Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ခြေစမ်းပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဂျာမနီ

USA 1 - 3 Germany (FT)

Pulisic 27'
Gundogan 39'
Fullkrug 58'
Musiala 61'
👍7
​​15.10.2023 (Monday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
==================

✅Highlight ✅

👉 Korea Movie - Believer (မနက်- ၁၀ နာရီ) 

👉ကျန်းမာသုတ လူမှုဘဝ  (ညနေ - ၆ နာရီ) 

👉ကိုယ်ရယ်မင်းရယ် သီချင်းရယ် (ည- ၇ နာရီ) 

➡️Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။ #mizzimatv
🖕2
​​Sirf Ek Bandaa Kaafi Hai
=================

အသက် ၁၆ နှစ်အရွယ် "နူဆင်း"ဆိုတဲ့ မိန်းမငယ်လေးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ အဖမ်းခံလိုက်ရတဲ့ ဘာသာရေး‌ဆရာ "ဘာဘာ"။

အများအမြင်မှာတော့ သူဟာ နိုင်ငံနဲ့အဝှမ်း အက်ရှ်ရမ် (တရားစခန်း) တွေ ဖွင့်လှစ်ထားပြီး ဆေးရုံတွေ၊ ကျောင်းတွေဆောက်လုပ် လှူဒါန်းထားတဲ့ သူတော်စင်ကြီး တစ်ဦးပါ။

ဘာဘာ့ကို အာမခံနဲ့ထုတ်ဖို့ ထိပ်သီး ရှေ့နေတွေ နည်းပေါင်းစုံနဲ့ အကြိမ်ကြိမ် ကြိုးစားခဲ့ကြပေမဲ့၊ တရားလိုရှေ့နေ "ဆိုလန်ကီ"ကို သူတို မကျော်လွှားနိုင်ခဲ့ပါဘူး။ အမှုရဲ့ အဓိကသက်သေ‌တွေ တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် အသတ်ခံခဲ့ရတာက ဘာဘာ့ရဲ့ ယုတ်မာမှုတွေကို ပိုမို ပေါ်လွင်စေခဲ့ပါတယ်။

ဒီလိုနဲ့ ၅ နှစ် အကြာမှာတော့ ဘာသာရေးကို ခုတုံးလုပ် အမျိုးသမီးငယ်တွေကို စော်ကားခဲ့တဲ့ သူတော်စင် မျက်နှာဖုံးအောက်က "ဘာဘာ" ပြစ်ဒဏ် ချမှတ်ခံရမယ့်နေ့ကို ရောက်လာခဲ့ပါပြီ။ ဆင်ခြင်တုံ တရားမရှိ မျက်ကန်း ကိုးကွယ်သူတွေအတွက်တော့ ဖွတ်ထွက်မှ တောင်ပို့မှန်း သိရတဲ့အဖြစ်ပါ။

"ကျောင်းတွေ‌ဆောက်တာ.. ဆေးရုံတွေဆောက်တာ အဲဒါတွေက ခင်ဗျားကို မုဒိမ်းကျင့်ခွင့် လိုင်စင် ပေးမထားဘူးလေ"ရှေ့နေ ဆိုလန်ကီ

New
ပြသမည့်ရက် ။ ။ 15.10.2023
ပြသမည့်အချိန်။ ။ ည (၈:၀၀) နာရီ
#Replay
ပြသမည့်ရက် ။ ။ 16.10.2023
ပြန်လည်ပြသမည့်အချိန်။ ။ နံနက် (၁၁:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁2
မအူပင်ရွာ မီးရှို့ဖျက်ဆီးခံရ၊ ဒေသခံ လက်နက်ကြီးကျည် ထိမှန်သေဆုံး
🤬12👍5❤1😁1😢1
မအူပင်ရွာ မီးရှို့ဖျက်ဆီးခံရ၊ ဒေသခံ လက်နက်ကြီးကျည် ထိမှန်သေဆုံး
=======================

အဂမ်
(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ် မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းတွင် တိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီတပ်သည် မအူပင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ဒေသခံအမျိုးသားတဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့မှ ဆင်းလာသည့် စစ်ကောင်စီတပ်ကို KIA တပ်က ကြားဖြတ်တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကာမိုင်းမြို့ စစ်ကောင်စီဗျူဟာတပ်က လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း KIA ရှေ့တန်းနှင့် နီးစပ်သည့် ကချင်ဒေသခံ သတင်းရင်းမြစ်က အတည်ပြုသည်။
ထိုလက်နက်ကြီးကျည်သည် ရေကာတာနှင့် ကုလားရွာကြားရှိ လယ်တောထဲကျရောက် ပေါက်ကွဲခဲ့ရာ အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦး သေဆုံးသွားကြောင်း မဇ္ဓျိမ၏မြေပြင်သ တင်းအဖွဲ့က စုံစမ်းသိရှိရသည်။

“တိုက်ပွဲက ၉ နာရီလောက်မှာ စဖြစ်တာ။ ဟိုဘက်ကနေ စစ်ကြောင်းဆင်း လာတာကို KIA ဘက်ကနေ စပြီးတော့ မိုင်းဆွဲတိုက်ခိုက်လိုက်တာ သုံးကြိမ်လောက် ရှိတယ်။ အဲ့မှာ စစ်ကောင်စီဘက်ကနေ ထိခိုက်တာတွေရှိတော့ မအူပင်က နေအိမ် နှစ်လုံးလောက်ကို မီးရှို့ ဖျက်ဆီးလိုက်တယ်”ဟု ၎င်းကဆိုသည်။

စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရတွင် စစ်ကောင်စီတပ်သားများ သေဆုံးခဲ့၍ မအူပင်ကျေးရွာရှိ ဒေသခံ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
ထိုတိုက်ပွဲသည် နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး လက်ရှိတွင် စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။ မအူပင်ရွာမှ ဒေသခံများသည် လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသခံများ ထိခိုက်မှုနှင့် ဖမ်းဆီးခံရမှု အခြေအနေများကို မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ကချင်ပြည်နယ်
#မအူပင်ရွာ

ပုံအညွှန်း- မီးရှို့ဖျက်ဆီးခံထားရသည့် မအူပင်ရွာကနေအိမ် (ဓာတ်ပုံ-ပေးပို့)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14🤬4🔥1😁1😱1
​​ကြွေးမြီကတိကဝတ်ပြန်လည် ပြင်ဆင်ရေးတွင် ပိုမိုဆိုးရွားသည့် စည်းကမ်းချက်များနှင့် ကြုံတွေ့လာရသည့် တရုတ် အိမ်ခြံမြေလုပ်ငန်းဆိုင်ရာ မြီရှင်များ
===================

တရုတ်အိမ်ခြံမြေကုမ္ပဏီများသည် ဒေါ်လာဘီလီယံပေါင်းများစွာတန်ကြေးရှိ ကြွေးမြီကတိကဝတ် ပြန်လည်ပြင်ဆင်ရေးကို ဆောင်ရွက်လျက်ရှိပြီး တရုတ်အိမ်ခြံမြေကဏ္ဍအလားအလာမှာ ဆိုးရွား လာခြင်းကြောင့် ပြန်လည်ပြင်ဆင်မှုဆိုင်ရာ စည်းကမ်းချက်များကို တင်းကျပ်ထားသည့်အတွက် ၎င်းတို့၏ ပြည်ပမြီရှင်များ အနေဖြင့် အနှောင့်အယှက်များ ထပ်မံကြုံတွေ့လာရနိုင်သည်။ 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁5👍2❤1
တနင်္သာရီမြို့နယ်အတွင်း ညအချိန် ခရီသွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထုတ်ပြန်
👍14🔥3