Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မိုးဗြဲရှိ စစ်ကောင်စီ၏ စစ်ရေးအချက်အခြာကျသည့် တောင်ကုန်းနှင့် စခန်း ၈ ခုကို တော်လှန်ရေးအင
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ် ၊ မိုးဗြဲမြို့ရှိ စစ်ကောင်စီတပ်၏ ပင်မ စစ်ရေးအချက်အခြာနေရာတခုဖြစ.....
https://ift.tt/cbFOs4h
👍6👏1
နိုဝင်ဘာလ ၁၇ ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... လောက်ကိုင်မြို့အနီး စစ်ကောင်စီရဲ့ ခုတ်ထန်စခန်းကို MNDAA ထပ်မံသိမ်းယူလို.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FW-OuYIE8Jso&h=AT2tp8cUPK1CazQRgPyaWVe2Axyaki1OW02p7ChzcRrQhr2ZAqnTGfUwlXBeqL4V17yAT7IRAMGZCUa89I-oMyLNoVeTYNBHvH5Rqqa7lFYqC5qNZOD8O1V1PuZILt1S&s=1
👍4👏1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၇ နိုဝင်ဘာ၂၀၂၃)
ဗဟိုဘဏ်မှ လက်ရှိဖြစ်ပေါ်နေသည့် သတင်းများသည် သတင်းအမှားများသာဖြစ်ကြောင်း ပြောဆိုနေ သော်လည်း ‌မြေပြင်လက်တွ...
https://ift.tt/SIqb51s
😁2👍1
အထင်ကရ နျူကလီးယား သဘောတူညီချက် အမေရိကန်နှင့် ဖိလစ်ပိုင် လက်မှတ်ထိုး
အမေရိကန်နှင့် ဖိလစ်ပိုင်တို့သည် အထင်ကရ နျူကလီးယား သဘောတူညီချက်တရပ်ကို နိုဝင်ဘာ ၁၇ ရက်တွင် လက်မှတ်ရေးထိုးလ....
https://ift.tt/mGCNzTf
👍2
မိုးဗြဲရှိ စစ်ကောင်စီ၏ စစ်ရေးအချက်အခြာကျသည့် တောင်ကုန်းနှင့် စခန်း ၈ ခုကို တော်လှန်ရေးအင
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ် ၊ မိုးဗြဲမြို့ရှိ စစ်ကောင်စီတပ်၏ ပင်မ စစ်ရေးအချက်အခြာနေရာတခုဖြစ.....
https://ift.tt/oCexAMa
❤1👍1👏1
လာမည့်နှစ်များအတွင်း ထိုင်ဝမ်ကို စစ်ရေးအရတိုက်ခိုက်ရန် အစီအစဉ်မရှိသေးကြောင်း တရုတ် သမ္
ကယ်လီဖိုးနီးယားပြည်နယ်တွင် ကျင်းပသည့် အာရှ-ပစိဖိတ် စီပွားရေး ပူးပေါင်းဆောင်ရွက်ရေး(APEC) ထိပ်သီး အစည်းအဝေး၏ သ....
https://ift.tt/HsGQzig
👍2
လာမည့်နှစ်များအတွင်း ထိုင်ဝမ်ကို စစ်ရေးအရတိုက်ခိုက်ရန် အစီအစဉ်မရှိသေးကြောင်း တရုတ် သမ္
ကယ်လီဖိုးနီးယားပြည်နယ်တွင် ကျင်းပသည့် အာရှ-ပစိဖိတ် စီပွားရေး ပူးပေါင်းဆောင်ရွက်ရေး(APEC) ထိပ်သီး အစည်းအဝေး၏ သ....
https://ift.tt/aGQthzX
🔥4👍1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၇ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၇ ရက်ထုတ်လွှင့်မှုများ#PVTV #MizzimaTV -----------------------------------------မဇ္ဈိ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F2KNIgg0m2RY&h=AT20L0tNctmX1ZpSUGWqjE7yh-XBRStiBYRIqNR00NaKTl6MhXTBQPoEPJfLZBaBa0Efu0QiFFduyPmBAMoolY8tsX_3TNO-MkF5bIVh9X1aY--9ihRnW9MOkLfOy9wn&s=1
👍4🤮1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၇ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၇ ရက်ထုတ်လွှင့်မှုများ#PVTV #MizzimaTV -----------------------------------------မဇ္ဈိ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F2KNIgg0m2RY&h=AT2I2AjNxAaIHzJmRb4Uv1MsrdX_Tye6CI2B_ejL-QClY1RBWC5XEafwckXxzPFcGl9CutLIcqL5pZ-J38R97idCdGp-qdQShIU0UgDy3fwStwZcpHQTJvZUKJKtJeY3&s=1
👍4🤮3
စစ်သားတွေဘာကြောင့် လက်နက်ချနေကြသလဲ | Friday Analysis ( 17-November-2023 )
ရှမ်းမြောက်နဲ့ကရင်နီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေ အစုလိုက်အပြုံလိုက်လက်နက်ချနေကြပါတယ်။ဘာ့ကြောင့်....
https://l.facebook.com/l.php?u=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3DtFaHNflcJ-4&h=AT1hW08qH6xC0DDkETPnz5CXSq6txj_BfnYWJ2pybwGEz3QzpBCnEP0ZC0sAFxy1wHmH45Wx0OG_LRBjZ4VsK3Z3fzmIv46OhXQ0zROmnyaZ2fXgXg9gnu4zSKTmZSyX&s=1
👍6😁1🤣1
စစ်သားတွေဘာကြောင့် လက်နက်ချနေကြသလဲ | Friday Analysis ( 17-November-2023 )
ရှမ်းမြောက်နဲ့ကရင်နီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေ အစုလိုက်အပြုံလိုက်လက်နက်ချနေကြပါတယ်။ဘာ့ကြောင့်....
https://l.facebook.com/l.php?u=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3DtFaHNflcJ-4&h=AT3SZ-9B3_uO4isYf_JCFT7_C5Kh8AvEXLdLBO-Ui1rFAXwe_6mTHI33-G--ZQkLi9yC_1Ccu4ffTwqso9NQd_1lrlbmXuyHofCT_nZbL3yGNbvMg7LpEMolPkoQG91w&s=1
👍6🤮4😁2🕊1
​​Time To Hunt
==========

ကိုရီးယားပိုက်ဆံ တန်ဖိုးထိုးကျပြီး တိုင်းပြည် ပျက်နေချိန်မှာ ဖောက်ထွင်းမှုနဲ့ ထောင်ကလွတ်လာတဲ့ ဂျွန်ဆော့။ အရာရာကို ဒေါ်လာ ပေးဝယ်နေရတဲ့ ခေတ်ပျက်ကြီးမှာ ထိုင်ဝမ်ကိုသွားပြီး ဘဝသစ် ပြန်စဖို စိတ်ကူးခဲ့တဲ့ "ဂျွန်ဆော့".. "ဂီဟွန်း"နဲ့ "ဂျန်းဟို"တို ငယ်ပေါင်းကြီးဖော် သူငယ်ချင်းသုံးယောက်။

ဒေါ်လာ‌တွေနဲ့ လည်ပတ်နေတဲ့ လောင်းကစားအိမ် တစ်လုံးကို သူတို လက်နက်တွေနဲ့ ဝင်စီးခဲ့ပြီး၊ အစီအစဉ်အတိုင်း အောင်မြင်ခဲ့သလို CCTV မှတ်တမ်းတွေ သိုလှောင်ထားတဲ့ ဟာ့ဒရိုက်ဗ်ကိုပါ ဖြုတ်ယူလာခဲ့ပေမဲ့ သူတို မသိခဲ့တာက ဟာ့ဒရိုက်ဗ်ထဲမှာ VIP တွေရဲ့ လူသိမခံနိုင်တဲ့ လျှိဝှက်ဒေတာတွေ ရှိနေတာကိုပါ။

သူတို အိပ်မက်အတိုင်း ထိုင်ဝမ်ကိုသွားဖို ပြင်ဆင်နေချိန်မှာပဲ သူတိုနောက်ကနေ သေမင်းတမန် အရိပ်လို လိုက်နေပြီဆိုတာ သိလိုက်ရချိန်မှာတော့.....။ အချင်းချင်း အသက်ပေးချစ်ကြတဲ့ လူငယ်လေးသုံးယောက်နဲ့ သေမင်းတမန် "ဟန်"ရဲ့ အသက်‌ကြေး အမဲလိုက်ပွဲ စတင်ခဲ့ပါတော့တယ်။
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။ ၁၇.၁၁.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍5
​​အထင်ကရ နျူကလီးယား သဘောတူညီချက် အမေရိကန်နှင့် ဖိလစ်ပိုင် လက်မှတ်ထိုး
=====================

အမေရိကန်နှင့် ဖိလစ်ပိုင်တို့သည် အထင်ကရ နျူကလီးယား သဘောတူညီချက်တရပ်ကို နိုဝင်ဘာ ၁၇ ရက်တွင် လက်မှတ်ရေးထိုးလိုက်ပြီး ထိုသဘောတူညီချက်အရ ဝါရှင်တန်အနေဖြင့် နျူကလီးယားနည်းပညာနှင့် ဒြပ်ပစ္စည်းများကို မနီလာသို့ ပေးပို့ခွင့်ရမည် ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3
​​မိုးဗြဲရှိ စစ်ကောင်စီ၏ စစ်ရေးအချက်အခြာကျသည့် တောင်ကုန်းနှင့် စခန်း ၈ ခုကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်
===================

001
မဇ္စျိမ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ် ၊ မိုးဗြဲမြို့ရှိ စစ်ကောင်စီတပ်၏ ပင်မ စစ်ရေးအချက်အခြာနေရာတခုဖြစ်သည့် စက်တော်ရာတောင်ကုန်းနှင့် စစ်စခန်းရှစ်ခုကို ၁၁၁၁ စစ်ဆင်ရေးကာလ ငါးရက်အတွင်း သိမ်းပိုက်ရရှိထားကြောင်း မိုးဗြဲ ၁၁၁၁ စစ်ဆင်ရေးမဟာမိတ်အင်အားစုများက နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ဆင်ရေးစတင်သည့် နိုဝင်ဘာလ ၁၁ ရက် နံနက်ငါးနာရီမှစတင်၍ ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း (၃)၊ ပွဲကုန်း (၁)၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်းနှင့် စည်ကား( ၂ )ကျေးရွာများ အတွင်း တပ်စွဲထားသော စစ်ကောင်စီ၏ ခြေကုပ်စခန်း ရှစ်ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် နိုဝင်ဘာလ ၁၅ ရက်နေ့တွင်လည်း မိုးဗြဲအခြေစိုက် ခမရ (၅၁၈ ) က တနှစ်ကျော်ကြာ နေရာယူထားသည့် စက်တော်ရာတောင်ကုန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငါးရက်တာကာလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃၀ နီးပါး ပြုလုပ်ခဲ့ပြီး စက်တော်ရာတောင်ကုန်းကို တိုက်ခိုက်သည့် နိုဝင်ဘာလ ၁၅ ရက်နေ့တရက်တည်းတွင် လက်နက်ကြီးပစ်ခတ်မှုအကြိမ်ရေ ၆၀ ကျော်ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မိုးဗြဲ၊ ဖယ်ခုံဒေသအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သားများအနေဖြင့် လက်နက်ခဲယမ်းများအား စွန့်ပြေးပြီး ခြေဦးတည့်ရာ ထွက်ပြေးတိမ်းရှောင်မှုများလည်းရှိနေပြီး တော်လှန်ရေးအင်အားစုများအနေဖြင့် နယ်မြေရှင်းလင်းရေးနှင့် သက်ဆိုင်သော လုပ်ငန်းစဉ်များ လုပ်ဆောင်လျက်ရှိကြောင်းလည်း ဆိုထားသည်။

မိုးဗြဲမြို့အတွင်း ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင်လည်း ကြိုကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ပြန်ကြားရေးတာဝန်ရှိသူ တဦးကပြောသည်။

မိုးဗြဲမြို့ ငါးရက်တာ တိုက်ပွဲများအတွင်း စစ်သုံ့ပန်းအချို့ဖမ်းဆီးရရှိထားသည်ကိုလည်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်သည့် ဓာတ်ပုံတွင် တွေ့ရသည်။

လက်နက်ခဲယမ်းသိမ်းရရှိမှုနှင့် စစ်သုံ့ပန်း ဖမ်းဆီးထိန်းသိမ်းထားမှု အခြေအနေများကို စစ်ဆင်ရေးပြီးဆုံးသည့်အချိန်တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက အသိပေးထားသည်။

ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင်လည်း နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး တိုက်ပွဲများပြင်းထန်လျက်ရှိသည်။ ၁၁၁၁ စစ်ဆင်ရေး ဆင်နွှဲမှုအတွင်း စစ်ကောင်စီတပ်စွဲထားသည့် နေရာအများအပြား သိမ်းပိုက်ထားနိုင်ကြောင်းနှင့် စစ်မျက်နှာကျယ်သည့်အတွက် အရေအတွက် အတိအကျကို မစုစည်းရသေးသည့်အတွက် သိမ်းပိုက်ရရှိထားသည့်စခန်းအတိအကျကို မပြောနိုင်သေးကြောင်း KNDF ကပြောသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#မိုးဗြဲမြို့
#စစ်ကောင်စီ တပ်စခန်း

ပုံအညွှန်း- ၁၁၁၁စစ်ဆင်ရေးအတွင်း သိမ်းဆည်းရမိသည့် စစ်ကောင်စီ၏ လက်နက်များနှင့် သုံ့ပန်းများ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20👏2
​​စခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီက ကျားချောင်းရွာထဲ လေကြောင်းမှ ဗုံးကြဲ
=====================

YT
မဇ္ဈိမ။ ။ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် တောင်ဘက်၊ ကျားချောင်းရွာအနီးရှိ စစ်ကောင်စီ၏ တောင်ခြေရင်းစခန်းတခုအား ပူးပေါင်းအဖွဲ့က သွားရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ကျားချောင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့၊ နံနက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က ရွှေကျင်မြို့နယ်၊ ကျားချောင်းကျေးရွာအနီးရှိ စစ်ကောင်စီ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ ခြေမြန်တပ်ရင်း ခမရ(၃၅၁) အခြေစိုက်ရာ တောင်ခြေရင်းစခန်းအား ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအပြီး နံနက် ၈ နာရီ ၄၀ မိနစ်တွင် တကြိမ်၊ နံနက် ၉ နာရီတွင် တကြိမ် တောင်ခြေရင်းစခန်းအနီးရှိ ဒေသခံများ နေထိုင်ရာ ကျားချောင်းကျေးရွာအား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
" ကျွန်မတို့လည်း ကြားရတယ်။ ကြဲတာက ကျားချောင်းရွာထဲကို ကြဲတာ၊ ကျားချောင်းအဆင်းမှာက စစ်တပ်ဂိတ်စခန်းရှိတယ်။ အဲ့ဒီစစ်တပ်စခန်းကို PDF က သွားတိုက်တယ်။ သွားတိုက်တဲ့အခါ စစ်တပ်က ရွာထဲကို ကြဲထည့်သွားတာ“ ဟု အမျိုးသမီး သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ရွှေကျင် ဒေသခံတဦး​၏ပြောကြားချက်အရ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ကျားချောင်းကျေးရွာမှ ဒေသခံနေအိမ်အချို့ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသော်လည်း မဇ္ဈိမအနေဖြင့် အသေးစိတ်အချက်အလက်များကို ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။
တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ကောင်စီ​၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျားချောင်းကျေးရွာမှ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ယခုအချိန်ထိ နေအိမ်မပြန်လာကြသေးကြောင်း သိရသည်။

" လေယာဉ်နဲ့ ဗုံးကြဲမှတော့ အရပ်သားတွေက ထွက်ပြေးရတာပေါ့။ ဒါပေမဲ့ တော်တော်များများက မနက်အစောပိုင်းထဲက ထွက်ပြေးကြတာပါ။ အိမ် မပြန်လာရဲကြသေးဘူးလေ ဘယ်လိုလုပ် ပြန်လာရဲဦးမှာလဲ" ဟု ဒေသတွင်းသတင်းရင်းမြစ်တဦးက မဇ္ဈိမကို ပြောသည်။
တောင်ခြေရင်းစခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်​၏ အထိအခိုက်၊ အသေအဆုံးအား မသိရသေးသော်လည်း စစ်ကောင်စီပိုင်ဆိုသည့် ၆၀ မမ တလက်၊ ၆၀ မမ ဗုံးသီး ၅၂ လုံး၊ Jammer တခု၊ စကားပြောစက်အကြီး တလုံး၊ အီနာဂါ ၁၃ လုံး၊ လက်ပစ်ဗုံး ၂၀ လုံး၊ RPGသီး ၂၂ လုံး၊ RPG ပို့ယမ်း ၁၆ ခု၊ တင့်ဖျက်သုံးခု၊ ၄၀မမသီး ၁၂ လုံး၊ မြေမြှုပ်မိုင်းကိုးလုံး နှင့် ၅.၅၆ ကျည် ၁၁၂၈ တောင့်အား သိမ်းဆည်းရမိခဲ့ကြောင်း BPLA က ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ရွှေကျင်မြို့နယ်
#လေကြောင်းမှ ဗုံးကြဲ

ပုံအညွှန်း- ရွှေကျင်မြို့အဝင်ဆိုင်းဘုတ်/ ဓါတ်ပုံ- လူမှုကွန်ယက်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥1🤣1