Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.6K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မြိုင်မြို့နယ် ရွာ ၂ရွာကနေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး
==================

KMN

(မဇ္ဈိမ)။  ။စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ကျောက်ဆောက်ရွာနှင့် ရွာသစ်ကျေးရွာတို့မှ နေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့က အောက်တိုဘာလ ၂ ရက် ညပိုင်းတွင် မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် သူရိန်တပ်ခွဲ တာဝန်ခံက ပြောသည်။ 

"ကျောက်ဆောက် ၊ ရွာသစ်ရွာကိုရှို့တာ အိမ်နှစ်လုံးပါသွားတယ်ကြားတယ်။ ဒီမနက်ကျတော့ စစ်ကြောင်းက ဝက်ကျကျေးရွာကို ဆုတ်သွားတယ်လို့ သိရတယ်" ဟု သူရိန်တပ်ခွဲတာဝန်ခံ ကိုသူရိန်က မဇ္ဈိမကို ပြောသည်။ 

မြိုင်မြို့နယ် အရှေ့ပိုင်းရှိ ကျောက်ဆောက် နှင့် ရွာသစ်ကျေးရွာရှိ ပြည်သူပိုင်နေအိမ် နှစ်လုံးအား ယမန်နေ့ည ၈ နာရီ ကျော်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြိုင်မြို့နယ် နွေဦးတော်လှန်ရေးအဖွဲ့ကလည်း ထုတ်ပြန်သည်။

အဆိုပါကျောက်ဆောက်နှင့် ရွာသစ်ကျေးရွာတို့တွင်ဒေသခံ ၂ဝဝဝ ဝန်းကျင်နေထိုင်ကြပြီး စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းများ ဝင်ထွက်နေသောကြောင့် ဒေသခံများ တိမ်းရှောင်နေကြရကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ကျောက်ဆောက်နှင့် ရွာသစ်ကျေးရွာတို့နှင့် မနီးမဝေးတွင်တည်ရှိသည့် တောင်ရွာတဝှိုက်သို့ စက်တင်ဘာလလယ်ခန့်မှစတင်ကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။

ယင်းစစ်ကြောင်းသည် တောင်ရွာသို့ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပစ်ခတ်ဝင်ရောက်ကာ ဒေသခံ ၁ဝ ဦးထက်မနည်း ဖမ်းဆီးခဲ့ပြီး ထိုအထဲမှ အမျိုးသားတဦးကို အောက်တိုဘာလ ၁ ရက်နေ့တွင်သတ်ဖြတ်ကာ ကျန်သူများအား အောက်တိုဘာလ ၁ ရက် ညသန်းခေါင်အချိန်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သူရိန်တပ်ခွဲထံက သိရသည်။

တောင်ရွာသို့ ဝင်ရောက်ခဲ့သည့် စစ်ကြောင်းအား တော်လှန်ရေးတပ်ဖွဲ့များက စက်တင်ဘာလ ၃ဝ ရက်နှင့် အောက်တိုဘာလ ၁ ရက်နေ့များတွင်
RC Plane လေယာဉ်ငယ်ဖြင့် အီနာဂါ ဗုံးသီး ၄ဝ လုံးခန့် ကြဲချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ဒုတပ်ကြပ်အပါအဝင် လေးဦးထက်မနည်း သေဆုံးခဲ့ကြောင်း သူရိန်တပ်ခွဲတာဝန်ခံက ပြောသည်။

ယနေ့ နေ့လယ်ပိုင်းတွင် ယင်းစစ်ကောင်စီတပ်ဖွဲ့သည် မြိုင်မြို့နယ် အရှေ့ပိုင်း ဝက်ကျရွာနှင့် နှောပင်ရွာများတွင် အထိုင်ချတပ်စွဲကာ အနီးအနားရှိ ကျေးရွာများအား စစ်ကြောင်းထိုးနေကြောင်း ဒေသကာကွယ်ရေးတပ်များထံက သိရသည်။

စာတည်း ။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#မြိုင်မြို့နယ်
#စစ်ကောင်စီတပ်
#မီးရှို့ဖျက်ဆီး

ပုံအညွှန်း - မြိုင်မြို့နယ် ကျောက်ဆောက်ရွာနှင့်ရွာသစ်ရွာ မြေပုံ။(Photo - myg troop news)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🤬7😁2❤1
​​ဒေးဒရဲတွင် စစ်ကောင်စီသတင်းပေးဟုနာမည်ကြီးနေသူ ကာကွယ်ရေးတပ်ဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှု ၌ သေဆုံး
================

မင်းထက်

(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့တွင် စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးနေသူတဦး စက်တင်ဘာ လ ၃၀ ရက်နေ့ ည ၉ နာရီခန့်က သေနတ်ထိမှန် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူမှာ ဒေးဒရဲမြို့ပေါ်နေ ပျူစောထီးခေါင်းဆောင် ဦးကျော်စိုးဆိုသူဖြစ်ပြီး အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်းအတိုင်းကင်းလှည့်နေစဥ် ဒေသကာကွယ်ရေးအဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ် ရာမှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတဦးကပြောသည်။

“ကင်းလှည့်နေစဉ် တော်လှန်ရေးရဲဘော်များအားတွေ့သဖြင့် စစ်သားများခေါ်လာပြီး အပြန်အလှန်ပစ် ခတ်မှုဖြစ်၍ စစ်ကောင်စီထောက်တိုင် ကျော်စိုး နေရာတွင်သေဆုံးကာ ပျူစောထီးတဦးနှင့် စစ်သားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်” ဟု ပစ်ခတ်မှုကိုပြုလုပ်ခဲ့သည့် ဒေးဒရဲ(ပကဖ)က ထုတ်ပြန်ထားသည်။

ဦးကျော်စိုးသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့်ပေါင်းကာ ပျူစောထီးခေါင်းဆောင်လုပ် နေသူဖြစ်ပြီး ပြည်သူလူထုအား နည်းမျိုးစုံဖိနှိပ်ဒုက္ခပေးနေသူဖြစ်ကြောင်း၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ များ၊ သပိတ်ဦးဆောင်သူများနှင့် တော်လှန်ရေးအင်အားစုများ၏ နေရာများအား အတိအကျသတင်းပေး ကာ ဖမ်းဆီးခိုင်းခြင်းများကိုပြုလုပ်ခဲ့သူဖြစ်သည့်အတွက် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ပကဖကထုတ်ပြန် သည်။

၎င်းသည် မြို့ပေါ်မှ ကြံ့ခိုင်ရေးပါတီထောက်ခံသူများ၊ ပျူစောထီးများနှင့်ပူးပေါင်းကာ ဓားမင်းသားအဖွဲ့ကို ဖွဲ့စည်းထားပြီး မြို့ပေါ်ရပ်ကွက်များအတွင်း ဓားကိုင်ကာ ညစဥ်ကင်းပတ်ခိုင်းနေသူဖြစ်သည်ဟု ဒေးဒရဲ (ပကဖ)ကဆိုသည်။

“ကျော်စိုးက မြို့ကိုတော်တော်ဒုက္ခပေးတဲ့လူပါ။ မြို့ပေါ်ကလူတွေဆီကနေ ခဏခဏ ပိုက်ဆံတောင်းတာ၊ ရဲကိုလက်တို့ပြီးဖမ်းခိုင်းတာတွေကို အာဏာသိမ်းပြီးတည်းက လုပ်နေတာပါ။ အခုလိုဖြစ်သွားတော့ မြို့ အတွက် ကောင်းသွားတာပေါ့ ” ဟု ဒေးဒရဲမြို့ခံတဦးက ပြောသည်။

ဦးကျော်စိုးရှင်းလင်းခံရသည့်ဖြစ်ရပ်ကြောင့် ဒေးဒရဲမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများ ခြေ ရှုပ်နေကြောင်းသိရပြီး ယခင်ကထက် လုံခြုံရေးတင်းကျပ်ထားသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဒေးဒရဲမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းပြီး ပြည်သူလူထုအားဖိနှိပ်ခြင်း၊ ဒုက္ခပေးခြင်း များမပြုလုပ်ရန်နှင့် ဆောင်ရွက်နေပါက ဆက်လက်တိုက်ခိုက်သွားမည်ဟု ဒေးဒရဲ(ပကဖ)ကထုတ်ပြန် ကြေညာထားသည်။

စာတည်း။ ။စောဖေ

#ဧရာဝတီတိုင်း
#ဒေးဒရဲမြို့
#စစ်ကောင်စီသတင်းပေး

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍28🥰3🔥1👏1
​​တရုတ်သုတေသန သင်္ဘောကို ဆိုက်ကပ်ခွင့်မပြုကြောင်း သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး ပြော 
======================

ကိုလံဘို ဆိပ်ကမ်းတွင် တရုတ်သင်္ဘောအား ဆိုက်ကပ်ရန် ခွင့်ပြုချက် မပေးကြောင်းနှင့် လုံခြုံရေးနှင့် ပတ်သက်၍ အိန္ဒိယ၏ စိုးရိမ်မှုသည် သီရိလင်္ကာအတွက် အရေးကြီးကြောင်း သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီး အလီ ဆဘရီ က ပြောကြားပြီး အောက်တိုဘာ ၂ ရက် က ပြောကြားသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁7👍6
တရုတ်သုတေသန သင်္ဘောကို ဆိုက်ကပ်ခွင့်မပြုကြောင်း သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး ပြော
ကိုလံဘို ဆိပ်ကမ်းတွင် တရုတ်သင်္ဘောအား ဆိုက်ကပ်ရန် ခွင့်ပြုချက် မပေးကြောင်းနှင့် လုံခြုံရေးနှင့် ပတ်သက်၍ အ....
https://ift.tt/grCeyAa
😁6👍3
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၃ အောက်တိုဘာ၂၀၂၃)
ဥရောပသမဂ္ဂနှင့် အာဆီယံအစိုးရချင်းဆိုင်ရာလူ့အခွင့်အရေးကော်မရှင်တို့အနေဖြင့် စစ်မှန် သည့် လူ့အခွင့်အရေးဆ.....
https://ift.tt/RL126lG
😁6👍2
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၃ အောက်တိုဘာ၂၀၂၃) 
======================

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်တော်လှန်ရေးအင်အားစုများအကြား စစ်ကောင်စီမှ သပ်လျှိုဖြိုခွဲမှုများ လုပ်ဆောင်လာနိုင်သည့်အတွက် တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသာလက်နက်ကိုင်အဖွဲ့များအနေဖြင့် သတိပြုရမည်ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥2
​​မွန်ပြည်နယ်တွင် အမျိုးသား ၂ ဦး ဆိုင်ကယ်အတူမစီးရဟု စစ်ကောင်စီ ကန့်သတ်
========================

YT
(မဇ္ဈိမ) ။ ။မွန်ပြည်နယ်အတွင်းမှ မြို့နယ်လေးခုတွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရဟု စစ်ကောင်စီ က ကန့်သတ်မိန့်ထုတ်ပြန်လိုက်ကြောင်း ဒေသခံများကမဇ္ဈိမကို ပြောသည်။

ပေါင်၊ ဘီးလင်း၊ ကျိုက်ထိုနှင့် ရေးမြို့နယ်တို့တွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနက မြို့အတွင်းလိုက်လံကြေညာခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“အုပ်ကြီးတွေဆက်တိုက်အပစ်ခံရတာများလာတော့ အမျိုးသားနှစ်ယောက်မစီးရဆိုပြီး ရွာတွေအထိ လော်နဲ့လိုက်အော်တာ။ အခုဆို ရွာတွေထဲလည်း ခဏခဏဝင်စစ်တယ်၊ အဖမ်းခံရတဲ့သူတွေလည်း ရှိ တယ်” ဟု ပေါင်မြို့နယ်မှ ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီ၏ ကန့်သတ်ချက်များမှာ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူ မစီးရ၊ အမျိုးသမီး မောင်းနှင်သည့် ဆိုင်ကယ်နောက်တွင် အမျိုးသားလိုက်ပါစီးနင်းခြင်း မပြုရ၊ အမျိုးသားများဆိုင်ကယ်စီးမည်ဆိုပါက တဦး တည်းသာစီးရမည် စသည့်အချက်များ ဖြစ်သည်။

စစ်ကောင်စီက ဆိုင်ကယ်စီးခွင့်ကန့်သတ်လာသည့် အဆိုပါမြို့နယ်များရှိ ဒေသခံအများစုသည်နေ့စဉ်ဘဝ သွားလာရေးအတွက် ဆိုင်ကယ်ကိုသာ အဓိကအသုံးပြုနေရသည့် မြို့နယ်များဖြစ်သည်။
ယခုကဲ့သို့ အမျိုးသားများအား ဆိုင်ကယ်စီးခွင့်အား ကန့်သတ်လာခြင်းကြောင့် အခက်အခဲများစွာကြုံရ ကြောင်း ကျိုက်ထိုမြို့ခံ ဆိုင်ကယ်ကယ်ရီမောင်းသူ အမျိုးသားတဦးက မဇ္ဈိမကို ပြောသည်။
“ငါတို့က ဆိုင်ကယ်ကယ်ရီမောင်းမှ ထမင်းစားရတာလေ၊ ယောကျ်ားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ်တင်မှ ပိုက် ဆံရမှာ။ ဒါကို ဒီကောင်တွေက သက်သက်လိုက်ပိတ်ပင်ပြီး ဟိုဟာမတင်ရ ဒီဟာမတင်ရဆိုတော့ ဘာ လုပ်စားရတော့မလဲ” ဟု ဆိုင်ကယ်ကယ်ရီမောင်းသည့် အမျိုးသားတဦးက မဇ္ဈိမကို ပြောသည်။

ဘီးလင်းမြို့နယ်မှ လူငယ်တဦးကလည်း “အပေါင်းအသင်းတွေ အပြင်သွားတာမျိုးရှိတယ်လေ၊ ဟိုး အရင် တည်းက ဆိုင်ကယ်တစီးကို နှစ်ယောက်၊ သုံးယောက် အဲဒီလိုစီးနေကျပဲ၊ အဲ့ဒါကို ဆိုင်ကယ် တစီးမှာ တယောက်ပဲ စီးရမယ်ဆိုတော့ လူတိုင်းဆိုင်ကယ်ပိုင်တာမှ မဟုတ်တာ" ဟု မဇ္ဈိမကို ပြောသည်။

မြို့ပေါ်ဒေသတွင် စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများ မကြာခဏ ပစ်ခတ်ခံရမှုများရှိလာပြီးနောက် အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရဆိုသည့် အမိန့်ကို စစ်ကောင်စီ ဘက်က ထုတ်ပြန်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိမှာ အမျိုးသားနှစ်ဦး ဆိုင်ကယ်တစီးတည်း မစီးရဆိုသည့် အမိန့်ကို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်းနှင့် တနင်္သာရီတိုင်းက မြို့နယ်အချို့တွင် စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#မွန်
#ဆိုင်ကယ်မစီးရ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👎7👍2🔥2❤1🤬1
​​တနိုင်းဟူးကောင်းဒေသတွင် KIA နှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ တိုက်ပွဲဖြစ်
===================

အဂမ်
(မဇ္ဈိမ) ။ ။တနိုင်းဟူးကောင်းဒေသတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၂)ဌာန ချုပ် လက်အောက်ခံတပ်ရင်း(၁၄) နယ်မြေမှ ကာကင်းစခန်းတခုကို ဝရာဇွပ်ပြည်သူ့စစ်အဖွဲ့က လာရောက်တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIAသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တိုက်ပွဲသည် ယမန်နေ့အောက်တိုဘာလ ၂ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

“မနေ့က ကျနော်တို့ ကေအိုင်အေတပ်ရင်း(၁၄) လက်အောက်ခံ ကာကင်းတခုကို ဝင်စီးတယ်ဆိုတဲ့သတင်းကတော့ရပါတယ်။ ကျနော်တို့ဘက်က အသေးစိတ်အတည်ပြုနိုင်တဲ့သတင်းကတော့ မရသေးဘူး။ ဆိုရှယ်မီဒီယာဘက်မှာ တော်တော်များများ ပြန့်သွားတာတော့ တွေ့ရပါတယ်။ ကျနော်အတည်ပြုပေးနိုင်တာကတော့ တပ်ရင်း(၁၄) ရှေ့ကာကင်းတခုနေရာမှာ တိုက်ပွဲဖြစ်တယ်ဆိုတာကတော့ ကျနော်အတည်ပြုပေးလို့ရပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက မဇ္ဈိမကို ပြောသည်။

တနိုင်းဟူးကောင်းဒေသ၊ ချောင်းဆုံမှော်အနီးမှ ကနွယ်တူအမည်ရှိ ကေအိုင်အေ ရှေ့တန်းကင်းထောက်ပို့စခန်းကို စစ်ကောင်စီလက်အောက်ခံ ဝရာဇွပ်ပြည်သူ့စစ်အဖွဲ့မှ မင်းဇေသန့်ဦးဆောင်သည့်အဖွဲ့က အောက်တိုဘာလ ၂ရက် နံနက် ၄နာရီခန့်တွင် စီးနင်းတိုက်ခိုက်ပြီး စခန်းကို သိမ်းယူသွားသည်ဟု ကချင်သတင်းအရင်းမြစ်တဦးက‌ ပြောသည်။

" ပြည်သူ့စစ်အဖွဲ့တွေ သိမ်းသွားတာ။ လူတော့ ကျတာမရှိဘူး။ အဲ့မှာက နဂိုထဲကနေ ကင်းထောက်လှုပ်ရှားရင် ခဏအထိုင်နားတဲ့နေရာမို့ နောက်ချန်အင်အားတွေလောက်ပဲ အထိုင်ချထားတာ။ လူလည်း သိပ်မရှိပါဘူး”ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။

ကနွယ်တူတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှုတွင် စစ်လက်နက်ပစ္စည်းများလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု ဝရာဇွပ်ပြည်သူ့စစ်အဖွဲ့ အသုံးပြုနေသည့် တယ်လီဂရမ်ချန်နယ်တွင်ဖော်ပြထားသည်ကို တွေ့ရသည်။ အသေးစိတ်ကို မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ အဆိုပါ စခန်းကို ဝရာဇွပ်ပြည်သူ့စစ်အဖွဲ့က ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လကတကြိမ် လာရောက်တိုက်ခိုက်ခဲ့ဖူးသည်ဟု သတင်းအရင်းအမြစ်က ဆိုသည်။ယခုသတင်းနှင့်ပတ်သက်၍ ဝရာဇွပ်ပြည်သူ့စစ်အဖွဲ့ထံသို့ ဆက်သွယ်ရန်ကြိုးစားသော်လည်း မရရှိသေးပေ။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။ အေးချမ်း

#ကချင်ပြည်နယ်
#တနိုင်းဟူးကောင်းဒေသ
#kia
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥2
စဥ့်ကူးတွင် ပျူစောထီးများ လိုက်ပါလာသည့် မော်တော်ယာဥ် တိုက်ခိုက်ခံရ၍ တိမ်းမှောက်၊ သေနတ် ၁ လက် သိမ်းဆည်းရမိပြီး ထိခိုက်သေဆုံးမှုရှိနိုင်ဟုဆို
❤9👍1🔥1
စဥ့်ကူးတွင် ပျူစောထီးများ လိုက်ပါလာသည့် မော်တော်ယာဥ် တိုက်ခိုက်ခံရ၍ တိမ်းမှောက်၊ သေနတ် ၁ လက် သိမ်းဆည်းရမိပြီး ထိခိုက်သေဆုံးမှုရှိနိုင်ဟုဆို
=====================

ရောင်နီ
(မဇ္စျိမ)။ ။ မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်တွင် ပျူစောထီးများလိုက်ပါလာသည့် မော်တော်ယာဥ်ကို တိုက်ခိုက်ရာ တိမ်းမှောက်ခဲ့ပြီး သေနတ်နှင့် ကျည်ဆန်အချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း Singu Guerrillas Force-SGF တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

စဥ့်ကူးမြို့နယ် ပျူခေါင်းဆောင် မောင်နိုင် အပါအ၀င် ပျူစောထီးများ လိုက်ပါလာသည့် မော်တော်ယာဥ်ကို အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က မန္တလေး-မိုးကုတ်လမ်းမပေါ် ငွေတောင်ရွာနှင့်ညောင်ဝန်းရွာကြားအရောက်တွင် ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲပြီးနောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ သတင်းရလို့ သွားစောင့်တာ။ ကားပေါ်မှာ ခန့်မှန်းဦးရေ ခုနစ်ယောက်လောက်ပါတယ်။ မိုင်းဆွဲပြီး လက်နက်တွေနဲ့ ပစ်လို့ ကားကမှောက်သွားတယ်။ ပစ်ခတ်တဲ့အချိန် လမ်းပေါ်လဲကျသွားတဲ့သူတွေရှိတယ်။ တချို့က သွေးရူးသွေးတန်းနဲ့ ထွက်ပြေးကြတယ် ” ဟု Singu Guerrillas Force-SGF တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက မဇ္စျိမကို ပြောသည်။

တိုက်ခိုက်မှုတွင် ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပျူစောထီးများအကြား အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့် ဖြစ်ပွားခဲ့ပြီး လက်လုပ်သေနတ် တလက်၊ ကာဘိုင်ကျည်ဘောက် တဘောက်နှင့် ကာဘိုင်ကျည်အတောင့် ၂၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ထိုပစ်ခတ်မှုအတွင်း ပျူစောထီးအချို့ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အသေးစိတ် အတည်ပြုချက်ရယူနိုင်ရန် ဆက်လက်လုပ်ဆောင်နေကြောင်း SGF တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“ သူတို့ဘက်က ထိတဲ့သူ နှစ်ယောက်၊ သုံးယောက်လောက်ရှိတာကို မြင်လိုက်တယ်။ တိုက်ခိုက်မှုဖြစ်တဲ့ နေရာကိုလည်း အရေးပေါ်လူနာတင်ကားနဲ့ စစ်ကောင်စီတပ်တွေ ချက်ချင်းရောက်လာလို့ အသေးစိတ်တော့ မသိရဘူး။ အကျအဆုံးစာရင်းကို အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်။ မနေ့က တိုက်ခိုက်ခံရလို့ တိမ်းမှောက်ခဲ့တဲ့ ကားကိုလည်း ဒီနေ့မနက်ထိ လာသယ်တာ မရှိသေးပါဘူး“ ဟု ၄င်းက ပြောသည်။

ယင်းအပြင် ယမန်နေ့က ပစ်ခတ်တိုက်ခိုက်မှုအတွင်း ပျူစောထီးများ၏ ပစ်ခတ်မှုကြောင့် ပြည်သူတဦး ကျည်ထိမှန်သေဆုံးကြောင်း ဒေသတွင်း သတင်းများ ထွက်ပေါ်နေပြီး မဇ္စျိမအနေဖြင့် အသေးစိတ်သိရှိနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။
အဆိုပါ တိုက်ခိုက်မှုကို တပ်ခွဲမှူး KS ဦးဆောင်သည့် Singu Guerrillas Force-SGF အဖွဲ့ နှင့် "စဉ့်ကူးမြို့နယ် ပကဖ" ပူးပေါင်းအဖွဲ့ တို့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ခံခဲ့ရသည့်မောင်နိုင်ဆိုသူသည် ရေတော်ကျေးရွာတွင် နေထိုင်ပြီး ၎င်းတွင် စစ်ကောင်စီတပ် တပ်ဆင်ပေးထားသည့် လက်နက်နှင့် ကျည်ဆန်များရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

ထို့အပြင် ၎င်းဦးဆောင်သည့် ပျူစောထီးအဖွဲ့သည် စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ ပြည်သူများထံမှ အခွန်ကောက်ခံခြင်း၊ CDM ပြုလုပ်ထားသူများကို ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ စဥ့်ကူးမြို့နယ်အနီးတဝိုက်ကျေးရွာများတွင် စစ်ကြောင်းထိုးခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ပျူစောထီးများ လိုက်ပါစီးနင်းလာသည့် မော်တော်ယာဥ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က တိုက််ခိုက်မှုဖြစ်ပွားရာ နေရာအနီးတဝိုက်ကို စစ်ကြောင်းထိုးခြင်းများ လုပ်ဆောင်နေကြောင်း ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံများထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ပျူစောထီး
#စဥ့်ကူးမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏9👍4🔥1