ပြင်ဦးလွင်မှထွက်လာသည့် စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်၊ သံချပ်ကာကား ၁စီးပျက်စီး၊ယာဉ်တန်းရှေ့ဆက်မတိုးနိုင်
👍12🥴2❤1😁1

=============
ဂျူချန်း
(မဇ္ဈိမ)။ ။ ပြင်ဦးလွင်မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို နောင်ချိုမြို့အနီး အုမ္မတီးလမ်းပိုင်းတွင် TNLA နှင့် မန္တလေး PDFက ကြားဖြတ်တိုက်ခိုက်ရာကနေ နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး ယာဉ်တန်းရှေ့ဆက်မတိုးနိုင်သေးကြောင်း PDF နှင့် ဒေသခံများက ပြောသည်။
ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့နံနက်က ပြင်ဦးလွင်မှ နောင်ချိုမြို့သို့ ဦးတည်ထွက်ခွာလာသည့် ကားအစီးရေ ၃၀ခန့်ပါ စစ်ကောင်စီယာဉ်တန်းအား
ညနေ ၄နာရီခွဲခန့်တွင် အုမ္မခါးကျေးရွာအနီးမှ စောင့်၍ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု မန္တလေးPDF ပြန်ကြားရေး တာဝန်ခံကိုအော်စမွန် က ပြောသည်။ယာဉ်တန်းတွင်ပါဝင်သည့် သံချပ်ကားနှစ်စီးအနက် တစီး ပျက်စီးသွားပြီး လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့သည်ဟု ၎င်းက ပြောသည်။
“ယာဉ်တန်းမှာ သံချပ်ကာကားနှစ်စီးပါတယ်ဗျ။ အဲ့နှစ်စီးထဲက တစီးကို ကျနော်တို့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် တစီးကတော့ မီးခိုးငွေ့တွေနဲ့ အငွေ့တွေထွက်ပြီးတော့ တိုက်ပွဲထဲကနေ နောက်ဆုတ်သွားတာ တွေ့ရပါတယ်ဗျ” ဟု ကိုအော်စမွန်က ပြောသည်။
ယင်းတိုက်ပွဲအတွင်း သေနတ် ခြောက်လက်နှင့် ဆက်စပ်ခဲယမ်းများ သိမ်းဆည်းရရှိကာ ဖမ်းဆီးရရှိထားသည့် စစ်သုံ့ပန်းများလည်းရှိပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုလည်းရှိသည်ဟု ဆိုသည်။ ဒဏ်ရာရ စစ်သုံ့ပန်းများကိုဆေးကုသပေးလျက်ရှိကြောင်း မန္တလေး PDF ကယနေ့ နိုဝင်ဘာ ၂ ရက်နေ့တွင် ထုတ်ပြန်သည်။
" အသက်ရှင်ရက် ဖမ်းဆီးမိတာရော၊ အလောင်းရရှိတာရော ရှိပါတယ်။ တိုက်ပွဲမပြီးသေးတဲ့အတွက် အသေးစိတ်တော့ မသိရသေးပါဘူး” ဟု ကိုအော်စမွန်က ပြောသည်။
ယမန်နေ့က အုမ္မတီး၊ အုမ္မခါး လမ်းပိုင်းတွင် ဖြစ်ပွားသည့် တိုက်ပွဲမှတ်တမ်းကို မန္တလေး PDF က ရုပ်သံဖိုင်ဖြင့်ထုတ်ပြန်ထားရာ သေဆုံးနေသည့် စစ်ကောင်စီတပ်သားအလောင်း နှစ်လောင်းနှင့် ဒဏ်ရာရထားသည့် စစ်သားနှစ်ဦးကို ယင်းရုပ်သံ၌တွေ့ရသည်။ ဒဏ်ရာရထားသူများကို ဆေးကုသပေးရန် PDF များက ပြောဆိုနေသည်ကို တွေ့ရသည်။
PDF ရဲဘော်တဦးက “တက်မလာနဲ့သိလား။ မြောက်ပိုင်းကိုလာရင် သေဖို့ပဲရှိတယ်” ဟု ပြောဆိုထားသည်ကိုလည်း ရုပ်သံ၌ တွေ့ရသည်။
ယင်းလမ်းပိုင်းတွင် ယနေ့ နိုဝင်ဘာ ၂ ရက်နေ့ နံနက် ၁၁နာရီ အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ် နေကြောင်း သိရသည်။
လက်ရှိတိုက်ပွဲပြင်းထန်နေသည့် နေရာအနီးတဝိုက်ရှိ ရေဝင်၊ အုမ္မတီး၊ အုမ္မခါး၊ ရေမောင်းတန်း၊ ရွှေညောင်ပင်၊သုံးဆယ်၊ ဆမ်ဆယ် စသည့် ကျေးရွာမှ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
“လူတွေလည်းမရှိတော့ဘူး။ အိမ်တွေပစ်ပြေးကုန်ပြီ။ ယာဉ်တန်းကတော့ နောင်ချိုမရောက်သေးဘူး။ အဲ့နားလေးပဲ ထိတွေ့မှု ဆက်ဖြစ်နေတာ” ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။
နောင်ချိုမြို့အတွင်းရှိ သံဘိုကျေးရွာမှစစ်ကောင်စီတပ်စခန်းကို TNLAနှင့်မန္တလေး PDF နှင့် ပူးပေါင်းတပ်ဖွဲ့က အောက်တိုဘာ ၂၆ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထို့အပြင် နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကိုလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က အောက်တိုဘာ ၂၉ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဂုတ်တွင်းတံတားကိုလည်း မဟာမိတ်ပူးပေါင်းအဖွဲ့မှ ထိန်းချုပ်ထားကြောင်း ဒေသခံများက ပြောသည်။
ယခု ပြင်ဦးလွင်မှ ထွက်လာသည့် ယာဉ်တန်းသည် နောင်ချိုမြို့သို့ ဦးတည်နေပြီး ထိုမှတဆင့် ဂုတ်တွင်း၊ ကျောက်မဲသို့ ဆက်သွားနိုင်ခြေရှိကြောင်း ဒေသခံများက ပြောဆိုသည်။ လက်ရှိတွင် ယင်းယာဉ်တန်းသည် နောင်ချိုမြို့သို့ မရောက်ရှိနိုင်သေးဘဲ ပြင်ဦးလွင်နှင့် နောင်ချိုကြားတွင် တိုက်ခိုက်ခံနေရကာ ရှေ့ဆက်မတိုးနိုင်သေးကြောင်း သိရသည်။
၁၀၂၇ စစ်ဆင်ရေးကို TNLA နှင့်အတူ မြောက်ပိုင်းမဟာမိတ်ညီနောင်များဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ရက္ခိုင့်တပ်တော် (AA) တို့ ဦးဆောင်ကာအောက်တိုဘာလ ၂၇ ရက် နံနက်မှစတင်ခဲ့ပြီး ယနေ့သည် စစ်ဆင်ရေး ခုနစ်ရက်မြောက်ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (NUG-MOD) လက်အောက်ရှိ မန္တလေး PDF သည် “တောင်သမန်စစ်ဆင်ရေး” ကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့မှ ဦးဆောင်ကာ ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ လက်တွဲ တိုက်ပွဲဝင်လျက်ရှိသည်။
ပုံအညွှန်း-ပြင်ဦးလွင်မှ ထွက်ခွာလာသည့်ယာဉ်တန်း၊ သိမ်းဆည်းရရှိသည့်လက်နက်နှင့် ဒဏ်ရာရ စစ်ကောင်စီတပ်သားကို MDY-PDF မှ ဆေးကုသပေးနေစဉ်
စာတည်း - အေးချမ်း
#Mizzima
#ပြင်ဦးလွင်
#နောင်ချိူမြို့
#TNLA
#မန္တလေးPDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍14❤1👏1😁1🥱1
ကြာအင်းဆိပ်ကြီးတိုက်ပွဲ ဆက်လက်ပြင်းထန် လက်နက်ကြီးထိမှန်၍ အရပ်သားသေဆုံး
==============
YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တဝိုက်တွင် ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့၊ နံနက် အစောပိုင်းမှစတင်၍ တိုက်ပွဲဖြစ်ပွားနေပြီး အဆိုပါတိုက်ပွဲများအတွင်း လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံတဦး သေဆုံးထားကြောင်း ဒေသခံများထံက သတင်းရရှိသည်။
" ကြားအင်းဆိပ်ကြီး မြို့ထဲ နေရာအနှံ့ပါပဲ။ စစ်တပ်ရှိတဲ့ နေရာတွေပါ။ ညကတည်းက စဖြစ်နေတာ။ ပြည်သူတွေလည်း လက်နက်ကြီး ထိမှန်တာရှိပါတယ်၊ ပြည်သူတယောက် သေဆုံးထားတာ ရှိပါတယ်။ အနီးကပ်ပစ်နေကြတာတွေဆိုတော့ အစ်ကိုလည်း ပုန်းနေရပါတယ်" ဟု ကြာအင်းဆိပ်ကြီးမြို့ပေါ်မှ ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။
ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့၊ နံနက် အစောပိုင်းတွင် ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ ရဲစခန်း၊ ကွီးလက်တဲ၊ ကနဲလေး စသည့် စစ်ကောင်စီ တပ်စခန်းများ အပါအဝင် မြို့နယ်တဝိုက်ရှိ စစ်ကောင်စီအထိုင်ချ တပ်စခန်းများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့်လည်းကောင်း၊ မြေပြင်မှလည်းကောင်း ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများအတွင်း ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၈၄)၊ ခလရ (၃၂) အပါအဝင် စစ်ကောင်စီတပ်စခန်းများက ဒေသခံများ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများဘက်သို့ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေရာမှ ဒေသခံ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။
လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတဦးသေဆုံးထားပြီး ကြာအင်းဆိပ်ကြီး မြို့ပေါ်ရပ်ကွက် (၁)၊ ရပ်ကွက် (၆) တို့တွင် ကလေးငယ်များအပါအဝင် ဒဏ်ရာရသူ ၁၀ ဦးနီးပါး ရှိနေကြောင်း၊ နေအိမ် ၁၅ လုံးထက်မနည်း လက်နက်ကြီး ထိမှန်ပျက်စီးထားကြောင်း ကနဦး စုံစမ်းသိရှိရသည်။
" ရပ်ကွက် (၁) ကပါ။ အိမ်ကိုလည်း ထိတယ်၊ လူတွေလည်း ထိထားပါတယ်။ အိမ်ကိုလက်နက်ကြီး သုံးလုံးကျပါတယ်။ နှစ်လုံးက အိမ်ရှေ့ကို ကျပါတယ်။ တလုံးက အိမ်ခေါင်မိုးပေါ် ကျပါတယ်။ အိမ်ဘေးနားက လူတချို့နဲ့ ကလေးတွေလဲ ဒဏ်ရာရထားပါတယ်။ အိမ်ထဲ ပုန်းနေရင်း လက်နက်ကြီး အိမ်ပေါ်ကျလို့ ဒဏ်ရာရကြတာပါ။ ဆေးကုသဖို့လည်း အဆင်မပြေပါဘူး" ဟု ရပ်ကွက် (၁) ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။
ထို့ပြင် ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့၊ နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု တကြိမ်ပြုလုပ်သွားကြောင်း သိရသည်။
" ပစ်နေတုန်းပဲ မြို့ထဲအနှံ့မှာ။ လေယာဉ်ကတော့ တလုံးကြဲချသွားပြီ။ ဘယ်ကိုကျသွားလဲတော့ မသိဘူး" ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။
လက်ရှိတွင် ကြာအင်းဆိပ်ကြီး မြို့နယ်အနှံ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်၍ တိုက်ပွဲဖြစ်စဉ်အသေးစိတ်အား အတည်ပြု၍ မရနိုင်သေးချေ။
ပုံအညွှန်း- လက်နက်ကြီး ထိမှန် ဒဏ်ရာရ ပြည်သူအချို့ (ဓါတ်ပုံ- ပေးပို့)
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကြာအင်းဆိပ်ကြီး
#လေကြောင်း

👍14😢4🔥2❤1
မတ္တရာမြို့ ငါးလုံးပြွန်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ ဒေသခံ ၂ ဦးကို ဖမ်းဆီး
မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် ၊ အရှေ့ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် အင်အား ၇၀ ခန့်ပါ စစ်ကောင်စီတပ်က ငါးလု.....
https://ift.tt/bvLUSj3

🤬6❤2👏1
တောင်ကိုရီးယားကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသွားရောက်ပြီး မြောက်ကိုရီးယားအရေးဆွေး
တောင်ကိုရီးယားကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသွားရောက်ပြီး မြောက်ကိုရီးယားအရေးဆွေးနွေးဖို့ရှိ #International#Miz...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FIce7wtv2gzM&h=AT0RqRcQUHmbGXxnusD8DGREAK6WQvwD7oePwqls9b9QuqoMfh1AdSUFNabyd9GhKiblmDl2IHUY8ipEh3dkWaO3jMOgku-CLmFCGkIf_vQ5f86NSBX-iebFYea1GABp&s=1

👍5🔥1
တောင်ကိုရီးယားကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသွားရောက်ပြီး မြောက်ကိုရီးယားအရေးဆွေး
တောင်ကိုရီးယားကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသွားရောက်ပြီး မြောက်ကိုရီးယားအရေးဆွေးနွေးဖို့ရှိ #International#Miz...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FIce7wtv2gzM&h=AT27HTuaYRKaYu9vPNbWvoi8eLJDh29FHuMV0EZdN4UfLKCrT6ordR-DrIo83HeuSWLZ3o3yD66WNnhQiUoHganpv8wR4P2R-WxzAszB9YdGyyF2skmzZnT_AkkKZ_sv&s=1

👍4🔥1
နိုဝင်ဘာလ( ၂ )ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:58-စစ်ရေးအရ နယ်မြေကျူးကျော်လာပါက တုံ့ပြန်တိုက်ခိုက်မယ်လို့ UWSA ထုတ်ပြန်တဲ့သတင်း03:42-ရေစကြိုမြို့ ရဲစခန်းရှိ အ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FMR5AT0qVXQg&h=AT0mGXlb6d0xyUj0xr7T5ch3hTtJucVBtuyIdykG0AZ1Nl-u25EbRuQzHWzw8wzP9VjmnfRyTn-4ltFhbWAgTUsSvvXU3ixJGwTU9aDArjmkoUFlt015URhT-JwPg16w&s=1

👍4🔥2
November - 2 [12 Pm] Mizzima News Hour
November - 2 [12 Pm] Mizzima News Hour Mizzima Headline News #12pmnews #mizzimanewshour #reels #shorts ...
https://www.youtube.com/watch?v=TdzYqbEUbQ4

YouTube
November - 2 [12 Pm] Mizzima News Hour
November - 2 [12 Pm] Mizzima News Hour
Mizzima Headline News
#12pmnews
#mizzimanewshour
#reels
#shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…

တောင်ကိုရီးယားကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသွားရောက်ပြီး မြောက်ကိုရီးယားအရေးဆွေးနွေးဖို့ရှိ
တောင်ကိုရီးယားကို ...
https://www.youtube.com/watch?v=Ice7wtv2gzM

#International
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…
#International
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…
👍5🔥1
နိုဝင်ဘာလ( ၂ )ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:58-စစ်ရေးအရ နယ်မြေကျူးကျော်လာပါက တုံ့ပြန်တိုက်ခိုက်မယ်လို့ ...
https://www.youtube.com/watch?v=MR5AT0qVXQg

00:58-စစ်ရေးအရ နယ်မြေကျူးကျော်လာပါက တုံ့ပြန်တိုက်ခိုက်မယ်လို့ UWSA ထုတ်ပြန်တဲ့သတင်း
03:42-ရေစကြိုမြို့ ရဲစခန်းရှိ အချုပ်သားတွေပြောင်းရွှေ့တဲ့သတင်း
04:55-လုံခြုံရေးစခန်းကိုKIA က တိုက်ခိုက်တာကြောင့် လက်တုံ့ပြန်ခဲ့ကြောင်း စစ်ကောင်စီပြောတဲ့သတင်း
10:13-ဒီကနေ့မနက်…

👍6😁1🤮1
မိုးရေးမြို့တွင် ရဲအရာရှိအသတ်ခံရပြီးနောက် မြန်မာနိုင်ငံသား ၄၀ ကျော် ဖမ်းဆီးခံရ
🤬7👍3🔥1👏1
မိုးရေးမြို့တွင် ရဲအရာရှိအသတ်ခံရပြီးနောက် မြန်မာနိုင်ငံသား ၄၀ ကျော် ဖမ်းဆီးခံရ
=============
ပါခွီး
(မဇ္စျိမ)။ ။ အိန္ဒိယ-မြန်မာနယ်စပ် အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ မိုးရေးမြို့တွင် ရဲအရာရှိတဦး အသတ်ခံ ရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံသား ၄၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မိုးရေးမြို့ ရဲစခန်းအနီးအတွင် ရဟတ်ရယာဥ်ကွင်းဆောက်လုပ်ရန် ကသည်းလူမျိုးအရာရှိ ဦးဆောင်သော တပ်ဖွဲ့ဝင်များ အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခန့်က နယ်မြေစစ်ဆေးနေစဥ် စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
၎င်းအရာရှိသေဆုံးပြီးနောက် အောက်တိုဘာလ ၃၁ ရက်နေ့တွင် မဏိပူရ ရဲ၊ ကွန်မန်ဒိုနှင့် အာသံရိုင်ဖယ် စစ်တပ်တို့ပူးပေါင်းပြီး တရားခံရှာဖွေရန် မြို့ကိုစစ်ဆေးစဥ် အထောက်အထားမရှိသော စစ်ဘေးရှောင်နှင့် ဈေးလာရောင်းသည့် မြန်မာနိုင်ငံသားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီမှာရှိတဲ့ ကွင်းတကွင်းကို ရဟတ်ယာဥ်ကွင်းလုပ်ချင်တာ ဒေသခံတွေက လက်မခံဘူး။ အဲဒါနဲ့ပတ် သက်ပြီး သူတို့အချင်းချင်းပစ်ကြတဲ့သဘောပေါ့။ အဲဒီရဲအရာရှိသေတာနဲ့ပတ်သက်ပြီး မကျေနပ်လို့ လုပ် တဲ့တရားခံကို လိုက်ဖမ်းတယ်ဆိုတဲ့ပုံစံနဲ့ ရပ်ကွက်တွေထဲကို အော်ပရေးရှင်းဆင်းရင်းနဲ့ မြန်မာနိုင်ငံသား တွေကို အထောက်အထားမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ဖမ်းတာ။
အမျိုးသမီးနဲ့ကလေးတွေတော့ ပြန် လွတ်ပြီ။ အခြေအနေက ဘာမှပြောလို့မရဘူးဖြစ်နေတော့ ကျနော်တို့လည်း ရှောင်နေရတယ်” ဟု မိုးရေး မြို့တွင်နေထိုင်သည့် မြန်မာနိုင်ငံသားတဦးက မဇ္စျိမကိုပြောသည်။
အဖမ်းအဆီးခံရသည့် မြန်မာနိုင်ငံသား ၄၁ ဦးတွင် အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး ၁၉ ဦးပါဝင်ကာ အမျိုးသမီးများနှင့် အသက်မပြည့်သည့်ကလေးများကို ပြန်လွှတ်လိုက်ပြီး အမျိုးသား ၁၃ ဦး ဆက်လက် ထိမ်းသိမ်းခံနေရဆဲဖြစ်ကြောင်း ဆိုသည်။
၎င်းတို့ကို မိုးရေးရဲစခန်းတွင်ထိန်သိမ်းထားပြီးနောက် အမျိုးသမီးနှင့်ကလေးများအား ပြန်လွှတ်ပေးခဲ့ကာ အမျိုးသားများကို စစ်ဆေးရန် အခြားတနေရာသို့ ပြောင်းရွှေ့ခေါ်ဆောင်သွားကြောင်း သိရသည်။
မဏိပူရပြည်နယ်မြို့တော် အင်ဖားသို့ခေါ်ဆောင်သွားကြောင်း အခြားသတင်းအရင်းမြစ်ထံမှ သိရသော် လည်း မဇ္စျိမအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။
ယခုဖြစ်စဥ်မှာ ဖြစ်ပွားလျက်ရှိသည့် ကသည်းနှင့် ကူကီးလူမျိုးများအကြား လူမျိုးရေးပဋိပက္ခ၏ နောက် ဆက်တွဲဖြစ်ပြီး မြန်မာနိုင်ငံသားများမှာ ကြားညပ်ခြင်းဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုများလည်း ထွက်ပေါ် နေ သည်။
ယနေ့ နိုဝင်ဘာလ ၂ ရက် ယနေ့တွင် မိုးရေးမြို့ကို ၄၈ နာရီ အပြင်မထွက်ရ Total Shutdown ချလိုက်ပြီး ရပ်ကွက်များအတွင်းသို့ လုံခြုံရေးများဝင်ရောက်ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
“ဘာဆက်ဖြစ်မယ်တော့ မသိသေးဘူး။ ဒီဘက်နေတဲ့ မြန်မာတွေကတော့ နီးစပ်ရာတွေမှာ ရှောင်တိမ်း နေကြရတယ်။ အခြေအနေက အော်ပရေးရှင်းပြီးမှပဲ အိမ်ပြန်နေလို့ရမယ်ထင်တယ်” ဟု မြန်မာစစ်ဘေး ရှောင်တဦးက တိမ်းရှောင်နေရာမှ မဇ္စျိမကိုပြောပြသည်။
သေဆုံးသွားသည့် ရဲအရာရှိအတွက် ရူပီး သိန်း ၅၀ ပေးအပ်သွားမည်ဖြစ်ပြီး မိသားစုဝင်တဦးကိုလည်း အစိုးရအလုပ်ပေးသွားမည်ဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။
မဏိပူရပြည်နယ်အစိုးရသည် ယခုအချိန်အထိ မြန်မာနိုင်ငံမှ စစ်ဘေးရှောင်များကို ဒုက္ခသည်(ခိုလှုံသူ) များအဖြစ်လက်မခံဘဲ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအဖြစ် သဘောထားကြောင်းသိရသည်။
ယခုနှစ် ဇန်နဝါရီအတွင်းက မိုးရေးမြို့နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင် ၈၄ ဦးကို ဒေသအာဏာပိုင် များကဖမ်းဆီးခဲ့ပြီး အင်းဖားမြို့ Sajiwa အကျဥ်းထောင်တွင်ထိန်းသိမ်းထားခဲ့ပြီး ၎င်းအထဲမှ ၃၅ ဦး လွတ် မြောက်ခဲ့ပြီး နောက်ထပ်ငါးဦး လွှတ်မိန့်ရထားသော်လည်း အာမခံမရှိသေးသဖြင့် မထွက်နိုင်သေးကြောင်း သိရသည်။
ထို့ပြင် မဏိပူရပြည်နယ်၊ ကျူရာကျန်ပူမြိုတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၂၀၀ ကျော် နေထိုင်ခွင့် အထောက်အထားမရှိမှုဖြင့် Sajiwa အကျဥ်းထောင်တွင် ဖမ်းဆီးခံထားရသည်မှာ သုံးနှစ်ကျော် ကြာမြင့်နေပြီး ထောင်အတွင်း စားသောက်နေထိုင်ရေးခက်ခဲနေပြီး ကျန်းမာရေးစောင့်ရှောက်မှု မရှိ ကြောင်း ၎င်းတို့၏ မိသားဝင်များထံမှ သိရသည်။
ပုံအညွှန်း - မိုးရေးမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဥ်
ဓါတ်ပုံ - Explore Manipur
စာတည်း။ ။စောဖေ
#mizzima
#မဏိပူရပြည်နယ်
#မိုးရေးမြို့

🤬10👍5🔥1👏1
ဖမ်းဆီးရမိသည့် ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ကောင်းမွန်စွာထားပြီး ဆေးကုသပေးဟုဆို
👍15🥴2

============
008
(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် နိုဝင်ဘာလ ၁ ရက်နေ့ကဖြစ်ပွားခဲ့သည့် တိုက်ပွဲ များ၌ ဒဏ်ရာများဖြင့်ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကို ကောင်းမွန်စွာ ဆေးကုသပေးနေ သည်ဟု MDY PDF က ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် “နိုဝင်ဘာ ၁ ရက်နေ့တိုက်ပွဲ၌ ဒဏ်ရာနှင့်ဖမ်းဆီးရမိခဲ့သည့် စကစတပ်ဖွဲ့ဝင် ဆရာကြီး ကိုလှရွှေနှင့် ရှမ်းမြောက်မလာနှင့် ဟုတ်တို့အား ဆေးကုသပေးလျက်ရှိသည်” ဟု ဖော်ပြထားသည်။
“မနေ့ကတိုက်ပွဲအပြီးမှာ ဒဏ်ရာနဲ့အရှင်ဖမ်းဆီးရမိတဲ့ စကစတပ်သားတွေရှိပါတယ်။ ကောင်းကောင်း မွန်မွန် ဆေးကုပေးနေပါတယ်” ဟု MDY PDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
နောင်ချိုမြို့နယ်တွင် တိုက်ပွဲများပြင်းထန်လျက်ရှိပြီး ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်ကလည်း TNLA ၊ MDY - PDF ပူးပေါင်းတပ်ဖွဲ့နှင့်စစ်ကောင်စီတပ်ဖွဲ့တို့ ရွှေညောင်ပင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း သိရသည်။
နိုဝင်ဘာလ ၁ ရက်နေ့ ညနေပိုင်းက ပြင်ဦးလွင်မှ နောင်ချိုသို့တက်လာသည့် စစ်ကောင်စီယာဉ်တန်းကို အုမ္မသီးနှင့် အုမ္မခါးလမ်းခွဲတွင် TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သံချပ် ကားတစီးထိခိုက်ပျက်စီးကာ စစ်ကောင်စီတပ်ဖွဲ့ နောက်ပြန်ဆုတ်သွားပြီး MA 1 တလက်၊ MA 2 သုံး လက်၊ MA 3 နှစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ပုံစာ - ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို ဆေးကုသမှုပေးနေစဥ်။ ဓာတ်ပုံ၊ MDY PDF
စာတည်း။ ။စောဖေ
#နောင်ချိုမြို့နယ်

👍19🥴2
ဘင်္ဂလားဒေ့ရှ် အထည်ချုပ်အလုပ်သမားများ ဆန္ဒပြပွဲ၌ လူသေဆုံး
==============
အနိမ့်ဆုံးလုပ်ခ သုံးဆ တိုးပေးရန် တောင်းဆိုသော ဘင်္ဂလားဒေ့ရှ် အထည်ချုပ် အလုပ်သမားများ ဆန္ဒပြပွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ဖြစ်၍ လူ တဦး သေဆုံးကြောင်း ရဲက ပြောသည်။

👍6👏3😱2🤬1