Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
လောက်ကိုင်မြို့အနီး စစ်ကောင်စီ၏ ခုတ်ထန်စခန်းအား MNDAA ထပ်မံသိမ်းယူ
====================

ရွှေနွယ်
(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့အနီး၊ ကိုးကန့် တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်၏ ခုတ်ထန်စခန်းအား ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်နေ့က မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)မှ ထပ်မံသိမ်းယူခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စစ်ဆင်ရေး ၁၀၂၇ ၏ ၂၁ ရက်မြောက်နေ့ဖြစ်သော နိုဝင်ဘာ ၁၆ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်မှစတင်ကာ အဆိုပါ ခုတ်ထန် စစ်ကောင်စီတပ်စခန်းအား MNDAA မှစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲကြာချိန် ခြောက်နာရီခန့်အကြာ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
"ခုတ်ထန်ကတော့ ပါစင်ကျော်ရဲ့အရှေ့ဘက်ခြမ်းမှာရှိတဲ့ တပ်စခန်းတခုဖြစ်တယ်။ စခန်းက နည်းနည်းကြီးတယ်။ ဒါပေမယ့် အဲ့ထဲမှာ ဘယ်တပ်ရင်းထိုင်နေလဲဆိုတာ အသေးစိတ်မသိရသေးဘူး။ ချေမှုန်းနိုင်တာလည်းရှိတယ်။ ဒါပေမယ့်နောက်ဆုံးတော့ အကုန်လုံးထွက်ပြေးကြတယ်" ဟု MNDAA ၏ ပြောခွင့်ရသူ လီကျားဝင်းမှ မဇ္ဈိမကိုပြောသည်။

အဆိုပါ ခုတ်ထန်စခန်းသည် လောက်ကိုင်မြို့နှင့် ၁၁ မိုင်ခန့်အကွာတွင်တည်ရှိပြီး MNDAA မှ သိမ်းယူထားသည့် ပါစင်ကျော်ကျေးရွာနှင့် လေးမိုင်ခန့်အကွာတွင် တည်ရှိသည်။

MNDAA သည် ချင်းရွှေဟော်မှ ပါစင်ကျော်ဒေသအထိ တကြောလုံးအား သိမ်းပိုက်ထားပြီးဖြစ်ကြောင်း လီကျားဝင်းမှ မဇ္ဈိမကိုအတည်ပြုဖြေကြားထားသည်။

ထို့ပြင် လောက်ကိုင်မြို့အား ဝင်ရောက်တိုက်ခိုက်တော့မည်ဖြစ်ကြောင်းလည်း MNDAA မှ နိုဝင်ဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားခဲ့သည်။

ထို့နောက် လောက်ကိုင်မြို့တွင် နိုဝင်ဘာ ၁၄ ရက်နေ့မှစတင်ကာ လျှပ်စစ်မီးများပြတ်တောက်လျက်ရှိသောကြောင့် မြို့ခံများအခက်အခဲကြုံနေကြရကြောင်းလည်းသိရှိရသည်။
"လောက်ကိုင်တမြို့လုံးပျက်တာ၊ ပိုတောင်ဒုက္ခရောက်နေတယ်၊ ဒကစ ကနေ မြို့ပြင်ကို လှမ်းပစ်တာ ဒါတော့ နေတိုင်းပါပဲ၊ အရင်တိုင်းပါပဲ၊ တရက်ကို ၁၀ ခေါက်လောက်တော့ သူတို့ ပစ်သွားတာရှိတယ်။ ဒကစ က လောက်ကိုင်မြို့ထဲမှာ အကြီးဆုံး စခန်းပဲ။ လောက်ကိုင်က ရန်လုံကျိုင်ကြားမှာတော့ အစစ်အဆေးကြမ်းနေတယ်။ စစ်ကောင်စီတွေ ဖမ်းနေတာ" ဟု လတ်တလောလောက်ကိုင်မြို့အခြေအနေနှင့်ပတ်သက်၍ လောက်ကိုင်ဒေသခံတဦးမှ မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် ချင်းရွှေဟော်မှတဆင့် လောက်ကိုင်မြို့နှင့် အနီးကပ်ဆုံးနေရာသို့ MNDAA တပ်ဖွဲ့များ ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
လောက်ကိုင်မြို့ ပေါက်ပေါက်ကျိုင်ရပ်ကွက် ဗိုင်းဝိုင်းအနီးတွင် စစ်ကောင်စီတပ်၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ-လောက်ကိုင်)တည်ရှိပြီး အဆိုပါ ဒကစ၏လက်အောက်တွင် ခြေလျင်/ခြေမြန်တပ်ရင်း ခုနစ်ခုရှိသည်။

အဆိုပါ တပ်ရင်း ခုနစ်ခုအနက် အမှတ် (၁၂၈)၊ အမှတ် (၃၂၂)၊ အမှတ် (၂၃၉) နှင့် အမှတ် (၁၂၉) တပ်ရင်းတို့သည် လောက်ကိုင်မြို့အနီးတဝိုက်တွင် တည်ရှိသည်။

ထိုတပ်ရင်း လေးခုအနက်မှ ပါစင်ကျော်ရှိ အမှတ် (၁၂၈) တပ်ရင်းအား MNDAA မှသိမ်းယူထားပြီး အမှတ် (၁၂၉) တပ်ရင်း တရင်းလုံးသည် MNDAA ထံ ဆက်သွယ်ကာ ပြည်သူ့ရင်ခွင်ခိုလှုံပြီးဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#MNDAA
#လောက်ကိုင်မြို့
#ဒေသကွပ်ကဲမှုစစ်ဌာနချုပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21😁2❤1👎1
ဖလမ်းအခြေစိုက် ရဲစခန်းမှ ရဲတပ်ကြပ်ကြီး အပါအဝင် ၅ ဦး CNDFထံ အလင်းဝင်
ချင်းပြည်နယ်၊ ဖလမ်းမြို့ အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းမှ ရဲတပ်ကြပ်ကြီး နှစ်ဦး၊ တပ်ကြပ် နှစ်ဦး နှ.....
https://ift.tt/ubWUwEx
👍4😁1
စစ်ပွဲကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတိုး | VOA on Mizzima
နိုဝင်ဘာ ၆ ရက်နေ့ကို စစ်ပွဲတွေကြောင့် သဘာဝဝန်းကျင် ထိခိုက်ပျက်စီးတာကို တားဆီးတဲ့ နိုင်ငံတကာ နေ့အဖြစ် သတ်မှ...
https://l.facebook.com/l.php?u=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3DE4b-827mulI&h=AT2JufRY1j4LWgkU5bgLXcbgC6fCAk9kcUzjT_TZvodJufWgJBvvFNVDlMk9xfZae61opYVvbgCZZgSUmKZjVF3htfPAqVZLjhmStRf_PHoQH8MElNwuxb4F7IVxR6FN&s=1
👍3🔥1🤮1
မတူပီမြို့နယ် ဝေလူးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု ကလေးငယ် ၈ ဦး အပါအဝင် ၁၁ ဦးသေဆုံး
ချင်းပြည်နယ် ၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ် နယ်စပ်ရှိ ဝေလူးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက....
https://ift.tt/cTP2dSH
🤬2❤1😢1
နိုဝင်ဘာလ ၁၇ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
01:-00ပေါက်တောမြို့ကို စစ်ကောင်စီရေတပ်‌ရောလေတပ်ပါအသုံးပြု တိုက်ခိုက်တဲ့သတင်း03:46-Drone အသုံးပြု တိုက်ခိုက်ခံရမှုက...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FImEWVuobkIA&h=AT3P7GDUj5N8z2R8MQhVIYcGagUgDtpJCoRh2JlOzqm-I7k8CcYSzDQYzAbNh8ZQpOrRV3IE_jNXOKMvvqkUyGKOsQyjbNx9WJzSG-BRXRElXzFBNXwt_xAmw5BNOZEX&s=1
❤2🤬2
ဖလမ်းအခြေစိုက် ရဲစခန်းမှ ရဲတပ်ကြပ်ကြီး အပါအဝင် ၅ ဦး CNDFထံ အလင်းဝင်
ချင်းပြည်နယ်၊ ဖလမ်းမြို့ အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းမှ ရဲတပ်ကြပ်ကြီး နှစ်ဦး၊ တပ်ကြပ် နှစ်ဦး နှ.....
https://ift.tt/wRDI5NU
👍6😁1
စစ်ပွဲကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတိုး | VOA on Mizzima
နိုဝင်ဘာ ၆ ရက်နေ့ကို စစ်ပွဲတွေကြောင့် သဘာဝဝန်းကျင် ထိခိုက်ပျက်စီးတာကို တားဆီးတဲ့ နိုင်ငံတကာ နေ့အဖြစ် သတ်မှ...
https://l.facebook.com/l.php?u=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3DE4b-827mulI&h=AT0NZHUPEdYse508Bixg7TUWsvuaPuKJrDxjKkScdRoacNeAmUxu-6s9ht3XhE4ERtu61VoEgjN-prlSKmgzoILMRetJ7Ci9BPtTADp_axzHPUfTT1FLi0pXIeCl0N3F&s=1
👍4🔥2
မတူပီမြို့နယ် ဝေလူးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု ကလေးငယ် ၈ ဦး အပါအဝင် ၁၁ ဦးသေဆုံး
ချင်းပြည်နယ် ၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ် နယ်စပ်ရှိ ဝေလူးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက....
https://ift.tt/95SUiKu
👍4🔥1
နိုဝင်ဘာလ ၁၇ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
01:-00ပေါက်တောမြို့ကို စစ်ကောင်စီရေတပ်‌ရောလေတပ်ပါအသုံးပြု တိုက်ခိုက်တဲ့သတင်း03:46-Drone အသုံးပြု တိုက်ခိုက်ခံရမှုက...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FImEWVuobkIA&h=AT2p2l-Qjad09LQ6WcFTiugziWkADaD4YzIWJ585JWK2X0F1lRBgghfv2S6JwgEI0W0xw5ZMFAfQQmwghF_ehTDf3KPN_ku1P6BOrDyCm7VJS87RNrjdfW1imc8dL9Is&s=1
👍3🔥1
ကျိုင်းတုံမြို့အနီး၌ ရစ်ခ်စတာစကေး ၅ ဒသမ ၉ အဆင့် ငလျင်လှုပ်၊ လူထိခိုက်မှုမရှိဟုဆို
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင် ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၈နာရီ ၇ မိနစ်အချိန်၌ ရစ်ခ်စတာစကေး ၅ ဒသမ ၉ အဆင....
https://ift.tt/tb8403j
👍8😁1
​​ကျိုင်းတုံမြို့အနီး၌ ရစ်ခ်စတာစကေး ၅ ဒသမ ၉ အဆင့် ငလျင်လှုပ်၊ လူထိခိုက်မှုမရှိဟုဆို
======================

ဂျူချန်း
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင် ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၈နာရီ ၇ မိနစ်အချိန်၌ ရစ်ခ်စတာစကေး ၅ ဒသမ ၉ အဆင့် ငလျင်လှုပ်ခတ်သွားပြီး လတ်တလော စုံစမ်းမှုများအရ လူနှင့်အဆောက်အအုံ ထိခိုက်မှုမရှိကြောင်း ဒေသခံများထံမှ သိရသည်။

ငလျင်သည် ကျိုင်းတုံမြို့၏ အနောက်မြောက်ဘက် ရှစ် မိုင်ခန့်အကွာကို ဗဟိုပြု၍လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

“ကြီးကြီးမားမား ပျက်စီးမှု မရှိပါဘူး။ ကျနော်ဘာမှ မကြားမိသေးဘူးဗျ။ ဒဏ်ရာရတာတို့ ဘာတို့လည်း မကြားမိသေးဘူး” ဟု ကျိုင်းတုံမြို့ ပရဟိတအသင်းတခု၏ တာဝန်ရှိသူတဦးက ပြောသည်။
ဒေသခံတဦးက “ပြင်းတာတော့ တော်တော်လေး ပြင်းတယ်။ ကျနော်တို့ ဟိုဘက်က လေးထပ်အဆောက်အဦးမှာတော့ မှန်လေးတွေအက်တာ ရှိတယ်။ အဆောက်အအုံက သေချာလေး ဆောက်ထားတော့ မထိခိုက်ဘူးပေါ့။ တချို့နေရာတော့ အထိအခိုက်ရှိနိုင်မယ်” ဟု ပြောသည်။

အဆိုပါငလျင်ကို ရှမ်းပြည်နယ် အရှေ့ပိုင်း မြို့နယ်များအပြင် ထိုင်း၊ မြန်မာနယ်စပ်ဒေသများတွင်လည်း ခံစားသိရှိရကြောင်း ဒေသခံအချို့က ပြောသည်။ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း အနည်းငယ်သိသာသည့် နောက်ထပ် ငလျင် သုံးကြိမ်ထပ်မံ လှုပ်ခတ်သွားကြောင်း ကျိုင်းတုံမြို့ခံ အချို့က နံနက် ၁၀နာရီခွဲခန့်တွင် ပြောသည်။
မြေငလျင်ကြောင့် ထိခိုက်ပျက်စီးမှုရှိမရှိ ကျိုင်းတုံဒေသခံ သုံးဦးနှင့် တာချီလိတ်မြို့ခံ တဦးကို မေးမြန်းခဲ့ရာ လတ်တလောတွင် ကြီးကြီးမားမား ထိခိုက်မှုမရှိကြောင်း ဆိုသည်။

ရှမ်းပြည်နယ်ရှေ့ပိုင်းတွင် အင်အားပြင်းထန်ပြီး ထိခိုက်ပျက်စီးမှုများခဲ့သည့် ငလျင်အဖြစ် တာလေမြို့တွင်၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက်နေ့က ရစ်ခ်စတာစကေး ၆ဒဿမ၈ ငလျင် လှုပ်ခတ်ခဲ့သည်။ ထိုငလျင်၌ လူ ၇၄ ဦးထက်မနည်း သေဆုံးပြီး နေအိမ်အဆောက်အအုံပျက်စီးမှု များခဲ့သည်။

စာတည်း - အေးချမ်း

#Mizzima
#ကျိုင်းတုံမြို့
#ငလျင်လှုပ်ခတ်
#လူထိခိုက်မှုမရှိ
#တာလေငလျင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁1
ကျိုင်းတုံမြို့အနီး၌ ရစ်ခ်စတာစကေး ၅ ဒသမ ၉ အဆင့် ငလျင်လှုပ်၊ လူထိခိုက်မှုမရှိဟုဆို
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင် ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၈နာရီ ၇ မိနစ်အချိန်၌ ရစ်ခ်စတာစကေး ၅ ဒသမ ၉ အဆင....
https://ift.tt/MBs7lm5
😁1
ထိပ်သီးဆွေးနွေးပွဲအပြီးရှီကျင့်ဖျင်နဲ့ဘိုင်ဒင်တို့နှစ်ဦးကမော်တော်ကားတွေအကြောင်းနှို
ထိပ်သီးဆွေးနွေးပွဲအပြီး ရှီကျင့်ဖျင်နဲ့ဘိုင်ဒင်တို့နှစ်ဦးက စီးတော်ယာဉ်မော်တော်ကားတွေအကြောင်း နှိုင်းယှ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FC2JhNm8ikLo&h=AT0Gnu9JQQHtrIn4iva1ATrt0XE-E-yt-Wk3WTRglpXRcXbfj4GTFcBQtaMgu-AZG1E91BKt--udylNq99RpiBujKXjhvG24lL9UyzOPMSCSIGEZqw-PTCFXNa_jaYGZ&s=1
🔥1
သက်ကြီးမှတ်ဉာဏ်လျော့ရောဂါရှင်များရပ်ကွက် ဖန်တီး | VOA on Mizzima
သက်ကြီးမှတ်ဉာဏ်လျော့ရောဂါ dementia ရှိသူတွေအတွက် သင့်တော်တဲ့ အကူအညီအထောက်အပံ့ပေးနိုင်ဖို့က ခက်ခဲပါတယ်။ သြစတြေ....
https://l.facebook.com/l.php?u=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3DZ6jJqPFz4LQ&h=AT2OQVgTr1RZs5MD7wAQpDv8bjsnagFEbNoGfQCoSHpBJsAbIW16BFaUpCIs7WvD11PkgAxu_yfwmChnPeEt6Hfu-MmANT1KHAIT38FVUQ7lWChrNJCmjXb3Q2euHfGf&s=1
🔥1
ထိပ်သီးဆွေးနွေးပွဲအပြီးရှီကျင့်ဖျင်နဲ့ဘိုင်ဒင်တို့နှစ်ဦးကမော်တော်ကားတွေအကြောင်းနှို
ထိပ်သီးဆွေးနွေးပွဲအပြီး ရှီကျင့်ဖျင်နဲ့ဘိုင်ဒင်တို့နှစ်ဦးက စီးတော်ယာဉ်မော်တော်ကားတွေအကြောင်း နှိုင်းယှ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FC2JhNm8ikLo&h=AT3SoJSUvZF8itQwq8H_HJ6mJUaFfHzk-3ndBi1dp80xhRmNqbwTKB-I5Z7ZOIADyrFPcXQR46voA2isyxK-jdXzVzoAmlGe6HIrth-W4mYyab4jNoNNUSsRKmZCvc0p&s=1
👍1🔥1
သက်ကြီးမှတ်ဉာဏ်လျော့ရောဂါရှင်များရပ်ကွက် ဖန်တီး | VOA on Mizzima
သက်ကြီးမှတ်ဉာဏ်လျော့ရောဂါ dementia ရှိသူတွေအတွက် သင့်တော်တဲ့ အကူအညီအထောက်အပံ့ပေးနိုင်ဖို့က ခက်ခဲပါတယ်။ သြစတြေ....
https://l.facebook.com/l.php?u=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3DZ6jJqPFz4LQ&h=AT0qi_940fzyTXn3RMRmdnHqzaycAlh9moseczh7btjg_LWyj6oTiZhE4qbhCSIBAdjcPcq9wNUhElux03xwERxWCH7ShfR1yghbZLHOeMc_HwARcs3FmSR2WJ1fAYPf&s=1
🔥1