Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
"အချစ်ပုံပြင်" LOVE STORY | Ep_15 seg_1

Watch more detail - https://youtu.be/08rGMAi7WX8

#myanmardramaseries #lovestory #BLSeries #reel
🥴2
​​ဆင်းရဲသည့် နိုင်ငံများအား ချေးထားသည့်အကြွေးများလျှော်ပေးရန် တရုတ်ကို အိန္ဒိယ တိုက်တွန်း

စီးပွားရေးအခက်ကြုံနေသည့် နိုင်ငံများအားချေးထားသည့် အကြွေးများလျှော်ပေးရန်နှင့် ဇမ်ဘီယာနှင့် သီရိလင်္ကာကဲ့သို့သော နိုင်ငံများအတွက် ကြွေးမြီသက်သာခွင့်များကို ပိတ်ပင်မည့် အနေအထားကို ရှောင်ကြဉ်ရန် အိန္ဒိယက ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကြီးမားဆုံး မြီရှင်ဖြစ်သည့် တရုတ်ကို တောင်းဆိုလိုက်သည်။
😁3
ထိုင်းစာကို မြန်မာလူမျိုးတွေ သိစေ၊တက်စေချင်တယ်

https://youtu.be/5YpV2WXGAb0

စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုင်ူနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်အတွင်းကို မြန်မာနိုင်ငံဘက်ကနေ ရွှေ့ပြောင်းလာသူများ သိသိသာသာတိုးလာနေပြီး လက်ရှိအချိန်မှာ လူဦးရေ လေးသောင်းကျော် ရှိနေကြောင်း သိရသည်။

ထိုသို့ဝင်ရောက်လာသည့် ချင်းရိုင်ခရိုင်အတွင်းက မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းစာသင်ကြားပေးနေသည့် ထိုင်းလူမျိုး ကျောင်းဆရာမကို မဇ္စျိမက တွေ့ဆုံမေးမြန်းထားသည်။

#MizzimaTVသမား
#ထိုင်းစကား
#ရွှေ့ပြောင်းမြန်မာလုပ်

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤮1
This media is not supported in your browser
VIEW IN TELEGRAM
ရောဂါဝေဒနာခံစားနေရတဲ့ ကလေးငယ်တွေရဲ့ ဓာတ်ပုံတွေကိုသုံးပြီး အကောင့်တုတွေနဲ့ အလှူငွေ လိမ်လည်ကောက်ခံတာတွေကို ပြုလုပ်နေကြပါတယ်။

#Misinformation_Buster #Fake_News #Shorts #Reels #ငွေလိမ် #Kpay #Wavepay #နှင်းမောင်

သတင်းအပြည့်အစုံဖတ်ရန် >> https://www.facebook.com/MizzimaDaily/posts/6436134086421442/
😁3👍2🤮1
​​စစ်ကောင်စီထံ မှတ်ပုံတင်ခွင့်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၈ ခုရှိလာ
====================
001
မ​ဇ္စျိမ။ ။ စစ်ကောင်စီ၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ဥပဒေအရ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ပါတီဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် ပြန်လျှောက်ထားသည့် နိုင်ငံရေးပါတီ ရှစ်ခု အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
ယခင်က ကြံ့ခိုင်ရေးပါတီအပါအဝင် မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီ ငါးပါတီရှိပြီး ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်)နှင့် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီတို့က ထပ်မံလျှောက်ထားလာခြင်းဖြစ်ကြောင်း ယနေ့ထုတ် စစ်ကောင်စီဝါဒဖြန့် မီဒီယာများတွင် ဖော်ပြထားသည်။
ဒီမိုကရက်တစ်အင်အားစုလေဘာပါတီကမူ နိုင်ငံရေးပါတီအသစ်အဖြစ် တည်ထောင်ရန် လျှောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
ပါတီများတွင် ကြံ့ခိုင်ရေးပါတီက မှတ်ပုံတင်ခွင့်ကို အစောဆုံးလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထို့နောက်တွင် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ (UDP)၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD)နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) တို့က အသီးသီး လျှောက်ထားခဲ့ကြခြင်းဖြစ်သည်။
လက်ရှိ မှတ်ပုံတင်ခွင့် ပြန်လျှောက်ထားသည့် ပါတီများတွင် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်ထံ သွားရောက်တိုင်တန်းခဲ့သည့် ပါတီအများစု ပါဝင်သည်။
ထို့အပြင် စစ်ကောင်စီခန့်ဝန်ကြီး ဒေါ်သက်သက်ခိုင်ဦးဆောင်သည့် PPP ပါတီကလည်း ပြန်လည်မှတ်ပုံတင်မည်ဖြစ်ကြောင်း ကြေညာထားသည်။
လက်ရှိတွင် နိုင်ငံရေးပါတီ ၉၀ ကျော်ရှိပြီး အဆိုပါ ပါတီများ ဇန်နဝါရီလ ၂၆ ရက်နေ့ကစပြီး နှစ်လအတွင်း မှတ်ပုံပြန်မတင်ပါက ပါတီအလိုအလျောက်ပျက်ပြယ်မည်ဟု စစ်ကောင်စီက ပြဋ္ဌာန်းထားသည်။
ပါတီများအတွက် ပြဋ္ဌာန်းသည့် ဥပဒေအသစ်သည် နိုင်ငံရေးပါတီများကို အကျပ်ဆိုက်စေပြီး ပါတီမှတ်ပုံပြန်တင်၊ မတင် ပါတီတွင်းဆွေးနွေးမှုများ ပြုလုပ်ရဦးမည်ဖြစ်ကြောင်း အင်အားကြီးပါတီအချို့က ပြောဆိုထားကြသည်။
ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အနေဖြင့်မူ စစ်ကောင်စီ၏ ဆောင်ရွက်မှုမှန်သမျှသည်တရားဝင်မှုမရှိဘဲ စစ်ကောင်စီရွေးကောက်ပွဲကိုလည်း လက်မခံကြောင်း ထုတ်ပြန်ထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကောင်စီ
#နိုင်ငံရေးပါတီများ
#မှတ်ပုံတင်ခွင့်ဥပဒေ
#NLD
👍10🤮5👏1
​​တရုတ်က ရုရှားကို လက်နက်များ ပံ့ပိုးပေးပါက ကမ္ဘာကြီးသည် ထာဝရ ပြောင်းလဲသွားလိမ့်မည်

တရုတ်သည် ရုရှားကို ငွေကြေးထောက်ပံ့ပေးနေခဲ့ရာမှ အကယ်၍ ယူကရိန်းစစ်ပွဲတွင် ရုရှားကို စစ်လက်နက်များ ပံ့ပိုးပေးမည် ဆိုပါက တရုတ်သည် အနီရောင်လိုင်းကို ဖြတ်ကျော်ရာ ရောက်မည် ဖြစ်ကာ ယင်းသို့ဆိုလျှင် မိမိတို့ ကမ္ဘာကြီးသည် ထာဝရ ပြောင်းလဲသွားလိမ့်မည် ဖြစ်ကြောင်း စာရေးဆရာ အီယန် ဝီလီယံစ်က ရေးသားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤6👍4
​​မြန်မာပြည်သူများကို ထောက်ခံပြီး ရုရှားနှင့် ဆက်ဆံရေးတည်ဆောက်ထားခြင်းကြောင့် ဖြစ်လာနိုင်သည့် အကျိုးဆက်များကို ယူကရိန်းကိိုယ်စားလှယ် သတိပေး

002
မြန်မာပြည်သူများကို ထောက်ခံပြီး ရုရှားနှင့် ဆက်ဆံရေး တည်ဆောက်ထားခြင်းကြောင့် ဖြစ်လာနိုင်သည့် အကျိုးဆက် မ်ားကို ယူကရိန်းကိိုယ်စားလှယ်က သတိပေး ပြောကြားခဲ့သည်ဟု ဥရောပသမဂ္ဂက သတင်းထုတ်ပြန်သည်။
ယူကရိန်းနိုင်ငံကို ရုရှားမှ ကျူးကျော်ဝင်ရောက်မှု ၁၂ လအကြာတွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂမှ သံရုံးအကြီးအကဲများသည် ယင်းတို့၏ တသားတည်းရပ်တည်မှုကို မျှဝေပြသရန် ယူကရိန်း ကိုယ်စားလှယ်နှင့် ဆက်သွယ်ခဲ့ပြီး တွေ့ဆုံမှုတွင် ယူကရိန်းကိုယ်စားလှယ်က ပြောကြားသည်။
ယူကရိန်း ကိိုယ်စားလှယ် မစ္စတာ Oleksander Lysak မွ မြန်မာပြည်သူများကို ထောက်ခံကြောင်း ပြသခဲ့ပြီး ရုရှားနှင့် ဆက်ဆံရေး တည်ဆောက်ခြင်းကြောင့် ဖြစ်လာနိုင်သည့် အကျိုးဆက်များကို သတိပေးခဲ့သည်ဟု EU က သတင်း ထုတ်ပြန်သည်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရုရှားနှင့်ဆက်ဆံ ရေးကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရုရှား- မြန်မာဆက်ဆံရေး ၇၅ နှစ်မြောက်အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့သည်။
UN တွင် မြန်မာနိုင်ငံကိုယ်စားပြုခွင့် ရရှိထားသည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ယူကရိန်းအပေါ် ရုရှားက ကျူးကျော်စစ်စတင်ခဲ့ ခြင်းကို ကန့်ကွက်ကြောင်း ဆန္ဒမဲ ပေးထားသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီမှာ နိုင်ငံတကာ ဆက်ဆံရေးတွင် အခြေမလှ ဖြစ်နေသဖြင့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်၏ နေရာတွင် အမေရိကန်သံအမတ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူ ဦးသန်းဆွေကိို အစားထိုးခဲ့ရသည်။
👍8😁3
​​နိုဘယ်ငြိမ်းချမ်းရေးဆု အဆိုပြုအမည်စာရင်းတွင် ဦးကျော်မိုးထွန်းနှင့် NUCC တို့ ပါဝင်ဖွယ် ရှိ 

ယခုနှစ်၏ နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အဆိုပြုအမည်စာရင်း စုစုပေါင်း ၃၀၅ ခု တင်သွင်းထားကြောင်း နိုဘယ်အသင်းက ဗုဒ္ဓဟူးနေ့တွင် ပြောပြီး စာရင်းပါ အမည်များနှင့် ပတ်သက်ပြီး နှုတ်ပိတ်ထားဆဲ ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤14👍4👏2🥴1
Media is too big
VIEW IN TELEGRAM
Challenging Journey | Ep13 seg - 3 (Kiraနဲ့BoBတို့ရဲ့စိန်ခေါ်မှုခရီးစဥ်)

Watch more detail - https://youtu.be/iqziiMWU8DY

#challengingjourney #kira #bobo #mizzimaplusHD #travel #challenge #reels
👍1🔥1
​​နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂၃ ဖေဖော်ဝါရီ ၂၀၂၃ )

စစ်ကောင်စီမှ ၎င်းတို့အုပ်ချုပ်မှု တည်ငြိမ်နေကြောင်း ပြသလိုသည့်အတွက် ပွဲလမ်းသဘင်များ တစ်ခုပြီးတစ်ခု လုပ်ပြနေသော်လည်း တဖက်တွင် ၎င်းတို့အုပ်ချုပ်မှုနယ်မြေများ လျှော့လာပြီး စစ်အုပ်ချုပ်ရေးနယ်မြေများ ထပ်တိုးနေရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤1🔥1
ဖေဖော်ဝါရီလ ၂၃ ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်

https://youtu.be/nY-r0ikuWkg

တရုတ်အထူးသံတမန်သစ် တိန့်ရှီကျန် (Deng Xijun)ဟာ တိုင်းရင်းလက်နက်ကိုင် ကိုယ်စားလှယ်အချို့နဲ့ တရုတ်နယ်စပ်က တိုင်းရင်းသားနယ်မြေတွေမှာ တွေ့ဆုံနေတဲ့သတင်းနဲ့အတူ ကြားကာလမှာ တာဝန်ထမ်းဆောင်ဖို့ NUG က ကျန်းမာရေးဝန်ထမ်းတွေကို ခေါ်ယူနေတယ်ဆိုတဲ့ သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းတွေကိုနားဆင်ကြရပါမယ်။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို စိတ်ကျန်းမာရေးအကြောင်း ပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။
👍12🔥3😁2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်ထုတ်လွှင့်မှုများ

https://youtu.be/Wmqttusxqmo

#PVTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁2🤮1
ကောင်းကျိူးများလှတဲ့ ပျားရည်နှင့် သင့်ကျန်းမာရေး

- ပျားရည်မှာက အရမ်းကိုမှ များပြားလှတဲ့ အာနိသင်တွေရှိပါတယ်။
- ပျားရည်ဟာ သင့်ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ပေးစွမ်းနိုင်ပါတယ်။
- ပျားရည်ရဲ့ များပြားလှတဲ့ ကောင်းကျိုးတွေက ဘာတွေလဲ?
- ပျားရည်မှာ ပါဝင်တဲ့ မထင်ထားရတဲ့ အစွမ်းသတ္တိတွေက ဘာလဲ?

https://youtu.be/u_3W2fyJBRE
👍6😁1💩1
ဗုံးခိုကျင်းဖြင့် ကာကွယ်ထားရသည့် အနာဂတ်များ

မောင်ကြီး
"ကျနော့်စာသင်ကျောင်းထဲမှာ ဗုံးခိုကျင်းတူးရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး"
နွေဦးဆိုသော်ငြား နှင်းတွေ ထူထူထဲထဲကျနေသော မနက်ခင်းတခုတွင် စာသင်ခန်းရှေ့ မလှမ်းမကမ်းမှ မြေကျင်းကိုကြည့်ရင်း ကျောင်းဆရာကိုအောင်ပန်းက ပြောသည်။
စာသင်ကျောင်း ကော်ရစ်ဒါဘေး ကပ်လျက်မြေပြင်တွင် တူးထားသည့် မြေကျင်းကြီးက မြင်ရသည်မှာ လုံးဝ ပသာဒမဖြစ်။ ကလေးတွေ ဆော့ကစားနေကြ စာသင်ဆောင်ရှေ့တွင် ဒီမြေကျင်းကြီး ဘာကြောင့်တူးရသလဲဟူသောမေးခွန်းကို ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ် မေးမိသည်ဟုဆိုသည်။ မေးမိတိုင်းလည်း ရင်ထဲအသဲထဲက တဆတ်ဆတ်နာရသလို အဖြေကလည်း အဆင်သင့်ရှိနေသည်ဟု ကျောင်းဆရာကဆိုသည်။
"ကျနော်တို့ကလေးတွေဟာ ပဋိပက္ခရဲ့အလယ်တောင်မကတဲ့ အနေအထားဖြစ်နေပြီကိုး။ ရွေးချယ်စရာမရှိတော့တာမို့ ဒီကျင်းကြီးတွေ တူးခဲ့ရတာဗျာ"
ကျောင်းဆရာအသံက ဆို့နင့်နေသည်။
😢13👍6😁2🤔1
- စာသင်ခန်းဘေးက ဗုံးခိုကျင်း
ကိုအောင်ပန်းက စစ်ကိုင်းတိုင်းအတွင်း မြို့နယ်တခုမှ သက်လတ်ပိုင်း ကျောင်းဆရာတဦးဖြစ်သည်။ဝေးလံခေါင်သီသော နယ်စွန်နယ်ဖျားရွာမှ ကျောင်းလေးတကျောင်းတွင် တာဝန်ကျနေသူ။ နိုင်ငံတော်အာဏာကို စစ်တပ်ကသိမ်းယူလိုက်သည့်အခါ ကိုအောင်ပန်းသည် စစ်အာဏာဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience Movement (CDM) တွင် ပါဝင်ခဲ့သည်။ သူတာဝန်ကျသည့် မြို့နှင့်ရွာလေးကလည်း စစ်အာဏာရှင်တော်လှန်ရေးတွင် ခြေတလှမ်းပင် နောက်မကျခဲ့။ ထိုအခါ ကိုအောင်ပန်းက CDM ကျောင်းဆရာဖြစ်လာခဲ့ပြီး သူတာဝန်ကျရာ ရွာလေးကလည်း စစ်ကျွန်ပညာရေးကို ဆန့်ကျင်တော်လှန်သော ကိုယ်ထူကိုယ်ထကျောင်းလေး ဖြစ်လာခဲ့သည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလနှောင်းပိုင်းတွင် ကိုအောင်ပန်းထံသို့ ဖုန်းခေါ်ဆိုမှုတခု ရောက်လာခဲ့သည်။ "ဆရာ့ကျောင်းထဲမှာ လိုအပ်ရင် ဗုံးခိုကျင်းတူးမလား" ဟုဆိုကာ မိတ်ဆွေ CDM ‌ကျောင်းဆရာတဦးက အကြောင်းကြားလာသည့် ဖုန်းခေါ်ဆိုမှုဖြစ်သည်။ တူးမည်ဆိုပါက လိုအပ်သောငွေ‌ကြေး၏ တစိတ်တပိုင်းကို CDM ဝန်ထမ်းများ၏ အလှူ‌ငွေဖြင့် ထောက်ပံ့မည်ဟု ဆိုလာသည်။
ကလေးငယ်များ မြူးတူးပျော်ပါးစွာ ပညာသင်ကြားနေရမည့် စာသင်ကျောင်းဆိုသည်မှာ ဗုံးခိုကျင်းနှင့် လုံးဝမအပ်စပ်ဟု ကိုအောင်ပန်းက နားလည်ထား သည်။ သို့သော် သူ၏တပည့်လေးများ အသက်အန္တရာယ် ကင်းဝေးစေရန်နှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရနေဖို့ကလည်း အရေးကြီးနေသည်။ ရှေ့ရက်အနည်းငယ်ကပင် ဒီပဲယင်းမြို့၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်ခဲ့သည့်ဖြစ်ရပ်က ကိုအောင်ပန်းကို ခြောက်လှန့်နေသည်။ လက်ယက်ကုန်းကျေးရွာမှ အပြစ်မဲ့ကလေးငယ်များ၏ ငို‌ကြွေးသံကို သူ့နားနှင့်ဆတ်ဆတ်မကြားရသော်ငြား ရင်နှင့်အမျှ ခံစား၍ရသည်။ ရှေ့ရေးနောက်ရေးကို အနုလုံပဋိလုံ ချင့်ချိန်တွက်ချက်ပြီးနောက် သူ့တသက်တွင် လုပ်ရလိမ့်မည်မဟုတ်ဟု အခိုင်အမာယုံကြည်ထားခဲ့သော စာသင်ကျောင်းအတွင်း ဗုံးခိုကျင်းတူးရမည့်အလုပ်ကို လုပ်ရန် ကျောင်းဆရာကိုအောင်ပန်းတယောက် ဆုံးဖြတ်လိုက်တော့သည်။
"စိတ်ထဲမှာတော့ ဘယ်ကောင်းပါ့မလဲဗျာ။ ကျောင်းဆိုတာက လွတ်လပ်နေရမယ်။ ကျယ်ဝန်းနေရမယ်။ လုံခြုံနေရမယ်။ ဆော့စရာ၊ ကစားစရာတွေ ရှိနေရမယ့်နေရာမျိုး။ ကျန်တဲ့ခံစားချက်တွေ နောက်ထားပြီးတော့ လုံခြုံမှုပဓာနဆိုတဲ့စိတ်နဲ့လုပ်ရတာပဲ"
ကလေးငယ်များရှေ့တွင် ဗုံးခိုကျင်းတူးရသည့်အပေါ် စိတ်မသက်မသာဖြစ်‌နေသည့် ဆရာ၏သွင်ပြင်က နွေဦးမှာ ကြွေကျလုလု သစ်ရွက်လို ညှိုးလျော်နေသည်။
ဗုံးခိုကျင်းတူးဖို့ ခက်ခက်ခဲခဲဆုံးဖြတ်လိုက်ရသလို လက်တွေ့တူးသောအခါတွင်လည်း အနည်းငယ်မျှတောင်မလွယ်ကူခဲ့ဟုဆိုသည်။ မူလတန်းအရွယ် လူမမယ်တပည့်လေးများ ကြောက်စိတ်ပိုမှာလည်း စိုးရိမ်ရသည်။ အရွယ်ရောက်ပြီး ကျောင်းသားတပည့်များ အတွေးလွန်မှာကိုလည်း ဖြေသိမ့်ပေးရသည်။ ကျောင်းသားမိဘများ၏ စိုးရိမ်သောကကိုလည်း တတ်နိုင်သရွေ့ ဖြေဖျောက်ပေးရပြန်သည်။
ဗုံးခိုကျင်းနေရာအတွက် ကျောင်း၏ ဘယ်နေရာကို ရွေးချယ်ရမလဲဆိုသည်ကိုလည်း ခက်ခက်ခဲခဲ စဉ်းစားဆုံးဖြတ်ရသည်။ ပန်းခြံလေးလည်းမပျက်ချင်။ ကျောင်းသားများ မက်မက်မောမောရှိလှသည့် ဘောလုံးကွင်းကိုလည်း အပျက်စီးမခံနိုင်။ နောက်ဆုံးမှာတော့ စာသင်ဆောင်ရှေ့မှ သစ်ပင်ကြီးအောက်တွင် တူးရန် ဆုံးဖြတ်လိုက်သည်။ ထိုနေရာက လေ‌ကြောင်းသတိပေးချက် ရသည်နှင့်တပြိုင်နက် အနီးဆုံး ပြေးပုန်း၍ရသည့် နေရာလည်းဖြစ်သည်ဟု ကျောင်းဆရာကိုအောင်ဆန်း တွက်ချက်ထားသည်။
"ကျောင်းနဲ့ ဗုံးခိုကျင်းနဲ့က သင့်တော်မျှတတဲ့ အစပ်အဟပ်မဟုတ်ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် လုံခြုံဖို့တော့ လုပ်ကြရမှာပဲဆိုတော့"
ကျောင်းဆရာ ကိုအောင်ပန်းတယောက် ပြောလက်စစကား ရပ်သွားသည်။ကျောင်းပရဝုဏ်အတွင်း ကလေးကစားကွင်း တည်ဆောက်ရမည့်အစား ဗုံးခိုကျင်းတူးလိုက်ရသည့် ခံစားချက်က CDM ကျောင်းဆရာတယောက်အတွက် နာကျင်ခံခက် ဖြစ်‌နေပုံပေါ်သည်။
နောက်ဆုံးတော့ ကျောင်းဆရာ ကိုအောင်ပန်း၏ ကိုယ်ထူကိုယ်ထစာသင်ကျောင်းဝင်းအတွင်းတွင် အလျား ဆယ်ပေ၊ အနက်လေးပေ၊ အကျယ်က သုံးပေအတိအကျရှိသော ဗုံးခိုကျင်းတခု ပေါ်လာတော့သည်။
ဗုံးခိုကျင်းတူးရန်အတွက် ကျောင်းသားမိဘ အညာသားကြီးများက တောင်ယာတက်ပြီး မျှောတိုင်များ ခုတ်လာကြသည်။ ပေါက်တူး၊ ပေါက်ချွန်းများအသုံးပြုပြီး မြေကျင်းတူးကြသည်။ မြေကျင်းနှုတ်ခမ်းပေါ်တွင် အိမ်တိုင်လုံးခန့်ရှိသော မျှောတိုင်များကို စိနေအောင် ကန့်လန့်ဖြတ်တင်လိုက်သည်။ မျှောတိုင်များ ရွေ့မည်စိုး၍ ဆိုင်ကယ်ချိန်းကြိုးအဟောင်းများကို သံဖြင့်ကပ်ရိုက်ပြီး ထိန်းသည်။ မျှောတိုင်များပေါ်တွင် သွပ်ပြားဟောင်းများ တင်သည်။ ထိုအပေါ်တွင် မြေဖို့သည်။ ဖို့‌မြေပေါ်တွင်သဲအိပ်များ အထပ်လိုက် တန်းစီတင်လိုက်သည်။ ဒီလောက်ဆိုလျှင် အတော်အတန်လုံခြုံသော ဗုံးခိုကျင်းတကျင်း ဖြစ်ပြီ။ မြေကျင်းထဲသို့ ပြေးဆင်းရန် လှေကားထစ် ပြေပြစ်ခြင်းရှိမရှိ အသေအချာကြည့်ပြီး သူကိုယ်တိုင်လည်း ပြေးဆင်းကြည့်သည်။ အရေးကြုံ၍ တပည့်များ ပြေးဆင်းချိန် ဝရုန်းသုန်းကား လဲကျမှာစိုးသည်ဟု သူဆိုသည်။
👍5🔥1🤔1😭1