၁၀၂၇ စစ်ဆင်ရေးတွင် ဒေသပေါင်းစုံမှ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ တပြိုင်နက်ဝင်တိုက်ကြရန် မြောက်ပိုင်းမဟာမိတ်၃ဖွဲ့ တိုက်တွန်း
=================
မဇ္ဈိမ။ ။၁၀၂၇ စစ်ဆင်ရေးအဖြစ် စစ်ကောင်စီပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး အခြားသော တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီတပ်စခန်းများ၊ စစ်ဖက်နှင့် သက်ဆိုင်သောစခန်းများကို တပြိုင်နက်တည်း ဝင်တိုက်ကြရန် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တိုက်တွန်းလိုက်သည်။
စစ်ဆင်ရေးငါးရက်မြောက်နေ့ဖြစ်သော ယနေ့ အောက်တိုဘာလ ၃၁ရက် ညနေ ၄နာရီခန့်တွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်တိုက်တွန်းခြင်းဖြစ်သည်။
" မိမိတို့၏ စစ်ဆင်ရေးနှင့်အတူ ဟန်ချက်ညီ ပူးပေါင်းစစ်ဆင်ရေးများကို အခြားသောမဟာမိတ်များအနေဖြင့်လည်း တပြိုင်နက်တည်း ဆင်နွှဲလာခဲ့ကြသည်ကိုတွေ့ရှိနေရသည်။ ဤသည်မှာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး အတွက် အကြိုနိမိတ်ပင်ဖြစ်သည်။ အခြားသော တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း ဤကဲ့သို့သော ရတောင့်ရခဲ၊ ကြုံတောင့် ကြုံခဲအခွင့်အရေးကို အမိအရဖမ်းဆုပ်ကိုင်ပြီး ကိုယ့်ဒေသအတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများ၊ စစ်ဖက်နှင့် သက်ဆိုင်သောစခန်းများကို တပြိုင်နက်တည်း ဝင်တိုက်ကြရန် မိမိတို့ ညီနောင်မဟာမိတ်သုံးဖွဲ့မှ လေးလေး နက်နက် တိုက်တွန်းလိုက်ပါသည်" ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသည်။
ယနေ့ စစ်ဆင်ရေးတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းစစ်ကြောင်းသည် ကချင်ပြည်၊ လိုင်ဇာမြို့မှ ၂၅ကီလိုမီတာခန့် ကွာဝေးသော မြစ်ကြီးနား-ဗန်းမော်ကားလမ်းမ အနီးရှိ စစ်ကောင်စီ၏ “ကန်တောင်ယန် (ဂန်ဒေါင်ယန်) စခန်း” ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဟု ထုတ်ပြန်ထားသည်။ ထိုတိုက်ပွဲ၌ စစ်ကောင်စီထံမှ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် အလောင်းအချို့တကိုသိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီ၏ခမရ (၃၈၇) တပ်ရင်းမှူးလည်း တိုက်ပွဲအတွင်း ကျဆုံးခဲ့သည်ဟု အသိပေးထားသည်။
ထို့အပြင်KIAနှင့်AAပူးပေါင်းတပ်ဖွဲ့သည် နမ္မတူမြို့နယ်၊ မုံးမော်၊ နမ့်ဟိုင်းရှိ စစ်ကောင်စီလက်အောက်ခံ ခလရ (၃၂၄) အား အပြီးသတ် ချေမှုန်းသိမ်းပိုက်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။
စစ်ဆင်ရေး ငါးရက်တာကာလအတွင်း ကိုးကန့်ပြည်နယ်၊ အထူးဒေသ (၁)မှ ချင်းရွှေဟော်နှင့် ဖောင်းဆိုင်မြို့ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားကြောင်းနှင့် သိန္နီမြို့ကိုလည်း ထိန်းချုပ်ထားဆဲဖြစ်သည်ဟု အသိပေးထားသည်။
၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့်ရက္ခိုင့်တပ်တော် (AA) တို့က ဦးဆောင်ကာအောက်တိုဘာလ ၂၇ ရက် နံနက်မှစတင်၍ စစ်ကောင်စီကို တိုက်ခိုက်နေသည်။စစ်ဆင်ရေးက်ိုကြိုဆိုထောက်ခံခဲ့ကြသော မြန်မာပြည်သူလူထုတရပ်လုံးနှင့် အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ် တဦးချင်းစီကို များစွာကျေးဇူးတင်ပြီး စစ်ဆင်ရေးအောင်မြင်ရန်အတွက် လူထု၏ အားပေးထောက်ခံမှုနှင့် ဝန်းရံပံ့ပိုးမှုသည် အလွန်အရေးကြီးသောကြောင့် ဆက်လက်ပူးပေါင်းပါဝင်ကြရန်မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ကြေညာချက်ထုတ်ပြန်ထားသည်။
စာတည်း - အေးချမ်း
#Mizzima
#၁၀၂၇ စစ်ဆင်ရေး
#ငါးရက်မြောက်နေ့
#မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တိုက်တွန်းချက်
Photo/ Operation 1027 - 3BHA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍18❤2🔥2😁2
မြိတ်တွင် တနင်္သာရီနှင့် ပုလောဘက်က လာရောက်ခိုလှုံသည့် စစ်ဘေးရှောင်များကို စစ်ကောင်စီ ခေါ်ယူစစ်ဆေး
🤬4🔥3👍1

================
ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း ၊ မြိတ်မြို့နယ်သို့ လာရောက် တည်းခိုနေထိုင်သည့် တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်က စစ်ဘေးရှောင်များအား စစ်ကောင်စီက ခေါ်ယူစစ်ဆေးနေကြောင်း ဒေသခံများထံက သိရသည်။
မြိတ်မြို့ဒေသခံများကိုလည်း ထိုဒေသမှ စစ်ဘေးရှောင်များ လာရောက်ပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထံ ချက်ချင်းလာရောက် အကြောင်းကြားရမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်ဟု ဒေသခံများက ဆိုသည်။
တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်ကို စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေးကြေညာထားသည်။ မြိိတ်မြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးခေါင်းဆောင်များက ထိုဒေသခံများကို အဓိက ပစ်မှတ်ထား စစ်ဆေးနေပြီး အခြားနေရပ်မှ လာရောက်သူအချို့လည်း စစ်ဆေးခံနေရကြောင်း သိရသည်။
“ဒီလိုမျိုး စစ်ဆေးနေတာကတော့ တလကျော် နှစ်လလောက် ရှိနေပြီ။ အဓိကကတော့ တနင်္သာရီနဲ့ ပုလောဒေသတွေက လာတဲ့ သူတွေကို အဓိကထား စစ်ခံရတာမျိုးပါ ။ အရင် ဒီလိုမျိုး မရှိဘူး”ဟု မြိတ်တောင်ကျေးရွာ ဒေသခံ လုံခြုံရေး အရ အမည်မဖော်လိုသူ ဆယ်အိမ်မှူးက မဇ္ဈိမကို ပြောဆိုထား သည်။
အုပ်ချုပ်ရေးမှူးများက စစ်ဘေးရှောင်လာသူများအား ခေါ်ယူစစ်ဆေးပြီးမှသာ ဧည့်စာရင်းဖြင့် နေထိုင်ခွင့်ပြုကြောင်း သိရသည်။
“ပုံမှန်အားဖြင့်ကတော့ အရင်က ဒေသခံ မဟုတ်တဲ့ သူတွေကို ဆယ်အိမ်မှူး၊ ရာအိမ်မှူးအိမ်မှာ ဧည့်စာရင်း တိုင်ပြီး နေထိုင်လို့ ရတယ်။ အခုက အဲ့လို မရတော့ဘူး၊။ သူတို့ အရင်စစ်တယ် ပြီးမှ ဘာမှ ပြဿနာ မရှိရင် နေထိုင်ခွင့် ပြုတယ်”လို့ ရေပုံရပ်ကွက်မှ ရာအိမ်မှူး တဦးကလည်း ပြောသည်။
ထိုသို့စစ်ဆေးရာတွင် PDF အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်မှုရှိကြောင်း စစ်ဆေးတွေ့ရှိသူများ နှင့် သံသယရှိသူများကို စစ်ကောင်စီက လာရောက်ခေါ်ယူ ဖမ်းဆီးထိန်းသိမ်းကြောင်း သိရသည်။
“စစ်ရှောင်တွေ ဆိုရင် ရပ်ကွက်ထဲက အမျိုးတွေနဲ့ အသိမိတ်ဆွေတွေ နေအိမ်မှာ လုံး၀ တည်းခိုခွင့် မပေးဘူး။ စစ်ရှောင် စခန်းမှာ သွားနေရမယ် ဆိုပြီး အခြား တနေရာကို ခေါ်သွားတာမျိုးတွေလည်း ရှိနေတယ်”လို့ မြိတ်တောင်ကျေးရွာ ဆယ်အိမ်မှူးက ထပ်လောင်း ပြောဆိုသည်။
စစ်ကောင်စီ၏ ညွှန်ကြားချက်ဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ရပ်ကွက်တွင်း စစ်ကောင်စီ သတင်းပေးများ ထားရှိပြီး လာရောက်တည်းခိုသည့် စစ်ဘေးရှောင်များ ရှိ၊ မရှိကို သတင်းရယူကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မြန်မာသတင်း
#စစ်ဘေးရှောင်
#မြိတ်မြို့နယ်
( ပုံအညွှန်း- မြို့ပေါ်က ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွေ့ရစဉ်)

👍7🤬4🔥1
ထီးချိုင့်မြို့နယ်တွင် တိုက်ပွဲပြင်းထန် ၊ စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်၍ ညောင်ပင်သာတိုက်နယ်ဆေးရုံ ထိခိုက်ပျက်စီး
=============
ကိုခင်မောင်
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ငါးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်၏ လေကြောင်းသုံးတိုက်ခိုက်မှုကြောင့် ညောင်သာတိုက်နယ်ဆေးရုံ ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံက သိရသည်။
အောက်တိုဘာလ ၂၇ရက်နေ့ နံနက် ၄နာရီအချိန်ခန့် တွင် ကသာမြို့နယ်ဘက်မှ စစ်ကြောင်းထိုးဝင်လာသော စစ်ကောင်စီတပ်ကို ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ထီးချိုင့်မြို့နယ်၊ မိချောင်းအိုက်ကျေးရွာနှင့် ကြက်သွန်ခင်းကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ ယနေ့ အောက်တိုဘာလ ၃၁ရက်နေ့အထိ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်တဦးက မဇ္စျိမကိုပြောသည်။
“ထီးချိုင့်မြို့နယ် စစ်ပုံးတွင်း အနောက်စွန်ဖျားလေးမှာတိုက်ပွဲဖြစ်နေတာပါ။ ဒီနေ့ ၁၁ နာရီ ၂၀လောက်မှာစဖြစ်တာ အခုချိန်ထိဖြစ်တုန်းရှိသေးတယ်ဗျ။ အခုပစ်ကြတုန်းခတ်ကြတုန်းရှိသေးတယ်ဗျ။ စစ်ခွေးတွေ ထီးချိုင့်မြို့နယ် ပကဖ တပ်မဟာ (၉) နဲ့ တိုက်ပွဲဖြစ်တာဗျ။ လေယာဥ်က ဒီကနေ့မလာသေးဘူး ။ အရင်နေ့က လေးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်တာတော့ရှိတယ်။ အကြီးအကျယ် ပစ်ချတိုက်ခိုက်တာဗျ” ဟု ဒေသခံ သတင်းရင်းမြစ်က ယနေ့ ၃နာရီခွဲခန့်တွင် မဇ္စျိမအားပြောသည်။
အောက်တိုဘာလ ၂၉ရက်နေ့က စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် ထီးချိုင့်မြို့နယ် ဒိုးပင်ကျေးရွာမှာ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတဦး ခြေထောက်ကျိုးပဲ့ဒဏ်ရာရပြီး အိမ်မွေးတိရိစ္ဆာန်များဖြစ်သော နွား ၊ ဝက်များ အများအပြား သေဆုံးကာ လူနေအိမ်တလုံးပျက်စီးသည့်အပြင် ညောင်ပင်သာရွာရှိ တိုက်နယ်ဆေးရုံကြီးလည်း ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံသတင်းရင်းမြစ်ထံက သိရသည်။
“တိုက်ပွဲအတွင်းမှာ အကျအဆုံးကတော့ ပွဲပြီးမှ သိရမယ်ဗျ။ ၂၉ရက်နေ့က မော်ကွန်းတောင်မှာဖြစ်တဲ့ ဖြစ်တဲ့ တိုက်ပွဲမှာ ခွေးတွေ(စစ်ကောင်စီတပ်သားတွေ)က အသေအကြေတော်တော်များတယ်လို့ ကြားသိရပါတယ်ဗျ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း ထိခိုက်မှုတွေရှိတယ်လို့ သိရတယ်ဗျ” ဟု ဒေသခံသတင်းရင်းမှ ပြောသည်။
ထိုနေ့တွင် ထီးချိုင့်မြို့နယ် မော်ကွန်းတောင်အနီးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အထိနာနေသောကြောင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများအား လေကြောင်းမှပစ်ခတ်တိုက်ခိုက်သွားခြင်းဖြစ်သည်ဟု အဆိုပါသတင်းရင်းမြစ်ထံက ဆိုသည်။
ထီးချိုင်းမြို့နယ်အတွင်းဖြစ်ပွားသော ငါးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ထီးချိုင့်ပြည်သူ့ကာကွယ်းတပ်ဖွဲ့များ၏ နှစ်ဖက်ထိခိုက်သေဆုံးမှုအခြေနေသိရှိနိုင်ရန် မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
အဆိုပါတိုက်ပွဲများကြောင့် ထီးချိုင့်မြို့နယ် ဒိုးပင်ရွာ၊ မိချောင်းအိုက်ရွာ၊ မရသိမ်ရွာ၊ တောမရွာ ချွန်းတောင်းရွာစသော ကျေးရွာ ငါးရွာမှ ဒေသခံလူဦးရေ ၈၀ကျော်သည် စစ်တန်းကျေးရွာ ရတနာပုံကျောင်းတိုက်သို့ စစ်ဘေးတိမ်းရှောင်နေကြသည်ဟု သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မြန်မာသတင်း
#ထီးချိုင့်မြို့နယ်

👍11🤬3❤2🔥1
PDF များ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ပြီဟု KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ပြောကြား
=============
(မဇ္ဈိမ) ။ ။ PDF များ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ပြီဟု KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ဘီဘီစီနှင့် အင်တာဗျုးတွင် ပြောသည်။
" PDF က သူတို့ခြေထောက်ပေါ် သူတို့ရပ်တည်နေနိုင်တဲ့ အနေအထားမျိုး ရှိနေပါပြီ" ဟု KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောသည်။
KIA အနေဖြင့် အစောပိုင်းကာလတွင် သင်တန်းပေးခြင်း၊ တိုက်ပွဲ များတွင် ဦးဆောင်ပါဝင်ပေးခြင်းများ ပြုလုပ်ပေးခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
" သူတို့ တိုက်ပွဲ အတွေ့အကြုံ မရှိခင်မှာ ကျွန်တော်တို့တပ်ဖွဲ့တွေ သွားပြီးမှ တိုက်ပွဲတွေမှာ ပါဝင်ပြီးမှ ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ သူတို့က အတွေ့အကြုံရှိနေပါပြီ ။ အသေးစား လက်နက် ပြုပြင်ရေးကအစ လုပ်နိုင်နေပါပြီ ။ ကျွန်တော်တို့ ဒေသမှာ PDF အမြောက်အမြားလာပြီး နေတာ မရှိပါဘူး။ နည်းနည်းပါးပါးပဲ သင်တန်းတက်တာ ရှိပါတယ်။ PDF ကို ကျွန်တော်တို့က ကူညီတယ်ဆိုတာက အခုနောက်ပိုင်းမှာတော့ စိတ်ဓာတ်ရေးရာ အရပဲ အဓိက ကူညီနေတာ ဖြစ်ပါတယ်။ သူတို့ခြေထောက်ပေါ်မှာ တော်တော်လေး ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်နေပြီ ဖြစ်ပါတယ်" ဟု ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောသည်။
လက်ရှိတွင် NUG လက်အောက်ရှိ PDF တပ်ရင်းအချို့မှာ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က ဦးဆောင်နေသည့် Operation 1027 တွင် ပါဝင်တိုက်ခိုက်လျက်ရှိသည်။
ထို့ပြင် မုန်လိုင်ခက်ဖြစ်စဉ်နှင့် ပတ်သက်ပြီး တရုတ်ဘက်က မေးမြန်းမှုများ ရှိခဲ့ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြရန် ပြောကြား သည်ဟု ၎င်းက ဆိုသည်။
" အခင်းဖြစ်ပြီးတာနဲ့ တရုတ်အစိုးရက ကျွန်တော်တို့ကို ချက်ချင်း အခြေအနေ မေးပါတယ်။ ကျွန်တော်တို့ကလဲ ရထားတဲ့ အထောက် အထားတွေ သူတို့ကို ပေးပါတယ်။ ပြီးတော့ တရုတ်နိုင်ငံဟာ အင်အားကြီး တစ်နိုင်ငံ ဖြစ်ပါတယ်။ နယ်စပ်တစ်လျှောက်မှာ သူ့ရဲ့ ရေဒါ စခန်းတွေ ရှိပါတယ်။ အဲဒီတော့ နယ်စပ်တစ်လျှောက်မှာ ဖြစ်ပျက်တာတွေကို ကျွန်တော်တို့ကို မမေးဘဲနဲ့ အကုန်သိနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က အဖြစ်မှန်တွေ ဘယ်လို ရှိသလဲဆိုတာ တင်ပြတယ်။ သူတို့ အနေနဲ့ကတော့ နယ်စပ်မှာ တည်ငြိမ်မှု ရှိစေချင်တယ်။ အဲတော့ သူတို့ စစ်ကောင်စီ ကိုလဲ ပြောမယ် ကျွန်တော်တို့ကိုလဲ ထိန်းထိန်းသိမ်းသိမ်း လုပ်ပါလို့ပဲ ပြောတယ်။ အထူးအထွေတော့ ကျွန်တော်တို့ကို ပြောတာ မရှိပါဘူး။ သူတို့ နယ်စပ်မှာရှိတဲ့ သက်ဆိုင်ရာ ဌာနတွေနဲ့ အထူးသံတမန် မစ္စတာ တိန်ရှီကျွင်း ကိုယ်တိုင်တိုက်ရိုက်မေးပါ တယ်။ ကျွန်တော်ကလဲ သူ့ကို သေသေချာချာ ရှင်းပြပါတယ်" ဟု ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောသည်။

❤23👍12🔥1😁1
အောက်တိုဘာလ( ၃၁ )ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... စီမံကိန်းကြီးတွေရဲ့ ...
https://www.youtube.com/watch?v=g0oiAN7tinw

YouTube
အောက်တိုဘာလ( ၃၁ )ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
စီမံကိန်းကြီးတွေရဲ့ လုံခြုံရေး ၊ နယ်စပ်ဒေသတည်ငြိမ်ရေး စစ်ကောင်စီနဲ့ တရုတ် ဆွေးနွေးတဲ့
သတင်းနဲ့ အတူ ကချင်ပြည်နယ် ဝိုင်းမော်၊ ဂန်ဒေါင်ယန်စခန်း ကေအိုင်အေ သိမ်းပိုက်ဆို့တဲ့ သတင်းအပါအဝင်တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းနဲ့…

👍4🔥2
NUG အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဘတ်ဂျတ်နှင့်လုပ်ဆောင်မှု | Women&Children's Hours
NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ...
https://www.youtube.com/watch?v=wLCMeZ5bV2I

NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဘတ်ဂျတ်နှင့် လုပ်ဆောင်မှု | Women & Children's Hours (Ep 02)
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ကဲန်ပိန်းလှုပ်ရှားမှုကို ၁၆ ရက်ကြာ ကျင်းပရန် အမျိုးသားညီညွတ်ရေးအစိုးရက စီစဉ်ထားသည်။ အစိုးရထံတိုင်ကြားလာသော…

👍5😁1
အောက်တိုဘာ (၃၁) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
အောက်တိုဘာ (၃၁) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ် ...
https://www.youtube.com/watch?v=YpI5_t2ZYes

အောက်တိုဘာ (၃၁) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ် =================
− ချင်းရွှေဟော်မှ စစ်ရှောင်များ နေရပ်ပြန်ပြီလို့ MNDAA ထုတ်ပြန်တဲ့သတင်း
− ထိုင်းနိုင်ငံ ကားပစ္စည်းစက်ရုံရှိ မြန်မာအလုပ်သမားတွေ လုပ်ခမရလို့ တိုင်ကြားရာမှ အလုပ…

👍7🍌1
တင့်ကားတပ်အပါအဝင် စစ်ကိုင်းမှ စစ်ကောင်စီနေရာ ၅ခုကို ၃ရက်ဆက်တိုက်ခိုက်ဟုဆို
❤12👏1

==============
007
(မဇ္ဈိမ)။ ။စစ်ကိုင်းမြို့ရှိ အမှတ်(၆၀၀၅)တင့်ကားတပ်အပါအဝင် စစ်ကောင်စီ၏နေရာငါးခုကို သုံးရက်ဆက်တိုက် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကသတင်းထုတ်ပြန်သည်။
အောက်တိုဘာလ ၂၆ ရက်မှ ၂၈ ရက်အထိ သုံးရက်တာကာလအတွင်း စစ်ကိုင်းမြို့အထွက် အုန်းတောလမ်းဆုံအနီးရှိ အမှတ်(၆၀၀၅)တင့်ကားတပ်၊ ညောင်ငုတ်တိုကျေးရွာမှ ပျူစောထီးအဖွဲ့၊ စစ်ကိုင်းမြို့အဝင်ကံတလူတိုးဂိတ်၊ ရဲတပ်ရင်း(၁၆)နှင့် အမှတ်(၃)ရဲလေ့ကျင့်ရေးကျောင်းတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အမှတ်(၆၀၀၅)တင့်ကားတပ်နှင့် ညောင်ငုတ်တိုကျေးရွာရှိပျူစောထီးအဖွဲ့ကို အောက်တိုဘာလ ၂၆ ရက်နေ့ နေ့လယ် ၁၁ နာရီခန့်တွင် ဗုံးသီးခြောက်လုံးကြဲချတိုက်ခိုက်ခဲ့သည်ဟုယူနီကွန်းပျောက်ကြားတပ်ဖွဲ့မှ အဖွဲ့ဝင်တဦးကပြောသည်။ ပစ်မှတ်နေရာကို တိကျစွာတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ဗုံးသီးကွဲပြီးချိန်တွင် တပ်ထဲမှ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များအောင်မြင်စွာဖြင့်ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။
ကံတလူတိုးဂိတ်ရှိ စစ်ကောင်စီဂိတ်စခန်းကို အောက်တိုဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်တွင် နှစ်ရက်ဆက်တိုက် ဗုံးသီးလေးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ငါးဦး အပြင်းအထန်ဒဏ်ရာရပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့များကသတင်းထုတ်ပြန်သည်။
စစ်ကိုင်းရဲတပ်ရင်း(၁၆)ဝင်းအတွင်းရှိ လက်နက်တိုက်နှင့် အရာရှိအဆောင်တို့ကို အောက်တိုဘာလ ၂၈ ရက်နေ့နေ့လယ်ပိုင်းတွင် ဗုံးသီးဖြင့်တိုက်ခိုက်ခဲ့ရာ လက်နက်တိုက်မီးလောင်ကျွမ်းခဲ့ပြီး ထိခိုက်မှု အသေးစိတ်အား စုံစမ်းနေဆဲဖြစ်ကြောင်း Federal Wings အဖွဲ့က သတင်းထုတ်ပြန်သည်။ရဲတပ်ရင်းအားတိုက်ခိုက်နေစဉ် ကံတလူတိုးဂိတ်နှင့် အမှတ်(၃)ရဲလေ့ကျင့်ရေးကျောင်းတို့ကိုလည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းFederal Wings အဖွဲ့က ဆိုသည်။
“လက်နက်တိုက်ပေါ်တည့်တည့်ကျတယ်။Scout Drone ထဲကနေ အတည်ပြုနိုင်တာပါ"ဟု ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
အဆိုပါတိုက်ခိုက်မှုများကိုယူနီကွန်းပျောက်ကြားတပ်ဖွဲ့နှင့်အတူ၊ Phoenix Sagaing၊ Royal Falcon LPDF၊ Fight for Federal ၊ တောတွင်းတွတ်ပီအဖွဲ့၊Federal Wings အမှတ်(၁၈၀၁)တပ်ရင်း၊ Ghost Team Ranger Myinmuနှင့် စစ်ကိုင်းခရိုင်တပ်ရင်း(၇)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် စစ်ကိုင်းမြို့အဝင် ရတနာပုံတံတားဂိတ်နှင့် မြို့အထွက်ကံတလူတိုးဂိတ်(မုံရွာဘက်မှအဝင်ဂိတ်)တို့ကို စစ်ကောင်စီတပ်ဖွဲ့က လုံခြုံရေးတင်းကျပ်ထားပြီး ရဲတပ်ရင်း(၁၆)အနီးဝန်းကျင်ကိုလည်းပိတ်ဆို့စစ် ဆေးနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များမှသိရသည်။
စာတည်း - အေးချမ်း
#Mizzima
#စစ်ကိုင်းမြို့
#စစ်ကောင်စီနေရာငါးခု
#သုံးရက်ဆက်ဗုံးကြဲတိုက်ခိုက်
ဓာတ်ပုံ- အောက်တိုဘာလ ၂၈ ရက်နေ့က ရဲတပ်ရင်းကို တိုက်ခိုက်မှု

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍15❤3👏2🥴1
မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် အတူ ဟန်ချက်ညီညီ တိုက်ပွဲဆင်နွှဲကြရန် CNF ထုတ်ပြန်
=============
ကိုခင်မောင်
(မဇ္စျိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆင်နွှဲနေသော ညီနောင် မဟာမိတ် သုံးဖွဲ့၏ "၁ဝ၂၇ စစ်ဆင်ရေး"နှင့်အတူ ဟန်ချက်ညီညီ တိုက်ပွဲဆင်နွှဲကြရန် ချင်းအမျိုးသားတပ်ဦး(CNF) က ယနေ့ အောက်တိုဘာလ ၃၁ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အကြမ်းဖက် စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းယူခြင်းသည် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ပြီး တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးက လိုလားတောင့်တနေသော နိုင်ငံရေးစနစ်ဖြင့် တိုင်းပြည်တည်ဆောက်ရန် နိုင်ငံရေးအခွင့်အခါကောင်းရရှိခြင်းပင်ဖြစ်ပြီး ထိုအခွင့်ထူးကို မိမိတို့ အနေဖြင့် အမိအရဆုပ်ကိုင်ပြီး စစ်ရေး ၊နိုင်ငံရေးတွင် ညီနောင် မဟာမိတ် သုံးဖွဲ့နှင့်အတူ ဟန်ချက်ညီညီ တိုက်ပွဲဆင်နွှဲကြပါရန် တိုက်တွန်းလိုကြောင်း ချင်းအမျိုးသားတပ်ဦး (CNF)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“ဒီနွေဦးတော်လှန်ရေးကာလမှာ အခုလို ညီနောင်သုံးဖွဲ့အနေနဲ့ အဲဒီဒေသအတွင်းမှာ စစ်ဆင်ရေးအကြီးကြီးတွေ လုပ်ပြီးတော့ အောင်မြင်မှုတွေအလီလီရထားတာတွေ့ရတော့ ကျွန်တော်တို့အတွက် အင်မတန်မှ အားရှိတယ်။ ထောက်လည်းထောက်ခံတယ်၊ ကြိုဆိုတယ်၊ အဲဒီလိုပဲ ဆက်လက်ပြီးတော့ အောင်မြင်မှုတွေဆက်တိုက်ရပါစေလို့ပဲ ကျွန်တော်ဆန္ဒပြုချင်ပါတယ်။” ဟု ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမကိုပြောသည်။
ထို့အပြင် အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ခဲ့သည့် ညီနောင် သုံး ဖွဲ့၏ "၁၀၂၇ စစ်ဆင်ရေး"တွင် ရန်သူ့တပ်စခန်းနှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းပြီး အောင်ပွဲအလီလီရရှိမှုများအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ တိုက်ပွဲတိုင်း အောင်လံလွှင့်ထူနိုင်စေကြောင်း အလေးအနက် ဆန္ဒပြုပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ညီနောင် မဟာမိတ် သုံးဖွဲ့ ဖြစ်သော မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်( MNTJP/MNDAA) ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နှင့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်( ULA/AA )တို့မှ ပြည်သူလူထု တရပ်လုံး လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ၊ ပြည်သူ့အသက်အိုးအိမ်၊ စည်းစိမ်ကာကွယ်နိုင်ရေး၊ မိမိနယ်မြေပိုမို ထိန်းချုပ်နိုင်ရေး စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု ဟန့်တားနိုင်ရေး၊ အွန်လိုင်း လောင်းကစား လိမ်လည်မှု ပပျောက်ရေးအတွက် စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နင်းနိုင်ရေး ရည်ရွယ်ချက်ဖြင့် မဟာဗျူဟာမြောက်"၁၀၂၇စစ်ဆင်ရေး" ဖော်ဆောင်မှုအပေါ် ထောက်ခံကြိုဆိုပါကြောင်း CNF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စာတည်း-သန့်ဇော်(သန်လျင်)
#mizzima
#CNF
#မြန်မာသတင်း
#၁ဝ၂၇စစ်ဆင်ရေး
ပုံအညွှန်း။ ။ ချင်းအမျိုးသားတပ်မတော်မှ ရဲဘော်များ

❤13👍4😁1🥴1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၃၁ အောက်တိုဘာ၂၀၂၃)
===================
စစ်ကောင်စီကတော့ စစ်သင်တန်းကျောင်းများရှိသည့် ပြင်ဦးလွင်မြို့ မကျအောင် အင်အားအများ အပြားနှင့် ခံစစ်ပြင်နေသည်ကို သတင်းအချက်အလက်များအရ သိရပြီး တကယ်တမ်းလာရောက် တိုက်ခိုက်ပါက ခုခံနိုင်မလားဆိုကို စောင့်ကြည့်ရမှာဖြစ်သည်။

👍14😁2