Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မုံရွာမြို့နယ်တွင် ပျူစောထီးများကို လက်နက်ကြီးများဖြင့်တိုက်ခိုက်

ပါခွီး

(မဇ္စျိမ) ။    ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ တောပုရွာမှ ပျူစောထီးအဖွဲ့ဝင်များ ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးများဖြင့်တိုက်ခိုက်ခဲ့ကြောင်း Area 71 PDF (Monywa) က ဒီဇင်ဘာလ ၅ရက် ယနေ့တွင်ထုတ်ပြန်သည်။

တောပုရွာမှ ပျူစောထီးများသည် ၎င်းရွာအနီးတွင် ကင်းပုန်းဝပ်နေကြစဥ် ဒီဇင်ဘာလ ၄ရက်ည ၇နာရီ ၃၀မိနစ် ခန့်တွင် နေရာသုံးနေရာမှ တာဝေးပစ် လက်လုပ် ၈၀မမ ငါးလုံး ၊ ၆၀မမ ၁၀လုံးတို့ဖြင့် တနာရီကြာပစ်ခတ်ခဲ့ ကြခြင်းဖြစ်သည်။

“ညပိုင်းအချိန်ဖြစ်တာရယ် ကျနော်တို့ပစ်တဲ့လက်လုပ်လက်နက်ကြီးတွေက အဝေး ကပစ်တာဆိုတော့ ထိခိုက်မှုရှိမရှိမသိရဘူးဗျ။ ဒါပေမဲ့ သူတို့ဖက်က ၆၀မမတွေနဲ့ ပြန်ပစ်တော့ သူတို့နေရာမှကျပြီးပေါက်တယ်ဆိုတာသိရတယ်” ဟု Area 71 PDF တာဝန်ရှိသူက မဇ္စျိမ ကိုပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျူစောထီးများ သေဆုံးဒဏ်ရာရရှိမှုကို မသိရှိရကြောင်းနှင့် ၎င်းတို့ဘက်မှ ၆၀မမများဖြင့်ပြန်လည်ပစ်ခတ်ရာ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိကြောင်းသိရသည်။

၎င်းရွာမှ ပျူစောထီးများသည် အနီးနား ကျေးရွာများကို ဝင်ရောက်မွှေနှောက်ပြီး ရွှေ‌၊‌ေငွ နဲ့ ရိက္ခာများကို ယူဆောင်ကာ အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်လေ့ရှိသဖြင့် ယခုကဲ့သို့ တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ဆက်ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို Area 71 PDF Monywa အဖွဲ့ ၊ မုံရွာခရိုင်အမှတ်(၂၇) တပ်ရင်း တပ်ခွဲ(၁) Black Dragon ၊ မုံရွာခရိုင်အမှတ် (၂၇)တပ်ရင်း တပ်ခွဲ(၃) သိန်းငှက်တပ်ခွဲ ၊ Black Hero Local PDF နှင့် Youth Vigor Revlution Force ညီနောင်မဟာမိတ် များက ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဒီဇင်ဘာလ ၂ရက်နေ့က တောပုကျေးရွာမှ ပျူစောထီးများနှင့် စွမ်းရည်ထက်ဆီဆိုင် တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်သား ဦးရေ၃၀ခန့်ပူးပေါင်း၍ ကြာပိုင်ကျေးရွာနေ ပြည်သူ ၁၀ဦးကို အရှင်လတ်လတ် မီးရှို့သတ်ခဲ့ပြီး လူနေအိမ် အလုံး ၂၀၀ခန့်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ပျူစောထီး
# မုံရွာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁2❤1
​​တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင် မိသားစုနှင့်ထောင်ဝင်စာ တွေ့ခွင့်မပြု

ကိုရွှေမြိတ်

မဇ္ဈိမ။  ။ စစ်ကောင်စီက ဖမ်းဆီးပြီး ထောင်ဒဏ် ၁၂ နှစ် အမိန့်ချခံ ထားရသည့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင်ကို မိသားစုနှင့် ထောင်ဝင်စာတွေ့ဆုံခွင့် မပြုခဲ့ကြောင်း ထားဝယ် နိုင်ငံရေး အကျဉ်းသားဟောင်းများထံမှ သိရသည်။

တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင်အား ထောင်ဝင်စာ တွေ့ဆုံခွင့်ပြုဖို့ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းတွင် မိခင်ဖြစ်သူက ထားဝယ်အကျဉ်းထောင် အဝင်၀တွင် သွားရောက်စောင့်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားဟောင်းများထံမှ သိရသည်။

ထားဝယ် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးက “ထောင်ဝင်စာတွေ့ခွင့်က ကန့်သတ်ချက်တွေများတော့ ရဲစခန်းထောက်ခံစာတို့ ကိုဗစ်လက်မှတ်တို့ အဲ့ဒါတွေ မပြည့်စုံလို့ တွေ့ခွင့်မရတာလား ဒါမဟုတ် အကြောင်းပြချက် မရှိဘဲ တွေ့ခွင့်မပေးတာလားဆိုတာ သေချာမသိရ ဖြစ်နေတယ်”ဟု ပြော သည်။

ထိုသို့ မိခင်ဖြစ်သူ ထောင်ဝင်စာလာတွေ့ဖို့ ရောက်ရှိလာချိန်တွင် ဦးမြင့်မောင်ကလည်း မိခင်နှင့် တွေ့ခွင့်ရဖို့အတွက် ထောင်ဘူးဝအထိ ထွက်လာ စောင့်ပြီးမှ အာဏာပိုင်များက ခွင့်မပြုတာကြောင့် မတွေ့ခဲ့ရဘူးလို့ ထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

NLD အစိုးရလက်ထက်မှ ဝန်ကြီးချုပ်ဦးမြင့်မောင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဖမ်းဆီးခံရခြင်းဖြစ်ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၀၉၊ ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ ရွေးကောက်ပွဲ ဥပဒေကို ဖောက်ဖျက်ကာ ဘာသာရေးကို အကြောင်းပြပြီး မဲဆွယ်စည်းရုံးသည်ဆိုသည့် ၁၃၀-က တို့နှင့် စစ်ကောင်စီက ထောင်ဒဏ် ၁၂ နှစ်အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဝန်ကြီးချုပ်ဦးမြင့်မောင်
#NLD
#ထောင်ဒဏ်

ပုံစာ - တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🤬3😁1
တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင် မိသားစုနှင့်ထောင်ဝင်စာ တွေ့ခွင့်မပြု
စစ်ကောင်စီက ဖမ်းဆီးပြီး ထောင်ဒဏ် ၁၂ နှစ် အမိန့်ချခံ ထားရသည့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးမြင့်မော...
https://ift.tt/CNkF85u
👍1🥰1
ခါမ်းပါတ်မြို့ကို စစ်ကောင်စီတပ်ဦးတည်လာနေ၍ တိုက်ပွဲများပြန်လည် ဖြစ်ပွားနိုင်
စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ ခါမ်းပါတ်မြို့ကို စစ်ကောင်စီတပ်မှ ဦးတည်လာနေသဖြင့် တိုက်ပွဲများပြန်လည်ဖြစ်.....
https://ift.tt/Ch3e8uX
👍9👏2
ခါမ်းပါတ်မြို့ကို စစ်ကောင်စီတပ်ဦးတည်လာနေ၍ တိုက်ပွဲများပြန်လည် ဖြစ်ပွားနိုင်
စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ ခါမ်းပါတ်မြို့ကို စစ်ကောင်စီတပ်မှ ဦးတည်လာနေသဖြင့် တိုက်ပွဲများပြန်လည်ဖြစ်.....
https://ift.tt/KzD4jE5
👏2
ဒီဇင်ဘာလ( ၅ )ရက်၊ အင်္ဂါနေ့ညပိုင်း မဇ္ဈိမရေဒီယို အစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...စစ်ကောင်စီအာဏာသိမ်းမှုကြောင့် အိမ်နီးချင်းနိုင်ငံတွေ ၀န်ပိုထမ်းနေရတ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Ft7BL3gxwCBs&h=AT282Cbhb5bE_cFqTGLv7BYycBNgKFxbrsfs8JzlgwDECEyYA2x1qNrlpI0_B6N-mIzLgSKv2qq3dYbnpgk-SxVJuor5gEae3qQiua2ijEOjouDHkWxNJne0qJAZaO3p&s=1
👍1
​​"The Princess and the matchmaker"

သူ(မ)ကို မွေးပြီးပြီးချင်းမှာပဲ မိခင်ဖြစ်သူ ဆုံးပါးသွားခဲ့တာ‌ကြောင့် ကျိန်စာသင့် မင်းသမီးရယ်လို့ အများက သတ်မှတ်ထားတဲ့ မင်းသမီးဆွန်ဝါ 🙍‍♀️
ဇာတာခွင်ဖတ်ပြီး ဟောကိန်းထုတ်ရာမှာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တဲ့ စုံစမ်းစစ်ဆေးရေးမှူး ဆောဒိုယွန်း ........

ကျိန်စာသင့် မင်းသမီးဆွန်ဝါနဲ့ လက်မဆက်ချင်လို့ ငြင်းပယ်ခဲ့ဖူးသူ၊ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် စုံစမ်းစစ်‌ဆေးရေးမှူး ယွန်းရှီယောင်း👱‍♂️

ဇာတ်လမ်းရဲ့အစ... တိုင်းပြည်မှာ မိုးခေါင်ရေရှားပါးမှုကို ရပ်တန့်ဖို့ နန်းတွင်း နက္ခတ္တဗေဒ ပညာရှင်တွေ လျှောက်တင်လာတာက...

 နန်းတွင်းမှာ အဖိုဓါတ်နဲ့ အမဓါတ် မျှတသွားအောင် ဘုရင်ကြီးရဲ့ အဋ္ဌမမြောက် သမီးတော်လေး ဆွန်ဝါကို ထိမ်းမြားပေးဖို့ပါပဲ။ ကြံရာမရ ဖြစ်နေတဲ့ ဘုရင်ကြီးလည်း သမီးတော်အတွက် တော်ဝင်သတို့သား ရွေးချယ်ပွဲကြီး ကျင်းပဖို့ ဆုံးဖြတ်လိုက်ပါပြီ။

အဆင့်ဆင့် ရွေးချယ်အပြီးမှာတော့ အရွေးချယ်ခံ စကာတင် ၄ ဦး ပေါ်ထွက်လာခဲ့ပါတယ်။ ဒီအချိန်မှာပဲ မင်းသမီးဆွန်ဝါကလည်း မင်္ဂလာပွဲအတွက် ဇာတာဖတ်ခွင့် ရထားသူ ဆောဒိုယွန်းဆီကနေ စကာတင်တွေရဲ့ ဇာတာခွင်ကို တစ်ဖက်လှည့်နဲ့ယူပြီး နန်းတော်အပြင်ကို ခိုးထွက်လာခဲ့ပါပြီ။ သူ(မ)ကို မင်းသမီးမှန်း မသိဘဲ အပျိုတော် မာနီလို့ ထင်နေတဲ့ ဆောဒိုယွန်းနဲ့ ၊ ဆောဒိုယွန်းကို ယွန်းရှီယောင်းလို့ ထင်နေတဲ့ သူ(မ)တို့ကြားက မထင်မှတ်တဲ့ တွေ့ဆုံမှုလေး။ 

သတို့သားလောင်းတွေကို လေ့လာဖို့လုပ်ရင်း အလွဲလွဲအချော်ချော်တွေ ဖြစ်နေတဲ့ မင်းသမီးဆွန်ဝါကို ပစ်မထားရက်တဲ့ ဆောဒိုယွန်း... သူ ထင်နေသလို အပျိုတော်‌ မာနီ မဟုတ်ဘဲ မင်းသမီးဆွန်ဝါမှန်း သိသွားချိန်မှာ ဘာတွေဆက်ဖြစ်မလဲ။ အရင်က ငြင်းပယ်ခဲ့ပေမဲ့ အခုအချိန်မှာ အကြံအစည်တစ်ခုနဲ့ မင်းသမီးကို လက်ဆက်ဖို့ ကြိုးစားလာတဲ့ စကာတင် ၄ ဦး စာရင်းဝင် စုံစမ်းစစ်ဆေးရေးမှူး ယွန်းရှီယောင်း... သူ့အကြံအစည်က ဘာများဖြစ်မလဲ။ 
စကာတင် ၄ ဦးကို တစ်ဦးချင်း လေ့လာအပြီးမှာ မင်းသမီးဆွန်ဝါနဲ့ လက်ဆက်ရမယ့် သတို့သားလောင်းက ဘယ်သူဖြစ်မလဲ၊ သူ(မ)ဘဝရဲ့ အချစ်စစ်က ဘယ်သူဖြစ်မလဲ။ သူမဟာ တကယ်ပဲ ကျိန်စာသင့်နေတဲ့ မင်းသမီးလေးလား ဆိုတာကိုတော့ ဖန်သားပြင်ပေါ်မှာ ဆက်လက်ရှုစားကြပါနော်။
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် 
App ဒေါင်းလော့လုပ်ရန် - https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။ ၅.၁၂.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။ 

------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍7🔥1😁1
ဒီဇင်ဘာလ( ၅ )ရက်၊ အင်္ဂါနေ့ညပိုင်း မဇ္ဈိမရေဒီယို အစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...စစ်ကောင်စီအာဏာသိမ်းမှုကြောင့် အိမ်နီးချင်းနိုင်ငံတွေ ၀န်ပိုထမ်းနေရတ....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Ft7BL3gxwCBs&h=AT2NVdLGoEwL7PgjxZ_Du2_NZeQyYCWfC1yhIXI5jf72a8HddKwih8u727VoysB0AaT9itkVqsz0krO-Pj3IJZdpnzOCsozhodkxZsB-53b_BdWcPKLlIHaiunz97Vhb&s=1
😁2
မန္တလေးမှာ ညဘက်အိမ်ပြန်လာသူ လူငယ် ၂ ဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးရာ ဆေးရုံရောက်နေဟုဆို
မန္တလေးမြို့တွင်၊ ညအချိန် ဆိုင်ကယ်ဖြင့်အိမ်ပြန်လာသည့်လူငယ်နှစ်ဦးကို စစ်တပ်စစ်ဆေးရေးအဖွဲ့က သေနတ်ဖြင့်လိ.....
https://ift.tt/5zmdiRQ
🔥2😁1😱1
စမ်းချောင်းရှိ လောင်းကစားဝိုင်းများနှင့် ပြည်သူများ မပတ်သက်ရန် သတိပေးချက်ထုတ်ပြန်
စစ်ကောင်စီတပ်နှင့် လက်အောက်ခံရဲများ ပါဝင်ပတ်သက်နေသည့် စမ်းချောင်းမြို့နယ်ရှိ လောင်းကစားဝိုင်းများတွင် ပ....
https://ift.tt/1NH4lUo
🔥1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၅ ဒီဇင်ဘာ၂၀၂၃)
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့လုပ်ငန်းညှိုနှိုင်း အစည်းဝေးကို ဒီဇင်ဘာ ၃ ရက်တ....
https://ift.tt/cEH2DZY
🔥2😁1
စစ်ကောင်စီ၏ နောက်ဆုံးနေ့ရက်များလား
မြန်မာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ တော်လှန်ရေးတပ်ဖွဲ့များက တပ်မတော်ဟု သိကြသည့် အာဏာသိမ်းစစ်တ...
https://ift.tt/ny6M7GH
🔥2👍1
စစ်ကောင်စီ၏ တရွန်အိုင်ဗျူဟာစခန်းကုန်းကြီးအား သိမ်းပိုက်ရယူနိုင်ဟု AA ထုတ်ပြန်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီအထိုင်ချထားသည့် တရွန်အိုင်ဗျူဟာစခန်းကုန်းကြီးအား သိမ်းပိုက်ရယ.....
https://ift.tt/v2NU9iY
👍9😁2
မန္တလေးမှာ ညဘက်အိမ်ပြန်လာသူ လူငယ် ၂ ဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးရာ ဆေးရုံရောက်နေဟုဆို
မန္တလေးမြို့တွင်၊ ညအချိန် ဆိုင်ကယ်ဖြင့်အိမ်ပြန်လာသည့်လူငယ်နှစ်ဦးကို စစ်တပ်စစ်ဆေးရေးအဖွဲ့က သေနတ်ဖြင့်လိ.....
https://ift.tt/Lk0r9H8
❤3👍1😁1😢1