Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မင်းကင်းမြို့ အင်ကြင်းတောင်ရွာ ပင်မစခန်းကုန်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်
👍5
မင်းကင်းမြို့ အင်ကြင်းတောင်ရွာ ပင်မစခန်းကုန်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်
===================

လွှမ်းမိုး
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ် ၊ အနောက်ခြမ်းရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့များပူးပေါင်းတပ်စွဲနေသည့် ပင်မစခန်းကုန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာ ၂၇ ရက် နံနက် ၄ နာရီ အချိန်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း Student’s Revolutionary Force (SRF) တပ်ဖွဲ့ထံမှ သိရပါသည်။
အဆိုပါ စစ်ကောင်စီတပ် စခန်းကုန်းကို လေးနာရီအကြာ တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိခဲ့တာဖြစ်ကြောင်း SRF တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကိုပြောသည်။

“ ကတုပ်ကျင်းတွေ ၊ ဘန်ကာတွေနဲ့ ကျကျနန တည်ဆောက်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ ပင်မစခန်းကုန်းကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ခက်ခက်ခဲခဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီး တိုက်ပွဲကြာချိန် လေးနာရီခန့်မှာ စခန်းကို သိမ်းနိုင်ခဲ့တာဖြစ်ပြီး၊ ရန်သူ့တပ်ရဲ့ စစ်ကူများ ရောက်ရှိလာတဲ့အတွက် စခန်းကို ဖျက်ဆီးပြီး စနစ်တကျ ဆုတ်ခွာခဲ့တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ စစ်ဗိုလ် တဦး ၊ ရဲတပ်သား လေးဦး နှင့် ပြည်သူ့စစ် အဖွဲ့ဝင် ၂၀ ဦးခန့် သေဆုံးခဲ့ပြီး ၊ SRF တပ်ဖွဲ့မှ ရဲဘော် တဦး ကျဆုံးကာ ရဲမေ တဦးနှင့် ရဲဘော် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ ဒုတိယ အကြိမ်စခန်းကုန်းကို သိမ်းနိုင်ခဲ့တာ ရန်သူကို လျှော့မတွက်ခဲ့တာ ကြောင့်ဖြစ်တယ်။ ပထမအကြိမ် သိမ်းပိုက်ခဲ့တာမျိုးနဲ့ အများကြီးကွာနေတာ ဖြစ်ပါတယ်။ ရန်သူ့တပ်က စစ်အင်အား ဖြည့်တင်းပြီး တိုက်ရည်ခိုက်ရည်ရှိတဲ့ ပြည်သူ့စစ်အဖွဲ့တွေနဲ့ စစ်သားတွေ ပူးပေါင်းတပ်စွဲနေတာဖြစ်တယ်။ ပထအကြိမ် တုန်းကလိုမျိုး ရန်သူက ပျူစောထီးအဆင့်ရှိသူတွေ မဟုတ်ဘူး ၊ ဒါကြောင့် ရန်သူကို လျှော့မတွက်ဘဲ ကြိုးစားပြင်ဆင်ခဲ့ရတယ်” ဟု SRF တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

အဆိုပါ စခန်းကုန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ MA10လောင်ချာ တလက်၊ MA5ပစ္စတို တလက်၊ .30Carbineကျည် ၁၄၇တောင့်၊ 5.56 ကပစကျည် ၁၉၉တောင့်၊ RPG ကျည် ၁၁ ဖူး၊ 14မိုင်း နှစ်လုံး၊ 40mmဗုံးသီး ငါးလုံး၊ MG1လက်ပစ်ဗုံး တလုံး နှင့် Drone Jammerစက် တလုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မင်းကင်းမြို့နယ်တွင် စစ်ရေးအရှိန်မြင့်လာသည့် အလားအလာများ ရှိနေသည့်အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စခန်းများနှင့် နီးစပ်သည့်နေရာများမှ သတိထားရှောင်ကျဥ်ကြရန် SRF တပ်ဖွဲ့မှ တိုက်တွန်းထားကြောင်းလည်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မင်းကင်းမြို့နယ်
#SRF
#အင်ကြင်းတောင်ရွာ
#သိမ်းပိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤1
ဂျပန်မှာ အမေရိကန်စစ်လေယာဉ်ပျက်ကျမှုအတွင်း လူ ၇ ဦးပျောက်ဆုံးနေ
ဂျပန်မှာ အမေရိကန်စစ်လေယာဉ်ပျက်ကျမှုအတွင်း လူ ၇ ဦးပျောက်ဆုံးနေ #International#MizzimaTV-----------------------------------------မဇ္ဈိမကို လွတ်လပ်တဲ့ ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FjhIfvTAWLag&h=AT3WtGj9x1QgmtAdopdSRoo9xuScVeczd6XS0sRB39kJQNXPng7z3nBVl8ppgt_IDP9wTHQEkN_fhaL3XCC9c93Iws9U5mOiAy9d7ROLDVkOVN6X9ozxXl7PRyb1yuEz&s=1
👍1
ဒီဇင်ဘာလ (၁) ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
00:58-ရှမ်းမြောက်စစ်ဆင်ရေးအတွင်း ပြည်ပဒရုန်းပညာရှင်တွေပါဝင်နေတယ်လို့ စစ်ကောင်စီပြောတဲ့သတင်း04:26-ပြည်ပ ဒရုန်းပ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FNLSuT3tRTD8&h=AT0w5pKeAWiacf7qIxw4Ej9YuC7VjoAoloGcyfi3b4cys-JaYPMvTW8FzL1iZKG4BZwPGUJ3UdBFD3JbZQksRIIZi_35uVIiNwpDGdaw2DiEXFBHJPP5l4fCNkEJseUr&s=1
ကမ္ဘာ့ကုန်သွယ်ရေးတွင် ထောက်ပံ့ရေး အဓိက ပြိုင်ဘက် အမေရိကန်နှင့် တရုတ်
အမေရိကန်နှင့် တရုတ်တို့သည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု စနစ်တွင် သက်ဆိုင်ရာ စီးပွားရေး ကဏ္ဍများ၌ ၎င်းတို့....
https://ift.tt/fRezT6r
❤3
မြောက်ဥက္ကလာ အ.ထ.က (၃)၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအား မိုင်းဖြင့် ဖောက်ခွဲတိုက်ခို
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အ.ထ.က (၃) စာသင်ကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား မြောက်....
https://ift.tt/MevgZPi
❤1
ဒီဇင်ဘာလ (၁) ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
00:58-ရှမ်းမြောက်စစ်ဆင်ရေးအတွင်း ပြည်ပဒရုန်းပညာရှင်တွေပါဝင်နေတယ်လို့ စစ်ကောင်စီပြောတဲ့သတင်း04:26-ပြည်ပ ဒရုန်းပ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FNLSuT3tRTD8&h=AT1S-NpJoNSpi7-rivFNB2DnbBBYtU02EOrZfB80jV3PIUkMuxc04lNbpGTTMoUEM5dB0kMI8uVRsPFA13asyTOySJhbUZ0YKRCmPLyik7d3tR6wiB5ABWPt552wGSSX&s=1
ကမ္ဘာ့ကုန်သွယ်ရေးတွင် ထောက်ပံ့ရေး အဓိက ပြိုင်ဘက် အမေရိကန်နှင့် တရုတ်
အမေရိကန်နှင့် တရုတ်တို့သည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု စနစ်တွင် သက်ဆိုင်ရာ စီးပွားရေး ကဏ္ဍများ၌ ၎င်းတို့....
https://bit.ly/3uOvjpq
မြောက်ဥက္ကလာ အ.ထ.က (၃)၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအား မိုင်းဖြင့် ဖောက်ခွဲတိုက်ခို
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အ.ထ.က (၃) စာသင်ကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား မြောက်....
https://bit.ly/3GliZQi
👍7
တောင်ငူမြို့အနီး အင်အားအနည်းငယ်အဆင့်ငလျင်လှုပ်
ပဲခူးတိုင်း၊ တောင်ငူမြို့အနီးကို ဗဟိုပြု၍ ရစ်(ခ်)တာစကေး ၃ဒသမ ၅အဆင့်ရှိ အင်အားအနည်းငယ်မြေငလျင်လှုပ်ရှားသွာ....
https://ift.tt/BTkVhcK
👍2😱1
ဒီဇင်ဘာလ ၁ ရက်နေ့၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
00:58- နယ်စပ်က မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်မပို့ဖို့ ထိုင်းအစိုးရကို HRW တိုက်တွန်းတဲ့သတင်း04:35- အိန္ဒိယမှာ အကျဉ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fyk9Rj0BCKwQ&h=AT1Vxm53tQTNDdZpbdg1Obik3ASb4I0F4_wMppIJCErSpT9h6X9zwuw92xdEApIXzaVWjN7a1FQATNpCgHyo-N-Ui85G03tlOkflTzq0wYR04DtfJFZUYVYc_iPrsYBW&s=1
👍4
တောင်ငူမြို့အနီး အင်အားအနည်းငယ်အဆင့်ငလျင်လှုပ်
ပဲခူးတိုင်း၊ တောင်ငူမြို့အနီးကို ဗဟိုပြု၍ ရစ်(ခ်)တာစကေး ၃ဒသမ ၅အဆင့်ရှိ အင်အားအနည်းငယ်မြေငလျင်လှုပ်ရှားသွာ....
https://bit.ly/3Gmkqhg
ဒီဇင်ဘာလ ၁ ရက်နေ့၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
00:58- နယ်စပ်က မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်မပို့ဖို့ ထိုင်းအစိုးရကို HRW တိုက်တွန်းတဲ့သတင်း04:35- အိန္ဒိယမှာ အကျဉ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fyk9Rj0BCKwQ&h=AT1ZhSU-Fj1_hBwOAFOJIzX6766KBlwv-G2hxLwTNlQFCdZCtUiXnkpFSVKyA4CVdYiUj1NZaM4SB7q_rwIIvmPHh_lvPfZMxoG8weATG9EUvdVN3I0IfMA-vi3WdlwM&s=1
​​1.12.2023 (Friday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်

✅Highlight ✅

👉မေတ္တာရိပ်မြုံ - season 2 (ညနေ - ၆ နာရီ) 

👉India Movie -Kaum Pravin Tambe (ည- ၈ နာရီ)

👉Korea Movie -tune in for love (ည- ၁၀နာရီခွဲ) 

➡️Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။ #mizzim
👍2