Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဖေ​ဖော်ဝါရီလ 24 ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥1
​​တရုတ်၏ တုံ့ပြန်နိုင်ခြေကြောင့် မြန်မာတွင် လေယာဉ်မပျံသန်းရဇုန် မဖြစ်နိုင်၊တိုင်းရင်းသား တော်လှန်ရေးအုပ်စုများက တရုတ်ပိုက်လိုင်းကို နှောင့်ယှက်ရန် စိတ်မဝင်စား 

အခြားသော တရုတ်-မြန်မာ အရေးနှင့် ပတ်သက်ပြီးလည်း တရုတ်သည် မြန်မာနိုင်ငံရှိ ၎င်း၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများအပေါ် အတော်လေး ဆတ်ဆတ်ထိ မခံရှိနေပြီး ယင်းကြောင့် ပိုက်လိုင်းများကို အနှောင့်အယှက်ပေးရန် မြန်မာနိုင်ငံတွင်း၌ မည်သည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းကမျှ စိတ်ဝင်စားမှု မရှိကြောင်း ၎င်းက ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁3
​​ဆန်တင်ပို့မှုမှရရှိသည့် ပို့ကုန်ဝင်ငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းဖြင့်သာ ပြန်လဲရမည်

မေဘယ်လ်သူ
မဇ္ဈိမ။ ။ နယ်စပ်ကုန်သွယ်‌ရေးကဏ္ဍတွင် ဆန်နှင့်ဆန်ထွက်ပစ္စည်းတင်ပို့မှုမှ ရရှိသည့် ပို့ကုန်ဝင်ငွေ ၆၅ ရာခိုင်နှုန်းကို မတ်လ ၁ရက်နေ့မှစတင်ကာ ဗဟိုဘဏ် သတ်မှတ်နှုန်းဖြင့် ပြန်လည်လဲလှယ်ရမည်ဟု သိရသည်။
လက်ရှိတွင် နယ်စပ်ကုန်သွယ်‌ရေးကဏ္ဍတွင် ပို့ကုန်ရငွေအား ၁၀၀ ရာခိုင်နှုန်းအပြည့်ဖြင့်ရရှိနေပြီး၊ ပို့ကုန်ရငွေတန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်းကို လိုင်စင်ရသည့် ပုဂ္ဂလိကဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ပြင်ပပေါက်ဈေးအတိုင်းလဲလှယ်ခွင့်ရှိနေခြင်းဖြစ်သည်။
သို့သော် လာမည့် မတ်လ ၁ရက်နေ့မှ စတင်ကာ နယ်စပ်ပို့ကုန်ကဏ္ဍမှ ပို့ကုန်ရငွေများ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်နှုန်းဖြင့် ပြန်လည်လဲလှယ်ရန် သတ်မှတ်ထားပြီး၊ အဆိုပါမူဝါဒအတွင်း ပဲ၊​​ ပြောင်း၊ နှမ်း၊​မြေပဲ၊ ရာဘာ၊​ ရေထွက်ပစ္စည်း၊ တိရစ္ဆာန်အရှင်စသည့် ကုန် ခြောက်မျိုး အပြင် ဆန်နှင့်ဆန်ထွက်ပစ္စည်းတင်ပို့မှုလည်း ပါဝင်လာကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ရက်တွင် ကြေညာထားသည်။
တစ်ဖက်တွင်လည်း ပို့ကုန်ရငွေအပေါ် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ၆၅ ရာခိုင်နှုန်း - ၃၅ ရာခိုင်နှုန်း သတ်မှတ်ချက်က ဈေးကွက်အပေါ် သက်ရောက်မှုများ ရှိလာနိုင်ကြောင်း ပြောဆိုမှုများရှိနေသည်။
“ မတ်လ ၁ရက်ကစပြီး မူဝါဒပြောင်းတဲ့အထဲမှာ အရင်ကတော့ ကုန် ခြောက်မျိုးပဲ သတ်မှတ်ထားတယ်။ အခုတော့ ဆန်နဲ့ဆန်ထွက်ပစ္စည်းပါ ပါလာပြီ။ ပြည်တွင်းမှာက ဆန်စျေးလည်းတက်နေတဲ့အပြင် ပို့ကုန်ဝင်ငွေကိုလည်း ထင်သလောက်မရရှိနိုင်တော့ဘူး။ စားသုံးသူအပြင်၊ တောင်သူတွေနဲ့ ပို့ကုန်သမားတွေပါ အကျပ်ရိုက်လာတဲ့ကိစ္စပဲ” ဟု မဇ္ဈိမ၏ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို တရားဝင်လွှဲပြောင်းခြင်း၊ ရောင်းချခြင်းများ ဆောင်ရွက်နိုင်ပြီး ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို တစ်ရက်အတွင်း ကျပ်ငွေဖြင့်လဲလှယ်ရမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် သြဂုတ် ၁၆ ရက် နေ့တွင်ထုတ်ပြန်ထားပြီး၊ ပို့ကုန် လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် တရုတ်ယွမ်‌ငွေ၊ ထိုင်းဘတ်ငွေနှင့် အိန္ဒိယရူပီးစသည့် နိုင်ငံခြားငွေများဖြင့် တိုက်ရိုက်ငွေပေးချေခွင့်ကို ခွင့်ပြုထားပြီးလည်းဖြစ်သည်။
လက်ရှိတွင် ဗဟိုဘဏ်က သတ်မှတ်ထားသည့် ငွေလဲနှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျင် ၂,၁၀၀ ကျပ် ဖြစ်ပြီး ပြင်ပဈေးကွက်တွင် ၂,၉၀၀ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ပြုလုပ်နေကြသလို၊ တရုတ် တစ်ယွမ်လျင် မြန်မာငွေ ၄၁၀ ကျပ် ဝန်းကျင်၊ ထိုင်းဘတ်ငွေ တစ်ဘတ်လျင် မြန်မာငွေ ၈၅ ကျပ်ဝန်းကျင်၊ အိန္ဒိယ တစ်ရူးပီးလျင် မြန်မာငွေ ၃၆ ကျပ်ဝန်းကျင် အထိဖြစ်နေကြောင်းသိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဗဟိုဘဏ်
#နယ်စပ်ကုန်သွယ်‌ရေး
#ဆန်နှင့်ဆန်ထွက်ပစ္စည်း
#နိုင်ငံခြားငွေ
👍3😁2🤮1
ဖေဖော်ဝါရီ ၂၄ ရက်၊ မွန်းတည့် ၁၂ နာရီ၊ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

01:02-ရုရှားနှင့် ဆက်ဆံရေးတည်ဆောက်ထားခြင်းကြောင့် ဖြစ်လာနိုင်သည့် အကျိုးဆက်များကို ယူကရိန်းကိုယ်စားလှယ် သတိပေးတဲ့သတင်း

03:59-စစ်ကောင်စီထံ မှတ်ပုံတင်ခွင့်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၈ ခုရှိလာတဲ့သတင်း

10:00-ရုရှားဟာအထိနာနေပြီဖြစ်ကြောင်းနဲ့ ယူကရိန်းကို ပိုမိုကူညီဖို့ IMF ကို G7 ဖိအားပေးတဲ့သတင်း

12:49-မနက် ၁၁ နာရီအထိ ရရှိထားတဲ့ ငွေလဲနှုန်း၊ ရွှေစျေး၊ စားအုန်းဆီဈေးနဲ့ စက်သုံးဆီဈေး အစရှိတဲ့သတင်းအပါအဝင် အရေးကြီး သတင်းတွေနဲ့ အခြားစိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/7jwTJ8-5KW8
👍3👏1😁1🤮1
👍3🔥1
တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က စစ်ဘေးရှောင်ပြည်သူများထံ သွားရောက်တွေ့ဆုံပြီး အကူအညီများပေးအပ်

ပါခွီး
မဇ္စျိမ ။။ စစ်ကိုင်းတိုင်း၊တမူးမြို့နယ်အတွင်း စစ်ဘေးရှောင်နေရသော ကျေးရွာအချို့သို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူး) တပ်ရင်း (၃)က
သွားရောက်ပြီး စားသောက်ကုန်များကူညီပေးခဲ့ကာ ဒေသခံပြည်သူများ ကြုံတွေ့နေရသော အခက်အခဲများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူး) တပ်ရင်း (၃)က
၎င်းတို့ နယ်မြေစိုးမိုးထားသည့် ဒေသမှ ကျေးရွာ လေးရွာရှိ စစ်ဘေးသင့် မိဘပြည်သူများထံ သွားရောက်ခဲ့ပြီး အခြေခံစားကုန်များဖြစ်သည့် ဆန် ၊ဆီ၊ဆားနှင့် အခြားအထွေထွေသုံးဆောင်ပစ္စည်းများကို ပေးအပ်ခဲ့သည်ဟု ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ရက်တွင် သတင်းထုတ်ပြန်သည်။
“ကျွန်‌တော်တို့တပ်ဖွဲ့က ပြည်စုံလွန်းလို့ အခုလိုပေးအပ်တာမဟုတ်ပါဘူး။ ပြည်သူတွေ ခက်ခဲနေတာကို ကျွန်တော်တို့အနေနဲ့ မျှဝေခံစားရတဲ့အတွက် အခုလိုလုပ်ဆောင်ခဲ့တာပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူး) တပ်ရင်း (၃)တာဝန်ရှိသူတစ်ဦး ကပြောသည်။
စစ်ဘေးရှောင်ပြည်သူများအတွက်
ကျပ်၁၅၀၀၀၀၀၀ (သိန်းတစ်ရာ့ငါးဆယ်) တန်းဘိုးရှိ အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ဒေသခံ ပြည်သူများ၏ လိုအပ်ချက်များ ၊ ကြုံတွေ့နေရသော အခက်အခဲများ ၊ အဆင်မပြေမှုများကို တပ်ရင်း၏ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့သည်ဟု သိရသည်။
စစ်ဘေးရှောင်ပြည်သူများသည် လတ်တလောတွင် လယ်ယာလုပ်ငန်းအပါအဝင်အခြားအလုပ်အကိုင်အခွင့်အလမ်းလည်း မရှိသောကြောင့် စားဝတ်နေရေးခက်ခဲမှုများနှင့် ကြုံတွေ့နေရကြောင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူကပြောသည်။၎င်းတို့ နယ်မြေစိုးမိုးထားသည့် ဒေသတွင် စာသင်ကျောင်း တကျောင်းရှိသော်လည်း ကလေးအားလုံးအတွက် လက်လှမ်းမှီလုံလောက်မှုမရှိကြောင်းနှင့် ပညာရေးအတွက် လုပ်ဆောင်ပေးရန်လည်းလိုအပ်နေကြောင်းပြောသည်။ထို့အပြင် CDM ကျန်းမာရေးဝန်ထမ်းများမှ တတ်နိုင်သ၍ ကျန်မာရေး စောင့်ရှောက်မှုများပေးနေသော်လည်း ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ ပြည့်စုံမှု မရှိသေးကြောင်းသိရသည်။
ပြည်သူလူထုအတွက် အခက်အခဲများကြားမှ အတတ်နိုင်ဆုံးနှင့် အကောင်းမွန်ဆုံး ဖြစ်စေရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပြီး ၎င်းတို့ နယ်မြေစိုးမိုးထားသည့် ဒေသအတွင်းရှိ ပြည်သူများ၏ လုံခြုံရေးနှင့် အေးချမ်းသာယာရေးအတွက် တပ်ဖွဲ့ဝင်များမှ အစဉ်တစိုက်ကာကွယ်စောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူး) တပ်ရင်း (၃)၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
" တော်လှန်ရေးအောင်ဖို့ စိတ်ရှည်လက်ရှည်ရှိပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ခံပါတယ်။ တော်လှန်ရေးမြန်မြန်အောင်ဖို့ ဒီထက်တော့ ပိုသွက်လက်စေချင်တယ်" ဟု တမူးမြို့ခံတဦးကပြောသည်။
တမူးမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ ဝန်းကျင်ခန့်ရှိနေကြောင်း တမူးခရိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထန်ဆေးက မဇ္ဈိမကို ပြောသည်။
စာတည်း - မောင်ကြီး
#စစ်ကိုင်းတိုင်း
#တမူးမြို့နယ်
#စားသောက်ကုန်များကူညီ
👍21❤5😁4🥰1
ဖေဖော်ဝါရီလ ၂၄ ရက်၊ မွန်းလွှဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

00:58- ရန်ကုန်တွင် ဝင်ငွေမလုံလောက်လို့ အစားလျှော့စားရသည့် အိမ်ထောင်စုများရှိနေဟု UNDP ပြောတဲ့သတင်း

03:32-(၄) ကြိမ်တိုင် မီးရှိုခံရသော ချောင်းဦးကျေးရွာမှ စစ်ဘေးရှောင်များ ရပ်တည်ရေးအခက်ကြုံနေတဲ့သတင်း

05:12-အစ္စရေးကအနောက်ဘက်ကမ်းကိုစီးနင်းတိုက်ခိုက်မှုအပြီး ဂါဇာပစ်မှတ်တွေကို လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်တဲ့သတင်း

11:03- အိန္ဒိယက အာဏာသိမ်းစစ်တပ်သို့ စစ်လက်နက်ထောက်ပံ့မှု အပါအဝင် နီးကပ်သောဆက်ဆံရေး ဆက်လက်ရှိနေတဲ့သတင်းတွေ အပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/aWk-2XtF4WM
👍4😁2
​​ပြီးခဲ့သည့်လက မြန်မာနိုင်ငံသား ၁၁၄ ဦးကို မလေးရှား နယ်နှင် 

မြန်မာနိုင်ငံ ပြန်ရောက်လျှင် ဖိနှိပ်မှုများ ရင်ဆိုင်ရမည့် ဖြစ်နိုင်ခြေ မြင့်မားသည့် ကြားမှပင် မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံသား မွတ်စလင် ၁၁၄ ဦးကို ပြီးခဲ့သည့်လအတွင်းက ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့ဖြစ်သည့် မလေးရှား နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့က ဖေဖော်ဝါရီ ၂၃ ရက်တွင် ကြေညာသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏3😁2🤬2👍1
​​ရေစကြိုမြို့မှာ စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် ထိခိုက်ဒဏ်ရာရမှုများရှိနိုင်

MTO
မဇ္ဈိမ။ ။ မကွေးတိုင်း၊ ရေစကြိုမြို့နယ် အခြေစိုက် စစ်ကောင်စီတပ် ခလရ (၂၅၈)မှ ရေစကြိုမြို့ ပေါ်သို့ အိမ်စီးကား သုံးစီးဖြင့် ထွက်လာသည့် စစ်ကောင်စီတပ် ယာဉ်တန်းကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။
ထိုသိုတိုက်ခိုက်ရာတွင် ယာဥ်နှစ်စီး ပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်တွင် ထိခိုက်ဒဏ်ရာရရှိမှုများရှိနိုင်ကြောင်း ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းက “ (၂၅၈) ထဲက အာရဖတ် သုံးစီးအပြည့် နဲ့ ထွက်လာတာ၊ ရေစကြို မြို့ အဝင် စိုက်ပျိုးရေးရုံးနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ပဒေသာ သုံးလုံးတွဲတစ်ဆိုင်းနဲ့ အရင်ဆွဲလိုက် အရှေ့က ကား နှစ်စီးက ထိုးရပ်သွားတာ၊ နောက်ဆုံးကားက ကောင်တွေက ဆင်းပစ်တာကို နောက်ဆုတ်ပေးလိုက်တော့ ဆက်လိုက်လာတာကို နောက်ထပ် ပဒေသာ သုံးလုံးတစ်ဆိုင်း ထပ်ဆွဲလိုက်တာ သေဆုံးမှုတော့ မရှိဘူး၊ ထိခိုက်ဒဏ်ရာ ရတာတွေတော့ ရှိနိုင်တယ်” ဟုပြောသည်။
ခလရ (၂၅၈) မှ စစ်ကောင်စီတပ်ဖွဲ့ ဝင်များသည် ရေစကြို မြို့ပေါ်ရှိ မြို့နယ်ထွေအုပ်ရုံးသို့ ကူးသန်း သွားလာနေခြင်းဖြစ်ပြီး ယင်းကဲ့သို့ သွားလာချိန်ကို စောင်ံ့၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေစကြို ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ခလရ (၂၅၈) နဲ့ မြို့ပေါ်ကထွေအုပ်ရုံးနဲ့ က မိနစ် ၂၀လောက်မောင်းရတယ်။ ထွေအုပ်ရုံး နဲ့ စစ်တပ်ကို သူတို့ က အမြဲကူးနေတာ အဲ့ဒါကို စောင့်ပြီး မိုင်းဆွဲခဲ့တာ “ဟု ရေစကြို ပဖက မှ တာဝန်ရှိသူက ပြောသည်။
ရေစကြိုမြို့ တွင် စစ်ကောင်စီတပ်က အင်အားများ ထပ်တိုးချထားပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့ များဘက်မှလည်း မကြာခဏဆိုသလို တိုက်ခိုက်မှုများပြုလုပ်လျက်ရှိကြောင်း ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ က လည်းရေစကြိုမြို့ အ.ထ.က ၁ အထက်တန်းကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရေစကြို ပကဖ မှ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ရေစကြိုမြို့နယ်
#စစ်ကောင်စီတပ်
#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#မိုင်းဆွဲတိုက်ခိုက်
👍13❤4👏3😁3
​​မီဇိုရမ်ပြည်နယ်အစိုးရက စစ်ဘေးရှောင် ကူညီရေးအတွက် ရူပီးငွေ သိန်း ၄၀၀ ကျော် အသုံးပြုပြီး ဟုဆို
------------------------------------------------------------------------------
ပါခွီး
မဇ္စျိမ ။။ အိန္ဒိယနိုင်ငံ ၊ မီဇိုပြည်နယ်အစိုးရက စစ်ဘေးရှောင်များ အကူအညီရေး အတွက် ရူပီးငွေ ၄၁,၄၆၆,၀၀၀ အသုံးပြုထားပြီးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး Pu Lalchamliana က ယခုကျင်းပဆဲဖြစ်သော Assembly Budget Session တွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့၌ ပြောဆိုခဲ့သည်။
ယင်းလွှတ်တော်အစည်းအဝေးတွင် မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်များ၏ အခြေအနေနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းမှုကို ဖြေဆိုခဲ့ခြင်းဖြစ်သည်။
မီဇိုရမ်ပြည်နယ်အစိုးရ၏ စာရင်းဇယားများအရ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၂၇ရက်နေ့အထိ မီဇိုရမ်ပြည်နယ်အတွင် ခိုလှုံနေကြသော စစ်ဘေးရှောင် ၃၁,၅၀၈ ဦးရှိပြီး ၎င်းတို့အနက် ၃၁,၀၅၀ဦးမှာ မြန်မာနိုင်ငံမှဖြစ်၍ ၄၅၈ဦးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ စစ်ဘေးရှောင်များ ဖြစ်ကြောင်း ဝန်ကြီးကဆိုသည်။
မြန်မာနိုင်မှ စစ်ဘေးရှောင်ပြည်သူများအတွက် ကူညီထောက်ပံ့ရာတွင် ရူပီး ၃၈,၄၆၆,၀၀၀ အသုံးပြုခဲ့ပြီး ဘင်္ဂလားဒေ့ရှ်မှ ခိုလှုံလာသူများအတွက် ရူပီး ၃,၀၀၀,၀၀၀ အသုံးပြုခဲ့ကြောင်း သိရသည်။
စစ်ဘေးရှောင်များအတွက် အဓိကအသုံးပြုခဲ့မှုများတွင် ယာယီစခန်းတည်ဆောက်ရေး ၊ စားနပ်ရိက္ခာ ၊ လျှပ်စစ်မီး ၊ သောက်သုံးရေ ၊ဆေးဝါးနှင့် အခြားလိုအပ်သော အရာများ ဝယ်ယူမှုတွင်အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
“မီဇိုရမ်အစိုးရကလည်း ရှိတဲ့ဘတ်ဂျက်ထဲကနေ အကောင်းဆုံးဖြစ်အောင် ကူညီပေးတာပါ၊ လူဦးရေနဲ့ စာရင် ငွေကမများပေမဲ့ သူတို့ရဲ့ စိတ်စေတနာနဲ့ နေထိုင်ခွင့်ပေး ကူညီစောင့်ရှောက်တာတွေအတွက် ကျေးဇူးအထူးတင်ရပါတယ်” ဟု မြန်မာစစ်ဘေးရှောင်တစ်ဦးက ပြောသည်။
မီဇိုရမ်ပြည်နယ်တွင် အစိုးရ စာရင်းဇယားများထက် လက်တွေ့တွင် စစ်ဘေးရှောင်ဦးရေ ပိုမိုများပြားနေပြီး မြန်မာပြည်သားအချို့မှ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ဥပဒေစည်းကမ်းများကို ချိုးဖောက်မှုများလည်း ရှိနေကြောင်း ဆိုသည်။
မီဇိုရမ်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်သူများ၌ အလုပ်အကိုင် ရှားပါးသဖြင့် အဓိက စားနပ်ရိက္ခာ အခက်အခဲများ တွေ့ကြုံရလေ့ရှိကြောင်း အဆိုပါ မြန်မာစစ်ဘေးရှောင်က ပြောသည်။
ယင်းအခက်အခဲများကို မြန်မာပြည်သား ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံ လူမှုရေး ၊ ဘာသာရေး နှင့် ပရဟိတအဖွဲ့များက ရန်ပုံငွေများရှာဖွေပြီး ကူညီလျက်ရှိကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၀ရက် ချင်းအမျိုးသားနေ့ကို မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့တွင် စစ်ဘေးရှောင်များကူညီနေသည့် မြန်မာနိုင်ငံသား အဖွဲ့အစည်း ကိုးဖွဲ့မှ ဦးစီးကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါ နှင့်အတူ ဒေသတွင်းရှိ ဩဇာကြီးမားသော လူမှုအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#အိန္ဒိယနိုင်ငံ
#မီဇိုရမ်ပြည်နယ်
#စစ်ဘေးရှောင်
#ကူညီကယ်ဆယ်ရေး
👍8🤮1