Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ညောင်လေးပင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် အမျိုးသမီး ၂ ဦး အပါ အဝင် ၃ ဦး ဒဏ်ရာရ
======================

YT
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ချုံအင်းကျေးရွာတွင် စစ်ကောင်စီတပ်စခန်းများမှ ပစ်ခတ် သောလက်နက်ကြီးထိမှန်၍ အမျိုးသမီးနှစ်ဦးအပါအဝင် သုံးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြေပြင်သတင်း ရင်းမြစ်များထံမှ သိရသည်။

ညောင်လေးပင်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ခမရ (၂၀)၊ ပိန်းဇလုပ်အခြေစိုက် ခလရ (၂၆၄)နှင့် တော်ဝိကျေးရွာဘုန်းကြီးကျောင်းအတွင်း အထိုင်ချနေသည့် စစ်ကောင်စီတပ်တို့မှ လက်နက် ကြီးဖြင့်ပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

“ဒီရက်ထဲမှာ နေ့တိုင်းပစ်တယ်။ တိုက်ပွဲဖြစ်တာလည်းမရှိဘဲနဲ့ ပစ်နေတာ” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
အောက်တိုဘာလ ၁၆ ရက်နေ့ ည ၉ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှု များကြောင့် ခြုံအင်းကျေးရွာမှ ဦးဝင်းဌေး၊ ဒေါ်အေးမူနှင့် ဒေါ်မိုးတို့ လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး နွားနှစ်ကောင်သေဆုံးကာ တကောင်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများသည် လက်ရှိတွင် ဆေးကုသမှုခံယူနေရပြီး ဦးဝင်းဌေးမှာ ခြေထောက်ကျိုးသွားကြောင်း သိရသည်။
“အမျိုးသမီးနှစ်ဦးက လက်နဲ့ကျောကုန်းမှာထိတယ် မများဘူး။ အမျိုးသားက ခြေထောက်ကျိုးသွားတယ်။ နယ်စပ်ဘက်ပို့ရမယ်လို့ကြားတယ်။ ဒီနေ့ နေ့ခင်းပိုင်းကလည်း ထပ်ပစ်နေတယ်။ ရွာတွေထဲကို ကျပြီး နွားနှစ်ကောင် သေတယ်” ဟု ဒေသတွင်းသတင်းရင်းမြစ်ကမဇ္ဈိမကိုပြောသည်။

ယနေ့ အောက်တိုဘာလ ၁၇ ရက် မွန်းလွဲပိုင်းတွင်လည်း စစ်ကောင်စီတပ်များက လက်နက်ကြီးပစ်ခတ် မှုများပြုလုပ်နေဆဲဖြစ်ပြီး ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲမှုများရှိကြောင်း သိရသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီလက်အောက်ခံ ခမရ(၅၉၀)မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မုန်းမြို့နယ် သံပုရာအိုင်ကျေးရွာမှ အမျိုးသားတဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#mizzima
#ညောင်လေးပင်
#လက်နက်ကြီး

ပုံအညွှန်း- လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးမှုများ (ဓါတ်ပုံ- ပေးပို့)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬7👍2🔥2
​​အင်ဒိုနီးရှား၌ ရေအကျပ်အတည်းကို ရင်ဆိုင်ရန် ဆည်ပေါင်း ၃၀၀ လိုအပ်ဟု ဆို 
=====================

အင်ဒိုနီးရှားနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်သော ရေအကျပ်အတည်းကဲ့သို့ သဘာဝဘေးကို လက်ဦးမှုယူရန်အတွက် ဆည်ပေါင်း ၃၀၀ ကျော် လိုအပ်ကြောင်း အများပြည်သူ အလုပ်အကိုင်နှင့် အများပြည်သူအိမ်ရာဝန်ကြီးဌာနအရ သိရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥2
​​ပြုပြင်ပြောင်းလဲမှု မရှိသော တရုတ်နိုင်ငံ၏စီးပွားရေးတွင် စိန်ခေါ်မှုများ ပိုမိုကြုံတွေ့လာရ 
===========================

ဝါရှင်တန်အခြေစိုက် ပညာရှင်အဖွဲ့ဖြစ်သော Atlantic Council Geoeconomics Center နှင့် Rhodium Group သုတေသနအဖွဲ့တို့၏ အစီရင်ခံစာသစ်တွင် တရုတ်နိုင်ငံ ရင်ဆိုင်နေရသော ခက်ခဲသည့် စီးပွားရေးစိန်ခေါ်မှုများကို အလေးပေး ဖော်ပြထားသည်။ Running out of road: China Pathfinder 2023 annual scorecard ဟု အမည်ရသည့် ယင်းအစီရင်ခံစာတွင် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးရှိရာ တရုတ်နိုင်ငံ၏ အဓိကပြဿနာများ ကို ဖော်ပြထားပြီး စီးပွားရေးတည်ငြိမ်မှုအတွက် ဖွဲ့စည်းပုံဆိုင်ရာစိန်ခေါ်မှု ယခုလောက်ကြီးမားခြင်းမျိုး မကြုံဖူးသေးကြောင်း သတိပေးထားသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤1🔥1🥰1
​​ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်ကို အသုံးချပြီး မြန်မာစစ်တပ်ကိုအရေးယူရန် ဦးကျော်မိုးထွန်း‌ပြော
==================

မဇ္ဈိမ
ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်ကို အသုံးချပြီး မြန်မာစစ်တပ်ကို အရေးယူရန် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ ဆဋ္ဌမကော်မတီအစည်းအဝေးတွင် ဦးကျော်မိုးထွန်း‌က ‌ပြောသည်။

" စစ်တပ်မှ ယခင်က ကျူးလွန်ခဲ့ပြီး ယခုတိုင် ကျူးလွန်လျက် ရှိသည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် ကောင်းမွန်သော စိတ်ဆန္ဒဖြင့် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်အား အသုံးပြုခြင်းကို ထောက်ခံအားပေး‌ကြောင်း၊ ထို့နည်းတူ ကုလသမဂ္ဂ၊ အထူးအားဖြင့် လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စအား ထိရောက်စွာနှင့် အချိန်မီအရေးယူ ဆောင်ရွက်ပေးခြင်းဖြင့် အပြစ်မဲ့အရပ်သား ပြည်သူများ၏ အသက်ကို ကယ်တင်ပေးနိုင်ရန်နှင့် မြန်မာနိုင်ငံအပေါ် မပျက် ကွက်ရန် ထပ်လောင်း တိုက်တွန်းတောင်းဆိုလို‌ကြောင်း" ဦးကျော်မိုးထွန်းက ‌ပြောသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံးတို့ အနေဖြင့် ထိရောက်သော ဆုံးဖြတ်ချက်များကို အချိန်မီ ချမှတ်ရန် ပျက်ကွက်နေချိန်တွင် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အခြေခံသဘော တရားအား အသုံးချခြင်းက လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာရာဇဝတ်ခုံရုံးတို့၏ လုပ်ငန်းများကို အထောက်အကူပြု နိုင်ရုံမျှမက ပြစ်ဒဏ်ကင်းလွတ်ခြင်းနှင့် ပြစ်မှုကျူးလွန်သူများအား တာဝန်ခံမှုရှိစေရေးတို့နှင့် စပ်လျဉ်း၍ လုံခြုံရေးကောင်စီမှ အချိန်မီထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန်လည်း အားဖြည့်ပံ့ပိုးပေးနိုင်မည် ဖြစ်ကြောင်း ၎င်းက‌ပြောသည်။

နိုင်ငံများအနေဖြင့် ကြီးလေးသော ရာဇဝတ်များအား ကျူးလွန်သည့် တရားခံများကို ဖမ်းဆီး၍ ပြစ်ဒဏ်ချမှတ်ရန် မစွမ်းဆောင်နိုင်သည့် အခြေအနေ သို့မဟုတ် စွမ်းဆောင်ရန် ဆန္ဒမရှိသည့် အခြေအနေ မျိုးတွင် (သို့မဟုတ်) ပြည်တွင်း တရားဥပဒေ စိုးမိုးမှုပျက်စီးနေပြီး ပြစ်ဒဏ်ကင်းလွတ်မှု ပြဿနာကိုလည်း ကုလသမဂ္ဂလုံခြုံရေး ကောင်စီကဲ့သို့သော အခွင့်အာဏာရှိသည့်နိုင်ငံတကာအဖွဲ့အစည်း များက ဖြေရှင်းပေးနိုင်ခြင်း မရှိသည့်အခါ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အခြေခံသဘောတရားအား အသုံးချရန် လိုအပ်ကြောင်း ဦးကျော်မိုးထွန်းက ထောက်ပြသည်။

မြန်မာစစ်တပ်မှာ ပြည်သူများကို အဆင်ခြင်မဲ့လေ‌ကြောင်းမှ တိုက်ခိုက်ခြင်း၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို အဖန်ဖန်တလဲလဲ ကျူးလွန်ခြင်းနှင့်လူနေအိမ်များနှင့် ပြည်သူများ၏ ပိုင်ဆိုင်မှုများကို အလုံးစုံမီးရှို့ဖျက်ဆီးခြင်းဟူသော စစ်ရေး နည်းဗျူဟာသုံးခုဖြင့် ပြည်သူများအပေါ် စနစ်တကျ တွင်ကျယ်စွာ အသုံးပြုတိုက်ခိုက်လျက်ရှိကြောင်း အစည်းအဝေးတွင် ဦးကျော်မိုးထွန်းက ‌ပြောသည်။

စစ်ကောင်စီ‌ကြောင့် အရပ်သား ၄,၁၀၀ ကျော် သေဆုံးခဲ့ရပြီး ၁.၇ သန်းမှာ နေအိမ်များမှရှောင်ပြေးစွန့်ခွာနေရကြောင်း၊ ပြည်တွင်း ‌နေရပ်စွန့်ခွာသူ နှစ်သန်းနီးပါး ရှိကာ နေအိမ်အလုံးပေါင်း (၇၅,၀၀၀) ကျော်မှာလည်း မီးရှို့ခြင်း သို့မဟုတ် ဖျက်ဆီးခံခဲ့ရ ‌ကြောင်း ၎င်းက‌ပြောသည်။

လက်ရှိအနေအထားများအရ စစ်တပ်၏ တရားမဝင်အာဏာ သိမ်းထားမှု အခြေအနေတွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားသည့် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများအား ပြည်တွင်းစုံစမ်း စစ်ဆေးရန် သင့်လျော်မှုမရှိသည်ကို နားလည်‌ကြောင်း၊ အဘယ်ကြောင့်ဆိုသော် စစ်တပ်ကိုယ်တိုင်ကပင် တရားဥပဒေ စိုးမိုးရေးကို ဖျက်ဆီးခဲ့ပြီး ရက်စက်ကြမ်းကြုတ်စွာ အလွန်အမင်း တိုက်ခိုက်လျက်ရှိသောကြောင့် ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း စစ်တပ်အနေဖြင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို တွင်တွင်ကျယ်ကျယ် အကျိုးခံစားလျက်ရှိကြောင်း ဦးကျော်မိုးထွန်းက ‌ပြောသည်။

စစ်ကောင်စီ၏ ကျုးလွန်မှုများကို လုံလောက်ခိုင်မာသည့် သက်သေအထောက်အထားများ ရှိပြီး ပြည်သူများမှလည်း အရေးယူဆောင်ရွက်ပေးရန် အထပ်ထပ်အခါခါ ပြင်းပြင်းပြပြ တောင်းဆိုနေသည့်တိုင် လုံခြုံရေးကောင်စီအနေဖြင့် လေးလေးနက်နက်နှင့် ထိရောက်စွာ အရေးယူကိုင်တွယ်ဖြေရှင်း ‌ပေးခြင်း မရှိသေးကြောင်း ဦးကျော်မိုးထွန်းက ‌ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤22👍14👏3😁3🤣1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၇ အောက်တိုဘာ၂၀၂၃) 
=========================

မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်သည် တစ်နိုင်ငံလုံးတွင် အကြမ်းဖက်လုယက် ခိုးဆိုးမှုများ ကျုးလွန်နေသည့်အပြင် မူးယစ်ဆေးဝါးများ သုံးစွဲဖြန့်ဖြူးနေသည်ကို လက်ပူးလက်ကြပ် ငြင်းမရအောင် ဖမ်းမိထားသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥1😁1
စစ်တပ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆန့်ကျင်ရေး တိုက်တွန်းသည့် လောင်းလုံးမြို့လူထုသပိတ်
👍3🔥3❤1😁1
စစ်တပ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆန့်ကျင်ရေး တိုက်တွန်းသည့် လောင်းလုံးမြို့လူထုသပိတ်
====================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်တပ်ထုတ်ကုန်များနှင့်ဝန်ဆောင်မှုလုပ်ငန်းများကို ပြည်သူလူထု တရပ်လုံး ဆန့်ကျင်သပိတ်မှောက်ကြရန်တိုက်တွန်းသည့်လူထုသပိတ်နှင့် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးသပိတ်ကို ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)က ဦးဆောင်ပြုလုပ်ခဲ့သည်။

အဆိုပါ လူထုသပိတ်ကို ယနေ့ အောက်တိုဘာလ ၁၇ ရက် နေ့လယ်ပိုင်းတွင် လောင်းလုံးမြို့ပေါ် နေရာအချို့၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
သပိတ်ကော်မတီဝင်များနှင့် ဒေသခံများက “‌‌ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်”စာသားပါ ဘန်နာကိုင်ဆွဲပြီးချီတက်ခဲ့ကြသည်။

ဒေသခံပြည်သူများအပါအဝင် ပြည်သူလူထုတရပ်လုံးအနေနှင့် စစ်တပ်ထုတ်ကုန်ပစ္စည်းများကိုရောင်းချခြင်း၊ဝယ်ယူသုံးစွဲခြင်း မပြုလုပ်ကြဘဲ သပိတ်မှောက်သွားကြရန် အလေးအနက်တိုက်တွန်းလိုကြောင်း သပိတ်ဦးဆောင်သူများက တိုက်တွန်းခဲ့ကြသည်။
တနင်္သာရီတိုင်းအတွင်း ယခုရက်ပိုင်းတွင် တနင်္သာရီ၊ ထားဝယ်နှင့် မြိတ်မြို့နယ်တို့၌ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များကြား စစ်ရေးတင်းမာနေကြောင်း သိရသည်။

စာတည်း - အေးချမ်း

#mizzima
#လောင်းလုံးမြို့နယ်
#စစ်တပ်ထုတ်ကုန်များ
#လူထုသပိတ်
#DDMSC

ယနေ့ (အောက်တိုဘာလ ၁၇ရက်) တွေ့ရသည့် လောင်းလုံးမြို့လူထုသပိတ်
Photo/DDMSC

==============
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4👍2❤1😁1
​​ခင်ဦးမြို့တွင် မြို့နယ် ပကဖ အဖွဲ့ တိုက်ခိုက်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး
=====================

၀၀၈
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို ယနေ့ အောက်တိုဘာ ၁၇ရက် နံနက် ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သုံးဦးလုံးသေဆုံးခဲ့ပြီး MA 1 သေနတ် နှစ်လက်သိမ်းဆည်း ရမိခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူကပြောသည်။
မင်းသိုက် တိုက်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသည် ခင်ဦး-ရေဦးသွားကားလမ်းအတိုင်း မြို့နယ်ဆေးရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ထံသို့ ခြေလျင်ထွက်လာစဥ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

"တပ်စွဲထားတဲ့ မင်းသိုက်တိုက် ကနေ မီတာ ၃၀၀ အကွာနဲ့ တပ်စွဲထားတဲ့ ဆေးရုံကနေ မီတာ ၃၀၀ အကွာကြား ဗလီကွေ့မှာမြို့နယ် (ပကဖ)က ကြားဖြတ်တိုက်ခဲ့တာပါ။အဲဒီတိုက်ခိုက်မှုမှာ စကစ နှစ်ဦး နေရာတင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာနဲ့ထွက်ပြေးသွားတဲ့ စကစတဦးက ဆေးရုံအရောက်မှာ သေဆုံးခဲ့ပါတယ်။မြို့နယ်(ပကဖ )အဖွဲ့က ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်"ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူကပြောသည်။

ထိုသို့ တိုက်ခိုက်စဥ် မင်းသိုက်တိုက်ပေါ်နှင့် မြို့နယ်ဆေးရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီအဖွဲ့နှစ်ခုက ကြားဖြတ်တိုက်ခိုက်ခဲ့၍ နှစ်မိနစ်ခန့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် ထိခိုက်မှုမရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူများထိခိုက်သေဆုံးမှုရှိကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

“ အမျိုးသား တဦး ထိခိုက်မိတယ်လို့တော့ ကြားမိတယ်ဗျ” ဟု ဒေသခံတဦးက ပြောသည်။
မဇ္ဈိမ အနေဖြင့် သေဆုံး၊ ထိခိုက်သူများ စာရင်းကို စုံစမ်းနေဆဲဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ခင်ဦးမြို့သို့ ဖြတ်သန်းသွားလာနေသည့် ကားများကို တင်းကျပ်စွာ စစ်ဆေးနေပြီး တိုက်ခိုက်ခံရသည့်နေရာတွင်လည်း ကင်းပုန်းများချထားကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ပြည်တွင်းသတင်း
#ခင်ဦးမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥1👏1🥴1
​​တနင်္သာရီတွင် စစ်ကောင်စီ အမြောက်တပ် ပစ်ခတ်မှုကြောင့် အရပ်သား နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး၊ အမျိုးသမီး ၁ ဦးဒဏ်ရာရ
=====================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ တနင်္သာရီမြို့နယ်၊ မော်တုန်းရွာ အခြေစိုက် စစ်ကောင်စီတပ် အမြောက်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား တဦး နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် သုံးဦး သေဆုံးကာ အမျိုးသမီး တဦး လက်နက်ကြီးကျည် ထိမှန် ဒဏ်ရာခဲ့ကြောင်း ဒေသခံများထံက သိရ သည်။

တနင်္သာရီတိုင်း ၊ မြိတ်ခရိုင် ၊ တနင်္သာရီမြို့နယ် ၊ မော်တုန်းရွာ အခြေစိုက် စစ်ကောင်စီ အမြောက်တပ် အမတ (၃၀၆) တပ်ရင်းသည် အောက်တိုဘာလ ၁၆ ရက်က စစ်ကြောင်းထိုးရာမှ ပြန်လာစဥ် လမ်းကြောင်းရှင်းသည့်အနေဖြင့် ထိုနေ့ ညနေ ၅ နာရီခွဲ အချိန်မှ ည ၈ နာရီကျော်အချိန်ထိ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အခုက သူတို့ဘက်က တိုက်ပွဲ ဖြစ်တာမျိုး မဟုတ်ဘဲ အကြောင်းမဲ့ ပစ်ခတ်လို့ အချင်ချင်းတွေထိတာလည်း ရှိတယ်။ ကနဦး ကျွန်တော်တို့ သိရတာက ဒဏ်ရာ ပြင်းထန်တယ်လို့ ကြားရပြီး သုံးဦးစလုံး သေတယ်လို့လည်း တပ်နဲ့ နီးစပ်သူတွေဆီက သိရတယ်”လို့ အထက်ပါ သတင်း အရင်းမြစ်က ဆိုသည်။

ထိုလက်နက်ကြီးကျည်သည် တပ်ရင်းအနီးရှိ မြို့ဟောင်းကျေးရွာမှ နေအိမ်ပေါ်သို့ ည ၈ နာရီခန့်တွင် ကျရောက်ပြီး ကိုလာဖွီဒင်(အသက် ၂၁ နှစ်)သည် ကျည်ထိမှန်သေဆုံးပြီး ၎င်း၏ ဇနီးဖြစ်သူ အမျိုးသမီးမှာ ကျည်ထိမှန်ဒဏ်ရာရခဲ့သည်။ ကိုလာဖွီဒင်မှာ ထိုနေ့ည ၉ နာရီတွင် ဦးခေါင်းကျည်ထိမှန် ဒဏ်ရာဖြင့်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။ ထို့ပြင် တပ်ရင်းအနီး ကင်းပုန်းနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးလည်း လက်နက်ကြီးကျည် ထိမှန်ကာ သေဆုံးခဲ့ကြောင်း ဒေသခံက ဆိုသည်။
စစ်ကောင်စီတပ်က လက်နက်ကြီး အချက်ရေ ၃၀ ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဒေသခံ အမျိုးသား တဦးက “ တိုက်ပွဲ ဖြစ်တာ မဟုတ်ဘူး။ စစ်တပ်က သူတို့ တပ်ရင်းကို ပြန်လာတဲ့ အချိန်မှာ PDF တွေ လာရောက် တိုက်ခိုက်မှာကို စိုးရိမ်ပြီး အရှေ့ပြေး အနေနဲ့ လက်နက်ကြီးတွေကို ရမ်းသန်း ပစ်ခတ်ပြီး ဝင်လာလို့ ဖြစ်တာပါ”ဟု ပြောသည်။
လက်နက်ကြီး ကျည်ကျ ရောက် ပေါက်ကွဲခဲ့သည့် မြို့ဟောင်းရွာသည် အမြောက်တပ်ရင်းနှင့် ကိုက် ၃၀၀ ခန့်ကွာဝေးကြောင်း ဒေသခံများက ဆို သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မော်တုန်းကျေးရွာဘက်သို့ အမြောက် (၃၀၆) တပ်ရင်းက ယင်းကဲ့သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက် သေဆုံးသူများ ရှိကြောင်း ဒေသခံများက ဆို သည်။

တနင်္သာရီမြို့နယ် သည်၊ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ဒေသအဖြစ် ကြေညာထားပြီးနောက် စစ်ကောင်စီဘက်က ကျေးရွာ အချို့ကို လက်နက်ကြီးဖြင့် မကြာ ခဏ ပစ်ခတ်နေသလို နှစ်ဖက် ထိတွေ့ ပစ်ခတ်မှုများလည်း မကြာ ခဏ ဖြစ်ပွားလေရှိနေသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မြိတ်ခရိုင်
#အမြောက် ၃၀၆ တပ်ရင်း

ပုံအညွှန်း- စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် သေဆုံးသူနှင့် လက်နက်ကြီးကျည်ပုံ(ဓာတ်ပုံ- ပေးပို့)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🤣4😁1
​​ငါန်းဇွန်တွင် စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်မှု ၃ ဦးသေဟု ပကဖပြော
========================

ဓါတု
(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီခြေလျင်စစ်ကြောင်းအားပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်သားသုံးဦးသေဆုံး၍ တဦးဒဏ်ရာရသွားကြောင်း မြို့နယ်ပကဖက သတင်းထုတ်ပြန်သည်။
ယ
မန်နေ့ အောက်တိုဘာလ ၁၆ ရက်နံနက် ၈ နာရီခန့်က ငါန်းဇွန်မြို့နယ်၊နတ်ကြီးရွာမှရေဇင်းရွာသို့ ထွက်ခွာလာသည့် အင်အား ၃၀ ခန့်ပါ စစ်ကောင်စီခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် မိုင်းကွင်းပေါ်သို့ ရောက်ရှိချိန် အချိန်ကိုက်တိုက်ခိုက်နိုင်ခဲ့ခြင်းဟု ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူတဦးကမဇ္စျိမကိုပြောသည်။ ပဒေသာမိုင်း ၁၀လုံးထောင်ထားခဲ့ပြီး မိုင်းနှစ်လုံးကို ထိထိမိမိဖောက်ခွဲနိုင်ခဲ့သည်ဟုဆိုသည်။

" မိုင်းကွင်းပေါ်ရောက်လာတဲ့ သုံးယောက်က အဲ့နေရာမှာတင်လဲသွားတယ်"ဟု၎င်းကပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊မြင်းခြံခရိုင်တပ်ရင်း (၇)တပ်ခွဲ (၁) ငါန်းဇွန်မီးနဂါးပြောက်ကျားအဖွဲ့ နှင့်ငါန်းဇွန်ပကဖ အဖွဲ့ဝင်များဖြစ်သောTGYR ၊ဒေါင်းဖိုက်တာ၊ပြည်တော်ဝင်၊925၊လက်ရုံး၊ဖက်ဒရယ်ညီအကို၊ငန်းနက်၊ အားမာန်သစ်စသည့် ပြောက်ကျားအဖွဲ့များနှင့် ရွှေဂျိူးဖြူပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများကို မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့အောက်တိုဘာလ ၁၇ရက်တွင် ငါန်းဇွန်မြို့နယ် ရေဇင်းရွာသို့ရောက်ရှိနေကြောင်းသိရသည်။

စာတည်း - အေးချမ်း

#mizzima
#ငါန်းဇွန်မြို့နယ်
#စစ်ကောင်စီခြေလျင်စစ်ကြောင်း
#မိုင်းဆွဲတိုက်ခိုက်

ပုံအညွှန်း - ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီတပ်အား ပဒေသာမိုင်းဖြင့် တိုက်ခိုက်စဥ်(ဓာတ်ပုံ- ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁3👏1