Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၉ အောက်တိုဘာ၂၀၂၃) 
========================

စစ်အုပ်စုမှ နိုင်ငံအာဏာကိုမတရားလုယူပြီးသည့်နောက် လူမှုရေးအသင်းအဖွဲ့များကို ဖိနှိပ်ခြင်း ၊မတရားဖမ်းဆီးခြင်းများအပါအဝင် စီမံခန့်ခွဲမှုအလွဲများကြောင့် စီးပွားရေးကျပ်တည်းလာခြင်းကြောင့် သဘာဝဘေးန္တရာယ်ကျရောက်ခြင်းများတွက် ပြည်သူများ အင်တိုက်အားမပါဝင်နိုင်တော့သည်ကို တွေ့ရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6
​​Architecture 101
==========

ဇာတ်ကားလေးရဲ့အစမှာ အဆောက်အဦးဒီဇိုင်းဆွဲသူ လီဆောင်မင်းကို ယန်းဆိုယွန်းဆိုတဲ့ အမျိုးသမီးတစ်ယောက်က လာရောက်တွေ့ဆုံခဲ့ပါတယ် သူတို့ ၂ ယောက်ဟာ လွန်ခဲ့တဲ့ ၁၇ နှစ်လောက်က ဆုံခဲ့ကြတဲ့သူငယ်ချင်းတွေ ဖြစ်ပါတယ်

ယန်းဆိုယွန်းက သူမရဲ့မွေးရပ် ဂျယ်ဂျူကျွန်းမှာရှိတဲ့ သူ့မိဘတွေရဲ့အိမ်ကို ဆက်လက်ဆောက်ပေးဖို့ လီဆောင်မင်းကို တောင်းဆိုခဲ့ပါတယ် သူတို့ ၂ ဦးကြားမှာ ရှိခဲ့ဖူးတဲ့ဇာတ်လမ်းတွေကြောင့် လီဆောင်မင်းဟာ မလိုလားစွာပဲ သဘောတူခဲ့ရပါတယ်

ထိုဇာတ်လမ်းလေးကတော့ လီဆောင်မင်း အသက် ၂၀ အရွယ်မှာ ဖြစ်ပွားခဲ့တာပါ အချစ်နဲ့ပတ်သတ်ပြီး လုံး၀မသိတဲ့လူပျိုလေး လီဆောင်မင်းဟာ မြင်မြင်ချင်းမှာပဲ ယန်းဆိုယွန်းကို သဘောကျသွားခဲ့ပါတယ် ရပ်ကွက်တစ်ခုတည်းမှာပဲ နေထိုင်ကြောင်း သိလိုက်ရပြီးတဲ့နောက်မှာတော့ သူတို့ ၂ ဦးဟာ တစ်ယောက်နဲ့တစ်ယောက် ပိုနီးစပ်လာခဲ့ပါတယ် သူငယ်ချင်းသံယောဇဉ်ထက်ပိုချင်နေတဲ့ လီဆောင်မင်းနဲ့ မထင်မှတ်ထားပဲ သူငယ်ချင်းတွေဖြစ်လာတဲ့ ယန်းဆိုယွန်းတို့ကြားမှာ ဘယ်လိုအဖြစ်အပျက်တွေ ဖြစ်ပွားခဲ့ပြီး ဝေးခဲ့ကြတာလဲဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်"
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသသည့်အချိန်မှာပဲ Mizzima App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့Mizzima Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

ပြသမည့်ရက်။ ။ 9.10.2023
#New ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀ )နာရီ
#Replay ပြန်လည်ပြသမည့်အချိန်။ ။ည (၁၀:၃၀ ) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8
​​သုဝဏ္ဏပန်းခြံထောင့်တွင် ဗုံးတွေ့ဟုဆိုကာ စစ်ကောင်စီ ဖောက်ခွဲ၊ ၂နာရီခန့်ကြာ ယာဉ်ကြောပိတ်ဆို့
================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏပန်းခြံထောင့်၊ မက်စ်ဆီဆိုင်ဘေး၌ ဗုံးတွေ့သည်ဟုဆိုကာ စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် လမ်းပိတ်ဆို့ပြီး ဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗုံးကို ယနေ့အောက်တိုဘာ ၉ ရက် နံနက် ၇နာရီ ဝန်းကျင်ခန့်တွင် တွေ့ရှိခြင်းဟု သတင်းများထွက်ပေါ်ခဲ့ပြီး လမ်းအား ပိတ်ဆို့၍ အတားအဆီးများပြုလုပ်ပြီး ဖောက်ခွဲခဲ့ခြင်းဟု ယင်းအကြောင်းကို သိရှိသူတဦးကပြောသည်။

" ဒီနေ့ စစ်ကောင်စီဘက်ကလမ်းကြောင်းရှိတဲ့ပုံပဲ။ အဲ့ဒါကိုလည်း တဖက်ကကြိုသတင်းရထားတဲ့ပုံ။ ညထဲက ဟိုကောင်(စစ်ကောင်စီတပ်သား)တွေက ကင်းပုန်းချထားတဲ့ပုံစံရှိတယ်။ ခြေချင်းလိမ်နေတာ ပန်းခြံထဲမှာ။ ပြီးတော့ မနက်ရောက်တော့ မနက် ၆ နာရီလောက် ပန်းခြံထဲမှာ သန့်ရှင်းရေးလူတွေ၊ဘာတွေရှိတယ်လေ။ အဲ့လူတွေက သန့်ရှင်းရေးလုပ်နေရင်းနဲ့ မက်စ်ဆီဆိုင်နဲ့ ပန်းခြံကြားထဲလောက်မှာ ဗုံးကိုတွေ့တော့ စစ်ကောင်စီတပ်ကို လှမ်းခေါ်ပြီးတော့ စစ်သားတွေကဗုံးကိုခွဲလိုက်တာ။ အတားအဆီးလုပ်ထားတဲ့ တာယာတွေဘာတွေတောင် လွင့်ထွက်ကုန်တယ်။ အသံကတော့တချက်ပဲ”ဟု ၎င်းကပြောသည်။

ဗုံးဖောက်ခွဲရန် ပြင်ဆင်နေချိန်တွင် သံသုမာလမ်းတလျှောက်နှင့် သာကေတအဝိုင်းဘက်တွင် နံနက် ၇နာရီခန့်မှ နံနက် ၉နာရီခန့်အထိ ယာဉ်ကြောပိတ်ဆို့မှု ၂ နာရီနီးပါးဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဗုံးတွေ့ရှိသည့်သတင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့များဘက်မှ တစုံတရာသတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ရန်ကုန်မြို့တွင် ယခု အောက်တိုဘာလဆန်းကာလက စစ်ကောင်စီပစ်မှတ်များကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်မှုများ ခပ်စိပ်စိပ်ပြုလုပ်ခဲ့သည်။ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၏ သားဖြစ်သူနေထိုင်သော ကမာရွတ်မြို့နယ်ရှိနေအိမ်နှင့် မြောက်ဒဂုံမြို့နယ်ရှိ ထားဝယ်ချောင်ရဲစခန်းကို အောက်တိုဘာလ ၁ရက်က ဗုံးပစ်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် စစ်ကောင်စီ၏ လက်နက်ပွဲစားဆိုသူ ဦးဥာဏ်လွင်အောင်ကိုလည်း အောက်တိုဘာလ ၂ရက်ညတွင် လမ်းမတော်မြို့နယ် တနေရာ၌ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြို့ပြပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

စာတည်း - အေးချမ်း

#mizzima
#သင်္ဃန်းကျွန်းမြို့နယ်
#သုဝဏ္ဏပန်းခြံထောင့်
#ဗုံးတွေ့

သု၀ဏ္ဏပန်းခြံအနီးပတ်ဝန်းကျင် ယနေ့ နံနက် အခြေအနေ
Photo/ Facebook

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16😁2
နေရပ်မပြန်နိုင်သေးသည့် မိုးကုတ်စစ်ဘေးရှောင်များ
မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ ဗျူဟာကုန်းမှ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေသ....
https://ift.tt/MUgxJFw
👍5😁3🔥1
ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးကျည် ဆော့ကစားမိရာမှ ကလေး ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာရှိ စစ်ဘေးရှောင်စခန်းတခုတွင် အောက်တိုဘာလ ၈ ရက်နေ့ .....
https://ift.tt/QzWpdHg
👍8❤1🔥1
နေရပ်မပြန်နိုင်သေးသည့် မိုးကုတ်စစ်ဘေးရှောင်များ
မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ ဗျူဟာကုန်းမှ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေသ....
https://ift.tt/clQ8EwC
👍7😁2🔥1
ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးကျည် ဆော့ကစားမိရာမှ ကလေး ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာရှိ စစ်ဘေးရှောင်စခန်းတခုတွင် အောက်တိုဘာလ ၈ ရက်နေ့ .....
https://ift.tt/PolFZhA
👍7😢4😁1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၉ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၉ ရက်ထုတ်လွှင့်မှုများ #PVTV #MizzimaTV -----------------------------------------မဇ္ဈ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FwLv_lytJN_g&h=AT20F2j1tx6zRHM7xREF1f7-df-QcHSbrI_NPX2CSwLUl55FniKGTV0aZierw-lvTIqoKG5OdHlLYJbrTOONt94WlDh46fgP-T34a-2L0tafqAm4Z5vzvZOo2l9i8tfm&s=1
👍8👏1😁1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၉ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၉ ...
https://www.youtube.com/watch?v=wLv_lytJN_g
👍6😁1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၉ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၉ ရက်ထုတ်လွှင့်မှုများ #PVTV #MizzimaTV -----------------------------------------မဇ္ဈ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FwLv_lytJN_g&h=AT2nXiDZdEA4MensuJGZReV303tJr6p8a3JT8ic_2RbDUVq2ct1QDDuc9X0LdS3wtzUO3Avvxp6HDWERL34znb2bLfXSlni8JyvfPASRUO2wiz8CZrwztKOscAmsl0Xu&s=1
👍7😁1
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FKvPbT3UXY5U&h=AT35RTtIKJB8xKbtqx0N8MTy14wDg83jFHC7zkspppLAxrlfvg3gmJUF7I_fHKea75oDLIZB87dYxdETOvTyahF_n9Ou8RlijdD0VbvaUIOswNyWv3rFHoQS_evEidah&s=1
👍8❤2😁1
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FKvPbT3UXY5U&h=AT3Ofj3MwQVVn6_cWmkt9t_3wPc_tDqF4rs_nI9nranRiWw7kDJxSww713IXvkPFtM2wuNY7qBJATj8yCmNsABp5-T0HTau4ZuYIdAf0J97-klb_-tGXDQeViNzg7P-W&s=1
👍7
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fk6BMa1HgWQA&h=AT0jZh3ebnSudUaP3aGei96btNrpB8R-v9kY6DArxt3J15ZHQvjk3rnOU6XW6r82jjpNgrkdeuMPU7OJdrofye9Xz9LR0Pl5qvb4aMHxjHhGNt6otQy4vQGAzNuwR3qY&s=1
👍3