဖြတ်ခံရပါတယ်။ လည်ပင်းပြတ်ရှ ဒဏ်ရာနှစ်ခု၊ ဝမ်းဗိုက်မှာတော့ ထိုးသွင်းဒဏ်ရာတော်တော်များတယ်။” ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မဇ္စျိမအနေဖြင့် အင်းတော်မြို့နယ်သတင်းများအား ထုတ်ပြန်လျက်ရှိသော Indaw Revolution-IR ကို ဆက်သွယ်မေးမြန်းခဲ့ရာ ပင့်တင်ရွာ ကျောင်းထိုင်ဘုန်းကြီး အရှင်ဉာဏ်ဓိက သတ်ဖြတ်ခံရသည်မှာ မှန်ကန်ကြောင်း၊ မည်သူ့အဖွဲ့အစည်းမှ လုပ်သည်ကို မသိရှိရသေးကြောင်း ဖြေကြားခဲ့သည်။

“ဒီကိစ္စက ကျွန်တော်တို့သိသလောက်ကတော့ ပုဂ္ဂိုလ်ရေးမုန်းတီးမှုတွေဖြစ်လိမ့်မယ်ထင်တယ်ဗျ။ အစပိုင်းတုန်းကတော့ စကစတွေနဲ့ ပူးပေါင်းတယ်လို့ နာမည်ထွက်ပေမယ့် နောက်ပိုင်းမှာတော့ ဒီဘုန်းကြီးက သူ့ဟာသူနေသွားတာဟုတ်တယ်ဗျ၊ ဆိုတော့ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်တွေ ရှိကြလိမ့်မယ်။ အဲတာလက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ ဒီဘက်က လုပ်တာမဖြစ်နိုင်ဘူးဗျ။ သူတို့ စစ်ကောင်စီက ဝါဒဖြန့်ချင်လို့ လုပ်တာလည်းဖြစ်နိုင်တယ်။ ” ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO)တခုမှ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

ဓားဒဏ်ရာများဖြင့် သတ်ဖြတ်ခံရသော ဆရာတော် အရှင်ဉာဏ်ဓိက၏ ရုပ်အလောင်းကို ပင့်တင်ရွာသားများမှ ၎င်းကိုတွေ့သည့်နေရာတွင်ပင် အောက်တိုဘာလ ၁ရက်နေ့တွင် မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

ဆရာတော် အရှင်ဉာဏ်ဓိက သတ်ဖြတ်ခံရမှုနှင့် ပက်သက်ပြီး အကြောင်းစုံသိရှိနိုင်ရန် မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၅ရက်နေ့တွင်လည်း အင်းတော်မြို့နယ်၊ ခရမ်းစပ်ကုန်းရွာအား စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာတစီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ခရမ်းစပ်ကုန်းရွာကျောင်းတိုင်ဘုန်းကြီး အရှင်ရာဇိန္ဒ ပျံလွန်တော်မူပြီး ကပ္ပိယတဦးလည်း ကွယ်လွန်သွားကာ ဇရပ်ဆောင်နှင့် ကျောင်းခန်းမကြီးလည်း ပျက်စီးခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#အင်းတော်မြို့နယ်
#ကျောင်းတိုင်ဘုန်းကြီး
#သတ်ဖြတ်ခံရမှု

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🤬3🔥1
​​သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံချီတက်သည့် ရွာပေါင်းစုံသပိတ်
===============

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်မှ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် သံအမတ်ကြီးဦးကျော်မိုးထွန်းအား ထောက်ခံသည့်ချီတက်ပွဲကို ယနေ့ အောက်တိုဘာ ၃ရက်တွင် ပြုလုပ်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “Our Ambassador – Our Voice” “ငါတို့သံအမတ် ငါတို့အသံ” စာတန်းနှင့် ဦးကျော်မိုးထွန်း၏ ပုံတူဆွဲထားသည့် စာရွက်များကို ကိုင်ဆောင်ပြီး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြသည်။ 

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကြီးတွင် မြန်မာပြည်သူလူထုကို ကိုယ်စားပြုသော သံအမတ်ကြီး ဦးကျော်မိုးထွန်းရှိနေခြင်းသည် နွေဦးတော်လှန်ရေး၏ ထူးခြားကောင်းမွန်သော အားသာချက်ဖြစ်သည်ဟု ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီက သတင်းထုတ်ပြန်သည်။ထို့အပြင် ဦးကျော်မိုးထွန်းသည် ကမ္ဘာကြီးနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာပြည်တွင်း အခြေအနေများကိုသိရှိနားလည်နိုင်ရန် ကုလစင်မြင့်ထက်တွင် တရားဝင်ပြောဆိုနိုင်သူဖြစ်သည်ဟုဆိုသည်။

လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးသွားသော အာဇာနည်များကို အလေးပြုခဲ့ကြပြီး ကြွေးကြော်သံများဖြင့် အဆုံးသတ်ခဲ့ကြသည်။

ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် (၉၂၄) ရက်မြောက်ဖြစ်ကြောင်းသိရသည်။ ဒေသတွင်း၌ စစ်ကောင်စီစစ်ကြောင်းအချို့ရှိနေသည့်ကြားမှ လူထုသပိတ်ကို ချီတက်ခဲ့ကြခြင်းဖြစ်သည်။

စာတည်း - အေးချမ်း

#mizzima
#ရွာပေါင်းစုံသပိတ်
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#ဦးကျော်မိုးထွန်း

ပုံအညွှန်း − ယနေ့ အောက်တိုဘာလ ၃ရက် ချီတက်ဆန္ဒပြခဲ့သော ရွာပေါင်းစုံသပိတ် (ဓါတ်ပုံ/ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤15😁3👍2
​​စစ်ကောင်စီဒေါက်တိုင် အကိုင်းအခက်သာမက ရေသောက်မြစ်ကိုပါ လှန်ပြလိုက်တဲ့ မြို့ပြပြောက်ကျားတွေ | သတင်းသုံးသပ်ချက်
=============

နွေဦးတော်လှန်ရေးမှာ ပေါ်ထွက်ခဲ့တဲ့ စကားလုံးတွေထဲက တစ်ခုကတော့ မြို့ပြပြောက်ကျားဆိုတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။ 

နွေဦးတော်လှန်ရေး တစ်နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ်ကုန်ပိုင်းမှာတော့ တောတောင်တွေမှာ ခုခံတော်လှန်နေတဲ့ PDF တွေ အားပိုကောင်းလာသလို မြို့ပြပြောက်ကျားဆိုတဲ့ စကားလုံးလည်း ပြည်သူတွေအကြားမှာ ရေပန်းစားလာ ပါတယ်။ 

တောတောင်တွေထဲမှာ စစ်ကောင်စီ တပ်တွေကို တိုက်နေသလို မြို့ကြီးတွေမှာရှိတဲ့ စစ်ကောင်စီ ဒေါက်တိုင် ရုံးတွေ၊ လူတွေကို ခက်ခက်ခဲခဲ တိုက်ခိုက်နေကြသူတွေဟာ မြို့ပြပြောက်ကျားတွေပါပဲ။ 

၂၀၂၃ နှစ်ကုန်ပိုင်းကို ရောက်လာချိန်မှာတော့ မြို့ပြပြောက်ကျားတွေဟာ ပိုပြီး စနစ်ကျလာပြီး စစ်ကောင်စီရဲ့ လက်တံ အကိုင်းအခက်တွေသာ မကဘဲ၊ အဓိကကျတဲ့ ဒေါက်တိုင်ရေသောက်မြစ်တွေကိုပါ ရှင်းလင်းနိုင် လာတာ တွေ့မြင်ရပါတယ်။ 

အထင်ရှားဆုံး သာဓကကတော့ အောက်တိုဘာ ၂ ရက်နေ့ညက စစ်ကောင်စီဒေါက်တိုင် လက်နက်ပွဲစား ဉာဏ်လွင်အောင် ဆိုသူကို ရန်ကုန်မြို့လယ်မှာ ရှင်းလင်းလိုက်နိုင်တာပဲ ဖြစ်ပါတယ်။ 

စစ်တပ်နဲ့ ပူးပေါင်းတဲ့ စီးပွားရေးသမား၊ လက်နက်ပွဲစား ဉာဏ်လွင်အောင်ဟာ စစ်တပ်ကို ထောက်ခံကြောင်း လူမှုကွန်ရက် စာမျက်နှာတွေကတစ်ဆင့် ထုတ်ဖော်ပြောဆိုလေ့ ရှိပြီး အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေး အေးနေဝင်းနဲ့လည်း ထဲထဲဝင်ဝင် ပတ်သက်သူဖြစ်ပါတယ်။ 

စစ်တပ်အသိုင်းအဝိုင်းမှာ ကိုဉာဏ်ဆိုပြီး လူသိများတဲ့ ဉာဏ်လွင်အောင်ဟာ ကာကွယ်ရေးဝန်ကြီးဌာနအတွက် နာမည်ခံပြီး လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူပေးနေတာ၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို ဖိနှိပ်ဖို့အတွက် မျက်နှာမှတ်တဲ့ စနစ်ပါဝင်တဲ့ CCTV တွေ တင်သွင်းပေးနေတာတွေ လုပ်နေတယ်လို့ ဉာဏ်လွင်အောင်ကို ရှင်းလင်းခဲ့တဲ့ Urban Owls မြို့ပြပျောက်ကျား တပ်ဖွဲ့က စုံစမ်း ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဉာဏ်လွင်အောင်ကို လသာမြို့နယ်ထဲက ဖက်တီးမ ထမင်းကြော်ဆိုင်မှာ ထမင်းကြော်စားနေချိန် Urban Owls က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသွားတာပါ။ Urban Owls အဖွဲ့ကတော့ ဘေးကင်းစွာ ဆုတ်ခွာနိုင် ခဲ့တယ်လို့ သိရပါတယ်။ 

ဉာဏ်လွင်အောင်ဟာ နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနရုံး အမှတ် ၂၄၊ ပြည်ထဲရေးဝန်ကြီးဌာနရုံး အမှတ် ၄၉ နဲ့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးတို့ကို အတားအဆီးမရှိ ဝင်ထွက်သွားလာခွင့် ရှိသူလည်း ဖြစ်ပါတယ်။ 

သေဆုံးသူ ဉာဏ်လွင်အောင်ဟာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို အပြည့်အဝ ထောက်ခံတဲ့အပြင် ရုရှားကို မြန်မာစစ်တပ် ကိုယ်စားလှယ်တွေနဲ့အတူ ခရီးသွားခွင့်ရပြီး ရုရှားကာကွယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးနဲ့ပါ ရင်းနှီးသူဖြစ်ပါတယ်။ 

လူမှုကွန်ရက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဆဲဆိုလေ့ရှိတဲ့ ဉာဏ်လွင်အောင်ဟာ သူ့ရဲ့ ဝန်ထမ်းတွေကို စစ်တပ်ရဲ့ အဓိဋ္ဌာန် ၄ ချက် ရွတ်ဆိုခိုင်းလေ့ ရှိတယ်လို့ Urban Owls မြို့ပြပြောက်ကျား တပ်ဖွဲ့က စုံစမ်းဖော်ထုတ်ထားပါတယ်။ 

Urban Owls မြို့ပြပြောက်ကျား တပ်ဖွဲ့က စုံစမ်းဖော်ထုတ်ချက်တွေ အရ ဉာဏ်လွင်အောင်ဟာ မြန်မာနိုင်ငံ အပြင် ထိုင်း၊ တရုတ်၊ ရုရှားနဲ့ ယူအေအီး နိုင်ငံတွေမှာ North Gate Engineering and Technology နာမည်နဲ့ လုပ်ငန်းခွဲတွေ ဖွင့်လှစ်ထားပြီး ငွေကြေးခဝါချမှု ချောမွေ့စေဖို့အတွက် Well and Fair ဆိုတဲ့ ပြည်ပ ခရီးသွား ကုမ္ပဏီတစ်ခုကိုလည်း ထူထောင် ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ 

ဉာဏ်လွင်အောင်ဟာ အနေအထိုင် သိုသိပ်တဲ့အတွက် နာမည်မထွက်ဘဲ လွတ်နေတာဖြစ်ပြီး Urban Owls က ကာလကြာရှည် စုံးစမ်းပြီး ဖော်ထုတ်ရှင်းလင်းခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

စစ်တပ်နဲ့ပေါင်း၊ ပြည်သူကိုဖိနင်း စီးပွားရှာမယ့် ခရိုနီလက်သစ်တွေအတွက် ဉာဏ်လွင်အောင်ဟာ ပထမဆုံး သင်ခန်းစာဖြစ်ပြီး ပေးချင်တဲ့ သတင်းစကားက စစ်ကောင်စီနဲ့ အပြည့်အဝပူးပေါင်းလို့ ဘာကောင်းကျိုးမှ မရှိနိုင်ဘူး၊ စစ်တပ်နဲ့ ပူးပေါင်းတဲ့ လုပ်ငန်းရှင်တွေကို စာရင်းပြုစုထားပြီး အခွင့်အခါ သင့်တာနဲ့ ဆက်လက် အရေးယူသွားမယ်လို့ Urban Owls မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင် တစ်ဦးက ဆိုပါတယ်။ 

ဉာဏ်လွင်အောင်ရဲ့ သတင်းကြားရတဲ့ ပြည်သူတွေဟာ ဝမ်းသာအားရ ဖြစ်နေကြပြီး မြို့ပြပြောက်ကျား တွေကို ချီးကျူးစကားတွေ ဆိုတာ တွေ့ရပါတယ်။ 

စစ်ကောင်စီရဲ့ ဒေါက်တိုင် ရဲစခန်းလိုမျိုး၊ ထွေအုပ်ရုံးလို၊ အခွန်ရုံးလို၊ လဝက ရုံးလိုမျိုး တခြားတခြားသော မြို့ပြပြောက်ကျား တိုက်ခိုက်မှုတွေလည်း ဆက်တိုက် ရှိနေတာတွေ့ရပေမယ့် ဉာဏ်လွင်အောင်လို စစ်ကောင်စီ ဒေါက်တိုင် အကြီးစားကြီးကို ပစ်ခတ်နှိမ်နင်းနိုင်လိုက်တာကတော့ မြို့ပြပြောက်ကျား တွေအတွက် ကြီးမားတဲ့ အောင်မြင်မှု ဖြစ်သလို မြို့ပြပြောက်ကျားတွေရဲ့ နောက်ထပ် ပစ်မှတ်အသစ်တွေ ခပ်စိတ်စိတ် မြင်လာရတော့မယ့် ရှေ့ပြေး တစ်ခု ဖြစ်နိုင်ကြောင်း ဖော်ပြလိုက်ပါတယ်။ 

ပုံအညွှန်း - လူမှုကွန်ရက်
👍26❤4🔥1🥰1💯1
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကြောက်မက်ဖွယ်အခြေအနေနှင့်ပတ်သက်၍ ကုလ လူ့အခွင့်အရေးအ
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UNOHCHR) သည် လူ့အခွင့်အရေးကောင်စီ၏ ၅၄ ကြိမ်မြောက် ပုံမှန်အစည်းအဝ....
https://ift.tt/epOPX9T
👍5🔥2
အနောက်မြောက်တိုင်းစစ်ဌာနချုပ် အလုပ်ရုံဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ် လက်နက်ကြီးဖြင့်ပစ်ခ
ပါခွီး (မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရှိ အလုပ်ရုံတပ်...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F6HIVIBU-vII&h=AT2ZS1F5cidk1W7Z159DDDs9gkYUufm7t0OOc7AcFlA-ixRu7KxKaVN1H69SZLhA7ZWSPl_cmVdy73DGo5-QzvUMlnJtXh7fYuc6YDGyb6icuJ2vRQAanh4-yFqdgewI&s=1
❤11🤮2👍1
အနောက်မြောက်တိုင်းစစ်ဌာနချုပ် အလုပ်ရုံဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ် လက်နက်ကြီးဖြင့်ပစ်ခတ်
ပါခွီး (မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် ...
https://www.youtube.com/watch?v=6HIVIBU-vII
👍16❤2🔥1
အောက်တိုဘာလ (၃)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:01 − ကျောင်းသားနဲ့ ကလေးပါမကျန် သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို လူမှုအဖွဲ့အစည်းဖိုရမ်သို့ တက်ရောက်ခွင့်ပြုတဲ့အပ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FFtksUR_PhQs&h=AT1gOot7jWrSSyQoReAFwsbkWPipU51lcKx5W8X77j2SHgJAOyVBHM-r7RKSJQgWdvSB_czFnmpzofc869jkPhK4STQoU__PLewpvtOhyQBK8UNKh74abOCsdg8b9ZMG&s=1
👍4😁2
တီးတိန်မြို့ မြို့မရဲစခန်းမှ ဒုတပ်ကြပ်အပါအဝင် ၄ ဦးကို PDF-Zolandက ဖမ်းဆီး
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့ရှိ မြို့မရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံ ဒုတပ်ကြပ်အပါအဝင် ရဲတပ်ဖွ....
https://ift.tt/CrZlOnQ
👍12😁1
မြိုင်မြို့နယ် ရွာ ၂ရွာကနေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ကျောက်ဆောက်ရွာနှင့် ရွာသစ်ကျေးရွာတို့မှ နေအိမ်အချို့ကို စစ်ကော....
https://ift.tt/03EXcRN
🤬7😁2
တစ်လအတွင်း အခေါက်ရွှေဈေး ကျပ် ၄ သိန်း ဝန်းကျင် ဈေးပြန်ကျခဲ့ | Business Roundup (3.10.2023)
- ထိုင်းစွမ်းအင် PTTEP က မြန်မာ့ ဓါတ်ငွေ့တူးဖော်ရေး စာချုပ်များ သက်တမ်းတိုး- စစ်ကောင်စီလက်ထက် စားအုန်းဆီပြတ်လပ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FUxp-RzcETGA&h=AT0sivPOGwSqZy1AJti7qlGDREflXTEQmdv4Bhw7JS88LCRcK5kcpaQqwKDE5SILH8W2z-toYIQJtT7HBaQVanR8DlkLV7qqdqpWijH0jOv43gMl1F1m9rpZLNE8QFhs&s=1
👍3🔥3