Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မြန်မာနိုင်ငံကို လာရောက်ပြီး စစ်ကောင်စီနှင့် ထပ်မံဆွေးနွေးသွားလိုဟု ဟွန်ဆန် ပြော
==============

ငြိမ်းချမ်းရေး အကျိုးဆောင်ရန်အလို့ငှာ မြန်မာအာဏာသိမ်း စစ်ကောင်စီနှင့် တွေ့ဆုံ ဆွေးနွေးသွားရန် ဆန္ဒရှိသည်ဟု ကမ္ဘောဒီးယား အာဏာရ ပြည်သူ့ပါတီ (CPP) ဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က ပြောဆိုကြောင်း khmer Times သတင်းဌာနက ဖော်ပြသည်။

------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
😁7🖕2👍1👏1🤬1
​​ဟားမတ်စ် တိုက်ခိုက်မှု၌ သက်ကြီးလူနာကို မထားခဲ့ရက်သည့် ဖိလစ်ပိုင်သူနာပြု အသတ်ခံရ
===============

အစ္စရေးနှင့် စစ်သွေးကြွအုပ်စု ဟားမတ်စ်တို့၏ ပဋိပက္ခအတွင်း အသတ်ခံရသော ဖိလစ်ပိုင် သူနာပြုအမျိုးသမီးသည် သူ့၏ သက်ကြီးလူနာ မပါဘဲ ထွက်ပြေးရန် ငြင်းဆန်ခဲ့သူဖြစ်သည်ဟု အစ္စရေးတာဝန်ရှိသူတဦးက ပြောသည်။ 
“အိန်ဂျလင်းဟာ ဖိလစ်ပိုင်က သူနာပြုဆရာမတဦးဖြစ်ပြီး သက်ကြီးပိုင်း လူနာ နီရာကို ပြုစုစောင့်ရှောက်နေသူပါ”ဟု ဂျေရုဆလင် မြို့တော်ဝန် ဖလော်ဟာဆန်နာဟွမ်းက ပြောသည်။ 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢6🔥2👍1😁1
​​တရုတ်၏ လူမျိုးတုံးသတ်ဖြတ်မှုများအား တားဆီးပေးရန် ကမ္ဘာ့အင်အားကြီးနိုင်ငံများကို ဝီဂါများ တိုက်တွန်း
===============

တရုတ်နိုင်ငံက ရှင်ကျန်းပြည်နယ်တွင် ကျူးလွန်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများကို တူရကီနိုင်ငံရောက် ဝီဂါများက ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် အဆိုပါချိုးဖောက်မှုများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုမြောက်ကြောင်း Amnesty International ၏ အစီရင်ခံစာသစ်တွင် အတည်ပြုထားသည်ဟု Daily Asian Age သတင်းတွင် ဖော်ပြထားသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥1😁1
​​စစ်ကောင်စီနဲ့ပေါင်းပြီး ကိုယ်ကျိုးရှာ၊ အများပြည်သူကို ဒုက္ခပေးနေတဲ့ မော်လမြိုင်ကျွန်းက အုပ်ချုပ်ရေးမှူး
===================

အယ်ဒီတာထံပေးစာ
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွန်းခယ်မကျေးရွာအုပ်ချုပ်ရေးမှူး၊ အုတ်လုပ်ငန်းရှင်များ အသင်းရဲ့ဥက္ကဋ္ဌ ဦးဖိုးထွေးဟာ စစ်ကောင်စီနဲ့ပေါင်းပြီး မြို့နယ်အတွင်းမှာရှိတဲ့ အုတ်လုပ်ငန်းရှင်တွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေပါတယ်။

အုပ်ချုပ်ရေးမှူးဖြစ်တဲ့အတွက် ရရှိထားတဲ့အခွင့်အာဏာကိုအသုံးပြုပြီး တနိုင်တပိုင် အုတ်လုပ်ငန်း လုပ် ကိုင်နေသူတွေဆီက တဦးကို ၆၀၀,၀၀၀ နှုန်း ကောက်ခံနေပါတယ်။

စစ်ကောင်စီရဲ့ လူကြီးတွေလာရင် ဧည့်ခံဖို့အတွက်လို့ပြောပြီးတော့လည်း တနိုင်တပိုင် အုတ်လုပ်ငန်းလုပ် ကိုင်နေသူတွေဆီက ပိုက်ဆံ ၅၀,၀၀၀ တောင်းတာတွေ၊ ၁၀၀,၀၀၀ တောင်းတာတွေကို တနှစ်ပတ်လုံး အကြိမ်ကြိမ်ပြုလုပ်နေပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်မှာ တရားဝင်အုတ်လုပ်ငန်းလုပ်ကိုင်သူ ၆၀ ဝန်းကျင်လောက်ရှိပြီး၊ တနိုင်တပိုင် အုတ်လုပ်ငန်းလုပ်ကိုင်သူ ၁၀၀ လောက်ရှိနေတဲ့အတွက် ဦးဖိုးထွေးအတွက် ခွင်ကောင်းတခုဖြစ်နေတာ ဖြစ်ပါတယ်။

အဲဒီအပြင် ကားလမ်းမကြီးနဲ့ကပ်လျှက်မှာရှိတဲ့ လယ်တွေကိုလည်း လယ်ယာမြေများအခြားနည်းသုံးစွဲခွင့် လျှောက်ထားပေးမယ်ဆိုပြီး မြို့နယ်စီမံကောင်စီဥက္ကဋ္ဌရဲ့ လက်မှတ်ထိုးဖို့အတွက် ၁၀ သိန်းနှုန်း တောင်းခံ နေတာလည်း ရှိပါတယ်။

သူပိုင်ဆိုင်တဲ့ မော်လမြိုင်ကျွန်းက ပါရာဒိုက် KTV မှာဆိုရင်လည်း မြို့နယ်စီမံကောင်စီဥက္ကဋ္ဌ၊ မြို့နယ်စီမံ ကောင်စီဝင် ဗိုလ်မှူးမင်းလွင်တို့ကို ညစဥ်ညတိုင်းလိုလိုခေါ်ပြီး VIP လို့သတ်မှတ်ထားတဲ့အခန်းတွေမှာ ဧည့်ခံနေပါတယ်။

ပါရာဒိုက် KTV မှာ စားသောက်ဖွယ်ရာမျိုးစုံရှိတဲ့အပြင် အပျော်မယ်တွေ၊ တရားဝင်သဖွယ်ရရှိနိုင်တဲ့ မူးယစ်ဆေးဝါးမျိုးစုံလည်း ရရှိပါတယ်။

ယခင်ရက်တွေကဆိုရင် ပါရာဒိုက်မှာသွားရောက်ပျော်ပါးသူတွေ ညအချိန်လင့်သွားလို့ အဲ့ဒီဆိုင်ရဲ့ဝန်ထမ်း ကောင်လေးတွေက မြို့အဝင်စစ်ဆေးရေးဂိတ်အထိ လိုက်ပို့ခဲ့တာကိုတွေ့ရပါတယ်။ ပါရာဒိုက်ကိုသွားရင် ညမထွက်ရအမိန့်ကိုလည်း ဂရုစိုက်စရာမလိုဘူးလို့ မြို့ခံပြည်သူတွေကြားမှာ ပြောဆိုနေကြတာတွေ ရှိပါ တယ်။
အခုလို စစ်ကောင်စီနဲ့ပေါင်းပြီး ပြည်သူတွေကိုဒုက္ခပေးတာတွေ၊ နည်းမျိုးစုံနဲ့ ငွေကြေးတောင်းယူနေတာ တွေ၊ ကိုယ်ကျိုးစီးပွားအတွက် တရားမဝင်အလုပ်တွေပြုလုပ်နေတဲ့ အုပ်ချုပ်ရေးမှူး ဦးဖိုးထွေးရဲ့ အကြောင်းကို အများပြည်သူသိရှိနိုင်ဖို့အတွက် မဇ္စျိမရဲ့အယ်ဒီတာထံပေးစာကတဆင့် ရေးသားလိုက်ပါ တယ်။

(မော်လမြိုင်ကျွန်းလူငယ်များ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍13🤮3🔥1😁1
​​ဘတ်ဂျက်လိုငွေပြမှု ကျပ်ဘီလီယံ ၇,၈၀၀ ကျော်ဖြစ်ပေါ်ပြီးနောက် အသုံးစရိတ်များကို စိစစ်သုံးစွဲရန် စစ်ကောင်စီမှာကြား
===================

001
(မဇ္စျိမ)။ ။ လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျပ်ဘီလီယံ ၇,၈၀၀ ကျော် ဘတ်ဂျက်လိုငွေပြနေပြီး အသုံးစရိတ်များကို စိစစ်သုံးစွဲရန် စစ်ကောင်စီ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက စက်တင်ဘာလ ကုန်ပိုင်းက ထုတ်ပြန်သည့် ဘဏ္ဍာရေးမူဝါဒစာတမ်းတွင် ဖော်ပြထားသည်။

လက်ရှိဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု၊ တိုင်း၊ ပြည်နယ်များ၏ ရငွေစုစုပေါင်းမှာ ကျပ် ၂၅,၃၀၀ ဘီလီယံ ကျော်သာရှိပြီး အသုံးစရိတ်စုစုပေါင်းမှာ ကျပ် ၃၃,၁၀၀ ဘီလီယံကျော်ရှိသည့်အတွက် လိုငွေ ကျပ် ၇,၈၀၀ ဘီလီယံကျော်ပြသနေခြင်းဖြစ်သည်။

ဘတ်ဂျက်လိုငွေဖြည့်ဆည်းရာတွင် ငွေတိုက်စာချုပ်ရောင်းချခြင်း၊ ငွေတိုက်လက်မှတ်ရောင်းချခြင်းနှင့် ဗဟိုဘဏ်မှချေးယူခြင်း စသည့်နည်းလမ်းသုံးမျိုးဖြင့် ဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီ၏ ဘဏ္ဍာရေးမူဝါဒစာတမ်းက ဆိုထားသည်။

ထို့ပြင် ဘတ်ဂျက်လိုငွေကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် ရငွေလျာထားချက်အပေါ် ပြည့်မီကျော် လွန်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခြင်း၊ အသုံးစရိတ်များလျာထားရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန်အထောက်အကူပြုနိုင်မည့် လုပ်ငန်းများနှင့် လူမှုစီးပွားဘဝမြှင့်တင်ပေးမည့် အသုံးစရိတ် များကို ဦးစားပေးလျာထားပြီး အခြားအသုံးစရိတ်များကို စနစ်တကျ စိစိစစ်စစ်သုံးစွဲခြင်း စသည့်အချက် များကို လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း ပါရှိသည်။

ယခုဘဏ္ဍာနှစ်အတွက် သာမန်အသုံးစရိတ်တွင် ဝန်ထမ်းအင်အားအသစ်ခန့်အပ်ခြင်းနှင့် ပတ်သက်ပြီး အသေးစိတ်တွက်ချက်ဆောင်ရွက်ရန်၊ အုပ်ချုပ်မှုသုံး စက်သုံးဆီ၊ လုပ်ငန်းသုံးစက်သုံးဆီများကို ရန်ပုံငွေ ခွင့်ပြုဘောင်အတွင်း လောက်ငှအောင်သုံးစွဲရန်၊ သွင်းကုန်အစားထိုးရန်နှင့် ပြည်တွင်းကုန်ထုတ်လုပ်မှု မြှင့်တင်ရေးဆိုင်ရာ အသုံးစရိတ်များတိုးမြှင့်ပေးရန်၊ ကျန်းမာရေးနှင့် ပညာရေးအသုံးစရိတ်တိုးမြှင့်ရန် မူဝါဒချမှတ်ထားကြောင်း အဆိုပါ စာတမ်းအရ သိရသည်။

သို့သော် လက်တွေ့တွင် စစ်ကောင်စီက စစ်အသုံးစရိတ်အတွက် ကျပ်ဘီလီယံ ၅,၆၀၀ ကျော်ဖြင့် ဝန်ကြီး ဌာနအားလုံးထဲတွင် အများဆုံးသုံးစွဲနေခြင်းဖြစ်ပြီး ပညာရေးအတွက် ကျပ်ဘီလီယံ ၂,၁၀၀ ကျော်နှင့် ကျန်းမာရေးအတွက် ကျပ်ဘီလီယံ ၈၀၀ ကျော်ကိုသာ သုံးစွဲထားသည်။

လက်ရှိဘဏ္ဍာရေးနှစ်သည် ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင်ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်လိုငွေကို ကျပ်ဘီလီယံ ၇,၃၀၀ ကျော်ရှိမည်ဖြစ်ကြောင်း မူလကခန့်မှန်းခဲ့သော်လည်း ပြုပြင်ပြီး ခန့်မှန်းခြေအရ ကျပ် ၇,၉၀၀ ဘီလီယံကျော် ဖြစ်ပေါ်ခဲ့ ကြောင်း စစ်ကောင်စီ၏ ဘဏ္ဍာရေး မူဝါဒစာတမ်းအရ သိရသည်။

စာတည်း။ ။စောဖေ

#ဘတ်ဂျက်လိုငွေပြမှု
#ဘဏ္ဍာရေးမူဝါဒစာတမ်း
#စစ်အသုံးစရိတ်

ဓာတ်ပုံ- အင်အားပြ စစ်ကောင်စီလက်နက်အချို့ကို တွေ့ရစဉ် (ပုံ-ဟောင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍10😁5🤮3
​​Mission Mangal
===========

“အိမ်မက်ဆိုတာ အိပ်ပျော်နေတဲ့အချိန်မှာ မြင်ရတဲ့အရာမဟုတ်ဘူ မင်းကိုအိပ်မပျော်စေတဲ့အရာပါ”

၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့မှာ အိန္ဒိယက ပထမဆုံးအကြိမ်ကြိုးစားမှုမှာပဲ အင်္ဂါဂြိုလ်ပေါ်ကို ရောက်နိုင်ခဲ့တဲ့ ကမ္ဘာပေါ်ကပထမဆုံးနိုင်ငံပါ

၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ISRO အာကာသထဲကို ပထမဆုံးလူမပါပဲ ဒုံးကျည်လွှတ်တင်တဲ့ မစ်ရှင်အနေနဲ့ GSLV-F06 ကို လွှတ်တင်ခဲ့ပေမဲ့

Project Director တာရာ (Vidya Balan) ရဲ့ အမှားအယွင်းကြောင့် မအောင်မြင်ခဲ့ပဲ ဘင်္ဂဘားပင်လယ်အော်ထဲ ပျက်ကျခဲ့တယ်
တာရာရဲ့အမှားဖြစ်ပေမဲ့ သိပ်ပ္ပံပညာရှင် ရာကတ်ရှ် (Akshay Kumar) က သူ့ဆုံးဖြတ်ချက်ကြောင့် မစ်ရှင်မအောင်မြင်တာဖြစ်တယ်လို့ တာဝန်ခံလိုက်တာကြောင့် ISRO ရဲ့ ၂၀၂၂ မှာ အင်္ဂါဂြိုလ်စူးစမ်းလေ့လာရေး ဂြိုလ်တုတစ်လုံးလွှတ်တင်မဲ့ မစ်ရှင်အတွက် မစ်ရှင်ဒါရိုက်တာအနေနဲ့ ဌာနပြောင်းပြီး တာဝန်ပေးခြင်းခံရတယ်

တကယ်ဆို ဒီမစ်ရှင်ဟာ အဲ့အချိန်မှာအိန္ဒိယနိုင်ငံအနေနဲ့ ဘယ်လိုမှမဖြစ်နိုင်သေးပါဘူး တကယ်တော့ ဒါဟာ ရာကတ်ရှ်ကို အလုပ်ကထွက်စေချင်လို့ ဌာနပြောင်းခဲ့တာပါ..

အင်္ဂါဂြိုလ်ရောက်ဖို့အတွက်ဆို ကမ္ဘာကြီးရဲ့ဆွဲအားတွေကို ကျော်ဖြတ်ဖို့အတွက် လောင်စာဆီ အများကြီးလိုတယ် အိန္ဒိယမှာ ဒီလောက်များတဲ့လောင်စာဆီကို သယ်နိုင်တဲ့ ဒုံးကျည်ကလည်း မရှိသေးတဲ့အပြင် များပြားတဲ့လောင်စာဆီကို သယ်နိုင်တဲ့ GSLV ဒုန်းကျည်လွှတ်တင်တဲ့ မစ်ရှင်ကလည်း မအောင်မြင်ခဲ့ဘူး
ဒါပေမဲ့ ဒီမစ်ရှင်ကို ၂၄ လအတွင်း စတင်အကောင်အထည်ဖော်ဖို့ ရာကတ်ရှ်နဲ့ တာရာဟာ ISRO ရဲ့ ဒါရိုက်တာကိုတင်ပြတယ်
မစ်ရှင်ကိုအလျင်စလို အကောင်အထည်ဖော်ရတဲ့အကြောင်းက ကမ္ဘာနဲ့အင်္ဂါဂြိုလ်လမ်းကြောင်းက သုံးနှစ်မှာတစ်ကြိမ်သာ တိုတောင်းတာကြောင့် ၂၀၁၃ မှာသာ မလွှတ်တင်နိုင်ခဲ့ရင် ၂၀၁၇ မှ လွှတ်တင်နိုင်မယ်..ဒါဆိုတခြားနိုင်ငံတွေထက် အင်္ဂါဂြိုလ်ရောက်ဖို့နောက်ကျနိုင်မယ် အင်္ဂါဂြိုလ်ကို လွှတ်တင်ဖို့အသုံးပြုမဲ့ ဒုံးကျည်က PSLV PSLV ဒုံးကျည်ဟာ လကမ္ဘာကိုပဲရောက်နိုင်တဲ့ ဒုံးကျည်ဖြစ်တာကြောင့် အင်္ဂါဂြိုလ်ထိရောက်နိုင်ဖို့အတွက် လောင်စာဆီအလုံအလောက်မဆန့်ဘူး ဒါတင်မကဘူး ဒီဒုံးကျည်က ဝန်ဆံ့တဲ့ပမာဏအရမ်းနည်းတာကြောင့် အင်္ဂါဂြိုလ်ကိုလေ့လာဖို့ ဂြိုလ်တုရဲ့ အလေးချိန်ကို မသယ်နိုင်ဘူး ဒီထပ်ဆိုးတာက မစ်ရှင်အတွက်လိုအပ်တဲ့ဘတ်ဂျက်က ၈ ဘီလီယံ ၊ ခွင့်ပြုပေးတဲ့ဘတ်ဂျက်က ၄ ဘီလီယံ ဘယ်လိုမှမဖြစ်နိုင်တဲ့မစ်ရှင်တစ်ခုဆိုတာ အားလုံးကသိနေပေမဲ့ ရာကတ်ရှ်နဲ့တာရာရဲ့ စိတ်အားထက်သန်မှုတွေကြောင့် ISRO ရဲ့ဒါရိုက်တာက ခွင့်ပြုပေးခဲ့တယ်..

မဖြစ်နိုင်တဲ့မစ်ရှင်အတွက် အတွေ့အကြုံများတဲ့ ပညာရှင်တွေတောင်းခဲ့ပေမဲ့ မစ်ရှင်အတွက် ရလိုက်တဲ့သူတွေက ဂျူနီယာလေးတွေမစ်ရှင်မှာပါဝင်မဲ့သူတွေက အတွေ့အကြုံနည်းတဲ့သူတွေဖြစ်နေတဲ့အပြင် ကိုယ်ပိုင်ပြဿနာကိုယ်စီကလည်း ရှိနေကြသေးတယ်
ဒီလူတွေဟာ လောင်စာဆီအနည်းဆုံးနဲ့ အပေါ့ပါးဆုံးဂြိုလ်တုကို လွှတ်တင်နိုင်ဖို့အတွက် ဆိုတာ ကြီးမားတဲ့စိန်ခေါ်မှုကြီး.. အဲ့ဒီအချိန်မှာ အင်္ဂါဂြိုလ်ကိုသွားဖို့ ကြိုးစားနေတာ ကမ္ဘာ့ထိပ်သီးနိုင်ငံတွေဖြစ်တဲ့ ရုရှားနဲ့အမေရိကန်လည်း ပါဝင်တယ်

ရုရှားဟာ ရှစ်ကြိမ်တိုင်တိုင်ကျရှုံးခဲ့ပြီး အမေရိကန်ဟာ လေးကြိမ်တိုင် ကျရှုံးထားတယ်..တရုတ်ကလည်း ကြိုးစားနေဆဲအခြေအနေ
သိပ္ပံပညာရှင် ရာကတ်ရှ်ကတော့ “သိပ္ပံအောင်မြင်မှုဆိုတာ တစ်ချိန်တုန်းကတော့ ဟာသတစ်ပုဒ်လိုပါပဲ..ပထမဆုံးအကြိမ်မှာပဲ အောင်မြင်အောင်လုပ်ပြမယ်” တဲ့ စိတ်ကူးယဉ်ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်လမ်းမဟုတ်ဘူးနော်
တကယ့် Mission Impossible ကို တကယ်ဖြစ်အောင်လုပ်နိုင်ခဲ့တဲ့သူတွေရဲ့ ကြိုးစားအားထုတ်မှုကို ရိုက်ကူးတင်ဆက်ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားကောင်းတစ်ကားမို့ လက်လွှတ်မခံပဲ အချိန်ပေးကြည့်ရှု့လိုက်ပါလို့ ဒီဇာတ်ကားမှာ Akshay Kumar, Vidya Balan, Sonakshi Sinha, Taapsee Pannu, Nithya Menen, Kirti Kulhari, Sharman Joshi, H. G. Dattatreya နဲ့ Vikram Gokhale တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်

#New
ပြသမည့်ရက် ။ ။ 12.10.2023
ပြသမည့်အချိန်။ ။ ည (၈:၀၀) နာရီ
#Replay
ပြသမည့်ရက် ။ ။13.10.2023
ပြန်လည်ပြသမည့်အချိန်။ ။ နံနက် (၁၁:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

#Mizzimplushd
#indiamoviereview
👍9🔥1
​​ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီ​၏ လက်နက်ကြီးကြောင့် ဆယ်ကျော်သက်အမျိုးသမီးသေဆုံး ၈ ဦး ဒဏ်ရာရ
==================

YT
(မဇ္ဈိမ)။ ။ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ်များ​၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံ အသက် ၁၄ နှစ်အရွယ်အမျိုးသမီးငယ် တဦးသေဆုံး၍ ရှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့က ထုတ်ပြန်သည်။
အောက်တိုဘာလ ၁၀ ရက်နေ့တွင် ညောင်လေးပင်ခရိုင်အတွင်း အခြေစိုက်၊ အထိုင်ချနေသည့် စစ်ကောင်စီတပ်စခန်းများ​၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်၊ သေဆုံးခြင်းဖြစ်ကြောင်း KNU က ဆိုသည်။

" တိုက်ပွဲမဖြစ်ပါဘူး၊ ရမ်းသန်းပစ်နေတာ။ ဒီလိုပဲ တနေကုန် ထုနေတာပဲ။ အခုဆို ဈေးတွေမှာလည်း လိုက်ပတ်တယ်။ အဝေးကနေ ဈေးလာဝယ်တဲ့သူဆိုလည်း စစ်တယ်" ဟု ကျောက်ကြီးမြို့နယ် ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပိန်းဇလုပ်မြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ (၂၆၄) မှ ၁၅၅ မမ အမျိုးအစားလက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျောက်ကြီးမြို့နယ်၊ ရွာကန့်လန့်ကျေးရွာမှ ကလေးငယ် တဦးအပါအဝင် ဒေသခံသုံးဦး ဒဏ်ရာရခဲ့ပြီး နွားနှစ်ကောင်သေဆုံးခဲ့ကြောင်း သိရသည်။

" ထိုးဝါးစိုက်ကျေးရွာအုပ်စု၊ ရွာကန့်လန့်ကျေးရွာကပါ။ ကလေးရယ်၊ အမေရယ်၊ သူ့အဖေရယ်လို့တော့ သိရပါတယ်။ ကျွန်တော်တို့ရောက်သွားတော့ လူနာတွေကို ဆေးရုံခေါ်သွားပါပြီ။ နွားနှစ်ကောင်သေပြီး တကောင်ဒဏ်ရာရပါတယ်"ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

ထိခိုက်ဒဏ်ရာရသူများမှာ ရွာကန့်လန့်ကျေးရွာနေ အသက် ၃၅ နှစ်အရွယ်ရှိ စောပွါးစေး၊ အသက် ၃၀ နှစ်အရွယ်ရှိ နော်လားဒူးနှင့် ၎င်းတို့​၏ သမီးဖြစ်သူ အသက် နှစ်နှစ်အရွယ်ရှိ နော်ကဲဘလုမူးတို့ဖြစ်သည်။

အဆိုပါနေ့တွင်ပင် မုန်းမြို့နယ်၌လည်း စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၃၀၇)နှင့် ခမရ (၄၃၉)တို့မှ လက်နက်ကြီး ရမ်းသန်း ပစ်ခတ်မှုများကြောင့် ဆယ်ကျော်သက် အမျိုးသမီးငယ်တဦး သေဆုံး၍ ဆရာတော်တပါးအပါအဝင် ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

လက်နက်ကြီးထိမှန် သေဆုံးသူမှာ မုန်းမြို့နယ်၊ ကျော်လှကျေးရွာနေ အသက် ၁၄ နှစ်အရွယ်ရှိ မယုရတီနိုင်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများမှာ မုန်းမြို့နယ်၊ သနပ်ကွင်းကျေးရွာ ဘုန်းကြီးကျောင်းမှ သက်တော် ၇၄ နှစ်ရှိ ကျောင်းတိုက်ဆရာတော် ဦးကောဝိတ၊ နန္ဒမိတ်ကျေးရွာမှ အသက် ၆၀ အရွယ်ရှိ ဦးတင်ထွန်း၊ အသက် ၅၈ နှစ်အရွယ်ရှိ ဒေါ်မြင့်ဌေး၊ အသက် ၃၅ နှစ်အရွယ်ရှိ ဒေါ်မာလာ၊ အသက် နှစ်နှစ်အရွယ်ရှိ မောင်ပြည့်စုံတို့ ဖြစ်သည်။

ထိခိုက်ဒဏ်ရာရသူများအား KNU ကျေးလက်ဆေးပေးခန်းများမှ ဆေးကုသမှု ပြုလုပ်ပေးထားပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်း သိရသည်။

" အိမ်တလုံးထဲကို ကျတာ။ အိမ်လည်း ပျက်စီးတာပဲ။ လက်နက်ကြီးအစတွေ ထိတာပေါ့ လူတွေက ၊ အခု မစိုးရိမ်ရတော့ဘူး ဆေးကုထားပြီလေ" ဟု KNLA သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

ဒေသခံများ လက်နက်ကြီး ထိမှန်၍ သေဆုံး၊ ထိခိုက်မှု ဖြစ်ပေါ်နေသည့် ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေတွင်း တည်ရှိသည်။
KNU တပ်မဟာ (၃) နယ်မြေသည် စစ်ကောင်စီတပ်နှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလေ့ရှိရာ နယ်မြေဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#KNU
#KNLA
#PDF

ပုံအညွှန်း- စစ်ကောင်စီတပ်​၏ လက်နက်ကြီးကြောင့် ဒဏ်ရာရသူအချို့နှင့် ပျက်စီးမှုများ (ဓါတ်ပုံ- KNU)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍13🤬5🔥2😢2
စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ်
================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ စုပေါင်းထားသည့် ရွာပေါင်းစုံ သပိတ်ကော်မတီက စစ်အာဏာရှင် ဆန့်ကျင်ရေးချီတက်ပွဲကို အောက်တိုဘာလ ၁၂ရက် ယနေ့တွင် ပြုလုပ်ခဲ့ကြသည်။
လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

အောက်တိုဘာလ ၉ရက်နေ့က ကချင်ပြည်နယ် ၊ လိုင်ဇာမြို့ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရ၍ သေဆုံးသွားသူများအတွက် ဝမ်းနည်း ကြေကွဲရပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သပိတ်ကော်မတီက ဆိုသည်။

ယင်းမာပင်နှင့် ဆားလင်းကြီးမြို့ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ၉၃၃ ရက်မြောက်ဖြစ်ကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ယင်းမာပင်
#ဆားလင်းကြီး
#သပိတ်စစ်ကြောင်း

ပုံအညွှန်း - ယနေ့ ချီတက်ဆန္ဒပြခဲ့သော ရွာပေါင်းစုံသပိတ် (ဓါတ်ပုံ - ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီ)
👍10❤2🔥1😁1
​​မုန်လိုင်ခက်တိုက်ခိုက်မှု စစ်ခေါင်းဆောင်က “မလုပ်ရဲတာ ဘာမှမရှိ” စကားကို အကောင်အထည်ဖော် ခြင်းဟု CNF ဆို
===============

ပါခွီး
(မဇ္စျိမ)။ ။ကချင်ပြည်နယ်၊ လိုင်ဇာမြို့ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို တိုက်ခိုက်မှုသည် စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မလုပ်ရဲတာဘာမှမရှိ” ဟု ပြောခဲ့သည့်စကားကို လက်တွေ့ အကောင်အထည်ဖော်လိုက်ခြင်းဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)မှ အောက်တိုဘာလ ၁၁ ရက် ယမန်နေ့က ထုတ်ပြန်ထားသည်။

ယင်းသို့တိုက်ခိုက်မှုကို စက်ဆုပ်ဖွယ်ရာလုပ်ရပ်ဖြစ်ပြီး အင်မတန်ကြီးလေးသော စစ်ရာဇဝတ်မှုကို ချိုး ဖောက်ခြင်းဖြစ်သည့် လူမျိုးသုဥ်းသတ်ဖြတ်မှုဖြစ်သည်ဟု CNF က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့က မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းကို လေကြောင်းနှင့်လက်နက်ကြီးများဖြင့် ရည် ရွယ်ချက်ရှိရှိ အောက်တိုဘာလ ၉ ရက် ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် တိုက်ခိုက်ခဲ့သည့်အပေါ် CNF က အပြင်းအထန်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဗုံးကြဲပစ်ခတ်မှုကြောင့် ကလေးသူငယ်နှင့်အမျိုးသမီးများအပါအဝင် ဒေသခံ ၃၀ ကျော် အသက် ဆုံးရှုံးခဲ့ပြီး ၅၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သဖြင့် နစ်နာသူ အပြစ်မဲ့ပြည်သူများ၊ ကချင်ပြည်သူများနှင့် အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲကြောင်း ဆိုသည်။

အကြမ်းဖက်မှုကို ကျူးလွန်နေသော စစ်ကောင်စီအုပ်စုအား နည်းလမ်းပေါင်းစုံဖြင့် ဝိုင်းဝန်းပြီး ဖယ်ကြဉ်၊ ကန့်ကွက် အပြစ်ပေးကြပါရန် CNF က တောင်းဆိုထားသည်။

ပြည်သူ၏ရန်သူဖြစ်သော စစ်ကောင်စီကို ကချင်ညီနောင်များနှင့်အတူ ဆက်လက်တိုက်ခိုက်ချေမှုန်းသွား မည်ဖြစ်ပြီး နိုင်ငံရေးခံယူချက် ဦးတည်ချက်တူသော တိုင်းရင်းသားညီနောင်မဟာမိတ်များ၊ NUG အစိုးရ ၊ နွေဦးလက်နက်ကိုင်အင်အားစုများနှင့်အတူ ပြည်သူလူထုဖက်မှရပ်တည်ပြီး အဆုံးတိုင် တိုက်ပွဲဝင်သွား မည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး၏ကြေညာချက်တွင် ဖော်ပြထားသည်။

မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို တိုက်ခိုက်မှုအပြီး နောက်ရက် အောက်တိုဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်နှင့် ၂ နာရီ ၅၈ မိနစ်တို့တွင် စစ်ကောင်စီက ချင်းပြည်နယ် ထန်တလန်မြို့ကို လေယာဥ် ဖြင့် နှစ်ကြိမ်ဗုံးကြဲခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ဒေသခံများနေထိုင်ခြင်းမရှိသည့် ထန်တလန်မြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ သာနေထိုင်ပြီး ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် လေကြောင်းမှ နှစ်ကြိမ်၊ ဗုံးခြောက်လုံးကြဲချခဲ့သော်လည်း ထိခိုက်မှုမရှိခဲ့ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှသိရကြောင်း သတင်းရင်းမြစ်က ပြောကြားသည်။

စာတည်း။ ။စောဖေ

#ကချင်ပြည်နယ်
#မုန်လိုင်ခက်တိုက်ခိုက်မှု
#ချင်းအမျိုးသားတပ်ဦး(CNF)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍7🤮7❤1🔥1🥰1