Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်သား ၃၂ ဦး အလင်းဝင်လာသည့်ရုပ်သံဖိုင် KN
မောင်ခက်နွေ (မဇ္ဈိမ) ။ ။ လွိုင်ကော်တက္ကသိုလ်အတွင်း တပ်စွဲထားတဲ့ ခမရ ( ၆ ) ရဲ့ တပ်ခွဲမှူး အပါအဝင် စစ်ကောင်စီ တပ်သ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FoSIDksNoTQ0&h=AT1h-WH9Zv4NK_HkJC-ejsMp-96i92MhyGtVjlF5Azlwahe2_23Nh6r0_-auGNZUt30pIWfDblkHniCLTgJURJViC8E2yit7MdfdqmjyA9rVKzN6D7kjv-wtRMoC5FNw&s=1
❤4😁2
နိုဝင်ဘာလ ၁၇ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီ
နိုဝင်ဘာလ ၁၇ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး----------------------------------------...
https://l.facebook.com/l.php?u=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3DLzVIsVNwKp0&h=AT0UTtI8ZQhmEqvSyZrjkmEUYiuRUBwF6DSi6YXk7qynO-tA6YVrPpSc3uMPQjUvIN8Mt5Auz3J7wsnNm5RlgkMYwrtAF7k7M3M8DYWWwPyrLmoGdGYZm87GvAWmD0Tw&s=1
❤1🔥1
စစ်ကောင်စီတပ် စွန့်ခွာပြေးသည့် အထိုင်စခန်းများတွင် ဒေသခံများထံက သိမ်းယူထားသည့် ပစ္စည်းများ သိမ်းဆည်းရမိ
😁5👍3
စစ်ကောင်စီတပ် စွန့်ခွာပြေးသည့် အထိုင်စခန်းများတွင် ဒေသခံများထံက သိမ်းယူထားသည့် ပစ္စည်းများ သိမ်းဆည်းရမိ
===============

008 

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်ခွာထွက်ပြေးသွားသည့် အထိုင်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရှင်းလင်းဆောင်ရွက်ရာ ဒေသခံများထံမှ သိမ်းယူထားသည့် ပစ္စည်းများပါ သိမ်းဆည်းရမိကြောင်း Khin U Specialforce Organization (KSO) တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

သိမ်းဆည်းရမိထားသည့် ပစ္စည်းများကို KSOနှင့်ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ထိန်းသိမ်းထားပြီး ပြည်သူ လူထုအနေဖြင့် ပစ္စည်းအမျိုးအမည် မှန်ကန် တိကျစွာ ပြောဆို၍ ထုတ်ယူနိုင်ကြောင်း KSO တာဝန်ရှိသူကဆိုသည်။

"ပြည်သူတွေဆီက မတရား ခိုးယူသိမ်းဆည်းထားတဲ့ ပစ္စည်းတွေနဲ့ စစ်ရေးဆိုင်ရာ ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့ပါတယ်။ ပြည်သူ့ ပစ္စည်းတွေကို ကျွန်တော်တို့KSO နဲ့ မြို့နယ် ပကဖတို့က ထိန်းသိမ်းထားပါတယ်။ မိမိတို့ပစ္စည်းပုံစံ အတိအကျ ပြောနိုင်ပါက လာရောက်ဆက်သွယ်ပြီး ပစ္စည်းတွေကို ယူဆောင်နိုင်ပါ​တယ်"ဟု KSO တာဝန်ရှိသူကပြောသည်။

သိမ်းဆည်းရမိသည့် ပစ္စည်းများမှာ စက်ဘီး၊ဆိုင်ကယ်၊ထော်လာဂျီ နှင့်လယ်ယာသုံး ပစ္စည်းအချို့ ဖြစ်ကြောင်း သိရသည်။ 

ခင်ဦးမြို့နယ်အတွင်းက ခင်ဦး-ရေဦးသွား ကားလမ်းဘေးရှိ မူးတိမ်ချောင်း တံတား အထိုင်စခန်း၊ ရွာသစ်ကုန်းပျူရွာ အထိုင်စခန်းနှင့်အင်းပတ်ကွေ့ဈေးတန်း အထိုင် စခန်းများကို နိုဝင်ဘာ ၆ရက်နှင့်၈ရက်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စွန့်ခွာထွက်ပြေးသွားကြခြင်းဖြစ်ပြီး ယင်းနေရာများနှင့်အနီးပတ်ဝန်းကျင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ နိုဝင်ဘာ ၁၁ရက်တွင် ရှင်းလင်းဆောင်ရွက်ခဲ့သည်။

"အထိုင်ချ စခန်းတွေရဲ့ ပတ်လည်နေရာတွေကို ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက နိုဝင်ဘာ ၁၁ ရက်နေ့မှာ အလုံးစုံ ရှင်းလင်းဝင်ရောက်ခဲ့ပြီး စစ်ခွေး(စစ်ကောင်စီတပ်သား)တွေ အထိုင်ချ နေရာတွေကို ဖျက်ဆီးရှင်းလင်းခဲ့ပါတယ်။ အင်တာနက်အခက်အခဲကြောင့် သတင်း ထုတ်ပြန်တာတွေ နောက်ကျတာပါ "ဟု KSO တာဝန်ရှိသူကပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ခင်ဦးမြို့နယ်အတွင်းက စစ်​ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ အမြန်ဆုံး အလင်းဝင်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

ပုံအညွှန်း- ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ် စွန့်ခွာထွက်ပြေးခဲ့သည့် အထိုင်စခန်းများ

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#စစ်ကောင်စီတပ်စခန်း
#ခင်ဦးမြို့နယ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁3❤2
ကျားတက်ရဲစခန်းတိုက်ပွဲ ၇ ဦးသေဆုံး ကျန်သူများစခန်းစွန့်ထွက်ပြေး
👍12😁2
ကျားတက်ရဲစခန်းတိုက်ပွဲ ၇ ဦးသေဆုံး ကျန်သူများစခန်းစွန့်ထွက်ပြေး
==============

MTO

(မဇ္ဈိမ)။  ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ကျားတက်ရွာရဲစခန်းအတွင်းမှ စစ်ကောင်စီတပ်သားများနှင့် ရဲများကို ဒေသကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ခုနစ်ဦးသေဆုံးပြီး ကျန်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာသွားကြကြောင်း Salingyi Special Task Force အဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းတွင် ကျားတက်ရဲစခန်းအတွင်းမှ ရိက္ခာရှာထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို ကျားတက်ရွာအတွင်းတွင် ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Salingyi Special Task Force အဖွဲ့ တာဝန်ရှိသူက ပြောသည်။

၎င်းက “ စခန်းကိုဝင်တိုက်ရတာခက်လို့ စခန်းပတ်လည်မှာ ကင်းတွေချပြီး သူတို့ကို ဖြတ်တောက်ထားတာ၊ အဲ့အချိန်မှာ သူတို့ ၁၅ ယောက်လောက် ရိက္ခာရှာထွက်တာကို ကျတော်တို့က စီးပစ်တာ၊ အဲ့မှာ မျက်မြင်သေဆုံးသူ ခုနစ်ယောက်ရှိခဲ့တယ်၊ သေနတ် လေးလက် ရလိုက်တယ်။ ” ဟုပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ ထံ မှ MA-1 နှစ်လက်၊ MA-3 တလက် ၊ G4 တလက် လက်ပစ်ဗုံး ငါးလုံးနှင့် အီနာဂါ တလုံး သိမ်းဆည်းရရှိခဲ့ကြောင်းကိုလည်း Salingyi Special Task Force အဖွဲ့ က အသိပေးထားသည်။

စခန်းအတွင်းကျန်ရှိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များကိုလည်း ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဘက်က Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် မိနစ် ၃၀ ခန့် အထိ လာရောက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း Salingyi Special Task Force အဖွဲ့ ထံမှ သိရသည်။

ယင်းနောက် ကျားတက်ကျေးရွာအနီးရောက်ရှိနေသည့် စစ်ကောင်စီစစ်ကြောင်းသည် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့ တွင် ရောက်ရှိလာပြီးနောက် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စခန်းအတွင်း ကျန်ရှိနေသည့်သူများကိုပါ ခေါ်ဆောင်သွားကြောင်း Salingyi Special Task Force အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

“ စစ်ကြောင်းထွက်သွားတဲ့နေ့ ညနေပိုင်းက စခန်းကို ချဉ်းကပ်ကြည့်တဲ့အခါမှာ စခန်းထဲမှာ ဘယ်သူမှ မရှိတော့ဘူး၊ အဲ့ဒါနဲ့ မနေ့က မနက်က စခန်းအတွင်းကိုဝင်ပြီး စခန်းတွေကို ဖြိုဖျက် ဘန်ကာတွေကို ဖြိုဖျက်ပြီး တလင်းပြင် လုပ်ပစ်လိုက်တယ် “ဟု Salingyi Special Task Force အဖွဲ့ တာဝန်ရှိသူက နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ပြောသည်။

ကျားတက်ရဲစခန်းသည် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း အင်အား ၃၀ နီးပါးဖြင့် အထိုင်ချတပ်စွဲထားသည် စခန်းတခုဖြစ်ပြီး အနီးအနားပတ်ဝန်းကျင်ရှိ ဒေသခံများကို မောင်းထုတ်ခြင်း ကျားတက် ကျေးရွာအတွင်းရှိ ပြည်သူပိုင်ပစ္စည်းများကို အဓမ္မယူဆောင်ခြင်းများပြုလုပ်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ပုံအညွှန်း - ကျားတက်ကျေးရွာရဲစခန်းနှင့်ကာကွယ်ရေးတပ်ဖွဲ့ဝင်များကိုတွေ့ ရစဉ်
ဓါတ်ပုံ - Salingyi Special Task Force

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#ကျားတက်ရဲစခန်း
#ဆားလင်းကြီးမြို့နယ် 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16🥴2❤1😁1
နိုဝင်ဘာလ ၁၇ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီ
နိုဝင်ဘာလ ၁၇ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး----------------------------------------...
https://l.facebook.com/l.php?u=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3DLzVIsVNwKp0&h=AT2wBYO5prbqaY7cN51wA-Al-l9kIcIIvAyaDxtShN3Gm8vEAHM3-81oy_ge5K9GegquxZFXSQRqHA0qNEM1c0YM_tvr8aOzqTT8sr1JO-8RD3KSd398Ai-XZAJ1Z5lN&s=1
🔥3
ရွှေကျင်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို KNLA နှင့် BPLA ပူးပေါင်းတပ် သိမ်းပိုက်
👍15😁3
ရွှေကျင်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို KNLA နှင့် BPLA ပူးပေါင်းတပ် သိမ်းပိုက်
=============

ရွှေနွယ်

(မဇ္ဈိမ)။    ။ ပဲခူးတိုင်း ၊ရွှေကျင်မြို့နယ် ၊ကျားချောင်းကျေးရွာအနီးရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (၃၅၁) အခြေစိုက်ရာ တောင်ခြေစခန်းတခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်ဦး (BPLA )ပူးပေါင်းတပ်ဖွဲ့က ယနေ့ နိုဝင်ဘာလ ၁၇ ရက် နံနက်ပိုင်းတွင် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တပ်စခန်းကို ယနေ့ နံနက်ပိုင်းတွင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်က မိနစ် ၂၀ ခန့်ကြာမြင့်အောင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထို့နောက် စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံး စခန်းကိုစွန့်ခွာထွက်ပြေးသွားကြောင်း BPLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အသေးစိတ်မသိနိုင်သေးသော်လည်း စခန်းကိုမူ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် တိုက်ပွဲအတွင်းမှ ၆၀မမ တလက်၊ ၆၀မမ ဗုံးသီး ၅၂လုံး၊ Jammer တခု၊ စကားပြောစက်အကြီး တလုံး၊ အီနာဂါ ၁၃လုံး၊ လက်ပစ်ဗုံး ၂၀လုံး၊ RPGသီး ၂၂လုံး၊ RPG ပို့ယမ်း ၁၆ခု၊ တင့်ဖျက် သုံးခု၊ ၄၀မမဗုံးသီး ၁၂လုံး၊ မြေမြှုပ်မိုင်း ကိုးလုံး နှင့် ၅.၅၆ကျည် ၁၁၂၈တောင့်ကို သိမ်းဆည်းရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရှိရသည်။

ကျားချောင်းကျေးရွာသည် ရွှေကျင်မြို့၏ တောင်ဘက် ကျိုက်ထိုမြို့ဧရိယာအနီးတွင်တည်ရှိပြီး ထိုသို့တိုက်ပွဲဖြစ်ပွားပြီးနောက် လက်ရှိတွင် ရွှေကျင်မြို့တဝိုက်သို့ စစ်ကောင်စီ၏ လေယာဉ်များ ပျံဝဲလျက်ရှိကြောင်းလည်း BPLA တပ်ဖွဲ့ဝင်၏ ပြောဆိုချက်အရ သိရှိရသည်။

အဆိုပါ ခြေမြန်တပ်ရင်း(၃၅၁)မှ တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးကျော်မျိုးထွန်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လအတွင်းက CDM ပြုလုပ်ကာ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ထွက်ပြေးခိုလှုံလာခဲ့သော်လည်း ဒီဇင်ဘာလတွင်မူ ၎င်းမှာပျောက်ဆုံးသွားခဲ့ပြီး စစ်ကောင်စီနှင့် ပြန်လည်ပူးပေါင်းသွားခဲ့ဖူးသည်။

စာတည်း ။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#Mizzima
#ပဲခူးတိုင်း
#ရွှေကျင်မြို့နယ်
#တိုက်ပွဲဖြစ်ပွား

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22❤2😁2
မစ်ဟီလီ မုန်တိုင်းအရှိန်ကြောင့် ဒေသ ၅ခု မိုးကြီးမည့် သတိပေးချက် ထုတ်ပြန်
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မစ်ဟီလီ(MIDHILI)ဆိုင်ကလုန်းမုန်တိုင်းသည်ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေက....
https://ift.tt/RnLtvgi
👍4🔥4
မစ်ဟီလီ မုန်တိုင်းအရှိန်ကြောင့် ဒေသ ၅ခု မိုးကြီးမည့် သတိပေးချက် ထုတ်ပြန်
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မစ်ဟီလီ(MIDHILI)ဆိုင်ကလုန်းမုန်တိုင်းသည်ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေက....
https://ift.tt/8GCpMsf
🔥1