Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဘိုကလေးမြို့နယ်တွင် ကမ်းဝေးငါးဖမ်းစက်လှေတစီးလျှင် ငွေကျပ် ၅၀၀,၀၀၀ ကောက်ခံနေဟုဆို
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် ၊ဧရာကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံများက ကမ်းဝေးငါးဖမ်းစက်လှေပိုင်ရှင်မ.....
https://ift.tt/ZlBKQkt
🤬4👍2😱1
ဖီဂျီအစိုးရက ဆိပ်ကမ်းများ အဆင့်မြှင့်တင်ရန် တရုတ်ကို ဖိတ်ခေါ်
ဖီဂျီ အစိုးရသည် ဆိပ်ကမ်းများနှင့် သင်္ဘောတည်ဆောက်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် တရုတ်ကို မိတ်ဖက်.....
https://ift.tt/LNi9ote
🔥3
မြန်မာ၌ လူကုန်ကူးခံရသူများ ကိုယ်တွင်းအင်္ဂါ ရောင်းစားခံရခြင်းများ ရှိ
မြန်မာနိုင်ငံတွင် ကိုယ့်ဆန္ဒမပါဘဲ ထိန်းသိမ်းခံရသည့် လူကုန်ကူးခံရသူများသည် လိမ်လည်မှု လုပ်ငန်းများ၌ အတင်း...
https://bit.ly/3GqOt7u
🔥4👍1😱1
​​လီဆူပြည်သူ့စစ်အဖွဲ့ထဲဝင်ရန် ဘာသာရေးဆရာများ ခေါ်ဆောင်ခံရ
==================

အဂမ်
မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင် လီဆူပြည်သူ့စစ်အဖွဲ့ထဲဝင်ရန် စုဆောင်းရာတွင် ဘာသာရေးဆရာများ စုဆောင်းခံရကြောင်း သတင်းရင်းမြစ်များထံက သိရသည်။

နိုဝင်ဘာလ နောက်ဆုံးအပတ်တွင် ဝိုင်းမော်မြို့ပေါ် ရပ်ကွက်အားလုံးနီးပါးမှ လီဆူအမျိုးသားလူငယ် အမြောက်အမြား ပြည်သူစစ်အဖွဲ့လုပ်ရန် ခေါ်ဆောင်ခြင်းခံရကြောင်းနှင့် ခေါ်ဆောင်ခံရသူများတွင် ဘာသာရေးဆရာအချို့ပင် ပါဝင်နေသည်ဟု ဝိုင်းမော်ဒေသခံ သတင်းရင်းမြစ်တဦးက ပြောသည်။

“မြို့ပေါ်ရပ်ကွက်အားလုံး ခေါ်ပြီးသလောက်ရှိနေပြီ။ တချို့မြို့ပေါ်ရပ်ကွက်က အသင်းတော် သင်းအုပ်တွေရော ပါတယ်။ အသက် ၄၀ အောက် တအိမ်တယောက် မလုပ်မနေရ လုပ်ခိုင်းတယ်။ ဘာသာရေးဆရာတွေလည်း ကိုယ့်လူမျိုးအတွက် အလုပ်လုပ်ရမယ်၊ ဒီတော့ လုပ်သင့်တယ်ပေါ့။ ဘာသာရေးဆရာဆိုတဲ့အထဲမှာ အသက်ကြီးတဲ့ သင်းအုပ်တို့၊ သင်းထောက်တို့ မဟုတ်တဲ့ ဆရာတွေပေါ့။ ခုတော့ အသင်းတော်မှာ လာညှိသွားပြီ။ ဘယ်သူတွေ ပါသွားလဲတော့ မသိသေးဘူး။ အခြေအနေက ဒီမှာအတော့်ကို ရှုပ်ထွေးနေတာ ” ဟု ၎င်းကပြောသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့က ဝိုင်းမော်မြို့ပေါ်ရပ်ကွက်ဖြစ်သော သာဂရရပ်ကွက်ရှိ လီဆူလူမျိုးအများစု ဆုတောင်းဝတ်ပြုသည့် လီဆူနှစ်ခြင်းအသင်းတော်သို့ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP) ခေါ် ဒူးလေးပါတီ၏ ဥက္ကဌဟောင်းဖြစ်သူ ဦးရွှေမင်းကိုယ်တိုင် လာရောက်ပြီး ပြည်သူ့စစ်ဖွဲ့စည်းရန်အတွက် ဘာသာရေးဆရာများနှင့် လူငယ်များကို ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ယခုလအစောပိုင်းက လီဆူလူမျိုးတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို လက်နက်ကိုင် ကာကွယ်ရန်အတွက် တအိမ်တယောက် မဖြစ်မနေ ပါဝင်စစ်မှုထမ်းရမည်ဖြစ်ပြီး နိုဝင်ဘာလ ၉ ရက်နေ့မှ ၂၂ ရက်နေ့အတွင်း အမည်စာရင်း မပေးသွင်းပါက နေအိမ်အထိ လာရောက်ခေါ်ယူမည်ဖြစ်ကြောင်း လီဆူဘာသာစကားဖြင့် ရေးသားထားသည့် ထုတ်ပြန်ချက်တစောင် ကချင်လူထုအသိုင်းအဝိုင်းကြားထဲ ပျံ့နှံ့လာခဲ့သည်ဟု လီဆူမြို့ခံ သတင်းရင်းမြစ်တဦးက ပြောသည်။
လက်ရှိအချိန်တွင် ယင်းထုတ်ပြန်ချက် ပျံ့နှံ့ပြီးနောက်ပိုင်း ဝိုင်းမော်မြို့အတွင်းရှိ လီဆူလူငယ်များသည် နေအိမ်များမှ အခြားနေရာဒေသများသို့ ရွေ့ပြောင်း နေထိုင်ကြသူများပင် ရှိနေသည်ဟု ၎င်းကဆက်ပြောသည်။

"ဒီမှာ အခြေအနေက တအားရှုပ်နေတယ်လို့ပြောလို့ရတယ်။ အိမ်မှာ ဘယ်သူရှိလဲ ရှိတဲ့သူခေါ်သွားတယ်။ အမေရှိလား ရှိရင်ခေါ်သွားတယ် နောက်မှ အဖေနဲ့ဖြစ်ဖြစ် သားနဲ့ဖြစ်ဖြစ် လူပြန်ချိန်းရတယ်။ တချို့က ငွေနဲ့ ပြန်ရွေးရတယ်လို့လည်း ပြောကြတယ်။ အခွန်အနေနဲ့ တော်တော်ပေးရတယ်တဲ့ " ဟု ၎င်းကဆိုသည်။

နိုဝင်ဘာလ ၂၂ ရက်နောက်ပိုင်းမှစ၍ ဒူးလေးပါတီဥက္ကဌဟောင်း ဦးရွှေမင်းကိုယ်တိုင် ကွင်းဆင်းကာ ပြည်သူ့ စစ်တပ်ဖွဲ့နှင့်အတူ ဝိုင်းမော်မြို့နယ်အတွင်းရှိ လီဆူအများစု နေထိုင်ကြသော ဝူယန်ကျေးရွာ၊ အောင်မြေ (၁)၊ (၂) ကျေးရွာ နှင့် ခတ်ချိုကျေးရွာများရှိ လီဆူလူငယ်အမျိုးသားအချို့ကို ခေါ်ဆောင်သွားကြောင်း မြို့ခံသတင်းရင်းမြစ်များက မဇ္ဈိမ၏ မြေပြင်သတင်းအဖွဲ့ကို ပြောသည်။
ထိုသို့ ပြည်သူ့စစ်လုပ်ရန် လူသစ်စုဆောင်ခြင်းကို ဝိုင်း မော်မြို့တွင် စတင်ပြီး ထိုမှတဆင့် မြစ်ကြီးနား၊ ပူတာအို၊ ချီဖွေ၊ ဆော့လော်၊ ခေါင်လန်ဖူး စသဖြင့် လီဆူလူမျိုးများ နေထိုင်သည့် ဒေသများတွင် ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြည်သူ့စစ်ခေါ်ယူသည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးရွှေမင်း၏ ပြည်သူ့စစ်မှာ စစ်ကောင်စီတပ်၏ လက်အောက်ခံ အဖွဲ့ဖြစ်ပြီး လက်ရှိ ဝိုင်းမော်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် ကေအိုင်အေဌာနချုပ် လိုင်ဇာဘက်သို့ စစ်ကြောင်းထိုးသည့် နန်ဆန်ယန်လမ်းကြောင်း (ဝိုင်းမော်မြို့) ဘက်မှ စစ်ကောင်စီတပ်ကို အားဖြည့်ပေးနေသော လက်နက်ကိုင်အဖွဲ့လည်း ဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#မြန်မာသတင်း
#ကချင်ပြည်နယ်
#ဝိုင်းမော်မြို့
#လီဆူပြည်သူ့စစ်

ပုံအညွှန်း-ဦးရွှေမင်းဆိုသူအား ဆုတောင်းပွဲတခုတွင်တွေ့ရစဉ်။
ပုံအညွှန်း_ဓာတ်ပုံ- ပြည်သူ့စစ်ဖွဲ့စည်းရန် တိုက်တွန်းစည်းရုံးနေသူ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP) ခေါ် ဒူးလေးပါတီ၏ ဥက္ကဌဟောင်းဖြစ်သူ ဦးရွှေမင်း

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤5😱4😁2🤬2👍1
​​ဘီးလင်းတွင် KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်
=====================

YT
(မဇ္ဈိမ) ။ ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်တွင် ထိခိုက်၊ သေဆုံးသူများရှိကြောင်း ပူးပေါင်းတပ်ဖွဲ့ ဝင်များထံမှ သိရသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန်မှစ၍ ဒေါက်ရပ်ကျေးရွာ အနီးသို့ စစ်ကြောင်းထိုးလာသော အင်အား ၆၀ ဝန်းကျင်ပါသည့် စစ်ကောင်စီတပ် စစ်ကြောင်းနှင့် တပ်မဟာ (၁) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂)၊ တောကျီးကန်းစစ်ကြောင်း၊ တပင်ရွှေထီးစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့အကြား မိနစ် ၂၀ ခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

"ရန်သူနဲ့ ကိုယ်တွေနဲ့ ကိုက် ၅၀ ပဲကွာတယ်၊ ဖြစ်တဲ့နေရာက ဒေါက်ရပ်ရွာနဲ့ နီးတယ်၊ ကားလမ်းဘေးပဲ၊ ကိုယ့်ဘက်က အသာစီးရသွားတော့ သူတို့ အထိနာကုန်တာ၊ သူတို့ ထိသွားတော့ အမတ (၃၁၄) ကနေ လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်တာပါ၊ ကိုယ့်ဘက်က အဲ့မှာ မရှိတော့ အထိအခိုက် မရှိဘူး" ဟု တောကျီးကန်းစစ်ကြောင်းမှ တပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်တွင် ၁၀ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်တွင် အထိအခိုက် မရှိခဲ့ကြောင်း တောကျီးကန်းစစ်ကြောင်းမှ တပ်ဖွဲ့ဝင်က ဆက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် မရသေးပေ။
ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း ဇီးဝန်းအခြေစိုက် စစ်ကောင်စီအမြှောက်တပ် အမတ (၃၁၄) မှ လက်နက်ကြီး ပစ်ကူပေးခဲ့ကြောင်းလည်း သိရသည်။

"အခုကတော့ ဒီစကစစစ်ကြောင်းက ပြန်ဆုတ်သွားပြီ၊ ဘယ်မှာ ရှိနေလည်း မသိပေမယ့် ရွာထဲကနေတော့ ပြန်ဆုတ်သွားပြီ" ဟု ပူးပေါင်းတပ်ဖွဲ့ဝင်တဦးက ပြောသည်။

စစ်ကောင်စီတပ်က ဒေါက်ရပ်ကျေးရွာအနီး ရန်ကုန်- မော်လမြိုင် ကားလမ်းမကြီးကို ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်သဖြင့် ၁ နာရီခန့်ကြာ ယာဉ်ပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့၊ ညပိုင်းကလည်း သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၉) ကို ဒေသတွင်းအခြေစိုက် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တဖွဲ့က ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ပုံညွှန်း - KNLA စစ်သားတဦးကို တွေ့ရစဉ်
စာတည်း။ ။ နောင်နောင်

#မွန်ပြည်နယ်
#ဘီးလင်း
#KNLA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤11👍10🔥1
​​ခင်ဦးရှိ စစ်ကောင်စီ လက်အောက်ခံများ အလင်းဝင်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ နောက်ဆုံးအကြိမ်သတိပေး
=================

008
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ စစ်သား၊ ရဲနှင့်ပျူစောထီးများ အလင်းဝင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒီဇင်ဘာ ၂ရက်နေ့တွင် နောက်ဆုံး သတိပေး နိုးဆော်ထား​သည်ဟု Khin U Specialforce Organization (KSO) တာဝန်ခံ ဗိုလ်လင်းရောင်က မဇ္ဈိမကိုပြောသည်။

"ခင်ဦးမြို့နယ် အတွင်းမှာရှိတဲ့ စကစ လက်အောက်ခံ ပျူ၊စစ်သား၊ရဲတွေအနေနဲ့ အထိုင်ချနေရာတွေမှာ အသေမခံဘဲ ပြည်သူလူထုထံ အညံ့ခံအလင်းဝင်ဖို့ နောက်ဆုံး သတိပေးပါတယ်"ဟု KSOတာဝန်ခံ ဗိုလ်လင်းရောင်ကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း စစ်‌ေကာင်စီ တပ်သားတဦး လက်နက်ဖြင့် အလင်းဝင်ခဲ့သောကြောင့် ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့သည်။
အာဏာသိမ်းစဥ်မှစ၍ ယနေ့အချိန်ထိ ခင်ဦးမြို့နယ်တွင် CDM ပြုလုပ်ထားသူ စစ်သား၊ရဲနှင့် မီးသတ် ၂၀ဦး ရှိနေကြောင်း သိရသည်။

ခင်ဦးမြို့သိမ်းတိုက်ပွဲဆင်နွှဲရန် ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင် ထောက်ပို့ပေးကြရန်လည်း လိုအပ်လျက်ရှိကြောင်း ဗိုလ်လင်းရောင်ကဆိုသည်။

ခင်ဦးမြို့နယ်အတွင်း ပူးပေါင်း စစ်ရေးဖော်ဆောင်နေသည့် KSO(KURDAF)၊မြို့နယ်ပကဖအဖွဲ့၊Wolf Guerrilla( Local PDF YE .U) ၊ARF (KURDAF)နှင့်FireDragon(KU)အဖွဲ့တို့သည် ဒီဇင်ဘာ ၁ရက်၊ညနေ ၅နာရီခန့်ကလည်း ခင်ဦးမြို့နယ် အနောက်​ မြောက်ခြမ်းရှိ စစ်ကောင်စီအထိုင်စခန်း၊ပျဥ်‌ေထာင်ကျေးရွာ ပျုစောထီး ခေါင်းဆောင်နေအိမ်တို့ကိုလည်း ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ခင်ဦးမြို့နယ်
#အလင်းဝင်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
https://bit.ly/2VhJ12U
👍16😁3
​​မြန်မာဒုက္ခသည်များအား ပြန်ပို့ခြင်းအတွက် ထိုင်းကို HRW ပြစ်တင် 
=====================

“ထိုင်းအာဏာပိုင်တွေအနေနဲ့ မကြာသေးခင်က မြန်မာဒုက္ခသည်တွေကို ပြန်ပို့တာ ရပ်သင့်ပြီး ထိုင်းနိုင်ငံမှာ အကာအကွယ် ရှာဖွေတာကို ခွင့်ပြုပေးသင့်တယ်”ဟု HRW ၏ အာရှရေးရာ ညွှန်ကြားရေးမှူး အယ်လ်လိန်း ပီရာဆန်က ပြောသည်။ “ပြန်ပို့ခံရတဲ့ ဒုက္ခသည်အများစုဟာ ရက်ပိုင်းမှာပဲ ထိုင်းနိုင်ငံဆီ ပြန်လာကြတာက မြန်မာနိုင်ငံမှာ သူတို့ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ပူပန်နေရတယ်ဆိုတာကို ပြသနေတာပဲ”ဟု ၎င်းက ဆိုသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤7👍2🔥2😁2🥰1
​​ဘိုကလေးမြို့နယ်တွင် ကမ်းဝေးငါးဖမ်းစက်လှေတစီးလျှင် ငွေကျပ် ၅၀၀,၀၀၀ ကောက်ခံနေဟုဆို
======================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် ၊ဧရာကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံများက ကမ်းဝေးငါးဖမ်းစက်လှေပိုင်ရှင်များထံမှ စက်လှေတစီးလျှင် ငွေကျပ် ၅၀၀,၀၀၀ ကောက်ခံနေသည်ဟု ဒေသခံထံက သိရသည်။

“ကမ်းဝေးငါးဖမ်းစက်လှေတွေကို တောင်းတာပါ။ ကမ်းနီးငါးဖမ်းလှေတွေကတော့ တောင်းချင်သလိုတောင်းနေကြတာပါ”ဟု ဒေသခံကပြောသည်။

ထိုသို့ ငွေကြေးတောင်းယူမှုများကို သုံးလလျှင်တကြိမ် ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုက်လံကောက်ယူမှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ကောက်ယူရှိသည့်ငွေများအား အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များက ခွဲဝေယူကြကြောင်း သတင်းထွက်နေသည်ဟု ဆိုသည်။
“ဒီနှစ် နိုဝင်ဘာလမှာ လက်ရှိစစ်ကောင်စီရဲ့ တိုင်းဝန်ကြီးချုပ်ကို စာတင်ပြီး တိုင်ဖူးပါတယ်။ အခုထိဘာမှ အရေးယူတာမျိုးမရှိပါဘူး"ဟု ဒေသခံတဦးကပြောသည်။

အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှစ၍ ယခုကဲ့သို့ ငွေကောက်ခံမှုများကို ပြုလုပ်လာခြင်းဖြစ်ပြီး ငါးဖမ်းစက်လှေပိုင်ရှင်းများမှာ စက်သုံးဆီစျေးနှုန်းများ စျေးတက်နေခြင်းနှင့် ရင်ဆိုင်နေရသည့်အပြင် ငွေကောက်ခံမှုပါ ထပ်ဆင့်ကြုံတွေ့ရသည့်အခြေအနေရှိနေသည်ဟု ရေလုပ်သားတဦးက ပြောသည်။

“တရားဝင်လိုင်စင်ရှိတဲ့ ရေလုပ်သားတွေကတော့ တောင်းတာကို ပေးလိုက်ရင်ပြီးတယ်။ လိုင်စင်မရှိတဲ့ ငါးဖမ်းလှေတွေကတော့ အဖွဲ့စုံရစ်ပြီး ငွေတောင်းတာကိုလည်း ခံရတာ”ဟု ၎င်းကပြောသည်။
ယင်းအပြင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ် ရေးမှူးက ကုန်ရောင်း၊ ကုန်ဝယ်ပြုလုပ်နေသူများထံမှ ငွေကြေးတောင်းယူခြင်းနှင့် ဒေသခံများအပေါ် အမည်အမျိုးမျိုးတပ်၍ ငွေကောက်ခံ တောင်းယူခြင်းများကို ပြုလုပ်နေသည်ဟု ဒေသခံကဆက်ပြောသည်။

အဆိုပါကျေးရွာရှိ အုပ်ချုပ်ရေးမှူးဆိုသူမှာ ငွေကောက်ယူ၍မရသည့် ငါးဖမ်းစက်လှေပိုင်ရှင်တချို့အား ခြိမ်းခြောက်ပြောဆိုခြင်းများ ပြုလုပ်သည်ဟုလည်း ဒေသခံကပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ဧရာဝတီတိုင်း
#ဘိုကလေးမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬7❤2👍1😱1
​​ဖီဂျီအစိုးရက ဆိပ်ကမ်းများ အဆင့်မြှင့်တင်ရန် တရုတ်ကို ဖိတ်ခေါ်
=====================

Pacific nations
မဇ္ဈိမ။ ။ ဖီဂျီ အစိုးရသည် ဆိပ်ကမ်းများနှင့် သင်္ဘောတည်ဆောက်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် တရုတ်ကို မိတ်ဖက်အဖြစ် ဖိတ်ခေါ်ခြင်းသည် တရုတ် ၏ ခါးပတ်လမ်းစီမံကိန်း နှင့် သက်ဆိုင်သော လုံခြုံရေး ပြဿနာ နှင့် ပစိဖိတ်နိုင်ငံငယ်များအကြား ကြွေးမြီကိစ္စ အပေါ် ကျွမ်းကျင်သူများက စိုးရိမ် ကြသည်။

ပစိဖိတ်သမုဒ္ဒရာတခွင် လွှမ်းမိုးရန် ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းနှင့် အတူ စီးပွားရေး အင်အား အမေရိကန် ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံသာ ရှိပြီး လူဦးရေ တသန်းအောက် နေထိုင်သော ဖီဂျီသည် ဩစတြေးလျနှင့် ဟာဝိုင်အီကြားရှိ ရေပိုင်နက်တွင် ရေနက်ဆိပ်ကမ်း တည်ဆောက်ရန် တရုတ်ကို ဆွဲဆောင်လျက်ရှိသည်။

ဖီဂျီဝန်ကြီးချုပ် စီတီဗန်နီ ရာဘုကာ သည် ဆိပ်ကမ်းအဆောက်အအုံများနှင့် သင်္ဘောကျင်းများကို ခေတ်မီစေရန် တရုတ်နှင့် အလားအလာရှိသော ပူးပေါင်းဆောင်ရွက်မှုကို ပြီးခဲ့သော သီတင်းပတ်တွင် ကြေညာခဲ့ပြီး တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအမြင်နှင့် ခါးပတ်လမ်းစီမံကိန်း သည် “ကျွန်တော်တို့ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်နှင့် ကိုက်ညီသည်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

ယခုနှစ် အစောပိုင်းတွင် ဖီဂျီသည် တရုတ်နှင့် ရဲလေ့ကျင့်ရေး သဘောတူညီချက်ကို ဆိုင်းငံ့ထားခဲ့ရာမှ ဆန်ဖရန်စစ္စကို တွင် ကျင်းပသော APEC ထိပ်သီးအစည်းအဝေးတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့် တွေ့ဆုံပြီးနောက် ထုတ်ပြန်ခဲ့သော အဆိုပါ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် သည် သြစတြေးလျ၊ နယူးဇီလန်၊ အမေရိကန်တို့ နှင့် ရေရှည်လုံခြုံရေးဆိုင်ရာ ဆက်ဆံမှုများ ကို မထင်မှတ်ဘဲ ဖြတ်ကျော်သွားသည်။

"ပစိဖိတ်ဒေသဆိုင်ရာ ခေါင်းဆောင်တွေလိုပါဘဲ။ ရာဘုကာ ရဲ့ အမြင်က ယခုအချိန်မှာ ပထဝီဝင် အနေအထား ကို မဟာဗျူဟာ ကျကျ စီးပွားဖြစ် ဆက်ဆံရန် အလေးပေးခြင်းက အသက်မွေးဝမ်းကျောင်းမှု ကို မြှင့်တင်ဖို့ အခွင့်အရေးဖြစ်တယ်" ဟု ဟာဝိုင်အီ တက္ကသိုလ်ရှိ ပစိဖိတ်ကျွန်းများ လေ့လာရေး စင်တာမှ တွဲဖက်လုပ်ကိုင်သူ ဟန်းရက် ရှက်ဇီဝစကီ က ပြောကြားသည်။ “သူသာ ဒီပန်းတိုင်ကို အရောက်လှမ်းနိုင်ခဲ့ရင် ဒါဟာ အာဏာနိုင်ငံရေးကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ တခြား နိုင်ငံတွေ အတွက် စိတ်ဝင်စားစရာကောင်းတဲ့ ပုံစံတခုကို ပေးစွမ်းနိုင်မှာပါ” ဟု သူက ပြောသည်။

ရာဘုကာ ၏ တရုတ် နှင့် ဆက်ဆံရေး အပေါ် အနောက်နိုင်ငံများက ထင်ကြေးပေးနေကြသော်လည်း လေ့လာသူများ က လက်တွေ့ကျကျ လုပ်ဆောင်နေခြင်းဖြစ်သည် ဟု ဆိုသည်။

“နောက်ဆုံးတော့ သူက ဖီဂျီ အတွက်ပဲ စဉ်းစား ပြီး လုပ်ဆောင်တာဖြစ်တယ်” ဟု Australia National University မှ နိုင်ငံရေးဆိုင်ရာ လက်ထောက်ပါမောက္ခ ဂရေးမီ စမစ်သ် က ပြောကြားပြီး ရာဘုကာ သည် သင်္ဘောတည်ဆောက်ရေး အစီအစဉ် အကူအညီ အတွက် “ဩစတေးလျသို့” ရောက်ရှိနေကြောင်း ထည့်သွင်းပြောကြားသည်။

တရုတ်ကို အကြွေးဆပ်ရန်ရှိသော တွန်ဂါနှင့် ဗာနူအာတူ နိုင်ငံများ၏ ဆိပ်ကမ်းများ သည် ရာသီဥတုပြောင်းလဲမှုကြောင့် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံရပြီး ပျက်စီးခဲ့ခြင်းများကလည်း ဖီဂျီသည် တရုတ်အတွက် ဆိပ်ကမ်း စီမီကိန်းတွင် ဆွဲဆောင်မှုဖြစ်စေနိုင်သည်။

ဖီဂျီ၏ လောက်တိုကာ ဆိပ်ကမ်းသည် အဓိကကျသော ဘလိုက်ဝါးတား အနီး ဗီတီလဗ် ကျွန်း၏ အနောက်ဘက် ကမ်းရိုးတန်းတွင်ရှိသည်။

" စီမံကိန်း တည်နေရာက ပစိဖိတ် ပင်လယ်ရေလမ်းကြောင်းများ အတွက် ဗျူဟာမြောက် အရေးကြီးပြီး အထူးသဖြင့် ဖီဂျီကို ကမ္ဘာ့စီးပွားရေးနှင့် ချိတ်ဆက်ရန်ဖြစ်တယ်" ဟု ပစိဖိတ်ကျွန်းစုများ အစီအစဉ်နှင့် သြစတြေးလျ Lowy Institute မှ Aus-PNG Network ၏ စီမံကိန်း ဒါရိုက်တာ မီဟိုင်းဆိုရာ က ပြောကြားသည်။

ပုံအညွှန်း- ဖီဂျီနိုင်ငံရှိ ဆိပ်ကမ်းတခု
ဓာတ်ပုံ-Fiji Port Terminal Ltd website

#Mizzima
#နိုင်ငံတကာ
#ဘာသာပြန်
#ဖီဂျီနိုင်ငံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
​​မြန်မာ၌ လူကုန်ကူးခံရသူများ ကိုယ်တွင်းအင်္ဂါ ရောင်းစားခံရခြင်းများ ရှိ
========================

မြန်မာနိုင်ငံတွင် ကိုယ့်ဆန္ဒမပါဘဲ ထိန်းသိမ်းခံရသည့် လူကုန်ကူးခံရသူများသည် လိမ်လည်မှု လုပ်ငန်းများ၌ အတင်းအကျပ် စေခိုင်ခြင်း ခံရပြီး သတ်မှတ်ဝေစုပြည့်အောင် မရှာပေးနိုင်ပါက ကိုယ်တွင်းအင်္ဂါများ အတင်းအကျပ် ရောင်းစေခြင်း ခံကြရကြောင်း ဗီယက်နမ်ရှိ လူသားချင်း စာနာထောက်ထားရေးအဖွဲ့တရပ်က ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥4🤬2
မြန်မာ၌ လူကုန်ကူးခံရသူများ ကိုယ်တွင်းအင်္ဂါ ရောင်းစားခံရခြင်းများ ရှိ
မြန်မာနိုင်ငံတွင် ကိုယ့်ဆန္ဒမပါဘဲ ထိန်းသိမ်းခံရသည့် လူကုန်ကူးခံရသူများသည် လိမ်လည်မှု လုပ်ငန်းများ၌ အတင်း...
https://ift.tt/iZVyaCr
🔥5😱1
တိုက်ပွဲပြင်းထန်နေသော မတူပီမြို့တွင် ရဲတပ်ကြပ် ၁ ဦး လက်နက်ချ ပူးပေါင်း
❤14😁2👍1
တိုက်ပွဲပြင်းထန်နေသော မတူပီမြို့တွင် ရဲတပ်ကြပ် ၁ ဦး လက်နက်ချ ပူးပေါင်း
===================

ကိုခင်မောင်
(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေချိန် မြို့မ ရဲစခန်းမှ ရဲတပ်ကြပ်တဦးသည် ၎င်း၏ မိသားစုဝင်များကို ခေါ်ဆောင်ပြီးချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ( CDF- Matupi) ထံံ လာရောက်ပူးပေါင်းခဲ့သည်။

လက်နက်နှင့် အတူ အလင်းဝင်လာသော ထိုရဲတပ်ကြပ်နှင့် ၎င်း၏ မိသားစုများအား ငွေကြပ် သိန်း၅၀ ချီးမြင့်ခဲ့သည်ဟု ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ( CDF- Matupi) တာဝန်ရှိသူက ဒီဇင်ဘာလ ၂ ရက်နေ့တွင် မဇ္ဈိမကို ပြောသည်။

“နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ကျွန်တော်တို့ဆီကို ဆက်သွယ်အလင်းဝင်လာတာပါ၊ သူတို့မိသားစုကတော့ လူခြုံနေပါပြီ၊”ဟု ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

မတူပီမြို့မရဲစခန်းမှ ပြည််သူနှင့်အတူ ပူးပေါင်းလာသော ရဲတပ်ကြပ်သည် G-3 သေနတ်တလက်၊ ကျည်ဘောက်နှစ်ခု၊ ကျည်ဆံ ၁၀၄ တောင့်ကိုယူဆောင်လာပြီး မိသားစုပါ ခေါ်ဆောင်လာကာ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီထံ နိုဝင်ဘာလ ၃၀ ရက်တွင် လာရောက်ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပြည်သူနှင့်အတူ ပူးပေါင်းလာသော ရဲတပ်ကြပ် မိသားစုကို ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ -မတူပီမှ ဆုငွေ ကျပ်သိန်း ၅၀ အား ချီးမြင့်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် မတူပီမြို့နယ်ရှိ စစ်ကောင်စီတပ်များနှင့် ရဲသားများအနေဖြင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီနှင့် အမြန်ဆုံးပူးပေါင်းပေးပါရန် နောက်ဆုံးအကြိမ် ဖိတ်ခေါ်တိုက်တွန်းထားသည်။
၂၀၂၃ ခုနှစ်အတွင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီထံသို့ ပူးပေါင်းလာသည့် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင် ၁၀ဦးရှိပြီဖြစ်ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူထံက သိရသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီ ခန့်တွင် မတူပီ-မင်းတပ်လမ်းက စစ်တပ် ကာကင်းကုန်စခန်းအား ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ - မတူပီမှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတဦး အပါအဝင် ခုနစ်ဦးကျဆုံးပြီး လက်နက်များလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ပုံအညွှန်း ။ ။ မတူပီမြို့မရဲစခန်းမှ အလင်းဝင်လာသူ ရဲတပ်ကြပ် မိသားစုနဲ့ သူယူဆောင်လာသော လက်နက်များ
ပုံ။ ။ CDF- Matupi
စာတည်း။ ။ နောင်နောင်

#မတူပီ
#လက်နက်ချ
#CDM
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤16👍8😁3
​​မတူပီမြို့အဝင်ဂိတ်ကို CDF တိုက်ခိုက်၍ ၇ ဦးသေပြီး သေနတ် ၃ လက်ရရှိ
=====================

ကိုခင်မောင်
(မဇ္စျိမ)။ ။ ချင်းပြည်နယ်၊ မတူပီမြို့အဝင်ရှိ စစ်ကောင်စီတပ် ကာကင်းစခန်းအား CDF မတူပီက ဒီဇင်ဘာလ ၁ ရက်နေ့တွင် စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ခုနစ်ဦးသေဆုံးပြီး သေနတ်သုံးလက် သိမ်းဆည်းရရှိခဲ့သည်ဟု ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ - မတူပီတာဝန်ရှိသူ မဇ္ဈိမကို အတည်ပြုသည်။

အင်အား ၂၀ ခန့် တပ်စွဲနေရာယူထားသော မြို့ဝင်ဂိတ်ကို CDF မတူပီက ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီတွင် တိုက်ခိုက်ခဲ့ခြင်းပြီး ကာကင်းစခန်းကို သိမ်းယူခြင်နိုင်ခြင်းတော့ မရှိခဲ့ကြောင်း ၎င်းက ပြောသည်။

“မတူပီမြို့အဝင် ဂိတ်ပါ၊ အဲ့ဂိတ်မှာ စစ်ကောင်စီတပ်အင်အားက ၂၀ လောက်ရှိပါတယ်၊ အဲ ကာကင်းစခန်းကို သိမ်းယူနိုင်တာတော့မရှိဘူး၊ စစ်ကောင်စီတပ်ဘက်က ခုဦးသေဆုံးတာကို မျက်မြင်တွေ့ ရှိသလို တပ်တွင်းသတင်းကိုလည်း ပြန်လည်အတည်ပြုရတာပါ” ဟု ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ - မတူပီမှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သော MA-3 သေနတ်နှစ်လက်၊ MA-5 ပစ္စတိုတလက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း CDF - မတူပီက ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဘက်မှု ၎င်းတို့၏ တပ်စခန်းတိုက်ခိုက်ခံရမှုနှင့် တပ်ဖွဲ့ဝင်များ သေဆုံးမှုရှိကြောင်း CDF ၏ ထုတ်ပြန်ချက်အပေါ် တစုံတရာ တုံ့ပြန်ခြင်း၊ ထုတ်ပြန်လာခြင်းမျိုး မရှိသေးပေ။
ထိုတိုက်ပွဲအတွင်း မတူပီမြို့ပေါ်ရှိ စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း ခလရ (၂၇၄) တပ်မှ လက်နက်ကြီးများဖြင့် တိုက်ပွဲနေရာဘက်သို့ ပစ်ကူပေးခဲ့ကြောင်း သိရသည်။
မတူပီမြို့နယ်ရှိ စစ်ကောင်စီတပ်များနှင့် ရဲသားများအနေဖြင့် ပြည်သူနှင့်အတူ အမြန်ဆုံး ပူးပေါင်းကြရန် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီက တိုက်တွန်းထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်ကလည်း မတူပီ-ဟားခါးလမ်းပေါ်သို့ အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များအား ချင်းလဲန်းကာကွယ် ရေးတပ်ဖွဲ့-မတူပီမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးသေဆုံးပြီး တဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ပုံအညွှန်း ။ ။ မတူပီမြို့အဝင်ရှိ စစ်ကောင်စီတပ်၏ ကာကင်းစခန်းတိုက်ခိုက်မှုတွင် သိမ်းဆည်းရရှိထားသော လက်နက်များနှင့် CDF- Matupi တပ်ဖွဲ့ဝင်များ၊ Photo- (CDF- Matupi)
စာတည်း။ ။ နောင်နောင်

#မတူပီ
#မြို့အဝင်ဂိတ်
#CDF
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23❤4😁3👏2
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၂ ဒီဇင်ဘာ၂၀၂၃)
===============

အမျိုးသားညီညွတ်ရေးအစိုးရ

ကရင်နီပြည်နယ် တိုက်ပွဲများအတွင်း ကရင်နီပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ) ၏ ဦးဆောင်မှုနှင့် အတူ ဝေဟင် ဒရုန်းစစ်ဆင်ရေးအဖြစ် စတင်တိုက်ပွဲဝင် နေပြီဖြစ် ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့မှ ဒီဇင်ဘာ ၁ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါ တယ်။

Non-CDM ဝန်ထမ်းများအလင်းဝင်ရောက်ကြရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁ ရက်စွဲဖြင့် အမိန့်စာ ထုတ်ပြန် လိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းမှာရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး ကို ဒီဇင်ဘာ ၁ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။

ပဲခူးတိုင်း၊ တောင်ငူခရိုင် ၊ ဖြူးမြို့နယ်မှာ နိုဝင်ဘာ ၃၀ ရက်နေ့က တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွား ခဲ့ပြီး ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု များခဲ့ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၂) စစ်ဒေသခွဲ၏ သတင်းပြန်ကြား ရေးတာဝန်ရှိသူ စောဒိုရှင်းထံကသိရသည်။
👍17🔥1😁1
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FO76pvZiN-Lk&h=AT1HbM038htReJ8AxwgaBtwuKVWzGb8qgKXwT4oV4heryajgjWoBvESADaNjkvh-hXOtijzH7ll8RuexIYvatV7fgwj4LHKeF8HOdvjEr6mZdKvll-jPWnpyvKzpMSNC&s=1
👍5🤮1
- YouTube
Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FO76pvZiN-Lk&h=AT1FDlOXjQIQTPcBUZGBx2Jc8drWFmicc7rz-QtlEgCl1knh1LpHl6PsrZOBN-r5bppLpSaeG_Srmr8L8T_ZlBgNcsdUI3FvhzQod6Sh-NgIThocKfnKY8G4IAiMQcp5&s=1
👍9🤮1