Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ် ဘက်စုံပူးပေါင်းဆောင်ရွက်လာ 
=====================

ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနှစ်နိုင်ငံသည် ရာစုနှစ်တစ်ဝက်ကြာ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးများမှ ရရှိလာသော အကျိုးအမြတ်များကို ပေါင်းစည်းရန် ဘက်စုံပူးပေါင်းဆောင်ရွက်မှုပြုလုပ်သင့်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆစ်လက်မြို့တွင် ကျင်းပသော ၁၁ ကြိမ်မြောက် ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ ချစ်ကြည်ရေးဆွေးနွေးပွဲ၌ သဘောတူညီခဲ့ကြသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3
​​ဂျပန်နှင့် အပြန်အလှန် စစ်တပ် ဖြန့်ကြက်မှုအတွက် ဖိလစ်ပိုင် မျှော်လင့် 
====================

ဂျပန်နိုင်ငံနှင့် တနိုင်ငံ၏ နယ်မြေပိုင်နက်တွင် တနိုင်ငံက စစ်တပ်တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ခြင်းကို ခွင့်ပြုမည့် သဘောတူညီချက်တရပ် “သိပ်မကြာမီ” ရရှိမည်ဟု ဖိလစ်ပိုင်က မျှော်လင့်ထားကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက နိုဝင်ဘာ ၆ ရက်တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3
​​ဂါဇာရှိ ဆေးရုံက လူသားချင်း စာနာထောက်ထားရေးအတွက်ဟု အစ္စရေးစွပ်စွဲချက်ကို အင်ဒိုနီးရှား တုံ့ပြန် 
======================

အင်ဒိုနီးရှား တည်ဆောက်ထားသည့် ဂါဇာရှိ အင်ဒိုနီးရှားဆေးရုံသည် လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပေးရန်နှင့် ပါလက်စတိုင်းတို့၏ ဆေးကျန်းမာရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အတိအလင်း ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁1
​​ကလေးမြို့နှင့်တမူးမြို့ တော်လှန်ထိုးစစ်ကို အရှိန်ဖြင့် ထပ်မံချီတက်နေဟု NUG ယာယီသမ္မတ‌ပြောကြား
================

002
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း ကလေးမြို့နှင့် တမူးမြို့တို့သည် တော်လှန်ထိုးစစ်ကို အရှိန်ဖြင့်ထပ်မံချီ တက်နေ ကြောင်း NUG ယာယီသမ္မတ‌ဒူဝါလရှီးလက အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃၅/၂၀၂၃ အစိုးရ အဖွဲ့အစည်းအဝေးတွင် ‌ပြောကြားသည်။

“ကောလင်းမြို့သိမ်းတိုက်ပွဲလိုပဲ တော်လှန်ထိုးစစ်ကို အရှိန်အဟုန်နဲ့ ထပ်မံချီတက်နေတာကတော့ ကလေးမြို့နဲ့ တမူးမြို့တို့ပဲ ဖြစ်ပါတယ်။ စစ်ရေးထိုးစစ်တွေနဲ့ မြို့သိမ်းစစ်ဆင်ရေးတွေဟာ ဒိုမီနိုသဘော တရားလို ဆင့်ကာဆင့်ကာနဲ့ထပ်တိုးလာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီအောင်ပွဲတွေကို ကျွန်တော်တို့ ဝမ်းမြောက်စွာကြိုဆိုသလို လေးနက်စွာအားစိုက် ထပ်တိုးလုပ်ဆောင်ကြရမယ်လို့ အထူး ပြောကြားချင်ပါတယ်” ဟု ယာယီသမ္မတက ‌ပြောသည်။

စစ်ဆင်ရေး ၁၀၂၇ ၏ အောင်မြင်မှုများမှာ ပြည်တွင်းပြည်ပမှ ပြည်သူများကို မျှော်လင့်ချက်ရောင်ခြည် ထွန်းလင်းစေပြီး ပူးပေါင်းစစ်ဆင်ရေး၏ အကျိုးကျေးဇူးများကို မြင်တွေ့ရပြီဖြစ်‌ကြောင်း ယာယီသမ္မတက ‌ပြောသည်။

“ကျွန်တော်တို့ဟာ ပူးပေါင်းစစ်ဆင်ရေးတွေရဲ့ အကျိုးကျေးဇူးကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီ ဖြစ် သလို၊ နွေဦးတော်လှန်ရေးမှာ အမြင့်မားဆုံးသောစစ်ရေးမှတ်ကျောက်ကို ရေးထွင်းနိုင်တဲ့အချိန်ကို ရောက် လာပြီဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ခုခံတော်လှန်စစ်မှသည် မြို့သိမ်းပြည်သိမ်းတိုက်ပွဲတွေအထိ တလှိုင်းပြီးတလှိုင်း ဆက်လက်ချီတက်နိုင်ကြမယ်လို့ ကျွန်တော့်အနေနဲ့ အထူးမျှော်လင့်ပါတယ်” ဟု ၎င်း က ဆက်‌ပြောသည်။

စစ်ကောင်စီက ၎င်းအထိနာလေ တိုင်းရင်းသားမဟာမိတ်များ၏ဌာနချုပ်များကိုတိုက်ခိုက်လေ ဖြစ်သဖြင့် ဌာနချုပ်များထံ ထိုးစစ်မရောက်အောင်ကာကွယ်ရမည်ဟု ယာယီသမ္မတက ‌ပြောသည်။

“တိုင်းရင်းသားမဟာမိတ်တော်လှန်ရေးအဖွဲ့တွေရဲ့ ဗဟိုဌာနချုပ်တွေကို စစ်ကောင်စီရဲ့ထိုးစစ် ရောက် မလာအောင် နည်းပေါင်းစုံနဲ့ ကာကွယ်လုပ်ဆောင်ကြဖို့ လိုပါတယ်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ကြီး တွေရဲ့အင်အားဟာ နွေဦးတော်လှန်ရေးကြီးတစ်ခုလုံးရဲ့ အင်အားနဲ့ထပ်တူဖြစ်ကြောင်း ကျွန်တော်တို့ နား လည်သဘော ‌ပေါက်ဖို့လိုပါတယ်” ဟု ယာယီသမ္မတက ‌ပြောသည်။
မြန်မာနိုင်ငံ၏ ပဋိပက္ခများ ချုပ်ငြိမ်းရေးမှာ အချက်သုံးချက်ရှိကြောင်း ယာယီသမ္မတက ‌ပြောသည်။

“စစ်တပ် နိုင်ငံရေးမှထွက်ရေး/ အာဏာရှင်စနစ်ဖျက်သိမ်းရေးနှင့် ကိုယ်ကံကြမ္မာကိုယ် ဖန်တီးခွင့် အပြည့် အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုထူထောင်ဖို့ အာဏာသိမ်းမင်းအောင်လှိုင်နှင့် စစ်အုပ်စုအပေါင်း အပါများကလက်ခံလျှင် ယနေ့ဖြစ်ပေါ်နေတဲ့ ပဋိပက္ခများ အမြန်ရပ်တန့်သွားနိုင်မှာ ဖြစ်တယ်" ဟု ၎င်းက‌ ပြောသည်။
လက်ရှိတွင် ခုခံတော်လှန်စစ် အရှိန်ကောင်းနေသည့်အချိန်တွင် ခလုတ်တိုက်မှောက်လဲသည့်အဖြစ်မျိုး မကြုံစေရန် သတိထားရမည်ဟု ယာယီသမ္မတက ‌ပြောသည်။

အမှတ်(၁)စစ်ဒေသ ကောလင်းခရိုင်ကွပ်ကဲရေး၏ကြီးကြပ်မှုဖြင့် PDF နှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ က နို၀င်ဘာလ ၆ ရက်နေ့တွင် စစ်ကိုင်းတိုင်း ကောလင်းမြို့ကို သိမ်းပိုက်ထားသည်။

စာတည်း။ ။စောဖေ

#ယာယီသမ္မတ
#ဒူဝါလရှီးလ
#တော်လှန်ထိုးစစ်

ပုံအညွှန်း-NUG ယာယီသမ္မတ ဒူဝါလရှီးလ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22❤7👏1😁1
​​ချောင်းဦးမြို့ စစ်ကောင်စီတပ်စခန်းမှထွက်ပြေးလာသည့် ပျူစောထီး ၂ ဦး လက်နက်ဖြင့် ဖမ်းဆီးရမိ
===============

ပါခွီး
မဇ္စျိမ။ ။စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ မြပုလဲဆီဆိုင်အနီးရှိ စစ်ကောင်စီစခန်းမှ ထွက်ပြေးလာသော ပျူစောထီးနှစ်ဦးကို လက်နက်ဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း Area 71 PDF (Monywa) က နိုဝင်ဘာလ ၇ ရက် ယနေ့ ထုတ်ပြန်ထားသည်။

ချောင်းဦးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များမှ နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ချိန်တွင် စခန်းအတွင်းရှိ ပျူစောထီးများ နီးစပ်ရာတောအတွင်းသို့ ထွက်ပြေးသည်ကို သိရှိ၍ အုပ်စုသုံးစုခွဲပြီး တောနင်းရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ရေမြောင်းကျဥ်းကျဥ်းလေးထဲမှာ ပုန်းနေတာ၊ သူဝတ်ထားတဲ့ ယူနီဖောင်းနဲ့က မမြင်ရဘူး၊ တက်နင်းမိမှ သိတာ။ ဒါနဲ့ လုံးထွေးဖမ်းဆီးလိုက်ရတာ” ဟု Area 71 PDF တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

ပျူစောထီးနှင်းဦးကို ၎င်းတို့ကိုင်ဆောင်သည့် ကာဘိုင်သေနတ် နှစ်လက်နှင့်အတူ စိုက်ခင်းတခုအကြားရှိ ရေမြောင်းထဲတွင် ဖမ်းဆီရမိခြင်းဖြစ်ကြောင်း ဆိုသည်။

ဖမ်းဆီရမိသောပျူစောထီးတဦးကို ကာကွယ်ရေးအဖွဲ့မှမေးမြန်းခဲ့ရာ ၎င်းတို့အဖွဲ့တွင် ခြောက်ဦးပါဝင်ကာ ကန့်ဘလူနယ်မှဖြစ်ပြီး ပိုက်ဆံမပေးနိုင်၍ အဖွဲ့ဝင်ခဲ့ရခြင်းဖြစ်ကြောင်း၊ ယခင်ကတည်းက ထွက်ပြေးရန် အကြံအစည်ရှိကြောင်း ဖြေကြားသည်။
စခန်းသိမ်းတိုက်ပွဲစတင်ချိန်ကတည်းက ပြန်လည်ပစ်ခတ်ခြင်းမပြုဘဲ သံတံခါးကိုကန်၍ ထွက်ပြေးခဲ့ရာ တွင် လူစုကွဲ၍ ၎င်းတို့နှစ်ဦးအဖမ်းခံရခြင်းဖြစ်ကြောင်း ဆိုသည်။

ချောင်းဦးမြို့သို့ရောက်ရှိသည်မှာ လေးလနီးပါးခန့်ကြာမြင့်ပြီး စစ်ကြောင်းထိုးရာတွင် လိုက်ပါရခြင်းမရှိဘဲ တပတ်တကြိမ် လမ်းပေါ်တက်၍ လမ်းအသွားအလာများကို မှတ်ပုံတင်စစ်ရသည်မှအပ ကျန်အချိန်များ တွင် မြက်ထိုး၊ ထင်းပေါက်နှင့် သန့်ရှင်းရေးအလုပ်များ လုပ်ကိုင်ရကြောင်း ပြောကြားသည်။

၎င်းတို့အဖမ်းခံထားရချိန်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအောင်သူရက ဖုန်းမက်ဆေ့ဖြင့် “ဘယ်ရောက် နေလဲ၊ စခန်းပြန်ခဲ့၊ ဖုန်းကိုင်၊ ဖုန်းမပြောရင် ဘယ်ရောက်ရောက် သေသေ လာမခေါ်ဘူး” ဟု စာလှမ်းပို့ ကြောင်း သိရသည်။

၎င်းတို့စခန်းတွင် ပျူစောထီး ၂၀ ဦး၊ ရဲငါးဦးနှင့် စစ်ကောင်စီတပ်သားသုံးဦး စုစုပေါင်း ၂၈ ဦးရှိကြောင်း အဖမ်းခံထားရသည့် ပျူစောထီးက ပြောဆိုသည်။

ဖမ်းဆည်းရမိသည့် ပျူစောထီးနှစ်ဦးနှင့် သေနတ်နှစ်လက်ကို NUG အစိုးရလက်အောက်ခံ ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့အစည်းထံသို့ နိုဝင်ဘာလ ၄ ရက်နေ့က လွှဲပြောင်အပ်နှံပေးခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့က အသိပေးထားသည်။

နိုဝင်ဘာလ ၄ ရက်နေ့က ချောင်းဦးမြို့ မြပုလဲဆီဆိုင်အနီးရှိ စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်း အဖွဲ့က ဝင်ရောက်စီနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၄ ဦးသေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့မှ လည်း ခြောက်ဦးကျဆုံးခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#ချောင်းဦးမြို့
#ပျူစောထီး

ပုံအညွှန်း - စခန်မှထွက်ပြေးသည့် ပျူစောထီးအား ဖမ်းဆီးထားစဥ်(ဓါတ်ပုံ - Area 71 PDF)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15😁1🥴1
စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက်သည့် ကျေးရွာပေါင်းစုံသပိတ်
👍12❤3😁1
စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက်သည့် ကျေးရွာပေါင်းစုံသပိတ်
==================

ပါခွီး
မဇ္စျိမ။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ စုပေါင်းထား သည့် ကျေးရွာပေါင်းစုံသပိတ်ကော်မတီသည် စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက်ပွဲကို နိုဝင်ဘာလ ၇ ရက် ယနေ့တွင် ပြုလုပ်ခဲ့သည်။

လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ ဟစ်ကြွေးခဲ့ကြပြီး ကျဆုံးခဲ့ သည့် အာဇာနည်များကို အလေးပြုခဲ့ကြသည်။

လက်ရှိတွင် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့်အတူ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအစုအဖွဲ့များ စွာသည် ပိုမိုစုဖွဲ့လာကာ စစ်အုပ်စုကိုတွန်းလှန်တိုက်ထုတ်မှု တစတစများပြားလာနေပြီး စစ်ရေးတွင် တိုးတက်သကဲ့သို့ နိုင်ငံရေးအရအခြေမြှင့်နိုင်ရန် ပြည်သူများအနေဖြင့် ကြိုးစားရန်လိုကြောင်း သပိတ် ကော်မတီက တိုက်တွန်းထားသည်။

ထို့ပြင် လမ်းမထက်လူထုသပိတ်၊ CDM ၊ ဘူးသပိတ်နှင့် သံတမန်ရေး စသည့် လူထုကိုအခြေခံသည့် လှုပ် ရှားမှုများစွာကိုလည်း အရှိန်မြှင့်ရန်လိုအပ်ကြောင်း အသိပေးထားသည်။

ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းမှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှစတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ရက် ပေါင်း ၉၆၀ ရက်မြောက်ချီတက်ခြင်းဖြစ်သည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤1😁1