ထောင်ထဲမှာ ၃ နှစ်အကျဉ်းချထားပြီးတဲ့နောက် ဩစတြေးလျသတင်းထောက်ကို တရုတ်ပြန်လွှတ်ပေး
ထောင်ထဲမှာ ၃ နှစ်အကျဉ်းချထားပြီးတဲ့နောက် ဩစတြေးလျသတင်းထောက်ကို တရုတ်ပြန်လွှတ်ပေး#International#MizzimaTV-----------------------------------------မ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FbM1ggFYy7PA&h=AT1xoHDbLVdueW6kPh3afc8doDvWrMMIRANKBdm4tk1-otTnjaPspCx3lxde_EPuDX9HnC87WLFXFKiJwdBGJtcdR3-q8JKLgfTWUFyq210aGG630GNQwoI45GwioghG&s=1

👍2🔥1
အောင်မြေသာစံ ရဲစခန်းမှ ရဲတပ်ကြပ် ပစ်သတ်ခံရမှုနှင့် ဆက်နွယ်ပြီး အမျိုးသား ၅ဦး ဖမ်းဆီး
==================
၀၀၈
(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၄)ရဲစခန်းမှ ရဲတပ်ကြပ် မိုးဆန်းဦး ပစ်သတ်ခံရမှုနှင့်ဆက်နွယ်၍ အောက်တိုဘာ ၁၁ရက်၊ ည ၁၀နာရီ ၃၀မိနစ်ခန့်က အမျိုးသား ငါးဦး ဖမ်းဆီးခံရကြောင်းသိရသည်။
"ညက ၁၀နာရီခွဲလောက် အိမ်စီးကား သုံးစီးနဲ့ လာဖမ်းသွားတယ်။ အရပ်ဝတ်ရော ယူနီဖောင်းနဲ့ရောဆိုရင် အင်အား ၂၀ကျော်လောက်ရှိတယ်။ဆိုင်ရှင်နဲ့သူ့အလုပ်သမား သုံးဦး အဖမ်းခံရတယ်။ အခုမနက်သိရတာတော့ ရဲသတ်တာနဲ့ဆက်နွှယ်တယ်ဆိုပြီး ဖမ်းတာတဲ့။ အခု အဲဒီဖုန်းဆိုင် ပိတ်ထားတာတွေ့တယ်။"ဟု အဖမ်းခံရသည့် ဖုန်းဆိုင်အနီးတွင် နေထိုင်သူ တဦးကပြောသည်။
အလားတူ ၁၁လမ်း၊ ၇၉လမ်းနှင့် ၈၀လမ်းကြား၊ သူရဲစျေး ဘူတာပေါက်အနီးရှိ တိုက်ခန်းတခုမှလည်း လူငယ်တဦး ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံတဦးကပြောသည်။
"အဖမ်းခံရတဲ့ ကောင်လေးက ကျောင်းသားလေးပါ။ ဘာသံ ညာသံ မကြားပါဘူး။ သူ့မိဘတွေတော့ လိုက်နေကြတယ်။ ကျွန်တော် သိသလောက် ပြောတာပါ။"ဟု ဒေသခံတဦးကပြောသည်။
ဖမ်းဆီးခံရသူများသည် ရဲစခန်းအနီး ရပ်ကွက်များမှ လူငယ်များဖြစ်ပြီး ထပ်မံစွပ်စွဲဖမ်းဆီးခံရမည်ကို ဒေသခံများက စိုးရိမ်လျှက်ရှိကြောင်း သိရသည်။
"အထင်နဲ့ အခုလိုတွေ ထပ်ဖမ်းမှာ စိုးရိမ်တယ်။ ရှင်းရှင်းပြောရရင် အလကားနေရင်း အဖမ်းခံရမှာကြောက်တယ်ဗျာ။"ဟု ရဲစခန်းအနီး ဌာနီရှေ့ရပ်ကွက်တွင် နေထိုင်သူ တဦးပြောသည်။
လတ်တလောတွင် ရဲစခန်းအနီးရှိ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များနှင့်နေအိမ်များမှ CCTV မှတ်တမ်းများကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ယနေ့ နံနက် ၁၀ နာရီကျော်သည့်တိုင် မိသားစုဝင်များနှင့်ဖမ်းဆီးခံထားရသူများ အဆက်အသွယ် မရရှိသေးကြောင်း သိရသည်။
ရဲတပ်ကြပ် မိုးဆန်းဦးသည် အပြင်မှရဲစခန်းသို့ အပြန် အောက်တိုဘာ ၁၀ရက်၊ ညနေ ၆နာရီခန့်က အမှတ်(၄)ရဲစခန်းအနီးတွင် ပစ်သတ်ခံရခြင်းဖြစ်သည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို Generation Z Power - GZP (Mandalay)၊ ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့(မန္တလေး)က လုပ်ဆောင်ခဲ့ကြောင်း ၎င်းနေ့မှာပင် သတင်းထုတ်ပြန်ခဲ့သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#GZP
#အောင်မြေသာစံမြို့နယ်
#ရဲစခန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍8👎3❤1
ဝက်လက် လှတောရဲစခန်းကို PDF တိုက်ခိုက်၊ စစ်သား ၇ ဦးသေဆုံးဟုဆို
====================
လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ် ၊ လှတောကျေးရွာရဲစခန်းတွင် အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ခုနှစ်ဦး သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ်-၇ တပ်ရင်း ( Zero ပြောက်ကျား) ထံမှ သိရသည်။
လှတောကျေးရွာရဲစခန်းကို အောက်တိုဘာ ၁၀ ရက် ည ၈ နာရီအချိန်တွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ပြီး တညလုံးနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့မှ ကိုသက်ကြီးက ပြောသည်။
“ စခန်းသိမ်းဖို့အထိ ရည်ရွယ်ပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရတဲ့အတွက် အချိန် နှစ်ပတ်နီးပါးလောက်တော့ ကြိုတင်ပြင်ဆင်ခဲ့ရပါတယ်။ နယ်မြေခံ တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ စုပေါင်းပြီး အမိန့်တခုတည်းအောက်ကနေ ညီညီညွတ်ညွတ် ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်း ကဆိုသည်။
ရာသီဥတုအခြေအနေကြောင့် စိတ်တိုင်းကျတိုက်ပွဲဖော်ဆောင်၍ မရခဲ့ဘဲ လက်နက်ငယ်များသာ အသုံးပြု တိုက်ခိုက်ခဲ့ရကြောင်း ကိုသက်ကြီးက ပြောသည်။တိုက်ပွဲကို မြင်းခြံခရိုင် အမှတ်-၇ တပ်ရင်း(Zero ပြောက်ကျားတပ်ဖွဲ့) ၊ ဆားတောင်မိုးကြိုးအဖွဲ့ ၊ နယ်မြေခံ တိုက်နယ် ပ.က.ဖ ၊Zero Power အဖွဲ့နှင့် ဒေသခံ မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်သားခုနစ်ဦးသေဆုံးခဲ့ပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့များဘက်မှ ရဲဘော် တဦးကျဆုံးကာ သုံးဦး ဒဏ်ရာရခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း-၇က သတင်းထုတ်ပြန်သည်။ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကို မဇ္ဈိမအနေဖြင့်သီးခြားအတည်မပြုနိုင်သေးပေ။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အောက်တိုဘာ ၁၁ ရက်နံနက် ၁နာရီခွဲခန့်တွင် ရဲစခန်းထဲမှနေ၍ လက်နက်ကြီးဖြင့် သုံးချက် ပစ်ခတ်ခဲ့ရာ ဒေသခံနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ယင်းနေ့ နံနက် ၉နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လှတောရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်သုံးလုံး၊ လက်ဖက်ရည်ဆိုင်နှစ်ဆိုင်၊ ဈေးဆိုင်ခန်းငါးခန်းကိုမီးရှို့ ဖျက်ဆီးသွားကြောင်းWetlet Informational Network အဖွဲ့က သတင်းထုတ်ပြန်သည်။ ထိုစစ်ကြောင်းသည် နေ့လယ်ပိုင်းတွင် ရွှေဘိုမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။
စာတည်း - အေးချမ်း
လှတောရဲစခန်းကို တိုက်ခိုက်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ
Photo/Zero ပြောက်ကျားတပ်ဖွဲ့
#mizzima
#ဝက်လက်မြို့နယ်
#လှတောရဲစခန်း
#တိုက်ခိုက်မှု

👍13❤2😁2👎1
NCAနှစ်ပတ်လည်ကျင်းပဖို့ပြင်ဆင်နေချိန်မုန်လိုင်ချက်ကိုတိုက်ခိုက်မှုမလုပ်ခဲ့ဘူးလို့စစ်ကောင်စီငြင်းဆို
NCA နှစ်ပတ်လည်ကျင်းပရန် ပြင်ဆင်နေချိန်မှာ EAO အဖွဲ့တွေနဲ့ ...
https://www.youtube.com/watch?v=GfN1dRS-6is

YouTube
NCAနှစ်ပတ်လည်ကျင်းပဖို့ပြင်ဆင်နေချိန်မုန်လိုင်ချက်ကိုတိုက်ခိုက်မှုမလုပ်ခဲ့ဘူးလို့စစ်ကောင်စီငြင်းဆို
NCA နှစ်ပတ်လည်ကျင်းပရန် ပြင်ဆင်နေချိန်မှာ EAO အဖွဲ့တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကို အနည်းဆုံးဖြစ်ဖို့ ကြိုးပမ်းနေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
အောက်တိုဘာလ ၁၁ ရက်နေ့မှာ KIA ဌာနချုပ် လိုင်ဇာမြို့အနီးရှိ မုန်လိုင်ချက်မှာ ဖြစ်ပွားခဲ့တဲ့…

🤮6❤2
ထောင်ထဲမှာ ၃ နှစ်အကျဉ်းချထားပြီးတဲ့နောက် ဩစတြေးလျသတင်းထောက်ကို တရုတ်ပြန်လွှတ်ပေး
ထောင်ထဲမှာ ၃ နှစ်အကျဉ်းချထားပြီးတဲ့နောက် ...
https://www.youtube.com/watch?v=bM1ggFYy7PA

#International
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…

👍4🔥1
ထောင်ထဲမှာ ၃ နှစ်အကျဉ်းချထားပြီးတဲ့နောက် ဩစတြေးလျသတင်းထောက်ကို တရုတ်ပြန်လွှတ်ပေး#reels#shorts

https://www.youtube.com/watch?v=Zq5aXOO3rbw

#internationalnews #reels #shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

👍3🔥1
NCAနှစ်ပတ်လည်ကျင်းပဖို့ပြင်ဆင်နေချိန်မှာမုန်လိုင်ချက်ကိုတိုက်ခိုက်မှုမလုပ်ခဲ့ဘူးလို့စကစငြင်းဆို
NCA နှစ်ပတ်လည်ကျင်းပဖို့ ပြင်ဆင်နေချိန်မှာ EAO အဖွဲ့တွေနဲ့ ...
https://www.youtube.com/watch?v=PmSZfsfGOEw

NCA နှစ်ပတ်လည်ကျင်းပဖို့ ပြင်ဆင်နေချိန်မှာ EAO အဖွဲ့တွေနဲ့ ပစ်ခတ်မှု မဖြစ်အောင်ကြိုးစားနေပြီး မုန်လိုင်ချက်ကို တိုက်ခိုက်မှုမလုပ်ခဲ့ဘူးလို့ စစ်ကောင်စီငြင်းဆို
Watch more detail - https://youtu.be/GfN1dRS-6is
#စစ်ကောင်စီ#NCA #EAO အဖွဲ့
#VideoNews #shorts…

❤2😁2👍1
China says Australian journalist deported after serving sentence
China says Australian journalist Cheng Lei has been deported, after Prime Minister Anthony Albanese announced she had been ...
https://www.youtube.com/watch?v=VlZ86rDyiQI

China says Australian journalist Cheng Lei has been deported, after Prime Minister Anthony Albanese announced she had been freed from detention and reunited with her two young children in Melbourne.
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့…

👍5🔥2
ကျွန်းနိုင်ငံတွေကြားရာသီဥတုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးသဘောတူကြေညာချက်အင်ဒိုနီးရှားမှာလက်မှတ်ရေးထိုး
ကျွန်းနိုင်ငံတွေကြား ရာသီဥဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ...
https://www.youtube.com/watch?v=f3taB7QFgek

ကျွန်းနိုင်ငံတွေကြား ရာသီဥဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး သဘောတူကြေညာချက်ကို အင်ဒိုနီးရှားမှာလက်မှတ်ရေးထိုး
#International
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

ထောင်နဲ့ချီတဲ့ ငလျင်ဒဏ်ခံအာဖဂန်ပြည်သူတွေဟာ အအေးဒဏ်အတွက် ရတက်မအေးဖြစ်နေကြရ#reels #shorts
ထောင်နဲ့ချီတဲ့ ငလျင်ဒဏ်ခံအာဖဂန်ပြည်သူတွေဟာ အအေးဒဏ်အတွက် ...
https://www.youtube.com/watch?v=xv9LE8jLcBk

ထောင်နဲ့ချီတဲ့ ငလျင်ဒဏ်ခံအာဖဂန်ပြည်သူတွေဟာ အအေးဒဏ်အတွက် ရတက်မအေးဖြစ်နေကြရ
#internationalnews #reels #shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…
#internationalnews #reels #shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…
👍4🔥1
October - 12 [2 Pm] Mizzima News Hour
October - 12 [2 Pm] Mizzima News Hour Mizzima Headline News #2pmnews #mizzimanewshour #reels #shorts ...
https://www.youtube.com/watch?v=PXdH3PA3xfY

Mizzima Headline News
#2pmnews
#mizzimanewshour
#reels
#shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…
Mizzima Headline News
#2pmnews
#mizzimanewshour
#reels
#shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…
👍2🔥1
အောက်တိုဘာလ( ၁၂ )ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:06-NCA နှစ်ပတ်လည်ကျင်းပဖို့ ပြင်ဆင်နေချိန်မှာ EAO အဖွဲ့တွေနဲ့ ...
https://www.youtube.com/watch?v=wGUGn64IcDk

01:06-NCA နှစ်ပတ်လည်ကျင်းပဖို့ ပြင်ဆင်နေချိန်မှာ EAO အဖွဲ့တွေနဲ့ ပစ်ခတ်မှု မဖြစ်အောင်ကြိုးစားနေပြီး မုန်လိုင်ခက်ကို တိုက်ခိုက်မှုမလုပ်ခဲ့ဘူးလို့ စစ်ကောင်စီငြင်းဆိုတဲ့သတင်း
03:34-ဖယ်ခုံမြို့ကျေးရွာတချို့မှာ ကလေးငယ်နဲ့ ဒေသခံတွေ အရေပြားရောဂါ ဖြစ်ပွားတဲ့သတင်း…
03:34-ဖယ်ခုံမြို့ကျေးရွာတချို့မှာ ကလေးငယ်နဲ့ ဒေသခံတွေ အရေပြားရောဂါ ဖြစ်ပွားတဲ့သတင်း…
👍3🔥1
ထောင်နဲ့ချီတဲ့ ငလျင်ဒဏ်ခံအာဖဂန်ပြည်သူတွေဟာ အအေးဒဏ်အတွက် ရတက်မအေးဖြစ်နေကြရ
ထောင်နဲ့ချီတဲ့ ငလျင်ဒဏ်ခံအာဖဂန်ပြည်သူတွေဟာ အအေးဒဏ်အတွက် ...
https://www.youtube.com/watch?v=QA1lx6qZaCQ
ထောင်နဲ့ချီတဲ့ ငလျင်ဒဏ်ခံအာဖဂန်ပြည်သူတွေဟာ အအေးဒဏ်အတွက် ...
https://www.youtube.com/watch?v=QA1lx6qZaCQ
YouTube
ထောင်နဲ့ချီတဲ့ ငလျင်ဒဏ်ခံအာဖဂန်ပြည်သူတွေဟာ အအေးဒဏ်အတွက် ရတက်မအေးဖြစ်နေကြရ
ထောင်နဲ့ချီတဲ့ ငလျင်ဒဏ်ခံအာဖဂန်ပြည်သူတွေဟာ အအေးဒဏ်အတွက် ရတက်မအေးဖြစ်နေကြရ
#International
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင…

အာဖဂန်ငလျင်ကြောင့် သေဆုံးသူအများစုမှာ အမျိုးသမီးနဲ့ကလေးငယ်တွေဖြစ်#reels #shorts
အာဖဂန်ငလျင်ကြောင့် သေဆုံးသူအများစုမှာ ...
https://www.youtube.com/watch?v=Klv0htlg4Aw

အာဖဂန်ငလျင်ကြောင့် သေဆုံးသူအများစုမှာ အမျိုးသမီးနဲ့ကလေးငယ်တွေဖြစ်
#internationalnews #reels #shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်…

👍4🔥1😁1
ဂါဇာရှိ ဟားမတ်စ်တို့ကို လုံးလုံးလျားလျား ချေမှုန်းဖျက်ဆီးပစ်မည်ဟု အစ္စရေး ကြုံးဝါး
ဟားမတ်စ် စစ်သွေးကြွအဖွဲ့၏ ရဲတင်းသော အလစ်အငိုက် တိုက်ခိုက်မှု ဖြစ်ပေါ်ပြီးနောက် အစ္စရေးက ဂါဇာကမ်းမြှောင်ရ.....
https://ift.tt/CaoEPTf

ပဲခူးတွင် ရေအနည်းငယ် ပြန်ကျနေသော်လည်း အကူအညီများလိုအပ်လျက်ရှိ
================
YT
(မဇ္ဈိမ)။ ။ မိုးရွာသွန်းမှုများ၍ ပဲခူးမြစ်ရေလျှံကာ မြို့ပေါ် ရပ်ကွက် အားလုံးနီးပါး ရေနစ်မြုပ်နေသည့် ပဲခူးတိုင်း၊ ပဲခူးမြို့တွင် ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့၌ ရေကျဆင်းလာပြီဖြစ်ကြောင်း လူမှုကူညီရေးအသင်းများနှင့် ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့မှစတင်၍ ပဲခူးမြို့တွင် မိုးရွာသွန်းမှုများကြောင့် မြစ်ရေ၊ ချောင်းရေ မြင့်တက်လာပြီး မြို့ပေါ်ရပ်ကွက် အားလုံးနီးပါး၌ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခြင်း ငါးရက်အကြာ ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပဲခူးမြို့ပေါ် အမြင့်ပိုင်း ရပ်ကွက်အချို့၌ ရေအနည်းငယ် ပြန်ကျ၍ လူသွားလာနိုင်ပြီဖြစ်ပြီး အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်အချို့တွင်မူ ရေကြီးနစ်မြုပ်မှု ဆက်လက်ကျန်ရှိနေဆဲဖြစ်၍ လူတရပ်ပင် မမှီသေးသည်အထိ ရေကြီးနေဆဲနေရာများလည်း ရှိသေးကြောင်း သိရသည်။
လက်ရှိတွင် ပဲခူးမြို့ပေါ်မှ ရေဘေးသင့်ပြည်သူများအတွက် ယာယီအရေးပေါ်ကူညီကယ်ဆယ်ရေးစခန်း ၂၉ ခု ဖွင့်လှစ်ထားရပြီး ကယ်ဆယ်ရေးစခန်းများသို့ မရောက်ဘဲ ရေနစ်မြုပ်နေသည့် နေအိမ်အတွင်း၌ပင် နေနေရသည့် ဒေသခံများလည်း ရှိကြောင်း၊ ပဲခူးမြို့ပေါ်တွင် ရေဘေးသင့်ပြည်သူ သောင်းနှင့်ချီ ရှိကြောင်း သိရသည်။
" ကယ်ဆယ်ရေးစခန်းတွေမှာက အစိုးရအဖွဲ့တွေ အုပ်ချုပ်ရေးပိုင်းကသူတွေက တာဝန်ယူပြီးတော့ တအိမ်တထုပ် တထုပ်နဲ့ တာဝန်ယူထားတာ။ ဒီ ပရဟိတအသင်းတွေကျတော့ ရေနက်တဲ့နေရာတွေမှာ ကိုယ်တိုင်ကိုယ်ကျ ကယ်ဆယ်ရေးသွားတယ်၊ လိုက်လှူတယ် လှေလေးတွေနဲ့လေ၊ တောက်လျှောက်သွားနေတယ်" ဟု ဟံသာဝတီ(မွန်)လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။
ပဲခူးမြို့ရှိ ရေဘေးသင့်ပြည်သူများအနေဖြင့် နေအိမ်ပြန်ရန် သုံးရက်ဝန်းကျင် ကြာမြင့်ဦးမည်ဖြစ်ပြီး အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် အကူအညီများလိုအပ်နေကြောင်း သိရသည်။
" လက်ရှိ လိုအပ်နေတဲ့အရာတွေကတော့ စောင်၊ ခြင်ထောင်၊ အဝတ်အစား၊ ဓာတ်ဆား၊ ဆေးဝါး အဲ့ဒါလေးတွေကတော့ အဓိက လိုအပ်နေပါတယ်ဗျ။ ကျွန်တော်ထင်တာတော့ ရေပြန်ကျပြီး ရေဘေးသင့်ပြည်သူတွေ နေအိမ်ပြန်နိုင်ဖို့ သုံးရက်လောက် လိုပါဦးမယ်" ဟု မေတ္တာရွှေစင် ပရဟိတအသင်းမှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ၎င်း၏ စိုးရိမ်ရေမှတ်အထက် နှစ်ပေ သုံးလက်မခန့် မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်း၌ ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့တွင် နေရာစိပ်စိပ် မိုးရွာသွန်းနိုင်သကဲ့သို့ နေရာကွက်၍လည်း မိုးကြီးနိူင်ကြောင်း၊ ရွာရန် ရာနှုန်းပြည့်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
ဓါတ်ပုံ- ပဲခူးမြို့ပေါ် ရေကြီးမှုမြင်ကွင်းအချို့ (ဓါတ်ပုံ- လူမှုကွန်ယက်)
#mizzima
#မိုးဇလ
#ပဲခူးမြစ်ရေ
#ဟံသာဝတီ

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍8😁2
စစ်အာဏာသိမ်းပြီး လပေါင်း ၃၀ ကျော်အတွင်း ချင်းလူမျိုး ၅၀၀ ကျော် အသက်ဆုံးရှုံး
===============
ပါခွီး
(မဇ္စျိမ)။ ။မြန်မာနိုင်ငံတွင် စစ်တပ်က ဥပဒေမဲ့ အာဏာလုယူပြီးနောက် လူအခွင့်အရေးချိုးဖောက်မှုနှင့် နည်းမျိုးစုံဖြင့်သတ်ဖြတ်မှုတို့ကြောင့် ချင်းလူမျိုး ၅၂၈ ဦးသေဆုံးခဲ့ကြောင်း ချင်းရေးရာအဖွဲ့ချုပ်(ICA)က အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှု၊ လေကြောင်းနှင့် လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်မှုများ ကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့အထိ ၃၂ လအတွင်း ချင်းလူမျိုး အရပ်သား ၂၁၇ ဦး နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၁၁ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။
“အခုအစီရင်ခံစာက ပြည်တွင်းမှာရှိတဲ့ဝန်ထမ်းတွေ ကောက်ယူထားတဲ့ အချက်အလက်တွေကို ဒေသခံ တွေ အတည်ပြုထားတာတွေပါ။ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်ပေါ်မူတည်ပြီး ဒေသခံ တွေရဲ့ပြောဆိုချက်တွေကို ပြန်စိစစ်ပြီး အတည်ပြုထားတဲ့စာရင်းတွေဖြစ်ပါတယ်။ ဒီအချက်အလက်တွေ က ချင်းပြည်နယ်တခုလုံးကို လွှမ်းခြုံနိုင်ပါတယ်” ဟု ICA လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးစံ ကမဇ္စျိမကိုပြောသည်။
ယခုကဲ့သို့ဖြစ်စဉ်များသည် ချင်းလူမျိုးတခုတည်းသာမဟုတ်ဘဲ မြန်မာနိုင်ငံရှိ မျိုးနွယ်စုအားလုံး တွေ့ကြုံ ခံစားနေရခြင်းဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် လက်ပိုက်ကြည့်နေပြီး ထုတ်ပြန်ချက်ထုတ် ပြန်နေရုံမကဘဲ ထိရောက်သော အရေးယူမှုများ အမြန်ဆုံးပြုလုပ်သင့်ကြောင်း ဆိုသည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ မြေမြှုပ်မိုင်း၊ လက်နက်ကြီးနှင့် ဖမ်းဆီးနှိပ်စက်မှုကြောင့် သေဆုံးသူအရပ်သား ၂၁၇ ဦးတွင် အမျိုးသမီး ၃၈ ဦး နှင့် အမျိုးသား ၁၇၉ ဦးရှိကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။
အရပ်သားသေဆုံးမှုအတွင်း အသက် ၁၈ နှစ်အောက် မိန်းကလေး လေးဦးနှင့် ယောကျ်ားလေး ၂၀ ဦးဖြစ် ပြီး စုစုပေါင်း ၂၄ ဦး ပါဝင်ကြောင်းသိရသည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခုခံသည့် ချင်းအမျိုးသားများ နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပေါင်း ၇၅၀ နီးပါးဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီး ၁၅ ဦး နှင့် အမျိုးသား ၂၉၆ ဦး စုစုပေါင်း ၃၁၁ ဦး ကျဆုံးခဲ့ကြောင်းလည်း ဖော်ပြထားသည်။
ကျဆုံးသူများတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၅ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၂၃ ဦး၊ သက်သေဖျောက် သည့်အနေဖြင့် အလောင်းမီးရှို့ဖျက်ဆီးခံရသူ ကိုးဦး၊ ဒဏ်ရာရရှိပြီး ဆေးဝါးကုသခွင့်မရရှိမှုကြောင့် ၁၈ ဦးနှင့် တိုက်ပွဲများအတွင်းကျဆုံးသူ ၂၃၅ ဦးရှိကြောင်း သိရသည်။
ချင်းလူမျိုးများသေဆုံးမှုတွင် ခရစ်ယာန်ဘာသာရေးခေါင်းဆောင် ဓမ္မအမှုတော်ဆောင်ဆရာတော် ငါးပါး နှင့် အသင်းထောက်လူကြီးသုံးဦး သတ်ဖြတ်ခံရမှုပါဝင်သလို ချင်းအမျိုးသမီးခြောက်ဦးကို စစ်ကောင်စီ တပ်သားများက အုပ်စုဖွဲ့၍ မုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့မှုလည်းပါဝင်ကြောင်း အစီရင်ခံစာကဆိုသည်။
၎င်းအပြင် ချင်းပြည်နယ်အတွင်းနှင့် ပြင်ပများရှိ ချင်းလူမျိုးများပိုင်ဆိုင်သော လူနေအိမ်နှင့် အဆောက် အဦး ၂၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး ဘာသာရေးအဆောက်အဦး ၁၀၁ ခု ထက်မနည်း ဖျက်ဆီးခံရ ကြောင်း သိရသည်။
ယခုကဲ့သို့ ချင်းလူမျိုးများ၏ အသက်အိုးအိမ်စည်းစိမ်များ ရင်းနှီးခဲ့ရမှုအပေါ် နိုင်ငံရေးအကျိုးအမြတ်များ ရရှိခံစားနိုင်စေရန် နိုင်ငံရေးအချိုးအကွေ့များတွင် ချင်းတော်လှန်ရေးအား မည်သို့ပြုလုပ်သင့်သည့်ကို တော်လှန်ရေးခေါင်းဆောင်များ စဥ်းစားသင့်ကြောင်း ဆလိုင်းဗန်ဆွီးစံက တိုက်တွန်းထားသည်။
စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာသဖြင့် အထိအခိုက်အသေ အပျောက်နည်းပါးစေရန် ပြည်သူများအနေဖြင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး လေကြောင်း ရန် အကာကွယ်များပြုလုပ်ထားရန် လိုအပ်ကြောင်း ICA လက်ထောက်ညွှန်ကြားရေးမှူးက ဆက်ပြောသည်။
စစ်ကောင်စီတပ်က မြေပြင်၊ ဝေဟင် သာလွန်အင်အားသုံး၍ အရပ်သားပစ်မှတ်များကို တိုက်ခိုက်နေ သဖြင့် ချင်းအမျိုးသားများ၏ အခြေခံရပိုင်ခွင့်ဖြစ်သော အသက်ရှင်နေထိုင်ခွင့်၊ ပညာသင်ကြားခွင့်၊ ကိုး ကွယ်ခွင့်၊ ဘေးကင်းလုံခြုံခွင့်များ ဆုံးရှုံးလျက်ရှိနေကြောင်း ဆိုသည်။
စစ်ကောင်စီတပ်သည် ဂျနီဗာသဘောတူညီချက်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း များကိုဆန့်ကျင်ပြီး ညှဉ်းပန်းနှိပ်စက်မှုများပြုလုပ်နေသဖြင့် နိုင်ငံတကာဥပဒေအရ ပြင်းထန်စွာ အရေးယူ နိုင်ရေးအတွက် သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများထံသို့ ICA အနေဖြင့် ပုံမှန်အချက်အလက် သက် သေများပေးပို့ခြင်းနှင့် လက်တွဲဆောင်ရွက်နိုင်ရန် စည်းရုံးလှုံ့ဆော်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရ သည်
ပုံအညွှန်း - ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး သင်္ဂြိုလ်နေစဥ်
ဓါတ်ပုံ - ချင်းအမျိုးသားအဖွဲ့ချုပ်
#ချင်းလူမျိုး
#ချင်းရေးရာအဖွဲ့ချုပ်(ICA)
#လူအခွင့်အရေးချိုးဖောက်မှု

❤5😢3🔥1