Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ရန်ကင်းမြို့မရဲစခန်း တိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးမှုများရှိနိုင်ဟု အနောက်ပိုင်းခရိုင် ပကဖ ပြော
=================

ဂန္ဒမာ

(မဇ္ဈိမ)။  ။ ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ် (၁၁)ရပ်ကွက် ကံဘဲ့လမ်းရှိ ရန်ကင်းမြို့မရဲစခန်းအား ယမန်နေ့ ဒီဇင်ဘာ ၁ ရက် ည ၇ နာရီ ၃၃ မိနစ်က အင်အားပြင်းမိုင်းများဖြင့် တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူက ပြောသည်။ 

“အင်အားပြင်းမိုင်း နှစ်လုံးနဲ့တိုက်ခိုက်ခဲ့တယ်။ အသံက ရန်ကုန်တမြို့လုံးဟိန်းနေတာ။ ပေါက်ကွဲအားပြင်းတဲ့အတွက် ထိခိုက်မှုက များနိုင်တယ်။” ဟူ၍ဖြစ်သည်။

အဆိုပါရဲစခန်းအား အနောက်ပိုင်းခရိုင် ပကဖနှင့် Yangon Army(YA) မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်ဖြင့် ဖော်ပြထားသည်။ 

ရန်ကင်းမြို့မရဲစခန်း တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ဒေသခံတဦးက “အသံက ရန်ကင်းရဲစခန်းနားကလာတာပါ။ နှစ်ခါကြားရပါတယ်၊ ကျယ်ပါတယ်။” ဟု ပြောသည်။

တိုက်ခိုက်မှုခံရပြီး မိနစ် ၂၀ ခန့်အကြာတွင် ရန်ကင်းကလေးဆေးရုံရှေ့၌ စစ်ကောင်စီတပ်သားများရောက်ရှိလာခဲ့ပြီး ရန်ကင်း ပိုက်လုံးကြီး တံတားအကျော်နားတွင်လည်း အိမ်စီးကားများဖြင့် အရပ်ဝတ်များပါ ရှိနေကြောင်း သိရသည်။ 

ထို့နောက် ရန်ကင်းရဲစခန်းရှေ့အား လမ်းပိတ်ဆို့ခဲ့ပြီး မီးအမှောင်ချကာ ည ၉ နာရီဝန်းကျင်ခန့်မှစတင်၍ အနီးပတ်ဝန်းကျင်၌ စစ်ကောင်စီတပ်သားများက ရှာဖွေစစ်ဆေးစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း မြေပြင်ကင်းထောက်များ၏ ပြောပြချက်အရသိရသည်။

ရန်ကင်းမြို့မရဲစခန်းအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက God’s Hand Forces အဖွဲ့မှ အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ဖူးသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#ရန်ကင်းမြို့နယ်
#ရဲစခန်း
#ပကဖ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17😁3❤1
​​ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်
=============

လွှမ်းမိုး

(မဇ္ဈိမ)။    ။ စစ်ကိုင်းတိုင်း ၊ ပုလဲမြို့ အနောက် ဘက် ခြောက်မိုင်ခန့် အကွာရှိ မင်းတိုင်ပင် ကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ ဒီဇင်ဘာလ ၁ ရက် မွန်းတည့် အချိန်တွင် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ် (န.မ.ခ) က Mi-35 ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ကာကွယ်ရေး အဖွဲ့ဝင်တဦးက ပြောသည်။

“ရဟတ်ယာဉ်နဲ့ ရွာကို ခြောက်ပတ် ပတ်ပြီး မိနစ် ၃၀ ခန့်ကြာ လေကြောင်းသုံး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ရွာအနောက်ပိုင်းနဲ့ စစ်ရှောင်အများစု ရှိတဲ့နေရာတွေကို ပစ်ခတ်သွားတာ ဖြစ်ပါတယ်” ဟု ဒေသကာကွယ်ရေး ရဲဘော်တဦးက ဆိုသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတိုင်ပင်ကျေးရွာရှိ နေအိမ်နှစ်လုံး ပျက်စီးခဲ့ပြီး ဒေသခံစစ်ရှောင်များ နေရာပြောင်းရွှေ့ စစ်ရှောင်နေရကြောင်း သိရသည်။

“စစ်ရှောင်တွေ ရှိတဲ့နေရာကို ပစ်တာ နှစ်ကြိမ်ရှိပြီ။ ကန့်ဒေါင့်ဘက်မှာ တိုက်ပွဲ ဖြစ်ပွါးနေတာကို ဘာမှမဆိုင်တဲ့ မင်းတိုင်ပင်လိုနေရာမျိုးကို လာရောက်ပစ်ခတ်သွားတာ ဖြစ်ပါတယ်” ဟု ဒေသကာကွယ်ရေးရဲဘော်တဦးက ဆိုသည်။

ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်စစ်ရေး အခြေအနေ တင်းမာနေပြီး ၊ နေရပ်စွန့်ခွါ စစ်ရှောင်များလည်း စစ်ရှောင်ရက် ကြာမြှင့်နေသည့်အတွက် စားဝတ်နေရေး အခက်အခဲများ ရှိနေကြောင်း ဒေသခံများထံက သိရသည်။

စာတည်း။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#ပုလဲမြို့နယ်
#မင်းတိုင်ပင်ကျေးရွာ
#လေကြောင်းတိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬16❤2👏2😱1
ရန်ကင်းမြို့မရဲစခန်း တိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးမှုများရှိနိုင်ဟု အနောက်ပိုင်းခရိ
ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ် (၁၁)ရပ်ကွက် ကံဘဲ့လမ်းရှိ ရန်ကင်းမြို့မရဲစခန်းအား ယမန်နေ့ ဒီဇင်ဘာ ၁ ရက် ည ၇ နာ.....
https://bit.ly/47B2nA7
👍11😁3
ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်
စစ်ကိုင်းတိုင်း ၊ ပုလဲမြို့ အနောက် ဘက် ခြောက်မိုင်ခန့် အကွာရှိ မင်းတိုင်ပင် ကျေးရွာကို စစ်ကောင်စီတပ်က ယမန်.....
https://bit.ly/417BoK4
❤5👏1🤬1
​​2.12.2023 ( Saturday ) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်

✅Highlight ✅

👉သဘာဝရဲ့လက်ဆောင်   (ညနေ - ၆ နာရီ ၁၅ မိနစ် ) 

👉India Movie - Wake Up Sid (ည- ၈ နာရီ) 

👉Korea Movie -The Roundup (ည- ၁၀ နာရီခွဲ) 

➡️Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။ #mizzimatv
👍11🔥1
လောက်ကိုင်မြို့ကနေ စစ်ရှောင်လာသူတဦးနှင့် ဆက်သွယ်မေးမြန်းချက် (Weekly Interview)
မောင်ခက်နွေ (မဇ္ဈိမ) ယခုတပတ် မဇ္ဈိမရဲ့ Weekly Interview မှာတော့ လောက်ကိုင်မြို့ကနေ စစ်ရှောင်လာသူတဦးကို လက်ကိုင်မြို့မ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FJ3teEppwGjQ&h=AT0XSnfwptqtr5ZCoN1qXbJgyTLP_VM_enwaWkoI2ZFB6ioM3mimCCVEbxowDsVzewU3fgfsZSlsHcpjUaQ0fX2RADLg7AohA5oC_ubyZvg2u-jf3-o9Snt40WIqxEnZ&s=1
👍8🔥1
လောက်ကိုင်မြို့ကနေ စစ်ရှောင်လာသူတဦးနှင့် ဆက်သွယ်မေးမြန်းချက် (Weekly Interview)
မောင်ခက်နွေ (မဇ္ဈိမ) ယခုတပတ် မဇ္ဈိမရဲ့ Weekly Interview မှာတော့ လောက်ကိုင်မြို့ကနေ စစ်ရှောင်လာသူတဦးကို လက်ကိုင်မြို့မ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FJ3teEppwGjQ&h=AT153F86Y510ctbvacrO6iHVMKWNgwz8j3RnBO5oJ-9NfosWzGmbpN9aIF77PBD991GHgqIQhX4xYT0VHJx-YP2AVIpc6OvhwE9GFgnuClRyWG7yC4AH5J0REhxLNC1c&s=1
👍8🔥1
လီဆူပြည်သူ့စစ်အဖွဲ့ထဲဝင်ရန် ဘာသာရေးဆရာများ ခေါ်ဆောင်ခံရ
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင် လီဆူပြည်သူ့စစ်အဖွဲ့ထဲဝင်ရန် စုဆောင်းရာတွင် ဘာသာရေးဆရာများ စုဆောင်းခံရ....
https://ift.tt/8DBWHbc
👍10❤1🔥1😱1
TNLA ခေါင်းဆောင်ပိုင်းတွေ တိုက်ပွဲအတွင်း သေဆုံးသယောင် ဖြန့်ဝေနေတဲ့ သတင်းအမှား
ZZ(မဇ္ဈိမ) ။ ။ တအာင်းအမျိုးသားလွတ်‌‌မြောက်ရေးတပ်ရဲ့ ဗိုလ်မှူးတဦးဖြစ်တဲ့ မိုင်းနိုင်သန်းထွန်းအပါအဝင် TNLA‌ ခေါင...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FmNvVq7ayJH0&h=AT1BthM-mHx6AlWePGGOpDbfpO6tlIYltlK3JO5siBBYXyBK1D-XkTpkM-ynS1C83jTgAXQkkLz9PjZkL4ueVx7bGZDhC-FfyAc4-_KnacU3d-2RfpkhQYTE51JyT0ml&s=1
😁12
လီဆူပြည်သူ့စစ်အဖွဲ့ထဲဝင်ရန် ဘာသာရေးဆရာများ ခေါ်ဆောင်ခံရ
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင် လီဆူပြည်သူ့စစ်အဖွဲ့ထဲဝင်ရန် စုဆောင်းရာတွင် ဘာသာရေးဆရာများ စုဆောင်းခံရ....
https://bit.ly/3QZligK
❤5🔥2👍1
TNLA ခေါင်းဆောင်ပိုင်းတွေ တိုက်ပွဲအတွင်း သေဆုံးသယောင် ဖြန့်ဝေနေတဲ့ သတင်းအမှား
ZZ(မဇ္ဈိမ) ။ ။ တအာင်းအမျိုးသားလွတ်‌‌မြောက်ရေးတပ်ရဲ့ ဗိုလ်မှူးတဦးဖြစ်တဲ့ မိုင်းနိုင်သန်းထွန်းအပါအဝင် TNLA‌ ခေါင...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FmNvVq7ayJH0&h=AT2sOKssr24zGCKMLV8OJXMIpU1YHqGCnHKk4-mGf6vhhh9Lxr6ixxn-1MHOmUTGuqyXrskNvgv025gIH7UwPDQ4zRVhruMgWU6v58LGwQZ2Pp4mSc5oo7e_3uW78gAZ&s=1
😁6👍3
ခင်ဦးရှိ စစ်ကောင်စီ လက်အောက်ခံများ အလင်းဝင်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ နောက်ဆုံးအကြိ
စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ စစ်သား၊ ရဲနှင့်ပျူစောထီးများ အလင်းဝင်ကြရန် ပြည်သ...
https://bit.ly/3R8Fxse
👍6😁3
ဘီးလင်းတွင် KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပ.....
https://bit.ly/47XepUa
🔥5👍4
ခင်ဦးရှိ စစ်ကောင်စီ လက်အောက်ခံများ အလင်းဝင်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ နောက်ဆုံးအကြိ
စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ စစ်သား၊ ရဲနှင့်ပျူစောထီးများ အလင်းဝင်ကြရန် ပြည်သ...
https://ift.tt/VmeAJq3
😁4👍2
ဘီးလင်းတွင် KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပ.....
https://ift.tt/HX1gJV6
👍6😁4
Mizzima Weekly Sports အစီအစဉ်
တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F6IIgBQO-I-0&h=AT1AXgqJHYKPFN6wCjzPQawECSn8_m10t2Rm5ixDmgY2Wgsd1opValqRQ_irLB4-eQ8Rr8xi8syeqUmAoSlDwdJ6kD7fIvURDhkWX46_D5toCVRIeL4tmJ3aBGHbKxQQ&s=1
👍4🔥1
မြန်မာ၌ ပိတ်မိနေသည့် မလေးရှားနိုင်ငံသား ၁၂၁ ဦးအား နေရပ်ပြန်ခေါ်ယူ
မြန်မာနိုင်ငံ မြောက်ပိုင်းတွင် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များကြား တိုက်ပွဲ၌ ပိတ်မိနေခဲ့သော ...
https://ift.tt/xpRhEKS
🔥3👍2😁1