Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.8K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
နိုဝင်ဘာလ ၃ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစ
နိုဝင်ဘာလ ၃ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး-----------------------------------------.....
https://l.facebook.com/l.php?u=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3DJ-ExOX8c3YM&h=AT2xhetTQaVzGhM6ea-LLljz17rb7W8TgOfsZw7Mdmv9Z5b38lNz0cMJo5iT8C-ab1Cn71WvK78Qr4di4ecwSPmhmYSFEjOV6LwRzdU_Gw7iUQIFva0DzrXkYvNLvAfK&s=1
👍6🔥2😁1
ထောင်ဝင်စာပို့ဖို့ အကူညီတောင်းခံသူတွေများလာ
လင်းသူရိန်(မဇ္ဈိမ)။ ။အာဏာသိမ်းပြီး သုံးနှစ်နီးပါးအကြာမှာ အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးလှုပ်ရှားမှုတွေ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FVbuHGKE5eyA&h=AT1An8vRyUMXmuxc8Ls0sGeOusZHOd0yS4DnLOA6M9seIdYuP0Uvcbx2CVem775wm6mLPjYvHirWR0Hi9wtKdW6vBW2Z9t7ISX_6CMa_lNEija3XTP9G0kfW8QeXPBOd&s=1
👍5😁1
ထောင်ဝင်စာပို့ဖို့ အကူညီတောင်းခံသူတွေများလာ
လင်းသူရိန်(မဇ္ဈိမ)။ ။အာဏာသိမ်းပြီး သုံးနှစ်နီးပါးအကြာမှာ အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးလှုပ်ရှားမှုတွေ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FVbuHGKE5eyA&h=AT0zMh67vgFGfFACyEKmzR1gS4i9zZOU_ZG2zAbwWmD7wy88A7r40V0f93aINGtAwpzzprNzJ-ceIJI4GEEyVk10mGbSJYI2n9Ol28qohd-3CuybOFM6erlJ2iGnHzrf&s=1
👍5😁3
နိုဝင်ဘာလ( ၃ )ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့ စစ်ဆင်ရေး ဖော်ဆောင်နေတဲ့ Operation 1027 မှ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FTfKqB_RmgFA&h=AT3zimJoYMq2cp3rUrpXJmehvAdNrpx6mujyL2I5ApIXkR0Mn-r8t5htAUlasKSLOgGRLSgj9U3JfYLFtcGF-HF4HgVnN6oqB7hQVNZp3eOPDyKxlInMRJgKI2_wDTpH&s=1
👍6🔥2
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fv4XOGgFvUK4&h=AT3n40UNuSkMm6UN_sqWa9gK-bKFiMxK8FvgQFT6J6D7ycYktKXFH-2DjJ75qwgCP3bwkzUzGpXxPxQPsI1EttI10LqShKlhH9QrrvmSq1x3Uhl-xn6i24-b3K24kNi0&s=1
🤮3
အိန္ဒိယတွင် ရဲတဦး အသတ်ခံရပြီးနောက် မြန်မာစစ်ရှောင် ကလေး ၃ ဦး အပါ အမျိုးသား၁၀ဦး အိန္ဒိယထော
အိန္ဒိယနိုင်ငံ ၊ မိုးရေးမြို့တွင် ရဲအရာရှိတဦး သတ်ဖြတ်ခံရပြီးနောက် အိန္ဒိယနိုင်ငံရောက် မြန်မာစစ်ရှောင်မျာ...
https://bit.ly/3FK5ysP
👍3🔥3😱3
​​အိန္ဒိယတွင် ရဲတဦး အသတ်ခံရပြီးနောက် မြန်မာစစ်ရှောင် ကလေး ၃ ဦး အပါ အမျိုးသား၁၀ဦး အိန္ဒိယထောင် ပို့ခံရ
=============

ပါခွီး

(မဇ္စျိမ) ။    ။ အိန္ဒိယနိုင်ငံ ၊ မိုးရေးမြို့တွင် ရဲအရာရှိတဦး သတ်ဖြတ်ခံရပြီးနောက် အိန္ဒိယနိုင်ငံရောက် မြန်မာစစ်ရှောင်များ ဖမ်းဆီးခံရကာ ၎င်းအထဲမှ အသက်မပြည့်သေးသူ ကလေး သုံးဦး အပါအဝင် အမျိုးသား ၁၀ဦး အိန္ဒိယနိုင်ငံအင်ဖားမြို့ရှိ ထောင်သို့ ပို့ခံလိုက်ရကြောင်း မိသားစုဝင်များထံက သိရသည်။

 အိန္ဒိယလုံခြုံရေးအဖွဲ့များက အောက်တိုဘာလ ၃၁ရက် နံနက်ပိုင်းတွင် မိုးရေးမြို့တွင်နေထိုင်သူ စစ်ဘေးရှောင်မြန်မာနိုင်ငံသားများထံသို့ ရောက်ရှိလာပြီး ၃၃ ဦး ကို ဖမ်းဆီးသွားခြင်းဖြစ်သည်။ 

 ထို့နောက် ရဲစခန်းတွင် ကိုယ်ရေးအချက်အလက်များ စာရင်းသွင်းယူပြီးနောက် ၎င်းတို့အနက် ၁၀ဦးကို မြို့တော်အင်ဖားသို့ ရဟတ်ယာဥ်ဖြင့်ပို့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျမ အမျိုးသားနဲ့ အသက်၁၆နှစ်သားအပါ အသက်မပြည့်တဲ့ ကလေးသုံး ယောက်ပါတယ် ။ အမျိုးသားက ကျန်းမာရေး မကောင်းဘူး ။ နေ့စဥ်သောက်နေရတဲ့ ဆေးတွေလည်းမပေးလိုက်ရဘူး ။ ဘယ်ကို လိုက်လို့ ဘယ်လိုလုပ်ရမယ် ဆိုတာမသိသေးဘူး” ဟု ဖမ်းဆီးခံရသူ မိသားစုဝင် က မဇ္စျိမ ကိုပြောသည်။

 ၎င်း၏ အမျိုးသားနှင့် သားဖြစ်သူမှာ တရားမဝင် နေထိုင်မှုဖြင့် တရားစွဲခံထားရ ကြောင်း သိရသည်။

အဖမ်းဆီးခံရသူ ၃၃ဦးကို နံနက် ၉နာရီ ၃၀မိနစ်တွင် ထမင်းနှင့်ပဲဟင်းကျွေးပြီး ၁၁နာရီ ၃၀မိနစ်အချိန်တွင် အမျိုးသား ၁၀ဦးကို ကားဖြင့် အခြားနေရာတွင် စစ်ဆေးရန်ဟု အကြောင်းပြကာ ခေါ်သွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင် ကဆက်ပြောသည်။

ဖမ်းဆီးခံရသူများထဲမှ ကျန်သည့် အမျိုးသား၊အမျိုးသမီးနှင့် ကလေးများကို ညနေ ၅နာရီ ၃၀နှင့် ည ၇နာရီအချိန်တို့တွင် နှစ်သုတ်ခွဲ၍ရဲစခန်းမှ ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။

မိုးရေးမြို့တွင် ရဟတ်ယာဥ်ကွင်းတည်ဆောက်ရန် စစ်ဆေးနေသည့် ရဲအရာရှိ စနိုက်ပါ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးမှုတွင် မြန်မာနိုင်ငံသားများ ပါဝင်ပတ်သက်နေသည်ဟု အိန္ဒိယ ရဲတပ်ဖွဲ့က သံသယရှိ‌ေန‌ေကြာင်း ထိုနေရာရောက် စစ်ရှောင်များက ပြောသည်။ 

 မိုးရေးမြို့ကို နိုဝင်ဘာ ၂ရက်နေ့မှစ၍ အဝင်အထွက် ပိတ်ထားပြီး ရပ်ကွက်များအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့များဝင်ရောက်ကာ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

“ဒီနေ့လည်းဖမ်းတာရှိတယ် ။ ကျနော်တို့ရပ်ကွက်ကလာစစ်ပြီးပြီ ။ တောင်ပေါ်ရပ်ကွက်ဘက်မှာ ဖမ်းတာတဲ့ ။ မြန်မာနိုင်ငံသားတွေကတော့ တောထဲမှာ ရှောင်နေကြ ရတယ်” ဟု အမည်မဖော်လိုသည့် အသက် ၅၀ကျော်အမျိုးသားတဦး က ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၃ ရက် တွင် မိုးရေးမြို့ရှိ ရပ်ကွက်အချို့ကို လုံခြုံရေးတပ်ဖွဲ့များက စစ်ဆေးပြီးနောက် လူ ၆၀ ခန့်ကို ဖမ်းဆီးသွားကြောင်း သတင်းများရရှိသော်လည်း မဇ္စျိမ အနေဖြင့် သီးခြား အတည် ပြုနိုင်ခြင်းမရှိသေးပေ။

မြန်မာစစ်ဘေးရှောင်များသည် မြို့နှင့်နီးစပ်သည့် တောတောင်များတွင် ရှောင်တိမ်းနေရကြောင်း သိရသည်။

မြန်မာစစ်ရှောင်များ၏ ကိုယ်ရေးအချက်အလက်များကို အိန္ဒိယ ရဲစခန်းက စစ်ရှောင် အသိအမှတ်ပြုယာယီကတ်ပြား ပေးမည်ဟုဆိုကာ ကောက်ယူထားသော်လည်း လက်ရှိအချိန်ထိ ထိုကတ်ပြား မရသေးကြောင်း စစ်ရှောင်များကဆိုသည်။

ရဲအရာရှိအသတ်ခံရပြီးနောက် ဗဟိုနှင့် ပြည်နယ်လုံခြုံရေးတပ်ဖွဲ့များသည် စစ်ဆင်ရေးတရပ်ပြုလုပ်ပြီး မိုးရေးမြို့နှင့် အနီးတဝိုက်ကျေးရွာသုံးရွာကို ရှာဖွေခဲ့ရာ လက်နက်ကိုင်များစွန့်ခွာခဲ့သော စခန်းအချို့နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရခဲ့ကြောင်းနှင့် နိုဝင်ဘာ ၁ရက်နေ့က ဖမ်းဆီးခဲ့သူ ၄၄ဦးအနက် ၃၂ဦး မှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း ဒေသထုတ် Imphal Free Press ကနိုဝင်ဘာလ ၂ရက်နေ့တွင် ရေးသားထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#အိန္ဒိယနိုင်ငံ
#မြန်မာစစ်ရှောင်

ပုံအညွှန်း - မိုးရေးမြို့တွင် ဖမ်းဆီးခံသူများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ 
ဓါတ်ပုံ - Explore Manipur

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🤬6🔥2❤1
ဘန်ကောက် ကွန်ဒို ၂ ခန်း မဲဖောက်မည့် အစီအစဉ် မဲလက်မှတ် ၃၀၀ နီးပါး ကြိုတင်ဝယ်ယူထားဟုဆို
လွိုင်ကော် PDF နှင့် ကော်ဘရာစစ်ကြောင်းတို့ ပူးပေါင်းဆောင်ရွက်သည့် ဘန်ကောက်မြို့​​ပေါ်ရှိ ကွန်ဒိုနှစ်ခန်း မ.....
https://bit.ly/3shP08j
👍5😁3❤1👏1
​​ထွေအုပ်ရုံးပေါ် ဒရုန်းပျံဝဲရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်လံရှာဖွေ
==========

မင်းထက်

(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အပါအဝင် ရပ်ကွက်ရုံးများပေါ် ဒရုန်းပျံဝဲသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေမှုများ ပြုလုပ်ကြသည်ဟု ဒေသခံများထံမှ သိရသည်။

"ညဘက် ဒရုန်းလာဝဲရင် စစ်သားနဲ့ရဲတွေ ပြာယာခတ်နေတာပဲ။ ဒရုန်းတွေနောက်ကိုလိုက်တာ။ ရွာဘက်တွေကိုပါ ရောက်တယ်။ ဒရုန်းက ဘယ်ကလာတာလဲ ဘယ်သူ့ဟာလဲတော့ မသိရဘူး"ဟု ဒေသခံကပြောသည်။

အောက်တိုဘာလ ၃၁ ရက်နေ့မှစ၍ နိုဝင်ဘာလ ၂ ရက်နေ့အထိ သုံးညဆက်တိုက် ညအချိန်များတွင် ဒရုန်းများ ဝဲသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရှာဖွေမှုများ ပြုလုပ်ကြသည်ဟု ဆိုသည်။

ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ နေအိမ်နှင့် အမှတ်(၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ နေအိမ်အထက် ကောင်းကင်တွင် အဆိုပါဒရုန်းများ ပျံဝဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတဦးက ပြောသည်။

ထိုသို့ဒရုန်းများ ပျံဝဲသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများနှင့် အုပ်ချုပ်ရေးမှူးများမှာ ယခင်ကထက်ပိုသည့် ညပိုင်းအချိန် ကင်းလှည့်မှုများ ပြုလုပ်ခြင်း၊ ဒရုန်းများနောက်သို့ ဆိုင်ကယ်များဖြင့် လိုက်ခြင်းများကို ပြုလုပ်ကြသည်ဟု ဒေသခံက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများက ပုသိမ်-ရန်ကုန် ကားလမ်းဘေးရှိ မဂူကျွန်းကျေးရွာ အနောက်ဘက်တောများအတွင်းနှင့် ရွေး၊ လေးဆူ၊ ပိတောက်ပင်ကျေးရွာများဘက်တွင် ဒရုန်းလွှတ်သူရှိမည်အထင်ဖြင့် ညအချိန် ဆိုင်ကယ်များဖြင့် လိုက်လံရှာဖွေခဲ့ကြသည်ဟု ၎င်းကဆိုသည်။

"ကျွန်တော်တို့ဘက်က လုပ်တာတော့ လုံးဝမဟုတ်ပါဘူး။ စစ်တပ်ဘက်က အကွက်ဆင်ပြီးလုပ်တာပဲ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေးကို အထူးသတိထားပြီး နေကြပါ။ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ပြည်သူလူထုကို နစ်နာအောင် ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး"ဟု ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကာကွယ်ရေးအဖွဲ့ တဖွဲ့က မဇ္စျိမကိုပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့က ကန်ကြီးထောင့်မြို့ပေါ် ကောင်းကင်တွင် ညပိုင်းအချိန် ပျံသန်းနေသည့် ဒရုန်းတစီးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်များဖြင့် မြို့အနှံ့လိုက်လံပစ်ခတ်သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သေးသည်။

စာတည်း ။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။သန့်ဇော်(သန်လျင်)

#မြန်မာသတင်း
#ဧရာဝတီတိုင်း
#ကန်ကြီးထောင့်မြို့

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21😁4🥰1🥱1
ဘန်ကောက် ကွန်ဒို ၂ ခန်း မဲဖောက်မည့် အစီအစဉ် မဲလက်မှတ် ၃၀၀ နီးပါး ကြိုတင်ဝယ်ယူထားဟုဆို
👍5👏4😁1
ဘန်ကောက် ကွန်ဒို ၂ ခန်း မဲဖောက်မည့် အစီအစဉ် မဲလက်မှတ် ၃၀၀ နီးပါး ကြိုတင်ဝယ်ယူထားဟုဆို
===============

001

(မဇ္စျိမ) ။   ။ လွိုင်ကော် PDF နှင့် ကော်ဘရာစစ်ကြောင်းတို့ ပူးပေါင်းဆောင်ရွက်သည့် ဘန်ကောက်မြို့​​ပေါ်ရှိ ကွန်ဒိုနှစ်ခန်း မဲဖောက်ပေးမည့် အစီအစဉ်အတွက် မဲလက်မှတ် ၃၀၀ နီးပါး ကြိုတင်ဝယ်ယူမှု ရှိထားပြီးဖြစ်ကြောင်း Cobra Column Fundraising အဖွဲ့ဝင်တဦးက ပြောသည်။

အဆိုပါ ကွန်ဒို တခန်းလျှင် တန်ကြေး ဘတ် ၁၄ သိန်း ရှိကြောင်း Cobra Column Fundraising Team က ထုတ်ပြန်ထားပြီး စုစုပေါင်း မဲလက်မှတ် ၁၀,၀၀၀ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကမ်ပိန်းကို အလှူငွေလုပ်တာထက်စာရင် ပြည်သူတွေလည်း ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ဆိုရင်လည်း ဒီဟာက အဆင်ပြေတယ်ပေါ့နော်။ ပေါက်သွားတဲ့အခါ ၊ ပြီးတော့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ဆိုရင်လည်း တော်လှန်ရေးလုပ်ပြီးတော့ မဲဆောက်ဘက်မှာ လာနေရတဲ့သူအချို့ရှိတယ်၊ သူတို့အတွက်ဆိုရင်လည်း အဆင်ပြေတယ်ပေါ့နော်”ဟု အဆိုပါ အဖွဲ့ဝင်က ပြောသည်။

မဲလက်မှတ်တစောင်လျှင် မြန်မာကျပ်ငွေဆိုပါက ၅၀,၀၀၀ ကျပ် ၊ အမေရိကန်ဒေါ်လာဆိုပါက ၁၇ ဒေါ်လာနှင့် ထိုင်းဘတ်ငွေဆိုပါက ၆၀၀ ဘတ် သတ်မှတ်ထားကြောင်း သိရသည်။

မဲလက်မှတ်ကို ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့ညပိုင်း သို့မဟုတ် နိုဝင်ဘာလ ၄ ရက်နေ့တွင် တရားဝင် စတင်ရောင်းချပေးသွားမည်ဖြစ်ပြီး လက်ရှိတွင်လည်း ကြိုတင်ဝယ်ယူမှုများရှိနေကြောင်း သိရသည်။

“လွိုင်ကော် PDF က မဲ ၅,၀၀၀ ၊ ကော်ဘရာက မဲ ၅ ၀၀၀ ပေါ့။ အဲ့ဒီဟာ ၁၀,၀၀၀ ပြည့်သွားပြီဆိုရင် တခါတည်း မဲဖောက်ပေးပြီးတော့ သော့ကို ပေါက်တဲ့လူကို အပ်သွားပေးမှာပေါ့။ ကုန်တာနဲ့ တခါတည်း ရပ်လိုက်မှာပေါ့”ဟု ဆိုသည်။

မဲဖောက်ပေးမည့် ကွန်ဒိုအခန်းအား မလိုချင်ဘဲ ငွေသားသာရယူလိုပါကလည်း ဘတ်ငွေ တသန်းကို ချက်ချင်းထုတ်ယူနိုင်မည်ဖြစ်ကြောင်း ကြေညာထားသည်။

လက်ရှိ မြေပြင်တွင် စစ်ဆင်ရေးဆောင်ရွက်နေသည့် စစ်ကြောင်းများအတွက် ခဲယမ်းလိုအပ်ချက်မှာ အဓိကစိန်ခေါ်မှုဖြစ်နေပြီး ရရှိသည့် ရန်ပုံငွေများကို ခဲယမ်းလိုအပ်ချက်အတွက်လည်း ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း Cobra Column Fundraising Team ထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

ပုံအညွှန်း - Cobra Column Fundraising Teamက ထုတ်ပြန်ထားသည့်
 ကွန်ဒိုပုံ။
#mizzima
#ဘန်ကောက်
#ကွန်ဒို

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍28👏2😁1
​​PDFများ ဝင်တိုက်မည့် သတင်းကြောင့် ရေဦးမြို့ ဝင်ထွက်ပေါက်များအားလုံး စစ်ကောင်စီပိတ်ဆို့
================

ကိုခင်မောင်

(မဇ္ဈိမ) ။ ။ရေဦးမြို့ထဲမှ စစ်တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် မြို့အဝင်အထွက်ပေါက် အားလုံးကို စစ်ကောင်စီက ပိတ်ဆို့လိုက်ပြီး ဒေသခံများကိုလည်း အဝင်အထွက် ခွင့်မပြုတော့ကြောင်း သတင်းရရှိသည်။ 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ထဲသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်လာပြီး စစ်ကောင်စီစခန်းများကို တိုက်ခိုက်မည်ဟူသော သတင်းသည် ယနေ့ နိုဝင်ဘာလ ၃ရက် နေ့လယ်မှစတင် ပျံ့နှံ့ခဲ့သည်။ ထို့နောက် စစ်ကောင်စီက ရေဦး-ခင်ဦးလမ်း၊ ရေဦး-ဒီပဲယင်းလမ်း၊ရေဦး - သံသည်လမ်း၊ ရေဦး - တန့်ဆည်လမ်းတို့ကို ယနေ့ ညနေ ၄နာရီမှစ၍ စစ်ကားများအသုံးပြုပြီး ပိတ်ဆို့လိုက်သည်ဟု သိရသည်။ 

" မြို့ရဲ့အဝင်အထွက်အကုန်လုံးကို စစ်ကားကြီးတွေနဲ့ ပိတ်ပစ်ပြီးတော့ သွားခွင့်မရှိဆိုပြီးတော့ လုပ်လိုက်တာပေါ့။ သူတို့(စစ်ကောင်စီတပ်) အတိုက်ခံရရင် အကုန်လုံးပါမယ်ဆိုတဲ့ သဘောနဲ့ ပိတ်ပစ်လိုက်တာ"ဟု ဒေသခံတဦးကပြောသည်။

ရေဦးမြို့သည် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်များတွင် ပါဝင်သည်။ မူလက ညနေ ၆နာရီမှနောက်နေ့ နံနက်၆နာရီအထိ သွားလာခွင့် ပိတ်ပင်သည့် မာရှယ်လော ထုတ်ထားခဲ့ပြီး ယနေ့မှစ၍ ညနေ ၄နာရီမှ နောက်တစ်နေ့ နံနက်၆နာရီအထိ သွားလာခွင့် ပိတ်ပင်လိုက်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီသည် ဒေသခံများ ကြောက်လန့်အောင် သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ ထုတ်နေသည်ဟု ရေဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကပြောသည်။

" စစ်ကိုင်းတိုင်းထဲက မြို့တချို့ ဒီနေ့အတိုက်ခံရတော့ ကြောက်လန့်ပြီး ပြာယာခပ်နေတာ။ မြို့ခံတွေ ကြောက်လန့်နေအောင် လုပ်ထားတာ" ဟု ၎င်းက ပြောသည်။

ယနေ့တွင် စစ်ကိုင်းတိုင်းအတွင်းကလေးမြို့နယ်အတွင်းရှိ ရာဇဂြိုလ်ရဲဘက်စခန်း၊ မြောက်စီးရဲစခန်း ၊ ရန်ကြီးအောင်စခန်း ၊ကလေးမြို့နှင့်ချင်းပြည်နယ်စပ်မှ သိုင်းငင်းစခန်း၊ တမူးမြို့နယ် အတွင်းရှိ ဝိတုတ်နှင့် ခမ်းပတ်ရဲစခန်း၊ ကောင်းလင်းမြို့ ရဲစခန်းနှင့်ထွေအုပ်ရုံး၊ မကွေးတိုင်း ဂန့်ဂေါမြို့နယ်ရှိ မင်းရွာရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်တိုက်ခိုက်ခဲ့ပြီး စခန်းအချို့ကို သိမ်းပိုက်ခဲ့သည်။

စာတည်း - အေးချမ်း
#Mizzima
#ရေဦးမြို့
#မြို့အဝင်အထွက်ပိတ်ဆို့
#မာရှယ်လော 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍30👏2