Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိတိုက်ပွဲဝင်မည်ဟု သစ္စာပြုသည့် ရွာပေါင်းစုံသပိတ်
❤12🔥1
အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိတိုက်ပွဲဝင်မည်ဟု သစ္စာပြုသည့် ရွာပေါင်းစုံသပိတ်
=======================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်မှ ကျေးရွာများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ၉၃၄ ရက်မြောက်သပိတ်ကို ယနေ့ အောက်တိုဘာလ ၁၃ရက်တွင် ပြုလုပ်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်သံများဖြင့် ဟစ်ကြွေးချီတက်ခဲ့ကြသည်။ အောက်တိုဘာလ ၉ ရက်က စစ်ကောင်စီက တိုက်ခိုက်၍ လူ၂၉ဦးထက်မနည်း သေဆုံးခဲ့သည့် ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းဖြစ်ရပ်အတွက်လည်း ဝမ်းနည်းရကြောင်း ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။

" ကျွန်တော်တို့ရဲ့ သွေးချင်းညီကိုမောင်နှမတွေ ဖြစ်တဲ့ မုန်လိုင်ခက်က ကျဆုံးပြည်သူတွေ အားလုံးအတွက် ရွာပေါင်းစုံသပိတ်နှင့် လူထုအားလုံးမှ အထူးဝမ်းနည်း ကြေကွဲရပါတယ်ခင်ဗျာ။ ဒါကြောင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားပါမယ်လို့ ကတိသစ္စာ ပြုပါတယ်"ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ယနေ့သည် ၉၃၄ ရက်မြောက်ဖြစ်ကြောင်းသိရသည်။ ယနေ့ သပိတ်တွင် စစ်အာဏာရှင်ကိုတော်လှန်ရင်း ကျဆုံးသွားသည့် အာဇာနည်များကို အလေးပြုကာ ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ကြသည်။

ပုံအညွှန်း - ယနေ့ ချီတက်ဆန္ဒပြခဲ့သော ရွာပေါင်းစုံသပိတ်
ဓါတ်ပုံ / ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီ
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။ အေးချမ်း

#ယင်းမာပင်
#ဆားလင်းကြီး
#ကျေးရွာပေါင်းစုံသပိတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤10🔥1
အောက်တိုဘာလ ၁၃ ရက်နေ့ ၊ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆ
အောက်တိုဘာလ ၁၃ ရက်နေ့ ၊ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး-----------------------------------...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FzkD3ZWGVhqI&h=AT3h1bdThpzRhPnjZMza0n_T3y0lBb17eMzbiHW2XH5NOMq9RlLWufKPp59Qzo8rtxYsOPa_JrkooTmSx8zd0W6M9dlfMkUfX2RaZUCwghEc5gJG4PH8LU3YtTiUHh6r&s=1
🔥2❤1👍1
အစ္စရေးအား တိုက်ခိုက်ရာ၌ ဟားမတ်က မိမိတို့ လက်နက်များ သုံးစွဲနေသည်ဆိုခြင်းအား မြောက်ကိုရ
အစ္စရေးအား တိုက်ခိုက်ရာတွင် ဟားမတ်စ်တို့က မိမိတို့ လက်နက်များ အသုံးပြုနေသည်ဆိုခြင်းနှင့် ပတ်သက်ပြီး မြော.....
https://ift.tt/p8UNexR
👍5🔥3
​​အစ္စရေးအား တိုက်ခိုက်ရာ၌ ဟားမတ်က မိမိတို့ လက်နက်များ သုံးစွဲနေသည်ဆိုခြင်းအား မြောက်ကိုရီးယား ငြင်း
======================

အစ္စရေးအား တိုက်ခိုက်ရာတွင် ဟားမတ်စ်တို့က မိမိတို့ လက်နက်များ အသုံးပြုနေသည်ဆိုခြင်းနှင့် ပတ်သက်ပြီး မြောက်ကိုရီးယားက သောကြာနေ့တွင် ငြင်းဆန်ပြီး မီဒီယာများတွင် ဖော်ပြသော အဆိုပါ ပြောဆိုချက်များသည် ပဋိပက္ခအတွက် ခေါင်းရှောင်ရန်အတွက် အမေရိကန်က တတိယနိုင်ငံတနိုင်ငံအား အာရုံလွှဲခြင်းဟု ပြောဆိုသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3👍1
​​ဘင်္ဂလားဒေ့ရှ်ရှိ တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းက ကြွေးမြီထောင်ချောက် သံတမန်ရေးနှင့် ပထဝီနိုင်ငံရေးဝှက်ဖဲများကို ဖော်ပြနေ
==========================

တရုတ်နိုင်ငံသည် ၎င်း၏ အထင်ကရ စီမံကိန်းဖြစ်သည့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) အောင်မြင်မှုရရှိရန် ကြိုးပမ်းနေသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်လျက်ရှိသည်။ အထူးသဖြင့် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ထိုသို့ တိုးမြှင့်လာခြင်းဖြစ်သည်။ အာရှတိုက်နှင့် ၎င်းပြင်ပသို့ လွှမ်းမိုးချဲ့ထွင်လိုသည့် ဒီဇိုင်းပုံစံတွင် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း(BRI)မှာ အဓိကနည်းလမ်းတစ်ခုဖြစ်ပြီး မဟာအင်အားကြီးနိုင်ငံအဆင့် ရရှိရေး ၎င်း၏ ကစားကွက်တွင် ဘင်္ဂလားဒေ့ရှ်ကဲ့သို့ နိုင်ငံများသည် နယ်ရုပ်တစ်ခုသာ ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥3
​​မြန်မာမြောက်ပိုင်းက ဆက်သွယ်ရေး လိမ်လည်မှု ဂိုဏ်းခေါင်းဆောင် ၂ ဦးကို တရုတ်က ဆုကြေးထုတ် 
========================

ဆက်သွယ်ရေးနှင့် အွန်လိုင်း လိမ်လည်မှုများအတွက် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားနေသော မြန်မာနိုင်ငံ မြောက်ပိုင်းက ရာဇဝတ်ဂိုဏ်း၏ ခေါင်းဆောင်နှစ်ဦးကို ဖမ်းမိနိုင်ရေး သတင်းသဲလွန်စ ပေးနိုင်ပါက ဆုကြေး ယွမ် ၁၀၀,၀၀၀ မှ ၅၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၃,၆၈၀ မှ ၆၈,၄၀၀ ) အထိ ပေးရန် တရုတ်ရဲတပ်ဖွဲ့က ကမ်းလှမ်းထားသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥2❤1😁1
​​မုံရွာမြို့တွင် လူစုဖြင့် ခြိမ်းခြောက်ငွေတောင်းခံမှုများရှိ
===================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အယောင်ဆောင်ပြီး ခြိမ်းခြောက်ငွေ တောင်းခံမှုများရှိနေကြောင်း ဒေသခံများထံက သိရသည်။

မုံရွာမြို့ သာစည်လမ်းရှိ ဆေးခန်းတခုကို လူတစုဝင်ရောက်လာပြီး PDF အဖွဲ့အစည်းမှ ဖြစ်ကြောင်းပြောဆိုပြီး အောက်တိုဘာလ ၁၁ရက်နေ့တွင် ငွေတောင်းခံသွားကြောင်း သိရသည်။
မြို့ရွာမြို့တွင် လူစုနှင့်လက်နက်ပြ ငွေတောင်းခံခြင်းအပါအဝင် ဖုန်းဖြင့် ခြိမ်းခြောက် ငွေတောင်းခံမှုများလည်း ဖြစ်ပွားခဲ့ကြောင်းသိရသည်။

“ခေတ်အဆက်ဆက်မှာ အခုလို နိုင်ငံရေးအခြေအနေဖြစ်တိုင်း ဓားပြမှု ၊ လုယက်မှု ၊ ခိုးဆိုးလုနှိုက်သမားတွေရဲ့ အခွင့်ကောင်းယူမှုတွေက ဖြစ်စမြဲပါ ၊ နောက်ပြီး စကစ ဘက်ကလည်း အခုလိုမျိုးတွေဖြစ်အောင် လွတ်ငြိမ်းပေးတိုင်း ခိုးဆိုးလုနှိုက်တွေပဲ လွတ်ငြိမ်းပေးတာ အားလုံးလည်းအသိပဲဖြစ်တယ်။ သူတို့ရဲ့လုပ်ရပ်တွေကြောင့် အပြစ်မဲ့ ပြည်သူတွေ ဒုက္ခရောက်နေကြရတဲ့အတွက် လွန်စွာဝမ်းနည်းမိပါတယ်” ဟု မုံရွာမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ ဆက်သွယ်ရေးတာဝန်ခံ ကိုနေမော် က မဇ္စျိမ ကိုပြောသည်။

ယခုဖြစ်စဥ်တွင် မည်သည့်အဖွဲ့မှ ကျူးလွန်သည်ကိုမသိရသေးသော်လည်း မုံရွာမြို့နယ် အုပ်ချုပ်ရေး ၊ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့များအနေဖြင့် အရေးယူမှုများပြုလုပ်နိုင်ရန် ကြိုးစားဖော်ထုတ်နေကြောင်းဆိုသည်။

“စ- (စစ်ကောင်စီတပ်) တွေက PDF တွေကို ပြည်သူလူထုအထင်လွဲအောင် တမင်ပြုလုပ်တာရှိသလို ၊ ခိုးဆိုးလုနှိုက်တွေရဲ့လက်ချက်ဖြစ်နိုင်သလို သန္ဓေမမှန်တဲ့ တချို့ ကာကွယ်ရေးအမည်ခံတွေလည်း ဖြစ်နိုင်တယ်” ဟု မုံရွာမြို့နယ်အခြေစိုက် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်းတခုမှ ခေါင်းဆောင်တဦး က မဇ္စျိမကို ပြောဆိုသည်။

၎င်းတို့တပ်ဖွဲ့ထံသို့ ဖုန်းဖြင့် ငွေကြေးခြိမ်းခြောက်တောင်းဆိုခံရသူများမှ တိုင်ကြားခဲ့မှု ဖြစ်စဥ်များလည်း ရှိခဲ့ကြောင်းသိရသည်။
အချို့ဖြစ်စဥ်မှာ ပုဂ္ဂိုလ်ရေးမကျေနပ်မှုများပေါ်အခြေခံပြီး အခြားဖုန်းနံပါတ်တခုကို အသုံးပြုပြီး PDF အယောင်ဆောင်ကာ ခြိမ်းခြောက်ငွေတောင်းခံမှုများရှိခဲ့ကြောင်း အဆိုပါ ဒေသခံတပ်ရင်းခေါင်းဆောင်ကဆက်ပြောသည်။

စစ်ကောင်စီတပ်လက်အောက်ခံ လက်နက်ကိုင်များမှလည်း ဈေးဆိုင်နှင့် လုပ်ငန်းရှင်များကို ဖုန်းများမှတဆင့်ဆက်သွယ်ပြီး ငွေကြေးတောင်းခံမှုများကို စုံးစမ်းသိရရှိခဲ့ရကြောင်း ဆိုသည်။
ယင်းသို့အခြေအနေများတွေ့ကြုံရပါက ပြည်သူများအနေဖြင့် ပြစ်မှုကျူးလွန်ခံရမှုဖြစ်စဥ် ဖြစ်ပွားပြီးတပြိုက်နက် သက်ဆိုင်ရာ မြို့နယ် ပအဖ ၊ ပလဖ လူမှုကွန်ရက်အဆက်အသွယ်များမှတဆင့် သတင်းပေးတိုင်ကြားကြရန် ပအဖ ဆက်သွယ်ရေးတာဝန်ခံ ကပြောကြားသည်။

မုံရွာမြို့တွင် စစ်ကောင်စီတပ်က ရပ်ကွက်အုပ်ချုပ်ရေးရုံးများတွင် တပ်စွဲနေရာယူ ထားကြသော်လည်း ခိုးဆိုးလုယက်မှုများ တိုးပွားဖြစ်ပေါ်နေပြီး မြို့နေ လုပ်ငန်းရှင်ကြီးများနှင့် အလတ်တန်းစားလုပ်ငန်းရှင်များပါ မြို့ကိုစွန့်ခွာ၍ ရှောင်တိမ်းသွားနေကြကြောင်းလည်း သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မုံရွာမြို့
#PDF
#ခြိမ်းခြောက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥2😱2