Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Forwarded from Mizzima+ TV Channel
တိုက်ပွဲတွေကြား ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်ပြန်ပို့ဖို့ ထိုင်းစစ်တပ်
တိုက်ပွဲတွေကြား ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်ပြန်ပို့ဖို့ ထိုင်းစစ်တပ် စီစဉ်နေမြန်မာစစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNU) နဲ့ တိုက်ပွဲတွေကြား ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်ကို့ထိုင်းစစ်တပ်ကပြန်ပို့ဖို့စီစဉ်နေတယ်လို့သိရပါတယ်။မြန်မာစစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေဟာ ကေအန်ယူထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် တပ်မဟာ(၆)မှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် မတ်လ ၁၉ ရက်နေ့ နေလည်ပိုင်းက ထိုင်းနိုင်ငံရှိ အုန်းဖန်မြို့နယ် ပိုင်ခလန်ကျေးရွာထဲကို မြန်မာစစ်သား ၄၀ကျော် ထွက်ပြေးဝင်ရောက်လာတာကြောင့် ထိုင်းစစ်တပ်က ထိန်းသိမ်းထားတာဖြစ်ပါတယ်။ မြန်မာစစ်သားတွေဟာမဲသရောခီးစခန်းကနေ ထွက်ပြေးလာကြတာဖြစ်ပြီး လက်နက်တွေပါသယ်ဆောင်လာတဲ့အတွက် ထိုင်းစစ်တပ်က ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ပြောပါတယ်။ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက မြန်မာစစ်ကောင်စီဘက်နဲ့တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီး အခုရက်ပိုင်းအတွင်းမှာပဲ ထိုင်း မြန်မာ နယ်စပ် အမှတ် ၂ တံတားက နေပို့ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ထွက်ပြေးလာသူတွေကိုတော့ထိုင်းစစ်တပ်ကလူသားချင်းစာနာတဲ့အကူအညီအဖြစ် အစားအသောက်နဲ့သောက်ရေတွေ ကူညီပေးထားတယ်လို့သိရပါတယ်။အခုထွက်ပြေးလာတဲ့ စစ်သားတွေနဲ့ KNUတို့တိုက်ပွဲဖြစ်နေတာ ဟာ တနှစ်ကျော်ကြာပြီဖြစ်ပေမဲ့ အခုနောက်ပိုင်းမှာစစ်တပ်ဘက်ကစခန်းအတော်များများ လက်လွှတ်လိုက်ရတာတွေ ကျိုက်ဒုံစခန်းက ဗျူဟာမှူးအပါအဝင် လူ ၆၀ ကျော်လက်နက်ချမှုတွေကလည်း တခြားတပ်စခန်းတွေအတွက် စိတ်ဓါတ်ရေးရာကျဆင်းတာတွေရှိပြီး လက်နက်ချထွက်ပြေးတာတွေရှိလာတယ်လို့ KNU ဘက်ကလည်းဆိုပါတယ်။ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ထိုင်း- မြန်မာ နယ်စပ်အနီးက မဲသရောထ စစ်စခန်းကို KNLA မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တာကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးလာခဲ့ကြတာပါ။ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့အတူ တောင်ပိုင်းဒေသ အထူးစစ်ဆင်ရေးအဖွဲ့ SOF လည်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။နှစ်ဘက်တိုက်ပွဲတွေဖြစ်နေတဲ့ ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံ၊ အနန်းကွင်း၊ ခလယ်တံခွန်တိုင်ကျေးရွာတွေကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးလာကြဲတယ်လို့လည်း လုံခြုံရေးအရ ဒေသခံတွေကပြောပါတယ်။လတ်တလောမှာ ကြာအင်းဆိပ်ကြီးမြို့နယ် ထိုင်း- မြန်မာနယ်စပ် ပိုင်ကလန်ဒေသအတွင်းရှိ ဖုချိမု စစ်စခန်း၊ အဇင်းကျေးရွာ စစ်စခန်း၊ ခလယ်တံခွန်တိုင်စစ်စခန်းတွေကို စစ်ကူနဲ့ ရိက္ခာ မထောက်ပံ့နိုင်အောင် ဖြတ်တောက် ပိတ်ဆို့ တိုက်ခိုက်နေတယ်လို့ KNLA မဟာမိတ် ပူးပေါင်းအဖွဲ့တွေက ကြေညာချက်ထုတ်ပြန်ပါတယ်။ဒါ့အပြင် ကျိုက်ဒုံ ဗျူဟာကုန်းတိုက်ပွဲအတွင်း စစ်သား ၁၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကာ ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကျော်စိုးနဲ့ အရာရှိကြီး ၁၂ ဦး အပါအဝင် ၆၆ ဦး အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့ကြောင်း KNU ဗဟိုက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ချ အညံ့ခံခဲ့တဲ့ ၆၆ ဦးကို ညှင်းပန်း နှိပ်စက်ခြင်း တစ်စုံတစ်ရာပြုခြင်းမရှိဘဲ ဘေးကင်းလုံခြုံစွာပြုစုစောင့် ရှောက်ပေးထားပြီး KNU - ကရင်အမျိုးသား အစည်းအရုံးမှ စစ်သုံ့ပန်း ဥပဒေနဲ့ အညီ ဆောင်ရွက်သွားမယ်လို့လည်းဆိုထားပါတယ်။KNU ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ ၆ အတွင်း နေ့စဉ်တိုက်ပွဲများ ပြင်းထန် နေကြောင်းသိရပါတယ်။Video အပြည့်အစုံကြည့်ရှု့ရန် >>> https://youtu.be/ehbzV6U6uUo#Political News#MizzimaTV------------------------ လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FehbzV6U6uUo&h=AT2IzsOX2-IT6-UCZDI9IdV4Ublz9tKbLYIqYjZsrxlfsOT105BpQnU1O98VQiaMOyY_uuCVHXFzqNLPWi1Q0QNNEEvnbDBdgmGgBzscZ-81YB2A47bPzkoeFXq_KkLh&s=1
👍12❤1
Forwarded from Mizzima+ TV Channel
ပြည်တွင်းစစ်အသွင်ပြောင်းလဲသွားတဲ့မြန်မာ့ပဋိပက္ခအဆုံးသတ်ရေးကူညီကြဖို့ဗြိတိန်တိုက်တွန
ပြည်တွင်းစစ်အသွင် ပြောင်းလဲသွားတဲ့ မြန်မာ့ပဋိပက္ခအခြေအနေ အဆုံးသတ်ရေး အရှိန်အဟုန်မြှင့် ကူညီကြဖို့ ဗြိတိန် တိုက်တွန်းမြန်မာနိုင်ငံမှာ ဘက်စုံပြည်တွင်းစစ်ဆီ ပြောင်းလဲသွားတဲ့ ပဋိပက္ခဟာ အခြေအနေတွေကို အချိန်တိုအတွင်း ဖြေရှင်းနိုင်အောင် ဗြိတိန်၊ အာဆီယံနဲ့ တခြားနိုင်ငံတွေက အရှိန်အဟုန်နဲ့ ကူညီကြဖို့ လိုအပ်နေတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းကပြောကြားလိုက်ပါတယ်။အာဆီယံမှာရှိတဲ့ မိတ်ဖက်တွေနဲ့ လက်တွဲချင်ပါတယ်။ ဗြိတိန်ကတော့ အကူအညီတွေ ပံ့ပိုးပေးမှာပါလို့မတ်လ ၂၀ ရက်နေက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အစိုးရအိမ်မှာ ဒေးဗစ်ကင်မရွန်းကသတင်းထောက်တွေကိုပြောကြားခဲ့တာဖြစ်ပါတယ်။စစ်အာဏာရှင် အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံက သွေးထွက်သံယို ပဋိပက္ခဟာ အခုတော့ စစ်မျက်နှာပေါင်းစုံ ရှိနေတဲ့ ဘက်စုံပြည်တွင်းစစ် ဖြစ်နေကြောင်းနဲ့ တိုက်ပွဲတွေ အဆုံးသတ်ရေးအတွက် အရှိန်အဟုန်နဲ့ ကူညီကြဖို့၊ တဖက်က အာဏာသိမ်း စစ်အစိုးရနဲ့ တဖက်မှာလည်း လက်နက်ကိုင် တော်လှန်ရေးလှုပ်ရှားမှု အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ အလိုအပ်ဆုံးသူတွေဆီ အကူအညီတွေ ပေးအပ်နိုင်ရေးအတွက် ဗြိတိန်ဟာ အခန်းကဏ္ဍတခုကနေ ပါဝင်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာပြည်က ဒုက္ခသည်တွေကိုကူညီနိုင်ရေး စတာလင်ပေါင်သန်း ၁၂ဝ ကျော် ထောက်ပံ့ပေးခဲ့ပြီဖြစ်သလို၊ နောက်ထပ်အကူအညီတွေ ထပ်မံပံ့ပိုးသွားဖို့လိုတယ်လို့လည်း ဆိုပါတယ်။ဒါပေမဲ့ အာဆီယံနဲ့ တခြားနိုင်ငံတွေလည်း ပူးပေါင်းပြီး ဒီပဋိပက္ခကို အဆုံးတိုင်အောင် ကူညီဖို့ တကယ်လိုအပ်တယ်လို့ ထင်မြင်ကြောင်းလည်း ကင်မရွန်းက ပြောကြားသွားပါတယ်။ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Srettha Thavisin နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင် စစ်မှုထမ်းဥပဒေကြောင့် ဖြစ်ပေါ်လာမယ့်အန္တရာယ်တွေကို ဘယ်လို အကောင်းဆုံး ကိုင်တွယ်ကြမလဲဆိုပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၅ ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးသံတမန်နဲ့ တက်ရောက်လာကြတဲ့ နိုင်ငံတွေကို ဗြိတိန်လူ့အခွင့်အရေး သံတမန် ရီတာဖရန့်ချ်က မေးခွန်းထုတ်ပြောကြားသွားခဲ့ပါတယ်။ပြည်သူ့စစ်မှုထမ်းဥပဒေကို အထူးစိုးရိမ်ပူပန်နေကြောင်းနဲ့ မြန်မာစစ်တပ် အရေးယူမခံရတဲ့ အခြေအနေကို အဆုံးသတ်ရမယ်လို့ သံတမန် ရီတာဖရန့်ချ်က ပြောပါတယ်။ဒါကြောင့် ဗြိတိန်အနေနဲ့ ပစ်မှတ်ထားအရေးယူပိတ်ဆို့တာတွေ ဆက်လက်ဆောင်ရွက်နေတာဖြစ်သလို၊ လုံခြုံရေးကောင်စီသိအောင်လည်း မီးမောင်းထိုးပြနေတာလို့ မစ္စ ရီတာဖရန့်ချ်က ဆွေးနွေးတင်ပြသွားခဲ့ပါတယ်။မြန်မာနိုင်ငံမှာ လူ ၁၈ သန်းကျော်က လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်နေပြီး ပြည်တွင်း စစ်ပြေးရွှေ့ပြောင်းနေထိုင်ရသူ ၂.၆ သန်းကျော် ရှိနေတာမို့ လူသားချင်းစာနာထောက်ထားမှု အကူအညီကို လိုအပ်နေသူတွေဆီ အပိတ်အဆို့မရှိ ပို့ပေးနိုင်ရေးက အရေးပေါ် လိုအပ်နေတယ်လို့လည်း ဗြိတိန်က ကြေညာချက်မှာ ထောက်ပြထားပါတယ်။Video အပြည့်အစုံကြည့်ရှု့ရန် >>> https://youtu.be/z_L8mKrxpLI#Political News#MizzimaTV------------------------ လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fz_L8mKrxpLI&h=AT2wWpc6AG9cYWclWlvi5EfTV7x681YzEUX_N6Soet19q2SHJFzzsMoO6QKat8uZXxy0Sl-2E_ZmxGcOSwmXeFY8Bc0pk9rF4cpanj5Bg2bJlLQVspjOCV1ACrZdHyDy&s=1
👍16❤1
တံတားဦးလေတပ် လုံခြုံရေး ကင်းလှည့်‌ေနသည့် စစ်‌ေကာင်စီကားတိုက်ခိုက်ခံရပြီး ၄ ဦးသေ
008 (မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ တံတားဦးလေတပ်လုံခြုံရေး ကင်းလှည့်နေသည့် စစ်‌ကောင်စီကားကို မိုင်းဆွဲတိုက်ခိုက်ခ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FvG2bIMeF5C0&h=AT2zzSqhrQo1PQNLqMXmhV6QurW9JbYsE-3_8rldifhf8nu3-41U5sb2bbD-4l4FEQFXWrHcGFIuNLkfywghU0doIR43bEBjAl4JSmJu99UY-CGVo3XzgOdpQ17JJEfc&s=1
👍15😁1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်ထုတ်လွှင့်မှုများ#PVTV #MizzimaTV -----------------------------------------မဇ္ဈိမကိ...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F7mYh1rxKJLI&h=AT1TH-Mb0YUx0n_G7qBv5NI42BUMMjglNNDbycNzgIg3KJlHm59iAw5TuyENsFV3vio6c9ygwbevi4q2kyPrbuo7BeI5zc7dWO5e97PwwoiorQnA5I9ZchvB8m4yCs8R&s=1
👍8🥰1😁1
မြစ်ကြီးနား လေတပ်အနီးနေ ဘာသာရေးဆရာများကို စစ်ကောင်စီတပ်ဖမ်းဆီး - BUR.MIZZIMA.COM
မြေပုံ- နမ့်ပေါင်လေတပ်ဌာနချုပ်နှင့် အောက်မော်ဖောင်းကျေးရွာ မဇ္ဈိမ မြစ်ကြီးလေတပ်ဌာနချုပ်နှင့် လမ်းတဘက်သာခ...
https://ift.tt/og4eQGD
👍13😢5🤬4👏2😁1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (ဧပြီ ၂၂ ရက်၊ တနင်္လာနေ့) | VOA On Mizzima
တိုကျိုက Harry Potter Studio Tour အကြောင်း ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေ တင်ဆက်ပေးမယ့်အပြင် အင်္ဂလိပ်စာ သင်ခန်းစာ၊ အာရှစ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FM4YVyMsw-10&h=AT3aEIZVOlWPQ9LLgJLDIFZMjhCMgoSZqbOhZsFmpp8il2W23QJ73BV-x0ymjEaa0xLteDM2oLCFr8rtF_4BJaCWGCqdcR3iWpCDqQuoy0HedqyKPszGhkEBNUge6dwL&s=1
👍9❤1
တိုကျိုက Harry Potter Studio Tour | VOA On Mizzima
Harry Potter ရုပ်ရှင်ပရိတ်သတ်တွေအတွက် ရုပ်ရှင်ဇတ်ဝင်ခန်းတွေထဲ ကိုယ်တိုင်ရောက်သွားသလိုဖြစ်အောင် ဖန်တီးပေးထားတဲ့.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2F35k9ZiBFifs&h=AT1BAggGXo5JmTHN0mUbrl-JylNyBdMOFBJ6i2_BJK86RlHKlMczLPC3LkIr32CoNYjciFYB7M6FOjCiNAHNRRZNru865Q2QnDfJF7bHKbw2PrDZo_sQraSEDYwBTAWk&s=1
အင်္ဂလိပ်စာ သင်ခန်းစာ | VOA On Mizzima
VOA အင်္ဂလိပ်စာသင်ခန်းစာ အစီအစဉ်မှာ အမေရိကန်အင်္ဂလိပ်စာ အသုံးအနှုန်းတွေကို လေ့လာ၊ လေ့ကျင့်နိုင်ပါတယ်။ မမြသ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FOjwEjSbvUeg&h=AT2Nv-XyCupwCNkW7jE5hYW-ODJp-EOQkuJwrAWwANJ8rv8frn1WdN--D1trNAWjjUHwNZs23ajTd_RfdjjNjdpyr3UpE3p2W6Oci8Ws0E75gBP2KRB4e2aC-3TU6aCg&s=1
ရခိုင်ပြည်နယ်က ဒေါ်လာသန်းချီတန်တဲ့ရင်းနှီးမြှုပ်နှံမှုတွေအတွက် တရုတ်စိုးရိမ်နေပြီလား
ရခိုင်ပြည်နယ်က ဒေါ်လာသန်းချီတန်တဲ့ရင်းနှီးမြှုပ်နှံမှုတွေကို စစ်ကောင်စီဘက်က လုံခြုံရေးအာမခံချက်ပေးနိုင...
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FMzOw-mz2M4E&h=AT3aBtkGQXQFelFCUujWQWx9KUiXS83Pediwrn0Z7vKweKy7v7F-8541PdvFQFXQIGwjxJWSJmbnjfcQG9vyfwsxIwib0oDFPzmnW8_ALjewgXnVMXYLszQIZrmu5Hnw&s=1
👍5🔥1😁1
အိန္ဒိယ-တရုတ်ပြိုင်ဆိုင်မှုအရိပ်ထိုးနေတဲ့ မော်လ်ဒိုက်ရွေးကောက်ပွဲအတွက် စတင်မဲပေး
အိန္ဒိယ-တရုတ်ပြိုင်ဆိုင်မှုအရိပ်ထိုးနေတဲ့ မော်လ်ဒိုက်ရွေးကောက်ပွဲအတွက် စတင်မဲပေး#International#MizzimaTV-----------------------------------------....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2Fbosk5Bxv4Gw&h=AT0Ptl8ZCi0gaH-AphT7QEWVrli9FvDaTgMnyEVImnVsPW__9VSqnhttCQzJ4mQyKMAULxIkoLM6nDd7oWXfT_a0xjCQnXEpCffejBwYsI-AAxJQBwd_kEcpQF4fC40O&s=1
🔥2👍1