ဂျပန်အကူအညီနဲ့ ကမ်းခြေစောင့်ကင်းလှည့်သင်္ဘော ငါးစင်းထိ ဖြန့်ကြက်ချထားမယ်လို့ ဖိလစ်ပိုင်ပြော
ဂျပန်အကူအညီနဲ့ ကမ်းခြေစောင့်ကင်းလှည့်သင်္ဘော ငါးစင်းထိ ...
https://www.youtube.com/watch?v=phcKaoSFbgk

YouTube
ဂျပန်အကူအညီနဲ့ ကမ်းခြေစောင့်ကင်းလှည့်သင်္ဘော ငါးစင်းထိ ဖြန့်ကြက်ချထားမယ်လို့ ဖိလစ်ပိုင်ပြော
ဂျပန်အကူအညီနဲ့ ကမ်းခြေစောင့်ကင်းလှည့်သင်္ဘော ငါးစင်းထိ ဖြန့်ကြက်ချထားမယ်လို့ ဖိလစ်ပိုင်ပြော
#internationalnews #reels #shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

👍2🔥2
November - 10 [12 Pm] Mizzima News Hour
November - 10 [12 Pm] Mizzima News Hour Mizzima Headline News #12pmnews #mizzimanewshour #reels #shorts ...
https://www.youtube.com/watch?v=5xYr0Rr-ovY

Mizzima Headline News
#12pmnews
#mizzimanewshour
#reels
#shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…

👍1🤮1
ရှမ်းမြောက်မှ စစ်ကောင်စီတပ်သား စစ်မတိုက်လိုတော့၍ လက်နက်ချအလင်းဝင်လာဟု TNLA ပြော
👍8❤3🥴2

===================
ဂျူချန်း
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေစဉ် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၃၆၂) မှ စစ်သားတဦးသည် လက်နက်ချအလင်းဝင်လာသည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သတင်းထုတ်ပြန်သည်။
အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခမရ(၃၆၂) မှ တပ်သားတဦးသည် လက်နက်အပြည့်အစုံဖြင့် နိုဝင်ဘာ ၈ ရက်နေ့တွင် ထွက်ပြေးလာပြီး လာရှိုးမြို့နယ်၊ ကုန်စုံကျေးရွာမှ TNLAတပ်ဖွဲ့ ထံလက်နက်ချ အလင်းဝင်လာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းစစ်သားသည် စစ်မတိုက်လိုသဖြင့် ရှေ့တန်းစစ်မျက်နှာပြင်မှထွက်ပြေးလာခြင်းဖြစ်ပြီး ခရီးစားရိတ် ငွေကျပ် ၁၅သိန်း ပေးအပ်ကာ ဘေးကင်းရာသို့ပို့ဆောင်ပေးခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ အကျအဆုံးများနေကာ လက်နက်ချအလင်းဝင်သည့် စစ်သုံ့ပန်းများလည်း ရှိနေသည်။ကွမ်းလုံမြို့ရှိ ခလရ(၁၄၃) မှ စစ်ကောင်စီတပ်သား ၄၁ ဦးသည် အောက်တိုဘာ ၃၀ရက်နေ့တွင်တပ်ရင်းလိုက် လက်နက်ချလာခဲ့သည်ဟု MNDAA က ထုတ်ပြန်ထားသည်။
လက်နက်ချအလင်းဝင်လာသူများကိုလည်း လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာနှင့်အညီ အသက်အန္တရာယ်လုံခြုံရေးကို အာမခံပေးပြီး ဖမ်းဆီးချုပ်နှောင်ခြင်းမရှိဘဲ မိသားစုနှင့် ပြန်လည်ဆုံစည်းနိုင်ရန် ခရီးစရိတ်များကိုပါ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။
ပုံအညွှန်း-TNLA ထံသို့ ခိုလှုံလာသည့် စစ်ကောင်စီတပ်သား (PSLF/TNLA)
စာတည်း - အေးချမ်း
#Mizzima
#ရှမ်းပြည်နယ်မြောက်ပိုင်း
#ခမရ(၃၆၂)
#စစ်သားတဦးလက်နက်ချ ခိုလှုံ
#TNLA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍11❤2🥴2
ရှမ်းမြောက်မှ စစ်ကောင်စီတပ်သား စစ်မတိုက်လိုတော့၍ လက်နက်ချအလင်းဝင်လာဟု TNLA ပြော
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေစဉ် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၃၆၂) မှ စစ်သားတဦးသည် လက်န....
https://ift.tt/pvHA2YB

👍4😁1🥴1
နိုဝင်ဘာလ ၁၀ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:58-ကောလင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၁ ဦးလက်နက်ချအညံခံတဲ့သတင်း03:32-တရုတ်နိုင်ငံသားတွေ မြန်.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FQ8jcit1zGXM&h=AT2vjCmpyRfydmxrH3W2WWf11p4IbwuisU8TsYDpZ68Hkf6dN9QJnOa0VsJyuI3QF_2OCdD4hJR8F_b0mEy1JL4lCPvxt40eckiIorHMfvWo9NdRXk99UGGG6r8-HTU8&s=1

🔥1🥴1
နိုဝင်ဘာလ ၁၀ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:58-ကောလင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၁ ဦးလက်နက်ချအညံခံတဲ့သတင်း03:32-တရုတ်နိုင်ငံသားတွေ မြန်.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FQ8jcit1zGXM&h=AT0uRNwMzN55kvNPccsqObiq-pBcbcuckzB6AuP6ZFe_k6m9_KBzHgM0wUXIqE5mVrOSIu7sU4_XgmiOAj_rPjXEgu9udWVtPepjWXwnW3I_9j8XtnP8AKC9v9XJ2IZ1&s=1

🥱1
တောင်ကြီးတန်ဆောင်တိုင်ပွဲတွင် ပါဝင်ဆင်နွှဲခြင်း မပြုရန် ဒေသခံများ တိုက်တွန်း
ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် မြန်မာနိုင်ငံတဝန်း တိုက်ပွဲများ ပြင်းထန်နေချိန် စစ်ကောင်စီတပ်က ပြုလုပ်မ...
https://ift.tt/KQSm0DT

🔥1
ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ ပထမအကြိမ် အထူးစစ်ဆင်ရေးသင်တန်းဆင်း
ပါခွီး(မဇ္စျိမ) ။ ။ ပထမအကြိမ် အထူးစစ်ဆင်ရေးသင်တန်းကို အောင်မြင်စွာ ပြုလုပ်ပြီးမြောက်ခဲ့ကြောင်း ချင်းပြည်နယ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Ft1Vt-5pTMdA&h=AT27xqXO4bgcNqmFtQ-fO2OsLkgysuHi_3lJ-56CgA-5I3VcRnH7gRYy6v17OSKjsntiWnVSrnYzZm1WCIy2YEJ5RzC9aTAF_NZ_jR1FfFTxHlVEfgJc7B06GHWjVuRC&s=1

👍5😁1
နိုဝင်ဘာလ ၁၀ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:58-ကောလင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၁ ...
https://www.youtube.com/watch?v=Q8jcit1zGXM

00:58-ကောလင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၁ ဦးလက်နက်ချအညံခံတဲ့သတင်း
03:32-တရုတ်နိုင်ငံသားတွေ မြန်မာနိုင်ငံမြောက်ပိုင်းကို ခရီးမသွားဖို့ တရုတ်အစိုးရတိုက်တွန်းတဲ့သတင်း
06:06-ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ က ပထမအကြိမ် အထူးစစ်ဆင်ရေးသင်တန်းဆင်းတဲ့သတင်း…

Putin meets senior Chinese general, hails growing military ties
President Vladimir Putin says during a meeting with Zhang Youxia, deputy chairman of China's Central Military Commission, that ...
https://www.youtube.com/watch?v=y0HfV8HumgU

President Vladimir Putin says during a meeting with Zhang Youxia, deputy chairman of China's Central Military Commission, that Russian-Chinese military cooperation is becoming "increasingly important", but rules out any "Cold War-style military alliances".…
November - 10 [12 Pm] Mizzima News Hour
November - 10 [12 Pm] Mizzima News Hour Mizzima Headline News #2pmnews #mizzimanewshour #reels #shorts ...
https://www.youtube.com/watch?v=tVqljrkJB6w
November - 10 [12 Pm] Mizzima News Hour Mizzima Headline News #2pmnews #mizzimanewshour #reels #shorts ...
https://www.youtube.com/watch?v=tVqljrkJB6w
YouTube
November - 10 [12 Pm] Mizzima News Hour
November - 10 [12 Pm] Mizzima News Hour
Mizzima Headline News
#2pmnews
#mizzimanewshour
#reels
#shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…
Mizzima Headline News
#2pmnews
#mizzimanewshour
#reels
#shorts
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…
😁1
ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ ပထမအကြိမ် အထူးစစ်ဆင်ရေးသင်တန်းဆင်း
ပါခွီး(မဇ္စျိမ) ။ ။ ပထမအကြိမ် အထူးစစ်ဆင်ရေးသင်တန်းကို ...
https://www.youtube.com/watch?v=t1Vt-5pTMdA

ပါခွီး(မဇ္စျိမ) ။ ။ ပထမအကြိမ် အထူးစစ်ဆင်ရေးသင်တန်းကို အောင်မြင်စွာ ပြုလုပ်ပြီးမြောက်ခဲ့ကြောင်း ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ Chin State People’s Police Force (CSPPF) က ယမန်နေ့ နိုဝင်ဘာလ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။
သင်တန်းကို နှစ်လကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး…

👍5❤🔥1🥴1
တောင်ကြီးတန်ဆောင်တိုင်ပွဲတွင် ပါဝင်ဆင်နွှဲခြင်း မပြုရန် ဒေသခံများ တိုက်တွန်း
===============
ရောင်နီ
(မဇ္စျိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် မြန်မာနိုင်ငံတဝန်း တိုက်ပွဲများ ပြင်းထန်နေချိန် စစ်ကောင်စီတပ်က ပြုလုပ်မည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတွင် ပြည်သူများအနေဖြင့် ပါဝင်ဆင်နွှဲခြင်း မပြုကြရန် တောင်ကြီးဒေသခံများက တိုက်တွန်းသည်။
COVID-19 ကပ်ရောဂါနှင့် စစ်တပ်အာဏာသိမ်းမှုကြောင့် သုံးနှစ်ကျော်ကြာ ရပ်ဆိုင်းခဲ့ရသည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို လာမည့် နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ အဝေရာမီးပုံးပျံကွင်း၌ ပြုလုပ်ရန် စစ်ကောင်စီက စီစဥ်ထားသည်။
“ဒီပွဲလုပ်တယ်ဆိုတာကိုက တဖက်အိမ် မီးလောင်တာ ငါတို့အိမ်မှ မလောင်သေးတာဆိုတဲ့ အထာပေါ့ဗျာ။ ဘာရိုးရာ ဘာအနှစ်သာရမှ မပါမယ့် တိုင်းပြည် အေးချမ်းသာယာနေပါတယ်ဆိုတဲ့ ပုံရိပ်ကိုယူမယ့် ဒီပွဲကို မလည်ဘဲ အားမပေးဘဲ ရှောင်ကြပါလို့ တောင်းဆိုချင်ပါတယ်” ဟု တောင်ကြီးဒေသခံ တဦးက ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ ဒေသခံများသည် မီးပုံးပျံနှင့် ပတ်သက်သည့် ရိုးရာအပေါ် ချစ်မြတ်နိုးသည့်အတွက် စစ်ကောင်စီက ထိုအချက်ကို အခွင့်ကောင်းယူကာ ပွဲတော်ကျင်းပရန် စီစဥ်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
တဖက်တွင်လည်း စစ်ကောင်စီတပ်က တောင်ကြီးရှိ မီးပုံးပျံအဖွဲ့များကို ပါဝင်ယှဥ်ပြိုင်ရန် ဖိအားပေးခြင်း၊ ရပ်ကွက်အလိုက် မိီးပုံးပျံများ ဝင်ရောက်ယှဥ်ပြိုင်ရန် ငွေကြေးစိုက်ထုတ်ပေးခြင်းများ ရှိနေကြောင်း ဒေသခံများထံကတဆင့် သိရသည်။
“စစ်ကောင်စီက ရပ်ကွက်တွေကို မီးပုံးပျံပြိုင်ဖို့ တရပ်ကွက်ကို သိန်း ၄၀ ပေးပြီး အတင်းအကျပ် ဝင်ပြိုင်ခိုင်းတာမျိုးတွေ ရှိတယ်”ဟု ဒေသခံတဦးက ဆိုသည်။
သို့သော် ယခင်က တောင်ကြီးတန်ဆောင်တိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်သည့် နာမည်ကြီးမီးပုံးပျံအဖွဲ့များစွာသည် ယခုနှစ်တွင် ပါဝင်ယှဥ်ပြိုင်ခြင်း မရှိသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် မီးပုံးပျံပွဲကျင်းပမည့် တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်းကိုလည်း အောက်တိုဘာလနှောင်းပိုင်းမှ စတင်ကာ စစ်ကောင်စီတပ်က ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။
နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၉ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်တွင် ညမီးကြီးအမျိုးအစား မီးပုံးပျံ ၇၉ လုံး၊ စိန်နားပန်အမျိုးအစား မီးပုံးပျံ ၃၆ လုံး နှင့် နေ့လွှတ်မီးပုံးပျံများ အပါအဝင် စုစုပေါင်းမီးပုံးပျံ ၃၉၄ လုံးကို လွှတ်တင်ခဲ့သည်။
ယခုနှစ် ၂၀၂၃ တောင်ကြီးတန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပွဲတော်တွင်မူ ညမီးကြီးအမျိုးအစား မီးပုံးပျံ ၃၈ လုံးနှင့် စိန်နားပန်အမျိုးအစား မီးပုံးပျံ ၂၅ လုံးသာ လွှတ်တင်မည်ဖြစ်ပြီး နေ့လွှတ်မီးပုံးပျံပြိုင်ပွဲ ဝင်လိုသည့် အသင်းများအနေဖြင့် နိုဝင်ဘာလ ၁၀ ရက်နေ့အထိ စာရင်းပေးသွင်းနိုင်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းက လူမှုကွန်ရက်မှ တဆင့် ထုတ်ပြန်ထားသည်။
“အရင်ကဆို ညမီးကြီး မီးပုံးပျံချည်းပဲ အလုံး ၁၀၀ နီးပါး လွှတ်တယ်။ အခုဆို ၃၀ ကျော်လောက်ပဲ ရှိတယ်။ ဒါက လက်ရှိအနေအထားကို ပြနေတာပါ” ဟု နောက်ထပ်ဒေသခံတဦးက ပြောသည်။
စစ်ကောင်စီဘက်က တောင်ကြီးတန်ဆောင်တိုင်ကို နည်းမျိုးစုံဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရန် စီစဥ်နေသည်ကို တွေ့ရသော်လည်း ဒေသခံအများစုက စိတ်ဝင်စားခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။
အာဏာမသိမ်းခင်အချိန်က တန်ဆောင်တိုင်ပွဲကျင်းပမည့် နိုဝင်ဘာလသို့ ရောက်လျှင် တောင်ကြီးမြို့ရှိ ဒေသခံများသည် မီးပုံးပျံပွဲနှင့် ကထိန်ပွဲအတွက် စိတ်အားတက်ကြွနေလေ့ရှိသော်လည်း အာဏာသိမ်းပြီးနောက် ပထမဆုံးကျင်းပမည့် တောင်ကြီးတန်ဆောင်တိုင်ပွဲစတင်ရန် ရက်ပိုင်းမျှသာလိုသည့် အချိန်အထိ မြို့အတွင်း တိတ်ဆိတ်ငြိမ်သက်နေကြောင်း ဒေသခံများက ပြောသည်။
“အရင်ကဆိုရင် တန်ဆောင်တိုင်ပွဲစတော့မယ်ဆိုရင် ရပ်ကွက်ထဲကလူတွေ ထွက်ပြီး အိုးစည်ဗုံမောင်းသံမြိုင်မြိုင်နဲ့ ၊ အခုတော့ တောင်ကြီးမှာ အိုးစည်သံတိတ်နေတာ တော်တော်ကြာနေပါပြီ” ဟု ဒေသခံအမျိုးသမီးတဦးက ဆိုသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သည် ပြည်တွင်း၌ သာမက ပြည်ပတွင်ပါ နာမည်ကျော်ကြားသည့် မြန်မာ့ရိုးရာပွဲတော်တခုဖြစ်ပြီး စစ်ကောင်စီက တိုင်းပြည်အေးချမ်းနေသယောင် ဖန်တီးလိုသည့်အတွက် ကျင်းပခြင်းဖြစ်ခြင်းကြောင့် ပြည်သူများအနေဖြင့် ပါဝင်ဆင်နွှဲခြင်းမပြုရန် ၎င်းက ထပ်မံတိုက်တွန်းသည်။
အာဏာသိမ်းပြီးနောက် တောင်ကြီးမြို့တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသားပေါင်း ၆၀၀ နီးပါးရှိပြီး ဒေသခံလူငယ်အများစုသည် ဒေသအသီးသီးတွင် စစ်ကောင်စီတပ်ကို လက်နက်ကိုင်ကာ ဆက်လက်ခုခံ တော်လှန်နေဆဲဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
လက်ရှိအချိန်တွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။

👍16🥰1😁1
ရေစကြိုမြို့ ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်
================
008
မဇ္ဈိမ။ ။ မကွေးတိုင်း၊ ရေစကြိုမြို့ရှိ မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ နိုဝင်ဘာလ ၁၀ ရက် နံနက် ၄နာရီခန့်တွင် တိုက်ခိုက်ကြောင်း သိရသည်။
"ရဲစခန်းကို ဝင်တိုက်တာ ဟုတ်ပါတယ်။ အသေးစိတ် ထုတ်ပြန်ပေးပါမယ်"ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိတဦးက မဇ္ဈိမကိုပြောသည်။
မိနစ် ၃၀ ကျော်ကြာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိခိုက်မှု အခြေအနေကို မသိရှိရသေးကြောင်း ဆိုသည်။
"စစ်တပ်က ရဲစခန်းနဲ့နီးတဲ့ အမှတ် (၇)ရပ်ကွက်နဲ့ အမှတ် (၈)ရပ်ကွက်ထဲ ဝင်ပြီး ပစ်နေတယ်။ မြို့ထဲဘက်လည်း မနက် ၈နာရီလောက်အထိ ပစ်နေတယ်"ဟု မြို့ခံတဦးက ပြောသည်။
နံနက် ၉နာရီခန့်တွင် ပစ်ခတ်မှုများ ငြိမ်သွားပြီး စစ်ကောင်စီတပ်ဖွဲ့က မြို့တွင်းဖြတ်သန်းသွားလာသူများကို ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်ကာ မြို့အဝင်အထွက်ကိုလည်း တားဆီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#မကွေးတိုင်း
#ရေစကြိုမြို့
#မြို့မရဲစခန်း

👍14👏1🥴1