Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်ကောင်စီ၏ နောက်ဆုံးနေ့ရက်များလား
မြန်မာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ တော်လှန်ရေးတပ်ဖွဲ့များက တပ်မတော်ဟု သိကြသည့် အာဏာသိမ်းစစ်တ...
https://ift.tt/ny6M7GH
🔥2👍1
စစ်ကောင်စီ၏ တရွန်အိုင်ဗျူဟာစခန်းကုန်းကြီးအား သိမ်းပိုက်ရယူနိုင်ဟု AA ထုတ်ပြန်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီအထိုင်ချထားသည့် တရွန်အိုင်ဗျူဟာစခန်းကုန်းကြီးအား သိမ်းပိုက်ရယ.....
https://ift.tt/v2NU9iY
👍9😁2
မန္တလေးမှာ ညဘက်အိမ်ပြန်လာသူ လူငယ် ၂ ဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးရာ ဆေးရုံရောက်နေဟုဆို
မန္တလေးမြို့တွင်၊ ညအချိန် ဆိုင်ကယ်ဖြင့်အိမ်ပြန်လာသည့်လူငယ်နှစ်ဦးကို စစ်တပ်စစ်ဆေးရေးအဖွဲ့က သေနတ်ဖြင့်လိ.....
https://ift.tt/Lk0r9H8
❤3👍1😁1😢1
စမ်းချောင်းရှိ လောင်းကစားဝိုင်းများနှင့် ပြည်သူများ မပတ်သက်ရန် သတိပေးချက်ထုတ်ပြန်
စစ်ကောင်စီတပ်နှင့် လက်အောက်ခံရဲများ ပါဝင်ပတ်သက်နေသည့် စမ်းချောင်းမြို့နယ်ရှိ လောင်းကစားဝိုင်းများတွင် ပ....
https://ift.tt/5pTwOC0
😁5👍1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၅ ဒီဇင်ဘာ၂၀၂၃)
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့လုပ်ငန်းညှိုနှိုင်း အစည်းဝေးကို ဒီဇင်ဘာ ၃ ရက်တ....
https://ift.tt/JvV0LOg
🔥2😁2
စစ်ကောင်စီ၏ နောက်ဆုံးနေ့ရက်များလား
မြန်မာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ တော်လှန်ရေးတပ်ဖွဲ့များက တပ်မတော်ဟု သိကြသည့် အာဏာသိမ်းစစ်တ...
https://ift.tt/8AxH4CQ
👍5🔥1
စစ်ကောင်စီ၏ တရွန်အိုင်ဗျူဟာစခန်းကုန်းကြီးအား သိမ်းပိုက်ရယူနိုင်ဟု AA ထုတ်ပြန်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီအထိုင်ချထားသည့် တရွန်အိုင်ဗျူဟာစခန်းကုန်းကြီးအား သိမ်းပိုက်ရယ.....
https://ift.tt/hRnaEHW
👍6😁4
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်ထုတ်လွှင့်မှုများ#PVTV #MizzimaTV -----------------------------------------မဇ္ဈိမ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F23LiVL0zWA4&h=AT3Kl27j6wPUJoSyOpTDVE0up2hi0T50nvkKzOYVsahq9QfOK4RWm-RifZQhHFlhLO-MAm91GbNV2Sdw6hrcbbh7xRvOJ_ciNiUhiJhYvritrAAWEI81LsUC1d6fsFA7&s=1
🤮2
မိုးညှင်းမြို့ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကို KIA နှင့် PDF တို့ တိုက်ခိုက်
ကချင်ပြည်နယ် မိုးညှင်းမြို့တွင်ရှိသည့် လေကြောင်းကာကွယ်ရေးတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် ပြ.....
https://ift.tt/ih13kmb
👍16🔥1😁1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်ထုတ်လွှင့်မှုများ#PVTV #MizzimaTV -----------------------------------------မဇ္ဈိမ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F23LiVL0zWA4&h=AT0_eCxAuD-QHEA3EDUQZXHY-RDsUBn9js9K40KYypm2FRsQmet1zBOW8cadmACkxVIgX0poGbGwMtCPqpMBCVqZe6czUy_-dCgTANdexCZfY2H8H3vcwwxNDaxlM0qv&s=1
❤7🤮1
မိုးညှင်းမြို့ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကို KIA နှင့် PDF တို့ တိုက်ခိုက်
ကချင်ပြည်နယ် မိုးညှင်းမြို့တွင်ရှိသည့် လေကြောင်းကာကွယ်ရေးတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် ပြ.....
https://ift.tt/K6ob4ig
👍16😁3
စစ်ကောင်စီ၏ တရွန်အိုင်ဗျူဟာစခန်းကုန်းကြီးအား သိမ်းပိုက်ရယူနိုင်ဟု AA ထုတ်ပြန်
❤9👍6🔥1💘1
စစ်ကောင်စီ၏ တရွန်အိုင်ဗျူဟာစခန်းကုန်းကြီးအား သိမ်းပိုက်ရယူနိုင်ဟု AA ထုတ်ပြန်
======================

ဓါတု
(မဇ္ဈိမ) ။ ။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီအထိုင်ချထားသည့် တရွန်အိုင်ဗျူဟာစခန်းကုန်းကြီးအား သိမ်းပိုက်ရယူနိုင်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)၏သတင်းနှင့် ပြန်ကြားရေးက ယနေ့ ဒီဇင်ဘာလ ၅ ရက် ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။
ရဟတ်ယာဉ်ကွင်း နှစ်ကွင်းပါရှိသော စစ်ကောင်၏ ထိုစခန်းကို ယမန်နေ့ဒီဇင်ဘာလ ၄ ရက် နေ့လယ် ၁ နာရီ ၄ မိနစ်တွင် အပြီးသတ်ချေမှုန်းတိုက်ခိုက်သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်းထုတ်ပြန်ချက်၌ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီတပ်သားအလောင်းများနှင့် လက်နက်ခဲယမ်းများ၊စစ်အသုံးအဆောင် ပစ္စည်းများပါ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

AA၏ ထိုးစစ်ကာလအတွင်း စစ်ကောင်စီတပ်ဘက်မှလက်နက်ကြီးပစ်ကူအပါအဝင် Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါသောဗုံးများနှင့် လေကြောင်းဖြင့်ပါ နေ့ရော၊ညပါ နေ့စဥ် ပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ ရယူသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက် က စစ်ကောင်စီသည် ဝေဟင်မှ Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါသော ဗုံးများကို အသုံးပြု၍ တိုက်လေယာဉ်တစီးဖြင့် လာရောက်တိုက်ခိုက်ခဲ့ပြီး ဂျက်တိုက်လေယာဉ် Mi35 ၊ Y 8 ၊ Y 12 တို့ဖြင့်လည်း အကြိမ်ပေါင်း ၃၀ ကျော် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်းတိုက်ခိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ချင်း-ရခိုင်နယ်စပ် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏" တရွန်အိုင်ဗျူဟာ”နှင့် “နှုံးဘူးဗျူဟာ” ကုန်းကြီးနှစ်ခုအား ရက္ခိုင့်တပ်တော် (AA)က နိုဝင်ဘာလ ၁၄ ရက်မှစ၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ တန်ပြန် ခုခံတိုက်ခိုက်မှုကြောင့် စတင်တိုက်ခိုက်သည့်ရက်မှ ရက်ပေါင်း ၂၁ ရက်အကြာ ယမန်နေ့တွင် ထရွန်အိုင် ဗျူဟာ စခန်းကုန်းကြီးကို AAက သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ကျန်ရှိနေသော "နှုံးဘူးဗျူဟာကုန်း" ကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မဇ္စျိမအနေဖြင့်ပလက်ဝဒေသရှိဒေသခံများအားလက်ရှိအနေများမေးမြန်းရန်ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်းဖုန်းလိုင်းပြတ်တောက်မှုများကြောင့်ဆက်သွယ်၍မရခဲ့ပေ။

တိုက်ပွဲပြင်းထန်နေသည့် ပလက်ဝဒေသအပြင် ရခိုင်ပြည်နယ်၊ပေါက်တောမြို့တွင်လည်း နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ တပ််များဖြင့် တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ထရွန်အိုင် ဗျူဟာကုန်း
#ရခိုင်ပြည်နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍28👏5🔥1💘1
​​မိုးညှင်းမြို့ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကို KIA နှင့် PDF တို့ တိုက်ခိုက်
=====================

အဂမ်
မဇ္ဈိမ။ ။ကချင်ပြည်နယ် မိုးညှင်းမြို့တွင်ရှိသည့် လေကြောင်းကာကွယ်ရေးတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF)ပူးပေါင်းတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

မိုးညှင်းနှင့် အင်းတော်ကြီးဒေသ လမ်းပိုင်းတခုဖြစ်သည့် ကပ်ကျော်လမ်းရှိ ရေအားလျှပ်စစ် လုံခြုံရေးဂိတ်ကို KIA တပ်ရင်း(၃၅)နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ ၅ ရက်နေ့ ဒီကနေ့ မနက်အစောပိုင်း (သန်းခေါင်ယံကျော်)က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KIAရှေ့တန်း သတင်းရင်းမြစ်က ဆိုသည်။

မိုးညှင်းမြို့နှင့် နန့်မွန်းမြို့နှစ်ခုကြားရှိ နန့်မွန်းသွားရာလမ်းဟောင်း (ဒေသအခေါ် ကပ်ကျော်လမ်း) ဘီလူးရေအားလျှပ်စစ်စက်ရုံအနီးမှာ စစ်အင်အား ၃၀ ထက်မနည်း အခိုင်အမာတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့တာလို့ KIAရှေ့တန်း သတင်းရင်းမြစ်က အခုလိုအတည်ပြုသည်။

“ အဲ့ဒီလမ်းဟောင်းဘက်မှာက ဒီလေကြောင်းရန် ကာကွယ်ရေးတပ်ကပဲ အဓိက လုံခြုံရေးယူပေးနေတာဟုတ်တယ်။ အဲ့တာပြီးရင် နန့်မွန့်တောင်ထိပ်က တာဝါတိုင်ကုန်း ( နန့်မွန်းဗျူးပွိုင့်) မှာပဲ ရှိတာဟုတ်တယ်။ ရတော့မရသေးဘူး။ လေကြောင်းရန်မို့ ကျနော်တို့ခဏနောက်ပြန်ဆုတ်ခဲ့တယ်။ ခုထိတော့ နှစ်ဖက်ငြိမ်နေတုန်းပဲ ”ဟု KIAသတင်းရင်းမြစ်ကပြောသည်။

ကချင်သတင်းရင်းမြစ်များနှင့် ကချင် သတင်းမီဒီယာ အချို့က အဆိုပါတပ်စခန်းကို သိမ်းပိုက်ထားခဲ့ပြီဖြစ်ကြောင်း အခိုင်အမာဖော်ပြနေသော်လည်း မဇ္ဓျိမ၏ မြေပြင်သတင်းအဖွဲ့က စုံစမ်းနေဆဲဖြစ်သည်။

တိုက်ပွဲဖြစ်ပွားသည့် ရေအားလျှပ်စစ်နေရာအနီးရှိ အုန်းစံဆိုင်ရွာဒေသခံသတင်းရင်းမြစ်က ယင်းနေရာမှာ မိုးညှင်း - အင်းတော်ကြီးဒေသကို ဆက်သွယ်ထားသော လမ်းပိုင်းတခုဖြစ်ပြီး၊ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒီနေ့မနက်ပိုင်းမှာ အဆိုပါလမ်းပေါ် သွားလာမှုတွေရပ်တန့်နေတယ်လို့ အခုလိုပြောသည်။

“ စခန်းကတော့ မီးလောင်ထားတဲ့နေရာတွေ ထိခိုက်ထားတဲ့နေရာတွေ မတွေ့ရဘူး။ လမ်းမှာတော့ ဆိုင်ကယ် တစီးမီးလောင်ထားတာရှိတယ်။ စစ်တပ်ကတော့ နန့်မွန်းတာဝါတိုင်ဘက် ပြန်တက်သွားတာပြီ ဟုတ်တယ်။ အသေးစိတ်မသိရသေးဘူး ။ ” ဟု တိုက်ပွဲဖြစ်ပွားသည့် ရွာအနီးရှိ အုန်းစံဆိုင်းရွာသတင်းရင်းမြစ်က ဆိုသည်။
စစ်ကိုင်းတိုင်း ကသာမြို့လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းပြီးရင် ကချင်ပြည်နယ်အတွင်းမှာရှိသည့် စစ်ကောင်စီ၏ မြန်မာနိုင်ငံအထက်ပိုင်း လေကြောင်းရန်ကာကွယ်ရေး(ရေဒါစခန်း)အတွက် သီးသန့်အခိုင်အမာ တည်ဆောက်ထားသည့် တပ်စခန်းတခုလည်း ဖြစ်သည်။

ယင်းတပ်စခန်းတွင် သီးသန့်ရေအားလျှပ်စစ်များရှိကာ ယင်းလေကြောင်းရန်ကာကွယ်ရေးတပ်စခန်း၏ လုံခြုံရေးကို မိုးညှင်းဒေသခံဌာနေပြည်သူ့စစ်များနှင့် တပ်မ (၃၃) လက်အောက်ခံ ခလရ (၁၅) တပ်ရင်းတို့ပူးပေါင်းလုံခြုံရေးယူထားသည့် တပ်စခန်းကြီး ဖြစ်သည်။

ဤလေကြောင်းရန်ကာကွယ်ရေးတပ်စခန်းသည် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ် မိုးညှင်းခရိုင်အတွင်းမှာ ရှိနေသည့် တခုတည်းသော လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းလည်း ဖြစ်သည်။
ယင်းတပ်စခန်းတိုက်ခိုက်ခံရသည့်အတွက် မိုးညှင်းမြို့နယ် ပင့်သာကျေးရွာမှာ အထိုင်ချထားသော စစ်ကောင်စီအမြောက်တပ်မှ မိုးညှင်းမြို့အဝင်ရှိ ပင်းဟဲရွာအနောက်ဘက်တောင်ကြော KIAတပ်ရင်း (၃၅) နယ်မြေဘက်ရှိ အမြောက်များ တရစပ်ပစ်ခတ်နေခဲ့သည်ဟု မိုးညှင်းဒေသခံသတင်းရင်းမြစ်များက အခိုင်အမာဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မိုးညှင်းမြို့
#KIA
#လေကြောင်းရန်ကာကွယ်ရေးတပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍32👏9❤1🔥1
တာဂျစ်ကစ္စတန်မြေမှာ သရေကစားခဲ့တဲ့ အယ်လ်နာဆာ

Dushanbe 1-1 Al Nassr (FT)

⚽️Dzhalilov 32'
⚽️Ghareeb 50
👍6