Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ယင်းမာပင်မြို့နယ် ပြည်သူ့အခြေပြု ကျောင်းတွင် '၁၁၁၁' အောင်သပြေကပ်လှူ ဆုတောင်း
======================

လွှမ်းမိုး
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ ပြည်သူ့ အခြေပြု ကျောင်းတခုတွင် နိုဝင်ဘာလ ၁၁ ရက် နံနက်ပိုင်း၌ "၁၁၁၁" အောင်သပြေ ကပ်လှူ ဆုတောင်းပွဲ ကျင်းပခဲ့ကြောင်း ကျောင်းတာဝန်ခံ ဆရာ၊ ဆရာမ များထံက သိရပါသည်။

ယင်းဆုတောင်းပွဲကို ကျောင်းသား၊ မိဘ ၊ ဆရာများ ပူးပေါင်း ကျင်းပခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသည့် ရဲဘော်များအားလုံးကို ထောက်ခံကြိုဆိုသည့် အနေဖြင့် ပြုလုပ်ခဲ့ကြောင်း ပွဲစီစဉ်သည့် တာဝန်ခံဆရာ တဦးထံက သိရသည်။

ဆုတောင်းပွဲတွင် တရားသော စစ်ဆင်နွှဲနေသည့် ရဲဘော်များအားလုံး ဘေးရန်းကင်းပြီး ၊ တိုက်ပွဲတိုင်း အောင်မြင်ဖို့ ဆုတောင်းပေးခဲ့ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#၁၁၁၁
#၁၀၂၇

website link >>> https://www.mizzimaburmese.com/article/135466

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🥰6❤4
​​တိုက်ပွဲ ပြင်းထန်နေချိန် ဂါဇာဆေးရုံမှ ကလေးများကို ဘေးကင်းရာ ရွှေ့ပြောင်းပေးရန် အသင့်ရှိဟု အစ္စရေး ပြော
======================

ဂါဇာ၏ အကြီးဆုံး ဆေးရုံမှ မွေးကင်းစအရွယ် ကလေးများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးရန် အသင့်ရှိသည်ဟု အစ္စရေးစစ်တပ်က နိုဝင်ဘာ ၁၂ ရက်တွင် ပြောသည်။ ဧရိယာတွင် တိုက်ပွဲများ ပြင်းထန်နေစဉ် လောင်စာဆီ ပြတ်လပ်ပြီးနောက် မွေးကင်းစ ကလေးနှစ်ဦး သေဆုံးခဲ့သလို နောက်ထပ် ကလေးငယ်များလည်း အသက်ဘေးအန္တရာယ်ရှိနေကြောင်း ပါလက်စတိုင်း တာဝန်ရှိသူများက ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🤣1
ပျက်ကျသွားသော တိုက်လေယာဉ်ပေါ်ပါပစ္စည်းများ PDF နေပြည်တော်တိုင်းစစ်ဌာနချုပ်တပ်ရင်းများ သိမ်းဆည်းရမိ
==========

မဇ္ဈိမ။ ။ပျက်ကျသွားသော စစ်ကောင်စီ တိုက်လေယာဉ်မှပစ္စည်းများကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)က သိမ်းဆည်းရမိကြောင်း ဓာတ်ပုံများနှင့်တကွ ယနေ့တွင် ထုတ်ပြန်လာသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်တိုင်း စစ်ဌာနတပ်ရင်းများက သိမ်းဆည်းရမိသည့် ယမန်နေ့ ညနေက ကရင်နီပြည်နယ်အတွင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ပစ်ချလိုက်သည်ဟုဆိုသည့် K-8 အမျိုးအစား အပေါ့စားတိုက်လေယာဉ်၏ ကျန်ရှိပစ္စည်းများစာရင်းတွင် လေထီးတစုံ၊ စကားပြောစက်ကြီး တလုံး၊ လက်ကိုင်စကားပြောစက်တခု၊ ကယ်ဆယ်ရေးလေထိုးလှေငယ်တစင်း၊ အသက်ရှုအောက်ဆီဂျင် စက်တစုံ၊ လေသူရဲဆောင်းဦးထုတ်တလုံး၊ လေယာဉ်မှူးထိုင်ခုံတပိုင်းနှင့် ဆေးဝါးများဓာတ်စာများ ပါရှိ သည်ဟု သိရသည်။

တိုက်ပွဲများဖြစ်ပွားနေချိန်တွင် စစ်ကောင်စီတပ်မှတိုက်လေယာဉ် ပျက်ကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လေသူရဲ နှစ်ဦး အရေးပေါ်လေထီးဖြင့်ခုန်ချခဲ့ကြရာ တဦးမှာကရင်နီပြည်နယ် ဖရူဆိုမြို့နယ်အတွင်းကျသွားခဲ့ပြီး ကျန်တဦးသည် အခြားဒေသတွင် ကျရောက်သွားခဲ့သည်။
လက်ရှိအချိန်အထိ လေသူရဲများကို နှစ်ဘက်တပ်များက လိုက်လံရှာဖွေနေဆဲဖြစ်သည်။
👍14👏1
လောင်းလုံး "၁၁၁၁ " အောင်သပြေ လူထုလှုပ်ရှားမှု ပြည်သူ ထောင်နှင့်ချီ ပါဝင်
ကိုရွှေမြိတ် (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း ၊ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် "၁၁၁၁...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fvcg9e8SK84c&h=AT0tmreduo6HT9f8eCxBBRJlLpkqkDgcfhjIpvLJg9XGriLmdwALr_8doW1CX0b9OYkD3v8vuEin6X5n-3wm9T_U2mqcxrTIbG9XCxj_gWZcEqxGaqMC9NMcNW_KLC32&s=1
​​အယ်လ်ဘေးနီးယားမှာ ပွဲအတွင်း ဂါနာဘောလုံးသမား ဒွမ်မာနာ သေဆုံး
===================

By PKThawn
ဂါနာတိုက်စစ်မှူးဟောင်း ရာဖေးလ် ဒွမ်မာနာဟာ အက်နီရှားနဲ့ ပါတီဇာနီအသင်းတို့ရဲ့ အယ်လ်ဘေးနီးယားလိဂ်ပွဲစဉ်အတွင်း နှလုံးရောဂါခံစားရပြီးနောက် စနေနေ့က သေဆုံးခဲ့ကြောင်း အယ်လ်ဘေးနီးယားဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

“ကွင်းထဲမှာ ဆေးဝန်ထမ်းတွေက သူ့ကို ဆေးရုံကို အမြန်ပို့ခဲ့ပါတယ်။ ဒါပေမယ့် ဆေးရုံမှာ သူဟာ အသက် ၂၈ နှစ်မှာ သေဆုံးခဲ့တယ်”လို့ အဖွဲ့ချုပ်က ပြောပါတယ်။

ဒွမ်မာနာဟာ ဂါနာလက်ရွေးစင်အသင်းအတွက် ရှစ်ပွဲကစားပေးခဲ့ပြီး တချိန်က နိုင်ငံ့တက်သစ်စကြယ်ပွင့်တွေထဲမှ တဦးအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့်လည်း သူ့ရဲ့ ကစားသမားဘဝတလျှောက်မှာ နှလုံးနဲ့ပတ်သက်လို့ ပြဿနာများစွာကို ရင်ဆိုင်ခဲ့ရပါတယ်။

တိုက်စစ်ကစားသမားဟာ ဒီကျန်းမာရေးပြဿနာတွေကြောင့် ၂၀၁၇ မှာ ဘရိုက်တန်သို့ မပြောင်းရွှေ့နိုင်ဘဲ နောက်ဆုံးမှာ သူဟာ စပိန်သို့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

လေးနှစ်အကြာမှာ ဂါနာကစားသမားဟာ သူ့ရဲ့ကလပ် Blau-Weiss Linz နဲ့ Hartberg တို့ရဲ့ သြစတြီးယားမှာ ဖလားပြိုင်ပွဲတခုအတွင်း ပြိုလဲကျခဲ့ပေမယ့်လည်း ပြန်လည်ကောင်းမွန်လာပြီး သူ့ရဲ့ကစားသမားဘဝကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

အခုလိုမလဲကျခင် ဒွမ်မာနာဟာ ၂၀၂၀ မှာ နှလုံးခွဲစိတ်မှုကို ခံယူခဲ့ပြီး သူ့ကို ဘောလုံးကစားခွင့်ရဖို့ ရည်ရွယ်ထားတဲ့ အလိုအလျောက်နှလုံးနိုးစက်ကို အစားထိုးထည့်သွင်းထားခဲ့ပါတယ်။

ဒီခွဲစိတ်မှုအပြီး ၂၀၂၃ ဇန်နဝါရီလမှာ အယ်လ်ဘေးနီးယား ကလပ် အက်နီရှားကို မပြောင်းခင်မှာအသက် ၂၈ နှစ်အရွယ် ကစားသမားဟာ ဒိန်းမတ်၊ သြစတြီးယားနဲ့ ဆွစ်ဇာလန်လိဂ်တွေမှာ ကစားခဲ့ပါတယ်။

ဒွမ်မာနာဟာ ဒီရာသီ အယ်လ်ဘေးနီးယားလိဂ်မှာ ကိုးဂိုးသွင်းပြီး လက်ရှိဂိုးသွင်းအများဆုံးကစားသမားဖြစ်ပါတယ်။

ဆွဇ်ဇာလန်ကလပ် ဇူးရစ်အသင်းဟာ သူ့တို့ရဲ့ဝဘ်ဆိုက်တွင် ဒွမ်မာနာရဲ့ အဖြူအမည်းဓာတ်ပုံကို တင်ခဲ့ပြီး သူတို့ရဲ့ကစားသမားဟောင်းကို အရိုအသေပေးကာ "အေးချမ်းစွာအနားယူပါ ရာဖေးလ် ဒွမ်မာနာ၊ မင်းဟာ အမြဲတမ်း ငါတို့ထဲက တစ်ယောက်ဖြစ်မှာပါ!"
ဒွမ်မာနာကို အမှတ်ရစေဖို့ အယ်လ်ဘေးနီးယားအဖွဲ့ချုပ်ဟာ လိဂ်ပွဲစဉ်အားလုံးကို ရွှေ့ဆိုင်းဖို့ စနေနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။

အယ်လ်ဘေးနီးယားဘောလုံးလေ့လာသုံးသပ်သူ အင်ဒီ တူဖာက ဒွမ်မာနာနဲ့ ပတ်သက်ပြီး "သူဟာ ဘောလုံးအတွက် အသက်ရှင်ခဲ့တယ်"လို့ ပြောပါတယ်။

(AFP)
#dwamena #heartattack #ဒွမ်မာနာ #Mizzima
👍3
မလေးရှားတွင် မြန်မာ ၁ ဦး ကျားကိုက်ခံရပြီး သေဆုံး
မလေးရှားနိုင်ငံ၊ ကီလန်တန်ပြည်နယ် ဂွာမူဆန်မြို့ ရော်ဘာစိုက်ခင်းတခုတွင် နိုဝင်ဘာ ၁၁ ရက်က မြန်မာအမျိုးသားတဦ.....
https://ift.tt/SXxLoVI
ရန်ကုန် စက်သုံးဆီဆိုင်များတွင် တန်းစီဝယ်ယူသူ များပြား
===============

(မဇ္ဈိမ)။ ။ ရန်ကုန်မြို့တွင်း စက်သုံးဆီအရောင်းများတွင် ယနေ့ နိုဝင်ဘာလ ၁၂ ရက်၌ စက်သုံးဆီကို အကန့်အသတ်ဖြင့်သာရောင်းချနေပြီး တန်းစီဝယ်ယူသူ များပြားနေကြောင်း သိရသည်။
ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၁၁ ရက် ညနေပိုင်းက စတင်ပြီး ဓာတ်ဆီ 92 နှင့် 95 ပြတ်လပ်၍ စက်သုံးဆီဆိုင်အချို့ပိတ်ထားရာမှ ယနေ့တွင် ပြန်လည်ရောင်းချနေကြကြောင်း ယာဥ်ပိုင်ရှင်များထံက သိရသည်။

‘’ မနေ့ကဆိုရင် မနက်ထဲက တနေကုန် အခုချိန်ထိ လမ်းတွေပိတ်၊ ကားတွေကလည်း တန်းစီနေကြတယ်။ ဓါတ်ဆီဆိုင်တွေ လိုက်ရှာကြတာ။ စမ်းချောင်းထဲက ဆိုင်တွေဆိုရင် 92 နဲ့ 95 တွေက ဝယ်မရဘူး။ ဆိုင်တွေကလည်း မရဘူး ဆိုတာပဲ ။ တချို့ရတဲ့ဆိုင်တွေကြတော့လည်း ကားတစီးကို နှစ်သောင်းဖိုးထက်ပိုမရောင်းပေးကြဘူး။ ဒီနေ့တော့ မနက်ထဲကပြန်ရောင်းပေးတယ်။ ဒါပေမဲ့ ကားတန်းတွေကတော့ တော်တော်များတယ်။ နေ့လယ်ဆိုရင်တောင် ရပါ့မလား မသိတော့ဘူး’’ ဟု တက္ကစီယာဉ်မောင်း တဦးကဆိုသည်။
မြေပြင်တွင် ပြည်သူများ စက်သုံးဆီကို အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ဝယ်ယူနေရသော်လည်း စစ်ကောင်စီအနေဖြင့် စက်သုံးဆီ တလစာ အရန်ရှိစေရန် စီစဥ်ဆောင်ရွက်နေပြီး ပြည်တွင်းတွင် 92 ဂါလံ ၁၃ သန်းကျော်၊ ဒီဇယ် ဂါလန် သန်း ၃၀ ကျော် အရန်ရှိကြောင်း စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာများကို ပြောသည်။

မြောက်ဥက္ကလာမြို့နယ် အဝိုင်းကြီးမှတ်တိုင်နားရှိ Denko စက်သုံးဆီဆိုင်တွင် စောင့်ဆိုင်းနေသည့် ကားတန်းသည် မေဓါဝီလမ်းဆုံအနားထိရှိနေပြီး သုနန္ဒာလမ်းဆုံးရှိ Moon Sun စက်သုံးဆီဆိုင်တွင် ဆီထည့်ရန် စောင့်နေသည့် ယာဉ်တန်းသည် ဝဇီယာမှတ်တိုင်အကျော်ထိရှိနေသည်။ မြောက်ဥက္ကလာအဝိုင်းကြီးနားရှိ YP စက်သုံးဆီဆိုင်တွင် ဆီထည့်ရန် စောင့်နေသည့် ယာဉ်တန်းသည် မြောက်ဒဂုံတံတားအနားထိ ရောက်နေသည်ကို တွေ့ရှိနေရသည်။

" ဆီဈေးက ကျမယ်လုပ်လိုက်ရင် သူတို့က ထုတ်မရောင်းကြတော့ဘူး ။ ပိတ်လှောင်ထားလိုက်တဲ့ သဘောပေါ့။ အဲ့ဒီလိုဆိုတော့ ဆီဈေးက တက်ပြီ။ ဆီဈေးလည်းတက်ရော အကန့်အသတ်နဲ့ရောင်းပေးတာမျိုး လုပ်ကုန်ရော။ လူတွေက တန်းစီဝယ်ရရော။ အချိန်ကုန်တယ်လေနော်။ ဒီနေ့ဆိုလည်း အဝိုင်းနားက ဆိုင်မှာ တော်တော်စောင့်ရတယ်။ အခုထိလည်း စောင့်ရတုန်းပဲ" ဟု မြောက်ဥက္ကလာပ မြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတဦးက ယနေ့ နေ့လယ် ၁၂ နာရီတွင် ပြောသည်။

တောင်ဒဂုံ၊ မြောက်ဒဂုံ၊ တာမွေ၊ မြောက်ဥက္ကလာ၊ သာကေတ၊ မင်္ဂလာဒုံ၊ ထောက်ကြံ့ မြို့နယ်တို့ရှိ ဆီဆိုင်အချို့တွင် 92၊ 95 ဆီများ ပြတ်လပ်နေသည့်အတွက် ထိုစက်သုံးဆီများ ရရှိနိုင်သည့် ဆိုင်များတွင် တန်းစီဝယ်ယူသူများပြားနေခြင်းဖြစ်ကြောင်း ယာဥ်မောင်းတဦးက ပြောသည်။

" သီလဝါကနေ ဆီဆိုင်တွေ အပြည့်အဝ ထုတ်ခွင့်မရဘူး။ အဓိကက စကစက ဆီဈေး ကစားတဲ့ပုံစံပါပဲ။ ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်နေပြီ" အသေးစား စီးပွားရေးလုပ်ငန်းရှင်တဦးက သုံးသပ်သည်။
ယနေ့ထုတ် စစ်ကောင်စီလက်အောက်ခံ သတင်းစာတွင် ဖော်ပြထားသည့် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ 92 တလီတာ ၂,၀၆၀ ကျပ်၊ 95 တလီတာ ၂,၁၆၀ ကျပ်၊ ဒီဇယ်တလီတာ ၂,၁၉၅ ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၂,၃၂၀ ကျပ်တို့ဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

https://youtu.be/50l8Bx2xMCk?si=Njt2CvE-p7F07dgy

#Mizzima
#စက်သုံးဆီ

ရုပ်သံ အညွှန်း - မြောက်ဥက္ကလာမြို့နယ်ထဲတွ င်စက်သုံးဆီ ဝယ်ယူရန် တန်းစီနေသည့် ယာဉ်တန်းများ ( ဗီဒီယို- CJ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥2
​​မလေးရှားတွင် မြန်မာ ၁ ဦး ကျားကိုက်ခံရပြီး သေဆုံး
=======================

“အလောင်း ခွဲစိတ်စစ်ဆေးမှုရလဒ်တွေအရ သူ သေဆုံးရတာက ကျားကိုက်ခံရတာကြောင့် ခေါင်းမှာ ပြင်းထန်ဒဏ်ရာတွေ ရလို့ သေဆုံးတာလို့ ပြသနေတယ်” ဟု ဆစ်ခ်က ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5
ပုလဲမြို့နယ် အေးကုန်းကျေးရွာမှ နေအိမ် ၆၀ ခန့်ကို စစ်ကောင်စီတပ် မီးရှို့
🤬9👍3
ပုလဲမြို့နယ် အေးကုန်းကျေးရွာမှ နေအိမ် ၆၀ ခန့်ကို စစ်ကောင်စီတပ် မီးရှို့
=====================

လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ပုလဲမြို့နှင့် တမိုင်ခန့်အကွာရှိ အေးကုန်းကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ လ ၁၂ ရက် ယနေ့ နံနက် ၈ နာရီခန့်တွင် မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အိမ်ခြေ ၈၀ ခန့်ရှိသည့် အေးကုန်းကျေးရွာမှ နေအိမ် ၆၀ ခန့်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင် ရောက်ကာ မီးရှို့ဖျက်စီးသွားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ရွာရဲ့ နေရာသုံးခုလောက်ကို မီးတင်ရှို့သွားတာဖြစ်ပါတယ်။ မီးအားကောင်းကောင်းနဲ့ လောင်သွားတာ အချိန်တနာရီကျော်မယ်ဗျ။ အခုတော့ ငြှိမ်းလို့ရသလောက် ငြှိမ်းနေတယ်။ မီးလောင်အိမ်ခြေကတော့ ၆၀ လောက်ရှိမယ် ဟု” လုံခြုံရေးအရ အမည်မဖော်လိုသော ဒေသခံတဦးက ပြောကြားသည်။

အေးကုန်းကျေးရွာမှ စစ်ရှောင်များအနေဖြင့် ရွာကိုမီးရှို့ခံရသည့်အတွက် အိမ်ပြန်ရန်အရေး စိတ်ပူနေရ ကြောင်း ဆိုသည်။
“မီးလောင်တဲ့အိမ်ခြေက တော်တော်များတယ်လို့ပဲ သိရသေးတယ်။ စစ်သားတွေရဲ့ မိုင်းတွေဘာတွေ ကြောက်တော့ ပြန်မရသေးဘူး။ ဘယ်သူ့အိမ်တွေပါသွားတယ်ဆိုတာမသိရတော့ ပြန်ရင် နေစရာအိမ်ရှိပါ့ မလားဆိုတဲ့အတွေးနဲ့ ရင်တမမနဲ့ စိတ်ပူနေရတယ်” ဟု စစ်ရှောင်အမျိုးသမီးတဦးက ဆိုသည်။

စစ်ကောင်စီစစ်ကြောင်းသည် ခန့်မှန်းအင်အား ၁၀၀ ခန့်ရှိပြီး ပျူစောထီးနှင့် စစ်ကောင်စီတပ်ပူးပေါင်း တပ်ဖွဲ့ဖြစ်ပြီး ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ဂျရတ်ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားရာတွင် သေဆုံးမှုများရှိခဲ့သည့်အတွက် အေးကုန်းကျေးရွာကို မီးရှို့ခြင်းဖြစ်ကြောင်း ဒေသခံတဦးက ဆိုသည်။

စစ်ကောင်စီစစ်ကြောင်းများကြောင့် ပုလဲမြို့နယ်ရှိ အေးကုန်း၊ ကြိုးကြာဥ၊ ကျေးနင်း၊ သဲတော၊ သဲကြီး၊ အောင်ပန်းစသောကျေးရွာများမှ ဒေသခံ ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာ စစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ပုလဲမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬12👍3