Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
"ခင်ဦးမြို့နယ်တွင် ၁၀၂၇ စစ်ဆင်ရေး ကြိုဆိုထောက်ခံပွဲနှင့်စစ်အာဏာရှင် အလိုမရှိကြောင်း ချီတက်ဆန္ဒပြပွဲ ပြုလုပ်"
❤14🔥3
"ခင်ဦးမြို့နယ်တွင် ၁၀၂၇ စစ်ဆင်ရေး ကြိုဆိုထောက်ခံပွဲနှင့်စစ်အာဏာရှင် အလိုမရှိကြောင်း ချီတက်ဆန္ဒပြပွဲ ပြုလုပ်"
=====================

008
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်တွင် ၁၀၂၇ စစ်ဆင်ရေး နှင့် ၁၁၂၇ စစ်ဆင်ရေးတို့အား ကြိုဆိုထောက်ခံပွဲနှင့် စစ်အာဏာရှင် အလိုမရှိကြောင်း ချီတက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့သည်။
စစ်ဆင်ရေးဆင်နွှဲနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အားတက်စေရန် အဓိကရည်ရွယ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

"ပထမဆုံး စစ်ဆင်ရေး ဆင်နွှဲနေကြတဲ့ ပြည်သူ့သားကောင်းတွေ အန္တရာယ် ဘေးရှင်းပြီး တိုက်ပွဲတိုင်း အောင်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးရော ၁၁၂၇ စစ်ဆင်ရေးရောကို အောင်သပြေနဲ့ ကြိုဆို ထောက်ခံပါတယ်"ဟု ဆန္ဒပြပွဲတွင် ပါဝင်သူ အမျိုးသမီး တဦးကပြောသည်။

အမျိုးသမီး နောက်တဦးကလည်း"လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေသူက အသက်ပေးဝင်နေတယ်။ကျွန်မတို့ကလည်း ဒီမှာ စစ်ခွေးတွေကို ဆန့်ကျင်ဆန္ဒပြပါတယ်။စစ်အာဏာရှင် ချုပ်ငြိမ်းပါစေ။အမြန်ဆုံး ကျဆုံးပါစေလို့ ပြောချင်ပါတယ်"ဟုပြောသည်။

အဆိုပါ ဆန္ဒပြပွဲကို အမျိုးသမီးများက ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး "ဖက်ဆစ်စစ်တပ်ကို စွန့်ခွာကြ၊ပြည်သူ့ ရင်ခွင် ခိုလုံကြ၊၁၀၂၇ စစ်ဆင်ရေး ပြည်သူအားလုံး ပါဝင်ပေး၊စစ်အာဏာရှင် အလိုမရှိ "စသည့်​တို့ကို ​ကြွေးကြော်ခဲ့ကြကြောင်းသိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#မြန်မာသတင်း
#အမျိုးသမီး
#ဆန္ဒပြပွဲ

ဓါတ်ပုံ-ခင်ဦးမြို့နယ်၊သတင်းမှန်ပြန်ကြားရေး


------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
https://bit.ly/2VhJ12U
👍13🔥2❤1
​​မုန်တိုင်းငယ်အရှိန်ကြောင့် မိုးနှင့် လေပြင်းသတိပေး
==================

ရောင်နီ
(မဇ္စျိမ)။ ။ ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်အရှိန်ကြောင့် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးထစ်ချုန်းခြင်းများဖြစ်‌ပေါ်နိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံမိုးဇလဌာနက ယ‌နေ့ သတင်းထုတ်ပြန်သည်။

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် မလက္ကာရေလက်ကြားတွင် နိုဝင်ဘာလ ၂၈ ရက်နေ့မှ စတင်ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းသည် ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့တွင် မုန်တိုင်းငယ်ဖြစ်လာသည်ဟု မိုးဇလက ထုတ်ပြန်သည်။

မုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနေထိုင်ရန် မိုးဇလက အသိပေးသည်။ ထိုသို့ သတိပေးရာ၌ ဒေသအမည်ကို ဖော်ပြမထားပေ။ သို့သော် ဒီဇင်ဘာလပထမ၁၀ရက်အတွက် မိုးလေဝသခန့်မှန်းချက်တွင် နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် ပုံမှန်ထက် မိုးရွာနိုင်ကြောင်း ထုတ်ပြန်ထားသည်။

လက်တလောရာသီဥတုအခြေအနေအရ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်ရှိငါးဖမ်းရေယာဥ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုကြရန် မိုးဇလက သတိပေးထားသည်။

မုန်တိုင်းငယ်သည် မနက်ဖြန် ဒီဇင်ဘာလ ၂ ရက်နေ့တွင် အားကောင်းသော မုန်တိုင်းငယ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ အားကောင်းလာနိုင်ကာ ဒီဇင်ဘာလ ၄ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။

မုန်တိုင်းသည် မြန်မာနိုင်ငံသို့ တိုက်ရိုက်မသက်ရောက်နိုင်သော်လည်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တွင် ဒီဇင်ဘာလ ၃ ရက်၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန(MOHADM)ကသတိပေးထားသည်။

စာတည်း - အေးချမ်း

#Mizzima
#ဘင်္ဂလားပင်လယ်အော်
#မုန်တိုင်းငယ်
#မိုးနှင့်လေပြင်းသတိ‌ပေး

ပုံအညွှန်း - ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်း ဝင်ရောက် တိုက်ခတ်ပြီးနောက် ထိခိုက်ပျက်စီးခဲ့သည့် မြင်ကွင်း။

(ပုံ - လူမှုကွန်ရက်)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥3
Walmart သည် တရုတ်သွင်းကုန်များကို အိန္ဒိယ သွင်းကုန်များ နှင့် အစားထိုး
====================

(မဇ္ဈိမ)။ ။ အမေရိကန် Walmart (WMT.N) ကုမ္ပဏီ သည် တရုတ်မှ သွင်းကုန်များအပေါ် မှီခိုမှု လျှော့ချ၍ အိန္ဒိယ မှ သွင်းကုန်များ ပိုမိုတင်သွင်းခြင်းဖြင့် ထောက်ပံ့ရေးကွင်းဆက် ကို ကွဲပြားစေရန်နှင့် စရိတ် လျှော့ချရန် ကြိုးစားနေကြောင်း Reuter သတင်းဌာန မှ ဖော်ပြသည်။
👍3🔥3
ကမ္ဘာ့အကြီးဆုံး လက်လီရောင်းချသော ကုမ္ပဏီ Walmart သည် ယခုနှစ် ဇန်နဝါရီလ မှ သြဂုတ်လ အတွင်း အမေရိကန်သွင်းကုန်များ၏ လေးပုံတပုံကို အိန္ဒိယမှ တင်သွင်းခဲ့ကြောင်း Import Yeti မှ အချက်အလက်များအရ သိရသည်။ ယင်းပမာဏ သည် ၂၀၁၈ ခုနှစ် နှင့် နှိုင်းယှဉ်လျှင် နှစ်ရာခိုင်နှုန်းသာ ရှိသည်။

၂၀၁၈ ခုနှစ်တွင် တရုတ် မှ တင်သွင်းမှု ၈၀ ရာခိုင်နှုန်း ရှိရာမှ ၆၀ ရာခိုင်နှုန်း သို့ လျှော့ချ လိုက်သည်။ သို့သော် တရုတ်သည် Walmart သို့ ကုန်ပစ္စည်းတင်သွင်းမှု တွင် အများဆုံး နိုင်ငံဖြစ်နေဆဲဖြစ်သည်။

တရုတ်မှ တင်သွင်းမှုစရိတ် မြင့်တက်လာခြင်းနှင့် အမေရိကန်နှင့် တရုတ်ကြား နိုင်ငံရေးတင်းမာမှုများ တိုးမြင့်လာခြင်းသည် အိန္ဒိယ၊ ထိုင်းနှင့် ဗီယက်နမ် အပါအဝင် အခြား နိုင်ငံများမှ အမေရိကန် သို့ ကုန်ပစ္စည်း တင်သွင်းရန် ကြီးမားသော တွန်းအားပေးမှု ဖြစ်သည်။
အမေရိကန် တွင် စားသုံးသူများသည် စားသောက်ကုန်စျေးနှုန်းမြင့်မားခြင်းနှင့် အတိုးနှုန်း မြင့်မားခြင်း ကို ကြုံတွေ့နေရပြီး စုဆောင်းငွေ နည်းပါးလာကြခြင်းသည် Walmart နှင့် အခြားသော လက်လီရောင်းချသူများ အနေဖြင့် စားသုံးသူအသုံးစရိတ် မြင့်မားလားခြင်းကို သတိထားမိလာသည်။

"ကျွန်တော်တို့ အကောင်းဆုံးစျေးနှုန်းတွေကို လိုချင်ပါတယ်” ဟု Walmart ၏ အရင်းအမြစ်ရှာဖွေရေး ဒုတိယဥက္ကဋ္ဌ အန်ဒရီးရာ အဲလ်ဘရိုက် က အင်တာဗျူးတခုတွင် ပြောကြားသည်။ "ဆိုလိုတာက ကျွန်တော်တို့ရဲ့ ထောက်ပံ့ရေးကွင်းဆက်တွေမှာ ခံနိုင်ရည်ရှိဖို့ လိုတယ်။ ဟာရီကိန်းမုန်တိုင်းတွေ၊ ငလျင်လှုပ်ခတ်မှုတွေ ကနေ ကုန်ကြမ်းပြတ်တောက်မှုတွေ အထိ အမြဲတမ်း စီမံခန့်ခွဲနေရတာကြောင့် ထုတ်ကုန်အတွက် တင်သွင်းသူ တဦးတည်း ဒါမှမဟုတ် ကုန်ပစ္စည်း တွေရဲ့ ပထဝီဝင် အနေအထားပေါ်ကို မှီခိုနေလို့ မရပါဘူး" ဟု သူက ပြောသည်။

“ကျွန်တော်တို့ က တိုးတက်မှု ရှိတဲ့ လုပ်ငန်းတခု ဖြစ်ပြီး ထုတ်လုပ်မှု စွမ်းရည် ပိုမို ကောင်းမွန်လာအောင် ကြိုးစားနေပါတယ်” ဟု Walmart မှ တာဝန်ရှိသူက ပြောသည်။

အိန္ဒိယသည် အဆိုပါ ကုန်ထုတ်လုပ်မှုစွမ်းရည်ကို တည်ဆောက်ရန် Walmart ၏ ကြိုးပမ်းအားထုတ် မှ အဓိက အစိတ်အပိုင်းတခုအဖြစ် ပေါ်ထွက်လာခဲ့ကြောင်း အဲလ်ဘရိုက် က ပြောသည်။
Walmart သည် ၂၀၁၈ ခုနှစ်တွင် အိန္ဒိယ e-commerce ကုမ္ပဏီ Flipkart တွင် ရှယ်ယာ ၇၇ ရာခိုင်နှုန်း ကို ဝယ်ယူပြီးချိန်မှ စ၍ အိန္ဒိယတွင် ရင်းနှီးမြှုပ်နှံမှု အရှိန်မြှင့်လာခဲ့သည်။ နှစ်နှစ်အကြာ တွင် ၂၀၂၇ ခုနှစ် မှ စ၍ အိန္ဒိယမှ နှစ်စဉ် ကုန်ပစ္စည်းဒေါ်လာ ၁၀ ဘီလီယံ တင်သွင်းရန် ကတိကဝတ်ပြုထားသည်။ ယင်းသည် ပန်းတိုင်ရောက်ရန် လမ်းကြောင်းပေါ်ရှိနေဆဲဖြစ်ကြောင်း အဲလ်ဘရိုက် က ပြောသည်။ လက်ရှိတွင် အိန္ဒိယမှ နှစ်စဉ် ဒေါ်လာ သုံးဘီလီယံခန့် တန်ဖိုးရှိ ကုန်ပစ္စည်းများ တင်သွင်းနေသည်။

WORKFORCE, TECHNOLOGY ARE KEY DRAWS
အလုပ်အကိုင် နှင့် နည်းပညာများသည် အဓိကကျသော ရလဒ်များဖြစ် Walmart သည် အရုပ်များ၊ လျှပ်စစ်ပစ္စည်းများ၊ စက်ဘီးနှင့် ဆေးဝါးများ အထိ အိန္ဒိယမှ အမေရိကန်သို့ တင်သွင်းနေသည် ဟု အဲလ်ဘရိုက် က ပြောသည်။ ထုပ်ပိုးထားသော အစားအစာများ၊ အစေ့အဆန်ခြောက်များနှင့် ပါစတာ ခေါက်ဆွဲများသည် လူကြိုက်များသော အိန္ဒိယမှ တင်သွင်းကုန် များ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယခုနှစ်တွင် စတော့ဈေးကွက် စံချိန်တင်မြင့်တက်ခဲ့သည့် အိန္ဒိယ သည် ကုန်ကျစရိတ်နည်းပြီး အကြီးစားထုတ်လုပ်မှုတွင် တရုတ် ထက် စွမ်းဆောင်ရည် ပိုမိုသာလွန်သည့် နိုင်ငံဖြစ်လာသည်။
အိန္ဒိယ၏ လျင်မြန်စွာ တိုးပွားလာသော လုပ်သားအင်အားနှင့် နည်းပညာတိုးတက်မှုများသည် Walmart အတွက် ဆွဲဆောင်မှုတခုဖြစ်ကြောင်း အဲလ်ဘရိုက် က ပြောကြားသည်။ အခြားတဖက်တွင်မူ တရုတ်သည် ပြီးခဲ့သည့်နှစ်တွင် ဆယ်စုနှစ် ခြောက်ခုအတွင်း ၎င်း၏ ပထမဆုံး လူဦးရေ ကျဆင်းမှုကို ဖော်ပြခဲ့သည်။

Walmart သည် ၂၀၂၂ ခုနှစ် မှ စတင်၍ အိန္ဒိယတွင် လုပ်ငန်းများ စတင် လည်ပတ်ခဲ့ပြီး ၎င်း၏ Walmart Global Tech India ယူနစ်၊ Flipkart Group၊ PhonePe လက်အောက်ရှိ ရုံးအများအပြားတွင် ယာယီအလုပ်သမားများ အပါအဝင် လူပေါင်း တသိန်း ကျော် ဖြင့် လုပ်ဆောင်နေသည်။

Walmart ၏ CEO ဖြစ်သူ ဒေါင်မက်မီလန် သည် ယခုနှစ် မေ တွင် အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာ မိုဒီ နှင့် အစည်းအဝေး တခု၌ တွေ့ဆုံခဲ့ကြသည်။

“အိန္ဒိယဟာ ရင်းနှီးမြှုပ်နှံမှုအတွက် ဆွဲဆောင်မှုရှိတဲ့ နေရာတခုအဖြစ် ပေါ်ထွက်လာတာကို မြင်ရတာ ဝမ်းသာပါတယ်” ဟု မိုဒီက မေ ၁၄ ရက်နေ့တွင် ၎င်း၏ လူမှု ကွန်ရက်စာမျက်နှာ X တွင် ရေးသားခဲ့သည်။ Walmart သည် “အိန္ဒိယ ၏ ကုန်ထုတ်လုပ်မှုတိုးတက်မှုကို ဆက်လက်ပံ့ပိုးပြီး အခွင့်အလမ်း ဖန်တီးပေးမည်” ဖြစ်ကြောင်း မက်မီလန် က ပြောကြားခဲ့သည်။
👍13🔥1
Walmart သည် တရုတ်သွင်းကုန်များကို အိန္ဒိယ သွင်းကုန်များ နှင့် အစားထိုး
အမေရိကန် Walmart (WMT.N) ကုမ္ပဏီ သည် တရုတ်မှ သွင်းကုန်များအပေါ် မှီခိုမှု လျှော့ချ၍ အိန္ဒိယ မှ သွင်းကုန်များ ပိုမိုတင....
https://ift.tt/E1nhTWj
🔥1
မုန်တိုင်းငယ်အရှိန်ကြောင့် မိုးနှင့် လေပြင်းသတိပေး
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်အရှိန်ကြောင့် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်...
https://ift.tt/vtRkXHJ
👍3🔥1
ထီးချိုင့်မြို့မှာ တိုက်ပွဲပြန်ဖြစ်၊ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်မျ
MTO (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FHVkvrPao7og&h=AT18Ym4wAxeCbwzKrlwSAxQJn8NIZ-O-9FAXPCta7FR5hV9zBlboMVXM9TgRVKUHKEltR8xUrN89Ak_vmVB7gSnEIFQA45Wvzl2s5GwiQcORLaI9zN4Z6ZZeHVpSjQYu&s=1
👍4🔥1
မုန်တိုင်းငယ်အရှိန်ကြောင့် မိုးနှင့် လေပြင်းသတိပေး
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်အရှိန်ကြောင့် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်...
https://bit.ly/41aAFI0
👍2🔥1
ထီးချိုင့်မြို့မှာ တိုက်ပွဲပြန်ဖြစ်၊ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်မျ
MTO (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FHVkvrPao7og&h=AT0IpLqCbusTOsVtf_uy-JOOgc7xEKKjb1wO1xjaiUnVucpbJu3xKtUD-n8mhW_tjWGPRxY70Mn2YqR3lCVfwz8qozdltvt3nQ4DJ2u1t-Jz_YhUcc-XERWjVfM2pa6p&s=1
👍3🔥1
ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့အတွက် ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်၏ သတင်းစကား
ဒီဇင်ဘာ ၁ ရက်၊ ၂၀၂၃ ခုနှစ် ယနေ့ ဒီဇင်ဘာ ၁ ရက်နေ့သည် ကမ္ဘာ့ ...
https://www.youtube.com/watch?v=PcS1YXV7clc
👍1🔥1
ထီးချိုင့်မြို့မှာ တိုက်ပွဲပြန်ဖြစ်၊ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များပျက်စီး
MTO (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့ပေါ်မှာ ...
https://www.youtube.com/watch?v=HVkvrPao7og
👍4🤬2🔥1
ကျောက်မဲမြို့က အလောင်း ၇၀ ကျော် အပုပ်နံ့ သတင်းမှား
JC (မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်၊​ ကျောက်မဲမြို့နယ်က လျှိုမြောင်တခုမှာ အပုပ်နံ့ရတာကြောင့် အမည်မသိ လူမှုကူညီရေးအသ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FSBZuV_9Ofso&h=AT0WS_KrI8zdIgg7L5wW7YZSP6a7N5tMH9-TA5logWYREabtl6Ovh-q-UFmmOymqBV9uvhaxCWX9B9TN3BabRcBv9TBbV3YAPyGCee9FIaXuMi8H47nHyBrag9OLmoRo&s=1
😁5👍1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁ ဒီဇင်ဘာ၂၀၂၃)
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ယင်းမာပင်မြို့နယ်မှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ...
https://ift.tt/TvVOPhN
👍9🔥1
ကျောက်မဲမြို့က အလောင်း ၇၀ ကျော် အပုပ်နံ့ သတင်းမှား
JC (မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်၊​ ကျောက်မဲမြို့နယ်က လျှိုမြောင်တခုမှာ အပုပ်နံ့ရတာကြောင့် အမည်မသိ လူမှုကူညီရေးအသ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FSBZuV_9Ofso&h=AT145DXwbVOCyvDUHCg-DbESmU9fIcvumBBQ2d5o4XCKfJxicF_9COo1RwCrUrRjpFjLAQz0zjrRu2tQCS-kkpuOG_h90_EWf4MPZzMYM9obskZS8I9YReQjezYtAcen&s=1
👍4😁3👏1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁ ဒီဇင်ဘာ၂၀၂၃)
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ယင်းမာပင်မြို့နယ်မှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ...
https://bit.ly/3R2kSpV
👍3🔥1
ဒီဇင်ဘာလ ၁ ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... ရန်ကုန်မြို့၊ မြောက်ဥက္ကလာ အ.ထ.က (၃)မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FD6DAjEHF5SE&h=AT2TQHvzI7HyGeplb9Jry8NnR2GTzU71govSWjFfYcrS33ipbPUdFnPLdPCxDjSa05q8OGS7w6FCgaOpOTqbWUys85oMH52TyZIhbGV04vhqKYbBF59HhqeEwbGCEPol&s=1
👍1🔥1