အာဖဂန်-ပါကစ္စတန် အဓိက နယ်စပ်ဂိတ်ကို ပိတ်ပြီးနောက် ပစ်ခတ်မှုများ ဖြစ်ပွား
အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်ကြားရှိ အဓိကနယ်စပ်ဂိတ်ကို တာလီဘန် အာဏာပိုင်များက ပိတ်ထားလိုက်ကြောင်း အာဖဂန်အရာရှိတစ်ဦးက ဖေဖော်ဝါရီလ ၂၀ ရက်က ပြောကြားခဲ့ပြီးနောက် ပုံမှန်အားဖြင့် လူစည်ကားသော နယ်စပ်ဂိတ်အနီးတွင် သေနတ်သံများထွက်ပေါ်လာသည်ဟု ဒေသခံများက ဆိုသည်။

🔥2
ပါကစ္စတန်တွင် ဘာလို့ချ်မျိုးနွယ်ဝင်များ ပျောက်ဆုံးနေမှုအပေါ် မိသားစုဝင်များ ကန့်ကွက်ဆန္ဒပြ
ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်တွင် ကလေးများ၊ အမျိုးသမီးများနှင့် လူငယ်များအား အဓမ္မ ဖမ်းဆီးခံရကာ ပျောက်ဆုံးသွားမှု များပြားလာသည့်အပေါ် မိသားစုဝင်များက ကရာချိမြို့တွင် ကန့်ကွက်ဆန္ဒပြကြသည်။

👍6🔥1
ပါကစ္စတန်တွင် ခရစ်ယာန်သင်္ချိုင်းမြေနေရာ အခက်အခဲကြောင့် ရုပ်အလောင်းများကို စုပေါင်းမြှုပ်နေရ
ပါကစ္စတန်နိုင်ငံ ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ်ရှိ ပါ့ရှ်ဝါနှင့် တခြားမြို့ကြီးများတွင် နေထိုင်သော ခရစ်ယာန်ဘာသာဝင် ၇၀ ၀၀၀ ကျော်အတွက် သုသာန် ၄ ခုသာ ရှိသောကြောင့် ခရစ်ယာန်အသိုင်းအဝိုင်းသည် အရိုးစုများနှင့်အရိုးများ ပြည့်နေပြီးသား ကျင်းတစ်ခုတည်းတွင်ပင် ရုပ်အလောင်း ၅ လောင်းမှ ၁၀ လောင်းအထိ မြှုပ်နှံနေရကြောင်း The News International သတင်းတွင် ဖော်ပြထားသည်။

😢4👍1🔥1
တရုတ်က၂၀၂၃ ခုနှစ်တွင် အာဖဂန်နစ္စတန်၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာမည်
တရုတ်နိုင်ငံနှင့် အာဖဂန်နစ္စတန်တို့အကြား ကုန်သွယ်မှုသည် လျင်မြန်စွာ တိုးတက်လျက်ရှိပြီး ပါကစ္စတန်ပြီးလျှင် အာဖဂန်၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာနိုင်ကာ ယင်းအခြေအနေက ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ(CPEC)ကို အာဖဂန်နစ္စတန်အထိ ဆက်လက်ဆောင်ရွက်နိုင်မည့် နိမိတ်လက္ခဏာဖြစ်ကြောင်း ပိုးလမ်းမဆိုင်ရာ အကျဉ်းချုပ်အစီရင်ခံစာ (SRB) တွင် ဖော်ပြထားသည်။

👍1🔥1
မြောက်ဒါကိုတာတွင် တည်ဆောက်မည့် တရုတ်ပြောင်းဖူးစက်ရုံကို အမေရိကန်လေတပ် ကန့်ကွက်
ဂရမ်းဖို့ခ်လေတပ်အခြေစိုက်စခန်းအနီးတွင် တရုတ်ကုမ္ပဏီတစ်ခု၏ ပြောင်းဖူးအစိုကြိတ်ခွဲစက်ရုံ တည်ဆောက်မည့် စီမံကိန်းက နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နိုင်ကြောင်း အမေရိကန်လေတပ်က မြောက်ဒါကိုတာ ခေါင်းဆောင်များအား အကြောင်းကြားခဲ့သဖြင့် စီးပွားရေးအခွင့်အလမ်းအဖြစ် တစ်ချိန်က အမွှမ်းတင်ထားသည့် စီမံကိန်းကို မြို့တော်အရာရှိများက ရပ်ဆိုင်းရမည့်ပုံပေါ်နေသည်။

❤4👍1😁1
ဆားလင်းကြီးမြို့နယ်အတွင်း မီးဘေးသင့်ပြည်သူများအား ပစ္စည်းများကူညီပေးအပ်
------------------------------------------------------------------------------
ပါခွီး
မဇ္စျိမ ။။ စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ မီးဘေးသင့် ပြည်သူများအား မီဖိုချောင်သုံးပစ္စည်းများကို ယင်းမာပင်၊ ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီနှင့် ပြည်သူမှပြည်သူသို့ ပရဟိတ အဖွဲ့တို့မှ ကူညီပေးအပ်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၂ရက် ယမန်နေ့တွင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာ ရှစ်ရွာမှ မီးဘေးသင့် ပြည်သူ ၃၀၇ဦးအား ဒန်အိုး ၊ ဒယ်အိုး ၊ စတီးဇလုံ ၊စတီးဇွန်း ၊ ကြွေအုပ်၊ စတီးချိုင့်တို့ကို ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
“အချို့က ရွာပြန်မကပ်နိုင်ကြသေးဘူး ၊ အိမ်တွေပြန်မဆောက်နိုင်တဲ့ မိသားစုတွေလည်းရှိတယ် ၊ နေစရာအိမ်နဲ့ စားနပ်ရိက္ခာ အခက်အခဲတွေရှိနေပါတယ်” ဟု ရွာပေါင်းစုံ သပိတ်ကော်မတီဝင်တစ်ဦး ကပြောသည်။
ထိုသို့ပေးအပ်ရာတွင် လူသားချင်းစာနာမှုအဖြစ် ပြည်သူများ စိတ်အားတက်စေရန် ရည်ရွယ်ပြီး တော်လှန်ရေးကာလဖြစ်သည့်အတွက် မီးလောင်ပျက်စီး ဆုံးရှုံးမှုများ ကြုံတွေရသော်လည်း အားမငယ်ကြရန်နှင့် ဆက်လက်ပြီး တောင့်ခံတော်လှန်ပေးကြရန် တောင်းဆိုခဲ့ကြောင်း ဆိုသည်။
ဖေဖော်ဝါရီလ ၁၈ရက်နေ့ကလည်း ယင်းမာပင်မြို့နယ်ရှိ မီးဘေးသင့် ပြည်သူ ၂၁၀ ကို ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီ နှင့် ပြည်သူမှပြည်သူသို့ ပရဟိတ ယခုကဲ့သို့ အကူအညီများပေးအပ်ခဲ့သေးသည်။
ယင်းသို့ပေးအပ်နိုင်ရန်အတွက် ပြည်တွင်း ၊ ပြည်ပမှ အလှူရှင် အချို့မှ ပါဝင်လှူဒါန်းခဲ့ကြောင်း သပိတ်ဦးဆောင်ကော်မတီဝင်ထံမှ သိရှိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#သပိတ်ဦးဆောင်ကော်မတီ
#ဆားလင်းကြီး
#ယင်းမာပင်မြို့နယ်
#မီးဘေးသင့်ပြည်သူ

❤6👍3🔥1
ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက် ချီတက်ဆန္ဒပြ
=====================
ကိုခင်မောင်
(မဇ္ဈိမ)။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် ဆက်လက်ချီတက် ဆန္ဒပြကြသည်။
ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် “သွေးမအေးတဲ့ ရွှေနွယ်သွေး” ဘန်နာကိုကိုင်ဆွဲကာ စစ်အာဏာ ရှင်ဆန့်ကျင်ရေး (၆၄၇) ရက်မြောက်နေ့အဖြစ် ချီတက်ဆန္ဒပြကြခြင်း ဖြစ်သည်။
စာတည်း။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ရွှေနွယ်သွေးသပိတ်စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး

❤7👍3🔥1
ထိုင်ဝမ်ပဋိပက္ခကို မလိုလားကြောင်း နိုင်ငံအားလုံးက တရုတ်ကို သတိပေးသင့်ဟု အမေရိကန် ပြောကြား
ထိုင်ဝမ်သို့ အမေရိကန်လွှတ်တော်အမတ်များ သွားရောက်ခြင်းကို စစ်ရေးအကြောင်းပြချက်အဖြစ် တရုတ်က အသုံးမချသင့်ကြောင်းနှင့် နိုင်ငံအားလုံးသည် ထိုင်ဝမ်ပဋိပက္ခနှင့်ပတ်သက်၍ တရုတ်ကို သတိပေးသင့်ကြောင်း အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းက ဖေဖော်ဝါရီလ ၁၅ ရက်တွင် ပြောသည်။

👍6❤4😁1