Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ပီရူးနိုင်ငံ၏ ယာယီသမ္မတ ဟိုဆေး ဟီရီသည် “Chifagate” ဟု ခေါ်ကြသည့် အရှုပ်တော်ပုံအတွင်း တရုတ်နှင့် ဆက်နွှယ်မှုရှိသော စီးပွားရေးလုပ်ငန်းရှင်တဦးနှင့် လျှို့ဝှက်တွေ့ဆုံခဲ့မှုနှင့် အခြားသော အဂတိလိုက်စားမှု စွပ်စွဲချက်များကြောင့် ရာထူးမှ ဖယ်ရှားခြင်း ခံခဲ့ရသည်။ လာမည့် ဧပြီလ ရွေးကောက်ပွဲအထိ နိုင်ငံကို ဦးဆောင်ရန် ဝါရင့်လက်ဝဲယိမ်း လွှတ်တော်အမတ် ဟိုဆေး ဘယ်လ်ကာဇာကို လွှတ်တော်က ယာယီသမ္မတအဖြစ် ခန့်အပ်လိုက်သဖြင့် ပီရူး၏ အဆက်မပြတ်ပြောင်းလဲနေသော ခေါင်းဆောင်မှုသံသရာမှာ ထပ်မံရှည်ကြာသွားပြန်သည်။

Read more: >> https://bur.mizzima.com/2026/02/22/82775
👍11❤1
👍2
👍2
👍1
👍1
👍1
❤3👍1
❤1
ဧပြီ ၁၁ ရက်နေ့မှာ ပထမဆုံး ချန်ပီယံကာကွယ်ပွဲအဖြစ် တိုင်ရာနဲ့ ထိုးသတ်ရမယ့် ဂျော့ရှုဝါဗန်

Yahoo Sports

UFC သမိုင်းရဲ့ ဒုတိယမြောက် အသက်အငယ်ဆုံး ဖလိုင်းဝိတ်ချန်ပီယံခါးပတ်ပိုင်ရှင် ဂျော့ရှုဝါဗန် ဟာ သူ့ရဲ့ ပထမဆုံးသော ချန်ပီယံကာကွယ်ပွဲအဖြစ် ဂျပန်ဖိုက်တာ တက်ဆူရို တိုင်ရာနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ဟူစတန်မြို့မှာ ပြုလုပ်ခဲ့တဲ့ UFC Q&A အစီအစဉ်မှာ ဗန်က “ကျွန်တော် တက်ဆူရိုတိုင်ရာ နဲ့ ပွဲဖြစ်ထားပြီ” လို့ ပရိသတ်တွေကို အတည်ပြု ပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက် တရက်အကြာမှာတော့ UFC က အဆိုပါပွဲစဉ်ကို ဧပြီလ ၁၁ ရက်နေ့၊ မိုင်ယာမီမြို့မှာ ကျင်းပမယ့် UFC 327 မှာ ထည့်သွင်းထားကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။ Read more: https://bur.mizzima.com/2026/02/23/82778
❤9👍6
"ရုရှားဟာ သံတမန်ရေးထက် တိုက်ခိုက်မှုတွေမှာ ပိုပြီး ရင်းနှီးမြှုပ်နှံနေဆဲပါပဲ။ ရုရှားဟာ တညတည်းမှာပဲ ဒုံးကျည် အစင်း ၅၀၊ ဒရုန်း အစင်း ၃၀၀ လောက်နဲ့ ပစ်ခတ်ခဲ့တာပါ။ စွမ်းအင်ကဏ္ဍတွေကို အဓိက ပစ်မှတ်ထားခဲ့တာပါ။ လူနေအိမ်တွေလည်း ပျက်စီးခဲ့သလို ရထားလမ်းပိုင်းတွေမှာလည်း ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။" ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ကိယက်ဗ်မြို့နှင့် မြို့ပတ်ဝန်းကျင်တွင် အမျိုးသားတဦး သေဆုံးပြီး ကလေးလေးဦး အပါအဝင် လူတဒါဇင်ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းရဲတပ်ဖွဲ့က ပြောသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ယူကရိန်း
#ရုရှားဒုံးကျည်
#ရထားလမ်းများ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👎7🔥4❤1👍1
ဖိလစ်ပိုင်အထက်လွှတ်တော်အမတ်တဦးက အငြင်းပွားနေသော တောင်တရုတ်ပင်လယ်အတွင်းရှိ ဖိလစ်ပိုင်ပိုင်နက် ကျွန်းငယ်လေးတခုသို့ ဖေဖော်ဝါရီ ၂၁ ရက်က သွားရောက်စဉ်အတွင်း၊ ကာကွယ်ရေး ဆိုင်ရာ ဆက်ဆံရေးများ တိုးမြှင့်ရန်နှင့် တရုတ်၏ ပိုင်နက်အရေးဆိုမှုများကို 'စဉ်ဆက်မပြတ်' တုံ့ပြန် တွန်းလှန်သွားရန် တိုက်တွန်းလိုက်သည်။

ဖိလစ်ပိုင်အခေါ် ပတ်အာဆာဟု သိကြသည့် သီတူးကျွန်းတွင် အဓိကအားဖြင့် တံငါသည်မိသားစုများ ဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံသား ၄၀၀ ခန့် နေထိုင်ကြပြီး၊ ၎င်းတို့မှာ တရားမဝင် ကျူးကျော်နေထိုင်သူများ ဖြစ်ကြောင်း တရုတ်က စွပ်စွဲထားသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/23/82784

#ဖိလစ်ပိုင်
#တရုတ်
#တောင်တရုတ်ပင်လယ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍11🔥1👏1
ဓါတ်ပုံ-ဟုမ္မလင်း လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်သေဆုံးမှုများ။ ထိုဗုံးကြဲခံရမှုအတွင်း အရပ်သား ၇ ဦးသေဆုံးခဲ့သည်။
🤬6👎2
ဓါတ်ပုံ-ဟုမ္မလင်း လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်သေဆုံးမှုများ။ ထိုဗုံးကြဲခံရမှုအတွင်း အရပ်သား ၇ ဦးသေဆုံးခဲ့သည်။
👎5🤬3
ဓါတ်ပုံ-ဟုမ္မလင်း လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်သေဆုံးမှုများ။ ထိုဗုံးကြဲခံရမှုအတွင်း အရပ်သား ၇ ဦးသေဆုံးခဲ့သည်။
🤬4👎3