Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မန်ချက်စတာယူနိုက်တက်မှ ထွက်ခွာတော့မယ့် အမှုဆောင်ချုပ် ရစ်ချတ် အာနိုးလ်
==================

By PKThawn
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အမှုဆောင်ချုပ် ရစ်ချတ် အာနိုးလ်ဟာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။
အသက် ၅၂ နှစ်အရွယ် ရစ်ချတ် အာနိုးလ်ဟာ ယူနိုက်တက်ရဲ့ စီနီယာအမှုဆောင်အရာရှိအဖြစ် ၂၀၂၂ ဖေဖော်ဝါရီလမှာ အက်ဒ် ဝုဒ်ဝဒ်နေရာ အစားထိုးဝင်ရောက်ခဲ့တာပါ။

ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ Ineos Group ဟာ ပရီးမီးယားလိဂ်ဘီလူးကြီးတွေဆီမှာ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူအပြီးသတ်ဖို့ ပြင်ဆင်နေချိန်မှာ သူ့ရဲ့ထွက်ခွာမှုက ထွက်ပေါ်လာတာပါ။
ရက်ကလစ်ဖ်ရဲ့ သဘောတူညီချက်အပေါ် ဒီကနေ့မှာ ကြေညာဖွယ်မရှိဘူးလို့ သိရပါတယ်။

Ineos Group ဟာ သူတို့ရဲ့ အနည်းစုဝယ်ယူမှုအတွက် ပေါင် ၁.၂၅ ဘီလီယံခန့် ပေးချေဖို့ စီစဉ်ထားပြီး နိုဝင်ဘာလရဲ့ နိုင်ငံတကာကြားရက်ပွဲစဉ်တွေအတွင်း အတည်ပြုနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
ကလပ်အသင်းဟာ အမြဲတမ်း အမှုဆောင်ချုပ်နေရာ အစားထိုးမှုကို ဆုံးဖြတ်နေစဉ်မှာ အထွေထွေအကြံပေး ပက်ထရစ် စတီးဝပ်က ယာယီအမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူမှာဖြစ်ပါတယ်။
စတီးဝပ်ဟာ မကြာသေးခင်က ပရီးမီးယားလိဂ်နဲ့ ဥရောပကလပ်တွေရဲ့ အဖွဲ့အစည်းအဝေးတွေမှာ ယူနိုက်တက်ကို ကိုယ်စားပြုထားပါတယ်။

"ပြီးခဲ့တဲ့ ၁၆ နှစ်တာလုံး ဒီကြီးကျယ်တဲ့ ဘောလုံးအသင်းကို ထမ်းဆောင်ပေးရတာက အံ့သြလောက်စရာ အခွင့်ထူးတခုပါပဲ"လို့ အာနိုးက ပြောပါတယ်။

"အနိမ့်အမြင့်ဖြတ်သန်းခဲ့တဲ့ကာလတလျှောက် ကျနော်တို့ရဲ့ ဝန်ထမ်းတွေနဲ့ ပရိသတ်တွေရဲ့ အပ်နှံမှုက အမြဲမပြတ်ရှိနေခဲ့ပါတယ်။ သူတို့ရဲ့ သစ္စာစောင့်သိမှုနဲ့ ကတိကဝတ်တွေအတွက် ကျေးဇူးတင်ကြောင်းနဲ့ ကလပ်နဲ့ ဆက်စပ်သူအားလုံးကို အနာဂတ်မှာ အကောင်းဆုံးဖြစ်ပါစေလို့ ကျနော် ဆုတောင်းပါတယ်။"

ရက်ကလစ်ဖ်ရဲ့ သဘောတူညီမှု ကြေညာချက်နဲ့ ပရီးမီးယားလိဂ်မှ အတည်ပြုချက်ကြားမှာ ခြောက်ပတ်ကနေ ရှစ်ပတ်အထိ ကွာဟသွားမှာဖြစ်ပြီး အဲဒီကာလအတွင်းမှာ ဗြိတိန်ဘီလျံနာဟာ ကလပ်လည်ပတ်မှုလုပ်ငန်းတွေမှာ ပါဝင်ကူညီနိုင်မှာ မဟုတ်ပါဘူး။
အာနိုးလ်ဟာ ၂၀၀၇ ဩဂုတ်လမှာ ယူနိုက်တက်သို့ ပထမဆုံးပူးပေါင်းခဲ့ပြီး သူဟာ ဝုဒ်ဝဒ် နေရာကို ယူလိုက်ချိန်အထိ ၂၀၁၃ ကနေ ကလပ်ရဲ့ မန်နေးဂျင်းဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
မကြာသေးခင်က သူဟာ Adidas၊ Qualcomm တို့နဲ့ ယူနိုက်တက်ရဲ့ သိသာထင်ရှားတဲ့ စပွန်ဆာသဘောတူညီချက်တွေကို ကြီးကြပ်ခဲ့ပေမယ့်လည်း တိုက်စစ်မှူး မေဆင် ဂရင်းဝုဒ်ရဲ့ ရှေ့ဆက်အခြေအနေအပေါ် သူ့ရဲ့ ကိုင်တွယ်မှုအတွက် ဝေဖန်ခံခဲ့ရပါတယ်။

မုဒိမ်းကျင့်ဖို့ ကြိုးပမ်းမှုနဲ့ ကျူးလွန်မှုအပါအဝင် မေဆန်ဂရင်းဝုဒ်ကို ပြင်းထန်တဲ့ စွဲချက်တွေကနေ ရုပ်သိမ်းပေးခဲ့ပြီးနောက် ကစားသမားက အိုးထရက်ဖို့ဒ်မှ ထွက်ခွာဖို့ မဆုံးဖြတ်ခင်မှာ အင်္ဂလန်လက်ရွေးစင်ဟောင်းဟာ ပထမအသင်းနဲ့အတူ ပြန်လည်ပေါင်းပူးဖို့ စီစဉ်ထားကြောင်း အာနိုးလ်က ဝန်ထမ်းတွေကို ကနဦးမှာ အရိပ်အမြွက် ပြောခဲ့ပါတယ်။

မန်နေဂျာ အိုလီ ဂန်နား ဆိုးလ်ရှား ထုတ်ပယ်ခံရပြီး ယူနိုက်တက်တို့ဟာ အဆင့် (၆) နေရာနဲ့ ပြီးဆုံးခဲ့တဲ့ ရာသီကို သူက "အိပ်မက်ဆိုးတခု"လို့ ရည်ညွှန်းခဲ့တဲ့နောက် ၂၀၂၂ ဇွန်လက ပရိသတ်တွေ သူ့ရဲ့အိမ်အပြင်ဘက်မှာ ဆန္ဒပြဖို့ ပြင်ဆင်နေချိန် သူက ပရိသတ်တချို့ကို ဘားတခုသို့ ခေါ်သွားကာ တွေ့ဆုံခဲ့ပါတယ်။

ပထမပွဲထွက်ရာသီမှာ ကာရာဘာင်းဖလားကို ဆွတ်ခူးခြင်းဖြင့် ခြောက်နှစ်အတွင်း ကလပ်ရဲ့ ပထမဆုံးဆုဖလားကို ရယူပေးခဲ့တဲ့ လက်ရှိမန်နေဂျာ အဲရစ် တန်ဟက်ဂ်ကို အားနိုးလ်က ပြီးခဲ့တဲ့နွေရာသီက ခန့်အပ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်ဟာ ၂၀၂၃-၂၄ ရာသီမှာ ခက်ခဲတဲ့ ရာသီအစကို ရင်ဆိုင်နေရပြီး ပြိုင်ပွဲအရပ်ရပ်မှာ သူ့တို့ရဲ့ ပထမဆုံး ၁၈ ပွဲမှာ ၉ ပွဲရှုံးထားပါတယ်။

ပရိသတ်တွေဟာ ၂၀၂၁ မေလက လီဗာပူးလ်နဲ့ ကစားမယ့် ယူနိုက်တက်ရဲ့ အိမ်ကွင်းလိဂ်ပွဲစဉ်ကို ရွှေ့ဆိုင်းစေခဲ့တဲ့ တကြိမ်အပါအဝင် မကြာသေးခင်နှစ်တွေအတွင်း ဂလေဇာမိသားစုရဲ့ ကလပ်အသင်းရဲ့ ပိုင်ဆိုင်မှုကို ဆက်လက် ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။

Ref; BBC

#ရစ်ချတ်အာနိုးလ် #မန်ချက်စတာယူနိုက်တက် #မန်ယူ #richardarnold #manchesterunited #Mizzima
👍7
​​တိုက်ခိုက်ခံရပြီး‌‌နောက် ရခိုင်တွင် အရပ်သားများကို စစ်ကောင်စီ နေ့စဉ်ဖမ်းဆီးနေ၊ ၃ရက်အတွင်း ၅၅ ဦး အဖမ်းခံရ
=================

Rakhine VJ
(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်တောင်ပိုင်းမြို့များ၌ စစ်စခန်းများတိုက်ခိုက်ခံရပြီးနောက် ဒေသခံများကို စစ်ကောင်စီက နေ့စဉ် လိုက်လံဖမ်းဆီးနေပြီး သုံးရက်အတွင်း အရပ်သား ၅၅ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။

၁၀၂၇ စစ်ဆင်ရေးအဖြစ် ရသေ့တောင်၊ မောင်တောနှင့် မင်းပြားမြို့ရှိ စစ်ကောင်စီ စခန်းအချ်ို့ကိုရက္ခိုင့်တပ်တော်(AA) ကနိုဝင်လာလ ၁၃ရက်နံနက်တွင် စတင် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက အရပ်သားများကို လိုက်လံဖမ်းဆီးနေခြင်းဟု ဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၅ရက်ညနေတွင် ငပလီကမ်းခြေ၊ ဂျိတ္တော ရပ်ကွက်၊ မဒေးတောင် ခြေတွင် နေထိုင်သော ရေလုပ်သား ကိုးဦးနှင့် ယမန်နေ့ နိုဝင်ဘာလ ၁၄ရက်ညက သံတွဲမြို့ခံ ခြောက်ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံ သတင်းရင်းမြစ်များက မဇ္ဈိမကို ပြောသည်။ ငပလီကမ်းခြေမြို့ ၊ သံတွဲမြို့ ၊တောင်ကုတ် မြို့နှင့် ကျောက်ဖြူမြို့တို့တွင် နိုဝင်ဘာလ ၁၃ရက်မှ ယနေ့ အထိ ဒေသခံ ၅၅ ဦးထက်မနည်းဖမ်းဆီးခံထားရကြောင်း သိရသည်။

“စစ်ကားတွေနဲ့ လာပြီးဖမ်းသွားတယ်။ မဒေးတောင်ဘက်ကတော့ နာမည်စာရင်းနဲ့ လာတယ်လို့ ပြောတယ်။ဆံပင်ညှပ်နေတဲ့ သူကို ဆံပင်ညှပ်ဆိုင်ထဲ ၀င်လာပြီး ရိုက်နက်ပြီး ဖမ်းသွားတယ်” ဟု ဒေသခံတဦးကပြောသည်။

စစ်ကောင်စီသည် တောင်ကုတ်၊ သံတွဲ၊ ဂွ၊ ရမ်းဗြဲနှင့် ကျောက်ဖြူမြို့နယ်များတွင် ULA/AA နှင့် ဆက်စပ်ပတ်သက်သည်ဟူသော သံသယ၊ စွပ်စွဲချက်များဖြင့် အရပ်သားပြည်သူများအား ပစ်မှတ်ထား လိုက်လံရှာဖွေဖမ်းဆီးခြင်းများ ဆက်တိုက်ပြုလုပ်နေသည်ဟု AAက သတိ‌ပေးထားသည်။ကျောက်ဖြူမြို့ ၊ တောင်ကုတ်မြို့တို့မှ ဒေသခံ ၄၆ ဦး ဖမ်းဆီးခံထားရကြောင်း AA က ယမန်နေ့ နိုဝင်ဘာလ ၁၄ရက်တွင် သတင်း ထုတ်ပြန်သည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်တောင်ပိုင်းမြို့များမှ စခန်းများအား AAက တိုက်ခိုက်လာမည်ကို စိုးရိမ်နေကြောင်း ရခိုင်သတင်းရင်းမြစ်များက သုံးသပ်ပြောဆိုကြသည်။

တောင်ကုတ်ဒေသခံတဦးက“အခု တခါက AA ဘက်ကလည်း ရသလောက် သိမ်းမယ့်ပုံစံ မျိုးဖြစ်နေ သလို စစ်တပ်က လည်း AA မလွှမ်းမိုးတဲ့ မြို့တွေမှာ အရမ်းဖိတယ်။မြို့အစွန်မှာ နေတဲ့သူတွေ မြို့ထဲ သွားခွင့်မရဘူး ” ဟု ပြောသည်။

AAသည် နို၀င်ဘာ ၁၃ ရက်တွင် စစ်ဆင်ရေး စတင်ပြီးနောက် မောင်တော ၊ မင်းပြား ၊ မြေပုံ၊ ရသေ့တောင်၊ ကျောက်ဖြူနှင့် ချင်းပြည်နယ် ပလက်၀မြို့များတွင် တိုက်ပွဲ ဖော်ဆောင်လျက်ရှိသည်။

တိုက်ပွဲများအတွင်း မင်းပြားမြို့ ခမရ (၃၄၄) မှ ဗိုလ်မှူးအဆင့်အပါအ၀င် ၁၀ ဦးကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးထားပြီးမောင်တောမြို့၊ ခလရ(၂၃၂) မှ ဒုစစ်ကြောင်းမှူး အပါအ၀င် ၁၄ ဦး သေဆုံးခဲ့ကြောင်း ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။ရသေ့တောင်မြို့၊ အပေါက်၀ ရဲစခန်းမှ တပ်သား ၂၂ ဦးလည်း လက်နက်ချ အညံ့ခံခဲ့ကြောင်း အသိပေးထားသည်

ပလက်ဝမြို့နယ်ရှိ ဗျူဟာကုန်းနှစ်ခုကို နို၀င်ဘာ ၁၄ ရက်မှစ၍ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီဘက် မှ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့ကရခိုင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေကို ယနေ့ထုတ်ပြန်ထားသည်။

မောင်တောမြို့နယ်အတွင်းတိုက်ပွဲတွင်AA ဖမ်းဆီးထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် သိမ်းဆည်းလိုက်သည့် လက်နက်ခဲယမ်းများ
စာတည်း - အေးချမ်း

#Mizzima
#ရခိုင်ပြည်နယ်
#စစ်ကောင်စီ
#အရပ်သားများကိုဖမ်းဆီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🔥1🤬1
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FHBkqkS_ONHA&h=AT1xDl3sEZLLEK1mTI4eUmi810EDsoTGyrVIkcVrZW_f1MJN9lhd9rIGbCQ4VCHXDo_MEsv74CRHw4_4Lp93yQpxwz0-Zloj7lsCYw_OKhMe5AsDODqP08RFvemhLN-B&s=1
👍5
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FHBkqkS_ONHA&h=AT3_aO1tPNlkatQl6Car1eIwP5LzpL85yNaIsM7_Mfv_TbpPACZUA-3T8Zg7wH_5v9FRVJI73BSmOd35g3FnEtIjQfK3koAKmDqKc0V8a1N8_qgEHFmNVygP1hfcIY3z&s=1
အပစ်ရပ်ဖို့ တရုတ်ဘာကြောင့်တိုက်တွန်းနေသလဲ
ရှမ်းမြောက်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်ဖို့အတွက် တရုတ်ဘက်က တိုက်တွန်းမှုတွေလုပ်လာတာတွေ့ရပါ တယ်။ အောက....
https://l.facebook.com/l.php?u=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3DUxIO3Cdr3Jc&h=AT1xbCwQswQKU_3KvNm65Km1WLB0QvrvtLCbtVj6d5XhvXnPRqPRb2HOKAX3FcL3Yji2XSoQjhcCAykA6CBANZQipECPt6mnzcih9M_AIjgwPFcSr1SVfozulb6pPNXD&s=1
👍1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (နိုဝင်ဘာလ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်) | VOA On Mizzima)
မြန်မာစစ်ကောင်စီ လက်နက်ရောင်း APEC နိုင်ငံတွေကိုဆန္ဒပြ၊ ဂျာမနီ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး ခိုလှုံခွင့် ပြဿနာ၊...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FmLkmYQAxNpM&h=AT1cMA55UjcWRmE_VAy3tVAE95JeofuEIj7efjF_vx_FMBRd8mPAJHXnLmU4F_wrMgnNoPK-2MPFGoqC3hznbWITEKx0wVgEC-DEIu82WHNGEV_MtrjHusY8yjGBHGtW&s=1
👍6
အပစ်ရပ်ဖို့ တရုတ်ဘာကြောင့်တိုက်တွန်းနေသလဲ
ရှမ်းမြောက်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်ဖို့အတွက် တရုတ်ဘက်က တိုက်တွန်းမှုတွေလုပ်လာတာတွေ့ရပါ တယ်။ အောက....
https://l.facebook.com/l.php?u=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3DUxIO3Cdr3Jc&h=AT1VcnXn_-Aos09b3BRyWTxmHaU9-TGllHFkzQh3xN3lXs6xYiDDI9E0OZkEEDWewIMZ9dfRHivqoDLsLbPctM7Qrf_5Sx-NVzAx0KymbP4kIMffusx7sUWmlzYhwEPQ&s=1
👍5
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (နိုဝင်ဘာလ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်) | VOA On Mizzima)
မြန်မာစစ်ကောင်စီ လက်နက်ရောင်း APEC နိုင်ငံတွေကိုဆန္ဒပြ၊ ဂျာမနီ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး ခိုလှုံခွင့် ပြဿနာ၊...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FmLkmYQAxNpM&h=AT0ABcvnrE_lTaNlx160qxvSsTd2sijxCfQHImQLNDMk2MgkrwDC_O9xckkIxjfR3F1jIsSAHyKL-_qp6Gge_KrgyBPf4M3rfEizkjIZHHteiDGYmZaurd5AS7ZOpLI6&s=1
👍4
ကက်ရှ်မီးယားဒေသမှာဘတ်စ်ကားတိမ်းမှောက်မှုကြောင့်အမျိုးသမီးနဲ့ကလေးငယ်အပါအဝင်လူ၃၇ဦးထက်
အိန္ဒိယနိုင်ငံကက်ရှ်မီးယားဒေသမှာ ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် လူ ၃၇ ဦးထ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fr-9G0sKQLcM&h=AT1pdnnW25O64fVmq0lI8G96_L4cY-vx3OKwHAzb3BNE1z3KoO7CiIYVJxM9DQMQyFhAOrjRddlQVSgYDNZ8H_WkOqhTprZpUI9QXgdo1PdoR64MgtjdMW0fhxtyRJjW&s=1
၁၇ ကြိမ်မြောက် #အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး