Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
နိုဝင်ဘာလ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယို အစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ချင်းပြည်နယ်၊ မတူပီမြို့နယ် ရေဇွာမြို့ကို ချင်းတော်လှန်ရေးတပ်တွေ တိုက.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fm3SGgBynghs&h=AT0WxjPooZLcnX7ExJfsrbO5t981EZrI2_SCBmTD65ifD_Lq8UOF5YvfDp7Wcqeq-I33uEZTe95WhwrIXHVlYq6J9yIxbqEvyUF12FiWi4y3bO0k4S6dDkVCKuP43fs7&s=1
👍2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၂၉ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၂၉ ရက်ထုတ်လွှင့်မှုများ#PVTV #MizzimaTV -----------------------------------------မဇ္ဈိ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FeX-gcts14rQ&h=AT1owPfhpL1uOxshRSQc45RhyiV7FYCqIj7DSn2zqFR7Qm1ZiFsOlgODC1oZbuJZkrTnLFO84mW_3n4Vz4YDUfQmCqHdxYFtH72BhXXKdfTEsHmW2l4gNpZZW9-fxS3H&s=1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၂၉ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၂၉ ရက်ထုတ်လွှင့်မှုများ#PVTV #MizzimaTV -----------------------------------------မဇ္ဈိ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FeX-gcts14rQ&h=AT2CSQh34LXRAsRhPm7_oAWTBh5wM93h4KWUCucANcOnJp9t_ChJR4EjoHLfk4q6zKuc648RZkfTxtMQIG8GoqoRaIfdnrI_nmPDVkN1S9ym6fi4Nu00f-llVh6mZyNh&s=1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၂၉ နိုဝင်ဘာ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီလက် အောက် ခံ Non CDM ဝန်ထမ်း များအနေဖြင့် ဒီဇင...
https://ift.tt/DzYMXir
လောင်းလုံးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်
ကိုရွှေမြိတ်(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် နိုဝင်ဘာ ၂၉ ရက်နေ့ နေ့လယ်က ထား....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F19m1onyHu7w&h=AT2YD7SeAVnysXF-fBy2RDq7Xt-a-IKO6HmzsbVlclYNqFoYtV7pYvlafEas95FQEOa-3nr3ALEXBDBR2gjAVUi9FEwJzFXJnEbb0BpAFnDai2KbfUVue3OIIMZeGq_Y&s=1
👍5
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၂၉ နိုဝင်ဘာ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီလက် အောက် ခံ Non CDM ဝန်ထမ်း များအနေဖြင့် ဒီဇင...
https://ift.tt/LWygD2s
👍4
လောင်းလုံးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်
ကိုရွှေမြိတ်(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် နိုဝင်ဘာ ၂၉ ရက်နေ့ နေ့လယ်က ထား....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F19m1onyHu7w&h=AT38jhHWCQxbFmBrrvJafzsFhx3YDDZ_dHMoMp6MfMh0cfiYVTbTbiM9krlmMK4lRbh6O6SnX1rVCC0LA1Fq7tYRThEQnre9DjCQ6dpXPbIsxMm6GjrfYtoAHnGCffyF&s=1
👍5
​​ညီနောင်သုံးဖော် မဟာမိတ်အဖွဲ့၏ ထိုးစစ်ကြောင့် အိန္ဒိယ၏ ရှေ့ခြေလှမ်းက ဘာဖြစ်သင့်သလဲ 
=================

MNDAA၊ TNLA နှင့် AA တို့ ပူးပေါင်းထားသော ‘ညီနောင်သုံးဖော် မဟာမိတ်အဖွဲ့’ သည် မြန်မာမြောက်ပိုင်းတွင် အကြီးစား ထိုးစစ်များ ဆင်နွှဲရာ အဆိုပါ မဟာမိတ်အဖွဲ့နှင့် အခြားသော ‘တော်လှန်ရေးတပ်များ’ သည် နိုင်ငံ၏ အပိုင်းတော်တော်များများကို ထိန်းချုပ်ထားပြီဟု ပညာရှင်များက ပြောလာရသည်။ အပြောင်းအလဲများသည် မြန်မာနိုင်ငံက အာဏာအနေအထား အရွေ့၏ ရုတ်ခြည်းသက်ရောက်မှုပဲ ဖြစ်ပြီး တရုတ်နှင့် အိန္ဒိယက မည်သို့ တုံ့ပြန်မည်ဆိုသည်အပေါ် များစွာ မှီတည်နေကြောင်း ၎င်းတို့က ပြောသည်။ 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁2
​​ဧရာဝတီတိုင်းအတွင်း PDF များဝင်လာသည့်သတင်း‌ကြောင့် စစ်ကောင်စီလုံခြုံရေးတင်းကျပ်
=================

မင်းထက် 

မဇ္ဈိမ ။  ။ဧရာဝတီတိုင်းအတွင်းသို့ PDF တပ်ဖွဲ့ဝင်များ ဝင်ရောက်လာသည့် သတင်းရသည်ဟုဆိုကာ တိုင်းအတွင်းမြို့နယ်အသီးသီးတွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှသိရသည်။ 

တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများသို့ရောက်ရှိနေသော ဧရာဝတီတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလလယ်မှစ၍ ပြန်လည်ဝင်ရောက်လာသည်ဟုဆိုကာ ဧရာဝတီတိုင်း ၂၆ မြို့နယ်တွင် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားခြင်းဟု မြို့နယ်အသီးသီးရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကပြောသည်။

" ညဘက်တွေ ကင်းလှည့်တယ်။ တွေ့ရာလူ ဖမ်းစစ်တယ်။ သေနတ်တွေ ညတိုင်းလိုလို ဖောက်တယ်။ PDF တွေ ပြန်ဝင်လာမယ်ဆိုတဲ့ သတင်းကို သူတို့(စစ်ကောင်စီတပ်) တော်တော်လေး သတိထားနေတယ်"ဟု ဟင်္သာတမြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များနှင့်ရဲများက ဧည့်စာရင်းစစ်ဆေးမှုများ၊ ကင်းပုန်းဝပ်ခြင်းများနှင့် ပိတ်ဆို့စစ်ဆေးမှုများကို ယခင်ကထက်ပိုမိုပြုလုပ်နေသည်ဟုလည်း ဒေသခံများထံမှသိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် မြို့ပေါ်ရှိ ဘုရားရင်ပြင်တော်များနှင့်စာသင်ကျောင်းများ၌ တပ်စွဲထားကြသည်ဟု ဒေသခံများကပြောသည်။ 

မော်လမြိုင်ကျွန်းမြို့နယ်တွင်လည်း မြို့နယ်ရဲမှူးကဦးဆောင်ကာ ကင်းလှည့်ခြင်း ၊မအူပင်မြို့နယ်တွင် ပြည်သူလူထု သတိမထားမိသည့်နေရာအချို့၌ ဘန်ကာအသစ်များဆောက်လုပ်ခြင်း၊ ကန်ကြီးထောင့်မြို့နယ် မြို့အဝင်ဂိတ်တွင် ပြည်သူများကို စစ်ဆေးမှုများပိုမိုပြုလုပ်ခြင်း၊ကင်းပုန်းဝပ်ခြင်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များကပြုလုပ်နေကြသည်ဟု ဒေသခံများကဆိုသည်။

"တတိုင်းလုံးက စစ်တပ်နဲ့ရဲတွေ လှုပ်လှုပ်ရွရွဖြစ်နေတာတော့အမှန်ပဲဗျ။ ဘာသတင်းတွေကြားပြီး ကြောက်နေကြလဲတော့မသိဘူး။ အင်အားတိုးတာမျိုးတော့မရှိဘူး။ရှိတဲ့အင်အားနဲ့ပဲ လုံခြုံရေးတင်းကျပ်ထားတာပါ။တချို့မြို့နယ်တွေမှာတော့ ပျူစောထီးတွေနဲ့ ပြည်သူ့စစ်တွေကိုသုံးနေတာတွေ့ရတယ်။လက်နက်ပေးကိုင်တာမျိုးတော့မတွေ့ရဘူး"ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးကပြောသည်။

ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးအား ဆက်သွယ်မေးမြန်းရာ တိုင်းနှင့်
ထိစပ်နယ်မြေများမှ တိုက်ပွဲများ၌ စစ်ကောင်စီ အထိနာသည်နှင့်တပြိုင်နက် တိုက်ပွဲစတင်နိုင်ရန်ကြိုးစားနေကြောင်း မဇ္စျိမကိုပြောသည်။

ဧရာဝတီတိုင်းသည် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်တို့နှင့် ထိစပ်နေသည်။ စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်းမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသည့်လူငယ်များသည် တိုင်းရင်းသားဒေသများသို့သွားရောက်ပြီး စစ်သင်တန်းတက်ရောက်ခဲ့ကြသည်။ ကရင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသအချို့၌ စစ်ကောင်စီအားတိုက်ခိုက်သည့်တိုက်ပွဲများတွင် ဧရာဝတီတိုင်းဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပါဝင်တိုက်ခိုက်နေသည်ဟုသိရသည်။

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် ဇူလိုင်လနှင့် သြဂုတ်လအတွင်းက ရခိုင်ရိုးမနှင့်ထိစပ်နေသည့် ကြံခင်းမြို့နယ်အနောက်ဘက်တောများ၌ စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲများဖြစ်ခဲ့သည်။စစ်ကောင်စီဘက်မှ ၃၀ ဦးခန့်သေဆုံးခဲ့သည့်အပြင် ဒုတပ်ရင်းမှူးတဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟင်္သာတခရိုင်အမှတ်(၁)တပ်ရင်းမှ ရဲဘော်သုံးဦးကျဆုံးခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားသလို မြို့နယ်အချို့တွင် ဒေသခံများအား မတရားစွပ်စွဲ ဖမ်းဆီးမှုများပြုလုပ်နေသည်ဟု ဧရာဝတီတိုင်းမှ တော်လှန်ရေးအင်အားစုများကပြောသည်။

"သူတို့(စစ်ကောင်စီ)ဘက်ကလည်း ပြင်ဆင်နေသလို ကျွန်တော်တို့ဘက်ကလည်း ပြင်ဆင်သင့်တာအကုန်လုံး ပြင်ဆင်နေပါတယ်။ဧရာဝတီပြည်သူတွေအနေနဲ့လည်း တော်လှန်ရေးဟာ အရေးကြီးတဲ့အချိန်ရောက်နေပါပြီ။ တတ်နိုင်တဲ့ဘက်ကနေ တော်လှန်ရေးကိုကူကြပါ"ဟု ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက တိုက်တွန်းသည်။

စာတည်း - အေးချမ်း

#Mizzima
#ဧရာဝတီတိုင်း
#စစ်ကောင်စီတပ်
#လုံခြုံရေးတင်းကျပ်

ဓာတ်ပုံ -ပုသိမ်မြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲအား ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းစဥ်(ပုံဟောင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19😁2👎1🤬1
​​အမျိုးသမီး အားကစားလောကမှ ဝင်ငွေမှာ ဒေါ်လာ ၁ ဘီလီယံကို ကျော်လွန်သွားမည်ဟု ခန့်မှန်း
===============

By PKThawn

အမျိုးသမီးအားကစားလောကမှ ကမ္ဘာတဝှမ်း ဝင်ငွေဟာ လူကြိုက်များမှု ပေါက်ကွဲအားကြောင့် ၂၀၂၄ မှာ ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာ ၁ ဘီလီယံကို ကျော်လွန်သွားမှာဖြစ်ကြောင်း ဘဏ္ဍာရေးကျွမ်းကျင်အုပ်စု Deloitte အရ သိရပါတယ်။

သြစတြေးလျနဲ့ နယူးဇီလန်တို့မှာ အလွန်အောင်မြင်တဲ့ ၂၀၂၃ ကမ္ဘာ့ဖလားပြိုင်ပွဲမှ အသစ်ထွက်ရှိလာတဲ့ ဘောလုံး ဝင်ငွေဟာ ၂၀၂၄ မှာ စုစုပေါင်း ခန့်မှန်းဝင်ငွေ ဒေါ်လာ ၁.၂၈ ဘီလီယံရှိသည့်အနက်မှ ပေါင် ၅၅၅ သန်းအထိ ရောက်ရှိဖို့ မျှော်မှန်းထားပါတယ်။

ဥရောပမှာ အမျိုးသမီးဘောလုံးလောက တိုးတက်နေပေမယ့် မြောက်အမေရိကမှာ အမျိုးသမီးအားကစားအတွက် စုစုပေါင်းဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ရရှိနေဆဲဖြစ်ပါတယ်။

Deloitte က အသင်းအများအပြားရဲ့ တန်ဖိုးတွေဟာ လာမယ့်နှစ်မှာ ဒေါ်လာ သန်း ၁၀၀ ကျော်လွန်မယ်လို့ ခန့်မှန်းမှုနဲ့အတူ အသင်းတွေနဲ့ လိဂ်တွေရဲ့ တန်ဖိုးတွေ ဆက်လက်မြင့်တက်နေမယ်လို့ မျှော်လင့်ထားပါတယ်။

"ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကမ္ဘာတဝှမ်းက အမျိုးသမီးအားကစားလောကမှာ ထူးခြားတဲ့ တိုးတက်မှုကို ကျုပ်တို့တွေ့မြင်ခဲ့ရပြီး ရင်းနှီးမြုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှုကို ကြီးထားစေတာကြောင့် ၎င်းရဲ့ ကုန်သွယ်မှုတန်ဖိုးကို သိသိသာသာမြှင့်တင်ပေးပါတယ်"လို့ Deloitte's အားကစား စီးပွားရေးအုပ်စုရဲ့ ခွဲခြမ်းစိတ်ဖြာရေးရာ ဦးဆောင်သူ ဂျနီဖာ ဟတ်စကယ်က ပြောပါတယ်။

“အရေးကြီးတာက အမျိုးသမီးအားကစားကို အမျိုးသားတွေရဲ့ ထိပ်တန်းအားကစားနဲ့ နှိုင်းယှဉ်လိုက်ရင် အရင်ကထက် ပိုပြီး အသိမှတ်ပြုလာတဲ့အတွက် ဒါကို တမူထူးခြားတဲ့ ထုတ်ကုန်တခုအဖြစ် ရှုမြင်လာနေပါတယ်။

"ပရိသတ်နဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ထိတွေ့ဆက်ဆံမှု မြင့်တက်လာခြင်းက ပိုမိုကြီးမားတဲ့ စီးပွားဖြစ်မိတ်ဖက်တွေ၊ ပူးပေါင်းပါဝင်မှု တိုးမြင့်လာခြင်းနဲ့ ပွဲစဉ်ကြီးတွေအပါအဝင် ကလပ်တွေနဲ့ လိဂ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းသစ်တွေဆီကို ဦးတည်စေပါတယ်။"

အမျိုးသမီးအားကစာလောကရဲ့ ရေပန်းစားမှု များပြားလာခြင်းဟာ streaming platform တွေပေါ်မှာ prime-time ထုတ်လွှင့်မှုပိုင်း ပိုမို ခွဲဝေမှုနဲ့ မြင်တွေ့နိုင်မှုကို ဦးတည်လာစေဖို့ မျှော်လင့်ရပါတယ်။

ပစ္စည်းရောင်းချမှု၊ စပွန်ဆာ စာချုပ်တွေနဲ့ တခြားစီးပွားရေးလုပ်ငန်းတွေမှ Commercial ဝင်ငွေဟာ စုစုပေါင်းဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်မှာ ရှိနေဆဲဖြစ်ပေမယ့် ပိုမိုကြီးမားတဲ့ ရုပ်သံထုတ်လွှင့်မှု စာချုပ်တွေနဲ့ ပွဲစဉ်ဝင်ငွေတွေနဲ့ နှိုင်းယှဉ်ပါက အဆိုပါရာခိုင်နှုန်းဝေစုမှာ အနည်းစုဘက်ကို ရောက်လာပါတယ်။

(AFP)

Photo: AFP

#womensports #Womensportrevenues
👍7😁2
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၂၉ နိုဝင်ဘာ၂၀၂၃)
==================

တစ်နိုင်ငံလုံးအတိုင်းအတားဖြင့် တော်လှန်ရေးအရှိန်မြင့်နေစဉ် စစ်ကောင်စီဘက်ယိမ်း နိပွန် ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ လာရောက်ခြင်းဖြစ်တာကြောင့် စစ်အာဏာရှင်ကို တွန်းလှန်နေသူတိုင် သတိပြုရမည်ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10😁1
SSPP နှင့် RCSS အပစ်ရပ်ကြောင်း ကြေညာ
SSPP နှင့် RCSS အပစ်ရပ်ကြောင်း ကြေညာ
===============

ဂျူချန်း

(မဇ္ဈိမ)။ ။ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်များဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ အပစ်အခတ်ရပ်စဲကြောင်း ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ပူးတွဲ ထုတ်ပြန်လိုက်သည်။

SSPP ကိုယ်စားလှယ် သုံးဦး၊ RCSS ကိုယ်စားလှယ်လေးဦးတို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းကို တရားဝင် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 SSPP နှင့် RCSS ကြား၌ လွန်ခဲ့သည့် လအနည်းငယ်ကအထိ စစ်ရေးတင်းမာခဲ့သလို စိုးမိုးနယ်မြေများမှ အရပ်သားများအား ဖမ်းဆီးမှုနှင့် ပတ်သက်၍လည်း လူထု၏ ပြစ်တင်ဝေဖန်မှု ခံခဲ့ရသည်။ ပြီးခဲ့သည့် ဧပြီလတွင် လဲချားမြို့၌ နှစ်ဘက် ပစ်ခတ်မှု ဖြစ်ခဲ့သည်။

ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ ယခုကဲ့သို့ အပစ်ရပ်ခြင်းကို ကြိုဆိုကြောင်းနှင့် စစ်အာဏာရှင်တော်လှန်ရေး၌ ပူးပေါင်းပါဝင်စေလိုကြောင်း ရှမ်းပြည်နယ်မှ ဒေသခံအချို့က မှတ်ချက်ပြုသည်။

 " စစ်အာဏာရှင်ကို မီးစာတပ်ပေးနေတာမျိုးကို ကျမတို့ လက်မခံဘူး။ လူထုဆန္ဒနဲ့ အညီ ရပ်တည်စေချင်တယ်။ ဒါ ကျမတို့ မျှော်လင့်တဲ့အရာပဲ"ဟု ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့မှဒေသခံတဦးက ပြောသည်။

RCSSသည် စစ်ကောင်စီက ဆက်လက်ကိုင်စွဲထားသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)တွင်လက်မှတ်ထိုးထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST တွင် ပါဝင်သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့တွင်နေပြည်တော်၌ ကျင်းပသည့် NCA ရှစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားသို့ RCSS ဥက္ကဌကိုယ်တိုင် တက်ရောက်ခဲ့သည်။ 

SSPP သည် NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးပေ။ ပြီးခဲ့သည့် ဇွန်လအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်မှ SSPP စခန်းများ ရုတ်သိမ်းရန် စစ်ကောင်စီက ဖိအားပေးခဲ့ရာ SSPP နှင့် စစ်ကောင်စီတို့ကြား စစ်ရေးတင်းမာခဲ့သည်။ 

SSPP သည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF)၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) အပါအဝင် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ခုနစ်ဖွဲ့ပါဝင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)အဖွဲ့ဝင်ဖြစ်သည်။

လတ်တလောတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ မြောက်ပိုင်းမဟာမိတ်ညီနောင်များဖြစ်သောမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ရက္ခိုင့်တပ်တော် (AA)နှင့် တအာင်းအမျိုးသားလွတ် မြောက်‌ရေးတပ်မတော်(TNLA)တို့ ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီနှင့် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေသည်။

စာတည်း - အေးချမ်း

#Mizzima
#SSPP
#RCSS
#အပစ်ရပ်

ပုံအညွှန်း- ၂၀၂၁ ခုနှစ်အတွင်း RCSS နှင့် SSPP အဖွဲ့ နှစ်ဖွဲ့ ပူးပေါင်းရန် ရှမ်းပြည်လူငယ်များ ဆန္ဒပြပုံ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍30❤1🥰1