Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
နယူးဒေလီတွင် ဇိုမီးရိုးရာ ခွါဒိုပွဲတော် ကျင်းပ
👍4🔥3
နယူးဒေလီတွင် ဇိုမီးရိုးရာ ခွါဒိုပွဲတော် ကျင်းပ
================

ကိုခင်မောင်

(မဇ္စျိမ)။ ။အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ဇိုမီးရိုးရာ ခွါဒိုပွဲတော်ကို Zomi Innkuan Delhi အဖွဲ့ က ဦးဆောင်ပြီး ယနေ့ အောက်တိုဘာ ၅ရက်တွင် ကျင်းပခဲ့ကြသည်။ 

Hastsal Vikasnagar ရပ်ကွက်ရှိ Rajdhani Greensတွင် ကျင်းပခြင်းဖြစ်သည်။

"တနှစ်မှာတခါသာ ကျင်းပတဲ့ပွဲဖြစ်တဲ့အတွက် ကျွန်တော်တို့အလွန်တန်ဖိုးထားတာပါ။ ကောက်သစ်ရိတ်သိမ်းပြီးချိန်မှာ ကျင်းပတဲ့ပွဲဖြစ်တဲ့အတွက် အခုချိန်ရွာတွေမှာနေတဲ့သူတွေက အိမ်ထောင်စုမျိုးနွယ်အလိုက် ထမင်းဝိုင်းလေးလုပ်ကာ ပွဲကိုကျင်းပကြတာပါ။အရင်တုန်းကတော့ အခုလိုနေ့မျိုးမှာ နတ်ပူဇော်ကြတယ်။ အခု ကျွန်တော်တို့ ခရစ်ယာန်ဖြစ်ပြီးနောက်ပိုင်း နတ်ပူဇော်တာတွေ မလုပ်တော့ပါဘူး။
 
ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းကြတယ်။ ဒေသတွင်းအေးချမ်းသာယာရေးအတွက် ဆုပွဲတောင်းပွဲတွေလုပ်ကြပါတယ်။ ခေတ်ပြောင်းလာတာနဲ့အမျှ ကျင်းပတဲ့ပုံစံပြောင်းလာပေမယ့် အနှစ်သာရကတော့ အတူတူပဲဖြစ်ပါတယ်” ခွါဒိုပွဲတော် ကျင်းပရေး ဦးဆောင်ကော်မီတီဝင်တဦးက မဇ္ဈိမကို ပြောသည်။ 

ဇိုမီးဘာသာဖြင့် ခွာဒို ဟုခေါ်သည့် ကောက်သစ်စားပွဲတော်သည် ချင်းလူမျိုးများ၏ ရိုးရာဓလေ့ ယဉ်ကျေးမှု ပွဲတော်တခုဖြစ်သည်။ တောင်ယာ ရိတ်သိမ်းပြီးသည့် အချိန်တွင် တောင်ယာနီးချင်း ဆွေမျိုးများနှင့် စုပေါင်းစားသောက်ကြကာ နောင်နှစ်အတွက် သီးနှံများအောင်မြင်စေရန် ရိုးရာနတ်များကိုပူဇော်ပသကြသည့် ရိုးရာပွဲတော်ဖြစ်သည်။

ယနေ့ ကျင်းပသည့် ခွါဒိုပွဲတော်သို့ လူဦးရေ ၁,၀၀၀ခန့် တက်ရောက်လာကြသည်။ အခမ်းအနားဦးဆောင်သူများက ခွါဒိုပွဲ‌တော်နေ့အကြောင်း ဟောပြောခြင်း၊ ချင်းရိုးရာ အဆိုအကများဖြင့် ဖျော်ဖြေခြင်းအပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၃ရက်နေ့နှင့် ၄ရက်နေ့တို့တွင် ကျင်းပခဲ့သည့် ဘောလုံးပြိုင်ပွဲမှ အနိုင်ရ အားကစားသမားများအား ဆုချီးမြှင့်ခဲ့ကြသည်။ ခွါဒိုပွဲတော်ကို နယူးဒေလီရှိ ဇိုမီးလူမျိုးများအပြင်ပြည်တွင်းနှင့် နိုင်ငံတကာရောက် ဇိုမီးလူမျိုးများက နှစ်စဉ်ကျင်းပကြသည်။

စာတည်း - အေးချမ်း

#mizzima
#အိန္ဒိယနိုင်ငံ
#နယူးဒေလီမြို့
#ဇိုမီးရိုးရာခွါဒိုပွဲတော်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5❤1🔥1
​​Mizzima needs your support! 

မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့ သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.

ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ 
👉 https://bit.ly/2VhJ12U 

For more information- https://donate.mizzima.com/mm/ 

#supportmizzima
👍6😁1🤮1
ဦးကျော်မိုးထွန်းနဲ့ NUCC နိုဘယ်လ်ဆုဆန်ကာတင်ခြင်းကမြန်မာ့နွေဦးတော်လှန်ရေးကိုကမ္ဘာကအာရုံစိုက်ခြင်းဖြစ်
မောင်ခက်နွေ (မဇ္ဈိမ) - ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် ဆန်ကာတင် ...
https://www.youtube.com/watch?v=pHPXpBxZYBQ
👍13❤2😁1🤮1
​​ရွှေဘိုတွင် ပြည်သူ့စစ်နှင့်ပျူစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်
=======================

MTO
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ် သီလုံးကျေးရွာမှ ဒေသခံပြည်သူများအား ငွေကြေး အတင်းအကျပ်တောင်းယူပြီး အကြမ်းဖက်ဖိနှိပ်နေသည့် ပြည်သူ့စစ်နှင့်ပျူစောထီးများအခြေစိုက်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Shwebo Federal Army -SBFA အဖွဲ့ မှ သတင်းထုတ်ပြန်သည်။

ပြည်သူ့စစ်နှင့်ပျူစောထီးခေါင်းဆောင် ဇော်ဦးဆိုသူ ဦးဆောင်သည့် စခန်းကိုယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့ ည ၉ နာရီ ၃၀မိနစ်ခန့်တွင် လက်လုပ်လက်နက်ကြီးများဖြင့် သွားရောက်တိုက်ခိုက်ခြင်းဟု SBFA ၏ ပြန်ကြားရေးတာဝန်ခံ ကိုပိန် က ပြောသည်။
သီးကုန်းကျေးရွာ၌ စစ်‌ကောင်စီနှင့် ပြည်သူ့စစ်၊ပျုစောထီး ပူးပေါင်းအင်အား ၃၀ခန့်ရှိပြီး ပြည်သူများကို အဓမ္မ ကင်းစောင့်ခိုင်းခြင်း၊ ကင်းမစောင့်နိုင်ပါက ဒဏ်ငွေ ပေးဆောင်ခိုင်းခြင်းများ ပြုလုပ်နေကြောင်း ၎င်းက ပြောသည်။

ကိုပိန်က “သူတို့က ကင်းတောင်မစောင့်ရဲကြတော့ဘူး ။ PDF တွေနဲ့ အစွန်အဖျားနေရာတွေမှာ ပြည်သူ တွေကို ကင်းစောင့်ခိုင်းတယ်။ ယောက်ျားသား မရှိလို့ ကင်းမစောင့်နိုင်တဲ့ အိမ်တွေကို တအိမ်ကို ငါး သောင်းဆိုပြီး ကောက်ခံတာတွေရှိတယ်” ဟု ဆိုသည်။
ရွှေဘိုမြို့နယ်အတွင်းရှိ ပျူစောထီးကျေးရွာများသည် ယခင်က ပြည်သူများအပေါ် ဖိနှိပ် မှုများ ပြုလုပ်ခဲ့သော်လည်း ယခုအခါ ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပျူရွာများကို ဝိုင်းဝန်းဖိအားပေးထားနိုင်ပြီဟု ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။

ယမန်‌နေ့က တိုက်ခိုက်မှုတွင် ပြည်သူ့စစ်နှင့်ပျူစောထီးများဘက်မှ ထိခိုက်မှုကိုမသိရှိရသေးပေ။ ဒေသကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော ဗိုလ်မိကျောင်း ပြည်သူလုံခြုံရေးအဖွဲ့၊ Shwebo Federal Army SBFA ၊ဒေါင်းမာန် ၊ ရွှေဘိုစွန်ရဲ ၊ မဟူရာ ရွှေဘိုသား ၊EYE Fore EYE ၊ HG Fighter ၊ဗိုလ်မဟာ ၊ ဒေါင်းစစ်သည်၊ AhPal -7 ၊ MDF shwebo ၊ရွှေဘိုအားမာန်နှင့်ဗိုလ်လင်းရောင် (ဒပယ) တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း - အေးချမ်း

#mizzima
#ရွှေဘိုမြို့နယ်
#သီလုံးကျေးရွာ
#ပြည်သူ့စစ်နှင့်ပျူစောထီးစခန်း
#SBFA

ရွှေဘိုမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့(ပုံဟောင်း) -Photo/SBFA

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22😁3
ယူရိုပါကွန်းဖရန့်လိဒ် အုပ်စုပွဲစဉ် ရလဒ်များ
==============

ယူရိုပါကွန်းဖရန့်လိဒ် အုပ်စု (A) ပွဲစဉ်ရလဒ်များ
==============

Klaksvik  0  -  0  Lille (FT)

Olimpija Ljubljana  0 -  1  Slovan Bratislava (FT)

ယူရိုပါကွန်းဖရန့်လိဒ် အုပ်စု (B) ပွဲစဉ်ရလဒ်များ
==============

Breidablik  0  -  1  Zorya (FT)

Gent  2  -  0  Maccabi Tel Aviv (FT)

ယူရိုပါကွန်းဖရန့်လိဒ် အုပ်စု (C) ပွဲစဉ်ရလဒ်များ
==============

FC Astana  1  -  2 Viktoria Plzen (FT)

Ballkani  2  -  0  Dinamo Zagreb (FT)

ယူရိုပါကွန်းဖရန့်လိဒ် အုပ်စု (D) ပွဲစဉ်ရလဒ်များ
==============

Besiktas  2  -  3  Lugano (FT)

Bodo/Glimt 0  -  1  Club Brugge (FT)

#EuropaConferenceLeague
#Footballnews 
Photo - Twitter
👍6❤1